Saturday , July 20 2019
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း

၁၃၇၉ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်

( ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၂၈ ရက် )

(သောကြာနေ့) 

          ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝ၂၅

အခမ်းအနားမှူး ။       ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၂)ရက်မြောက်နေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည်  သတ်မှတ်ထားသည့် စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ]

ဥက္ကဋ္ဌ ။            ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။          ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာခြင်း

အချိန်။ ၁ဝ၂၆

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့  ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့မှာ လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၆)ဦး တက်ရောက် ပါတယ်။ အစည်းအဝေးကိုတက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၄.၃၁) ရာခိုင်နှုန်းဖြစ်ပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေးအထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံ ကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့                                         အစည်းအဝေးအစီအစဉ် ကြေညာခြင်း

အချိန်။ ၁ဝ၂၇

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ (၁၂)ရက်မြောက်နေ့အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြနေ့်0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်။ ၁ဝဝ၃

ဥက္ကဋ္ဌ ။           ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း ဖြစ်ပါတယ်။ ယနေ့လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ယခုခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဦးသိန်းဇော်၊ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ။    ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်၊ ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်် ဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက် နေ့ကို မတက်ရောက်နိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးကိုယ်စား ခွင့်ပန်ကြားခွင့်ပြုပါခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျန်းမာရေးမကောင်းပါသဖြင့် ၂၈.၄.၂ဝ၁၇ ယနေ့ခွင့် (၁)ရက်၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်သည် ကျန်းမာရေး မကောင်းပါသဖြင့် ၂၈.၄.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ကိုယ်တိုင်ဆောင်ရွက်ရန် ရှိပါသဖြင့် ၂၈.၄.၂ဝ၁၇ ယနေ့ခွင့် (၁)ရက်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းနိုင်အောင်သည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၂၈.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက် ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏                                             အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ ။                   ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့၏ ခွင့်ပန်ကြားချက်များကို ခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု                           အခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့ အစည်းအဝေး တက်ရောက်သူ(၁၁၆)ဦး၊ ယမန်နေ့က ခွင့်ပန်ကြားသူ (၃)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၄)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၇)ဦးကို လွှတ်တော်ကခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၄) နည်းဥပဒေခွဲ(ဂ) နည်းဥပဒေခွဲငယ်(၂)အရ ယခု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား(အတည်ပြုပါတယ်)။ လွှတ်တော်ကအတည်ပြုတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ကြယ်ပွင့်ပြထားသောမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့်                      တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ

အချိန်။ ၁ဝ၃၁

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

ခရမ်းမြို့နယ်၊ ဆေးရုံဝင်းအတွင်းရှိ (၂)ထပ်လူနာဆောင် ဆောက်လုပ်ခြင်းအား၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ကာ အဘယ်ကြောင့်ယနေ့တိုင် အပြီးမသတ်နိုင်ဘဲ ဖြစ်နေသည်နှင့် အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ                               မည်သို့မည်ပုံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၃၂

ဥက္ကဋ္ဌ ။         ။ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသိန်းဇော်လတ်၊ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။         ။ အားလုံးဘဲ     မင်္ဂလာပါ။ ကျွန်တော်ကတော့ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်လတ်ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ခရမ်းမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းမှာ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ်က (၂)ထပ်လူနာဆောင်အသစ်ကို စတင် ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့တိုင် အပြီးမသတ်နိုင်ဘဲဖြစ်နေပါတယ်။ မြို့နယ် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူကိုမေးမြန်းတဲ့အခါမှာလည်း ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေး နှစ်က လာရောက်ဆောက်ပြီးတော့ လာမယ့်နောက်နှစ်တွေမှာ လာရောက် တည်ဆောက်ခြင်းမရှိတော့ ကြောင်း အခြားအခြေအနေများကိုလည်းတိကျစွာမသိကြောင်း ပြန်လည်ဖြေကြားတဲ့အတွက် ကျွန်တော့်အနေနဲ့ မြို့နယ်စီမံကိန်းဦးစီးမှူးထံကနေ ဆေးရုံနှင့်ပတ်သက်တဲ့အချက်အလက်တွေကို ကျွန်တော်တောင်းယူခဲ့ရပါတယ်။ မြို့နယ်စီမံကိန်းဦးစီးဌာနကရရှိတဲ့အချက်အလက်တွေက၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်း(၈ဝ)၊ ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်း(၉၂)သန်း ခွင့်ပြုထားခဲ့ကြောင်း စီမံကိန်းဦးစီးဌာနမှ အချက်အလက်များအရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ (၂)ထပ်လူနာဆောင်သစ်အား ခိုင်သဉ္စာကုမ္ပဏီမှ ကျပ်သန်း (၁၆ဝ) ဖြင့်တင်ဒါအောင်ခဲ့ကြောင်း လည်းသိရှိရပါတယ်။ သို့သော် ဗဟန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနရဲ့လုပ်ငန်းပြီးစီးမှုအစီရင်ခံစာမှာ ခိုင်သဇင်ကုမ္ပဏီမှဆောက်လုပ်တယ်လို့ပါရှိနေသဖြင့် တင်ဒါအောင်ကုမ္ပဏီနှင့် တကယ်ဆောက် လုပ်တဲ့ကုမ္ပဏီ ကွဲလွဲမှုရှိနေတယ်ဆိုတာလည်း စီမံကိန်းဌာနကရရှိတဲ့အချက်အလက်များအရ သိရှိရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါ။ ဒါကတော့ အခု ကျွန်တော်တို့ အဲဒီဆေးရုံရဲ့လက်ရှိအနေအထားပါ။ ဒီအတိုင်းဘဲရှိပြီးတော့ ပြီးစီးမှုမရှိပါဘူး။ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာရေးနှစ်က ဆောက်ထားတဲ့အတိုင်းပါဘဲ။ ဒါကတော့ စီမံကိန်းဌာနကရရှိတဲ့ စာရင်းဇယား များအရ ကျပ်သန်း(၁၆ဝ)နဲ့ ခိုင်သဉ္စာကုမ္ပဏီက တင်ဒါအောင်တယ်ဆိုတဲ့အချက်အလက်ပါဘဲ။ ဒါတွေကတော့ စီမံကိန်းဌာနကရရှိတဲ့ ဆေးရုံနဲ့ပတ်သက်တဲ့အချက်အလက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့တိုင်အပြီးမသတ်နိုင် ဖြစ်နေတာဟာ အဘယ်ကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ခရမ်းမြို့နယ်မှာရှိတဲ့ မဲဆန္ဒရှင်ပြည်သူတွေကလည်း သိချင်လှပါတယ်။ ဒါကြောင့် လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းလိုတာကတော့ ဒီခရမ်းမြို့နယ်ဆေးရုံဝင်း အတွင်းမှာရှိတဲ့ (၂)ထပ်လူနာဆောင်ဆောက်လုပ်နေခြင်းအား ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့တာ ယနေ့တိုင်အဘယ့်ကြောင့် အပြီးမသတ်ဖြစ်နေတယ်ဆိုတာကိုလည်း သိရှိလိုပါတယ်။ မေးခွန်း(၂)အနေနှင့် ဒီဆေးရုံကြီး အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ မည်သို့မည်ပုံဆောင်ရွက်ပေးမည်ဆိုသည်ကိုလည်း သိရှိလို ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး ။      ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမေးခွန်းနှင့် ပတ်သက်ပြီးတော့ ကျွန်တော်သိရှိထားတဲ့အချက်တွေက ပြည့်စုံလုံလောက်မှုမရှိတဲ့အတွက်ကြောင့် နောက်မှပြန်ပြီး ဖြေကြားခွင့်ပြုပါရန် လေးစားစွာဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဘောလုံးအားကစားကွင်းအား ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊          အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၃၆

