Saturday , July 20 2019
Breaking News
Home / ေကာ္မတီ/ေကာ္မရွင္မ်ား၏ သတင္းမ်ား / ေၾကျငာခ်က္မ်ား / ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန္႕အပ္တာဝန္ေပးရန္ နိုင္ငံေတာ္သမၼတက အဆိုျပဳေပးပို႕လာသည့္ အမည္စာရင္းကို လႊတ္ေတာ္သို႔ေပးပို႔ျခင္း

ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန္႕အပ္တာဝန္ေပးရန္ နိုင္ငံေတာ္သမၼတက အဆိုျပဳေပးပို႕လာသည့္ အမည္စာရင္းကို လႊတ္ေတာ္သို႔ေပးပို႔ျခင္း

ရန္ကုန္၊ ဒီဇင္ဘာလ၊ ၁၁ ရက္၊ ၂၀၁၈
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၁/၂၀၁၈)တြင္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္းက ရန္ကုန္တိုင္းေဒသႀကီးတရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန္႕အပ္ တာဝန္ေပးျခင္းကိစၥႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ ခန္႕အပ္တာဝန္ေပးရန္ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၃၀၈၊ ပုဒ္မခဲြ(ခ)၊ ပုဒ္မခဲြငယ္(၁)၊ ၂၀၁၃ ခုနွစ္၊ တိုင္းေဒသႀကီး သို႕မဟုတ္ ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ ဥပေဒပုဒ္မ ၅၁ နွင့္ တိုင္းေဒသႀကီး သို႕မဟုတ္ ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၄၉ တို႕အရ နိုင္ငံေတာ္သမၼတက အဆိုျပဳေပးပို႕လာသည့္ ပုဂၢိဳလ္၏ အမည္စာရင္းကို တိုင္းေဒသႀကီးလႊတ္ေတာ္၏ သေဘာတူညီခ်က္ ရယူရန္အတြက္ တိုင္းေဒသႀကီး သို႕မဟုတ္ ျပည္နယ္ လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၅၁၊ နည္းဥပေဒခဲြ (က)နွင့္အညီ ေၾကညာမွာျဖစ္ေၾကာင္း၊ အမည္ – ဦးလွေအး၊ အဘအမည္ – ဦးေမာင္စိန္၊ နိုင္ငံသားစိစစ္ေရးကတ္ျပားအမွတ္ – ၁၂/ကမတ(နိုင္)၀၁၅၄၀၅ ျဖစ္ၿပီး အဆိုပါပုဂၢိဳလ္၏ ကိုယ္ေရးမွတ္တမ္းကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ ျဖန္႕ေဝထားျပီး ျဖစ္ပါေၾကာင္း၊ အဆိုပါ ပုဂၢိဳလ္သည္ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၃၁၀ ပါ သတ္မွတ္ထားေသာ အရည္အခ်င္းမ်ားႏွင့္ မျပည့္စံုေၾကာင္း သက္ေသအထင္အရွားျပ၍ ကန္႕ကြက္လိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ရိွပါက ယေန႕လႊတ္ေတာ္အစည္းအေဝး ရပ္နားခိ်န္တြင္ လႊတ္ေတာ္ရံုး ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ထံ အမည္စာရင္း ေပးပို႕ရန္ႏွင့္ အဆိုပါပုဂၢိဳလ္သည္ သတ္မွတ္ထားေသာ အရည္အခ်င္းမ်ားႏွင့္ မျပည့္စံုေၾကာင္း ခိုင္လံုေသာသက္ေသ အေထာက္အထားမ်ားကို တိုင္းေဒသႀကီး သို႕မဟုတ္ ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ ၅၄ အညီ ပူးတဲြ တင္ျပရန္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါသည္။
 
(Unicode)
ရန်ကုန်၊ ဒီဇင်ဘာလ၊ ၁၁ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈)တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)၊ ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၁ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၉ တို့အရ နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေခွဲ (က)နှင့်အညီ ကြေညာမှာဖြစ်ကြောင်း၊ အမည် – ဦးလှအေး၊ အဘအမည် – ဦးမောင်စိန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် – ၁၂/ကမတ(နိုင်)၀၁၅၄၀၅ ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်၏ ကိုယ်ရေးမှတ်တမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၁၀ ပါ သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးပို့ရန်နှင့် အဆိုပါပုဂ္ဂိုလ်သည် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း ခိုင်လုံသောသက်သေ အထောက်အထားများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၄ အညီ ပူးတွဲ တင်ပြရန်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

About Ygn Editor

Check Also

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရံုး အိတ္ဖြင့္တင္ဒါေခၚယူ

ရန္ကုန္ ၊ ဇန္နဝါရီလ ၁၈ ရက္ ၊ ၂၀၁၉ (unicode) ရန်ကုန် ၊ ဇန်နဝါရီလ ၁၈ ရက် ၊ ၂၀၁၉

Leave a Reply

Your email address will not be published. Required fields are marked *