Friday , April 3 2020
Breaking News
Home / ပြန်ကြားရေး / ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အတြင္းရိွ တကၠသိုလ္ ရိပ္မြန္အိမ္ရာႏွင့္ ခ်မ္းသာေရႊျပည္အိမ္ရာမ်ားကို အိုးအိမ္ဦးစီးဌာနေအာက္မွ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေအာက္သို႕ လႊဲေျပာင္းေပးရန္ အစီအစဥ္ရိွ/မရိွိွ ေမးျမန္း

ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အတြင္းရိွ တကၠသိုလ္ ရိပ္မြန္အိမ္ရာႏွင့္ ခ်မ္းသာေရႊျပည္အိမ္ရာမ်ားကို အိုးအိမ္ဦးစီးဌာနေအာက္မွ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေအာက္သို႕ လႊဲေျပာင္းေပးရန္ အစီအစဥ္ရိွ/မရိွိွ ေမးျမန္း

ရန္ကုန္၊ ေဖေဖၚဝါရီလ၊ ၈ ရက္၊ ၂၀၁၉
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး စတုတၳေန႕တြင္ ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း)ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေက်ာ္ေမာင္က “ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ အတြင္းရိွ တကၠသိုလ္ရိပ္မြန္အိမ္ရာႏွင့္ ခ်မ္းသာေရႊျပည္အိမ္ရာမ်ားကို အိုးအိမ္ဦးစီးဌာနေအာက္မွ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီေအာက္သို႕ လႊဲေျပာင္းေပးရန္ အစီအစဥ္ရိွ/မရိွ” ေမးျမန္းရာ လွ်ပ္စစ္၊ စက္မွဳလက္မွဳႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က “ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနအေနျဖင့္ ရန္ကုန္စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ေျမစီမံခန္႕ခြဲမႈမ်ားအား ေအာက္ပါအတိုင္းလႊဲေျပာင္းမႈမ်ား ေဆာင္ရြက္ခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ (၁) ၁၉၉၂ခုႏွစ္မွ ၁၉၉၆ခုႏွစ္ အတြင္းတြင္ ၁၉၈၈ခုႏွစ္ေနာက္ပိုင္းေဖာ္ထုတ္ခဲ့သည့္ ၿမိဳ႕သစ္မ်ားမွလြဲ၍ ရန္ကုန္စည္ပင္သာယာနယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္အားလံုးကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ပါေၾကာင္း၊ (၂) ၁၉၉၆ခုႏွစ္မွ ၁၉၉၇ခုႏွစ္အတြင္းတြင္ ၁၉၈၈ခုႏွစ္ေနာက္ပိုင္းေဖာ္ထုတ္ခဲ့သည့္ ၿမိဳ႕သစ္မ်ားအားလံုးကို ရန္ကုန္စည္ပင္သာယာေရး ေကာ္မတီသို႔ လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ပါေၾကာင္း၊ (၃) ၂၀၁၂ခုႏွစ္ ၂၀၁၅ခုႏွစ္အတြင္းတြင္ လူေနရပ္ကြက္ (၉၇)ခု၊ စက္မႈဇုန္(၃၄)ခုႏွင့္ အစိုးရအရန္ေျမ (၁၈၆၁၆.၂၈၉)ဧကခန္႕အား ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕(ကိုယ္စား) ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသို႔ လႊဲေျပာင္းေပးခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ ၂၀၁၇ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ လံုးခ်င္းအိမ္ရာစီမံကိန္းမ်ား၊ လႊဲေျပာင္းရန္က်န္ရပ္ကြက္မ်ား၊ စက္မႈဇုန္မ်ား၊ အထူးဂရန္ထုတ္ေပးထားသည့္ ေျမကြက္ မ်ား၏ Assessment Roll၊ Town Land Roll၊ Block Map မူရင္းမ်ားႏွင့္ေျမခ်ပါမစ္၊ ေျမငွားစာခ်ဳပ္မူရင္းခြဲမ်ားႏွင့္ လႈိင္သာယာၿမိဳ႕နယ္အတြင္း ၿမိဳ႕ျပႏွင့္အိမ္ရာဖြ႕ံၿဖိဳးေရးဦးစီးဌာနမွ ေဆာင္ရြက္ခဲ့ေသာ ေဈး(၅)ေဈးအား လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ဒဂံုၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္အတြင္းရွိ တကၠသိုလ္ရိပ္မြန္အိမ္ရာႏွင့္ ခ်မ္းသာေရႊျပည္အိမ္ရာမ်ား၏ ေျမစီမံခန္႕ခြဲမႈမ်ားအား (၂၉.၉.၂၀၁၈)ရက္ေန႔တြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕(ကိုယ္စား) ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔ လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ပါေၾကာင္း ’’ ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(unicode)
ရန်ကုန်၊ ဖေဖေါ်ဝါရီလ၊ ၈ ရက်၊ ၂၀၁၉
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က “ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ တက္ကသိုလ်ရိပ်မွန်အိမ်ရာနှင့် ချမ်းသာရွှေပြည်အိမ်ရာများကို အိုးအိမ်ဦးစီးဌာနအောက်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်သို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က “ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြေစီမံခန့်ခွဲမှုများအား အောက်ပါအတိုင်းလွှဲပြောင်းမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ (၁) ၁၉၉၂ခုနှစ်မှ ၁၉၉၆ခုနှစ် အတွင်းတွင် ၁၉၈၈ခုနှစ်နောက်ပိုင်းဖော်ထုတ်ခဲ့သည့် မြို့သစ်များမှလွဲ၍ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်အားလုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (၂) ၁၉၉၆ခုနှစ်မှ ၁၉၉၇ခုနှစ်အတွင်းတွင် ၁၉၈၈ခုနှစ်နောက်ပိုင်းဖော်ထုတ်ခဲ့သည့် မြို့သစ်များအားလုံးကို ရန်ကုန်စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (၃) ၂၀၁၂ခုနှစ် ၂၀၁၅ခုနှစ်အတွင်းတွင် လူနေရပ်ကွက် (၉၇)ခု၊ စက်မှုဇုန်(၃၄)ခုနှင့် အစိုးရအရန်မြေ (၁၈၆၁၆.၂၈၉)ဧကခန့်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လုံးချင်းအိမ်ရာစီမံကိန်းများ၊ လွှဲပြောင်းရန်ကျန်ရပ်ကွက်များ၊ စက်မှုဇုန်များ၊ အထူးဂရန်ထုတ်ပေးထားသည့် မြေကွက် များ၏ Assessment Roll၊ Town Land Roll၊ Block Map မူရင်းများနှင့်မြေချပါမစ်၊ မြေငှားစာချုပ်မူရင်းခွဲများနှင့် လှိုင်သာယာမြို့နယ်အတွင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော ဈေး(၅)ဈေးအား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ တက္ကသိုလ်ရိပ်မွန်အိမ်ရာနှင့် ချမ်းသာရွှေပြည်အိမ်ရာများ၏ မြေစီမံခန့်ခွဲမှုများအား (၂၉.၉.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း ’’ ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအား ပြန်လည်သုံးသပ်သည့်အစည်းအဝေးကျင်းပ

  ရန်ကုန် ၊ မတ်လ ၂၃ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၃.၃.၂၀၂၀ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် …

Leave a Reply

Your email address will not be published.