Saturday , July 20 2019
Breaking News
Home / အစီရင္ခံစာမ်ား / “ရန္ကုန္တိုင္းေဒသျကီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခေငြစာရင္းျဖည့္စြက္ ရန္ပံုေငြ(လ်ာထားခ်က္)နွင့္စပ္လ်ဥ္း၍ ျပည္သူ့ေငြစာရင္းေကာ္မတီ၏ ေဆာင္ရြက္ခဲ့မႈမ်ားအား ေကာ္မတီအတြင္းေရးမွဴးမွ ဖတ္ၾကား”

“ရန္ကုန္တိုင္းေဒသျကီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခေငြစာရင္းျဖည့္စြက္ ရန္ပံုေငြ(လ်ာထားခ်က္)နွင့္စပ္လ်ဥ္း၍ ျပည္သူ့ေငြစာရင္းေကာ္မတီ၏ ေဆာင္ရြက္ခဲ့မႈမ်ားအား ေကာ္မတီအတြင္းေရးမွဴးမွ ဖတ္ၾကား”

ရန္ကုန္၊ စက္တင္ဘာလ၊ ၅ ရက္ ၊ ၂၀၁၇

ရန္ကုန္တိုင္းေဒသျကီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခေငြစာရင္းျဖည့္စြက္ ရန္ပံုေငြ(လ်ာထားခ်က္)နွင့္စပ္လ်ဥ္း၍ ျပည္သူ႕ေငြစာရင္းေကာ္မတီ၏ ေဆာင္ရြက္ခဲ့မႈမ်ားအား ေကာ္မတီအတြင္းေရးမွဴး ေဒၚသက္ထားႏြယ္ဝင္းမွ ေအာက္ပါအတုိင္းဖတ္ၾကားခဲ့ပါသည္။
၁။ ရန္ကုန္တိုင္းေဒသျကီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခေငြစာရင္းျဖည့္စြက္ရန္ပံုေငြ (လ်ာထားခ်က္)နွင့္စပ္လ်ဥ္း၍ ေဆာင္ရြက္
ခဲ့သည္မ်ားကို ေကာ္မတီကိုယ္စား အစီရင္ခံတင္ျပသြားမည္ ျဖစ္ပါသည္။
၂။ (၁၈.၈.၂ဝ၁၇)ရက္ေန့တြင္ ရန္ကုန္တိုင္းေဒသျကီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခ ေငြစာရင္းျဖည့္စြက္ရန္ပံုေငြ (လ်ာထားခ်က္)နွင့္ပတ္သက္၍ စီမံကိန္းနွင့္ ဘ႑ာေရးဝန္ျကီးမွ တိုင္းေဒသျကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအားလံုးကို ဖိတ္ျကား၍ ခ်ျပရွင္းလင္းခဲ့ရာတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားက အျပန္အလွန္ ညိွနိႈင္း ေဆြးေနြးခဲ့ပါသည္။ အဆိုပါအစည္းအေဝးအျပီးတြင္ စီမံကိန္းနွင့္ ဘ႑ာေရး ဝန္ျကီး၊ ရသံုးမွန္းေျခ ေငြစာရင္းဦးစီးဌာနနွင့္ ျပည္သူ့ေငြစာရင္းေကာ္မတီတို့ ညိွနိႈင္းေဆြးေနြးခ်က္အရ ျဖည့္စြက္ရန္ပံုေငြ ေတာင္းခံ ထားသည့္ ဌာနမ်ားကို ျပည္သူ့ေငြစာရင္းေကာ္မတီက ေတြ့ဆံုေဆြးေနြးျပီး ဘ႑ာေရး တြက္ခ်က္မႈမ်ားကို စိစစ္ညိွနိႈင္းရန္အတြက္ ရသံုးမွန္းေျခေငြစာရင္းဦးစီးဌာနမွ စီစဥ္ေဆာင္ရြက္ေပးခဲ့ပါသည္။ အဆိုပါစီစဥ္ ေပးခ်က္အရ ျပည္သူ့ေငြစာရင္းေကာ္မတီမွ (၁၈.၈.၂ဝ၁၇) ရက္ေန့မွ (၂၉.၈.၂ဝ၁၇)ရက္ေန့အထိ ျဖည့္စြက္ရန္ပံုေငြေတာင္းခံထားေသာ ဌာနမ်ားမွ တာဝန္ရိွ သူမ်ားနွင့္ေတြ့ဆံုေမးျမန္းညိွနိႈင္းေဆာင္ရြက္ခဲ့ပါသည္။ ထိုသို့ ေဆြးေနြးရာတြင္ တင္ျပထားေသာ လုပ္ငန္းစီမံကိန္းမ်ားကို ျဖတ္ေတာက္ျခင္းမျပုဘဲ တင္ျပလာေသာ တြက္ခ်က္မႈမ်ား နွင့္ စံနႈန္းမ်ားကို စိစစ္ခဲ့ပါသည္။
