Tuesday , July 23 2019
Breaking News
Home / မေးခွန်းများ / မေးခွန်း(၁) သာကေတမြို့နယ် ရပ်ကွက်အတွင်းရှိ သမဝါယမ အသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲ ဆောင်ရွက် ထားသည်ကို ပွင့်လင်းမြင်သာမှုရှိစွာချပြရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါ ကြောင်း၊ မေးခွန်း(၂) အချို့ရပ်ကွက် များတွင်ဖြစ်ပွားလျက်ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်း စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိ မေးမြန်း


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)တွင် သာကေတမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက “ မေးခွန်း(၁) သာကေတမြို့နယ် ရပ်ကွက် အတွင်းရှိ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာ မှုရှိစွာချပြရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၂) အချို့ရပ်ကွက် များတွင်ဖြစ်ပွားလျက်ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိမေးမြန်း ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ သာကေတမြို့နယ်အတွင်းရှိ သမဝါယမပိုင်ပစ္စည်းများ၏ စာရင်းဇယား များကို စီမံခန့်ခွဲဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သာကေတမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု(၁)သင်း၊ အခြေခံ သမဝါယမအသင်း(၅၉)သင်း၊ စုစုပေါင်း(၆၀)သင်းရှိပါကြောင်း၊ သမဝါယမအသင်းများမှ ပိုင်ဆိုင်သောရင်းနှီးပစ္စည်းများဖြစ်သည့် မြေ(၆၁)ကွက်၊ အသင်းပိုင်အဆောက်အဦ(၆၉)လုံး၊ သမဝါယမပိုင်မြေပေါ်တွင်မြေငှား၍ ပုဂ္ဂလိကပိုင်အဆောက်အဦ(၁၉၄)လုံး၊ စုစုပေါင်းအဆောက်အဦ (၂၆၃)လုံးရှိပါကြောင်း၊ အဆိုပါအဆောက်အဦများတွင် အကျိုးတူငှားရမ်းထားသောအခန်းပေါင်း (၂၀၈)ခန်းရှိပါကြောင်း၊ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို သမဝါယမအသင်း နည်းဥပဒေအရအသင်းသည် လိုအပ်သည့်ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနှင့်မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ပြုစုထိန်းသိမ်းထားရှိခြင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အဦများကို အသင်းမှစီမံခန့်ခွဲရာမှ ရရှိသောဝင်ငွေသည် ၄င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ငွေစာရင်းသို့သာဝင်ပါကြောင်း၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်သည် သမဝါယမအသင်း အဆင့်ဆင့်၏ စာရင်းများကို (၆)လတာကာလတွင်သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက် လျှက်ရှိပါကြောင်း၊ အချို့ရပ်ကွက်များတွင်ဖြစ်ပွားလျက် ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်း စည်းကမ်းနှင့်ကိုက်ညီမှုမရှိသောအသင်းသားများကို အသင်းဥပဒေအရအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက် အရ အသင်းသားအဖြစ်မှထုတ်ပယ်နိုင်ပါကြောင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် သမဝါယမအသင်း၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ်နိုင်ခွင့်ရှိပါကြောင်း၊ သမဝါယမအသင်း နည်းဥပဒေအရလည်း အမှုဆောင်အဖွဲ့သည် စာရင်းစစ်အစီရင်ခံစာအရ အလွဲသုံးစားပြုလုပ်ခြင်းကိုသော်လည်းကောင်း၊ အသင်း၏စီးပွားရေးတည်မြဲမှုကို ထိခိုက်ခြင်းသော်လည်းကောင်း ပြုလုပ်ကြောင်းတွေ့ရှိလျှင် ယင်းသို့ဖောက်ဖျက်ကျူးလွန်သူ အမှုဆောင် (သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်ကို တာဝန်ခွဲဝေသတ်မှတ်ချက်နှင့်အညီ အတိအကျဖော်ပြ၍ တာဝန်မှယာယီ ရပ်စဲခြင်း၊ တာဝန်မှယာယီရပ်စဲပြီးတည်ဆဲဥပဒေများနှင့်အညီတရားစွဲဆိုစေခြင်း၊ သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တာဝန်မှရပ်စဲပြီး အသင်းသား/ အသင်းဝင်အဖြစ်မှထုတ်ပယ်ခြင်း စသည့် ကိစ္စအရပ်ရပ်နှင့် သမ၀ါယမ အသင်းသားများ အထွေထွေအရပ်ရပ် အစည်းအဝေးကသာ သမ၀ါယမအသင်း၏ ကောင်းကျိုးဆိုးကျိုးကို ဆုံးဖြတ်နိုင်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။
 
(Unicode)
ရန်ကုန်၊ နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)တွင် သာကေတမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက “ မေးခွန်း(၁) သာကေတမြို့နယ် ရပ်ကွက် အတွင်းရှိ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာ မှုရှိစွာချပြရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုပါကြောင်း၊ မေးခွန်း(၂) အချို့ရပ်ကွက် များတွင်ဖြစ်ပွားလျက်ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသော အသင်းသားများကို မည်သို့သောပြစ်ဒဏ်များဖြင့် အရေးယူဆောင်ရွက်ခြင်း ရှိ/မရှိမေးမြန်း ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ သာကေတမြို့နယ်အတွင်းရှိ သမဝါယမပိုင်ပစ္စည်းများ၏ စာရင်းဇယား များကို စီမံခန့်ခွဲဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ သာကေတမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု(၁)သင်း၊ အခြေခံ သမဝါယမအသင်း(၅၉)သင်း၊ စုစုပေါင်း(၆၀)သင်းရှိပါကြောင်း၊ သမဝါယမအသင်းများမှ ပိုင်ဆိုင်သောရင်းနှီးပစ္စည်းများဖြစ်သည့် မြေ(၆၁)ကွက်၊ အသင်းပိုင်အဆောက်အဦ(၆၉)လုံး၊ သမဝါယမပိုင်မြေပေါ်တွင်မြေငှား၍ ပုဂ္ဂလိကပိုင်အဆောက်အဦ(၁၉၄)လုံး၊ စုစုပေါင်းအဆောက်အဦ (၂၆၃)လုံးရှိပါကြောင်း၊ အဆိုပါအဆောက်အဦများတွင် အကျိုးတူငှားရမ်းထားသောအခန်းပေါင်း (၂၀၈)ခန်းရှိပါကြောင်း၊ သမဝါယမအသင်းပိုင်ပစ္စည်း၏ စာရင်းဇယားများကို သမဝါယမအသင်း နည်းဥပဒေအရအသင်းသည် လိုအပ်သည့်ငွေစာရင်း၊ ပစ္စည်းစာရင်း၊ အခြားစာရင်းများနှင့်မှတ်တမ်းများကို သတ်မှတ်ချက်နှင့်အညီ ပြုစုထိန်းသိမ်းထားရှိခြင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အဦများကို အသင်းမှစီမံခန့်ခွဲရာမှ ရရှိသောဝင်ငွေသည် ၄င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ငွေစာရင်းသို့သာဝင်ပါကြောင်း၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်သည် သမဝါယမအသင်း အဆင့်ဆင့်၏ စာရင်းများကို (၆)လတာကာလတွင်သာမန်စစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် နှစ်ချုပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက် လျှက်ရှိပါကြောင်း၊ အချို့ရပ်ကွက်များတွင်ဖြစ်ပွားလျက် ရှိသော အမှုဆောင်ဥက္ကဋ္ဌမှစ၍ အသင်းသားများသည် အသင်းစည်းမျဉ်း စည်းကမ်းနှင့်ကိုက်ညီမှုမရှိသောအသင်းသားများကို အသင်းဥပဒေအရအသင်း၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက် အရ အသင်းသားအဖြစ်မှထုတ်ပယ်နိုင်ပါကြောင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် သမဝါယမအသင်း၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ်နိုင်ခွင့်ရှိပါကြောင်း၊ သမဝါယမအသင်း နည်းဥပဒေအရလည်း အမှုဆောင်အဖွဲ့သည် စာရင်းစစ်အစီရင်ခံစာအရ အလွဲသုံးစားပြုလုပ်ခြင်းကိုသော်လည်းကောင်း၊ အသင်း၏စီးပွားရေးတည်မြဲမှုကို ထိခိုက်ခြင်းသော်လည်းကောင်း ပြုလုပ်ကြောင်းတွေ့ရှိလျှင် ယင်းသို့ဖောက်ဖျက်ကျူးလွန်သူ အမှုဆောင် (သို့မဟုတ်) ဒါရိုက်တာအဖွဲ့ဝင်ကို တာဝန်ခွဲဝေသတ်မှတ်ချက်နှင့်အညီ အတိအကျဖော်ပြ၍ တာဝန်မှယာယီ ရပ်စဲခြင်း၊ တာဝန်မှယာယီရပ်စဲပြီးတည်ဆဲဥပဒေများနှင့်အညီတရားစွဲဆိုစေခြင်း၊ သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တာဝန်မှရပ်စဲပြီး အသင်းသား/ အသင်းဝင်အဖြစ်မှထုတ်ပယ်ခြင်း စသည့် ကိစ္စအရပ်ရပ်နှင့် သမ၀ါယမ အသင်းသားများ အထွေထွေအရပ်ရပ် အစည်းအေ၀းကသာ သမ၀ါယမအသင်း၏ ကောင်းကျိုးဆိုးကျိုးကို ဆုံးဖြတ်နိုင်ပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လှိုင်သာယာမြို့နယ်အတွင်းရှိ အဓိက လမ်းမကြီးများတွင် လမ်းဘေးပလက်ဖောင်းများပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးမည်ကို မေးမြန်း

ရန်ကုန်၊ ဇူလိုင်လ၊ ၁၂ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့တွင် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *