Tuesday , January 22 2019
Breaking News
Home / ေမးခြန္းမ်ား / စားသံုးသူ သမဝါယမအသင္းအဆင့္ဆင့္(တိုင္း၊ ၿမိဳ႕နယ္၊ ရပ္/ေက်း)အသင္းမ်ား၏ ပိုင္ဆိုင္ခဲ့ေသာ မေရြ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ယခုအခိ်န္တြင္ ဥပေဒေၾကာင္းအရ မည္သူပိုင္ဆိုင္သည္ကို သိရိွလိုပါေၾကာင္းေမးျမန္း

စားသံုးသူ သမဝါယမအသင္းအဆင့္ဆင့္(တိုင္း၊ ၿမိဳ႕နယ္၊ ရပ္/ေက်း)အသင္းမ်ား၏ ပိုင္ဆိုင္ခဲ့ေသာ မေရြ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ယခုအခိ်န္တြင္ ဥပေဒေၾကာင္းအရ မည္သူပိုင္ဆိုင္သည္ကို သိရိွလိုပါေၾကာင္းေမးျမန္း

ရန္ကုန္၊ ႏိုဝင္ဘာလ၊ ၂၉ ရက္၊ ၂၀၁၈
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၈)တြင္ တိုက္ႀကီးၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ရွိန္က “ စားသံုးသူသမဝါယမအသင္းအဆင့္ဆင့္(တိုင္း၊ ျမိဳ႕နယ္၊ရပ္/ေက်း) အသင္းမ်ား၏ ပိုင္ဆိုင္ခဲ့ေသာ မေရြ႕မေျပာင္းနိုင္ေသာ ပစၥည္းမ်ားျဖစ္သည့္ေျမေနရာမ်ား၊ အေဆာက္အဦမ်ား၊ စက္ပစၥည္းမ်ား အစရိွသည္တို႔ကို ယခုအခိ်န္တြင္ ဥပေဒေၾကာင္းအရ မည္သူပိုင္ဆိုင္သည္ကို သိရိွလိုပါေၾကာင္း ” ေမးျမန္းရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊ သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းက “ ၁၉၉၂ ခုနွစ္သမဝါယမအသင္းဥပေဒပုဒ္မ(၃၇)တြင္ ၁၉၇၀ ခုႏွစ္ ျပည္ေထာင္စုျမန္မာ ႏိုင္ငံသမဝါယမအသင္းဥပေဒအရ တည္ေထာင္ခဲ့ေသာအသင္းမ်ားကို -(က) ဤဥပေဒအရ မွတ္ပံုတင္ထား ေသာ အသင္းမ်ားျဖစ္ဘိသကဲ့သို႔မွတ္ယူရမည္။ (ခ) သတ္မွတ္သည့္ကာလအတြင္း ဤဥပေဒနွင့္အညီ ျပန္လည္ဖဲြ႕စည္းရမည္ ဟု ျပဌာန္းထားရိွပါေၾကာင္း၊ ၂။ ယင္းျပဌာန္းခ်က္ႏွင့္အညီဖဲြ႕စည္းၿပီး သမဝါယမအသင္းမ်ားကို စည္းကမ္းသစ္မ်ားျဖင့္ျပန္လည္ ဖဲြ႕စည္းေရးအတြက္ သမဝါယမဦးစီးဌာန၏ (၁၁-၂-၁၉၉၃)ရက္စဲြပါ ” ၁၉၉၂ ခုနွစ္၊ ဒီဇင္ဘာလ(၂၂)ရက္ေန႔၊ ဥပေဒအမွတ္(၉/၉၂)ျဖင့္ ထုတ္ျပန္ေသာ ႏိုင္ငံေတာ္ျငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖဲြ႕ သမဝါယမအသင္းဥပေဒအရ ျပန္လည္ဖဲြ႕စည္းေရးလုပ္ငန္းအစီအစဥ္” ႏွင့္ (၅-၄-၁၉၉၄) ရက္စဲြပါ သမဝါယမအသင္းေဟာင္းမ်ားကိုျပန္လည္ဖဲြ႕စည္းရာတြင္ ျပန္လည္ဖဲြ႕စည္းရမည့္သမဝါယမအသင္းမ်ား၏ ရရန္ပိုင္ခြင့္ႏွင့္ေပးရန္ တာဝန္မ်ားရွင္းလင္းရာတြင္ လြယ္ကူေခ်ာေမာ ထိေရာက္စြာေဆာင္ရြက္ႏိုင္ေစရန္အတြက္ ”သမဝါယမအသင္းမ်ားရရန္ပိုင္ခြင့္နွင့္ ေပးရန္တာဝန္မ်ားကိုရွင္းလင္းေရး လုပ္ငန္း အစီအစဥ္” တို႔ကိုေရးဆဲြေဆာင္ရြက္ခဲ့ပါေၾကာင္း၊ ၁၉၉၂ ခုနွစ္ သမဝါယမအသင္း ဥပေဒပုဒ္မ ၃၇(ခ)အရ ၁၉၇၀ ခုႏွစ္ ျပည္ေထာင္စု ျမန္မာႏိုင္ငံသမဝါယမအသင္းဥပေဒအရတည္ေထာင္ခဲ့ေသာ သမဝါယမ အသင္းမ်ားကို စည္းကမ္းအသစ္မ်ားျဖင့္ ျပန္လည္ဖဲြ႕စည္းရာတြင္ အုပ္ခ်ဳပ္မႈေဒသကိုအေျခမခံဘဲ လုပ္ငန္းအေျခခံျဖင့္ ဖဲြ႕စည္းခဲ့ၿပီး ဗဟိုအဆင့္ဖဲြ႕စည္းေရးေကာ္မရွင္၊ တိုင္းေဒသႀကီး/ျပည္နယ္အဆင့္ ဖဲြ႕စည္းေရးေကာ္မရွင္အဖဲြ႕ခဲြ၊ ၿမိဳ႕နယ္အဆင့္ဖဲြ႕စည္းေရးေကာ္မရွင္အဖဲြ႕ခဲြစေသာ ဖြဲ႕စည္းေရး ေကာ္မရွင္အဆင့္ဆင့္ဖဲြ႕စည္းျပီး လုပ္ငန္းမ်ားေဆာင္ရြက္ၾကျခင္းျဖစ္ပါေၾကာင္း၊ ထိုသို႔ ျပန္လည္ဖဲြ႕စည္းရာတြင္ ၁၉၉၂ ခုႏွစ္ သမဝါယမအသင္း ဥပေဒပုဒ္မ(၃)၊ ပုဒ္မခဲြ(က)တြင္ အသင္းကို မိမိဆႏၵအေလ်ာက္ပါဝင္ လိုသူမ်ားျဖင့္ဖဲြ႕စည္းရန္ဟုေဖၚျပပါရိွရာ ယခင္ အသင္းသားမ်ားမွာ သမဝါယမကိုစိတ္ပါဝင္စားမႈမရိွေတာ့ျခင္း၊ ႏိုင္ငံေတာ္မွပံ့ပိုးကူညီမႈမ်ားရပ္ဆိုင္းသြားျခင္းစေသာ အေၾကာင္းမ်ားေၾကာင့္ စိတ္ပါဝင္စားသူမ်ားသာ အသင္းသားအျဖစ္ဝင္ေရာက္ခဲ့ၾကပါေၾကာင္း၊ ထိုသို႔ျပန္လည္ဖဲြ႕စည္းရာတြင္ ယခင္အမႈေဆာင္ေဟာင္းမ်ားကို တာဝန္မွရပ္စဲျခင္း၊ ရရန္ပိုင္ခြင့္နွင့္ ေပးရန္တာဝန္မ်ားကိုရွင္းလင္းျပီး ျဖစ္ေပၚလာသည့္ အသားတင္ပိုလံွ်ေငြႏွင့္ ပစၥည္းမ်ားကိုေလလြင့္ ေပ်ာက္ဆံုးမႈမရိွေစရန္ ျပန္လည္ဖဲြ႕စည္းေရးရန္ပံုေငြ ( Common Restructuring Funds – CRF) အျဖစ္ သတ္မွတ္၍ ေျမ၊ အေဆာက္အဦ၊ စက္ပစၥည္း၊ ပရိေဘာဂ၊ လုပ္ငန္းသံုးပစၥည္း၊ ေငြေၾကးတို႔ကို စာရင္းျပဳစုျပီး ျပန္လည္ဖဲြ႕စည္းသည့္အသင္းတြင္ အရင္းမေပ်ာက္မတည္ေငြ အျဖစ္လႊဲေျပာင္း ေပးခဲ့ ျခင္းျဖစ္ပါေၾကာင္း၊ ၁၉၉၂ ခုႏွစ္ သမဝါယမအသင္းဥပေဒအရ ျပန္လည္ဖဲြ႕စည္းရာတြင္ ျပန္လည္ဖဲြ႕စည္းေရးအစီအစဥ္ေရးဆဲြေဆာင္ရြက္ျခင္း၊ ရရန္ပိုင္ခြင့္ႏွင့္ ေပးရန္တာဝန္မ်ားရွင္းလင္းေရးလုပ္ငန္း အစီအစဥ္မ်ားအရ ယခင္ သမဝါယမအသင္းမ်ားပိုင္ ရင္းႏီွးပစၥည္းႏွင့္ ေငြေၾကးမ်ားကိုလည္း ျပန္လည္ဖဲြ႕စည္းသည့္သမဝါယမအသင္းသို႔ ” သမဝါယမအသင္းမ်ားျပန္လည္ဖဲြ႕စည္းေရးရန္ပံုေငြ ” ( Common Restructuring Funds – CRF) လႊဲေျပာင္းေပးခဲ့ျပီး ၁၉၉၂ ခုႏွစ္ သမဝါယမအသင္းဥပေဒပုဒ္မ(၁၈) ပုဒ္မခဲြ(ခ)အရ ” လက္ရိွလဲႊေျပာင္းလက္ခံထားေသာအသင္းမ်ားကသာ လုပ္ငန္းေဆာင္ရြက္ရာတြင္ အသံုးျပဳလ်က္ရိွပါေၾကာင္း” ျပန္လည္ ေျဖၾကားခဲ့ပါသည္။ ဆက္စပ္ေမးခြန္းအေနျဖင့္ ျပန္လည္ဖြဲ႕စည္းျခင္းမွာ ညႊန္ၾကားခ်က္အရေဆာင္ရြက္ျခင္ျဖစ္ၿပီး တကယ္ေတာ့ ဥပေဒမရွိပါေၾကာင္း၊ ပစၥည္းပိုင္ဆိုင္မႈအတြက္ တရားမေၾကာင္းႏွင့္သက္ဆိုင္သည့္အမႈတြဲျဖစ္ၿပီး အသင္းသားမ်ားမသိဘဲႏွင့္ လႊဲေျပာင္းလိုက္သည့္ျပႆနာေပၚေပါက္လာပါေၾကာင္း၊ အမိန္႔ႏွင့္လႊဲေျပာင္းထားျခင္းမွာ ဥပေဒအရတည္/မတည္ ဥပေဒအရဆံုးျဖတ္ေပးဖို႔ေတာင္းဆိုပါေၾကာင္းေမးျမန္းရာ ဝန္ႀကီးမွ ယခုေျဖၾကားခ်က္ ကိစၥရပ္မ်ားအားလံုးသည္ ျပင္ပကိစၥ တစ္ခုမွမပါေၾကာင္း၊ သမဝါယမဥပေဒအရထုတ္ျပန္ထားသည့္ ဥပေဒ၊ နည္းဥေဒႏွင့္ ညႊန္ၾကားခ်က္မ်ားကို ဥပေဒပါ အေၾကာင္းအရာ ေဖာ္ျပခ်က္အားလံုးကိုေျဖၾကားျခင္းႏွင့္ ဥပေဒအရေဆာင္ရြက္ သြားသည့္ကိစၥမ်ားျဖစ္ေၾကာင္း ျပန္လည္ ေျဖၾကားခဲ့ပါသည္။
 
