Saturday , July 20 2019
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း ၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄ ရက် ( ၂ဝ၁၇ ခုနှစ်၊ မေလ ၁၅ ရက် ) (ဗုဒ္ဓဟူးနေ့)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း ၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၄ ရက် ( ၂ဝ၁၇ ခုနှစ်၊ မေလ ၁၅ ရက် ) (ဗုဒ္ဓဟူးနေ့)

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝဝဝ

အခမ်းအနားမှူး ။         ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၁၅)ရက်မြောက်နေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင်ြွကရောက်နေရာယူပါသည်။ ]

ဥက္ကဋ္ဌ ။            ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။            ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း                                                                   ကြေညာခြင်း

အချိန်။ ၁ဝဝ၃

ဥက္ကဋ္ဌ ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့  ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၇)ဦး တက်ရောက် ပါတယ်။ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၅.၁၂)ရာခိုင်နှုန်း ဖြစ်ပြီးတက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေးအထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံ ကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်                                  မြောက်နေ့အစည်းအဝေးအစီအစဉ် ကြေညာခြင်း

အချိန်။ ၁ဝဝ၎

ဥက္ကဋ္ဌ ။        ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ (၁၅)ရက်မြောက်နေ့အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြန့်ေ0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်။ ၁ဝဝ၅

ဥက္ကဋ္ဌ ။          ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း ဖြစ်ပါတယ်။ ယနေ့လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ယခုခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဒေါ်သစ်သစ်မြင့်၊ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီ။   ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်သစ်သစ်မြင့်ဖြစ်ပါတယ်ရှင်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို မတက် ရောက်နိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးကိုယ်စား ခွင့်ပန်ကြားခွင့်ပြုပါရှင်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျန်းမာရေးမကောင်းပါသဖြင့် ၁၇.၅.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်သည် ကိုယ်တိုင်ဆောင်ရွက်ရန် ရှိပါသဖြင့် ၁၇.၅.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊  ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်သည် ကိုယ်တိုင် ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၁၇.၅.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊  ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ကိုယ်တိုင် ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၁၇.၅.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊ ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏                                               အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ ။                   ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့၏ ခွင့်ပန် ကြားချက်များကို ခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို တက်ရောက် ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့အစည်းအဝေးတက်ရောက်သူ (၁၁၇)ဦး၊ ယမန်နေ့ကခွင့်ပန်ကြားသူ (၂)ဦး၊ ယနေ့ခွင့်ပြန်ကြားသူ (၄)ဦး စုစုပေါင်း (၆)ဦးကို လွှတ်တော်က ခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၂)အရ ယခုလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေ တင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ လွှတ်တော်က အတည်ပြုတဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ကြယ်ပွင့်ပြထားသောမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့်                         တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ

အချိန်။ ၁ဝဝ၅

ဥက္ကဋ္ဌ ။         ။ အစီအစဉ်(၇)၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းအစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

ဒလမြို့နယ်၊ ခနောင်ရွာမနှင့် တုံးတင်ကန် (မြောက်)တွင် လယ်သမားများ၏ လယ်မြေကို ဖြတ်၍ ဖောက်လုပ်ထားသောကားလမ်းအား လွတ်လပ်စွာသွားလာနိုင်ရန်နှင့် ၄င်းတို့ လယ်မြေအတွက်ထိုက်သင့်သည့်နစ်နာကြေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝဝ၈

ဥက္ကဋ္ဌ ။         ။ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် (ခ)ဦးမြသိန်းမေးမြန်းဖို့ဖြစ်ပါတယ်။

ဦးထွေးတင် (ခ)ဦးမြသိန်း၊ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်လေ့လာရေးဧည့်သည်တော်အပေါင်းအား မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ ကျွန်တော်ကတော့ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ)ဦးမြသိန်း ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏တာဝန်အရ မိမိမဲဆန္ဒနယ် မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံရာတွင် ၄င်းတို့နေ့စဉ် သွားလာရာတွင်ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြတောင်းဆိုပေးရန်ပြောကြရာ ဒလမြို့နယ်မှ (၇)မိုင်၊ (၆)ဖာလုံကွာဝေးသည့် ခနောင်ရွာမကျေးရွာအုပ်စု ကွင်းအမှတ် (၂၂ဝ)ကွင်း၊ ကွင်းအမည်ခနောင်တုံးတင်ကန် (တောင်)ကွင်းအတွင်းမှ ဧရိယာ(၂ဝ၅.၄၉)ဧက၊ တုံးတင်ကန် (မြောက်)ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၂၄)ကွင်း၊ ကွင်းအမည် တုံးတင်ကန် (မြောက်) ကွင်းအတွင်း မှ (၁ဝ.၃၆)ဧက၊ ကွင်းအမှတ် (၂၂၆)၊ ကွင်းအမည် ရွာသာကွင်းအတွင်းမှ ဧရိယာ (၂၃၈.၄)ဧက၊ စုစုပေါင်းကျေးရွာအုပ်စု (၂)အုပ်စုမှ ကွင်းပေါင်း (၄)ကွင်းရှိ လယ်သမား (၄၄)ဦးထံမှ ဧရိယာပေါင်း (၅ဝဝ)ဧကအား (၁၁.၄.၁၉၉၆)ခုနှစ်တွင် နိုင်ငံတော်၏လိုအပ်ချက်အရ တပ်မတော်မှ သိမ်းသွား ခဲ့ကြောင်းနှင့် ၄င်းတို့၏နစ်နာမှုအတွက် မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းစည်းခံရမှု ပြန်လည်စစ်ဆေးရေးကော်မတီကို တင်ပြထားကြောင်းနှင့် လွှတ်တော်သို့မေးမြန်းလိုသည့် အချက်က တော့သိမ်းဆည်းထားသောတပ်ပိုင်ဧရိယာဧက (၅ဝဝ)၏ထိပ်တွင် ဂိတ်ပေါက်လုံခြုံရေးဂိတ်ထားပြီး ဖြစ်သော်လည်း တပ်သိမ်းဧရိယာမှ (၂)မိုင် (၇)ဖာလုံကွာဝေးသော ပျော်ဖွယ်ကားလမ်းထိပ်ရှိ လယ်သမား (၂၈)ဦးပိုင် လယ်မြေများကို နစ်နာကြေးလုံးဝမပေးဘဲ ကားလမ်းဖောက်ကာဂိတ်ဝအဖြစ် အသုံးပြုပြီး လယ်သမားများကို ဂိတ်တွင်ဆင်း၍ အစစ်ဆေးခံပြီးလျှင် လမ်းလျောက်၍သွားရပါသည်။ မည်သည့်ကိစ္စပေါ်ပေါက်သည်ဖြစ်စေ ကားဖြင့်ဝင်ရောက်ခွင့်မရရှိပါ။ သို့ပါ၍ လယ်သမားများမှ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ အရေးပေါ်လူနာနှင့် နွေတွင်ထွက်ရှိသောစပါးများရောင်းဝယ်ရာတွင် လွန်စွာအခက်အခဲများနှင့် နှစ်စဉ်ကြုံတွေ့နေရပါသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့်ပြသခွင့်ပေးရန် ပန်ကြားအပ်ပါတယ်။ ဒါကတော့ခုနကျွန်တော်ပြောခဲ့တဲ့ လိုအပ်ချက်အရ တပ်မတော်ကနေပြီးတော့ ဧက (၅ဝဝ) သိမ်းထားတာပါ။ အစက်ကလေးတွေကတော့ လက်ရှိအသုံးပြု နေတဲ့အဆောက်အဦရှိပါတယ်။ ကျန်တာကတော့ လွတ်လပ်နေတဲ့ မြေကွက်လပ်တွေဖြစ်ပါတယ်။ ဒါကတော့ သိမ်းထားတဲ့ဧက (၅ဝဝ)ရဲ့ထိပ်မှာ ဂိတ်ပေါက်ဝရှိသော်ငြားလည်း (၃)မိုင်ပတ်လည်ရှိတဲ့  ထိပ်က (၂)မိုင်နှင့် (၇)ဖာလုံမှာ ဂိတ်ပေါက်သွားလုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကတော့ သိမ်းဆည်းခံ ရတဲ့ပါသွားတဲ့လယ်သမားတွေရဲ့ ကျေးရွာအလိုက် ပျော်ဘွယ်ကြီး၊ ရွှေလှေချောင်၊ ခနောက်အထက်၊ ခနောင်ရွာမဆိုပြီးတော့ ပါတဲ့လယ်သမားတွေစာရင်းပါ။ ဒါကတော့ ခုနအဝိုင်းပြထားတဲ့ဂိတ်မှာ လုပ်ထားတာဖြစ်ပါတယ်။ ဒီဘက်က စာတမ်းကတော့ ဒီထဲကိုဝင်ခွင့်ကိုလုပ်ထားတဲ့စာတမ်းလေးဖြစ် ပါတယ်။ ဒါကတော့ တပ်ထဲကလယ်သမားတွေကို အပြင်ကိုမောင်းထုတ်လိုက်တဲ့အခါမှာ လမ်းဘေး တွေမှာတဲတွေထိုးပြီးနေတဲ့ပုံပါ။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော်  ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းအပ်ပါတယ်။ မေးခွန်း (၁) လယ်သမားများ၏ လယ်မြေကို ဖြတ်၍ ဖောက်လုပ်ထားသောကားလမ်းအား လွတ်လပ်စွာသွားလာနိုင်ရန်အတွက်ဂိတ်ဝရွှေ့ပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း (၂) ၄င်းတို့လယ်မြေ အတွက်ထိုက်သင့်သည့်နစ်နာကြေး ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ် မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းအပ်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။             ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။      ။ လေးစား အပ်တဲ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ) ဦးမြသိန်းရဲ့ကြယ်ပွင့်ပြမေးခွန်းအား ကျွန်တော်မှပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မေးခွန်းအနေ နှင့်ကတော့ (၂)ပိုင်းဖြစ်ပါတယ်။ (၁)ကတော့ လယ်သမားများရဲ့လယ်မြေကို ဖြတ်ဖောက်ထားသော လမ်းအား လွတ်လပ်စွာသွားလာနိုင်ရန်နှင့် လယ်မြေအတွက်ထိုက်သင့်သည့်နစ်နာကြေးပေးရန် အစီအစဉ်ရှိ/မရှိပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဒလမြို့နယ်ရဲ့ ရခိုင်ချောင်ဒေသမှာ လယ်မြေဧက (၅ဝဝ) ကိုလုံခြုံရေး လိုအပ်ချက်အရ ၁၉၉၆ခုနှစ်မှာ သိမ်းဆည်းပြီးတော့မှလယ်ထဲမှာပါတဲ့ လယ်ပိုင်ရှင် အားလုံးကို အဲဒီကာလရဲ့ဒေသပေါက်ဈေးနှင့် အားလုံးလျှော်ပေးပြီးဖြစ်ပါတယ်။ ဒါကလည်းပဲ လိုအပ်ချက်အရဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တပ်ဧရိယာကနေပြီးတော့ မှပျော်ဘွယ်ကြီးထိပ်အထိ သွားလာဖို့အတွက်ကို ၂ဝဝ၂-၂ဝဝ၃မှာမြေသားလမ်းဖောက်လုပ်ခဲ့ပါတယ်။မြေသားလမ်းဖောက်လုပ်ခဲ့တဲ့အချိန်မှာတော့ ခုနပြောတဲ့လယ်မြေတွေတစ်ခိျု့တစ်ဝက်ကိုလည်း ပါသွားတာလည်းရှိပါတယ်။ ဒီလမ်းကတပ်ပိုင်မြေအဖြစ်သိမ်းဆည်းထားတဲ့ လမ်းမဟုတ်ပါဘူး။ လျှော်ကြေးပေးပြီးသိမ်းထားတဲ့လမ်းလည်းမဟုတ်ပါဘူး။ ကျွန်တော်တို့သွားလာမှု လွယ်ကူစေရန် အတွက်သာ ဖောက်လုပ်ထားတဲ့လမ်းဖြစ်ပါတယ်။ အဲဒီမြေသားလမ်းကို ၂ဝ၁၄-၂ဝ၁၅မှာ (၂)မိုင်နှင့် (၇)ဖာလုံ ကွန်ကရစ်လမ်း သိန်းပေါင်း တစ်သောင်းနှင့်ကိုးရာနှင့်လေးသိန်း သုံးစွဲပြီးတော့မှ အဲဒီလမ်းကိုဖောက်လုပ်ခဲ့ပါတယ်။ အဲဒီလမ်းဖောက်လုပ်ခဲ့တဲ့အတွက်လည်း အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာလူထုအနေနှင့် ရရှိခဲ့တဲ့အကျိုးကျေးဇူးကတော့ ရာသီမရွေးလွယ်ကူစွာသွားလာနိုင်ရေး၊ တောင်သူများအနေနှင့် စပါးနှင့်လယ်ထွက်ပစ္စည်းများကို လွယ်ကူစွာရွေ့ပြောင်းသယ်ဆောင်ရောင်း ဝယ်နိုင်ခြင်း၊ ယခင်မြေသားလမ်းမှ မိုးရာသီတွင် ဆိုင်ကယ်နှင့်ကားများဖြတ်သန်းသွားလာမှု ပြုနိုင်သော်လည်း ယခုအခါတွင်လွယ်ကူစွာသွားလာနိုင်ခြင်း၊ လမ်းဘေးဝဲယာတွင် နေထိုင်သည့် မိသားစုများ၏ သားသမီးများဖြစ်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးတွင်ကာလတွင် ယခင်မြေသားလမ်းကဲ့သို့ရွံ့နွံများအတွင်း ခြေလျင်သွားရခြင်းမရှိဘဲ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ကျောင်းသို့အချိန်မီသွားလာနိုင်ခြင်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များအတွက် ရာသီမရွေးသွားလာလို့ လွယ်ကူစွာသွားလာနိုင်လို့ ဒေသတွင်းရှိကျေးရွာများအတွက် လူမှုစီးပွားဘဝ ကိုများစွာအထောက်အကူပြုစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရေတပ် ပင်မခဲယမ်းမီးကျောက်တပ်အနေနဲ့တော့ အဲဒီနေရာဟာ အရေးကြီးတဲ့ခဲယမ်းများထားသိုတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း အဲဒီလမ်းကနေပြီးတော့မှ မသမာသူလူများ စိမ့်ဝင်ထိုးဖောက် နိုင်ခြင်းမရှိနိုင်အောင်လို့ အဲဒီလမ်းထိပ်မှာကျွန်တော်တို့ လုံခြုံရေးလိုအပ်ချက်အရ ဂိတ်ပေါက်ထားခြင်း သာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဧရိယာ (၅ဝဝ)ကလည်းပဲ ခုနကကိုယ်စားလှယ်တော်ကြီးပြောသလို တခိျု့နေရာတွေက အဆောက်အဦဆောက်ပြီး တစ်ခိျု့နေရာတွေက လွတ်နေတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့လုံခြုံရေးအရ ဒီခဲယမ်းတွေဟာ မတော်တဆအကြောင်းအမျိုးမျိုးကြောင့်ပေါက်ကွဲလာ လျှင်အဲဒီဧရိယာနှင့်လွတ်အောင် လုံခြုံရေးဧရိယာကန့်သတ်ချက်အရဖြစ်ပါတယ်။ ဒါကိုတော့ လုံခြုံရေးအရ ဆောင်ရွက်ရခြင်းဆိုတာကိုလည်း နားလည်ဖို့လိုမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်းပဲ ကျွန်တော်တို့ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ဒီပစ္စည်းတွေကို အန္တရာယ်မဖြစ်အောင်အတွက်လည်းပဲ အဲဒီဧရိယာကို ပုဒ်မ ၁၄၄ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ရဲ့သက်တမ်းက နှစ်လကို (၁)ခါဖြစ်ပါတယ်။ အခုသက်တမ်းက (၂)လပဲရှိပါတယ်။ (၂)လ (၂)လပြည့်တိုင်းပြည့်တိုင်းမှာအစိုးရ အဖွဲ့ ဃဘေငညနအ ကိုတင်ပြရပါတယ်။ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတွေရဲ့အားလုံးသဘောတူညီချက်နှင့် ဒီသက်တမ်းကိုတောက်လျောက်ယခုအချိန်အထိ ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့ဧရိယာဖြစ်ပါတယ်။ မေးခွန်း (၁)ကိုဖြေကြားမှာဖြစ်ပါတယ်။ မေးခွန်း (၁)အနေနှင့်ကတော့ ကွန်ကရိလမ်းအဖြစ်စတင် ဖောက်လုပ်ချိန်ကစပြီး အနီးပတ်ဝန်းကျင်ကျေးရွာများမှာ ရဟန်းရှင်လူပြည်သူများ (၂၄)နာရီလုံး လွတ်လပ်စွာသွားလာခွင့်ပေးထားပါတယ်။ ခုနပြောသလိုမပေးဘူးဆိုလို့ ပြောပြီးဖြစ်ပါတယ်။ ပေးထား ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဂိတ်ရှိတယ်ဆိုတာကလည်း တကယ်တန်းအသေးစိပ်စစ်တာမဟုတ် ပါဘူး။ သာမာန်မေးခြင်းသာဖြစ်ပါတယ်။ သာမာန်မေးခြင်းအနေနှင့်ကတော့ ခုနပြောသလိုလုံခြုံရေး ကန့်သတ်ဧရိယာဖြစ်တဲ့အတွက်ကြောင့် သာမာန်မေးခြင်းသာဖြစ်ပြီး အားလုံးကိုကျွန်တော်တို့ ဖွင့်ပေးလျှက်ရှိပါတယ်။ အခုဖွင့်မပေးဘူးဆိုရင် ဒီနေ့ကစပြီးမပေးဘူးဆိုရင် ကျွန်တော်တို့ကိုသတင်း ပို့လို့ရပါတယ်။ ကျွန်တော်တို့ပြောပြီးလဲဖြစ်ပါတယ်။ အဲဒီဒေသခံကိုအားလုံးကို ဖြတ်သန်းသွားလာခွင့် ပြုဖို့ပြောပြီးဖြစ်တဲ့အကြောင်း ဖြေကြားအပ်ပါတယ်။ မေးခွန်း (၂)အနေနှင့်ကတော့ ၂ဝဝ၃-၂ဝဝ၄ခုနှစ် ကနေမြေသားလမ်းဖောက်ပြီး ကွန်ကရစ်လမ်းအဖြစ်ဖောက်လုပ်ခဲ့တဲ့အချိန်အတိုင်းသာ တွက်ကြည့် လို့ရှိရင် နှစ်ပေါင်း (၁၅)နှစ်ကျော်ကြာခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီလမ်းကလည်းကျွန်တော်တို့ လျော်ကြေး ပေးပြီးသိမ်းပိုက်လိုတဲ့ အစီအစဉ်မရှိဘဲနဲ့ သွားလာမှုလွယ်ကူစေရေးသာ ဖောက်လုပ်တာဖြစ်တဲ့ အတွက်ကြောင့် ခုပြောတဲ့လယ်သမားများအတွက် လတ်တလောကျွန်တော်တို့ လျော်ကြေးပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ အပိုင်း (၂)၊ ဟင်္သာလမ်းပေါ်ရှိ ရေကန်အား တရားဝင်မီးသတ်ရေကန်အဖြစ်ထားရှိပေးနိုင်ခြင်းရှိ/မရှိ၊ တရားဝင်ထားရှိပါက ထိုရေကန်အား လုံခြုံစွာခြံစည်းရိုးကာရံပေးနိုင်ခြင်း ရှိ/မရှိ၊ ခြံစည်းရိုးကာရံပေးနိုင်ခြင်း                             မရှိပါကအဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၁၅

ဥက္ကဋ္ဌ ။         ။ တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမိုးမြင့်၊ တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။      ။လေးစားအပ် ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားပြုကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ဖြစ်ပါသည်။ ကျွန်တော်ကတော့ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ အပိုင်း (၂)မှာရှိတဲ့ ရေကန်ကြီးကို မီးသတ်ရေကန် အဖြစ်တည်ဆောက်ပေးရန်အတွက် မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော်တို့ တောင်ဥက္ကလာပမြို့နယ်ကြီးဟာ စတည်ကတည်းကနေ ၁၄ ရပ်ကွက်မှာ အပိုင်း(၅) ပိုင်းရှိပါတယ်။အပိုင်း (၅)ပိုင်းကတော့ (၁၄)အပိုင်း (၁)၊ (၁၄)အပိုင်း (၂)၊ (၁၄)အပိုင်း (၃)နှင့် စီမံကိန်း (၁)၊ စီမံကိန်း (၂)ဆိုပြီးတော့ အပိုင်း (၅)ပိုင်းနှင့်ဖွဲ့စည်းထားပါတယ်။ ဒီဖွဲ့စည်းတဲ့ထဲမှာ (၁၄)ရပ်ကွက်၊ အပိုင်း (၂)က ရေကန်ကြီးဟာစတည်ကတည်းက တစ်ခုတည်းသောရေကန်၊ အပိုင်း (၂)တစ်ခုလုံးရဲ့ အားထားရာမီးသတ်ရေကန်ဖြစ်ပါတယ်။ ထိုရေကန်အတွင်းကို ဘေးပတ်ဝန်းကျင်က အမှိုက်ပြစ်ခြင်း၊ ဘေးအိမ်တွေကနေပြီးတော့ အညစ်အကြေးနောက်ဖေးမိလ္လာပိုက်ရေများဖြင့် ရေကန် အတွင်းကိုသွယ်တန်းခြင်း၊ ရေကန်အတွင်းကို ကလေးသူငယ်တွေ၊ လူကြီးတွေရေဆင်းကူးတဲ့အတွက် ရေဆင်းမကူးနိုင်အောင် ဖန်ကွဲစတွေ၊ ဖန်ပုလင်းကွဲစတွေနှင့်လုပ်တဲ့အတွက် ရေဆင်းကူးတဲ့ ကလေးသူငယ်တွေ၊ လူကြီးတွေကလည်း ထိခိုက်အနာတရနှင့် ဖြစ်ပေါ်ခဲ့တဲ့ရေကန်လည်းဖြစ်ပါတယ်။ ထို့အပြင် ကျွန်တော်တို့ လုံခြုံရေးအရကြည့်ပြန်တော့လည်း ဒီရေကန်နှင့်ပတ်သက်ပြီးတော့ သစ်ပင်ခြုံ နွယ်များအပေါ်မှီပြီးတော့ သမီးရည်းစားစုံတွဲတွေချိန်းတွေ့ခြင်း၊ ရေကန်ပေါ်မှာပဲအရက်သေစာ သောက်စားပြီးတော့ အော်ဟစ်ဆဲဆိုခြင်း၊ နောက်ပြီးတော့ ဒီရေကန်ပေါ်မှာပဲ မှောင်ရိပ်ခိုပြီးတော့ အိမ်တွေဖောက်ထွင်းခြင်း၊ ကန်မှန်တွေဖြုတ်တဲ့ကိစ္စရပ်များတွေ ရာဇဝတ်မှုတွေမကြာခဏဖြစ်ပေါ် တဲ့နေရာဘဲဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုရေကန်ကြီးကို လုံခြုံမှုအရ ခြံစည်းရိုးကာနိုင်ရန်အတွက် အောက်ပါမေးခွန်းကို မေးမြန်းလိုက်ရပါတယ်။ မေးခွန်း (၁) ထိုရေကန်အား တရားဝင်မီးသတ် ရေကန်အဖြစ်ထားရှိပေးနိုင်ခြင်းရှိ/မရှိ၊ မေးခွန်း (၂) တရားဝင်ထားရှိပါကလည်း  ထိုရေကန်အား လုံခြုံစွာခြံစည်းရိုးကာရံပေးနိုင်ခြင်း ရှိ/မရှိ၊ မေးခွန်း (၃) ခြံစည်းရိုးကာရံပေးနိုင်ခြင်း မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌ။             ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်ပန်းဆက်သွယ်ရေးဝန်ကြီး ။      ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများမင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်၏ မေးခွန်းကိုဖြေကြားရာမှာ တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်၏ မြေစီမံခန့်ခွဲမှုများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သို့လွှဲပြောင်း ပေးထားပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ အပိုင်း (၂)၊ ဟင်္သာလမ်းရှိ ရေကန် မြေနေရာသည် မြေတိုင်းရပ်ကွက် အမှတ် (၁၄/၂) မြင်သာ၊ မြေကွက်အမှတ် (၁/ဗ)၊ ဧရိယာ (၅.၁၂ဝ)ဧကဖြစ်ပြီး အဆိုပါမြေနေရာကို ၂၃.၇.၁၉၉၇ ခုနှစ်၊ ရက်စွဲပါစာအမှတ် မခ/မသ/၄၈ူ ၉၇ (၁၈ဝ၉) အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပြန်တမ်းဖြင့် လွှဲပြောင်း ပေးထားသော မြေနေရာဖြစ်ပါတယ်။ သို့သော် မြေအမည်ပေါက်မှာ ယခုအချိန်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန မြေအမည်ပေါက်ဖြစ်နေတဲ့အတွက် ဒီရေကန်ကြီးကို မီးသတ်ရေကန်အဖြစ် လုံခြုံစွာ ခြံစည်းရိုးကာရံထားပေးနိုင်ရေးကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် မြို့တော် စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ သခင်မြလမ်းတွင် လမ်းဘေးပျံကျဈေးအဖြစ် သက်မှတ်ထားသောနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ပြောင်းရွှေ့ပေးမည်ကို သိရှိလိုပြီး အစီအစဉ်မရှိပါက မည်သည့်                           အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၂ဝ

