Tuesday , March 26 2019
Breaking News
Home / မေးခွန်းများ / မေးခွန်း(၁) လှိုင်မြို့နယ်အတွင်း သမဝါယမပိုင်ဆိုင်ခန်းများ၊ တိုက်ခန်းများမည်မျှရှိပါသလဲ၊ မေးခွန်း(၂) ဆိုင်ခန်းငှားရမ်းခများအား ခေတ်ကာလပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲသတ်မှတ် စာချုပ်ချုပ်ရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၃) ဆိုင်ခန်းနှင့် တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီအလိုက်သိရှိလိုပါကြောင်းမေးမြန်း

မေးခွန်း(၁) လှိုင်မြို့နယ်အတွင်း သမဝါယမပိုင်ဆိုင်ခန်းများ၊ တိုက်ခန်းများမည်မျှရှိပါသလဲ၊ မေးခွန်း(၂) ဆိုင်ခန်းငှားရမ်းခများအား ခေတ်ကာလပေါက်ဈေးများဖြင့် ပြင်ဆင်ပြောင်းလဲသတ်မှတ် စာချုပ်ချုပ်ရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၃) ဆိုင်ခန်းနှင့် တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီအလိုက်သိရှိလိုပါကြောင်းမေးမြန်း

 
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)တွင် လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက “ မေးခွန်း(၁) လှိုင်မြို့နယ်အတွင်း သမဝါယမ ပိုင်ဆိုင်ခန်းများ၊ တိုက်ခန်းများမည်မျှရှိပါသလဲ၊ မေးခွန်း(၂) ဆိုင်ခန်းငှားရမ်းခများအား ခေတ်ကာလပေါက်ဈေးများဖြင့် ပြင်ဆင် ပြောင်းလဲ သတ်မှတ် စာချုပ်ချုပ်ရန်အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၃) ဆိုင်ခန်းနှင့် တိုက်ခန်းများ၏ ငှားရမ်းခနှုန်းထားများအား တစ်ခုချင်းစီ အလိုက်သိရှိလိုပါကြောင်း ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်း၌ သမဝါယမအသင်းပေါင်း(၅၁)သင်းရှိရာ ထုတ်လုပ်မှုကဏ္ဍတွင်(၆)သင်း၊ ဝန်ဆောင်မှုကဏ္ဍတွင်(၂၀)သင်းနှင့် ကုန်သွယ်မှုကဏ္ဍတွင်(၂၅) သင်းရှိပါကြောင်း၊ ၄င်းအသင်းပေါင်း(၅၁)သင်းအနက် အဆောက်အဦနှင့် တိုက်ခန်းပိုင်ဆိုင်သော အသင်းမှာ (၂၄)သင်းရှိပါကြောင်း၊ ယင်း(၂၄)သင်းတွင် တိုက်ခန်းပေါင်း(၃၉)ခန်းနှင့် အသင်းပိုင် အဆောက်အဦ(၂၂)လုံးရှိပြီး ထိုအဆောက်အဦများအား ထပ်မံအခန်းများဖွဲ့ခဲ့ရာ အခန်းပေါင်း(၅၀)ရှိပြီး မူလ တိုက်ခန်း(၃၉)ခန်းနှင့်ပေါင်းပါက အခန်းအရေအတွက်မှာ(၈၉)ခန်းရှိပါကြောင်း၊ တိုက်ခန်း (၃၉)ခန်း၏ တစ်လဝင်ငွေကျပ်သိန်း ( ၅၂.