Saturday , July 20 2019
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ခရီးစဉ်များ / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ




(unicode)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ
ရန်ကုန်၊ စက်တင်ဘာ ၇ ရက်၊ ၂၀၁၇
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ 2017 World Canal Cities Forum တက်ရောက်ရန် ယနေ့ မနက် ၈၀၀ နာရီ ၃၀ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်တို့လည်း လိုက်ပါသွားကြသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အဖွဲ့အား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာ၀န်ရှိသူများ၊ လွှတ်တော်ရုံးမှ တာ၀န်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြပါသည်။

About Ygn Editor

Check Also

ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်းရေးရာနှင့်အဖွဲ့အစည်း ရေးရာကော်မတီ၊ ဒုတိယအကြီးအကဲ၊ အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ၊ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ ရေးရာကော်မရှင် အကြီးအကဲဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ရန်ကုန် ၊ ဇွန်လ ၂၇ ရက် ၊ ၂၀၁၉   ၂၇.၆.၂၀၁၉ ရက် နေ့လယ်(၂း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဥက္ကဋ္ဌရုံးခန်း၌ …

Leave a Reply

Your email address will not be published. Required fields are marked *