(unicode)
ရန်ကုန်၊ အောက်တိုဘာလ၊ ၄ ရက်၊ ၂၀၁၈
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေး တွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။