၆၅၀၀၀)၊ တစ်နှစ်ဝင်ငွေကျပ်သိန်း( ၆၃၁.၈၀၀၀၀ )၊ အခန်းပေါင်း(၅၀)၏ တစ်လဝင်ငွေကျပ်သိန်း( ၃၅.၂၃၀၀၀ )၊ တစ်နှစ်ဝင်ငွေကျပ်သိန်း(၄၂၂.၇၆၀၀၀)၊ တိုက်ခန်း(၃၉)ခန်းနှင့် အခန်း(၅၀)၏ တစ်လဝင်ငွေကျပ်သိန်း(၈၇.၈၈၀၀၀)၊ တစ်နှစ်ဝင်ငွေကျပ်သိန်း(၁၀၅၄.၅၆၀၀၀)ဖြစ်ပါကြောင်း၊ သမဝါယမအသင်းများက ပိုင်ဆိုင်သော အဆောက်အဦများကို အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် စာချုပ်ချုပ်ဆိုငှားရမ်းခြင်းဖြစ်ပြီး စီမံခန့်ခွဲရာမှရရှိသောဝင်ငွေများကို ၄င်းသက်ဆိုင်ရာ သမဝါယမအသင်း၏ ငွေစာရင်းသို့ဝင်ပါကြောင်း၊ လှိုင်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများ၏ ဆိုင်ခန်းနှင့် တိုက်ခန်း ငှားရမ်းမှုအား သမဝါယမအသင်းဥပဒေအရ ပုဂ္ဂလိကများနှင့် အကျိုးတူပေါင်းစပ်ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊ ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့်ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့်များ ရှိခြင်း၊ ပစ္စည်းများပိုင်ဆိုင်နိုင်ခွင့်ရှိခြင်း၊ ပဋိညာဉ် စာချုပ်ချုပ်ပိုင်ခွင့်ရှိခြင်း၊ အသင်းကရရန်ရှိသော ကြွေးမြီများကို အသင်းသား (သို့မဟုတ်) အသင်းဝင်၏ အစု၊ စုဆောင်းငွေ၊ ရင်းနှီးငွေနှင့် အသင်းကပေးရန်ရှိသော အကျိုးခံစားခွင့်များမှ ခုနှိမ်ခွင့်ရှိခြင်း စသော ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေ၊ ၂၀၁၃ ခုနှစ် သမဝါယမအသင်း နည်းဥပဒေပါ အချက်များအရလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငှားရမ်းခနှုန်းထားများကိုလည်း ကာလပေါက်ဈေးနှင့် အနီးစပ်ဆုံးဖြစ်အောင် အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ပြင်ဆင်ပြောင်းလဲသတ်မှတ်ငှားရမ်း နိုင်ခြင်း၊ အသင်းပိုင်ဆိုင်ခန်းများကို ငှားရမ်းစာချုပ် ချုပ်ဆိုရာတွင် အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ ငှားရမ်းသူနှင့် စာချုပ်ချုပ်ဆို ငှားရမ်းခြင်း၊ တိုက်ခန်း၊ အဆောက်အဦ ငှားရမ်းခဝင်ငွေများသည် အသင်း၏ဝင်ငွေဖြစ်သည့်အတွက် အသင်း၏ ငွေစာရင်းသို့သာဝင်ပြီး အဆိုပါငွေကြေး များကိုလည်း အသင်းကသာစီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း” ပြန်လည်ဖြေကြား ခဲ့ပါသည်။
 