ဥက္ကဋ္ဌ ။         ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။      ။ အားလုံး မင်္ဂလာပါ။ ရိုသေလေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ဆိပ်ကြီးခနောင်တိုမြို့နယ်က အရွေးချယ်ခံခဲ့တဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် တိုင်းဒေသကြီး(၁)၊ (၂) လွှတ်တော်ကိုယ်စားလှယ်(၄)ဦး ဦးဆောင်ပြီးတော့ မြို့နယ်မှာ  ပြည်ထောင်စုနေ့ဘောလုံးပွဲကို ကျင်းပပေးခဲ့ပါတယ်။ အဲဒီလိုကျင်းပ ပေးတဲ့အခါမှာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့တဲ့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ ပေးတဲ့အခါမှာ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာရှိတဲ့ အားကစားကွင်းကို ကျွန်တော်တို့ ပြုပြင်ရတဲ့ အတွက်ကြောင့် ပြုပြင်စရိတ်လည်းတအားကုန် အချိန်လည်းတော်တော်လေးယူပြီးတော့   ဘောလုံး အားကစားကွင်းကို ပြုပြင်ရပါတယ်။ ထို့အတူ ကျွန်တော်တို့ ဘောလုံးအားကစားပွဲကျင်းပနေစဉ် မှာလည်း ဘောလုံးကန်ရင်းနဲ့ ကွင်းရဲ့ကြမ်းမှုကြောင့် ပျက်စီးမှုကြောင့် ခြေကျိုးပြီးတော့ ဆေးရုံတက် ရတဲ့အဆင့်ထိဖြစ်သွားပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်မေးမြန်းလိုတာက ဆိပ်ကြီးခနောင်တိုမြို့နယ် ဘောလုံးအားကစားကွင်းအား ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလိုပါတယ်။ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း လွှတ်တော််ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။    ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး ။      ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါ။ ဆိပ်ကြီးခနောင်တိုမြို့နယ် ဘောလုံးအားကစား ကွင်းအား ၂ဝ၁၅-၂ဝ၁၆ ခ၊ု ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေ (၁၉.၈၈၂)သန်းဖြင့် အားကစားကွင်းပတ်လည် အုတ်ရေမြောင်းပြုလုပ်ခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်း (၉.၉၃၅)သန်းဖြင့် (ခ)အဆင့် အားကစားရုံ ပေ(၆ဝဝ) ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။ အဲဒါကြောင့် ၂ဝ၁၇-၂ဝ၁၈ခ၊ု ဘဏ္ဍာရေးနှစ်မှာ ဘောလုံးကွင်းပြင်ဆင်ခြင်းအတွက်  ဘတ်ဂျက်ရေးဆွဲတဲ့အထဲမှာ ပါဝင်ခြင်း မရှိခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ ပီလခတ်ကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာသူ/သားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရရှိစေရေးအတွက် ဒေသလိုအပ်ချက်အရ ကျေးလက် ကျန်းမာရေးဌာနခွဲချထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် ချထားပေးနိုင်မည်၊ မရှိပါက မည်သည့်အတွက်ကြောင့် မချထားပေးနိုင်သည်ကို                                                                       သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၃၈

ဥက္ကဋ္ဌ ။         ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။  ။လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ပီလခတ်ကျေးရွာ ငွေသောင်ယံပီလခတ်ကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာဟာဆိုရင် ကျွန်တော်တို့ တော်ကလိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ နဲ့လည်း (၄)မိုင်အကွာအဝေးရှိပါတယ်။ နောက်ပြီးတော့ မိုးရာသီမှာသွားလာဖို့အတွက်လည်း ကုန်းလမ်းခရီးလည်းမရှိဘူး၊ အခက်အခဲဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ လက်ခုပ်ကုန်း ကျေးရွာ၊ တိုက်နယ်ဆေးရုံနဲ့ (၁၂)မိုင်အကွာအဝေးခရီးဖြစ်တဲ့အတွက် ငွေသောင်ယံကျေးရွာသူ၊ ကျေးရွာသားများရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီစောင့်ရှောက်နိုင်ရန်အတွက် လွန်စွာဘဲ အခက်အခဲဖြစ်ရပါတယ်။ အဲဒီလိုဘဲ ဒီနေ့မနက်ဘဲ ကျွန်တော်တို့ဆီကို စိတ်မကောင်းစရာသတင်း တစ်ခုဝင်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က ကျွန်တော်တို့ ကြခတ်ကျေးရွာ၊ ကြခတ် ကျေးရွာဆိုတာ အမှတ်(၁)နယ်မြေဘက်မှာရှိပါတယ်။ ကျွန်တော်တို့ ကုန်းလမ်းနဲ့သွားမယ်ဆိုရင် သိပ်မဝေးတော့တဲ့ (၅)မိုင်၊ (၆)မိုင်လောက်အကွာအဝေးမှာကျွန်တော်တို့ မြိုနယ်ဆေးရုံကြီးနှင့် အကွာအဝေးရှိတယ်။ အဲဒီမှာ ပိုးထိလူနာက အချိန်မီဆေးရုံရောက်ပါရက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု နည်းနည်းလိုအပ်ချက်ရှိတဲ့အတွက် ညနေပိုင်းမှာမှ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကို လွှဲရတဲ့အတွက် ဒီနေ့မနက်လေးဘဲ အဲဒီလူနာသေသွားတယ်ဆိုတဲ့ စိတ်မကောင်းတဲ့သတင်းတစ်ခု ဝင်လာပါတယ်။ ဒါဟာ ကျွန်တော်တို့မြို့နယ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်တစ်ခုလို့ အခွင့်သင့်လို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြတာပါ။ အဲဒီလိုဘဲ ကျွန်တော်ရဲ့အမှတ်(၂) မဲဆန္ဒနယ်မြေမှာရှိတဲ့ ငွေသောင်ယံကျေးရွာဟာဆိုရင်လည်း ဒီလိုမျိုး ပင်လယ်ကမ်းစပ်ရွာလေး တစ်ရွာဖြစ်တဲ့အတွက် တိုက်နယ်ဆေးရုံရယ် ကျေးလက်ကျန်းမာရေးဌာနခွဲရယ်နဲ့ အလှမ်းဝေးနေတဲ့ နေရာဖြစ်တဲ့အတွက် အဲဒီကျေးရွာလေးမှာ ကျေးလက်ကျန်းမာရေးဌာနခွဲချပေးရန် အစီအစဉ် ရှိ/မရှိ ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး ။      ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါ။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ ပီလခတ်ကျေးရွာအုပ်စု ငွေသောင်ယံကျေးရွာသည် ၄င်းအပိုင်သောင်ခုံကျေးလက်ကျန်းမာရေး ဌာနနှင့်လည်းကောင်း၊ အနီးဆုံးဖြစ်သော ဝက်ကိုက်ကျေးလက်ကျန်းမာရေးဌာနနှင့်လည်းကောင်း၊ မိုးရာသီတွင် ခြေလျင်ခရီးတစ်နာရီကျော်သွားရသည့်အပြင် နွေရာသီတွင်လည်း လမ်းပန်း ဆက်သွယ်ရေးမကောင်းသဖြင့် ငွေသောင်ယံစွယ်တော်အရှေ့နှင့်အနောက် ရွာ(၃)ရွာရှိ လူဦးရေ (၁၁၉၅)ဦးကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဌာနခွဲတစ်ခု အမှန်တကယ်လိုအပ်တာ ဖြစ်ပါတယ်။ အမှန်တကယ်ဖွင့်လှစ်သင့်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဖွင့်လှစ်မယ်ဆိုရင် မြေနေရာရရှိရန် ကြိုးစားရမှာဖြစ်ပါတယ်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီးတော့လည်း ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၁၂.၁.၂ဝ၁၇ရက်စွဲပါစာအမှတ် ၁၈၁/ရကတ/စီမံ တင်ပြစာဖြင့် တင်ပြထားပြီးဖြစ်ပါကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အ.ထ.က(ခနောင်တို)၊ (အ.လ.က-၁)နှင့် (အ.လ.က-၂) (ထ-ခွဲ)ကျောင်းများတွင် ကွန်ပျူတာဆရာများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ကွန်ပျူတာဆရာများ ခန့်ထားပေးရန်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်၊                   အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၂

