Tuesday , March 26 2019
Breaking News
Home / အဆိုများ / မင်္ဂလာတောင်ညွန့်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးလှဌေးမှ အဆိုတင်သွင်း

မင်္ဂလာတောင်ညွန့်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးလှဌေးမှ အဆိုတင်သွင်း

———————————————–


(zawgyi version)

——————————————————————-

မင်္ဂလာတောင်ညွန့်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁)၊ ဦးလှဌေးမှ “ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထားကြပြီး ယနေ့အထိ လုပ်ငန်းလုပ်ကိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံပိုင် အဆောက်အဦနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရသို့ တိုက်တွန်းကြောင်းအဆိုတင်သွင်း ”

ရန်ကုန် အောက်တိုဘာလ ၃ ရက် ၂၀၁၇

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး န၀မနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၊မဲဆန္ဒနယ် အမှတ်(၁)၊  ဦးလှဌေး၏ ‘‘ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များအား နည်းလမ်း အမျိုးမျိုးဖြင့် ရယူထားကြပြီး ယနေ့အထိ လုပ်ငန်းလုပ်ကိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှု မရှိသည့် နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်းအဆို”ကို တင်သွင်းရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်( ၁ ) ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ထောက်ခံခဲ့ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူပါကြောင်း တင်ပြပြီးနောက် အဆိုကို လွှတ်တော် တွင် ဆက်လက်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ ကန့်ကွက်မည့်သူ မရှိသောကြောင့် ဆက်လက် ဆွေးနွေးသင့်သော အဆိုအဖြစ် လွှတ်တော်မှဆုံးဖြတ်ခဲ့ပါသည်။ အဆိုကို အောက်တိုဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေနှင့် ယနေ့ အစည်းအဝေး ပြီးဆုံးချိန်တွင် အမည်စာရင်းပေးသွင်းရန် ကြေညာ ခဲ့ပါသည်။

(Unicode)

About MyGate Way

Check Also

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်း(လျာထားချက်) နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ရန်ကုန်၊ မတ်လ၊ ၁ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းခဲ့သော …

Leave a Reply

Your email address will not be published. Required fields are marked *