(Unicode)
ရန်ကုန်၊ နိုဝင်ဘာလ၊ ၂၉ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၈)တွင် တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က “ စားသုံးသူသမဝါယမအသင်းအဆင့်ဆင့်(တိုင်း၊ မြို့နယ်၊ရပ်/ကျေး) အသင်းများ၏ ပိုင်ဆိုင်ခဲ့သော မရွေ့မပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့်မြေနေရာများ၊ အဆောက်အဦများ၊ စက်ပစ္စည်းများ အစရှိသည်တို့ကို ယခုအချိန်တွင် ဥပဒေကြောင်းအရ မည်သူပိုင်ဆိုင်သည်ကို သိရှိလိုပါကြောင်း ” မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက “ ၁၉၉၂ ခုနှစ်သမဝါယမအသင်းဥပဒေပုဒ်မ(၃၇)တွင် ၁၉၇၀ ခုနှစ် ပြည်ထောင်စုမြန်မာ နိုင်ငံသမဝါယမအသင်းဥပဒေအရ တည်ထောင်ခဲ့သောအသင်းများကို -(က) ဤဥပဒေအရ မှတ်ပုံတင်ထား သော အသင်းများဖြစ်ဘိသကဲ့သို့မှတ်ယူရမည်။ (ခ) သတ်မှတ်သည့်ကာလအတွင်း ဤဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းရမည် ဟု ပြဌာန်းထားရှိပါကြောင်း၊ ၂။ ယင်းပြဌာန်းချက်နှင့်အညီဖွဲ့စည်းပြီး သမဝါယမအသင်းများကို စည်းကမ်းသစ်များဖြင့်ပြန်လည် ဖွဲ့စည်းရေးအတွက် သမဝါယမဦးစီးဌာန၏ (၁၁-၂-၁၉၉၃)ရက်စွဲပါ ” ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ ဥပဒေအမှတ်(၉/၉၂)ဖြင့် ထုတ်ပြန်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ သမဝါယမအသင်းဥပဒေအရ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်းအစီအစဉ်” နှင့် (၅-၄-၁၉၉၄) ရက်စွဲပါ သမဝါယမအသင်းဟောင်းများကိုပြန်လည်ဖွဲ့စည်းရာတွင် ပြန်လည်ဖွဲ့စည်းရမည့်သမဝါယမအသင်းများ၏ ရရန်ပိုင်ခွင့်နှင့်ပေးရန် တာဝန်များရှင်းလင်းရာတွင် လွယ်ကူချောမော ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် ”သမဝါယမအသင်းများရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုရှင်းလင်းရေး လုပ်ငန်း အစီအစဉ်” တို့ကိုရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေပုဒ်မ ၃၇(ခ)အရ ၁၉၇၀ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသမဝါယမအသင်းဥပဒေအရတည်ထောင်ခဲ့သော သမဝါယမ အသင်းများကို စည်းကမ်းအသစ်များဖြင့် ပြန်လည်ဖွဲ့စည်းရာတွင် အုပ်ချုပ်မှုဒေသကိုအခြေမခံဘဲ လုပ်ငန်းအခြေခံဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုအဆင့်ဖွဲ့စည်းရေးကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဖွဲ့စည်းရေးကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မရှင်အဖွဲ့ခွဲစသော ဖွဲ့စည်းရေး ကော်မရှင်အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ပြန်လည်ဖွဲ့စည်းရာတွင် ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေပုဒ်မ(၃)၊ ပုဒ်မခွဲ(က)တွင် အသင်းကို မိမိဆန္ဒအလျောက်ပါဝင် လိုသူများဖြင့်ဖွဲ့စည်းရန်ဟုဖေါ်ပြပါရှိရာ ယခင် အသင်းသားများမှာ သမဝါယမကိုစိတ်ပါဝင်စားမှုမရှိတော့ခြင်း၊ နိုင်ငံတော်မှပံ့ပိုးကူညီမှုများရပ်ဆိုင်းသွားခြင်းစသော အကြောင်းများကြောင့် စိတ်ပါဝင်စားသူများသာ အသင်းသားအဖြစ်ဝင်ရောက်ခဲ့ကြပါကြောင်း၊ ထိုသို့ပြန်လည်ဖွဲ့စည်းရာတွင် ယခင်အမှုဆောင်ဟောင်းများကို တာဝန်မှရပ်စဲခြင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုရှင်းလင်းပြီး ဖြစ်ပေါ်လာသည့် အသားတင်ပိုလျှံငွေနှင့် ပစ္စည်းများကိုလေလွင့် ပျောက်ဆုံးမှုမရှိစေရန် ပြန်လည်ဖွဲ့စည်းရေးရန်ပုံငွေ ( Common Restructuring Funds – CRF) အဖြစ် သတ်မှတ်၍ မြေ၊ အဆောက်အဦ၊ စက်ပစ္စည်း၊ ပရိဘောဂ၊ လုပ်ငန်းသုံးပစ္စည်း၊ ငွေကြေးတို့ကို စာရင်းပြုစုပြီး ပြန်လည်ဖွဲ့စည်းသည့်အသင်းတွင် အရင်းမပျောက်မတည်ငွေ အဖြစ်လွှဲပြောင်း ပေးခဲ့ ခြင်းဖြစ်ပါကြောင်း၊ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ပြန်လည်ဖွဲ့စည်းရာတွင် ပြန်လည်ဖွဲ့စည်းရေးအစီအစဉ်ရေးဆွဲဆောင်ရွက်ခြင်း၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များရှင်းလင်းရေးလုပ်ငန်း အစီအစဉ်များအရ ယခင် သမဝါယမအသင်းများပိုင် ရင်းနှီးပစ္စည်းနှင့် ငွေကြေးများကိုလည်း ပြန်လည်ဖွဲ့စည်းသည့်သမဝါယမအသင်းသို့ ” သမဝါယမအသင်းများပြန်လည်ဖွဲ့စည်းရေးရန်ပုံငွေ ” ( Common Restructuring Funds – CRF) လွှဲပြောင်းပေးခဲ့ပြီး ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေပုဒ်မ(၁၈) ပုဒ်မခွဲ(ခ)အရ ” လက်ရှိလွှဲပြောင်းလက်ခံထားသောအသင်းများကသာ လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုလျက်ရှိပါကြောင်း” ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်းအနေဖြင့် ပြန်လည်ဖွဲ့စည်းခြင်းမှာ ညွှန်ကြားချက်အရဆောင်ရွက်ခြင်ဖြစ်ပြီး တကယ်တော့ ဥပဒေမရှိပါကြောင်း၊ ပစ္စည်းပိုင်ဆိုင်မှုအတွက် တရားမကြောင်းနှင့်သက်ဆိုင်သည့်အမှုတွဲဖြစ်ပြီး အသင်းသားများမသိဘဲနှင့် လွှဲပြောင်းလိုက်သည့်ပြဿနာပေါ်ပေါက်လာပါကြောင်း၊ အမိန့်နှင့်လွှဲပြောင်းထားခြင်းမှာ ဥပဒေအရတည်/မတည် ဥပဒေအရဆုံးဖြတ်ပေးဖို့တောင်းဆိုပါကြောင်းမေးမြန်းရာ ဝန်ကြီးမှ ယခုဖြေကြားချက် ကိစ္စရပ်များအားလုံးသည် ပြင်ပကိစ္စ တစ်ခုမှမပါကြောင်း၊ သမဝါယမဥပဒေအရထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥဒေနှင့် ညွှန်ကြားချက်များကို ဥပဒေပါ အကြောင်းအရာ ဖော်ပြချက်အားလုံးကိုဖြေကြားခြင်းနှင့် ဥပဒေအရဆောင်ရွက် သွားသည့်ကိစ္စများဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