ဥက္ကဋ္ဌ။          ။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်၊လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)  ။       ။  လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ ဦးစွာဂါရဝပြု နှုတ်ခွန်းဆက်သပါတယ်။  ကျွန်တော်ကတော့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)က ဦးဝင်းမောင်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေအများဆုံးမြို့နယ်ဖြစ်တာ နှင့်အညီ ရပ်ကွက်တစ်ခုချင်းစီတွင်လည်း လူဦးရေအစမတန် များပြားလျှက်ရှိပါတယ်။ လှိုင်သာယာ မြို့နယ်မှာ ရပ်ကွက်ပေါင်း (၂ဝ)၊ ကျေးရွာပေါင်း (၉)ရွာရှိရာ အမှတ် (၁၅)ရပ်ကွက်သည်လည်း လူဦးရေအများဆုံးနေထိုင်သည့် ရပ်ကွက်တစ်ခုဖြစ်ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ခုနှစ်၊ လူဦးရေစာရင်းအရ အမှတ် (၁၅)ရပ်ကွက်မှာ နေထိုင်သူလူဦးရေဟာဆိုရင် (၂)သောင်း (၃)ထောင်ကျော်ခန့်ရှိကြောင်း သိရှိရပါတယ်။ အမှတ် (၁၅)ရပ်ကွက်စတင်ပြီးတော့ အကွက်ချစဉ်တုန်းက ဈေးနေရာအဖြစ်သက်မှတ် ခဲ့သောအလျား (၃၅ဝ)ပေ၊ အနံ (၃ဝဝ)ပေခန့်ရှိသော မြေကွက်ရှိပါတယ်။ ဏသတနမ ဏသငညအ နှင့်ပြခွင့်ပြုပါ။ ဒါဆိုရင် အမှတ် (၁၅)ရပ်ကွက် ဈေးနေရာအဖြစ်သက်မှတ်တဲ့နေရာပါ။ အနီရောင်အကွက် လေးထောင့်ကွက်နှင့်ပြထားတာကတော့ မူလရပ်ကွက်ချစဉ်က ဈေးနေရာပါ။ သို့ပါသော်လည်း ၄င်းဈေးနေရာမြေကွက်အား ဈေးအဆောက်အဦဆောက်လုပ်ထားခြင်းမရှိသည့်အပြင် မြေကွက်များ ကိုအကွက်ရိုက်ကာ လူနေအိမ်များဆောက်လုပ်လျက်ရှိပါတယ်။ ယခုဆောက်လုပ်နေဆဲ နေအိမ်များ လည်းရှိပါတယ်။ အမှတ် (၁၅)ရပ်ကွက်ရဲ့ အခြားတစ်နေရာဖြစ်တဲ့ သခင်မြလမ်းပေါ်မှာ လမ်းဘေး ဈေးအဖြစ်သာ ရောင်းချလျက်ရှိတဲ့ ဈေးတစ်ခုရှိပါတယ်။ သို့သော်လည်း ရပ်ကွက်နေပြည်သူများဟာ လမ်းဘေးဈေးမှာ နေ့စဉ်ဈေးဝယ်၊ ဈေးရောင်းပြုလုပ်လျက်ရှိပြီးတော့ လမ်းဘေးဈေးဖြစ်တာနှင့်အညီ ဈေးတာဝန်ခံမရှိတာတို့၊ ဈေးကိုဝန်ဆောင်မှုပေးမည့်သူ၊ သန့်ရှင်းရေးဆောင်ရွက်မည့်သူမရှိတာနှင့် အညီလမ်းဘေးဈေးဟာဆိုရင် မိုးရာသီတွင် အလွန်တရာညစ်ပတ်ပြီး ကျန်းမာရေးနှင့်လည်း ညီညွှတ်မှုမရှိဖြစ်နေပါတယ်။ ကျန်စစ်သားလမ်းမကြီးနှင့် သခင်မြလမ်းပေါ်တွင် ရောင်းချနေမှု ကြောင့် မော်တော်ယာဉ်များအတွက် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လျှက်ရှိပါတယ်။ လမ်းပိတ်ဆို့မှု ဖြစ်တာနှင့်အညီ နေ့စဉ်လမ်းဘေးဖြစ်တဲ့အတွက် ခါးပိုက်နှိုက်ခံရတာ နေ့စဉ်ရှိပါတယ်။ ၂ဝ၁၄-၂ဝ၁၅ခုနှစ်မှာဆိုရင် လမ်းဘေးဈေးဖြစ်တဲ့အတွက် လမ်းဘေးဓာတ်တိုင်အောက်မှာ ဈေးရောင်းနေကြ ရတဲ့တခိျု့ဈေးသွား၊ ဈေးဝယ်များအတွက် ဓာတ်ကြိုးပျက်ကြပြီးတော့ အမျိုးသမီးသုံးဦး ဓာတ်လိုက် ပြီးသေဆုံးသွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။ လမ်းဘေးဓာတ်တိုင်အောက်မှာဈေးရောင်းတဲ့အခါ ဓာတ်ကြိုး တွေဆွေးမြေ့ပြီးပြတ်ကျတဲ့အထိဖြစ်ခဲ့ပါတယ်။ အမျိုးသမီး (၃)ဦးတောင် ဓာတ်လိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ လမ်းလယ်များမှာ ဈေးရောင်းချမှုကြောင့် မကြာခဏဈေးရောင်းချတဲ့လူနှင့် လမ်းသွား လမ်းလာနှင့် ခိုက်ရန်ဖြစ်ပွားမှုကလည်း နေ့စဉ်နှင့်အမျှဖြစ်ပေါ်လျှက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ၄င်းဖြစ်စဉ်များကို ခဏခဏပြဿနာရှင်းနေရတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ဒီဈေးကိုဈေးနေရာတကျဖြစ်ပေါ်စေချင်တဲ့ ဆန္ဒလည်းရှိပါတယ်။ အထက်ပါအခြေအနေများကြောင့် အမှတ် (၁၅)ရပ်ကွက်တွင် အမိုးအကာရှိတဲ့ ဈေးအင်္ဂါရပ်နှင့် ညီညွတ်တဲ့ဈေးတစ်ဈေး လိုအပ်လျှက်ရှိပါတယ်။ ပြည်သူလူထု ၁သောင်းခွဲလောက်ရှိတဲ့ ပြည်သူ လူထုက နေ့စဉ်နှင့်အမျှ ဈေးဝယ်ချက်ပြုတ်စားသောက်ဖို့အတွက် ဈေးတစ်ဈေးလိုအပ်နေပါတယ်။ သို့သော်လည်း အခုလိုအခြေအနေမျိုးမှာ လမ်းမှာတိုက်မိခိုက်မိတာတို့ ဒီဈေးပတ်ဝန်းကျင်မှာ ခဏခဏဖြစ်နေပါတယ်။ အထက်ပါအခြေအနေများကြောင့် အမှတ် (၁၅)ရပ်ကွက်တွင် အမိုးအကာ ရှိသော၊ ဈေးအင်္ဂါရပ်နှင့်ညီညွှတ်ပြီး သန့်ရှင်းမှုရှိသော၊ လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေသော ဈေးတစ်ဈေး လိုအပ်နေပါသောကြောင့် ဥက္ကဋ္ဌကြီးမှတဆင့် အောက်ပါမေးခွန်းကို မေးမြန်းလိုပါတယ်။ လှိုင်သာယာ မြို့နယ် အမှတ် (၁၅)ရပ်ကွက်           သခင်မြလမ်းတွင် လမ်းဘေးပျံကျဈေးအဖြစ်ရောင်းချနေသော အရပ်အခေါ် (၁၅)ဈေးအား မူလဈေးနေရာအဖြစ် သက်မှတ်ထားသောနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း (၂) အစီအစဉ်ရှိပါက မည်သည့်ကာလတွင်ရွှေ့ပြောင်းပေးမည်ကို သိရှိ လိုပြီး၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။       ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌခင်ဗျား။ အခုမေးသွားတဲ့ တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်မေးသွားတဲ့မေးခွန်းကို ကျွန်တော်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီးရဲ့ကိုယ်စား ဖြေကြားမှာဖြစ်ပါတယ်။ မေးခွန်းကတော့ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ သခင်မြလမ်းတွင် လမ်းဘေးပျံကျဈေးအဖြစ် ရောင်းချနေတဲ့ အရပ်ခေါ် (၁၅)ဈေးကို မူလသက်မှတ်ထားသောနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ပြောင်းရွှေ့ပေးမည်ဆိုတဲ့ အစီအစဉ်ကို သိရှိလိုတဲ့မေးခွန်းဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ် အမှတ် (၁၅)ရပ်ကွက်မှာရှိတဲ့ သခင်မြလမ်းမှာ ပျံကျဈေးအဖြစ်ရောင်းချနေတဲ့  အရပ်ခေါ် (၁၅)ဈေးမှာရောင်းချနေတဲ့ဈေးဟာ ပြည်လမ်းနှင့် သခင်မြလမ်းမှာရှိပါတယ်။ ပျံကျ ဈေးသည်ပေါင်းက ခန့်မှန်းခြေ (၁ဝဝဝ)ခန့်ရှိပါတယ်။ အဲဒီဈေးကိုပြောင်းရွေ့ပေးဖို့ မူလဈေးအဖြစ် သက်မှတ်ထားတဲ့နေရာဖြတဲ့ သခင်တင့်လမ်းနှင့် ပိတောက်လမ်းကြားရှိမြေကို ခုနကလွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြထားတဲ့မြေကို သက်ဆိုင်ရာများကနေ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ အဲဒီ နေရာတွေဟာ လူနေထိုင်တဲ့အဆောက်အဦတွေ၊ အဆောင်တွေရှိနေပါတယ်။ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အသေးစိတ်စာရင်းများကောက်ခံတဲ့အခါမှာ အိမ်ထောင်စု (၁၇၃)စုဟာ တရားဝင် ဂရန်၊ ပါမစ်တွေနှင့် နေထိုင်ကြလျှက်ရှိပါတယ်။ တစ်ဘက်မှာလည်း အခိျု့နေရာမှာတော့ လယ်မြေပိုင်ရှင် များထံမှ ဝယ်ယူနေထိုင်ကြတာကိုလည်း တွေ့ရှိနေရပါတယ်။ အဲဒီနေရာကတော့ ဈေးအဖြစ် ရွှေ့ပြောင်းနိုင်တဲ့အနေအထားမရှိတော့ပါဘူး။ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်မှာရှိတဲ့ ပျံကျဈေးအဖြစ်ရောင်းချနေတဲ့ဈေးသည်တွေကိုပြောင်းရွေ့ပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် မြေနေရာရှာဖွေလျက်ရှိပါတယ်။ ရှာဖွေဆဲဖြစ်ပါတယ်။ အထူးသဖြင့် သခင်မြလမ်း နှင့်ဝေးတာတော့ ခုနကလွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသွားတဲ့ လူဦးရေ (၂၅ဝဝဝ)လောက်က လူဦးများဟာ ဒီနေရာမှာဘဲ လမ်းဘေးဈေးသည်များကို အားကိုးပြီးတော့ ဝယ်ယူနေကြရပါတယ်။ သူတို့နှင့်နီးတဲ့ တရားဝင်ဈေးကြီးကတော့ အောင်သုခဈေးဆိုတာရှိပါတယ်။ အောင်သုခဈေးကတော့ (၁)မိုင်ကျော်ကျော်လောက်ဝေးပါတယ်။ ဒီအနီးနားမှာဘဲ သခင်မြလမ်းနှင့်ဝေးတဲ့နေရာ မြေနေရာ ကိုရှာဖွေနေရတာဖြစ်ပါတယ်။ လက်တလောရှာဖွေနေတာတော့ အလောင်းဘုရားလမ်းနှင့် အခိျု့ နေရာကို မြေကွက်လပ်များရှိတဲ့နေရာများကို ရှာဖွေလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီနေရာတွေကို ဈေးအဖြစ်သက်မှတ်လို့ရတဲ့နေရာ ကွက်လပ်များသက်မှတ်ပေးပြီးမှသာလျှင် ပြောင်းရွှေ့ပေးနိုင်မည် ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ခုနကသက်မှတ်ထားတဲ့နေရာမှာ ပြောင်းရွေ့လို့မရပေမယ့် နောက်ထပ်ရှာဖွေပြီးမှသာ ပြောင်းရွေ့ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သောက်သုံး မီးသတ်ရေကန်ကြီးများကို အထူးမွမ်းမံပြုပြင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ဆောင်ရွက်ပေးနိုင်ပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း

အချိန်။ ၁ဝ၂၈

ဥက္ကဋ္ဌ။          ။ မြေက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။  လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ အားလုံးမင်္ဂလာပါလို့  နှုတ်ခွန်းဆက်သအပ် ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်ဖြစ်ပါတယ်။ ဒီကနေ့ ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းလိုတာကတော့ ကျွန်တော်တို့ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ ပျက်စီးယိုယွင်းနေသော အရေးကြီးသော သောက်သုံးမီးသတ်ရေကန်များကို အထူးမွမ်းမံပြုပြင်မှုနှင့်စပ်လျဉ်းပြီးတော့ ကြယ်ပွင့်ပြမေးခွန်းမေးမှာဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း သောက်သုံးမီးသတ်ရေကန်၊ မြေဆိုက် ရေကန်ပေါင်း (၂၂)ကန်ရှိပါတယ်။ အဲဒီ (၂၂)ကန်အနက်ကမှ ပြည်သူများအားထားရသည့် အရေးကြီးသည့် ရေကန်များပျက်စီးနေတာကို တင်ပြမှာဖြစ်ပါတယ်။ ကျွန်တော့်အား ဏသတနမ ဏသငညအ  ဖြင့်တင်ပြခွင့်ပြုပါခင်ဗျား။ အခုတွေ့မြင်နေရတာကတော့ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံမှာရှိတဲ့ ကန်သာယာရေကန်ကြီးပဲဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ မြောက်ဥက္ကလာပ မြို့နယ်စတင်ကတည်းက ပေါက်ပွားလာတဲ့ရေကန်ကြီးဖြစ်တဲ့အပြင် ယနေ့သက်ရှိထင်ရှားရှိနေသော မြို့သူ/သားအများစုကလည်း သောက်သုံးတာဖြစ်ပါတယ်။ အဲဒီရေကန်ဟာ အခုဆိုရင်ကုမ္ပဏီတစ်ခု ရဲ့လောဘရမ္မက်ကြောင့် အခုပုံမှန်မြင်တွေ့နေတဲ့အတိုင်းပဲ ပျက်စီးပြီးတော့ ရေချိုကန်ကြီး ပျက်စီးပြီး တော့အသက်ငင်နေတာကို တွေ့ရပါသည်။ အခုတွေ့ရတာကတော့ ကျွန်တော်တို့ မြောက်ဥက္ကလာပ မြို့နယ်၊ (ဆ)ရပ်ကွက်မှာရှိတဲ့ မြနန္ဒာရေကန်ဖြစ်ပါတယ်။ ဒီရေကန်ကြီးကလည်း သူ့နှင့်မျက်နှာချင်း ဆိုင်မှာရှိတဲ့ (က)ရပ်ကွက်မှာ နွယ်သာဂီပြည်သူ၊ ပြည်သားများ အားထားအသုံးပြုရသော ရေကန် ဖြစ်ပါတယ်။အခုဖော်ပြတဲ့ ရေကန်က (ခ)ရပ်ကွက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာနောက်ပိုင်းမှာ ရှိသော ရေကန်ဖြစ်ပါတယ်။ အဲဒီရေကန်ကြီးကနေ (ခ)ရပ်ကွက်နှင့် (ဂ)ရပ်ကွက်ပြည်သူများ အားထား ရသော ရေကန်ကြီးတစ်ခုဖြစ်ပါတယ်။            အခုလိုကျူးကျော်များနှင့် ပျက်စီးနေတာဖြစ်ပါတယ်။ အခုတွေ့ရတာကတော့ (ဌ)ရပ်ကွက်ပြည်သူများ အားထားရသောရေကန်ကြီးတစ်ခုဖြစ်ပါတယ်။ အခုလိုကျူးကျော်များနှင့် ပျက်စီးနေတာတွေ့ရပါတယ်။ အခုတွေရတာကတော့ (ဌ) ရပ်ကွက်မှာရှိတဲ့ မြစံကြည်ရေကန်ကြီးဖြစ်ပါတယ်။ ဒီရေကန်ကြီးကလည်း (ဌ)ရပ်ကွက် ပြည်သူ၊ ပြည်သားများ အားထားရသော ရေကန်တစ်ခုဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အန္တရာယ် (၂)ခုကျရောက်ပါတယ်။ တစ်ခုကမီးဘေး အန္တရာယ် နှင့်နောက်တစ်ခုက သောက်သုံးရေရှားပါးပြတ်လပ်မှုအန္တရာယ်ပဲ ဖြစ်ပါတယ်။ အဲလိုအန္တရာယ်များ ကျရောက်တဲ့အခါမှာ ကျွန်တော်တို့ မြောက်ဥက္ကလာပြည်သူ၊ ပြည်သားများအတွက် ဖော်ပြပါရေကန် များသည် အလွန်အားထားရသော ရေကန်များဖြစ်ပါတယ်။ အခုအခါမှာ အဲဒီရေကန်များဟာ ကျွန်တော်တို့ပုံမှာပြထားတဲ့အတိုင်းပဲ ပျက်စီးယိုယွင်းနေတာတွေ့ရပါတယ်။ ဒါ့ကြောင့်မို့လို့ မီးဘေးအန္တရာယ်နှင့် သောက်သုံးရေရှားပါးခြင်းအန္တရာယ်ကာကွယ်ရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့်လည်းကောင်း မြို့တော်အင်္ဂါနှင့်အညီ ရေကန်များကို တင့်တယ်လှပစေရန် ဆန္ဒအရသော် လည်းကောင်း၊ မြောက်ဥက္ကလာပြည်သူပြည်သားများရဲ့ ဆန္ဒအရ အောက်ဖော်ပြပါ ကြယ်ပွင့်ပြ မေးခွန်းများကို  လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းလိုက်ရပါတယ်။ မေးခွန်း (၁) ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အရေးပါသော ဖော်ပြပါသောက်သုံး ရေကန်၊ မီးသတ်ရေကန်ကြီးများကို အထူးမွမ်းမံပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ။ (၂) အစီအစဉ်ရှိ ဆောင်ရွက်ပေးနိုင်ပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုပါတယ်။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။       ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အခုမေးခွန်းကတော့ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်မေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ မီးသတ်မြေစိုက်ရေကန် စုစုပေါင်း (၂၂)ကန်ရှိပါတယ်။ (၂၂)ကန်ဟာ သောက်သုံးရေများအတွက် အားကိုးရသလိုပဲ ခုနကကိုယ်စားလှယ်ကြီးတင်ပြသွားသလိုပဲ နွေရာသီမှာမီးသတ်ဖို့ကိစ္စအတွက် ရေကိုပဲအားကိုးနေရတဲ့ မီးသတ်မြေစိုက်ရေကန်ကြီးတွေဖြစ်ပါတယ်။ အဲဒီရေကန်ကြီးတွေအနက်မှ အခိျု့ရေကန်ကြီးတွေမှာ ပျက်စီးယိုယွင်းနေတာကိုလည်း ခုနက ဏသတနမ ဏသငညအ  ဖြင့်တင်ပြသွားတာ ကိုတွေ့ရပါတယ်။ အဲတော့ ဒီအထူးမွမ်းမံပြင်ဆင်ပေးဖို့ ဆောင်ရွက်တဲ့အခြေအနေကိုလည်းမေးမြန်း ထားပါတယ်။ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ မြေစိုက်ရေကန်ပေါင်းက (၂၂)ကန်ရှိပါတယ်။ အဲဒီ (၂၂)ကန်အနက်မှာ ကျွန်တော်တို့က ဒီမြေစိုက်ရေကန်များအနက်မှာ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ကြိုးတံတားအနီးမှာရှိတဲ့ မြေစိုက်ရေကန်ကိုတော့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာ ဃ့ငညူငညု  တွေနှင့် ကာရံခဲ့ပြီးတော့ သုဓမ္မာလမ်း၊ ဥက္ကလာသီရိပန်းခြံအနီးမှာရှိတဲ့ မီးသတ်ရေကန်မှာတော့ ပန်းခြံအဆင့်မြှင့်တင်ပေးထားပြီးဖြစ်တဲ့အတွက် ဒီရေကန်ကပန်းခြံအဆင့်အတန်းနှင့် မှီအောင်အဆင့် မြှင့်တင်ပြီးဖြစ်ပါတယ်။ ဝေဘာဂီမီးသတ်ကွင်းအတွင်းမှာရှိတဲ့ မြေစိုက်ရေကန်ကလည်း အခုအခါမှာ ခုနကတင်ပြသလိုပါဘဲ တော်တော်လေးကိုပျက်စီးနေပါတယ်။ ကန်စွန်းခင်းကြီးဖြစ်နေတာကို ရှိတဲ့အတွက် ဒါကိုလည်းသေချာပြန်ပြီးတော့မွမ်းမံပြင်ဆင်ဖို့အနေအထား စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ မြောက်ဥက္ကလာမြို့နယ်အတွင်းမှာ နွေရာသီမီးဘေးအန္တရာယ်ကျရောက်လာပါက အသုံးပြု ဖို့အတွက်ကို ခေမာသီလမ်း၊ နေ့ကလေးထိန်းရှေ့၊ မေဓာဝီဆေးရုံရှေ့၊ မေဓာဝီနှင့် ခေမာသီလမ်းဆုံ၊ မေဓာဝီနှင့် ဝေဘာဂီလမ်းဆုံ၊ ဝေဘာဂီမီးသတ်ရှေ့၊ ဗိုလ်ချုပ်လမ်းနှင့် ဝေဟင်လမ်းထောင့် သုဓမ္မာလမ်း၊ စိုက်ပျိုးရေးချောင်းတံတားအနီး၊ (ဌ)ရပ်ကွက် စိန်ခြယ်လမ်းနှင့် အောင်သပြေ လမ်းထောင့်၊ (ည)ရပ်ကွက် ခေမာကျောင်းလမ်းနှင့် ဝေဘာဂီလမ်းထောင့်၊ (ဋ)ရပ်ကွက် ဥဇနာလမ်းနှင့် သုဓမ္မာလမ်းထောင့်၊ (ဋ)ရပ်ကွက် ရတနာကျွန်းရိပ်သာ သုနန္ဒာနှင့် သုဓမ္မာလမ်းထောင့်၊ (ဃ) ရပ်ကွက် ဗဟိုမီးသတ်ရှေ့၊ (ဃ)ရပ်ကွက် အဝိုင်းမှတ်တိုင်ရှေ့၊ ကျောက်ရေတွင်း ဝိုင်တံတားအောက်၊ အမှတ် (၁)ရပ်ကွက် ဘုန်းကြီးလမ်းနှင့် သုဓမ္မာလမ်းထောင့်၊ အမှတ် (၁)ရပ်ကွက် မယ်လမုဘုရားရှေ့၊ စက်မှုဇုန်ဘောဂလမ်း၊ စက်မှုဇုန် အမရာလမ်းထောင့်၊ (ဌ)ရပ်ကွက် သစ္စာလမ်းထိပ်၊ စက်မှုဇုန်ွသျွိုသေိ ရှေ့၊ ရွှေဘုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်း၊ ပုရွက်ဆိပ်ကုန်း ရပ်ကွက်၊ လေဆိပ်လမ်း၊ မေယုလမ်းနှင့် (က)ရပ်ကွက် သုဇိတာလမ်းထောင့်၊ (က)ရပ်ကွက် မဇ္တေလမ်းနှင့် သုဇိတာလမ်းထောင့် စုစုပေါင်း (၂၅)နေရာမှာ မီးသတ်ငုတ် (၂၅) ငုတ်လည်း တပ်ဆင်ထားတဲ့အတွက် နွေရာသီမီးဘေးအန္တရာယ်ကို ရေရရှိရေးအတွက်ကို မီးသတ် (၂၅)ငုတ်ကနေလည်း ရေရရှိနိုင်ကြောင်းကို ပြန်ကြားအပ်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အတွင်းမှာ မီးသတ်ရေများအတွက် မြေစိုက်ရေကန်များကို အလွယ်တကူဝင်ထွက်သွားလာရေးကို လမ်းများခင်းပေးခြင်းနှင့် လိုအပ်ပါက သောက်သုံးရေ၊ မီးသတ်ရေကန်များကို လိုအပ်သလိုမွမ်းမံ ပြင်ဆင်သွားတာကို ပြုလုပ်သွားမည်ဖြစ်ပါတယ်။ ဘဏ္ဍာငွေလျာထားခွဲဝေမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားပေးမည်ဖြစ်ပါကြောင်း ပြန်ကြားအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ အားကစားကွင်း၊ ပန်းခြံနှင့်ချောင်းဘေးဝဲ/ယာ ရေဝေရေနေ ဧရိယာများရှိ မြေနေရာများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြိြု့ပစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တရားဝင်သက်မှတ်ပေးထားသော မြေကွက်များ ဟုတ်/မဟုတ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တရားဝင်ထုတ်ပေးထားသော မြေချပါမစ်များ၊ မြေငှား စာချုပ်များ                                              ဟုတ်/မဟုတ် သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၅

ဥက္ကဋ္ဌ ။         ။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမြတ်မင်းသူ၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။                     ။ လေးစား ရပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။  ကျွန်တော်အခု မေးမြန်းမှာကတော့ ကျွန်တော်တို့လှိုင်သာယာမြို့နယ် အတွင်းမှာရှိတဲ့  အားကစားကွင်း၊ ပန်းခြံနှင့် ချောင်းဘေးဝဲယာရေဝေ၊ ရေနေဧရိယာများရှိ မြေနေရာနှင့် ပတ်သက်ပြီးတော့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ဟာ ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မြို့သစ်ဖော်ဆောင် ခဲ့တာဖြစ်ပါတယ်။ အဲလိုမျိုးဖော်ဆောင်ခဲ့စဉ်အခါက သက်ဆိုင်ရာ ကျေးရွာရပ်ကွက်များ၌ ကျေးရွာ၊ ရပ်ကွက်အင်္ဂါရပ်များနှင့်အညီ အားကစားကွင်း၊ ပန်းခြံ၊ ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှာရှိတဲ့ ချောင်းဘေးဝဲယာ ရေဝေရေနေဧရိယာများကို ချန်လှပ် ထားရှိခဲ့တာကို လေ့လာတွေ့ရှိရပါနယ်။ ယခုအခါမှာ ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကနေ ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လွှဲပြောင်းခဲ့တာကို သိရှိခဲ့ရပါတယ်။ ထိုသို့ လွှဲပြောင်းပေးခဲ့တဲ့ ကာလနောက်ပိုင်းမှာ ကျေးရွာ၊ ရပ်ကွက်များအတွင်းမှာရှိတဲ့ အားကစားကွင်းများ၊ ပန်းခြံနှင့် ချောင်းဘေးဝဲယာရှိတဲ့ရေဝေရေနေဧရိယာများရှိ မြေကွက်လပ်များကို မြေချပါမစ်များ၊ မြေငှားစာချုပ်များကို သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေယာဌာနမှ ထုတ်ပေးထားသည်ကို လေ့လာတွေ့ရှိရပါတယ်။ ဥပမာအားဖြင့် လှိုင်သာယာမြို့နယ်၊ အမှတ် (၉)ရပ်ကွက်ရှိ အားကစားကွင်း၊ မြေနေရာအခိျု့ကို မြေငှားစာချုပ်များ ထုတ်ပေးထားသည်ကို လေ့လာတွေ့ရှိရပါတယ်။ အခြားရပ်ကွက်အတွင်းရှိ ပန်းခြံနှင့် အားကစားကွင်းများတွင်မှာလည်း အလားတူ မြေချပါမစ်များနှင့် မြေငှားစာချုပ်များထုတ်ပေးထားသည်ကို တွေ့ရှိရပါတယ်။ ထို့ပြင် ချောင်းနဘေး ရေဝေရေနေဧရိယာများမှာရှိတဲ့ မြေနေရာများတွင်လည်း မြေချပါမစ်များ၊ မြေငှား စာချုပ်များ ထုတ်ပေးထားပြီး လူနေထိုင်ခြင်း၊ အဆောက်အဦ ဆောက်လုပ်ထားခြင်း ဖြစ်တဲ့အတွက် ကြောင့်နှစ်စဉ်ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ရာမှာ စက်ယန္တရားကြီးများအလွယ် တကူဝင်ထွက်သွားလာ တူးဖော်နိုင်ရေးဆောင်ရွက်ရာတွင် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိပါသည်။ ဥပမာအားဖြင့် အမှတ် (၇)ရပ်ကွက်ရှိသောင်ကြားချောင်း၊ အမှတ် (၁၄)ရပ်ကွက်နှင့် (၁၆)ရပ်ကွက် ကြားမှာရှိတဲ့ စူလတန်ချောင်းဘေးဝဲယာများမှာ မြေကွက်များချပေးထားသည်ကိုလည်း တွေ့ရှိ ရပါတယ်။ အလားတူလှိုင်သာယာမြို့နယ်အတွင်းရှိ ချောင်းများနဘေးဝဲယာတစ်လျှောက်မှာ မြေကွက် များချပေးထားသည်ကို လေ့လာတွေ့ရှိရပါတယ်။ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့လှိုင်သာယာမှာရှိတဲ့ ချောင်းများနှင့် ရေကန်များရှိတဲ့ပုံပါ။ ဒါကတော့ အမှတ် (၉)ရပ်ကွက် မှာရှိတဲ့ စူလတန်ချောင်းဘေး ချောင်းကိုရှင်းလင်းနေတဲ့ပုံပါ။ ဒါကတော့ အမှတ် (၈)ရပ်ကွက်အတွင်း မှာရှိတဲ့ ကျူးကျော်ဆောက်လုပ်ထားတဲ့ အခြေအနေတွေပါ။ ဒါကတော့ အမှတ် (၈)ရပ်ကွက် လှိုင်သာယာချောင်းအတွင်းမှာရှိတဲ့ ကျူးကျော်ပြီးတော့ ဆောက်လုပ်ထားတဲ့ အခြေအနေတွေပါ။ ဒါကတော့ လှိုင်သာယာချောင်းအတွင်းမှာဆောက်လုပ်ထားတဲ့ အဆောက်အဦတွေပုံပါ။ ဒါကတော့ အမှတ် (၃)ရပ်ကွက် သာယာကုန်းချောင်းအတွင်းမှာ လက်ရှိမြင်တွေ့နေရတဲ့ အခြေအနေတွေပါ။ ဒါကတော့ အမှတ် (၆)ရပ်ကွက်နှင့် (၇)ရပ်ကွက်ကြားမှာရှိတဲ့ သောင်ကြားချောင်းအတွင်းမှာရှိတဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေပါ။ ဒါကတော့ အမှတ် (၆)ရပ်ကွက် သောင်ကြားချောင်း ဧရိယာအပေါ်မှာ မြေကြီးဖို့ထားတဲ့နေရာတွေပါ။ ဒါကတော့ အမှတ် (၇)ရပ်ကွက် သောင်ကြားချောင်း အတွင်းမှာရှိတဲ့ အဆောက်အဦတွေပါ။ ဒါကတော့ အမှတ် (၆)ရပ်ကွက် သောင်ကြားချောင်းဧရိယာ မှာမြေကြီးဖို့ထားတဲ့ အခြေအနေတွေပါ။ ဒါကတော့ အမှတ် (၇)ရပ်ကွက် သောင်ကြားချောင်း အတွင်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေပါ။ ဒါကတော့ အမှတ် (၆)ရပ်ကွက် သောင်ကြားချောင်းဧရိယာမှာ မြေကြီးဖို့ထားတဲ့ အခြေအနေတွေပါ။ ဒါကတော့ အမှတ် (၇)ရပ်ကွက် သောင်ကြားချောင်းအတွင်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦများပုံပါ။ ဒါကတော့ ချောင်းရှင်းရာမှာ စက်ယန္တရားကြီးတွေနှင့် ဆောက်လုပ်ထားတဲ့ပုံပါ။ ဒါကတော့ အမှတ် (၈)ရပ်ကွက် လှိုင်သာယာချောင်းအတွင်းမှာရှိတဲ့ အဆောက်အဦတွေ ဆောက်လုပ်ထားတဲ့ပုံပါ။ ဒါကတော့ အမှတ် (၁၄)ရပ်ကွက် စူလတန်ချောင်းအတွင်းမှာ အခိုင်အမာဆောက်လုပ်ထားတဲ့ အဆောက်အဦတွေပုံပါ။ ဒါကချောင်းဘေးမှာဆောက်လုပ်ထားတဲ့ အခြေအနေတွေပါ။ ဒါကလည်း ချောင်းဘေးမှာ ဆောက်လုပ်ထားတဲ့ပုံတွေပါ။ အမှတ် (၁ဝ)ရပ်ကွက်နှင့် (၁၁)ရပ်ကွက်လှိုင်သာယာချောင်းအတွင်းမှာ ရှိတဲ့ အဆောက်အဦတွေဆောက်လုပ်ထားတဲ့ပုံပါ။ ဒါကျွန်တော်တို့ အမှတ် (၁၆)ရပ်ကွက် စူလတန်ချောင်းရဲ့ အလယ်ကောင်ပေါ်မှာ ဆောက်လုပ်ထားတာပါ။ ဒီလိုချောင်းရဲ့အလယ်ကောင် ပေါ်မှာဆောက်လုပ်ဖို့ မြေနေရာကို ချပေးထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အမှတ် (၁၄)ရပ်ကွက် စူလတန်ချောင်းဘေးမှာရှိတဲ့ ကျန်ရှိနေတဲ့ ချောင်းဧရိယာပုံပါ။ ဒါကတော့ အမှတ် (၁)ရပ်ကွက်မှာရှိတဲ့ ချောင်းအတွင်းကပုံတွေပါ။ ဒီဟာကပိုင်ဆိုင်မှုအထောက်အထားမရှိဘဲနဲ့ ဒီလိုမျိုး ချောင်းအလယ်ကောင်မှာကို ကြက်ခြံဆောက်လုပ်ထားတဲ့ အခြေအနေတွေပါ။ ဒါကကျွန်တော်တို့ ချောင်းဘေးတစ်လျောက်မှာ ဆောက်လုပ်ထားတဲ့ အခြေအနေတွေပါ။ ထို့ကြောင့် သက်ဆိုင်ရာ ဌာနများမှ ၄င်းမြေနေရာများကို မြေချပါမစ်များ၊ မြေငှားစာချုပ်များနှင့် အဆောက်အဦဆောက်လုပ် ခြင်းများကို ခွင့်မပြုပေးသင့်ကြောင်းတင်ပြရင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် အောက်ပါမေးခွန်းများ ကိုမေးမြန်းအပ်ပါသည်။ မေးခွန်းနံပါတ် (၁) လှိုင်သာယာမြို့နယ်အတွင်းရှိ အားကစားကွင်း၊ ပန်းခြံနှင့် ချောင်းဘေးဝဲယာရေဝေရေနေဧရိယာများရှိ မြေနေရာများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တရားဝင်သက်မှတ်ပေးထားသော မြေကွက်များ ဟုတ်/မဟုတ်၊ မေးခွန်းနံပါတ် (၂) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တရားဝင်ထုတ်ပေးထားသော မြေချပါမစ်များ၊ မြေငှား စာချုပ်များ ဟုတ်/မဟုတ် သိရှိလိုပါကြောင်း တင်ပြအပ်ပါသည်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။       ။ လေးစားအပ်ပါသော တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မေးတဲ့မေးခွန်း ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်၊ အမှတ် (၇)ရပ်ကွက်ရှိ သောင်ကြားချောင်း၊ အမှတ် (၁၄)ရပ်ကွက်နှင့် (၁၆)ရပ်ကွက်ကြားရှိ စူလတန်ချောင်းနဘေးဝဲယာမှာ မြေကွက်များချထားပေးခြင်း နှင့်ပတ်သက်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားဝင်သက်မှတ်ပေးထားတဲ့ မြေကွက်များဟုတ်၊ မဟုတ်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားဝင် ထုတ်ပေးထားတဲ့ မြေချပါမစ်များ၊ မြေငှားစာချုပ်များ ဟုတ်မဟုတ်သိရှိလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒါကကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီးရဲ့ကိုယ်စား ကျွန်တော်ကဘဲ ဖြေကြားမှာဖြစ်ပါတယ်။ ၂ဝဝ၅ခုနှစ်မှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၃)ရပ်ကွက် မီးလောင်ရာမှာပါသွားတဲ့ လူနေအိမ်တွေကို ရွှေပြည်သာမြို့နယ် မြေတိုင်းရပ်ကွက် (ဒ/၆၃) မြေကွက်ကို ချထားပေးခဲ့ပေမယ့် အဲဒီနေရာမှာ လမ်းတွေဆောက်လုပ်မှုမပြီးစီးခြင်း၊ ရေ၊ လျှပ်စစ်မီးမရတဲ့အတွက် အဲဒီမြေကွက်ချထားပေးခံရတဲ့သူတွေရဲ့ တင်ပြချက်အရ ၂ဝဝ၆ခုနှစ်ခန့်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ အဲဒီမီးဘေးသင့်လူနေအိမ်တွေကို လူနေချထားပေးမှုကို လှိုင်သာယာမြို့နယ်၊ လူနေရပ်ကွက်၊ အမှတ် (၇)ရပ်ကွက်၊ မြေတိုင်းရပ်ကွက် အမှတ် (ပကတ၂) (ဝ၆၄)ရှိတဲ့ မြေနေရာအလွတ်တွေ ပြန်လည်အစားထိုး ချထားပေးခဲ့ပြီးဖြစ်ပါတယ်။ အမှတ် (၁၄)ရပ်ကွက်နှင့် အမှတ် (၁၆)ရပ်ကွက်ကြားရှိ စူလတန်ချောင်းနဘေးဝဲယာများမှာရှိတဲ့ မြေကွက်တွေကတော့ ၁၉၉ဝ ပြည့်နှစ်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁ဝ၊ ဥပဒေပုဒ်မ ၃၃၊ အပိုဒ် (က)အရ ထုတ်ပြန်ထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂အရ ၂ဝဝဝခုနှစ်က မြေကွက်အလွတ်တွေကို ဖော်ထုတ်ပြီးတော့  ယခင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥက္ကဋ္ဌ၊ မြို့တော်ဝန်ကနေပြီးတော့ ဌာနဆိုင်ရာမှ လုပ်သက်ပြည့်ဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းများကို လုပ်ထုံးလုပ်နည်းနှင့် တရားဝင်ချထားပေးတဲ့ တရားဝင်မြေကွက်နေရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဲဒီမြေကွက်တွေဟာ လုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်ချပေးထားတဲ့ မြေချပါမစ်များနှင့် မြေငှားစာချုပ်များ၊ ဂရန်များအရ ချထားပေးတာ ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်။

ကွမ်းခြံကုန်းမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းနှင့် အ.ထ.က(၂)ကျောင်းအနီးဝန်းကျင်လမ်းများ ပေါ်တွင် ခရီးသည်တင်မော်တော်ယာဉ်ငယ်လိုင်းများ ပြေးဆွဲနေမှုအပေါ် ခရီးသည်များ သွားလာရေးအဆင်ပြေရန်နှင့် အများပြည်သူဘေးကင်းစေနိုင်ရေးအလို့ငှာ ကွမ်းခြံကုန်း မြို့နယ် သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းကိုဖွဲ့စည်း၍ ယာဉ်ရပ်နားစခန်းများ၊ စနစ်တကျယာဉ်လိုင်းများဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင်                               မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။

