Wednesday , February 19 2020
Breaking News
(zawgyi version)
…………………………………………………………………………………….
လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ကျောက်တန်းမြို့နယ်ရှိ ပြည်သူလူထုနှင့်တွေ့ဆုံ
ရန်ကုန် ၊ အောက်တိုဘာ ၁ ၊ ၂၀၁၇
၃၀.၉.၂၀၁၇ ရက်နေ့ နံနက် ၉:ဝဝ နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ၊ သာသနာ့ဗိမာန်၌ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။ ပြည်သူလူထုမှ မိမိတို့ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ကျောက်တန်းမြို့နယ် ကိုယ်စားလှယ်များမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကျောက်တန်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်(ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်-၁)နှင့် ဒေါ်သက်သက်မူ(ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂)တို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲသို့ ဆက်လက်ထွက်ခွာပြီး တံတားမြို့နယ်ခွဲရှိ သုံးလောကထွဋ်ခေါင်မာရ်အောင်ရတနာ ဘုရားကြီး၌ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ပါသည်။ ပြည်သူလူထုများ၏ လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ကျောက်တန်းမြို့န ယ် ကိုယ်စားလှယ်များမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲသို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်(ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်-၁)နှင့် ဒေါ်သက် သက်မူ(ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၂)တို့ တက်ရောက်ခဲ့သည်။
(unicode)
About Ygn Editor
Check Also
ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀)ကျင်းပရန် ခေါ်ယူ
ရန်ကုန် ၊ ဖေဖော်ဝါရီ လ ၁၄ ရက် ၊ ၂၀၂၀ ပြည့်နှစ်
Leave a Reply
Your email address will not be published.