Tuesday , July 23 2019
Breaking News
Home / ေမးခြန္းမ်ား / ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရိွ သမဝါယမအသင္းမ်ား၏ လုပ္ငန္းေဆာင္ရြက္မႈအေျခအေနႏွင့္ ၄င္းလုပ္ငန္းမ်ားမွ လစဥ္ ဝင္ေငြ၊ နွစ္စဥ္ဝင္ေငြရရိွမႈမ်ားကို သိရိွလိုပါေၾကာင္း၊ သမဝါယမအသင္းမ်ား၏ မူဝါဒလုပ္ထံုးလုပ္နည္းႏွင့္မညီေသာဆိုင္မ်ားကို မည္သို႔ဆက္လက္ေဆာင္ရြက္မည္ကို ေမးျမန္း

ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရိွ သမဝါယမအသင္းမ်ား၏ လုပ္ငန္းေဆာင္ရြက္မႈအေျခအေနႏွင့္ ၄င္းလုပ္ငန္းမ်ားမွ လစဥ္ ဝင္ေငြ၊ နွစ္စဥ္ဝင္ေငြရရိွမႈမ်ားကို သိရိွလိုပါေၾကာင္း၊ သမဝါယမအသင္းမ်ား၏ မူဝါဒလုပ္ထံုးလုပ္နည္းႏွင့္မညီေသာဆိုင္မ်ားကို မည္သို႔ဆက္လက္ေဆာင္ရြက္မည္ကို ေမးျမန္း