ဥက္ကဋ္ဌ ။         ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။       ။  အားလုံး မင်္ဂလာပါ။ ရိုသေလေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဒီမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေကို ကွင်းဆင်း လေ့လာတဲ့အခါမှာဆိုရင် ကျောင်းတွေမှာ ကွန်ပျူတာတွေရှိပြီးတော့ ကွန်ပျူတာတွေကို အသုံးမပြုဘဲ ကျောင်းသားတွေကို သင်ကြားမှုမရှိဘဲနှင့် ဒီတိုင်းထားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ မေးမြန်းကြည့်တဲ့အခါမှာ ကွန်ပျူတာသင်ကြားပေးမယ့် ဆရာမရှိဘူးလို့ ပြန်ပြီး တော့ ဖြေကြားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်မေးမြန်းလိုတာကတော့ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ အ.ထ.က(ခနောင်တို)၊ အ.လ.က-၁ နှင့် အ.လ.က-၂ (ထ-ခွဲ) ကျောင်းများတွင် ကွန်ပျူတာဆရာများခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ၊ ကွန်ပျူတာ ဆရာများ ခန့်ထားပေးရန်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရှိလို ပါတယ်၊ အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် မေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး ။      ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါ။ ကျွန်တော်တို့ ကွန်ပျူတာဆရာမနှင့် ပတ်သက်ပြီးတော့ (ဏွီဗြ)လို့ခေါ်တဲ့ ဏသျအ ွမေိကအေန ီငစူသော ညေိ ကြူအငာနိငေ ဗမအ အပတ်စဉ်(၁၇)သင်တန်းဆင်းများ ခွဲတမ်းရတဲ့အပေါ်တွင်မူတည်ပြီးတော့ လိုအပ်တဲ့ ကျောင်း များကို လစ်လပ်နေသော ကွန်ပျူတာဆရာများကို ဦးစားပေးခန့်ထားပေးမှာဖြစ်ပြီးတော့ လာမည့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းဖွင့်ချိန်အမီခန့်ထားနိုင်ရေး စီစဉ်လျက် ရှိပါတယ်။ ပြီးတော့ အခြေခံပညာဦးစီးဌာနမှ အပြောင်းအရွှေ့ ရာထူးတိုးအကူးအပြောင်းများ ဆောင်ရွက်ရန် ကျွန်တော်တို့ အကြောင်းကြားတဲ့ကာလမှာ ဆောင်ရွက်ရတဲ့ကိစ္စလည်း ဖြစ်ပါ တယ်။ အဲဒီတော့ (ဏွီဗြ) ကျောင်းဆင်းသင်တန်းသားများရရှိတဲ့အပေါ်တွင် မူတည်ပြီးတော့ ကျောင်းများသို့ နှစ်စဉ်လစ်လပ်မှုအပေါ် ခန့်ထားပေးလျက်လည်းရှိပါတယ်။ ကျေးဇူးတင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းများ၊ လယ်သမားများထံ ပြန်လည်ပေးအပ်ရန်ရှိသော မြေများ၊ စက်မှုဇုန်များ ဆောက်လုပ်ရန်နှင့် ဆောက်လုပ်ဆဲမြေကွက်များပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် တရားမဲ့ ကျူးကျော်နေထိုင်သူများအား ဥပဒေနှင့်အညီ ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက  မည်သည့်အချိန်တွင် မည်သို့စီမံဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက                    မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၄

ဥက္ကဋ္ဌ ။         ။ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်          ဦးစံကျော် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ အားလုံးဘဲ မင်္ဂလာပါ။လေးစားရပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အများနှင့် သက်ဆိုင်သော  အောက်ပါကြယ်ပွင့်ပြမေးခွန်းအား စာဖြင့်ရေးသားထားသည်ကို ဖတ်ကြားမေးမြန်း ခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ ယခင်အစိုးရလက်ထက်က မြို့ပြနိုင်ငံဖွံ့ဖြိုးတိုးတက် စေရန်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်မျှော်တွေးလျက် လယ်ယာမြေများအား မြို့မြေ အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်မှ စီမံဆောင်ရွက်ခဲ့ပါတယ်။ ထိုကဲ့သို့ မြို့မြေအဖြစ်သတ်မှတ်ခဲ့သည့် လယ်မြေများ၊ မြေကွက်များအား စက်မှုဇုန်များတည်ဆောက်စေရန် ပြည်တွင်းလုပ်ငန်းရှင်များအား သင့်တင့်တဲ့နှုန်းထားများဖြင့် တန်ဖိုးပေးသွင်းပြီး စက်မှုဇုန်များ စက်ရုံ၊ အလုပ်ရုံများ ဆောက်ခွင့်ပြု ခဲ့ပါတယ်။ ဒါ့အပြင် မြို့သစ်မြေကွက်များကိုဖော်ထုတ်ပြီး နိုင်ငံ့ဝန်ထမ်းများအား အငြိမ်းစားယူပြီး အချိန်တွင် အိုးပိုင်အိမ်ပိုင်ဖြင့်နေထိုင်စေရန် မြေကွက်များချထားပေးခြင်း၊ အချို့နေရာများတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးလျက် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချခြင်း၊ ဌားရမ်းနေထိုင်ခွင့်ပြုခြင်းတို့ကို စီမံချက်ဖြင့်  တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။ ထိုကဲ့သို့ နိုင်ငံတော်မှ တရားဝင်ခွင့်ပြုခဲ့သော မြေကွက်များပေါ်တွင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရန် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံ၍ စက်ရုံများတည်ဆောက်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါတယ်။ ထိုနည်းတူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများမှာလည်း အစိုးရထံမှ ရရှိသည့် မြေကွက်များပေါ်သို့  သင့်တော်သော အိမ်ကလေးများကို စိတ်အေးချမ်းသာစွာ နေထိုင်စေလိုသောစိတ်များရှိခဲ့ကြပါတယ်။ တစ်ဖန်      စက်မှုဇုန်နှင့် ဝန်ထမ်းများကို ချထားပေးသည့်မြေကွက်များမပါဝင်သော စီမံကိန်းမဆောင်ရွက် နိုင်သောမြေများအား သက်ဆိုင်ရာလယ်သမားများထံသို့ ပြန်လည်လွဲပြောင်းပေးအပ်ခဲ့သည့်အတွက် လယ်သမားများကလည်း ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။  လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ နိုင်ငံတော်အစိုးရမှ တရားဝင်သတ်မှတ်ခွင့်ပြုခဲ့သည့် စက်မှုဇုန်မြေကွက်များ၊ ဝန်ထမ်းများ၏ မြေကွက်များအား ပြန်လည်ပေးရန်ရှိသော လယ်သမားများ၏မြေကွက်များပေါ်တွင် ကျူးကျော်သူ အချို့မှ မင်းမဲ့စရိုက်ဆန်ဆန် အဆောက်အဦများဝင်ဆောက်လုပ်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း များကို ဆောင်ရွက်နေသည့်အတွက် ယနေ့ကာလတွင် ပြည်သူများမှာ နေ့စဉ်စိတ်ဒုက္ခများ ကြုံတွေ့နေရပါတယ်။ ဥပဒေကြောင်းအရ တရားစွဲဆိုပါကလည်း ဝန်ထမ်းများ၊ လယ်သမားများ အနေဖြင့် တရားရုံးစရိတ်မတတ်နိုင်သလို ဥပဒေကိုသေချာစွာနားမလည်သည့်အတွက် ကြန့်ကြာ နေရပြီး မိမိပိုင်မြေကွက်များဆုံးရှုံးရသကဲ့သို့ ခံစားနေရပြီး မြေကွက်များပေါ်တွင် ဥပဒေနှင့်မညီ မင်းမဲ့စရိုက်ဆန်ဆန် ကျူးကျော်နေထိုင်မှုများကြောင့် စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းအမျိုးမျိုး ကြုံတွေ့နေရသည်ကို နေ့စဉ်သုံးသတင်းစာများ၊ ဂျာနယ်များတွင် ဖော်ပြနေတာ တွေ့ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီလိုပိုင်ဆိုင်သူများရှိသည့် မြေကွက်များပေါ်၌ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့ဝင်ရောက်ကျူးကျော်နေမှု၊ ဆောင်ရွက်နေသူများအား တိုင်းဒေသကြီးအစိုးရအနေဖြင့်  တစ်နည်းတစ်လမ်းဖယ်ရှားရေးကို ဆောင်ရွက်သင့်ပါတယ်။ သို့မှသာ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်သည့်အတွက် အောက်ပါအများနှင့်သက်ဆိုင်သော ကြယ်ပွင့်ပြမေးခွန်းအား မေးမြန်းခြင်းဖြစ်ပါတယ်။ ဝန်ထမ်းများ၊ လယ်သမားများထံ ပြန်လည်ပေးရန်ရှိသော မြေများနှင့် စက်မှုဇုန်ရှိဆောက်လုပ်ရန်နှင့် ဆောက်လုပ်ဆဲမြေကွက်များပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန်တရားမဲ့ ကျူးကျော်နေသူများအား အစိုးရအဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ဖယ်ရှားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်၊ အစီအစဉ် မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်ပြမေးမြန်း ရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်မှပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ မေးခွန်းကိုတော့ ထပ်မံ ဖတ်ကြားခြင်းမပြုတော့ပါဘူး။ နိုင်ငံ့ဝန်ထမ်းများ၊ လယ်သမားများထံ ပြန်လည်ပေးအပ်ရန်ရှိတဲ့ မြေနေရာများနှင့် ပတ်သက်ပြီးတော့မှ ကျွန်တော်တို့မြို့နယ်အတွင်းမှာ လယ်ယာမြေများနှှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ကို လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းမြေများနှင့်ပတ်သက်၍ မြေစစ်ကော်မတီအဆင့်ဆင့်မှ စနစ်တကျစိစစ် ဆောင်ရွက်ပြီးတော့မှ ဖြေရှင်းဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များဖော်ထုတ်ရာမှာ စတင်ဆောင်ရွက်စဉ်ကပင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေများသိမ်းဆည်းရေး၊ သိမ်းဆည်းမြေများအပေါ် လူနေရပ်ကွက်များနှင့် စက်မှုဇုန်မြေကွက်များ အဖြစ်ဖော်ထုတ်၍ ဌာနဆိုင်ရာများ၊ စက်မှုလုပ်ငန်းရှင်များ၊ ပြည်သူလူထုများအား လူနေထိုင်ရန် စက်မှုလုပ်ငန်းများဆောင်ရွက်ရန် မြေလွှဲအမိန့်များ၊ မြေချပါမစ်များ၊ မြေဂရန်များကို ပိုင်ဆိုင်မှု များဖြင့် ထုတ်ပေးဆောင်ရွက်လျက်ရှိပါတယ်။ ဌာနဆိုင်ရာမြေများပေါ်မှာ ကျူးကျော်လာပါက သက်ဆိုင်ရာဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ သြအငခန ပေးဖယ်ရှားခြင်း၊ ထွက်ခွာခြင်းမရှိပါက ဥပဒေနှင့်အညီ ဖယ်ရှားဆောင်ရွက်လျက်ရှိပြီး အများပြည်သူပိုင် စည်ပင်ပိုင်မြေများဖြစ်ပါက ကျူးကျော်ဆောက်လုပ်သူများအား သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ တားမြစ်ခြင်း၊ ဆက်လက် ဆောင်ရွက်ပါက ၂ဝ၁၃ခုနှစ် စည်ပင်သာယာဥပဒေနှင့်အညီ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တစ်တဲကျူးတစ်တဲဖျက်စနစ်ဖြင့် ရှင်းလင်းလျက်ရှိပြီး  ရှင်းလင်းဖျက်သိမ်းရန် အခက်အခဲရှိပါက စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈၊ ၆၉ အရ တရားစွဲဆို ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်မှ မြေဌားစာချုပ်ထုတ်ပေးထားသော မြေများပေါ်တွင် ကျူးကျော်မှုများ ဖြစ်ပွားပါက သက်ဆိုင်ရာမြေဌားစာချုပ်ရရှိထားသူများမှ ပြစ်မှုဆိုင်ရာဥပဒေ အရလည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း တရားစွဲဆိုပြီး ဥပဒေနှင့်အညီ ဖယ်ရှား ရှင်းလင်းမှုအား အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ခရမ်းမြို့နယ်၊ ကျွဲဒလင်းကျေးရွာအုပ်စု ပုဇင်းနီကန်ကျေးရွာရှိ ပုဇင်းနီကန်ချောင်း ကူးတံတားအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြည့်မှီသော ရန်ပုံငွေခွဲဝေချထားပေးနိုင်မှု ရှိ/မရှိနှင့် တံတားတည်ဆောက်နိုင်ရေးအတွက် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်လျှင်                                                       အဆင်ပြေမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅ဝ

ဥက္ကဋ္ဌ ။         ။ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးလှတိုး၊ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။             ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးကို မင်္ဂလာပါလို့ လေးစားစွာဖြင့် နှုတ်ခွန်းဆက်ပါရစေ။ ကျွန်တော်ကတော့ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခရမ်းမြို့နယ်၊ ကျွဲဒလင်းကျေးရွာအုပ်စု ပုဇင်းနီကန်ချောင်းကူးတံတားသည် လူဦးရေ (၁ဝဝဝ) ကျော်စီရှိသော ပုဇင်းနီကန်ကျေးရွာ၊ ညောင်ကုန်းကျေးရွာများ၏ အဓိကလိုအပ်နေသော တံတား ဖြစ်ပါတယ််။ အဆိုပါတံတားဆောက်လုပ်ရန် ယခုဘဏ္ဍာရေးနှစ် (၃၂)ဘီလီယံခွဲဝေဘတ်ဂျက်တွင် (၈ဝ.၈)သန်း ခွဲဝေချထားပေးသော်လည်း  တင်ဒါမအောင်မြင်သောကြောင့် ဘတ်ဂျက်ပြန်လည် သိမ်းဆည်းခံခဲ့ရပါတယ်။ အဆိုပါတံတား၏လိုအပ်ချက်ကို ဏသတနမ ဏသငညအ ဖြင့်ရှင်းပြခွင့်ပြုပါ။ ဒါကတော့ အဲဒီချောင်းထဲမှာ သွားလာနေရတဲ့အခြေအနေပါ။ နေရာအတွက် စက်ယန္တာရားတွေ ဆိုရင်လည်း  အဲဒီလိုမျိုး ကူးသန်းပြီးသွားလာနေရပါတယ်။ အဲဒီလိုမျိုး ဖောင်နဲ့အဲဒီလိုဆွဲပြီးတော့ ကူးနေရတာပါ။ ဒါကတော့ ကျွန်တော်တို့ လက်ရှိလိုအပ်နေတဲ့ တံတားရဲ့အခြေအနေပါ။ အဲဒီလိုမျိုး ကျွန်တော်တို့ ကူးသန်းသွားလာနေရတဲ့အခြေအနေဟာ နှစ်ပေါင်းများစွာရှိနေပါပြီ။ ဒါကတော့ ကျွန်တော်တို့ တံတားတည်ဆောက်ရာမှာ မရတော့မှာဖြစ်တဲ့အတွက် သူတို့ကျေးရွာကနေပြီး နှစ်စဉ်နှစ်တိုင်း သိန်း(၂၅)၊ သိန်း(၃ဝ) နှစ်တိုင်းအကုန်ခံပြီးတော့ ခင်းနေရတဲ့အခြေအနေပါ။ ကျေးဇူးတင်ပါတယ်။ ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သိလိုသည်မှာ အဆိုပါပုဇင်းနီကန် တံတားအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြည့်မီသောရန်ပုံငွေလျာထား ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် တံတားတည်ဆောက်နိုင်ရေးအတွက် မည်သည့်နည်းလမ်းဖြင့်ဆောင်ရွက်လျှင် အဆင်ပြေနိုင်မည်ကို သိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြား ပေးဖို့ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။        ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ခရမ်းမြို့နယ်၊ ပုဇင်းနီတံတားကို အရေးကြီး လိုအပ်တဲ့အကြောင်းကို ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးက အမြဲတမ်းဘဲတင်ပြပါတယ်။ အဲဒီတော့ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အထူးစီမံကိန်းလုပ်ငန်းဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်ပြင်ပမှာရှိတဲ့ မြို့နယ်များ၊ ကျေးရွာများရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဘတ်ဂျက် (၃၁.၂)ဘီလီယံရဲ့ အောက်ပါဒီပုဇင်းနီကန်တံတားရဲ့ ကုန်ကျစရိတ်က ကျပ်(၈ဝ.၈)သန်းကို ခွဲဝေချထားပေးခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီတော့ (၈ဝ.၈)သန်းကို ခွဲဝေချထားပြီးတော့ ကျွန်တော်တို့ ဒီတံတားကိုဆောက်လုပ်ဖို့အတွက် တင်ဒါခေါ်ပါတယ်။ တင်ဒါခေါ်တော့ ဒီတင်ဒါလျှောက်ထားမယ့်သူ လာရောက်ခြင်းမရှိပါဘူး။ အားလုံးအကြောင်းပြချက်ကတော့ ဒီတံတားရဲ့ကုန်ကျစရိတ် (၈ဝ.၈)သန်းသည် ဆောက်ရမယ့်ကုန်ကျစရိတ်ထက် နည်းနေတဲ့အတွက် ဘယ်သူမှစိတ်ဝင်စားခြင်း မရှိတဲ့အတွက် လျှောက်ထားခြင်းမရှိကြဘူးလို့ ယူဆပြီးပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် ဘတ်ဂျက်နှစ် တစ်နှစ်လုံးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုးနဲ့စီစဉ်ပြီးတော့ တကယ်လို့ (၈ဝ.၈)သန်းနဲ့တွက်လို့ရှိရင် ဆောင်ရွက်နိုင်တဲ့ ဒေသခံဆောက်လုပ်ရေး လုပ်ငန်းရှင် များရှိရင် တင်ဒါကင်းလွတ်ခွင့်နဲ့ အစိုးရအဖွဲ့ကိုတင်ပြပေးပြီးတော့ ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ ဆောက်လုပ်ဖို့စိတ်ဝင်စားခြင်းမရှိပါဘူး။ ဒါကြောင့်မို့  ဒီတံတားရဲ့ ကုန်ကျစရိတ်ကို ပြန်လည်ပြီးတော့ တွက်ဖို့အတွက်ကိုပြန်ပြီးတော့ ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်မှုဦးစီးဌာနကို ပြန်လည်ပြီးတော့ ခန့်မှန်းတွက်ချက်ဖို့ တာဝန်ပေးတဲ့အခါမှာ အဲဒီတံတားကို သံကူကွန်ကရစ်နဲ့ တည်ဆောက်မည်ဆိုပါက ကျပ်(၃၆ဝ)သန်း ကုန်ကျမယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒါကြောင့် ဒီ(၃၆ဝ)သန်းကို တွက်ချက်ထားပါတယ်။ ဒါပေမယ့် အခု၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ်ထဲမှာလည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေငွေစာရင်း မူလလျာထားချက် နြ ထဲမှာလည်း ထည့်သွင်းနိုင်ခဲ့ခြင်းလည်းမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီနှစ် ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ်မှာလည်း ထည့်သွင်းဖို့ကျတော့လည်း သန်းပေါင်း(၃၆ဝ) ဖြစ်တဲ့ အတွက် ငွေကြေးအကုန်အကျများပြားတဲ့ တံတားဖြစ်တဲ့အတွက် ကျွန်တော်တို့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ျွနထဲမှာလည်း ထည့်သွင်းနိုင်တဲ့အခြေအနေ မပေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ၂ဝ၁၈-၂ဝ၁၉ခု၊ဘဏ္ဍာနှစ် အဲဒီနှစ်ရဲ့ ရသုံးမှန်းခြေလျာထားချက်နြ ထဲမှာ အချိန်မီထည့်နိုင်ဖို့ ကျွန်တော်တို့ အခုကတည်းက ဦးစားပေးအဆင့်ကို သတ်မှတ်နိုင်ရန်အတွက် ခရမ်းမြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီရဲ့ အစည်းအဝေးမှာ ဒီဦးစားပေးမှုအစီအစဉ်ကို ရေးဆွဲပြီးတော့ အချိန်မီတင်ပြနိုင်ပါက ၂ဝ၁၈-၂ဝ၁၉ခု၊ ဘဏ္ဍာနှစ်ထဲမှာ ဒီတံတားရဲ့ဘတ်ဂျက်ပါဝင်ပြီးတော့ တည်ဆောက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဧရာဝတီဘဏ်၌ ထည့်သွင်းအပ်နှံထားသော အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြုပ်နှံမည့် ဘီလျံ(၇ဝ)အား မည်သို့ရင်းနှီးမြုပ်နှံမည်၊ မည်သည့်လုပ်ငန်းရှင်များနှင့် တွဲဖက်လုပ်ကိုင်၍ မည်သို့အကျိုးအမြတ်ခွဲဝေယူမည်နည်း၊ အရင်းကြေကာလ (ျွှုျွ) မည်မျှ သတ်မှတ်ထားပါသနည်း၊ ရင်းနှီးမြုပ်နှံမည့် (ကျြငညနျျ ဏူညေ)ကို လွှတ်တော်သို့ တင်ပြရန်                                                          အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၆

