Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ (၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနား က်င္းပ

ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ (၃)ႏွစ္ေျမာက္ ႏွစ္ပတ္လည္အခမ္းအနား က်င္းပ

 

 

 

 

 

 

ရန္ကုန္ ၊ ေဖေဖၚဝါရီလ ၁၁ ရက္၊ ၂၀၁၉

ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ (၃)ႏွစ္ေျမာက္ႏွစ္ပတ္လည္အခမ္းအနားကို ၁၀.၂.၂၀၁၉ရက္ေန႕ ညေန(၀၆း၀၀)နာရီက ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး မဂၤလာခန္းမ၌ က်င္းပခဲ့ ပါသည္။
အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ ရန္ကုန္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းတို႕က လႊတ္ေတာ္(၃)ႏွစ္ေျမာက္ ဂုဏ္ျပဳအမွတ္တရ စကားေျပာၾကားခဲ့ပါသည္။ ဆက္လက္ၿပီး လႊတ္ေတာ္ဥကၠ႒ဖလား ေဘာလံုးၿပိဳင္ပြဲတြင္ ဆုရရွိသည့္ အသင္း မ်ားအား ဆုခ်ီးျမႇင့္ခဲ့ၿပီး ေတးဂီတအကပေဒသာမ်ားျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ပါသည္။
အဆိုပါ အခမ္းအနားသို႕ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္ တိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္တရားသူႀကီးခ်ဳပ္ ဦးလွေအး၊ ဒုတိယဥကၠ႒ ဦးလင္းႏိုင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ရန္ကုန္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ လႊတ္ေတာ္ရံုး အႀကီးအမွဴးႏွင့္ ဝန္ထမ္းမ်ား တက္ေရာက္ခဲ့ပါသည္။

 

(unicode)

ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၁၁ ရက်၊ ၂၀၁၉

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ၁၀.၂.၂၀၁၉ရက်နေ့ ညနေ(၀၆း၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့ ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က လွှတ်တော်(၃)နှစ်မြောက် ဂုဏ်ပြုအမှတ်တရ စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်း များအား ဆုချီးမြှင့်ခဲ့ပြီး တေးဂီတအကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးလှအေး၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ လွှတ်တော်ရုံး အကြီးအမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.