ရန္ကုန္၊ ႏိုဝင္ဘာလ၊ ၂၉ ရက္၊ ၂၀၁၈
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၈)တြင္ ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသျကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ထြန္းႏိုင္က “ ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရိွ သမဝါယမအသင္းမ်ား၏ လုပ္ငန္းေဆာင္ရြက္မႈအေျခအေနႏွင့္ ၄င္းလုပ္ငန္းမ်ားမွ လစဥ္ ဝင္ေငြ၊ နွစ္စဥ္ဝင္ေငြရရိွမႈမ်ားကို သိရိွ လိုပါေၾကာင္း၊ သမဝါယမအသင္းမ်ား၏ မူဝါဒလုပ္ထံုးလုပ္နည္းႏွင့္မညီေသာဆိုင္မ်ားကို မည္သို႔ဆက္လက္ေဆာင္ရြက္မည္”ကို ေမးျမန္းရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက “ရန္ကုန္တိုင္းေဒသျကီး၊ ဒဂံုၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္အတြင္းတြင္ သမဝါယမအသင္း စုစုေပါင္း(၄၆)သင္းဖဲြ႕စည္းထားရိွျပီး အသင္းမွစီးပြားေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ သမဝါယမဦးစီးဌာနမွ ထိန္းေက်ာင္းတည့္မတ္ေပးလ်က္ရိွပါေၾကာင္း၊ လုပ္ငန္းေဆာင္ရြက္ရာတြင္ အသင္းမွ ပိုင္ဆိုင္ေသာေျမႏွင့္အေဆာက္အဦအခန္းမ်ားကိုငွားရမ္းျခင္း၊ အက်ိဳးတူေဆာင္ရြက္ျခင္းစသည္တို႔ကို ေရြးခ်ယ္ထားေသာ အမႈေဆာင္ဒါရိုက္တာအဖဲြ႕၏ အစည္းအေဝးဆံုးျဖတ္ခ်က္ျဖင့္လည္းေကာင္း၊ အရပ္ရပ္ဆိုင္ရာ အစည္းအေဝးဆံုးျဖတ္ခ်က္ျဖင့္ လည္းေကာင္း၊ ကာလသတ္မွတ္၍ ခိုင္မာေသာ စာခ်ဳပ္မ်ားခ်ဳပ္ဆိုငွားရမ္းျပီး အသင္းဝင္ေငြရေအာင္ေဆာင္ရြက္ၾကပါေၾကာင္း၊ ၄င္းအျပင္ အသင္းသားမ်ား၏ စီးပြားေရးလုပ္ငန္းအတြက္ အရင္းအနီွးမ်ားရရိွေစရန္ သက္သာေသာအတိုးနႈန္းျဖင့္ ေခ်းေငြမ်ား ရရိွေအာင္ေဆာင္ရြက္ေပးျခင္း၊ ေရာင္းဝယ္ေရးနွင့္ အေထြေထြစီးပြားေရးလုပ္ငန္းမ်ားတြင္ အေျခခံစားကုန္နွင့္ လူသံုးကုန္ပစၥည္း မ်ားကို အမွာလႊာစနစ္ျဖင့္ေရာင္းခ်ေပးျခင္း၊ သမဝါယမအသင္းအဆင့္ဆင့္တြင္ အစုရွယ္ယာထည့္ဝင္ျခင္း စသည့္လုပ္ငန္းမ်ား ေဆာင္ရြက္ပါေၾကာင္း၊ သမဝါယမအသင္းမ်ား၏လုပ္ငန္းမ်ားမွ လစဉ္ဝင္ေငြမွာထုတ္လုပ္မႈက႑အေနျဖင့္ လစဥ္(၁)လဝင္ေငြမွာ က်ပ္( ၈၇.၈၁၀၇၅ ) သိန္းျဖစ္ျပီး နွစ္စဉ္(၁)နွစ္ဝင္ေငြမွာ က်ပ္ ( ၁၀၅၃.၇၂၉၀၀ ) သိန္းျဖစ္ပါေၾကာင္း၊ ဝန္ေဆာင္မႈ က႑အေနျဖင့္ လစဥ္ဝင္ေငြက်ပ္( ၂၀.၁၇၀၄၄ ) သိန္းျဖစ္ျပီး နွစ္စဥ္ဝင္ေငြမွာ က်ပ္ (၂၄၂.