၃။ ျဖည့္စြက္ရန္ပံုေငြ လုပ္ထံုး/လုပ္နည္းမ်ားအရ ေဆာင္ရြက္ဆဲစီမံကိန္းမ်ားအတြက္ ျဖည့္စြက္ရန္ပံုေငြ ကိုသာေတာင္းခံရမည္ျဖစ္ျပီး စီမံကိန္းအသစ္မ်ားကို မူလလ်ာထားခ်က္ ျန တြင္ တင္ျပသင့္ေျကာင္း ဌာနမ်ားနွင့္ ညိွနိႈင္းေဆြးေနြးခဲ့ပါသည္။ သို့ရာတြင္ တင္ျပရာထားေသာ လုပ္ငန္း စီမံကိန္းမ်ားအနက္ အေရးေပၚ ေဆာင္ရြက္ရမည့္လုပ္ငန္းမ်ားနွင့္ မျဖစ္မေန ေဆာင္ရြက္ရမည့္ စီမံကိန္းမ်ားအတြက္ ရရိွ သံုးစဲြနိုင္ရန္ ညိွနိႈင္းေဆာင္ရြက္ခဲ့ပါသည္။ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ျဖည့္စြက္ရန္ပံုေငြအား ေတာင္းခံေသာဌာနဆိုင္ရာမ်ားနွင့္ ညိွနိႈင္းစိစစ္ခ်က္အရ တင္ျပခ်က္ ရန္ပံုေငြ ၁၃၉၅၁၁.၉၂၆ က်ပ္သန္းတြင္ ညိွနိႈင္းစိစစ္ခ်က္အရ ၁၄၂၆.၁ဝ၁ က်ပ္သန္း စိစစ္ေလ်ာ့ခ်ခဲ့ျပီး ၁၃၈၁၈၅.၈၂၅ က်ပ္သန္းခြင့္ျပုခဲ့ပါသည္။ စိစစ္ေလ်ာ့ခ်ေငြ ၁၄၂၆.၁ဝ၁ က်ပ္သန္းအား စီမံကိန္းနွင့္ဘ႑ာေရးဝန္ျကီးဌာနအေနျဖင့္ တိုင္းေဒသျကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ ညိွနိႈင္း၍ အျခားအေရးတျကီးလိုအပ္ေသာ လုပ္ငန္းမ်ားတြင္ ျဖည့္စြက္သံုးစဲြနိုင္ေအာင္ ေဆာင္ရြက္နိုင္ခဲ့ပါသည္။
၄။ ျပည္သူ့ေငြစာရင္းေကာ္မတီအေနျဖင့္ ျပည္သူ့လူထု၏လိုအပ္ခ်က္မ်ားကို ျဖည့္စည္းနိုင္ရန္ လ်ာထား ဘ႑ာေငြမ်ားကို ထိထိေရာက္ေရာက္သံုးစဲြနိုင္ေရးအတြက္ တိုင္းေဒသျကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ ဌာနဆိုင္ရာမ်ားအျကားညိွနိႈင္း၍ နိုင္ငံေတာ္ဘ႑ာေငြ ေလလြင့္ဆံုးရံႈးမႈမရိွေစေရးအတြက္ အေကာင္ အထည္ေဖာ္မည့္ ဌာနဆိုင္ရာမ်ားနွင့္ ညိွနိႈင္းေဆာင္ရြက္ေပးျခင္းသာ ျဖစ္ပါသည္။
၅။ ယခု ၂ဝ၁၇-၂ဝ၁၈ခု၊ ဘ႑ာေရးနွစ္ ရသံုးမွန္းေျခ ေငြစာရင္းျဖည့္စြက္ရန္ပံုေငြ (လ်ာထားခ်က္)၏ စီမံကိန္းလုပ္ငန္းမ်ားစာရင္းကို (၁)ပတ္ခန့္သာျကိုတင္ရရိွေသာ္လည္း ျပည္သူ့ေငြစာရင္းေကာ္မတီအေန ျဖင့္ စီမံကိန္းနွင့္ဘ႑ာေရးဝန္ျကီးဌာနနွင့္ ရသံုးမွန္းေျခေငြစာရင္းဌာနတို့၏ စီစဥ္ေဆာင္ရြက္ေပးခ်က္ အရ ဘ႑ာေငြတြက္ခ်က္မႈမ်ားကို အတိုင္းအတာတစ္ခုအထိ ညိွနိႈင္းစိစစ္ေလ်ာ့ခ်နိုင္ခဲ့ျပီး ယင္းေငြမ်ားကို တိုင္းေဒသျကီးအတြင္း လိုအပ္ေသာစီမံကိန္းမ်ား ေဆာင္ရြက္နိုင္ေရးအတြက္ သက္ဆိုင္ရာတိုင္းေဒသျကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားနွင့္ညိွနိႈင္း၍ စီမံကိန္းနွင့္ဘ႑ာေရးဝန္ျကီးက ျပန္လည္ခ်ထားေပးနိုင္ခဲ့ျခင္း ျဖစ္ပါသည္။ သို့ျဖစ္ရာ ဘ႑ာေငြမ်ား ထိေရာက္မွန္ကန္စြာသံုးစဲြနိုင္ေရးအတြက္ ျပည္သူ့ေငြစာရင္း ေကာ္မတီ၏ လုပ္ေဆာင္နိုင္ခြင့္အတြက္ ပူးေပါင္းကူညီေဆာင္ရြက္ေပးခဲ့ေသာ စီမံကိန္းနွင့္ဘ႑ာေရးဝန္ျကီး၊ ရသံုးမွန္းေျခေငြစာရင္းဌာနနွင့္ သက္ဆိုင္ရာအစိုးရဌာနအသီးသီးတို့ကို ေက်းဇူးတင္ရိွပါေျကာင္း ေကာ္မတီက မွတ္တမ္းတင္အပ္ပါသည္။

