ရန္ကုန္၊စက္တင္ဘာလ၊၁၁ရက္၊၂၀၁၇
ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ ပဥၥမပံုမွန္အစည္းအေဝး စတုတၱေန႕တြင္ ျပည္သူ႕ေငြစာရင္းေကာ္မတီ (ကိုယ္စား) ေတာင္ဥကၠလာပၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ျပည္သူ႕ေငြစာရင္းေကာ္မတီဝင္ ဦးမိုးျမင့္က ‘‘ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ ဌာနဆိုင္ရာအသီးသီးမွ ႏွစ္စဥ္ဘ႑ာေရးႏွစ္အလိုက္ ေဆာင္ရြက္လ်က္ရိွသည့္ စီမံကိန္း၊ စီမံခ်က္ပါ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္ေသာ လုပ္ငန္းတစ္ခုခ်င္း အေသးစိတ္တြက္ခ်က္မႈစာရင္း (Detailed Estimate) ႏွင့္ (Drawing)မ်ားကို ဘ႑ာေငြလ်ာထားခ်က္ တင္သြင္းျခင္းႏွင့္အတူ ျပည္သူ႕ေငြစာရင္းေကာ္မတီသို႕ အခ်ိန္မီေပးပို႕ႏုိင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရဖြဲ႕က သက္ဆိုင္ရာဌာနအသီးသီးသို႕ ညႊန္ၾကားတိုက္တြန္း ေပးရန္ အဆို”ကိုတင္သြင္းရာ စမ္းေခ်ာင္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မ်ိဳးက ေထာက္ခံခဲ့ၿပီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းမွ ‘‘ လုပ္ငန္းစီမံကိန္းတစ္ခုခ်င္းအလိုက္ အေသးစိတ္တြက္ခ်က္ရရိွႏိုင္မႈ detailed estimate, detailed calculation, detailed amount မ်ားကို ရရိွရန္မွာ အင္မတန္ခက္ခဲၿပီး လ်ာထားခ်က္မ်ားႏွင့္ တြက္ခ်က္မႈမ်ားသည္ သက္ဆိုင္ရာဌာနအလိုက္ တြက္ခ်က္မႈမ်ားသာျဖစ္ေၾကာင္း၊ ႀကီးၾကပ္မႈမွာ ရန္ကုန္တိုင္းေဒသႀကီးစီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ တာဝန္ျဖစ္ေၾကာင္း၊ အဆိုပါအခ်က္ကို ေဆြးေႏြးသည့္အခါ ထည့္သြင္းေဆြးေႏြးသင့္ေၾကာင္း ေဆြးေႏြးခဲ့ပါသည္။ ထို႕ေနာက္ အဆိုကို လႊတ္ေတာ္တြင္ ဆက္လက္ေဆြးေႏြး သင့္/မသင့္ လႊတ္ေတာ္အဆံုးအျဖတ္ခံယူရာ ကန္႕ကြက္မည့္သူမရွိေသာေၾကာင့္ ဆက္လက္ေဆြးေႏြးသင့္ေသာ အဆိုအျဖစ္ လႊတ္ေတာ္မွ ဆံုးျဖတ္ခဲ့ပါသည္။အဆိုကို စက္တင္ဘာလ ၁၉ ရက္ အဂၤါေန႕တြင္ က်င္းပမည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြးသြားမည္ျဖစ္ၿပီး ေဆြးေႏြးလိုေသာ ကိုယ္စားလွယ္မ်ားအေနႏွင့္ ယေန႕အစည္းအေဝးၿပီးဆံုးခ်ိန္တြင္ အမည္စာရင္းေပးသြင္းရန္ ေၾကညာခဲ့ပါသည္။
(unicode)
ရန်ကုန်၊စက်တင်ဘာလ၊၁၁ရက်၊၂၀၁၇
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် ပြည်သူ့ငွေစာရင်းကော်မတီ (ကိုယ်စား) တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်သူ့ငွေစာရင်းကော်မတီဝင် ဦးမိုးမြင့်က ‘‘ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၊ စီမံချက်ပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းတစ်ခုချင်း အသေးစိတ်တွက်ချက်မှုစာရင်း (Detailed Estimate) နှင့် (Drawing)များကို ဘဏ္ဍာငွေလျာထားချက် တင်သွင်းခြင်းနှင့်အတူ ပြည်သူ့ငွေစာရင်းကော်မတီသို့ အချိန်မီပေးပို့နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့က သက်ဆိုင်ရာဌာနအသီးသီးသို့ ညွှန်ကြားတိုက်တွန်း ပေးရန် အဆို”ကိုတင်သွင်းရာ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက ထောက်ခံခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းမှ ‘‘ လုပ်ငန်းစီမံကိန်းတစ်ခုချင်းအလိုက် အသေးစိတ်တွက်ချက်ရရှိနိုင်မှု detailed estimate, detailed calculation, detailed amount များကို ရရှိရန်မှာ အင်မတန်ခက်ခဲပြီး လျာထားချက်များနှင့် တွက်ချက်မှုများသည် သက်ဆိုင်ရာဌာနအလိုက် တွက်ချက်မှုများသာဖြစ်ကြောင်း၊ ကြီးကြပ်မှုမှာ ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ကြောင်း၊ အဆိုပါအချက်ကို ဆွေးနွေးသည့်အခါ ထည့်သွင်းဆွေးနွေးသင့်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဆိုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေး သင့်/မသင့် လွှတ်တော်အဆုံးအဖြတ်ခံယူရာ ကန့်ကွက်မည့်သူမရှိသောကြောင့် ဆက်လက်ဆွေးနွေးသင့်သော အဆိုအဖြစ် လွှတ်တော်မှ ဆုံးဖြတ်ခဲ့ပါသည်။အဆိုကို စက်တင်ဘာလ ၁၉ ရက် အင်္ဂါနေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးလိုသော ကိုယ်စားလှယ်များအနေနှင့် ယနေ့အစည်းအဝေးပြီးဆုံးချိန်တွင် အမည်စာရင်းပေးသွင်းရန် ကြေညာခဲ့ပါသည်။
M.E.C Mon Electricien Catalan
44 Rue Henry de Turenne
66100 Perpignan
0651212596
Electricien Perpignan
I blog frequently and I truly thank you for your
information. The article has truly peaked my interest.
I will book mark your site and keep checking for new details about once a week.
I subscribed to your RSS feed too.