၀၄၅၃၈ ) သိန္း၊ ကုန္သြယ္မႈ က႑အေနျဖင့္ လစဥ္ဝင္ေငြက်ပ္( ၇၃၉.၆၅၅၃၆ ) သိန္း၊ နွစ္စဥ္ဝင္ေငြမွာ က်ပ္ ( ၈၈၇၅.၈၆၄၃၉ ) သိန္းတို႔ျဖစ္ပါေၾကာင္း၊ လစဥ္၊ နွစ္စဥ္ဝင္ေငြရရိွမႈမ်ားအေပၚ ဘ႑ာေရးနွစ္ကုန္ဆံုးျပီး (၃)လအတြင္း နွစ္ခ်ဳပ္စာရင္းစစ္ေဆးျခင္း၊ အရပ္ရပ္ဆိုင္ရာ အစည္းအေဝးမ်ား က်င္းပျခင္းမ်ားေဆာင္ရြက္ျကပါေၾကာင္း၊ အရပ္ရပ္ဆိုင္ရာအစည္းအေဝးတြင္ နွစ္ခ်ဳပ္အစီရင္ခံစာကို အတည္ျပဳျပီး ေနာက္အသင္း၏ အသားတင္အျမတ္အေပၚတြင္ အသင္းသားရပိုင္ခြင့္မ်ားခဲြေဝေပးျခင္း၊ လက္ေဆာင္မ်ားေပးျခင္း၊ ေကြ်းေမြးဧည့္ခံျခင္းမ်ား နွစ္စဥ္ေဆာင္ရြက္လ်က္ရိွပါေၾကာင္း၊ နွစ္ခ်ဳပ္စာရင္းအရ အသင္း၏အသားတင္အျမတ္သိန္း(၂၀)ေက်ာ္ ပါက သတ္မွတ္ထား ေသာႏိုင္ငံေတာ္ အခြန္ဥပေဒအရတြက္ခ်က္၍ ဝင္ေငြခြန္နွင့္ ကုန္သြယ္ခြန္မ်ားထမ္းေဆာင္ၾကရပါေၾကာင္း၊ သမဝါယမအသင္း မ်ား၏ မူဝါဒ၊ လုပ္ထံုးလုပ္နည္းနွင့္ မညီေသာအသင္းအား သမဝါယမအသင္းဥပေဒအရသတ္မွတ္သည့္ အသင္းသား (သို႔မဟုတ္) အသင္း၏ဦးေရမျပည့္ျခင္း၊ ဤဥပေဒပါျပဌာန္းခ်က္တစ္ရပ္ရပ္ကို ဆန္႔က်င္ေဆာင္ရြက္ျခင္း၊ တည္ဆဲ ဥပေဒမ်ား ႏွင့္အညီ စီးပြားေရးလုပ္ငန္းမ်ားကိုမလုပ္ကိုင္ျခင္း၊ မတည္ေငြမျပည့္စံုျခင္း၊ ေပးဆပ္ရန္ရိွေသာေျကြးျမီမ်ားကို ေပးဆပ္ႏိုင္ရန္ အေျခအေနမရိွျခင္း၊ အရပ္ရပ္ဆိုင္ရာအစည္းအေဝးဆံုးျဖတ္ခ်က္အရ စာရင္းရွင္းလင္းဖ်က္သိမ္းေပးရန္ ေတာင္းဆိုေပးျခင္း၊ အျခားလံုေလာက္ေသာ အေျကာင္းတစ္ရပ္ရပ္ေပၚေပါက္ျခင္း၊ သမဝါယမ အသင္းနည္းဥပေဒအရ ညႊန္ၾကားေရးမႉးခ်ဳပ္သည္ သမဝါယမအသင္းနည္းဥပေဒပုဒ္မ-၂၅ပါ အေၾကာင္းတစ္ရပ္ရပ္ေပၚေပါက္လွ်င္ သက္ဆိုင္ရာ သမဝါယမအသင္းအား စာရင္းရွင္းလင္းဖ်က္သိမ္းႏိုင္ပါေၾကာင္း” ျပန္လည္ေျဖၾကားခဲ့ပါသည္။ ဆက္စပ္ေမးခြန္းအေနျဖင့္ သမဝါယမအသင္းရဲ႕ကုန္သြယ္မႈ၊ ၀န္ေဆာင္မႈလုပ္ငန္းေတြဟာ ေျမျပင္မွာမလုပ္တာေတြ႕ရပါေၾကာင္း၊ သမဝါယမအသင္း နည္းဥပေဒပုဒ္မ ၂၅မွာေဖာ္ျပထားသည့္ အတိုင္း အမွန္တကယ္ေဆာင္ရြက္ျခင္းရွိ/မရွိသိလိုပါေၾကာင္းေမးျမန္းရာ ဝန္ႀကီးမွ သမဝါယမအသင္းအားလံုးရဲ႕ အေရးယူျခင္း၊ ဖ်က္သိမ္းျခင္းတို႔ကို သမဝါယမဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ကသာလွ်င္ ေဆာင္ရြက္ႏိုင္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ပါသည္။
 