ဥက္ကဋ္ဌ ။         ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ မင်္ဂလာပါရှင်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မဒီနေ့မေးမြန်းမှာက ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ျွန ဘတ်ဂျက်မှာ လွှတ်တော်ကိုတင်ပြတောင်းခံထားတဲ့ ဘီလျံ(၇ဝ)ကို အများ ပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမယ်လို့ ဖော်ပြပါရှိပြီးတော့ လွှတ်တော်ကလည်း အတည်ပြုလက်ခံပြီးဖြစ်ပါတယ်။ ဒီဘီလျံ(၇ဝ)ကို ဧရာဝတီဘဏ်ထဲမှာ ထည်သွင်းအပ်နှံကာ ရန်ကုန် ျှကမေ ဆိုတဲ့ကုမ္ပဏီဖွဲ့ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  ှ့$ (၅၆ဝဝဝ)တန်ကားများ ဝယ်ယူ တင်သွင်းသွားမှာဖြစ်တယ်လို့ကြားသိရပါတယ်။ သို့သော် ကျွန်မတို့မရှင်းတာက ဒီ ြှ့ ကားစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့စဉ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရကို အကြပ်ရိုက်စေခဲ့တဲ့ ကားတွေ မလောက်တဲ့ပြဿနာဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံ ဒီအိုလံပစ်တုန်းက အသုံးပြုခဲ့တဲ့ က.ည.န ကလည်း ထောက်ခံမှုမရှိတဲ့ ကားအဟောင်းတွေကို နယ်စပ်တွေကသွင်းလာတယ်။ ဆေးသုတ်ပြီးတော့အသုံးပြုတယ်။ ဆေးသုတ်ပြီးတော့ အခု လွှတ်တော်ဝင်းအတွင်းမှာလည်း ွဏှ တွေ တပ်နေတဲ့ကားတွေကိုလည်း တွေ့ရပါတယ်။ အခုလိုဘီလျံ(၇ဝ)နဲ့ ကျွန်မတို့ ကားအသစ်တွေ ဝင်လာလို့ရှိရင် အခုလိုကားအဟောင်းတွေကိုရော ဖယ်ရှားလိုက်မှာလားဆိုတာ သိချင်ပါတယ်။ နောက်တစ်ခု ဒီကားအဟောင်းတွေက  ဃြွ  စနစ်သုံးတဲ့ ျွေ ကားတွေလို့ ကျွန်မတို့ သိရပါတယ်။ ဒီ ဃြွ စနစ်ဆိုတာလည်း နောင်(၂)နှစ်ဆိုရင် မရနိုင်တော့တဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒေါက်တာမောင်အောင်ကိုလည်း မေးကြည့်တဲ့အခါမှာ လောလောဆယ် ဘာကြောင့် ဒီ ျွေကားစနစ်တွေကို အသုံးပြုနေတာလဲ ျွေ ကရေရှည်ကိုလည်း မရနိုင်တဲ့အတွက် ဘာကြောင့် အသုံးပြုတာလဲလို့ မေးတဲ့အခါကျတော့ လောလောဆယ်မှာ ပြည်သူလူထုကားခ သက်သာစေရန် အတွက် သုံးနေရခြင်းဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါကြောင့်မို့ ဒီစနစ်သုံးစွဲဖို့ ှ့$ (၅၆ဝဝဝ)တန် ကားအသစ်ကြီးတွေကို ဃြွ စနစ်တွေကိုသုံးပြီး (၅၆ဝဝဝ)တန်ကားအသစ်ကြီးတွေကို အသုံးပြု မယ်ဆိုရင် ရေရှည်မှာ တည်ငြိမ်တဲ့ကားခတွေနဲ့ အများပြည်သူကို ဝန်ဆောင်မှုပေးနိုင်ဖို့လည်း လိုအပ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ဒီနေ့ မေးချင်တဲ့မေးခွန်းကတော့ ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားတဲ့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြုပ်နှံမည့် ဘီလျံ(၇ဝ) ကို မည်သို့ရင်းနှီးမြုပ်နှံမည်၊ မည်သည့်လုပ်ငန်းရှင်များနှင့်တွဲဖက်၍ မည်သို့အကျိုးအမြတ်ခွဲဝေ ယူမည်နည်းသိချင်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီအရင်းကြေကာလကိုလည်း(ျွှုျွ)ကို ဘယ်လောက်သတ်မှတ်ထားသလဲ၊ နောက်တစ်ချက်ကတော့ ရင်းနှီးမြုပ်နှံမည့် စီးပွားရေးလုပ်ကိုင်မည့် အစီအစဉ် ကျြငညနျျ ဏူညေ ကိုလည်း လွှတ်တော်ကို တင်ပြပေးနိုင်ပါရန် လေးစားစွာဖြင့် မေးမြန်း အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။         ။   လေးစားအပ်ပါသော     ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တို မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမေးတဲ့ မေးခွန်းကို ဖြေကြားပေးမှာဖြစ်ပါတယ်။ မေးတဲ့မေးခွန်းကတော့ ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံ ထားတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ ရင်းနှီးမြုပ်နှံမည့် ကျပ်ဘီလျံ(၇ဝ)အား မည်သို့ ရင်းနှီးမြုပ်နှံမည်၊ မည်သည့်လုပ်ငန်းရှင်များနှင့် တွဲဖက်လုပ်ကိုင်မည်၊ မည်သို့အကျိုးအမြတ်ခွဲယူမည် နည်းဆိုတဲ့ မေးခွန်းမှာ ပြီးတော့လုပ်ငန်းရဲ့ အရင်းကြေကာလ (ျွှုျွ) မည်မျှသတ်မှတ်ထားပါသလဲ၊ ရင်းနှီးမြုပ်နှံမည့် (ကျြငညနျျ ဏူညေ)ကို လွှတ်တော်သို့တင်ပြရန် အစီအစဉ်ရှိ/မရှိဆိုတဲ့  မေးခွန်းဖြစ်ပါ တယ်။ ဖြေရမယ်ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ခရီးသည်တင်ယာဉ် မော်တော် ယာဉ်များ သယ်ယူပို့ဆောင်ရေးအတွက်ကို ကျွန်တော်တို့ အများပိုင်ကုမ္ပဏီထဲမှာ ထည့်သွင်းရင်းနှီး မြုပ်နှံရန်အတွက် ကျပ်ဘီလျံ(၇ဝ)ကို ကျွန်တော်တို့ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ ျွန မှာခွဲဝေချထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့သုံးမယ့်ဟာက ့ညေါသည င်္ကည မဟုတ်ပါဘူး။ ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ ူငာငအနိ  ကတာဝန်ယူပြီးတော့ သုံးစွဲမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ ူငာငအနိ ရဲ့ ဧရာဝတီဘဏ်မှာ ထည့်သွင်းအပ်နှံထားခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အများပြည်သူသွားလာရေး အဆင်ပြေနိုင်ဖို့ ခရီးသည်မော်တော်ယာဉ် ဃငအပဘကျ ပါ။ မော်တော်ယာဉ် မြညေိ နြတ အမျိုးအစားများ ကောင်းမွန်တဲ့အမျိုးအစားများဖြစ်တဲ့ ပြည်ပထုတ်မော်ဒယ်အသစ်ယာဉ်များ အစီး(၅ဝဝ)ကနေ အစီး(၁ဝဝဝ)အထိ တင်ဒါကင်းလွတ်ခွင့်နှင့် ဝယ်ယူခွင့်ပြုပါရန်ဆိုပြီးတော့ ကျွန်တော်တို့ ဒီမော်တော်ယာဉ် အသစ်ဝယ်ယူရေးကော်မတီလည်းဖွဲ့စည်းဖို့ ကျွန်တော်တို့ ၁၆.၂.၂ဝ၁၇နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် ၇/၂ဝ၁၇ ဆုံးဖြတ်ချက်ဖြင့် ကျွန်တော်တို့ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီတာ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးရဲ့စီစဉ်ပေးမှုနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းဝေ ပြည်နယ်က အန်းခိုင်မော်တော်ယာဉ်ကုမ္ပဏီနှင့် ကျွန်တော်တို့ မြညေိ နြတ ဃငအပဘကျ  ယာဉ်အစီး (၅ဝဝ)၊ ဟာဝေးပြည်နယ်က ယူတောင်းမော်တော်ယာဉ်ကုမ္ပဏီကလည်း မြညေိ နြတ ဃငအပဘကျ ယာဉ်အစီးပေါင်း(၅ဝဝ)၊ စုစုပေါင်းယာဉ်အစီး(၁ဝဝဝ)ကို ွ အသ ွ အစီအစဉ်နဲ့ ဝယ်ယူဖို့  စီစဉ်ခဲ့ ပါတယ်။ အဲဒီတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်းဝေပြည်နယ်နှင့် ဟနွိုင်းပြည်နယ်တို့က တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဒီမော်တော််ယာဉ်ဝယ်ယူရေးအတွက် ဌားရမ်းမှုစာချွန်လွှာ ြဥ့  ကိုလည်း ၁၆.၃.၂ဝ၁၇ နေ့က ြဥ့  ကိုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မြညေိ နြတ ဃမေ များကို ဝယ်ယူရေးနှင့်ပတ်သက်ပြီးတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရန်ကုန်တိုင်းဒေသကြီးရဲ့အကြားမှာ ကျွန်တော်တို့က ွ အသ ွ  ဝယ်ယူ ဆောင်ရွက်တဲ့အစီအစဉ်ကတော့ ကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကနေ ပြီးတော့ တရုတ်ပြည်လုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကထုတ်လုပ်တဲ့ မော်တော်ယာဉ်များအရည် အသွေးကို တာဝန်ခံခြင်းရှိပါတယ်။ နောက်ပြီးတော့ ဈေးနှုန်းသက်သာ မှန်ကန်မှုကိုလည်း ဦးတည်ပြီးတာဝန်ယူဆောင်ရွက်ပါတယ်။ အဲ့တော့ မော်တော်ယာဉ်ဝယ်ယူဖို့ အတွက်လည်း ကျွမ်းကျင်သူများနဲ့ဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ ကော်မတီဖွဲ့ထားပြီးတော့ မော်တော်ယာဉ်ရွေးချယ် ဝယ်ယူဖို့ တာဝန်ပေးအပ်ပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာမော်တော်ယာဉ် ကုမ္ပဏီများဖြစ်တဲ့ အန်းခိုင်မော်တော်ယာဉ်ကုမ္ပဏီကနေပြီးတော့ ယာဉ်အစီး(၅ဝဝ)၊ ယူတောင်း မော်တော်ယာဉ် ကုမ္ပဏီမှ ယာဉ်အစီး(၅ဝဝ)၊ စုစုပေါင်းယာဉ်အစီး(၁ဝဝဝ)ကို တစ်စီးလျှင် ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး ှ့$ (၅၆ဝဝဝ)နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၅၆)သန်း ကုန်ကျမှာဖြစ်ပါတယ်။ အဲ့ဒီယာဉ် အစီး(၁ဝဝဝ)ဝယ်ယူမှုစာချုပ်ကိုလည်း ရန်ကုန်တိုင်းဥပဒေချုပ်ရဲ့ သဘောထားနှင့် ၁၁.၄.