ဥက္ကဋ္ဌ ။         ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမန်းအောင်ကိုမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။  ကျွန်တော်အနေနဲ့ ဒီမေးခွန်းမေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေလိုသော ဆန္ဒမပါဘဲနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အကြောင်းအရာဖြစ်လို့ မေးမြန်းခြင်းဘဲဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်မှာ ယခင်ပြေးဆွဲနေတဲ့ ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် မ.ထ.သ လက်အောက်ခံ ယာဉ်လိုင်း(၄)လိုင်းနှင့် အဲဒီအပြင် ထပ်တိုးလိုင်းအဖြစ် လှိုင်သာယာ-ကွမ်းခြံကုန်းဆိုပြီးတော့ ယာဉ်လိုင်း(၅)လိုင်းရှိပါတယ်။ ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပြီးဖြစ်သော်လည်း ယခင်အတိုင်းသာ လိုင်း(၅)လိုင်းစလုံး ကိုယ့်အစီအစဉ်နဲ့ ကိုယ်အဆင်ပြေသလို ပြေးဆွဲနေရတာကိုလည်း သိရှိရပါတယ်။ ထို့အတွက်ကြောင့်မို့လို့ ယာဉ်လိုင်းများ အနေဖြင့် တစ်စုတစ်စည်းတည်းမရှိဘဲ နေရာပေါင်းစုံမှာ အဆင်ပြေသလိုဂိတ်ထိုးပြီးတော့ ခရီးသည် တွေကို တင်ဆောင်နေကြတာကို တွေ့ရပါတယ်။ အဲ့ဒီလိုဘဲ တင်ဆောင်နေကြတဲ့အတွက်ကြောင့် မို့လို့ မြို့နေသွားလာလှုပ်ရှားကြရတဲ့အခါမှာ  လမ်းပိတ်ဆို့မှုတွေ ယာဉ်ကြောကြပ်တည်းမှု အခက်အခဲ တွေစသဖြင့် ယာဉ်အန္တရာယ်ထိခိုက်မှုတွေ တွေ့နေရပါတယ်။ အဲဒီတော့ နောက်တစ်ချက်က ကျွန်တော်တို့ ခရီးသည်တွေသွားလာတဲ့နေရာမှာ ကွမ်းခြံကုန်းဂိတ်ရယ် ဒလရယ် လှိုင်သာယာရယ် ဆိုပြီးရှိပါတယ်။ ဒလဆိုလို့ရှိရင်လည်း ရုံးဂိတ်နေရာလေးရှိပေမယ့်  ခရီးသည်တွေ ယာဉ်မောင်းတွေ စသဖြင့် နားနေဖို့နေရာတောင်မှ စနစ်တကျမရှိပါဘူး။ နေပူထဲမိုးရွာထဲ ဒီလိုဘဲအဆင်ပြေသလို နေရပါတယ်။ ဒါထက်ဆိုးတာက ကျွန်တော်တို့ လှိုင်သာယာပါ။ အဲတော့လှိုင်သာယာမှာ ဒီမေးခွန်း တင်ပြီးသွားတဲ့နောက်ပိုင်းမှာ ဘာထက်ပြီးတော့ သတင်းသိရလည်းဆိုတော့ ဒါကလည်း သက်ဆိုင်ရာ ဝန်ကြီးလည်းသိအောင် ပွင့်ပွင့်လင်းလင်းပြောတာပါ။ လှိုင်သာယာမှာ လူဆိုးတွေ လူမိုက်ဂိုဏ်း တစ်ခုကနေပြီးတော့ အုပ်စုဖွဲ့ပြီးတော့ ဆက်ကြေးတောင်းသလို ဒီကားတစ်စီးကို (၃)သိန်း၊ (၅)သိန်း စသဖြင့် တောင်းပြီးတော့တောင်မှ  သူတို့ကရန်ရှာနှောက်ယှက်ပြီးတော့ အဲ့အဆင့်အထိကို လုပ်နေ တာကို ဒါဝမ်းနည်းဖွယ်ရာ ကြောက်ရွံ့ဖွယ်ရာ တွေ့ရပါတယ်။  ဒါကျွန်တော်အနေနဲ့ သတင်းကြားလို့ လိုက်စုံစမ်းလို့သိရတာပါ။ ဘယ်လောက်ထိလည်းဆိုရင် ဒီယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်းတွေက တောင်မှ  ပွင့်ပွင့်လင်းလင်းလာပြီး ကျွန်တော်တို့ကို မပြောရဲဘူး၊ မတိုင်ရဲဘူး ဖြစ်နေတာပါ။  ဒါဟာ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပါ။ အဲ့တော့ ကျွန်တော်အနေနဲ့အားလုံး ဒီယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းတွေ ခရီးသွားပြည်သူတွေ မြို့နေလူထုတွေစသဖြင့် အားလုံးအဆင်ပြေနိုင်ကြဖို့အတွက် လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော့်အနေနဲ့မေးမြန်းလိုတာက ခရီးသွားခရီးသည်များ သွားလာရေး အဆင်ပြေရန်နှင့် အများပြည်သူဘေးကင်းစေနိုင်ရေးအလို့ငှာ ကွမ်းခြံကုန်းမြို့နယ် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်းကို ဖွဲ့စည်းပြီးတော့ ယာဉ်ရပ်နားစခန်းများ စနစ်တကျယာဉ်လိုင်းများဖြင့် ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေး နိုင်မည်၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်တယ်ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ။         ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ မင်္ဂလာပါ။  ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း၏မေးခွန်းကို ဖြေကြားရာမှာ ကွမ်းခြံကုန်းမြို့ကို ကျွန်မအနေနဲ့ သွားရောက်ပြီးတော့ ကွင်းဆင်းစစ်ဆေးပြီးဖြစ်ပါတယ်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာမှာ ကျွန်မတို့ အနေနဲ့ သွားရောက်ကွင်းဆင်းစစ်ဆေးတဲ့အကြောင်းကတော့ ထိုယာဉ်လိုင်းငယ်များကို စနစ်တကျ ပြေးဆွဲနိုင်ရန် ယာဉ်ရပ်နားစခန်းများ စနစ်တကျဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ်ပါတယ်။ ယခုအခါမှာ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့လည်း လှိုင်သာယာမြို့နယ်က ယာဉ်လိုင်းတွေအခြေအနေကို အမြဲတမ်းညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကျွန်မတို့ထံသို့ လာရောက်ပြီး အကြောင်းကြားတဲ့ကိစ္စမှန်သမျှကို ကျွန်မတို့အနေနဲ့ ချက်ချင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအခါမှာ ကျွန်မတို့အနေနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ မော်တော်ယာဉ်ငယ်လိုင်းများကို စနစ်တကျ ပြေးဆွဲရန်နှင့် ယာဉ်ရပ်နားစခန်းတွေ စနစ်တကျဖြစ်စေရန်အတွက်ကို့ြှ စတင်ပြီးတော့ အစီအစဉ်ချမှတ်ကတည်းက (၁)နှစ်အစီအစဉ် ကျွန်မတို့ ၂ဝ၁၇ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စတင်တာကနေ ၂ဝ၁၈ ဇန်နဝါရီလအထိ (၁)နှစ်အစီအစဉ်မှာ (၃)လင်္ကိုငနိုတစ်ခုနှုန်းနဲ့ ဆောင်ရွက်လျက်ရှိတာဖြစ်တဲ့အတွက် တတိယ(၃)လပါတ်မှာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ရွှေပြည်သာမြို့နယ်ရှိ သာဓုကန်စက်မှုဇုန်တွင် သမင်သတ်ရိုးချောင်းအတွင်းသို့ စီးဝင်မည့် ရေများအား ပိတ်ဆို့တည်ဆောက်ထားသောကြောင့် မိုးတွင်းအခါ ကျောင်းကုန်းကျေးရွာနှင့် သာဓုကန်စက်မှုဇုန်အတွင်း ရေလျှံနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်၊ ၄င်းစက်ရုံများအား မည်သည့်ဌာနမှခွင့်ပြုပြီး လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေနှင့်ညီ/မညီကို သိရှိလိုပါကြောင်း

အချိန်။   ၁ဝ၄၉

ဥက္ကဋ္ဌ ။         ။ ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးရန်အောင်မင်း(ခ)ဦးဂေးမောင်၊ ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။        ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သ အပ်ပါတယ်။  ကျွန်တော်ကတော့ ရွှေပြည်သာမြို့နယ်က ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဒီနေ့မေးမြန်းလိုတာကတော့ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ သာဓုကန်စက်မှုဇုန်မှာ သမင်သတ်ရိုးချောင်းအတွင်းကို စီးဝင်မယ့် ရေများကို စက်ရုံတွေပိတ်ဆို့တည်ဆောက်ထားတဲ့အတွက် မိုးကျတဲ့အခါမှာ ကျောင်းကုန်းကျေးရွာတို့ သာဓုကန်စက်မှုဇုန်တွေမှာ ရေကြီးရေလျှံနစ်မြုပ်လျက်ရှိပါတယ်။ အဲ့ဒီလို စက်ရုံတွေကို တည်ဆောက်တဲ့ နေရာမှာလည်း ကျွန်တော်တို့ မြန်မာ့မီးရထားပိုင်မြေနဲ့ စက်မှုဇုန်မြေအဖြစ် လျာထားခြင်းမရှိတဲ့ နေရာကြားမှာရှိတဲ့ မြေကွက်လပ်တွေကို စက်ရုံအဆောက်အဦ ဆောက်လုပ်ခွင့်ပေးတာ စက်မှုမြေ အဖြစ် မြေယာပိုင်ဆိုင်ခွင့်တွေပေးတာတွေကို ဘယ်ဌာနကနေပြီးတော့ ခွင့်ပြုပြီးတော့ ဆောင်ရွက်စေ တာလဲ။ ဒါတွေဟာ လုပ်ထုံးလုပ်နည်းနှင့် ညီရဲ့လားဆိုတဲ့မေးခွန်းကို  လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ် မှာရှိတဲ့ သာဓုကန်စက်မှုဇုန်မှာ သမင်သတ်ရိုးချောင်းဆိုတာ ချောင်းဟောင်းမြောင်းဟောင်း ဖြစ်ပါတယ်။ အဲဒီစက်မှုဇုန်ဖော်တဲ့အခါမှာ ချောင်းဟောင်းမြောင်းဟောင်းကြီးကိုဖယ်ပြီးတော့ မြေဖို့ပြီးတော့ စက်ရုံတွေ တည်ဆောက်ထားတဲ့အခါကြတော့ မိုးတွင်းအခါမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပါတယ်။ စီးစရာချောင်းလည်း အကုန်လုံးပိတ်ဆို့ကုန်တာဖြစ်ပါတယ်။ အဲ့နေရာမှာ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် မနှစ်ကဆိုရင် ကျွန်တော်တို့ ကျောင်းကုန်းကျေးရွာမှာ ကျွန်တော်တို့ အရေးပေါ် အခြေအနေပုံစံမျိုးတောင်ဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ဆောင်ရွက်ဖို့ အဆင်သင့် လုပ်ရတယ်။ ထမင်းထုပ်တွေ ဝေငှရတဲ့အဆင့် ရောက်နေပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော့်ကို ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါ။ ဒီအခုပြတဲ့ပုံကတော့ ဟိုဘက်က ရန်ကုန်-ပြည်လမ်းကိုသွားတဲ့ မီးရထားသံလမ်းပါ။ ဒါကတော့ နဂိုက စက်မှုဇုန်မြေကွက် လျာထားချက်မရှိတဲ့ မြေကွက်နေရာမှာ မြန်မာ့မီးရထားပိုင်မြေနဲ့ သာဓုကန်စက်မှုဇုန် ပိုင်မြေကွက်လပ်ကြီးကို မြေကွက်တွေ ချထားပြီးတော့ စက်ရုံတွေဆောက်နေတာပါ။ နြထအ ဒါ မြေကွက်ဆောက်ထားတဲ့ အဆောက်အဦ ဆောက်ထားတဲ့ပုံစံပါ။ နြထအ ဒါကတော့ အခုဆောက်ထားတဲ့ အဆောက်အဦနဲ့ မျက်နှာချင်းဆိုင် လမ်းဟိုတစ်ဘက်က စက်ရုံအဆောက်အဦတွေ ချထားခြင်းမရှိသေးတဲ့ ဟိုဓါတ်တိုင်လေးက စက်မှုဇုန်အဆုံးမှာ ဟိုဘက်ကကျတော့ မြန်မာ့မီးရထားသံလမ်းနဲ့ကြားထဲမှာ မီးရထားပိုင်မြေကွက်လပ် ကြီးဘဲဖြစ်ပါတယ်။ ဒီလိုမျက်နှာချင်းဆိုင်မှာ ကွက်လပ်ကျန်နေသေးတဲ့အတွက် နမူနာပြဖို့အတွက် အထောက်အထားလေးတစ်ခု တင်ပြခြင်းဘဲဖြစ်ပါတယ်။ နြထအ အခုလို ချောင်းရိုးမြောင်းဟောင်း တွေကို ကျွန်တော်တို့ ပိတ်ဆို့ပြီးတော့ တည်ဆောက်ထားကြတဲ့အတွက် အခုလို ကျွန်တော်တို့ ဘတ်ဖောတွေနဲ့ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ထားတဲ့ပုံပါ။ ဒါကလည်း တစ်ဦးတစ်ယောက် ကိုယ့်အကျိုးစီးပွားအတွက် ချောင်းဟောင်းမြောင်းဟောင်းတွေကို ပိတ်ဆို့ပြီးတည်ဆောက်တဲ့အတွက် ရေကြီးရေလျှံဖြစ်လို့ ကျွန်တော်တို့မှာ မလိုအပ်ဘဲနဲ့ကို ဒီလို ဌာနရဲ့နိုင်ငံတော်ဘဏ္ဍာငွေတွေကို အကုန်ကျခံပြီးတော့ အခုလို ဘတ်ဖောတွေနဲ့ဖော်ရတယ်။ အဲတော့ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့မှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေလည်း ဆုံးရှုံးပါတယ်။ နြထအ ဒါကတော့ ကျွန်တော်တို့ ရွှေပြည်သာမြို့နယ် လှော်ကားရေလှောင်တမံကနေပြီးတော့ ဒီရေပို့တွဲကနေကျလာတဲ့ ရေတွေပါ။ ဒါတွေဟာ ကျွန်တော်တို့ ခုနကပြောတဲ့ သာဓုကန်စက်မှုဇုန်နှင့် ကျောင်းကုန်းကျေးရွာကို တိုက်ရိုက်စီးဝင်တဲ့ရေတွေပါ။ ဒီလှော်ကားရေလှောင်တမံကြီးမှာ ရေပို့တွဲပုံစံနမူနာတစ်ခုဘဲပြထားခြင်းဖြစ်ပါတယ်။ ရေပို့တွဲ (၄)၊ (၅)၊ (၆)ခုရှိပါတယ်။ ဒီရေပို့တွဲကနေ စီးဆင်းလာတဲ့ ရေထုပမာဏကြီးက ကျွန်တော်တို့ ကျောင်းကုန်းကျေးရွာနှင့် သာဓုကန်စက်မှုဇုန်ကို ဖြတ်ရပါတယ်။ သမင်သတ်ရိုးချောင်းထဲကိုဝင်တဲ့ ရေစီးကြောင်းကြီးပါ။ သို့သော် ခုနကတင်ပြသလို အခုလို ရေလုံးရေရင်းနဲ့ လှော်ကားရေလှောင်တမံ ကနေပြီးတော့ ရေပိုတွေဆင်းလာတဲ့အခါသော်လည်းကောင်း၊ နောက်ပြီးတော့ မိုးကြီးတဲ့အခါ ရပ်ကွက်ထဲမှာလည်း ရေကသူ့ဟာနဲ့သူကြီးလာပါတယ်။ သို့သော်လည်း အခုလိုမျိုး လှော်ကား ရေလှောင်တမံကနေပြီးတော့ အခုလို ရေပို့လွှဲကနေပြီးတော့ ပိုလျှံတဲ့ရေတွေကို ဆွဲထုတ်တဲ့အခါ အခုလိုမျိုး သမင်သတ်ရိုးချောင်းကိုစီးမယ့်နေရာမှာ စက်ရုံတွေတည်ဆောက်ထားတဲ့အတွက် ကျွန်တော်တို့မှာ ရေကြီးရေလျှံခြင်းဖြစ်ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် မို့လို့ အခုဒီစက်ရုံတွေဆိုတာကလည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကနေ မြေကွက်တွေ မြောက်များစွာရယူထားပြီးတော့ မြေကွက်တွေစု အမြတ်ရရင်ပြန်ပြီးတော့ ရောင်းတဲ့ပုံစံဘြဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ပါ၍ ကျွန်တော်မေးမြန်းချင်တာကတော့ ယခုပုံမှန်အတိုင်း စက်ရုံမှာ  မြန်မာ့မီးရထားပိုင်မြေနဲ့ စက်မှုဇုန်မြေအတွင်း တည်ဆောက်ထားခြင်းကြောင့်  အဆိုပါ စက်မှုမြေအဖြစ် မူလလျာထားချက်မရှိသောနေရာအား မည်သည့်ဌာနမှခွင့်ပြု၍ စက်ရုံအဆောက်အဦ အားလည်း မည်သည့်ဌာနမှခွင့်ပြုပြီး လုပ်ထုံးလုပ်နည်းနှင့် ဥပဒေနှင့်ညီ/မညီကို သိလိုပါတယ်။ လုပ်ထုံးလုပ်နည်းဥပဒေနှင့်မညီပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို သိလိုပါသဖြင့် သက်ဆိုင်ရာဌာနများအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ။ ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမင်္ဂလာပါ။  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင်ရဲ့မေးခွန်းကို ဖြေကြားရာမှာ မြို့ပြကဏ္ဍဖွံ့ဖြိုးရေး၊ အိမ်ရာကဏ္ဍဖွံ့ဖြိုးရေးနှင့် ပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် စက်မှုဇုန် များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖော်ထုတ်ပြီးတော့ စက်မှုဇုန်မြေကွက်များကို  ရောင်းချ ပေးခဲ့ပါတယ်။ အခုမေးမြန်းထားတဲ့ ကျောင်းကုန်းကျေးရွာရဲ့ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို သက္ကရာဇ် ၂ဝဝဝမှာ မြို့တော်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း သာဓုကန်စက်မှုဇုန်၏ မြေစီမံ ခန့်ခွဲမှုများကို ၂ဝ၁၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသို့လည်းကောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ စက်မှုဇုန်များရှိ စက်ရုံများဆောက်လုပ်ခြင်း၊ စက်ရုံများလည်ပတ်ခြင်း၊ စီမံခန့်ခွဲခြင်းများကို စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြေနဲ့ပတ်သက်ပြီး အဆောက်အဦဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတို့မှလည်းကောင်း၊ သက်ဆိုင်ရာအခြားသောဌာနများမှလည်းကောင်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုကဲ့သို့ အခြေအနေ တွေမှာ တစ်ခိျု့သောကိစ္စတွေမှာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီများမှ ဆောင်ရွက်နိုင်စွမ်းအား နည်းတဲ့အတွက် အခုအခါ စက်မှုဇုန်များအဆင့်မြှင့်တင်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီးတော့ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်တွင် ဂျိုးဖြူရေသန့်ရရှိရေးကို (၁.၃.၂ဝ၁၅) ရက်နေ့ မှစ၍ ကိုယ်ထူကိုယ်ထအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တစ်ခန်းလျှင် ပျမ်းမျှ(၁၈ဝဝ)ကျပ်  နှုန်းဖြင့် ကောက်ခံလျက်ရှိရာတွင် ရေမသုံးစွဲသောအခန်းနှင့် ရေသုံးများသောအခန်းများအား တစ်ပြေးညီကောက်ခံနေသဖြင့် မည်သည့်အချိန်တွင် ရေမီတာဖြင့်ကောက်ခံမည်ကို သိရှိလိုပါကြောင်း

အချိန်။    ၁ဝ၅၇

ဥက္ကဋ္ဌ ။         ။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူခိုင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာဖြူဖြူခိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။      ။ လေးစား ရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များြွကရောက်လာသော ဧည့်သည်တော်များ      အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်မကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်မတင်ပြလိုတာကတော့ ကျွန်မတို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက် ရေပေးဝေခြင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပါတယ်။ ကျွန်မတို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  (၉၄)ရပ်ကွက်မှာ ဂျိုးဖြူရေသန့်ရရှိရေးကို (၁.၃.၂ဝ၁၅)ခုနှစ်မှစ၍ ကိုယ်ထူကိုယ်ထအကောင်အထည်       ဖော်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့စတင်ဆောင်ရွက်ခဲ့စဉ်က ရေကော်မတီဟာ ရေသုံးစွဲမှုကို မီတာဖြင့် ကောက်ခံမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့အချိန် ၂ဝ၁၇ခုနှစ်အထိ မီတာဖြင့်မကောက်ခံခဲ့ပါ။ တစ်ခန်းလျှင် ပျမ်းမျှ(၁၈ဝဝ)နှုန်းဖြင့် ကောက်ခံလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ရေမသုံးစွဲသော အခန်းလည်း (၁၈ဝဝ)၊ ရေသုံးများသောအခန်းလည်း (၁၈ဝဝ)နှုန်းဖြင့် ကောက်ခံနေပါတယ်။ သို့ဖြစ်ပါ၍ ပြည်သူများမှာ ရေမီတာခအတွက် အခက်အခဲကြုံတွေ့နေရပါတယ်။ ရေကိုမီတာဖြင့် ကောက်ခံရန် (၂.၅.၂ဝ၁၆)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ လည်းကောင်း၊ (၅.၅.၂ဝ၁၆)ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ လည်းကောင်း၊ တိုင်းဒေသကိုယ်စားလှယ်ရုံးမှ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ (၃ဝ.၁၁.၂ဝ၁၅)ရက်နေ့တွင် စုပေါင်းအိမ်ရာစီမံခန့်ခွဲရေးကော်မတီမှ ရေမီတာများတပ်ဆင်ပြီးဖြစ်၍ မီတာဖြင့်ကောက်ခံ၍ ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်းထားပြီဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။ သို့သော်လည်း ယခုအချိန်ထိ ရေကိုပျမ်းမျှတစ်အိမ်လျှင် (၁၈ဝဝ)နှုန်းဖြင့် ကောက်ခံနေဆဲဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ရေကိုမီတာဖြင့် မည်သည့်အချိန်တွင် ကောက်ခံမည့်အကြောင်းကို သိရှိလိုပါတယ်။ ကျေးဇူးတင် ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးရာဝန်ကြီး ။    ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဖြူဖြူခိုင်ကနေပြီးတော့ မေးထားတဲ့မေးခွန်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်မှာ ဂျိုးဖြူရေသန့်ရမယ့်ကိစ္စကို (၁.၃.၂ဝ၁၅) ရက်ကနေပြီးတော့ ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့လိုစတင်ဆောင်ရွက်ခဲ့စဉ်က ရေကော်မတီကနေပြီးတော့ ရေသုံးစွဲမှုကို ရေမီတာနဲ့ကောက်ခံမယ်ဆိုပြီးတော့ စီစဉ်ခဲ့ပါတယ်။ အခုလည်း အခုလောလောဆယ် အားဖြင့်တော့ တစ်ခန်းမှာ ပျမ်းမျှတစ်လလျှင် (၁၈ဝဝ)နှုန်းနဲ့ကောက်ခံနေပါတယ်။ ရေသုံးများသော အခန်းလည်း (၁၈ဝဝ)နှုန်း၊ ရေအသုံးနည်းတဲ့အခန်းလည်း တစ်လကို(၁၈ဝဝ)နှုန်း ဖြစ်နေတဲ့အတွက် ရေမီတာသုံးဖို့အတွက်ကို စီစဉ်ပေးဖို့အတွက်ကို မေးထားတဲ့မေးခွန်းဖြစ်ပါတယ်။ အဲ့တော့ ရေမီတာသုံးစွဲဖို့နဲ့ ပတ်သက်ပြီးတော့ ဒီလုပ်ငန်းစီမံကိန်းစတင်တဲ့အချိန်က သွယ်တန်းထားတဲ့ မူလရေပိုက်တွေဟာ ပျက်စီးခိျု့ယွင်းမှုကြောင့် ပြန်လည်ပြုပြင်သွယ်တန်းဖို့အတွက်ကို အိမ်ရာ ကော်မတီကနေပြီးတော့ (၁၆.၁.၂ဝ၁၅)ရက်နေ့မှာ တင်ဒါခေါ်ယူခဲ့ပြီးတော့မှ တင်ဒါခေါ်ယူတဲ့ အခါမှီာငောသညိ ကြညိနမ ဃငအပ ဃသာစညေပူငာငအနိ ကနေပြီးတော့ တင်ဒါအောင်မြင်ခဲ့ပြီးတော့ (၁.၃.၂ဝ၁၅)ရက်နေ့မှာ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့တော့ အိမ်ရာကော်မတီ အနေနဲ့လည်း (၁ဝ.၇.၂ဝ၁၅)ရက်နေ့ကစပြီးတော့ ရေစတင်စမ်းသပ်ပေးဝေတဲ့အခါမှာ ရေပေးဝေ ဖြန့်ဖြူးခြင်း၊ ရေမီတာဖတ်ရှုခြင်း၊ ရေဖိုးငွေကောက်ခံခြင်းစတဲ့လုပ်ငန်းတွေကို လောလောဆယ်အားဖြင့် မကျွမ်းကျင်တဲ့အတွက် အခက်အခဲတွေ့ကြုံနေရတဲ့အတွက် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ရေပေးဝေမှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်စေဖို့ဆိုပြီးတော့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။    အဲ့တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ရေပေးဝေခြင်းလုပ်ငန်းတွေကို (၁.၁၂.၂ဝ၁၅)ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ပြီးတော့ ရေစမ်းသပ်ပေးဝေတဲ့ကာလဖြစ်တဲ့ ၂ဝ၁၅ခုနှစ်၊ ၇လပိုင်းနဲ့၈လပိုင်းဘဲ ရေဖိုးကောက်ခံမှုတွေကို ရေဖိုးတွေကို ကောက်ခံခြင်းမပြုဘဲနဲ့ ၂ဝ၁၅ခုနှစ်၊ ၉လပိုင်းကစပြီးတော့မှဘဲ ကောက်ခံတဲ့အခြေအနေဖြစ်ပါတယ်။ အဲတော့  အခုလောလောဆယ်အားဖြင့်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအင်ဂျင်နီယာဌာန ရေနဲ့သန့်ရှင်းမှုဌာနကနေပြီးတော့ ရေပေးဝေမှုလုပ်ငန်းများကို လွှဲပြောင်းရယူနိုင်ဖို့အတွက်ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ ယုဇနဥယျာဉ်အိမ်ရာရဲ့ အိမ်ရာ ကော်မတီကနေပြီးတော့ ဒီရေပေးဝေရေဖြန့်ဖြူးရေးလုပ်ငန်းနဲ့ မီတာနှင့်ကောက်ယူမှုလုပ်ငန်းကို တင်ဒါစနစ်နဲီ့ငောသညိ ကြညိနမ ဃငအပ ဃသာစညေပူငာငအနိ ကို တာဝန်ပေးခဲ့တဲ့အခါမှာ သူတို့ကလည်း ဆက်လက်ပြီးတော့ ရေမီတာကောက်တဲ့လုပ်ငန်းများကို ဆက်လက်မဆောင်ရွက်နိုင်တဲ့ အတွက့် ဃီဃ ရန်ကုန်မြို့တော်စည်ပင်သာယာရေးလုပ်ငန်းကိုဘဲ ကော်မတီကိုဘဲ ပြန်လည် လွှဲပြောင်းခြင်းဖြစ်ပါတယ်။  ဒီရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာန ရေနဲ့သန့်ရှင်းမှု ဌာနကနေပြီးတော့ (၁၄.၁ဝ.၂ဝ၁၆)မှာ နေ့လယ်စာနဲ့ ယုဇနဥယျာဉ်မြို့တော်ကြီး ရေပေးဝေမှုစနစ်ကောင်းမွန်စေဖို့အတွက် စုပေါင်းပိုင်အဆောက်အဦများစီမံခန့်ခွဲရေးကော်မတီနဲီ့ငောသညိ ကြညိနမ ဃငအပ ဃသာစညေပူငာငအနိ ကဆောင်ရွက်ဖို့ ကျန်တဲ့အချက်တွေကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ရသင့်တဲ့ငွေကြေးများ၊ ကုန်ကျစရိတ်များကို ပြန်လည် ပေးသွင်းတဲ့အခါ့ ဃီဃ ကနေပြီးတော့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလုပ်ငန်းဆောင်ရွက်နေတဲီ့ငောသညိ ကြညိနမ ဃငအပ ဃသာစညေပူငာငအနိ နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အခါမှာ ဒီလိုအပ်တဲ့ ကုန်ကျစရိတ်များ ညှိနှိုင်းဆောင်ရွက်ပြီးတဲ့အခါမှာ ရေမီတာများအသစ်လဲလှယ် တပ်ဆင်မှာဖြစ်ပါတယ်။ အဲ့ဒီ ရေမီတာအသစ်များ လဲလှယ်တပ်ဆင်ပြီးတဲ့အခါမှာ ရေမီတာနဲ့ ရေဖိုးကောက်ခံတဲ့စနစ် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းကို ဖြေကြားအပ်ပါတယ်။

