Tuesday , March 26 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများ / ကော်မတီ/အဖွဲ့ / အသင်း / ဒုတိယအကြိမ် (၂၀၁၅-၂၀၂၀) / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ မရမ်းကုန်းမြို့နယ်၊ မုဒိတာ(၁)အိမ်ရာ မိလ္လာစွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ မရမ်းကုန်းမြို့နယ်၊ မုဒိတာ(၁)အိမ်ရာ မိလ္လာစွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ

 
 
(Unicode)
ရန်ကုန် ၊ ဇန်နဝါရီလ ၃ ရက် ၊ ၂၀၁၉
၃.၁.၂၀၁၉(ကြာသပတေးနေ့) နေ့လည် (၁၃း၀၀) နာရီအချိန်မှ (၁၅း၃၀)နာရီအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုလဲခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် မရမ်းကုန်းမြို့နယ်၊ မုဒိတာ(၁)အိမ်ရာ မိလ္လာစွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးလင်းနိုင်မြင့်၊ စည်ပင် သာယာရေးဝန်ကြီးဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၄) ဒေါ်မေမေသွယ်၊ ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌဦးခင်မောင်ဝင်း၊ အတွင်းရေးမှူး ဒေါ်မိုးမိုးစုကြည် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

About ygneditor11

Check Also

လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီမှ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ပတ္တမြားလမ်းရှိ ကန်ထရိုက်တာ ကိစ္စ

  ရန်ကုန် ၊ မတ်လ ၂၂ ရက် ၊ ၂၀၁၉   ၂၂.၃.၂၀၁၉ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီမှ နေ့လယ် (၁၁း၃၀) …

Leave a Reply

Your email address will not be published. Required fields are marked *