About ygneditor11

Check Also

ေမးခြန္း(၁) သာေကတၿမိဳ႕နယ္ ရပ္ကြက္အတြင္းရိွ သမဝါယမ အသင္းပိုင္ပစၥည္း၏ စာရင္းဇယားမ်ားကို မည္ကဲ့သို႔ စီမံခန္႔ခဲြ ေဆာင္ရြက္ ထားသည္ကို ပြင့္လင္းျမင္သာမႈရိွစြာခ်ျပရန္ အစီအစဥ္ရိွ/မရိွႏွင့္ မည္ကဲ့သို ႔ေဆာင္ရြက္လ်က္ရိွသည္ကို သိရိွလိုပါ ေၾကာင္း၊ ေမးခြန္း(၂) အခ်ိဳ႕ရပ္ကြက္ မ်ားတြင္ျဖစ္ပြားလ်က္ရိွေသာ အမႈေဆာင္ဥကၠ႒မွစ၍ အသင္းသားမ်ားသည္ အသင္း စည္းမ်ဉ္းစည္းကမ္းႏွင့္ ကိုက္ညီမႈမရိွေသာ အသင္းသားမ်ားကို မည္သို႔ေသာျပစ္ဒဏ္မ်ားျဖင့္ အေရးယူေဆာင္ရြက္ျခင္း ရိွ/မရိွ ေမးျမန္း

ရန္ကုန္၊ ႏိုဝင္ဘာလ၊ ၂၉ ရက္၊ ၂၀၁၈ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၈)တြင္ သာေကတၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္ထားႏြယ္ဝင္းက “ …

Leave a Reply

Your email address will not be published. Required fields are marked *