ျပည္သူ့ေငြစာရင္းေကာ္မတီ

(unicode)

ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဖြည့်စွက် ရန်ပုံငွေ(လျာထားချက်)နှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ဆောင်ရွက်ခဲ့မှုများအား တင်ပြခြင်း
———————————————–
၁။ ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဖြည့်စွက်ရန်ပုံငွေ (လျာထားချက်)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည်များကို ကော်မတီကိုယ်စား အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။
၂။ (၁၈.၈.၂ဝ၁၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းဖြည့်စွက်ရန်ပုံငွေ (လျာထားချက်)နှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ဖိတ်ကြား၍ ချပြရှင်းလင်းခဲ့ရာတွင် လွှတ်တော်ကိုယ်စားလှယ် များက အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးအပြီးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့ ညှိနှိုင်းဆွေးနွေးချက်အရ ဖြည့်စွက်ရန်ပုံငွေ တောင်းခံ ထားသည့် ဌာနများကို ပြည်သူ့ငွေစာရင်းကော်မတီက တွေ့ဆုံဆွေးနွေးပြီး ဘဏ္ဍာရေး တွက်ချက်မှုများကို စိစစ်ညှိနှိုင်းရန်အတွက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါစီစဉ် ပေးချက်အရ ပြည်သူ့ငွေစာရင်းကော်မတီမှ (၁၈.၈.၂ဝ၁၇) ရက်နေ့မှ (၂၉.၈.၂ဝ၁၇)ရက်နေ့အထိ ဖြည့်စွက်ရန်ပုံငွေတောင်းခံထားသော ဌာနများမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံမေးမြန်းညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် တင်ပြထားသော လုပ်ငန်းစီမံကိန်းများကို ဖြတ်တောက်ခြင်းမပြုဘဲ တင်ပြလာသော တွက်ချက်မှုများ နှင့် စံနှုန်းများကို စိစစ်ခဲ့ပါသည်။
၃။ ဖြည့်စွက်ရန်ပုံငွေ လုပ်ထုံး/လုပ်နည်းများအရ ဆောင်ရွက်ဆဲစီမံကိန်းများအတွက် ဖြည့်စွက်ရန်ပုံငွေ ကိုသာတောင်းခံရမည်ဖြစ်ပြီး စီမံကိန်းအသစ်များကို မူလလျာထားချက် နြ တွင် တင်ပြသင့်ကြောင်း ဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ သို့ရာတွင် တင်ပြရာထားသော လုပ်ငန်း စီမံကိန်းများအနက် အရေးပေါ် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းများအတွက် ရရှိ သုံးစွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေအား တောင်းခံသောဌာနဆိုင်ရာများနှင့် ညှိနှိုင်းစိစစ်ချက်အရ တင်ပြချက် ရန်ပုံငွေ ၁၃၉၅၁၁.၉၂၆ ကျပ်သန်းတွင် ညှိနှိုင်းစိစစ်ချက်အရ ၁၄၂၆.၁ဝ၁ ကျပ်သန်း စိစစ်လျော့ချခဲ့ပြီး ၁၃၈၁၈၅.၈၂၅ ကျပ်သန်းခွင့်ပြုခဲ့ပါသည်။ စိစစ်လျော့ချငွေ ၁၄၂၆.၁ဝ၁ ကျပ်သန်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ အခြားအရေးတကြီးလိုအပ်သော လုပ်ငန်းများတွင် ဖြည့်စွက်သုံးစွဲနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။