(Unicode)
 
 
ရန်ကုန်၊ နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၄င်းလုပ်ငန်းများမှ လစဉ် ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေရရှိမှုများကို သိရှိ လိုပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့်မညီသောဆိုင်များကို မည်သို့ဆက်လက်ဆောင်ရွက်မည်”ကို မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းတွင် သမဝါယမအသင်း စုစုပေါင်း(၄၆)သင်းဖွဲ့စည်းထားရှိပြီး အသင်းမှစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းမှ ပိုင်ဆိုင်သောမြေနှင့်အဆောက်အဦအခန်းများကိုငှားရမ်းခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းစသည်တို့ကို ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ကာလသတ်မှတ်၍ ခိုင်မာသော စာချုပ်များချုပ်ဆိုငှားရမ်းပြီး အသင်းဝင်ငွေရအောင်ဆောင်ရွက်ကြပါကြောင်း၊ ၄င်းအပြင် အသင်းသားများ၏ စီးပွားရေးလုပ်ငန်းအတွက် အရင်းအနှီးများရရှိစေရန် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းများတွင် အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်း များကို အမှာလွှာစနစ်ဖြင့်ရောင်းချပေးခြင်း၊ သမဝါယမအသင်းအဆင့်ဆင့်တွင် အစုရှယ်ယာထည့်ဝင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပါကြောင်း၊ သမဝါယမအသင်းများ၏လုပ်ငန်းများမှ လစဉ်ဝင်ငွေမှာထုတ်လုပ်မှုကဏ္ဍအနေဖြင့် လစဉ်(၁)လဝင်ငွေမှာ ကျပ်( ၈၇.၈၁၀၇၅ ) သိန်းဖြစ်ပြီး နှစ်စဉ်(၁)နှစ်ဝင်ငွေမှာ ကျပ် ( ၁၀၅၃.၇၂၉၀၀ ) သိန်းဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ကဏ္ဍအနေဖြင့် လစဉ်ဝင်ငွေကျပ်( ၂၀.၁၇၀၄၄ ) သိန်းဖြစ်ပြီး နှစ်စဉ်ဝင်ငွေမှာ ကျပ် (၂၄၂.၀၄၅၃၈ ) သိန်း၊ ကုန်သွယ်မှု ကဏ္ဍအနေဖြင့် လစဉ်ဝင်ငွေကျပ်( ၇၃၉.၆၅၅၃၆ ) သိန်း၊ နှစ်စဉ်ဝင်ငွေမှာ ကျပ် ( ၈၈၇၅.၈၆၄၃၉ ) သိန်းတို့ဖြစ်ပါကြောင်း၊ လစဉ်၊ နှစ်စဉ်ဝင်ငွေရရှိမှုများအပေါ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး (၃)လအတွင်း နှစ်ချုပ်စာရင်းစစ်ဆေးခြင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများ ကျင်းပခြင်းများဆောင်ရွက်ကြပါကြောင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် နှစ်ချုပ်အစီရင်ခံစာကို အတည်ပြုပြီး နောက်အသင်း၏ အသားတင်အမြတ်အပေါ်တွင် အသင်းသားရပိုင်ခွင့်များခွဲဝေပေးခြင်း၊ လက်ဆောင်များပေးခြင်း၊ ကျွေးမွေးဧည့်ခံခြင်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်ချုပ်စာရင်းအရ အသင်း၏အသားတင်အမြတ်သိန်း(၂၀)ကျော် ပါက သတ်မှတ်ထား သောနိုင်ငံတော် အခွန်ဥပဒေအရတွက်ချက်၍ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များထမ်းဆောင်ကြရပါကြောင်း၊ သမဝါယမအသင်း များ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် မညီသောအသင်းအား သမဝါယမအသင်းဥပဒေအရသတ်မှတ်သည့် အသင်းသား (သို့မဟုတ်) အသင်း၏ဦးရေမပြည့်ခြင်း၊ ဤဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေများ နှင့်အညီ စီးပွားရေးလုပ်ငန်းများကိုမလုပ်ကိုင်ခြင်း၊ မတည်ငွေမပြည့်စုံခြင်း၊ ပေးဆပ်ရန်ရှိသောကြွေးမြီများကို ပေးဆပ်နိုင်ရန် အခြေအနေမရှိခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆိုပေးခြင်း၊ အခြားလုံလောက်သော အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ခြင်း၊ သမဝါယမ အသင်းနည်းဥပဒေအရ ညွှန်ကြားရေးမှူးချုပ်သည် သမဝါယမအသင်းနည်းဥပဒေပုဒ်မ-၂၅ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် သမဝါယမအသင်းရဲ့ကုန်သွယ်မှု၊ ၀န်ဆောင်မှုလုပ်ငန်းတွေဟာ မြေပြင်မှာမလုပ်တာတွေ့ရပါကြောင်း၊ သမဝါယမအသင်း နည်းဥပဒေပုဒ်မ ၂၅မှာဖော်ပြထားသည့် အတိုင်း အမှန်တကယ်ဆောင်ရွက်ခြင်းရှိ/မရှိသိလိုပါကြောင်းမေးမြန်းရာ ဝန်ကြီးမှ သမဝါယမအသင်းအားလုံးရဲ့ အရေးယူခြင်း၊ ဖျက်သိမ်းခြင်းတို့ကို သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကသာလျှင် ဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About ygneditor11

Check Also

အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက်ပေးရန် နှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က “ …

Leave a Reply

Your email address will not be published. Required fields are marked *