Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ အလြန္လိုအပ္လ်က္ရိွေသာ ဘတ္(စ္)ကားမွတ္တိုင္အေဆာက္အဦမ်ားကို အျမန္ဆံုးေဆာင္ရြက္ေပးရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ အလြန္လိုအပ္လ်က္ရိွေသာ ဘတ္(စ္)ကားမွတ္တိုင္အေဆာက္အဦမ်ားကို အျမန္ဆံုးေဆာင္ရြက္ေပးရန္ အစီအစဥ္ရိွ/မရိွ ေမးျမန္း

ရန္ကုန္၊ ေဖေဖၚဝါရီလ၊ ၈ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး စတုတၳေန႕တြင္ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္က “ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ အလြန္လိုအပ္လ်က္ရိွေသာ ဘတ္(စ္)ကားမွတ္တိုင္အေဆာက္အဦမ်ားကို အျမန္ဆံုးေဆာင္ရြက္ေပးရန္ အစီအစဥ္ရိွ/မရိွ ” ေမးျမန္းရာ လွ်ပ္စစ္၊ စက္မွဳလက္မွဳႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က “ ရန္ကုန္ၿမိဳ႕ေတာ္အတြင္း ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ေခတ္မီခရီးသည္နားခိုေဆာင္မ်ား တည္ေဆာက္ရန္အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီသည္ တင္ဒါ ေအာင္ျမင္ခဲ့သည့္ FMIDECAUX Co.,Ltd ႏွင့္ သတ္မွတ္နယ္ေျမအတြင္းတြင္ မွတ္တိုင္ေပါင္း (၅၀၀) တည္ေဆာက္မည္ျဖစ္ရာ (၁၄၅)ခု တည္ေဆာက္ခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ဆက္လက္တည္ေဆာက္လ်က္ရွိပါေၾကာင္း၊ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသည္ ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္အပါအဝင္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ နယ္နိမိတ္အတြင္း ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ေခတ္မီခရီးသည္နားခိုေဆာင္ (Bus Sheter) မ်ားေဆာက္လုပ္ရန္အတြက္ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္လိုေသာ ျပည္တြင္းကုမၸဏီမ်ားအား တင္ဒါေခၚယူမွဳကို ၇.၁.၂၀၁၉ ရက္ေန႕တြင္ အသိေပးေၾကာ္ျငာျခင္း၊ တင္ဒါပံုစံမ်ားေရာင္းခ်ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ တင္ဒါလုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္ရြက္ၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားရန္ ရွိပါေၾကာင္း ’’ ျပန္လည္ေျဖၾကားခဲ့ပါသည္။
(unicode)
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၈ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အလွန်လိုအပ်လျက်ရှိသော ဘတ်(စ်)ကားမှတ်တိုင်အဆောက်အဦများကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ ” မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ ရန်ကုန်မြို့တော်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင်များ တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် တင်ဒါ အောင်မြင်ခဲ့သည့် FMIDECAUX Co.,Ltd နှင့် သတ်မှတ်နယ်မြေအတွင်းတွင် မှတ်တိုင်ပေါင်း (၅၀၀) တည်ဆောက်မည်ဖြစ်ရာ (၁၄၅)ခု တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်တည်ဆောက်လျက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင် (Bus Sheter) များဆောက်လုပ်ရန်အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသော ပြည်တွင်းကုမ္ပဏီများအား တင်ဒါခေါ်ယူမှုကို ၇.၁.၂၀၁၉ ရက်နေ့တွင် အသိပေးကြော်ငြာခြင်း၊ တင်ဒါပုံစံများရောင်းချခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ တင်ဒါလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါကြောင်း ’’ ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.