၄။ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ပြည်သူ့လူထု၏လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရန် လျာထား ဘဏ္ဍာငွေများကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများအကြားညှိနှိုင်း၍ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အကောင် အထည်ဖော်မည့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါသည်။
၅။ ယခု ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းဖြည့်စွက်ရန်ပုံငွေ (လျာထားချက်)၏ စီမံကိန်းလုပ်ငန်းများစာရင်းကို (၁)ပတ်ခန့်သာကြိုတင်ရရှိသော်လည်း ပြည်သူ့ငွေစာရင်းကော်မတီအနေ ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဌာနတို့၏ စီစဉ်ဆောင်ရွက်ပေးချက် အရ ဘဏ္ဍာငွေတွက်ချက်မှုများကို အတိုင်းအတာတစ်ခုအထိ ညှိနှိုင်းစိစစ်လျော့ချနိုင်ခဲ့ပြီး ယင်းငွေများကို တိုင်းဒေသကြီးအတွင်း လိုအပ်သောစီမံကိန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်ညှိနှိုင်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ချထားပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ဘဏ္ဍာငွေများ ထိရောက်မှန်ကန်စွာသုံးစွဲနိုင်ရေးအတွက် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လုပ်ဆောင်နိုင်ခွင့်အတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ရသုံးမှန်းခြေငွေစာရင်းဌာနနှင့် သက်ဆိုင်ရာအစိုးရဌာနအသီးသီးတို့ကို ကျေးဇူးတင်ရှိပါကြောင်း ကော်မတီက မှတ်တမ်းတင်အပ်ပါသည်။ပြည်သူ့ငွေစာရင်းကော်မတီ

About Ygn Editor

Check Also

ရန္ကုန္တိုင္းေဒသႀကီး၏ ၂၀၁၈-၂၀၁၉ ခု၊ ဘ႑ာေရးႏွစ္ ျပဳျပင္ျပီးခန္႕မွန္းေျခ ေငြစာရင္းႏွင့္ ေနာက္ထပ္ဘ႑ာေငြ ခဲြေဝသံုးစဲြေရး ဥပေဒၾကမ္း နွင့္စပ္လ်ဉ္း၍ ေကာ္မတီမ်ားမွ ေလ့လာေတြ႕ရိွခ်က္နွင့္ သေဘာထားမွတ္ခ်က္ အစီရင္ခံစာကို ေကာ္မတီမ်ားမွ လႊတ္ေတာ္သို႕ဖတ္ၾကားတင္ျပျခင္း

ရန္ကုန္၊ ဇြန္လ၊ ၂၄ ရက္၊ ၂၀၁၉ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္ နဝမပံုမွန္အစည္းအေဝး စတုတၳေန႕တြင္ ရန္ကုန္တိုင္းေဒသႀကီး၏ ၂၀၁၈-၂၀၁၉ ခု၊ ဘ႑ာေရးႏွစ္ ျပဳျပင္ျပီးခန္႕မွန္းေျခ ေငြစာရင္းႏွင့္ …

Leave a Reply

Your email address will not be published. Required fields are marked *