(Unicode)
 
 
ရန်ကုန်၊ နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၈)တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က “ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ၄င်းလုပ်ငန်းများမှ လစဉ် ဝင်ငွေ၊ နှစ်စဉ်ဝင်ငွေရရှိမှုများကို သိရှိ လိုပါကြောင်း၊ သမဝါယမအသင်းများ၏ မူဝါဒလုပ်ထုံးလုပ်နည်းနှင့်မညီသောဆိုင်များကို မည်သို့ဆက်လက်ဆောင်ရွက်မည်”ကို မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းတွင် သမဝါယမအသင်း စုစုပေါင်း(၄၆)သင်းဖွဲ့စည်းထားရှိပြီး အသင်းမှစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမဦးစီးဌာနမှ ထိန်းကျောင်းတည့်မတ်ပေးလျက်ရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းမှ ပိုင်ဆိုင်သောမြေနှင့်အဆောက်အဦအခန်းများကိုငှားရမ်းခြင်း၊ အကျိုးတူဆောင်ရွက်ခြင်းစသည်တို့ကို ရွေးချယ်ထားသော အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်လည်းကောင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ ကာလသတ်မှတ်၍ ခိုင်မာသော စာချုပ်များချုပ်ဆိုငှားရမ်းပြီး အသင်းဝင်ငွေရအောင်ဆောင်ရွက်ကြပါကြောင်း၊ ၄င်းအပြင် အသင်းသားများ၏ စီးပွားရေးလုပ်ငန်းအတွက် အရင်းအနှီးများရရှိစေရန် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ရရှိအောင်ဆောင်ရွက်ပေးခြင်း၊ ရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းများတွင် အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်း များကို အမှာလွှာစနစ်ဖြင့်ရောင်းချပေးခြင်း၊ သမဝါယမအသင်းအဆင့်ဆင့်တွင် အစုရှယ်ယာထည့်ဝင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပါကြောင်း၊ သမဝါယမအသင်းများ၏လုပ်ငန်းများမှ လစဉ်ဝင်ငွေမှာထုတ်လုပ်မှုကဏ္ဍအနေဖြင့် လစဉ်(၁)လဝင်ငွေမှာ ကျပ်( ၈၇.၈၁၀၇၅ ) သိန်းဖြစ်ပြီး နှစ်စဉ်(၁)နှစ်ဝင်ငွေမှာ ကျပ် ( ၁၀၅၃.၇၂၉၀၀ ) သိန်းဖြစ်ပါကြောင်း၊ ဝန်ဆောင်မှု ကဏ္ဍအနေဖြင့် လစဉ်ဝင်ငွေကျပ်( ၂၀.၁၇၀၄၄ ) သိန်းဖြစ်ပြီး နှစ်စဉ်ဝင်ငွေမှာ ကျပ် (၂၄၂.၀၄၅၃၈ ) သိန်း၊ ကုန်သွယ်မှု ကဏ္ဍအနေဖြင့် လစဉ်ဝင်ငွေကျပ်( ၇၃၉.၆၅၅၃၆ ) သိန်း၊ နှစ်စဉ်ဝင်ငွေမှာ ကျပ် ( ၈၈၇၅.၈၆၄၃၉ ) သိန်းတို့ဖြစ်ပါကြောင်း၊ လစဉ်၊ နှစ်စဉ်ဝင်ငွေရရှိမှုများအပေါ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး (၃)လအတွင်း နှစ်ချုပ်စာရင်းစစ်ဆေးခြင်း၊ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးများ ကျင်းပခြင်းများဆောင်ရွက်ကြပါကြောင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် နှစ်ချုပ်အစီရင်ခံစာကို အတည်ပြုပြီး နောက်အသင်း၏ အသားတင်အမြတ်အပေါ်တွင် အသင်းသားရပိုင်ခွင့်များခွဲဝေပေးခြင်း၊ လက်ဆောင်များပေးခြင်း၊ ကျွေးမွေးဧည့်ခံခြင်းများ နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်ချုပ်စာရင်းအရ အသင်း၏အသားတင်အမြတ်သိန်း(၂၀)ကျော် ပါက သတ်မှတ်ထား သောနိုင်ငံတော် အခွန်ဥပဒေအရတွက်ချက်၍ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များထမ်းဆောင်ကြရပါကြောင်း၊ သမဝါယမအသင်း များ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် မညီသောအသင်းအား သမဝါယမအသင်းဥပဒေအရသတ်မှတ်သည့် အသင်းသား (သို့မဟုတ်) အသင်း၏ဦးရေမပြည့်ခြင်း၊ ဤဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေများ နှင့်အညီ စီးပွားရေးလုပ်ငန်းများကိုမလုပ်ကိုင်ခြင်း၊ မတည်ငွေမပြည့်စုံခြင်း၊ ပေးဆပ်ရန်ရှိသောကြွေးမြီများကို ပေးဆပ်နိုင်ရန် အခြေအနေမရှိခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းပေးရန် တောင်းဆိုပေးခြင်း၊ အခြားလုံလောက်သော အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်ခြင်း၊ သမဝါယမ အသင်းနည်းဥပဒေအရ ညွှန်ကြားရေးမှူးချုပ်သည် သမဝါယမအသင်းနည်းဥပဒေပုဒ်မ-၂၅ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် သက်ဆိုင်ရာ သမဝါယမအသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းနိုင်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် သမဝါယမအသင်းရဲ့ကုန်သွယ်မှု၊ ၀န်ဆောင်မှုလုပ်ငန်းတွေဟာ မြေပြင်မှာမလုပ်တာတွေ့ရပါကြောင်း၊ သမဝါယမအသင်း နည်းဥပဒေပုဒ်မ ၂၅မှာဖော်ပြထားသည့် အတိုင်း အမှန်တကယ်ဆောင်ရွက်ခြင်းရှိ/မရှိသိလိုပါကြောင်းမေးမြန်းရာ ဝန်ကြီးမှ သမဝါယမအသင်းအားလုံးရဲ့ အရေးယူခြင်း၊ ဖျက်သိမ်းခြင်းတို့ကို သမဝါယမဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကသာလျှင် ဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

လိွဳင္သာယာၿမိဳ႕နယ္အတြင္းရိွ အဓိက လမ္းမႀကီးမ်ားတြင္ လမ္းေဘးပလက္ေဖာင္းမ်ားျပဳလုပ္ေပးရန္ အစီအစဥ္ရိွ/မရိွ၊ အစီအစဥ္ရိွပါက မည္သည့္ကာလတြင္ စတင္ေဆာင္ရြက္ေပးမည္ကို ေမးျမန္း

ရန္ကုန္၊ ဇူလိုင္လ၊ ၁၂ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး (၁၅)ရက္ေျမာက္ေန႕တြင္ လွိဳင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္(ခ) ဦးဦးဝင္းေမာင္က “လိွဳင္သာယာ …

Leave a Reply

Your email address will not be published. Required fields are marked *