Saturday , August 24 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများ / ကော်မတီ/အဖွဲ့ / အသင်း / ဒုတိယအကြိမ် (၂၀၁၅-၂၀၂၀) / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံပွဲအခမ်းအနား

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံပွဲအခမ်းအနား

 
 
(Unicode)
 
ရန်ကုန်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်
 
၆.၁၂.၂၀၁၈ (ကြာသပတေးနေ့)၊ နေ့လည် (၁၃း၀၀)နာရီမှ (၁၆း၀၀)နာရီအထိ ပြည်ထောင်စုလွှတ်တော် (D)ဆောင်၊ ပထမထပ်အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီတို့သည် ဘဏ္ဍာငွေစိစစ်ခြင်း၊ စာရင်းစစ်ချုပ် အစီရင်ခံစာစိစစ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်မင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောသန်းထွဋ်၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

About Ygn Editor

Check Also

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိက၀တ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ၃၄/၂၀၁၉ အစည်းအဝေးကျင်းပ

ရန်ကုန် ၊ သြဂုတ်လ ၂၃ ရက် ၊ ၂၀၁၉   ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပုံမှန်အစည်းအဝေး …

Leave a Reply

Your email address will not be published. Required fields are marked *