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီးပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း ၁၂၊ ပုဒ်မ ၉၄ မှာ လွှတ်တော်အစည်းအဝေးကို ပထမ(၁) နာရီမှာ မေးခွန်းမေးမြန်းဖြေကြားရန်ဖော်ပြထားပါတယ်။ အခု မေးမြန်းခြင်းဖြေကြားခြင်းဟာ ပထမ(၁)နာရီ ကျော်လွန်နိုင်တဲ့အတွက်ကြောင့် မေးမြန်းဖြေကြားရန်ကိစ္စ ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ လွှတ်တော် ကိုယ်စားလှယ်များ သဘောတူတဲ့အတွက်ကြောင့် ယနေ့မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းကို ပြီးဆုံးအောင်ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ တန်ဖိုးမြှင့်အိမ်ရာများဖြစ်သော င်္ြှုအိမ်ရာ၊ ပန်းလှိုင်အိမ်ရာ၊ နဝဒေးအိမ်ရာနှင့် တန်ဖိုးသင့်အိမ်ရာများဖြစ်သော ကျန်စစ်သားအိမ်ရာ၊ ရွှေကမ်းသာယာအိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ ဝန်ဆောင်မှုစနစ်အောက်တွင်ထားရှိရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင်                           စတင်ဝန်ဆောင်မှုပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၃

ဥက္ကဋ္ဌ ။         ။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။          ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်(၄၅)မြို့နယ်ရှိသည့်အနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဧရိယာအတွင်း (၃၃)မြို့နယ်ရှိပါတယ်။ ၄င်း(၃၃)မြို့နယ်တွင် ကျွန်တော်တို့ လှိုင်သာယာမြို့နယ်လည်း အပါအဝင်ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်ကို ၁၉၈၉ခုနှစ်တွင် အကွက်ချဆောင်ရွက်ခဲ့ပြီး ရပ်ကွက်(၂ဝ)နဲ့ ကျေးရွာအုပ်စု(၉)စုရှိပါတယ်။ ယခုကာလတွင် တန်ဖိုးမြှင့် အိမ်ရာများ၊ တန်ဖိုးသင့်အိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများကိုလည်း များစွာဖော်ထုတ်လျက် ရှိပါတယ်။ တန်ဖိုးမြှင့်အိမ်ရာများဖြစ်သော ပန်းလှိုင်အိမ်ရာ၊ င်္ြှုအိမ်ရာ၊ နဝဒေးအိမ်ရာများနဲ့ တန်ဖိုးသင့်အိမ်ရာများဖြစ်သော ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ ရွှေကမ်းသာယာအိမ်ရာများနဲ့ အခြားအိမ်ရာများလည်း အများအပြားရှိပါတယ်။  ၄င်းအိမ်ရာများတွင် မိမိတို့နိုင်ငံသားများ အများအပြားနေထိုင်ကြသလို နိုင်ငံခြားသားများလည်း အများအပြား နေထိုင်လျက်ရှိကြပါတယ်။ ၄င်းအိမ်ရာများ၏ အမှိုက်သိမ်းဆည်းမှုကိစ္စ၊ ရေစီးရေလာကောင်းမွန်ရေး ကိစ္စ၊ လျှပ်စစ်မီးတပ်ဆင်ထိန်းသိမ်းပြုပြင်ရေးကိစ္စများကို အိမ်ရာကော်မတီများဖွဲ့၍ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆောင်ရွက်နေကြရပါတယ်။ ၄င်းကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်မှုကြောင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိသောကိစ္စရပ် အများအပြား ဖြစ်ပေါ်လျက်ရှိပါတယ်။ ဥပမာ ကျန်စစ်သားအိမ်ရာရဲ့ မြေအောက်ရေထုတ်ယူသုံးစွဲရန် အတွက် အဝီဇိတွင်းတွေတူးတယ်။ နောက်တစ်ခါ စည်ပင်ခွန်ဆိုပြီးတော့ စည်ပင်မြေပေါ်ကို လမ်းပေါ်ကို ကျူးကျော်ဆောက်လုပ်ထားတဲ့ ဆိုင်ခန်းတွေလည်း အများအပြားဆောင်ရွက်ထားတာ ရှိပါတယ်။ စတင်ဆောက်လုပ်စဉ်က ဒီမြေကွက်လပ်တွေထားပြီးတော့ ကားပါကင်တွေဆိုပြီးတော့ ထားထားတယ်။ ကလေးကစားကွင်းတွေ ထားထားတဲ့နေရာမှာလည်း ကျူးကျော်တဲတွေ ဆိုင်ခန်းတွေ အများအပြားဆောက်လုပ်ပြီးတော့ ဒီလို မြို့တော်စည်ပင်သာယာရဲ့ စည်းမျဉ်းစည်းကမ်းနှင့်မညီတဲ့ ဆောင်ရွက်ချက်များကို အများကြီးဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ အင်မတန်မှ ရှုပ်ထွေးတဲ့ လူနေမှုစနစ်၊ ဆောက်လုပ်မှုစနစ်တွေ ကျူးကျော်မှုစနစ်တွေ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဏသတနမ  ဏသငညအနဲ့ ပြခွင့်ပြုပါ။ ဒါဆိုရင် ကျွန်တော်တို့ ကျန်စစ်သားအိမ်ရာက တိုက်ခန်းတွေပါ။ ဆောက်လုပ်ကတည်းက အခုအချိန်ထိ စည်ပင်သာယာကို လွှဲပြောင်းမှုမရှိသေးဘူးဆိုပြီးတော့ စည်ပင်သာယာက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ကျွန်တော်သွားရောက်စုံစမ်းတဲ့အခါမှာ ဖြေကြားပါတယ်ဆိုတော့ စည်ပင်ကို သာမလွှဲရသေးတာ တိုက်ခန်းတွေက လူနေလို့မသင့်တော်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ နြထအ ဒီလိုအခြေအနေတွေရှိနေပါတယ်။ နြထအ ဒါဆိုရင် ကျွန်တော်တို့ ကျန်စစ်သားအိမ်ရာက နေပြီးတော့ မြေအောက်တူးဖော်မှုတွေဟာ တူးချင်သလိုတူး ဆောင်ရွက်ချင်သလို ဆောင်ရွက်တဲ့ အခါမှာ မကြာခင်ကဖြစ်ပေါ်တဲ့ တိုက်ကြီးငလျင်လိုမျိုး ဒီနားတစ်ဝိုက်မှာဖြစ်မယ်ဆိုရင် တော်တော်လေးကို အန္တရာယ်ရှိနိုင်တဲ့ အနေအထားတွေရှိပါတယ်။ နြထအ ဒါဆိုကျွန်တော်တို့ ကားပါကင်တွေလုပ်မယ့်နေရာ ကလေးကစားကွင်းတွေလုပ်မယ့် ကျန်စစ်သားအိမ်ရာထဲကနေရာတွေ ယခင်ဆောင်ရွက်ထားခဲ့တာတွေလည်းရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမျိုးမျိုးဈေးဆိုင်တွေ ဖွင့်ပြီးတော့ ကျူးကျော်ပြီးတော့ တဲတွေနဲ့ ရှုပ်ယှက်ခတ်အောင် ဆောင်ရွက်ထားတာရှိပါတယ်။  နြထအ ဒါဆိုရင် ကားပါကင်နေရာတွေမှာ အဆောင်တွေ ဈေးဆိုင်တွေနဲ့ ကျွန်တော်တို့ ကျန်စစ်သား အိမ်ရာမှာ စည်းမဲ့ကမ်းမဲ့ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစည်ပင်သာယာက တာဝန်ရှိသူများထံကို စုံစမ်းတဲ့အခါမှာ စည်ပင်သာယာကလည်း အိုးအိမ်ကနေပြီးတော့ ဒီအိမ်ရာ တွေကို မလွှဲပြောင်းရသေးဘူးဆိုပြီးတော့ ဖြေကြားပါတယ်။ ဒါပေမယ့် အိုးအိမ်ကတာဝန်ရှိသူများကို စုံစမ်းကြည့်တဲ့အခါမှာလည်း အိုးအိမ်က လွှဲပြီးပြီဆိုတဲ့ ဖြေကြားမှုရှိပါတယ်ဆိုတော့ ဒီအိမ်ရာများစွာမှာ နေထိုင်ကြတဲ့ ပြည်သူများဟာ အိမ်ရာရဲ့ကိစ္စတစ်ခုခုဖြစ်ပေါ်လာရင် ဘယ်ဌာနကိုသွားရောက်ပြီးတော့ အကူအညီတောင်းရမှန်းမသိ ဒီလိုအခြေအနေမျိုး ကြုံနေရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ဌာနကဘဲ ကိုင်တွယ်ပြီးတော့ ဆောင်ရွက်နေမှန်းမသိ အိုးအိမ်ကလည်းလွှဲထားပြီးပြီ၊ စည်ပင်ကလည်း သူတို့ဆီမရောက်သေးဘူးဆိုတော့ တော်တော်ခက်ခက်ခဲခဲဖြစ်ပေါ်နေတဲ့ ကိစ္စရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို အိုးအိမ်ဆိုရင်လည်းအိုးအိမ်၊ စည်ပင်ဆိုရင်လည်းစည်ပင် တိတိကျကျနဲ့ အောက်ခြေအထိကို ညွှန်ကြားချက်နှင့်အတူ အသိပေးအကြောင်းကြားပြီးတော့ ဒီဝန်ဆောင်မှုကို ပေးဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးကတစ်ဆင့် အောက်ပါမေးခွန်းများကို ကျွန်တော်မေးမြန်းလိုပါတယ်။ မေးခွန်း(၁) လှိုင်သာယာမြို့နယ်အတွင်းရှိ တန်ဖိုးမြှင့်အိမ်ရာများ ဖြစ်သော ပန်းလှိုင်အိမ်ရာ၊ င်္ြှုအိမ်ရာ၊ နဝဒေးအိမ်ရာများနဲ့ တန်ဖိုးသင့်အိမ်ရာများဖြစ်သော ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ ရွှေကမ်းသာယာအိမ်ရာများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး၏ ဝန်ဆောင်မှုစနစ်အောက်တွင် ထားရှိရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ဝန်ဆောင်မှုပေးမည်ကို သိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးရာဝန်ကြီး ။    ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခုမေးတဲ့မေးခွန်းကတော့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင် မေးတဲ့မေးခွန်းဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ် အတွင်းရှိတဲ့ တန်ဖိုးမြှင့်အိမ်ရာတွေဟာ ပန်းလှိုင်အိမ်ရာ၊ င်္ြှုအိမ်ရာ၊ နဝဒေးအိမ်ရာစတဲ့ တန်ဖိုးမြှင့်အိမ်ရာတွေနဲ့ တန်ဖိုးသင့်အိမ်ရာတွေဖြစ်တဲ့ ကျန်စစ်သားအိမ်ရာ၊ ဗိုလ်အောင်ကျော်အိမ်ရာ၊ ထီးလှိုင်ရှင်အိမ်ရာ၊ ရွှေကမ်းသာယာအိမ်ရာများစသည်တို့အား ရန်ကုန်မြို့တော်စည်ပင်သာယာရဲ့ စီမံခန့်ခွဲမှုအောက်ထဲမှာမရောက်ရှိသေးပါဘူး။ အဲတော့ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ စောနကတင်ပြတဲ့ အိမ်ရာအားလုံးဟာ လက်ရှိအားဖြင့်တော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ စီမံအုပ်ချုပ်မှုအောက်မှာဘဲ ရှိပါသေးတယ်။ ဒါကြောင့်မို့လို့ စောနတုန်းက လွှတ်တော်ကိုယ်စားလှယ်ကြီး      တင်ပြသွားသလိုဘဲ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးကိုမေးတော့လည်း လွှဲပြီးသလိုလို နောက်ပြီးတော့ ဃီဃ မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း ၄င်းရဲ့စီမံခန့်ခွဲမှုထဲမရောက်တာ တရားဝင်လွှဲပြောင်းမှုမပြီးသလိုနဲ့ အဲလိုဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကိုတော့ ကျွန်တော်တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြား အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ြှ့ ယာဉ်များတွင် မသန်စွမ်းများအဆင်ပြေလွယ်ကူစွာ စီးနင်းနိုင်မည့် အစီအမံများကို ထည့်သွင်းစဉ်းစားရန် အစီအစဉ်ရှိ/မရှိနှင့် မှတ်တိုင်များအဆင့်မြှင့်တင်ခြင်းလုပ်ငန်း စဉ်ကို လုပ်ဆောင်ရာတွင်လည်း မသန်စွမ်းသူများအတွက်ပါ လွယ်ကူအဆင်ပြေစေနိုင်မည့်          အစီအစဉ်များကို ထည့်သွင်းစဉ်းစားထားခြင်းရှိ/မရှိ သိရှိလိုပါကြောင်း

အချိန်။ ၁၁၁ဝ

ဥက္ကဋ္ဌ ။         ။ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။    ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးဘဲမင်္ဂလာပါခင်ဗျား။ ကျွန်တော် ဒီနေ့မေးမယ့်မေးခွန်းကတောီ့ငျဘေူန လို့ခေါ်တဲ့ မသန်စွမ်းသူတွေနဲ့ သက်ဆိုင်တဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းမေးဖြစ်တဲ့ အကြောင်းရင်းကတော့ြှကိစ္စကို ကျွန်တော်တို့ ကူညီဆောင်ရွက်နေတဲ့အချိန်မှာဘဲ မီဒီယာ တစ်ခုမှာ အင်တာဗျူးတစ်ခု ကျွန်တော်တို့ ရိုက်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်ရဲ့ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်လွင်ဦးပေါ့။ အင်တာဗျူးမှာ သူပြောခဲ့တဲ့ အချက်အလက်တွေကို ကျွန်တော်ကြားရတဲ့နောက်မှာ ကျွန်တော်ဒီမေးခွန်းလေးမေးဖို့ အကြောင်းဖန် လာတာဖြစ်ပါတယ်။ အဲ့တော့ ကိုအောင်လွင်ဦးပြောခဲ့တာလေးကို ဗွီဒီယိုဖိုင်လေးနဲ့ပြခွင့်ပြုပါ။ ဒီအင်တာဗျူးမှာဆိုရင် သူပြောသွားတာက သူတို့ဒီမျက်မမြင်တွေဟာ ကားမှတ်တိုင်တွေကို ဘယ်မှတ်တိုင်ကနေ ဘယ်ကိုစီးရမယ်ဆိုတဲ့ဟာကိုလည်း တောက်လျှောက်မှတ်လာရတယ်။ အဲ့မှာ့ြှအပြောင်းအလဲဖြစ်တဲ့အခါမှာ အဲ့မှတ်ထားတာတွေက အကုန်လုံးအသစ်ဖြစ်ကုန်တဲ့အခါမှာ ဘယ်ကနေဘယ်ကိုစီးရမှန်းမသိတဲ့ဟာတွေ သူတို့ပြဿနာတက်တယ်ပေါ့နော်။ နောက်တစ်ခုက ကျတော့ ဒီ့ ညေါသည ကျြွနစသမအ လို့ခေါ်တဲ့ ဒီတိုင်ကြားနိုင်တဲ့ အပ်လေးပေါ်တဲ့အခါမှာလည်း အဲ့ဟာလေးကို သူတို့စိတ်ဝင်စားတယ်၊ တိုင်တယ်။ ဒါ ပေမယ့် သူတို့မျက်မမြင်တွေသုံးဖို့အတွက် အသံမပါတဲ့အခါကျတော့ ဒါကိုသုံးလို့မရဘူး။ အဲဒီအင်တာဗျူးအပြီးမှာ အဲ့တော့မှလည်း ကျွန်တော်လည်း စဉ်းစားမိတာပါ့။ အဲတော့ြှ ကိစ္စကိုကူညီတဲ့အချိန်မှာ အမှန်အတိုင်းပြောရရင် ဒီလိုမျိုး မသန်စွမ်းသူတွေ အဲ့လောက်ဒုက္ခရောက်လိမ့်မယ်လို့ ကျွန်တော်တို့လည်း မစဉ်းစားမိဘူး။ ဒီသန်သန်စွမ်းစွမ်းသူတွေတောင်မှ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ တိုင်ပါတ်နေတဲ့အချိန်မှာ ဒီလိုမျိုး မသန်စွမ်းတဲ့သူတွေဆို ပိုပြီးဒုက္ခရောက်မယ့် အနေအထားရှိတယ်ဆိုတာ အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း အရင်ကမစဉ်းစားမိပါဘူး။ ဒါပေမယ့်လည်း ဒီအင်တာဗျူးလေးပြီးတဲ့ အခါမှာ အဲ့ဟာလေးကို စဉ်းစားမိတဲ့အတွက်ကြောင့်မို့ ကျွန်တော်ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်။ အဲ့တော့ အခုကားတွေလည်း ကျွန်တော်တို့ အသစ်တွေသွင်းလာတယ်။ နောက်မှတ်တိုင်စနစ်တွေကိုလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ ကျွန်တော်တို့သိရတယ်။ အဲ့အတွက်ကြောင့်မို့ ဒီလိုမျိုး မှတ်တိုင်တွေ ကားတွေမှာ ကျွန်တော်တို့ဘယ်လိုပုံစံမျိုး ဒီမသန်စွမ်းတွေအတွက် စီမံဆောင်ရွက်ထားလည်း ဆိုတာလေးကို သိချင်တာပါ။ တစ်ခြားနိုင်ငံတွေမှာရှိခဲ့တဲ့ မှတ်တိုင်တွေရဲ့ ပုံစံလေးတွေကို နည်းနည်းပြချင်ပါတယ်။ ဏသတနမ ဏသငညအနဲ့ ပြခွင့်ပြုပါ။ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ မဟုတ်တာတော့သေချာပါတယ်။ ကျွန်တော်တို့ ကား၊ ဘတ်စ်ကားဝင်မယ့်နေရာတစ်ခု အထဲမှာ ရှိပါတယ်။ ပြီးတဲ့အခါမှာ အရှေ့မှာ တန်းလေးတွေကာထားပါတယ်။ အဲဟာဆိုရင်လည်းဘဲ မျက်မမြင်တွေဆိုရင်  တုတ်နဲ့ဒီဟာကိုရိုက်မိပြီဆိုတာနဲ့ ရှေ့ဆက်တိုးရင် ကျွန်တော်တို့ကားလာမယ် ဆိုတဲ့အနေအထားမျိုးကို ကာထားတာဖြစ်ပါတယ်။ အဲတော့ ဒီလိုဟာမျိုးလေးတွေလည်း ရှိသင့်ပါတယ်။ နြထအ ဒါလည်းနောက်တစ်ခုပါ။ နြထအ ဒါကတော့ ခြေထောက်မသန်တဲ့သူတွေကို ကားပေါ်ကို အတင်အချလုပ်တဲ့ဟာမျိုးလေးတွေလည်း ဒါကားတွေမှာပါပါတယ်။ နြထအ ဒါကတော့ ကားထဲမှာကိုဘဲ အဲ့လိုမျိုွးျှ့နနူ ဃ့ငေမ တွေအတွက် နေရာလေးတွေချထားပေးတာဖြစ်ပါတယ်။ နြထအ ဒါကတော့ အဖုလေးတွေပေါ့နော်။ အဖုလေးတွေကို စမ်းပြီးတော့ ကျွန်တော်တို့က လျှောက်တာပါ။ ကျွန်တော်တို့ဆီမှာလုပ်ဖို့တော့ နည်းနည်းအခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာက ကားတွေက ကားမှတ်တိုင်မှာ မရပ်တဲ့အခါမှာ ပြဿနာရှိတယ်။ ဒီမှာတော့ မရဘူးဗျ။ အခုလေးတင် လမ်းလျှောက်လာတယ်။ ပြီးရင် ဟိုအရှေ့လေးနေရာမှာရပ်လိုက်ရင် အဲ့နေရာနဲ့တံခါးပေါက်နဲ့ ကွက်တိဘဲ။ တစ်ခါတည်းအဲ့လိုလုပ်ထားတယ်။ မျက်မမြင်တွေ အဲဒီ အဖုလေးကို စမ်းပြီးလျှောက်လို့ရအောင်  ဒါတွေကတော့ နိုင်ငံတကာ တစ်ခြားနိုင်ငံတွေမှာ စီမံ ထားတဲ့ စီမံမှုတွေပါ။ နြထအ ဒါကတော့ ကျွန်တော်တိှု့ကူနှ့ညေါမငူေ မှာရှိတဲ့ မှတ်တိုင်တွေပါ။ အဲမှာဆိုရင်လည်း ကျွန်တော်တို့ မှတ်တိုင်က မျက်မမြင်တွေမပြောနဲ့ သာမန်လူတွေတောင် ခဏခဏ ခလုတ်တိုက်ပြီး လဲတယ်လို့ ကျွန်တော်တို့သိရပါတယ်။ အရိုးအက်သွားတဲ့သူတောင် ရှိပါတယ်။ မလိုအပ်ဘဲနဲ့ အထစ်တွေလုပ်ထားတဲ့အခါမှာ အဲ့အထစ်တွေကိုမမြင်ဘဲနဲ့ ခလုတ်တိုက်ပြီးလဲတဲ့ အနေအထားမျိုးတောင် ကိုယ်စားလှယ်တစ်ယောက်က ကျွန်တော့်ကိုပြောတာဖြစ်ပါတယ်။ ဒါ ဒီလို အနေအထားတွေဖြစ်နေပါတယ်။ ဥက္ကဋ္ဌကြီးကတစ်ဆင့်မေးမြန်းလိုတဲ့မေးခွန်းကတော့ ကားတွေလည်း အသစ်တွေဝင်လာတယ်။ နောက်တစ်ခါ ဒီကားမှတ်တိုင်တွေကိုလည်း အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေ မကြာခင်မှာဆောင်ရွက်တော့မယ်လို့သိရတယ်။ အဲ့လိုလုပ်တဲ့အခါ ခရီးသွားပြည်သူတွေ အထူးသဖြင့် မသန်စွမ်းတွေ အဆင်ပြေလွယ်ကူစေဖို့အတွက် ကားတွေမှာရော မှတ်တိုင်တွေမှာရော ဘယ်လိုအစီအမံတွေ ထည့်သွင်းဆောင်ရွက်ထားလည်းဆိုတာကို ဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်း လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ။         ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ မင်္ဂလာပါ။  ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်၏မေးခွန်းကို ဖြေကြားရာမှာ ကျွန်မတို့အခုအခါမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတေှာ့အမနနအ င်္ကညငအကမန လို့ခေါ်တဲ့ နိုင်ငံတကာ အဆင့်မီ ဘတ်စ်ကားမှတ်တိုင် ပထမအဆင့်(၂၅ဝ)၊ ဒုတိယအဆင့် (၂၅ဝ)ကို ဆောက်လုပ်ရန် အတွက် တင်ဒါခေါ်ယူရွေးချယ်ပြီးဖြစ်ပါတယ်။ မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီမှတ်တိုင် (၅ဝဝ)အတွင်းမှာ အကျုံးမဝင်တဲ့မှတ်တိုင်များကိုလည်း အလှူရှင်များလည်း များစွာပေါ်ပေါက်နေတဲ့ အတွက် အလှူရှင်များနှင့်တကွ အစိုးရကပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ စည်ပင်သာယာရေးကော်မတီဘတ်ဂျက်နဲ့ လမ်းများ၊ ပလက်ဖောင်း များကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ထိုသို့ဆောင်ရွက်တဲ့အချိန်မှာ လွှတ်တော် ကိုယ်စားလှယ်ကြီးပြောကြားသွားတဲ့ ဒီမျက်မမြင်များအတွက် လျှောက်လမ်းတွေီငျဘေူန ဏနမျသညများအားလုံးအတွက် အဆင်ပြေမယ့်အစီအစဉ်တွေကို ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ြှ အတွက်တင်သာမကဘဲ ကျွန်မတို့ အခုနောက်ပိုင်း အသစ်ဆောက်လုပ်မည့် အိမ်ရာစီမံကိန်းများ၊ အများပြည်သူဆိုင်ရာ အဆောက်အဦများ၊ ပလက်ဖောင်းများအားလုံးမှီာငျဘေူန ဏနမျသညတွေအတွက် ဒီဇိုင်းတွေကို ထည့်သွင်းစီစဉ်ဆောင်ရွက်ခိုင်းထားပါတယ်။ စီစဉ် ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဇိုင်းတွေ ပြုလုပ်တဲ့အခါတိုင်းမှာ အဆောက်အဦဒီဇိုင်းဖြစ်စေ လမ်းဒီဇိုင်း၊ ပလက်ဖောင်းဒီဇိုင်း၊ ဘတ်စ်ကားမှတ်တိုင်အားလုံးမှီာငျဘေူန ဏနမျသည  တွေအတွက် ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင့်။

”ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် စုပေါင်းဝန်ထမ်းအိမ်ရာ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် တည်ဆောက်ပေးမည်ဖြစ်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလို ပါကြောင်း။

ဥက္ကဋ္ဌ။          ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။        ။ အားလုံး မင်္ဂလာပါ။ ရိုသေလေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော့် မဲဆန္ဒနယ်မြေဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ဟာ ရေပတ်လည်ဝန်းရံလျက်ရှိတဲ့ ကျွန်းမြို့လေး ဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်ဟာ ရေလမ်းတစ်ခုတည်းကိုသာ အားထား သွားလာနေရတဲ့အတွက် မြို့နယ်အတွင်းလာရောက်တာဝန်ထမ်းဆောင်ရသော လုပ်သားများဟာ များစွာအခက်အခဲရှိပါတယ်။ ကျွန်တော့်ကိုယ်တွေ့လေး နှစ်ခုကိုတင်ပြရလို့ရှိရင် မနှစ်လောက်က ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ မူလတန်းကျောင်းဆရာမတွေကို ခန့်ထားတဲ့အခါမှာ ခန့်ပြီးတဲ့နောက်ပိုင်း ကျောင်းဆရာမတွေဟာ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိပါဘူး။ အဲ့တော့ ကျွန်တော်က အဲ့ကျောင်းဆရာမတွေကို ဖုန်းဆက်ပြီးမေးမြန်းကြည့်တဲ့အခါမှာ ဘာကြောင့် လာပြီးတာဝန်မထမ်း ဆောင်တာလဲမေးတဲ့အခါကျတော့ ရေလမ်းခရီးကိုဖြတ်လာရမှာ ကြောက်လို့ပါလို့ပြောတယ် နောက်တစ်ခါဘာသွားတွေ့လဲဆိုတော့ ဆိပ်ကြီးခနောင်တိုတရားရုံးကို စာရေးမ (၁)ဦးချထားပေး လိုက်တယ်။ နောက်နေ့တွေလည်း ကျွန်တော်ဆိပ်ကြီးခနောင်တိုတရားရုံးကို သွားတဲ့အခါကျတော့ အဲ့ဒီစာရေးမက ဒေါပုံမြို့နယ် တရားရုံးကိုပြောင်းသွားတယ်လို့ပြောပါတယ်။ မနေ့ကပဲရှိတယ်။ ဒီနေ့ဘာကြောင့် ပျောက်သွားတာလဲလို့ မေးတာအခါကျတော့ ဒီရေလမ်းခရီးကနေပြီးတော့ ၁၁ မိုင်စီးပြီးတော့လာရတာကြောက်လို့ လာရောက်တာဝန်မထမ်းဆောင်တာပါလို့ပြောပါတယ်။ ဒါကြောင့်မို့လို့ ပြောင်းသွားတာလို့ ပြောပါတယ်။ အဲ့တော့ ကျွန်တော်တို့ ဆိပ်ကြီးခနောင်တိုမြို့နယ် မှာ ဝန်ထမ်းတွေကို စုပေါင်းဝန်ထမ်းအိမ်ယာဆောက်ပေးလိုက်ခြင်းအားဖြင့် ဒီကျွန်တော်တို့မြို့နယ် မှာလာရောက်တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေဟာ အဆင်ပြေချောမွေ့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတာက ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် စုပေါင်း ဝန်ထမ်းအိမ်ယာ အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် ကာလတွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း၊ မဆောက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်း မေးမြန်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှာ ပြည်သူများ အထူးသဖြင့်ဝန်ထမ်းများနှင့်တကွ နေရေးထိုင်ရေး အခက်အခဲရှိတဲ့ နေရာပိုင်မရှိတဲ့ ပြည်သူများအတွက် ပြည်သူ့အိမ်ယာစီမံကိန်းကိုဖော်ဆောင်ဖို့အတွက် အိမ်ယာစီမံကိန်းကော်မတီကို ဖွဲ့စည်းပြီးတော့စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ယခုအခါ ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီးတော့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ အိမ်ငှားရမ်းနေထိုင်ရခြင်းမှာ အိမ်ငှားခများကြီးမြင့်တဲ့အတွက် ဒီလက်ရှိတာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများနေထိုင်ရေးအတွက်ကို ဝန်ထမ်းအိမ်ယာများဆောက်လုပ်ပေးရန် စီစဉ် ဆောင်ရွက်မယ့်အစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အတွက် စီစဉ်လျက်ရှိပါတယ်။ ထိုသို့ စီစဉ်ရာမှာ ပြည်ထောင်စုရော၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေနဲ့ရော ဘဏ္ဍာငွေများကိုစီစဉ်ဆောင်ရွက်နေရတဲ့အတွက် ထိုအစီအစဉ်ဟာ ထိုနှစ်အတွင်းမှာ ပဲဖော်ဆောင်နိုင်မှာ ဖြစ်ပါကြောင်းကို ကျွန်မအနေနဲ့လေးစားစွာ ဖြေကြားအပ်ပါတယ်ရှင်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၏ ”ဆိပ်ကြီးခနောင်တိုမြို့နယ်သည်ျွှအေနမွှထေင ပြေးဆွဲမည့် စီမံကိန်းတွင် ပါဝင်မှု ရှိ/မရှိ၊ မပါဝင်ပါကမည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။  ။လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော့်မဲဆန္ဒနယ်မြေဖြစ်တဲ့ ဆိပ်ကြီးခနောင်တို မြို့နယ်ဟာ ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားသွားလာနေရပါတယ်။ ဒါကြောင့် ကျွန်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတာက ဆိပ်ကြီးခနောင်တိုမြို့နယ်ဟွျှာအေနမွှထေင ပြေးဆွဲမှု စီမံကိန်းမှာ ပါဝင်မှုရှိ/မရှိနှင့် မပါဝင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါတယ်။ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ မင်္ဂလာပါ။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ၏ မေးခွန်းကိုဖြေကြားရာမှာ ဒီရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ်ဟွျှာအေနမွှထေင ပြေးဆွဲဖို့ ပထမပိုင်းမှာပါဝင်ခြင်း မရှိသေးပါဘူး။ ဒီအစီအစဉ်ပထမပိုင်း မှာက အင်းစိန်၊ အောင်ဇေယျတံတားကနေ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ခရီးစဉ်ဖြတ်ပိုင်းနဲ့ ဘက်စ် ကားပြေးဆွဲသကဲ့သို့ ပြေးဆွဲရန်ဖြစ်ပါတယ်။ ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကမ်းမြို့နယ် ဇက်တက်ဇက်ဆင်းဆိပ် လမ်းသစ်ဆိပ်ကမ်းတို့ကို ခရီးသည်ပို့ဆောင်နေတဲ့ စက်တပ်သမ္မာန်လုပ်ငန်းများရှိနေတဲ့အတွက် ထိုလုပ်ငန်းများထိခိုက်မှုမရှိစေရန် ညှိနှိုင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။ ယခုလုပ်ဆောင်နေတဲ့လုပ်ငန်းမှာ နိုင်ငံတကာစံချိန်စံညွှန်းအရ လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဃသာာကညငအပ ြ်န်စသည်ငဘူန ကိုအလေးပေးဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် ဒီစက်တပ်သမ္မာန်လုပ်ငန်းများလည်း ထိခိုက်မှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လတ်တလောအားဖြင့် င်္ခေန ဥညန တွင်ဆောင်ရွက်ရန်မရှိပါကြောင်း ဖြေကြားအပ် ပါတယ်။ လေးစားပါတယ်ရှင်။

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ နေ့လည်စာ စားသုံးရန်အတွက် လွှတ်တော်အစည်းအဝေးကို (၁)နာရီခန့်ရပ်နားမှာ ဖြစ်ပါတယ်။

အခမ်းအနားမှူး။        ။ လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါမယ်ရှင်။  ကိုယ်စားလှယ် တော်ကြီးများ ပြန်လည်ထွက်ခွာနိုင်ပါပြီရှင်။ အစည်းအဝေးကို နေ့လည်(၁၂း၃ဝ) ပြန်လည်စတင် မှာဖြစ်ပါတယ်ရှင်။

အစည်းအဝေးပြန်လည်ကျင်းပခြင်း

အခမ်းအနားမှူး။        ။ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပရန် အချိန်နီးကပ်လာပြီ ဖြစ်ပါ၍ ကိုယ်စားတော်ကြီးများ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။ လွှတ်တော်ဥက္ကဋ္ဌြွကရောက်လာပါပြီရှင်။

ဥက္ကဋ္ဌ။          ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။        ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၏ ”ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အဓိကလမ်းမကြီးဖြစ်သော ပဲခူးမြစ် ကမ်းနားလမ်းမှာ ကျားကြီးချောင်းမှ သရက်ပင်ချောင်ကျေးရွာအထိ ကားကြီးများ သွားလာ၍မရအောင် ဆိုးဝါးနေပါသောကြောင့် ပြည်သူများခရီးသွားရာတွင် အခက် အခဲများဖြစ်ပေါ်လျက်ရှိပါသဖြင့် 0x158င်းလမ်းအား မည်သည့်အချိန်ကာလတွင် မည်သို့ စီမံဆောင်ရွက်ပေးမည်”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ဆက်လက်ပြီးတော့ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းကို ဆက်လက် ဆောင်ရွက်ပါမယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇင်မင်းထွေး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။           ။ လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် လူဦးရေအားဖြင့် ၁၆ဝဝဝဝ ကျော် နေထိုင်ပြီး ရပ်ကွက်ကြီး(၁၄)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာဖြင့် ဖွဲ့စည်းထားသော မြို့နယ်ဖြစ်ပါတယ်။ 0x158င်းရပ်ကွက်ကြီး (၁၄)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာ ငံပိ၊ ငါးခြောက်၊ ငံပြာရည်ဇုန်၊ အနံ့စုံ၊ အသံစုံ တို့ကို ဆက်သွယ်ပေးသော အဓိကလမ်းမကြီးမှာ ပဲခူးမြစ်ကမ်းနားလမ်းမကြီးပဲ ဖြစ်ပါတယ်။ ပဲခူးမြစ် ကမ်းနားလမ်းမကြီး၏ လမ်းပန်းတစ်ခုဖြစ်သော ဂျာအေးကျောင်းမှ သရက်ပင်ချောင်ကျေးရွာအထိ လမ်းမကြီးမှာ ချိုင့်ဝှမ်းများဖြင့် ပျက်စီးယိုယွင်းနေပါသောကြောင့် ကားကြီးများပင် သွားလာလို့မရ အောင် လမ်းပန်းဆက်သွယ်ရေးမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိပါတယ်။ 0x158င်းလမ်းမကြီးကို အများဆုံးအသုံးပြုကြသော ပြည်သူများမှာ သရက်ပင်ချောင်ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ကြည်စု ကျေးရွာ၊ ဒလက်ပန်းကျေးရွာ၊ ငံပိ၊ ငါးခြောက်၊ ငံပြာရည်ဇုန်နှင့် ရပ်ကွက်(၁၄)ရပ်ကွက်ရှိပြည်သူများ သွားလာရာတွင် အဆင်မပြေမှုများနှင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိနေပါတယ်။ ပဲခူးမြစ်ကမ်းနား လမ်းကောင်းမွန်သွားပါက ပြည်သူများမှ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသို့ သွားလျှင်သော် လည်းကောင်း၊ ပညာရေးအတွက် စာသင်ကျောင်းများသို့ သွားလျှင်သော်လည်းကောင်း၊ စီးပွားရေး အတွက်ကူးသန်းရောင်းဝယ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ သို့ပါသောကြောင့် ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေလေးစားစွာမေးမြန်းလိုသည်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပျက်စီးယိုယွင်းနေသော ပဲခူးမြစ်ကမ်းနားလမ်းအပိုင်းအား မည်သည့်ကာလ၊ မည်သည့်အချိန် တွင်ပြည်သူများသွားလာမှုလွယ်ကူအောင် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး မင်္ဂလာပါ။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေး၏ မေးခွန်းကိုဖြေကြားရာမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (၄)မြို့နယ်ကွှိုသတည ဏူညေ  များရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့ပြရပ်ဝန်းများနှင့်ဆက်စပ်သွား လာနိုင်ရန် ပင်မလမ်းမကြီးများနှင့် ချိတ်ဆက်မှုစနစ် ငြေညျွသေိ နြအတသမှုပျအနာ  အရ မြို့ပြင်ပပတ်လမ်း ဥကအနမငညါ အနေဖြင့် ပဲခူးမြစ်ကမ်းတစ်လျှောက် ပဲခူးမြစ်ကမ်းနားလမ်းခေါ် ဆိပ်ကမ်း သာလမ်းမကြီးပေါ် ၂၂ ပေ အကျယ်၊ ၂ လက်မထု သံကူကွန်ကရစ်ဖြင့် သာကေတမြို့နယ်နှင့်ဆက်စပ် လျက်ရှိသည့် ၆၇ ရပ်ကွက်မှ သရက်ပင်ချောင်ကျေးရွာထိ ဖောက်လုပ်ပေးခဲ့ပါတယ်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် စက်မှုဇုန်များဖော်ထုတ်ခြင်း၊ ငံပိ၊ ငါးခြောက်၊ ငံပြာရည်၊ စားသောက်ကုန် ဇုန်များဖော်ထုတ်ခြင်း၊ ကန်ထရိုက်အကျိုးတူ စံပြလယ်ယာများ ဖော်ထုတ်ခြင်းနှင့် အိမ်ယာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အပြင် သန်လျင်၊ ကျောက်တန်းဒေသ ဖွံ့ဖြိုးမှုစီမံကိန်းများ အတွက်နေ့ညမပျက် ဆိပ်ကမ်းသာလမ်းမကြီးကိုအသုံးပြု၍ ကားကြီး၊ ကားငယ်သွားလာနေကြသဖြင့် လမ်းမကြီးယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်။ လမ်းမကြီးပြုပြင်ရန် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) စက်မှုဇုန်အပိုင်း(၄)မှ ကျားကြီးချောင်းရေတံခါးအထိ ၄.၄ မိုင်ရှည် သည့် လမ်းပိုင်းကို ၂၂ ပေအကျယ်၊ ၁ လက်မထု ဏူညေ ကွန်ကရစ်ဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပေးခဲ့ပါသည်။ အလားတူ ကျားကြီးချောင်းရေတံခါး မှ သရက်ပင်ချောင်ကျေးရွာအထိ လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရမှ လမ်းညွှန်ချက်များအရ ကုန်ကျစရိတ်များတွက်ချက်ပြီး ရန်ပုံငွေရရှိရေး စီစဉ် ဆောင်ရွက်နေပါတယ်။ ရန်ပုံငွေရရှိပါက လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

 

ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၏ ”ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်းအား အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ၊ အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ပါက မည်သည့်အချိန်တွင် စတင် အကောင်အထည်ဖော်မည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးတင်ဝင်း၊ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။             ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးများအားလုံး မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်အနေနဲ့ ကြည့်မြင်တိုင်တစ်ဘက်ကမ်းက မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့မှ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးခင်ဝင်း၊ ဦးကျော်နန္ဒတို့ အားလုံးဝိုင်းဝန်း ပြီးတော့ အကြံဥာဏ်ပေးဆွေးနွေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ကြောင်း ဦးစွာပြောကြားလို ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ကြည့်မြင်တိုင် တစ်ဘက်ကမ်းနဲ့ပတ်သက်ပြီးတော့မှ ယခင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ယခင်အစိုးရလက်ထက် ကနေပြီးတော့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ဖြစ်တဲ့ ၁၅.၆.၂ဝ၁၅ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကနေပြီးတော့ ဒီရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီးတော့ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့မှ လှိျု့ဝှက်မဲခွဲတဲ့အခါမှာ ထောက်ခံမဲ(၁ဝဝ)မဲ ကန့်ကွက်မဲ(၁ဝ)မဲနဲ့ ပယ်မဲ(၄)မဲတိုဖြင့် အတည်ပြုခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒီအတည်ပြုခဲ့ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီမြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက်ကို ကျွန်တော်တို့ ပွင့်လင်းမြင်သာစွာနဲ့ တင်ဒါခေါ် ယူခဲ့ပါတယ်။ တင်ဒါလျှောက်လွှာကို လာဝယ်တဲ့အခါမှာ ကုမ္ပဏီအများအပြားလာဝယ်သော်လည်းဘဲ သိန်းငါးသောင်ီးနစသျငအ တင်ရမှာဖြစ်တဲ့အတွက် ကုမ္ပဏီ(၃)ခုသာလျှင် လာပြီးတော့မှ ပြန်တင်ပြ တာကိုတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အကြိမ်ကြိမ်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း စိစစ် ပြီးတော့မှ ဒီ(၃)ခုစလုံးကို လုပ်ငန်းလုပ်ရမယ့် ပမာဏများပြားတဲ့အတွက် ဒီ(၃)ခုလုံးကိုပဲ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဃသညျသမအငကာ ဖွဲ့ပြီးတော့မှ ဆောင်ရွက်ဖို့ဆိုပြီး ၂၅.၂.၂ဝ၁၆ ရက်နေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၉/၂ဝ၁၆)ကနေပြီးတော့ ခွင့်ပြုချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း သက်ဆိုင်ရာ ကုမ္ပဏီများကိုခေါ်ယူပြီးတော့မှ တာဝန်ပေးစာချုပ်ကို တင်ပြပါအတိုင်းပဲ လက်မှတ်ရေးထိုးပြီးတော့မှ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့အစိုးရရဲ့လုပ်ဆောင်ချက်များအပေါ်မှာ နောက်အစိုးရကနေပြီး တာဝန်ယူ တာဝန်ခံဆောင်ရွက်မှသာလျှင် ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီအနေနဲ့လည်း ယုံကြည်စိတ်ချစွာနဲ့ ရင်းနှီးမြှုပ်နှံ ကြမှာပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချမှု ပျက်ယွင်းပြီးတော့ ကုမ္ပဏီများ အနေနဲ့ ယင်းနှီးမြှုပ်နှံမှုလုပ်နိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ အစိုးရအဆက်ဆက်က ကိုယ်သမိုင်း ကြောင်းကိုယ်ကောင်းအောင် ဆောင်ရွက်ပြီး အရာရာကိုအကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက် ခဲ့ကြမှာပဲဖြစ်ပါတယ်။ ဒီနေရာမှာ အမြင်မတူလို့ လုပ်နည်းလုပ်ဟန်ကွဲပြားသွားတာတွေတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလို ကိုယ်တာဝန်ယူရတဲ့ကာလမှာလည်း ကျွန်တော်တို့ တက်နိုင်သမျှ အရှေ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ ကိုယ်လိုချင်တဲ့ပုံစံမျိုး ညှိနှိုင်းပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားရ မှာဖြစ်ပါတယ်။ ဒီပေါ်မှာ ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီများအနေနဲ့လည်း မြို့သစ်စီမံကိန်းကို ဘယ်တော့ အကောင်အထည်ဖော်မလဲဆိုတာမျိုးတွေနဲ့ မျှော်လင့်နေသလို ကြည့်မြင်တိုင်တစ်ဘက်ကမ်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ကလည်း မျှော်တလင့်လင့်နဲ့ မြို့သစ်စီမံကိန်းဘယ်တော့စမလဲ ဆိုပြီးရှိနေ ကြပါတယ်။ တကယ်တော့ ကြည့်မြင်တိုင်အရှေ့ကမ်းနဲ့ အနောက်ဘက်ကမ်း၊ ကြည့်မြင်တိုင် တစ်မြို့နယ်ထဲမှာတောင် မတူပါဘူး။ ဖွံ့ဖြိုးမှု။ ကြည့်မြင်တိုင်အနောက်ဘက်ကမ်းမှာဆိုရင် တော်တော်လေးဖွံ့ဖြိုးမှု နောက်ကျပါတယ်။ လမ်းတွေကလည်း ကျဉ်း၊ ဟိုတစ်လောကဆို ဘလုတ်ညွှန့်မှာ မီးလောင်တဲ့အခါမှာ တော်တော်များများဆုံးရှုံးရတဲ့အနေအထားတောင်ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်စေချင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း ချင်တာကတော့ ကြည့်မြင်တိုင်တစ်ဘက်ကမ်း မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက ဘယ်လိုပုံစံမျိုးနဲ့ အကောင်အထည် ဖော်မလဲ၊ ဘယ်အချိန်မှာစပြီး အကောင်အထည်ဖော်မလဲဆိုတာ၊ နောက်တစ်ခုက အကောင်အထည်ဖော်ရန်အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး။                   ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကနေပြီးတော့ မေးခွန်း မေးမြန်းလာတာရှိပါတယ်။ ဒါကတော့ ကြည့်မြင်တိုင်တစ်ဘက်ကမ်းမှာရှိတဲ့ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ/မရှိဆိုတာရယ်၊ စီမံကိန်းကိုအကောင်အထည်ဖော်ပါက မည်သည့်အချိန်မှာ စတင်အကောင်အထည်ဖော်မည်ကိုသိလိုကြောင်း မေးမြန်းထားခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့ ကျွန်တော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးအနေနဲ့သော်လည်းကောင်း၊ နောက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကိုယ်စား အနေနဲ့သော်လည်းကောင်း ဖြေကြားမှာဖြစ်ပါတယ်။ အဲ့တော့ ရန်ကုန်မြို့တော်ဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးမြို့တော်ဖြစ်ပြီးတော့ လူဦးရေဆိုရင် ၇ သန်းကျော်မှီတင်းနေထိုင်တဲ့ လူဦးရေ သိမ့်သည်းမြင့်မားတဲ့ မြို့တော်တစ်ခုဖြစ်တာနဲ့အညီ လက်ရှိမြို့တော်ရဲ့လိုအပ်ချက်ဖြစ်နေပါတယ်။ ဒီမြို့သစ်တိုးချဲ့ဖို့ လိုအပ်ချက်ကြီးဟာ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အဓိက ရန်ကုန်မြို့တော်ကြီးမှာ စိတ်ခေါ်နေတာကလည်း ယာဉ်ကြောပိတ်ဆို့တဲ့ပြဿနာတွေ၊ အိမ်ခြံ မြေဈေးမြင့်မားတဲ့ကိစ္စတွေ၊ အခြေခံအဆောက်အအုံဖြစ်တဲ့ ရေပေးဝေရေးကိစ္စ၊ လျှပ်စစ်ဖြန့်ဖြူးရေး ကိစ္စ၊ ရေစီးရေလာသန့်ရှင်းရေး မွမ်းမံတိုးချဲ့ဖို့ကိစ္စတွေကြောင့် ဒါတွေကိုတိုးချဲ့ဆောင်ရွက်ဖို့လည်း လိုအပ်တာနဲ့အညီ ရန်ကုန်မြို့တော်ကြီးကိုလည်း တိုးချဲ့ဖို့ကမဖြစ်မနေလိုအပ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ရန်ကုန်မြို့သစ်စီမံကိန်းတွေ ရေးဆွဲပြီးတော့ ရန်ကုန်မြို့သစ်တိုးချဲ့ဖို့ အစီအမံများကို ချခဲ့ပါတယ်။ စောစောတုန်းက လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးတင်ဝင်း တင်ပြသလိုပါဘဲ ၁၅.၆.၂ဝ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဒသမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ကနေပြီးတော့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ အဲ့တော့ တိုင်းဒေသကြီးရဲ့အတည်ပြုချက်အရ ရန်ကုန်မြို့တော် ကြည့်မြင်တိုင်ရဲ့ အနောက်ဘက် ပန်းလှိုင်မြစ်၊ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ  တွံတေးကားလမ်းကြား၊ ကြည့်မြင်တိုင်မြို့နယ် ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်ရဲ့အစိတ်အပိုင်း ဖြစ်တဲ့ ဧက ၃ဝဝဝဝ ကျော်ခန့်မှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှု နဲ့ရန်ကုန်မြို့သစ်စီမံကိန်းကြီးရေးဆွဲခဲ့ပြီးတော့ ဒီစီမံကိန်းပေါ်မှာမူတည်ပြီးတော့ တင်ဒါခေါ်ယူခြင်းနဲ့ တင်ဒါကိုဖွင့်ဖောက်စစ်ဆေးပြီးတော့ အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ အခုဟာက လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဖြစ်ပေါ်လာတဲ့ အချိန်အခါမှာ ကျွန်တော်စီမံကိန်းကိုပဲ ဆက်လက်အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိကြောင်းကိုလည်း ဖြေကြားလိုပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်တစ်ဘက်ကမ်းနေရာဟာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ဆက်စပ်တဲ့ စီးပွားရေးအရ မဟာဗျူဟာမြောက်တဲ့နေရာမှာလည်း ရှိနေတာကြောင့်လည်း ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ဒီစီမံကိန်းအကောင်အထည်ဖော်မှုကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့ ရန်ကုန်မြို့သစ် တိုးချဲ့ရေးစီမံကိန်းထဲမှာ ပါဝင်တဲ့ ကြည့်မြင်တိုင်ရဲ့အနောက်ဘက်ကမ်းစီမံကိန်းကို ဆက်လက် ဆောင်ရွက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းကို ဖြေကြားအပ်ပါတယ်ခင်ဗျာ။

 

ဆက်စပ်မေးခွန်းမေးမြန်းခြင်း

ဦးတင်ဝင်း၊ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။                   ။ နည်းနည်းလေး ဖြေပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့သိရပါမှာ။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး။                   ။ အနောက်ဘက် ကြည့်မြင်တိုင်ရဲ့ အနောက်ဘက်ကမ်းမှာရှိတဲ့ စီမံကိန်းကိုဆက်လက်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ အသေးစိတ်အကောင်အထည်ဖော်မှုအစီအစဉ်ကို ကျွန်တော်စာအားဖြင့် အကြောင်းပြန်ပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။

 

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၏ ”ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ြှ ယာဉ်လိုင်းပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလိုပါကြောင်း။

 

ဥက္ကဋ္ဌ။          ။ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။

 

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။        ။ အားလုံးမင်္ဂလာပါ၊ လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော့် မဲဆန္ဒနယ်မြေဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ဟာ ယနေ့အချိန်ထိ ရေလမ်းခရီးတစ်ခုတည်းကိုသာ အားထားပြီးတော့ သွားလာနေရပါတယ်။ ယခင်အစိုးရလက်ထက်တုန်းက လှိုင်သာယာ-တွံတေး ကားလမ်းမကနေပြီးတော့ ဆိပ်ကြီးခနောင်တိုကို ဝင်တဲ့(၄)မိုင်ကျော်ကျော်လမ်းကို ဖောက်လုပ် ခဲ့ပါတယ်။ ဖောက်လုပ်ခဲ့ပြီးတော့ ဆိပ်ကြီးခနောင်တို ကြိုးတံတား(၁)စင်းကိုလည်း တည်ဆောက် ပေးခဲ့ပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိ လမ်းတွေဖောက်ခဲ့တယ်။ တံတားဆောက်ခဲ့တယ် ဆိုပေမယ့်လို့ ဆိပ်ကြီးခနောင်တို မြို့နယ်သူ၊ မြို့နယ်သားအနေနဲ့ ဆက်စပ်နယ်မြေဖြစ်တဲ့ တွံတေး မြို့နယ်က ခရီးသွားပြည်သူတွေဟာ ဒီလမ်းကိုအသုံးပြုမှုအားနည်းတာကို တွေ့ရပါတယ်။ အဲ့ဒါဟာ ဘာလဲဆိုတော့ လမ်းတွေဖောက်ခဲ့တယ်၊ တံတားတွေဆောက်ခဲ့တယ်ဆိုပေမယ့်လို့ ယာဉ်လိုင်းပြေးဆွဲ ခြင်းဟာ ယနေ့အချိန်ထိမရှိပါဘူး။ ကျွန်တော်တို့ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ဆိုလို့ရှိရင် လှိုင်သာယာ ကလာပြီးတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေရှိတယ်။ အင်းစိန်မြို့နယ်ကလာပြီး တာဝန်ထမ်းဆောင် တဲ့ဝန်ထမ်းတွေရှိတယ်။ တွံတေးမြို့နယ်က လာရောက်တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေရှိတယ်။အဲ့ဒီ အင်းစိန်တို့၊ လှိုင်သာယာတို့၊ တွံတေးဘက်က ဒီဝန်ထမ်းတွေ တာဝန်လာရောက်ထမ်းဆောင် တဲ့အခါမှာဆိုလို့ရှိရင် တစ်နေ့ကိုခရီးစရိတ်က တစ်သောင်းဝန်းကျင်လောက်ကုန်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ လိုင်းကားမရှိတဲ့အတွက်ကြောင့် ဆိုင်ကယ်ကယ်ရီနဲ့လာရပါတယ်။ ဥပမာ- လှိုင်သာယာ တို့၊ အင်းစိန်တို့ဟာ ဝန်ထမ်းတွေဆိုလို့ရှိရင် လှိုင်သာယာ ဘီအိုစီအဝိုင်းကို ကားစီးလာရပါတယ်။ အဲ့ကနေတစ်ဆင့် ဆိုင်ကယ်ကယ်ရီစီးပြီးတော့မှ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ လာရောက်တာဝန် ထမ်းဆောင်ရပါတယ်။ ဒါကြောင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေပြီးတော့ ဒီ့ြှ ယာဉ်လိုင်း တစ်လိုင်းပြေးဆွဲပေးမယ်ဆိုရင် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မိဘပြည်သူများသာမက ဆက်စပ် နယ်မြေဖြစ်တဲ့ တွံတေးမြို့နယ်က ဒီပြည်သူတွေပါ အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်မေးမြန်းလိုတာက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ြှ ယာဉ်လိုင်း  ပြေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိလိုပါတယ်။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း မေးမြန်း အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၏ မေးခွန်းကို ဖြေကြားရာမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်သာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် အားလုံးကို့ြှ ယာဉ်လိုင်းပြေးဆွဲပေးဖို့ အစီအစဉ်ရှိပါတယ်။ သို့သော်လည်း ယာဉ်လိုင်းပြေးဆွဲ ရန်လမ်းကြောင်းသတ်မှတ်ရဖြစ်ပြီး လမ်းရဲ့အကျယ်အဝန်းအနေအထားအရ ပြေးဆွဲရမည့်ယာဉ် အမျိုးအစားသတ်မှတ်ရပါမယ်။ ပြေးဆွဲရမည့် ယာဉ်အမျိုးအစားဆိုတာကတော့ ဒီလမ်းတွေရဲ့ အကျယ်အဝန်းနေရာ တစ်ခိျု့နေရာတွေက ဃငအပ ကျြ နဲ့အဆင်မပြေလို့ ငြညင ကျြ တွေ ပြေးဆွဲ ရခြင်းဖြစ်ပါတယ်။ နောက်ခရီးမိုင်အရှည်နဲ့ စီးနင်းမည့်ခရီးသည်အရေအတွက်အပေါ်မူတည်ပြီး လိုအပ်သော ကားအရေအတွက်ကိုသတ်မှတ်ရပါတယ်။ ထို့အပြင် ပြေးဆွဲမည့် ဂိတ်ရင်းဂိတ်ဖျား တို့ကို စီစဉ်ရခြင်းရှိပါတယ်။ ဒီအတွက်ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ ဆိပ်ကြီးခနောင်တိုနှင့်တကွ အခြားသော ကျန်ရှိတဲ့ မြို့နယ်များမှာတော့ ယာဉ်လိုင်းများရှိပြီးဖြစ်သော်လည်း ဆိပ်ကြီးခနောင်တို မြို့နယ်အတွက်ကို ကျွန်မတို့မူလက တင်ပြခဲ့တဲ့အတိုင်း ၃ လ ၄ ဖြတ် တစ်နှစ်အစီအစဉ်မှာ ကျွန်မ တို့စတုတ္ထ ၃ လပတ်မှာ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါ တယ်ရှင်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ”ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆) အောင်ဇေယျအိမ်ရာဝင်းရှိ လစ်လပ်နေသော မြေနေရာများအား စနစ်တကျကားပါကင်ထားရှိဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် အမြန်ဆုံးဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း၊ အစီအစဉ်မရှိပါကမည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ မေးမြန်းဖို့ ဖြစ်ပါတယ်။

ဦးညီညီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)။       ။ အားလုံးဦးစွာ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်နယ်မြေမှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေ့ ကြယ်ပွင့်ပြမေးမယ့် မေးခွန်းကတော့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၆)ရပ်ကွက်မှာရှိတဲ့ အောင်ဇေယျအိမ်ရာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကားပါကင်ထားရှိနိုင်ရေးအတွက် မေးခွန်း မေးသွားမှာဖြစ်ပါတယ်။ အောင်ဇေယျအိမ်ရာဟာ အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ဆင်းရဲချမ်းသာ မရွေးနေထိုင်တဲ့ နေရာဖြစ်ပါတယ်။ အိမ်ရာဆိုလို့ ချမ်းသာတဲ့ အိမ်ရာဝန်းတစ်ခုတော့ မဟုတ်ပါဘူး။ အဲ့ဒီမှာ အိမ်ထောင်စုအနေဆိုရင်လည်း ၇ဝဝ ကျော် ၈ဝဝ နီးပါးလောက် နေထိုင်ကြပါတယ်။ အိမ်ရာစပြီးတော့ စတင်တည်တဲ့ ၁၉၉၉ ခုနှစ်ကတည်းက ကားပါကင်စနစ်တကျထားရှိခဲ့ခြင်း မရှိပါဘူး။ ယခုချိန်မှာဆိုရင်ဖြင့် ညပိုင်းမှာယာဉ်တွေရပ်နားပြီဆိုတဲ့အခါကျရင် ကားလမ်းတွေပိတ်ဆို့ ပြီးတော့ အရေးရယ် အကြောင်းရယ် မီးရေးထင်းရေးဖြစ်လို့ မီးသတ်ကားဝင်မယ်ဆိုရင်တောင်မှ လုံးဝဝင်လို့မရတဲ့အနေအထား အတိုင်းတာတွေဖြစ်နေတာကို လူထုတွေ့ဆုံပွဲမှာ များစွာသော ပြည်သူတွေကနေပြီးတော့ အကူအညီတောင်း ပြောဆိုမှုကတစ်ဆင့် လွှတ်တော်ကိုမေးခွန်းမေးခြင်း ဖြစ်ပါတယ်။ အောင်ဇေယျအိမ်ရာဝင်းရဲ့ပတ်လည်မှာ အောင်ဇေယျအိမ်ရာကော်မတီကနေပြီးတော့ ဆုံးဖြတ်နိုင်တဲ့ ပလပ်မြေတွေလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့က ပလပ်မြေတွေ မှာ အောင်ဇေယျအိမ်ရာမှာရှိနေတွဲှ့ထေင တွေရော ကျန်တဲ့ယာဉ်ပိုင်ရှင်တွေအနေနဲ့ ယာဉ်ထားရှိ နိုင်ရေးအတွက်ကို ကားပါကင်စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့အတွက် အစီအစဉ်ရှိ/မရှိဆိုတဲ့ဟာကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ မေးခွန်းကိုဖြေကြားရာမှာ အဆိုပါအောင်ဇေယျ အိမ်ရာသည် ၁၉၉၅ ခုနှစ်ကာလအတွင်း၌ တန်ဖိုးနည်းအိမ်ရာများကဲ့သို့ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချခဲ့သော အိမ်ရာဖြစ်ပါတယ်။ ကားပါကင်ထည့်သွင်းဆောက်လုပ်ပါက အဆိုပါကုန်ကျစရိတ် များကို တန်ဖိုးသင့်၍ တိုက်ခန်းဈေးနှုန်းတွင် ထည့်သွင်းရောင်းချရမည်ဖြစ်ပါသဖြင့် အိမ်ခန်းတန်ဖိုး များမြင့်တက်သွားမည်ဖြစ်ပါတယ်။ ဒီအချက်တစ်ကြောင်း၊ မူလျြေအနမ ဏူညေ ရေးဆွဲစဉ်က ခေတ်ကာလ အခြေအနေအရ ကိုယ်ပိုင်ယာဉ်အရေအတွက် နည်းပါးသောကာလဖြစ်၍ တစ်ကြောင်း၊  ကားပါကင်ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ အောင်ဇေယျအိမ်ရာဝင်းအတွင်း လစ်လပ်နေသော မြေနေရာ များအား စနစ်တကျကားပါကင်ထားရှိဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘတ်ဂျက်အစီအစဉ်ဆောင်ရွက်ရမည်ဖြစ်ပါတယ်။ အဆိုပါနေရာမှာ လူစည်ကားရာလမ်းဆုံဖြစ်နေ ပါ၍ွှမေ်ငခ ဃသညကြညခအငသည အရ ကားပါကင်ထည့်သွင်းရန်အနေအထားနဲ့ အရေအတွက်ကိုျြေအနမ ဏူညေ အရ ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ”ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ (၂ဝ)ရပ်ကွက် လှော်ကားလမ်းထိပ်မှ မောင်းမကန်ကမ်းသာလမ်းအထိ ရေကူးလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆက်လက် ခင်းပေးရန်နှင့် စက်မှုဇုန်(၃)ကင်းတားလမ်းအား ကိုက်(၄ဝဝ)ခန့် ဆက်၍ခင်းပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ မေးမြန်းဖို့ ဖြစ်ပါတယ်။

ဦးညီညီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။        ။လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဖြစ်ပါတယ်။ ယခု ကြယ်ပွင့်ပြမေးခွန်းမေးမှာကတော့ ကျွန်တော်တို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ မြေပုံပေါ်မှာပါတဲ့ နိုင်ငံတော်ကနေချမှတ်ပေးထားတဲ့ လမ်းတွေထဲမှ ပျောက်ဆုံးနေတဲ့လမ်းများထဲမှ (၂)လမ်းကို ဖော်ထုတ်ပေးနိုင်ဖို့အတွက် မေးမြန်းသွားမှာဖြစ်ပါတယ်။ ပထမတစ်လမ်းအနေနဲ့ကတော့ တကယ့်ကို အဓိကကျတဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့ ရေကူးလမ်း၊ ကျွန်တော်တို့ ၁၉ ရပ်ကွက်၊ ၅၅ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၅၆ ရပ်ကွက်နဲ့ ဒဂုံဆိပ်ကမ်းကနေ ဖြတ်သန်းသွားနိုင်တဲ့ ရေကူးလမ်းကြီးဟာဆိုရင် ဒဂုံမြို့သစ်စတည်ကတည်းက ကျောက်ကြမ်းတွေချခဲ့တာ ယနေ့အချိန်အထိဆိုရင် တဖြေးဖြေးနဲ့ကို ပျောက်လုနီးပါးဖြစ်နေပါပြီ၊ အခိျု့ဆိုရင်လည်းပဲ ငြေည လမ်းကြီးပေါ်မှာ ကျွန်တော်တို့ ကျူးတာတွေ ရှိတယ်၊ ပြီးတော့ မီးတိုင်တွေမရှိတဲ့အတွက် ညဆိုရင် လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာတွေရှိတယ်။ အဲ့ဒီနေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေရှိတာဖြစ်တဲ့အတွက် ရေကူးလမ်းကြီးကို ဖော်ထုတ် ပေးနိုင်လိုက်မယ်ဆိုရင်ဖြင့် အများကြီးကျွန်တော်တို့ ဒီလိုမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု တွေရော၊ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ရော အစစအရာရာအားလုံးအဆင်ပြေသွားနိုင်မှာ ဖြစ်တဲ့ အတွက် ရေကူးလမ်းကြီးကိုပြန်လည်ဖော်ထုတ်ပေးနိုင်ဖို့အတွက် အစီအစဉ်ရှိ/မရှိကို မေးလိုပါတယ်။ နောက်မေးခွန်းတစ်ခုအနေနဲ့ကတော့ ကင်းတားလမ်းဆိုရင်လည်း စက်မှုဇုန်(၁)ရယ် (၂)ရယ် (၃)ရယ်ကို ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းကနေပြီးတော့ တစ်လျှောက်ဖောက်ထားတဲ့ အရှည်ဆုံးသော လမ်းတစ်လမ်း ဆိုရင်လည်း မမှားပါဘူး။ အခုဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုလမ်း အနောက်ထိပ် ကနေ ပန်းခြံကနေဖြတ်လိုက်မယ်ဆိုရင် ကိုက်(၄ဝဝ)လောက်ရှိတဲ့အတိုင်းအတာမှာ  ကျန်ခဲ့တဲ့လမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်လူထုနဲ့တွေ့ဆုံတဲ့ပွဲမှာရော၊ ထွေ/အုပ်နဲ့ တွေ့ဆုံတဲ့ပွဲမှာရော၊ အဲ့ဒါ ကိုကျွန်တော်တို့ ဆွေးနွေးလိုက်တဲ့အခါမှာ ဒီကင်းတားလမ်းကြီး ပေါ်မှာရှိနေတဲ့ ဘေးဘယ်ညာမှာရှိနေတဲ့ မြေကွက်တွေကို ပထမကော်မတီကနေပြီးတော့ ရောင်းစား ခဲ့တယ်ဆိုတာ ကိုလည်း ကျွန်တော်တို့သိခဲ့ရပါတယ်။ ထပ်ပြီးတော့ စုံစမ်းမေးမြန်းတဲ့အခါမှာလည်း ရောင်းလိုက်တယ် ဆိုတဲ့နေရာမှာလည်း၊ အိုးအိမ်ကရောင်းတာလား၊ စည်ပင်ကရောင်းတာလားဆိုတဲ့ မသေချာသော မေးခွန်းတွေကို ကျွန်တော်တို့သိခဲ့ရပါတယ်။ ကင်းတားလမ်းရဲ့ညာဘက်ခြမ်းမှာရှိနေတဲ့ မဟာဓါတ်အားလိုင်းရဲ့အောက်ကိုလည်း ကျူးကျော်ထားတာများစွာတွေ့ရတဲ့အတွက် ကိုက်(၄ဝဝ) သာကျန်ရှိနေတဲ့ ပြည်ထောင်စုလမ်းမကြီးကို တိုက်ရိုက်ဖောက်လုပ်နိုင်တဲ့ ဒီကင်းတား လမ်းကြီးကို ပြန်လည်ဖော်ထုတ်နိုင်ပေးဖို့အတွက် အစီအစဉ်ရှိ/မရှိကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေနဲ့ ဒီမေးခွန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၏ ကိုယ်စားဖြေကြားမှာ ဖြစ်ပါတယ်။ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရေကူးလမ်း၊ လှော်ကားလမ်းမှ မောင်းမကန်ကမ်းသာလမ်းအထိကို ကွန်ကရစ် လမ်းအဖြစ် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စက်မှုဇုန် (၁)(၂)(၃)တို့၏ အလယ်လမ်းတစ်လမ်းဖြစ်တဲ့ ကင်းတားလမ်းမှာ စက်မှုဇုန်ဝင်းအတွင်းမှာရှိတဲ့ လမ်းဖြစ်တဲ့အတွက် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်နဲ့ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှုဇုန်များအဆင့်မြှင့်တင်ရေး ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီတို့ကို ညွှန်ကြားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

 

ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်၏ ”တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အတွင်း နှစ်စဉ်ရေကြီးရေလျှံဖြစ်ပေါ်နေမှုကိုလျှော့ချ နိုင်ရန် ကားလမ်းဘေးတစ်လျှောက်တွင် မြောင်းကြီးများကိုတူးဖော်လျက်ရှိပါသည်၊ ယင်းရေမြောင်းကြီးများကြောင့် ကားလမ်းမကြီးနှင့် ဆက်သွယ်ထားသောရွာများမှာ ကုန်စည်စီးဆင်းမှုအခက်အခဲဖြစ်နေပါသဖြင့် သွားလာမှုလွယ်ကူစေရန် မြောင်းကူး တံတားများထည့်သွင်းပေးရန် အစီအစဉ်ရှိ/မရှိ”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် မေးမြန်းဖို့ ဖြစ်ပါတယ်။

ဒေါ်စိုးပပလှိုင်၊ ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။       ။လေးစားအပ် ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တက်ရောက် လာသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ကျွန်မကတော့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် ဖြစ်ပါတယ်ရှင်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်၊ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်နှင့် အဖျောက်မြို့နယ်များတွင် နှစ်စဉ်နီးပါးရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပါတယ်။ မနှစ်ကတော့ အတော်လေး ကိုပြင်းထန်ခဲ့ပါတယ်ရှင်။ ယခုနှစ်မှာတော့ အလားတူရေကြီးရေလျှံမှုမျိုးကို လျှော့ချနိုင်ရန်အတွက် ဥတို-အဖျောက်ကားလမ်းမဘေးတစ်လျှောက်၊ ရွာသာမှ အဖျောက်သွားကားလမ်းနဘေးမှာ အကျယ်ပေ ၃ဝ အနက် ၈ ပေရှိ မြောင်းကြီးများကိ တူးဖော်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ တစ်ခိျု့ နေရာတွေမှာတော့ အဲ့ဒီထက်ကို ပိုကျယ်တဲ့မြောင်းများကိုလည်း တွေ့ရပါတယ်။ ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါရှင်။ ဒါကတော့ ကျွန်မတို့ စိုက်/မွေးကော်မတီ နယ်မြေဆင်းချိန်မှာ ဒီရေကြီး ရေလျှံမှုကိုကာကွယ်ဖို့အတွက် ကားလမ်းဘေးတစ်လျှောက်တူးထားတဲ့ မြောင်းကြီးတွေဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်၊ ဒီရေမြောင်းကြီးတွေကြောင့် ရေကြီးမှုဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်မည်ဆိုတဲ့အတွက် ဝမ်းသာစရာဖြစ်ရပါတယ်။ ဒါပေမယ့် စိုက်/မွေးကော်မတီ နယ်မြေ ဆင်းဆောင်ရွက်တဲ့အခါမှာတော့ လယ်သမားများက ဒီရေမြောင်းကြီးကြောင့်ပဲ ကားလမ်းမကြီးနှင့် ဆက်သွယ်လိုသော ကျေးရွာများမှာ ကုန်ထုတ်လမ်းအဖြစ်ဆက်သွယ်ရန် အခက်အခဲဖြစ်ပေါ်လာနိုင် ပါတယ်လို့ တင်ပြလာခဲ့ပါတယ်။ ယခုမိုးရာသည်တွင်လည်း ထိုရေမြောင်းများကိုကျော်၍ လယ်ယာ လုပ်ငန်းခွင်သို့ သွားရောက်ရန် အခက်အခဲဖြစ်ပေါ်လာတယ်လို့ ပြောကြပါတယ်။ ယခု မေးခွန်း မေးမြန်းသည့်အချိန်တွင်းမှာပင် ရေပွန်ပိုက်များချ၍ မြေဖို့ကာ ယာယီလမ်းအဖြစ် ပြုလုပ်ဆောင်ရွက် ပေးပြီးအသုံးပြုနေရပါတယ်။ ဒါပေမယ့် ရေရှည်မှာအသုံးပြုရန် အခက်အခဲရှိပါတယ်။ ဒါကြောင့် ယင်းကျေးရွာများ၏ ကုန်စည်စီးဆင်းမှုနှင့် လုပ်ငန်းခွင်သို့သွားလာမှုလွယ်ကူစေရန် မြောင်းကူး တံတားများ ထည့်သွင်းပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း အပ်ပါတယ်ရှင်။ အစီအစဉ်မရှိပါကလည်း ဘာကြောင့်မရှိသည်ကို သိရှိလိုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ မင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်၏ မေးခွန်းကိုဖြေကြားရာမှာ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့နယ် အတွင်း နှစ်စဉ်ရေကြီးရေလျှံမှုလျှော့နည်းစေရေးအတွက် အဖျောက်ကားလမ်းနှင့်အပြိုင် ကားလမ်း ဘေးမြောင်းတူဖော်ခြင်းလုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရံပုံငွေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အဖျောက်ကားလမ်းဘေးရေမြောင်းတူးဖော် ခြင်းကြောင့် ကားလမ်းနှင့်ဆက်သွယ်သော လမ်းများမှာ ကုန်ထုတ်လမ်းနှင့်ဆက်သွယ်ရေးလမ်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ထိုလမ်းတည်ရှိမည့်နေရာများမှာ လမ်းဆက်သည့်နေရာများမှာ ၃ ပေ အချင်းအကျယ်ရှိ ရေထုတ်ြွပန် ၂ လုံးချ၍ မြောင်းတူးတံတားများဆောင်ရွက်ပေးသွားရန် စီစဉ်ထား ရှိပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

 

လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်၏ ”လသာမြို့နယ်၊ လမ်းမတော်ပလာဇာ အဆောက်အဦတွင်နေထိုင်သူများ၏ လုံခြုံရေး၊ သန့်ရှင်းရေးအတွက် အသုံးပြုရန်တည်ဆောက်ထားသော နောက်ဖေးလမ်းကြား အပိုင်း အခိျု့အား အရေးပေါ်ကိစ္စရပ်များစီမံဆောင်ရွက်နိုင်ရန်အတွက် မည်သို့စီမံဆောင်ရွက် နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါကအဘယ်ကြောင့်မရှိသည်ကို သိရှိလိုပါကြောင်း၊ ယင်းနောက်ဖေးလမ်းကြားသည် ပြည်သူပိုင်ဧရိယာဖြစ်သောကြောင့် ပြည်သူများ ပြန်လည်အသုံးချရန် ယင်းဆိုင်ခန်းများကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ”ကို သိရှိလိုပါကြောင်း။

ဥက္ကဋ္ဌ။          ။ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် မေးမြန်းဖို့ ဖြစ်ပါတယ်။

ဦးကျော်မင်းဟန်၊ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။           ။လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်အခုမေးမြန်းမယ့် မေးခွန်းကတော့ လသာမြို့နယ်မှာရှိတဲ့ ယခင်သံဈေး ကိုပြန်ဖြတ်ပြီးဆောက်ထားတဲ့ လမ်းမတော်ပလာဇာအဆောက်အဦမှာ ရေထိုင်သူများရဲ့ လုံခြုံရေး၊ သန့်ရှင်းရေးအတွက် အသုံးပြုရန်တည်ဆောက်ထားသော နောက်ဖေးလမ်းကြားအပိုင်းအခိျု့ ကွယ်ပျောက်နေတဲ့အတွက်ကြောင့် တိုက်မှာနေထိုင်တဲ့ ပြည်သူများရဲ့တောင်းဆိုချက်အရ ကျွန်တော် တင်ပြခြင်းဖြစ်ပါတယ်။ မြို့တော်စည်ပင်နဲ့အကျိုးတူလုပ်ကိုင်ခဲ့တဲ့ ဗ်ငေ နထစမန်် ကုမၸဏီတို့မွ တည်ဆောက်ခဲ့တဲ့ အဆောက်အဦဖြစ်ပါတယ်။ ယင်းနောက်ဘေးလမ်းကြားဟွှာ ပုံသဏ္ဍာန် တည်ဆောက်ထားတဲ့ အနေအထားတွေ့ရှိရပါတယ်။ ဏသတနမ ဏသငညအ ဖြင့်ပြခွင့်ပြုပါခင်ဗျာ။ ကျွန်တော်တို့ ဒီလမ်းမတော်လမ်းမကြီးရဲ့နောက်မှာဆိုရင်ွှ ပုံသဏ္ဍာန် ဈေးရဲ့နောက်ကြောမှာ ရှိပါတယ်။ အဲ့ဒီ နောက်ဖေးလမ်းကြားဝင်ဖို့အတွက် အဝကို စီးပွားရေးလုပ်ငန်းရှင်တွေကနေပြီးတော့ အခိုင်အမာနဲ့ တည်ဆောက်ထားတဲ့အတွက်ကြောင့် နောက်ဖေးလမ်းကြားရယ်လို့တောင်မသိရပါဘူး။ ယခင် မြို့တော်ဝန်မှဦးဆောင်ပြီးတော့ နောက်ဖေးလမ်းကြားကိုသန့်ရှင်းရေးလုပ်သွားတဲ့အခါမှာ သန့်ရှင်းလုပ်ဖို့ အခွင့်အလမ်းမရရှိတဲ့အတွက်ကြောင့် အဲ့နောက်ဖေးလမ်းကြားတွေဟာဆိုရင် ကျွန်တော်တို့သန့်ရှင်းရေးလုပ်ခဲ့ရတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့ပြည်သူတွေဟာဆိုရင် အင်မတန်မှ စိုးရိမ်ပူပန်နေကြရပါတယ်။ အဓိကတော့ နောက်ဖေးလမ်းကြားမှာ ခြင်၊ ယင်၊ြွကက် ခိုအောင်နေခြင်း၊ ပတ်ဝန်းကျင်မှာ ညစ်ပတ်ပြီးတော့ ကျန်းမာရေးအတွက်ထိခိုက်မှုများရှိနေခြင်းများရှိပါတယ်။ ထိုအပြင် အရေးပေါ်လှေကားများရှိသော်လည်း အရေးပေါ်ကိစ္စများဖြစ်ပေါ်လာခဲ့သည်ရှိသော် အရေးပေါ် လှေကားသည်အသုံးပြုလို့မရတဲ့အတွက်ကြောင့် အဆောက်အဦနေပြည်သူများ၏တင်ပြခြင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်၏ တာဝန်ဝတ္တရားနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့်သက်ဆိုင်ရာဝန်ကြီးဌာနသို့ အောက်ပါမေးခွန်းများကို မေးမြန်းလိုက်ရပါတယ်။ ဤနောက်ဖေးလမ်းကြားကို 0x158င်း၏အင်္ဂါရပ်နှင့်အညီ အရေးပေါ်ကိစ္စများ စီမံဆောင်ရွက်နိုင်ရန် အတွက်မည်သို့ စီမံဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါသည်။ အကယ်၍ ရှိပါက မည်သည့် အချိန်တွင်ဆောင်ရွက်ပေးပါမည်၊ မရှိပါက အဘယ်ကြောင့်မရှိသည်ကိုရှင်းလင်းစွာ သိရှိလိုပါသည်။ယင်းနောက်ဖေးလမ်းကြားသည် ပြည်သူပိုင်ဧရိယာဖြစ်သောကြောင့် ပြည်သူများပြန်လည်အသုံးချ ရန်ယင်းဆိုင်ခန်းများကိုဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီး။  ။ လေးစားအပ်ပါသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ ဒီမေးခွန်းကိုလည်း ကျွန်တော် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီးကိုယ်စား ကျွန်တော်ပဲဖြေကြားပါ့မယ်။ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် မေးတဲ့မေးခွန်းဟာ ရန်ကုန်မြို့မှာရှိတဲ့ လမ်းမတော်ပလာဇာရဲ့ နောက်ဖေးလမ်းကြားဟာ အရေးပေါ် ကိစ္စရပ်တွေရှိရင် ဘယ်လိုမျိုးစီမံဆောင်ရွက်ရမည်ဆိုတာကို မေးတာဖြစ်ပါတယ်။ လမ်းမတော် ပလာဇာကြီးရဲ့ နောက်ဖေးလမ်းကြားမှာ သူရဲ့ မူလတုန်းကသံဈေးကြီးဟာ သူ့ရဲ့၁၇ လမ်းနဲ့ဒီဘက်က လမ်းကြားမှာရှိတဲ့အတွင်းမှာ နောက်ဖေးလမ်းကြားရှိတဲ့အနေအထားမရှိပါဘူး။ မူလက သတ်မှတ် ထားခြင်းမရှိပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ ဗ်ငေ နထစမန်် ကုမၸဏီရဲ့ ဒီဇိုင်းအရ လူနေအိမ်တွေ ဗယယြဃ ဆိုပြီးတော့ ၃ မျိုးဆောက်လိုက်တဲ့အခါမှာ နောက်ဖေးလမ်းကြားဆိုတဲ့ဟာကို ထည့်သွင်းပြီးတော့ ဆောက်လုပ် ခြင်းဖြစ်ပါတယ်။ အဲ့နောက်ဖေးလမ်းကြားကလည်း အမှန်ကတော့ သူကမြေအောက်မှာ ကားပါကင် ထားပြီးတော့မှ အပေါ်က အမိုးကွန်ကရစ်ခင်းထားပြီးတော့မှ အဲ့ဒီကွန်ကရစ်အမိုးပေါ်မှာ အမိုးဟာ နောက်ဖေးလမ်းကြားကဲ့သို့ဖြစ်သွားခြင်း ဖြစ်ပါတယ်။ အဲ့လို ရှင်းလင်းထားပါတယ်။ အနော်ရထာလမ်း နဲ့မဟာဗန္ဓုလလမ်းအကြားမှာ တည်ရှိနေပါတယ်။ လမ်းမတော်ပလာဇာအဆောက်အဦနဲ့ပတ်သက် လို့ကတော့ ဗ်ငေ နထစမန်် ကုမၸဏီက တာဝန်ရှိသူတွေရယ်၊ လမ်းမတော်ပလာဇာ အိမ်အဆောက် အဦမှ နေထိုင်တဲ့ပုဂ္ဂိုလ်တွေကို တိုက်သာယာရေးကော်မတီရဲ့တာဝန်ရှိသူတွေကို နောက်မြို့နယ် စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်းပြီးတော့ ဒီနောက်ဖေးလမ်းကြားကို သန့်ရှင်းဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ အဲ့ညှိနှိုင်းခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ပံ့ပိုးမှုနှင့် ဗ်ငေ နထစမန်် ကုမၸဏီတို့ ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၈.၃.၂ဝ၁၇ ရက်နေ့က စတင်ပြီးတော့ နောက်ဖေးလမ်းကြားကို ရှင်းလင်းတဲ့အခါမှာ အမှိုက်အားလုံးဟာ တန်ချိန် ၂ဝ ကျော်အမှိုက်ကား ၂ စီးစာ အကုန်လုံးသယ်ယူ စွန့်ပစ်ပြီးဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့မှာပင် အမှိုက်များအားလုံး ရှင်းလင်းပြီးဖြစ်ပါတယ်။ ကျန်တဲ့ အမှိုက်များကိုလည်း ဆက်လက်ရှင်းလင်းသွားမှာဖြစ်ပါတယ်။ အမှိုက်ရှင်းလင်းဆောင်ရွက်ပြီးတော့ ဒုတိယအဆင့်ကျန်နေခဲ့တဲ့ ရေမြောင်းပိတ်ဆို့မှုတွေ၊ ရေဆိုးပိုက်တွေ၊ ပျက်စီးမှုတွေ၊ မိလ္လာပိုက်တွေ ပျက်စီးမှုကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့အစီအစဉ် ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒီနောက်ဖေးလမ်းကြားကို အခုပြောတဲ့လမ်းမတော်ပလာဇာရဲ့ နောက်ဖေးလမ်းကြားကို ရှင်းလင်း ဆောင်ရွက်မှုနဲ့ရေဆိုး၊ ရေမြောင်းများပိတ်ဆို့မှု၊ ရေဆိုးပိုက်တွေပျက်စီးမှု၊ မိလ္လာပိုက်များ ပျက်စီးနေ မှုကို ပူးပေါင်းရှင်းလင်းဆောင်ရွက်နေတဲ့ အစီအစဉ်ကိုဆက်လက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီးတော့ အဲ့ဒီတိုက်များမှာ၊ အဆောက်အဦများမှာနေတဲ့ ပြည်သူတွေ၊ နောက်ပြီးတော့ သက်ဆိုင်ရာဌာနကရှိတဲ့ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့အားလုံး လိုအပ် ပါက ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကြီးများအနေဖြင့် ဦးဆောင်ပြီးတော့ ပူးပေါင်းညှိနှိုင်းပြီးတော့ ကျွန်တော်တို့ စဉ်ဆက်မပျက်ကြီးကြပ်ထိန်းသိမ်းလို့ရှိရင် နောက်ဖေးလမ်းကြားများဟာ အမှိုက်များ ကင်းစင်ပြီးတော့ ရေရှည်တည်တံ့နိုင်ပါတယ်။ လိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း တာဝန်ယူဖြေရှင်းပေးမယ်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်း

ဦးကျော်မင်းဟန်၊ လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။           ။ယင်းနောက်ဖေးလမ်းကြား သည် ပြည်သူပိုင်ဧရိယာဖြစ်သောကြောင့် ပြည်သူများပြန်လည်အသုံးချရာ ယင်းဆိုင်ခန်းများကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ ဆိုတဲ့ မေးခွန်းပါပါတယ်။

ဦးမြင့်သောင်း၊ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီး။  ။ အဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်တော် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ပြန်လာတဲ့အခါကျရင် စာအားဖြင့် ပြန်လည် ဖြေကြားပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး (၁၆)ရက်မြောက်                                နေ့ကျင်းပမည့်နေ့ရက်နှင့် အချိန်ကိုကြေညာခြင်း

အချိန်။

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၂.၅.၂ဝ၁၇ (တနင်္လာ)နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

အခမ်းအနားမှူး။        ။ ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။        ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။

ဟ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၅)ရက် မြောက်နေ့ အစည်းအဝေးကို (  )နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း(၁၆)ခုမေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် များက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။’

 

 

 

About Ygn Editor

Check Also

ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်းရေးရာနှင့်အဖွဲ့အစည်း ရေးရာကော်မတီ၊ ဒုတိယအကြီးအကဲ၊ အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ၊ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ ရေးရာကော်မရှင် အကြီးအကဲဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ရန်ကုန် ၊ ဇွန်လ ၂၇ ရက် ၊ ၂၀၁၉   ၂၇.၆.၂၀၁၉ ရက် နေ့လယ်(၂း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဥက္ကဋ္ဌရုံးခန်း၌ …

Leave a Reply

Your email address will not be published. Required fields are marked *