၂ဝ၁၇ ခုနှစ်က စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒါကျွန်တော်တို့ သက်ဆိုင်ရာမော်တော်ယာဉ်ထုတ်လုုပ်သူ ကုမ္ပဏီများနှင့် ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ      ူငာငအနိ ကြားမှာချုပ်တဲ့စာချုပ်ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ ူငာငအနိ ထဲမှာ ဒီကျပ်ဘီလျံ(၇ဝ) ထည့်ဝင်ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေကို ကျွန်တော်တို့က ဘယ်လိုအချိုးအစားတွေ ခွဲဝေကြတယ်၊ ဘယ်လိုလုပ်ငန်းရှင်တွေနဲ့ တွဲဖက်တယ်ဆိုတာကတော့ မူလတုန်းက ့ညေါသည ကျြ ဃသာစညေပ ူငာငအနိ မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစုရှယ်ယာ (၆၁)ရာခိုင်နှုန်းပါဝင်ပါတယ်။ နောက်ပြီးတော့ ပုဂ္ဂလိကအဖွဲ့အစည်းအနေနဲ့ကတော့ ရင်းနှီးမြုပ်နှံမှုစတင်တည်ထောင်တဲ့  င်္သကညိနမ က(၆)ဦးနဲ့ အများပြည်သူများထည့်ဝင်ထားတာက အားလုံး (၃၉)ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒါကြောင့်မို့ အစုရှယ်ယာများရင်းနှီးတဲ့အတိုင်းဘဲ ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်းနှင့်အညီ ထည့်ဝင်တဲ့အစုရှယ်ယာ အချိုးအစားအတိုင်းဘဲ အကျိုးအမြတ်များကို ခွဲဝေကြမှာဖြစ်ပါတယ်။ ထပ်ပြီးတော့ဖြေရမှာက စောနတုန်းက အရင်းကြေကာလ (ျွှုျွ) ဒီဥစ္စာက (ကျြငညနျျ ဏူညေ)ထဲမှာပါဝင်ရတဲ့ ဃမငအနမငေ တွေဖြစ်ပါတယ်။ ဒါကတော့ ကျြငညနျျ ဏူညေ ဆွဲတဲ့အခါမှာ ဒီအချက်(၂)ချက်က အရေးကြီးပါတယ်။ အမှန်တော့ ျွှုျွက ှုညအနမညေူ ျွအေန သ် ျွနအကမညပါ။  ဒါအရင်းကြေကာလမဟုတ်ပါဘူး၊ ှုညအနမညေူ ျွအေန သ် ျွနအကမည  ကရင်းနှီးမြုပ်နှံမှုအပေါ်မှာ အကျိုးအမြတ်ပြန်ပေါ်နှုန်းပါ။ အရင်းကြေကာလ ဆိုတာက ဏပေဘခေု ဏနမငသိ ပါ။ အရင်းကြေကာလက ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ ူငာငအနိ နဲ့ ကျွန်တော် ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ သူတို့ရဲ့ ီအေေ များကို ဂျစ်(စ်)ထုတ်ကြည့်တဲ့အခါ သူ့ရဲ့ကားများကိုလည်ပတ်တဲ့အခါမှာ သူ့ရဲ့ထုတ်လုပ်နိုင်တဲ့ ဥစနမအေငသည ဃသကမျန နဲ့ သူ့ရဲ့ရင်းနှီး မြုပ်နှံမှု ဃသကမျန ကိုပြန်ပြီးတော့ ချိန်ကြည့်လိုက်တဲ့အခါမှာ အရင်းကြေကာလက (၃)နှစ်ခွဲကနေပြီး တော့ (၅)နှစ်အထိရှိတယ်။ ဒီဥစ္စာက သူ့ရဲ့ ှနညျငအငလငအပ ဗညေူပျငျ ပေါ့။ သူ့ရဲ့ဆီဖိုးအတက်အကျပေါ် မူတည်တယ်။ ဝင်ငွေရရှိမှု အတက်အကျပေါ်မူတည်ပြီးတော့ တွက်ချက်လို့ရှိရင် (၃)နှစ်ခွဲကနေ (၅)နှစ်အထိ အရင်းကြေကာလရှိပါတယ်။ အဲဒီတော့ ှုညအနမညေူ ျွအေန သ် ျွနအကမည (ျွှုျွ) ကတော့ ကျွန်တော်တို့က (၁၉)ရာခိုင်နှုန်းကနေ (၂ဝ)ရာခိုင်နှုန်းကြားမှာရှိတဲ့အတွက် တွက်ခြေကိုက်တယ်။ ပြီးတော့ ဒီကားများဟာ အမြန်ဆုံးအရင်းကြေနိုင်တဲ့ကားများဖြစ်နေတယ်။ ပြောရရင်တော့ ကား အသစ်များဖြစ်တဲ့အတွက်   (၃)နှစ်၊(၄)နှစ်အတွင်းမှာ ြငေညအနညညေခန ဃသကမျန ကမရှိသလောက်ဖြစ် ပါတယ်။ ဒါကြောင့်မို့လို့ ကျြငညနျျ ဏူညေ ကိုတော့ ့ညေါသည ကျြ ဏကဘူငခ ဃသာစညေပ ူငာငအနိ (့ဏြဃ) ကနေပြီးတော့ ပြုစုမှာဖြစ်ပါတယ်။ အဲဒီ ကျြငညနျျ ဏူညေ ကိုပြုစုပြီးတော့ ဒီကျြငညနျျ ဏူညေနဲ့ သူ့ရဲ့အကောင်အထည်ဖော််မှုအခြေအနေများကိုတော့ သူ့ရဲ့အများပိုင်ကုမ္ပဏီများနည်းတူ သူ့ရဲ့နှစ်ပတ်လည်အစီရင်ခံစာများနှင့် ကျွန်တော်တို့ အများပြည်သူများကို တင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီတော့နိဂုံးချုပ်အားဖြင့် ဖြေကြားရမယ်ဆိုရင်တော့ ဒီရန်ကုန်မြို့တော်အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေနှင့်  မြညေိ နြတ ဃငအပ ဃမေတွေ မော်တော်ယာဉ်အသစ်များ ဝယ်ယူဖြည့်တင်း ရခြင်းဟာ ကျွန်တော်တို့ရန်ကုန်မြို့တော်ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး (ြှ့) ့ညေါသည ကျြ ှနမလငခန ှပျအနာ ကို အထောက်အကူပြုစေရန်နဲ့ အရည်အသွေးကောင်းမွန်စေရန်အတွက် ရည်ရွယ်ပြီးတော့ ကားများကိုဝယ်ယူဖြည့်တင်းခြင်းဖြစ်ပါတယ်။ ဒီမော်တော်ယာဉ်များကလည်း လက်ရှိ ပြေးဆွဲနေတဲ့အဟောင်းများကို အစားထိုးမှာဖြစ်ပါတယ်။ အဲဒီလိုရည်ရွယ်ထားပါတယ်။ အဲဒီတော့ ဝန်ဆောင်မှုကောင်းအောင် ဦးတည်ဆောင်ရွက်ပါတယ်။ ဝန်ဆောင်မှုကောင်းတယ်ဆိုတဲ့ အထဲမှာတော့ ကျွန်တော်တို့ရဲ့ ပြည်သူပြည်သားတွေ ဘေးကင်းအန္တရာယ်ကင်းရမယ်၊ လုံခြုံမှုရှိ စေရမယ်၊ ဃဃွှဠ များတပ်ဆင်ပေးရမယ်၊ သက်သောင့်သက်သာမှုရှိရမယ်။ ပြီးတော့ ကားများဟာ အားလုံးဟာ နိုင်ငံတကာအဆင့်မှီအမြင်တင့်တယ်ပြီး ဥပဓိရုပ်ကောင်းမွန်တဲ့ကားများဖြစ်စေရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီဥစ္စာကတော့ ဒီ ကျြငညနျျ ဏူညေ ကိုတော့ သီးခြား လွှတ်တော်ကို တင်ပြမှာမဟုတ်ဘဲနဲ့ ဏကဘူငခ ဃသာစညေပ နဲ့နည်းတူ အများပြည်သူကို ထုတ်ပြန် ကြေညာမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော အခွန်များရရှိစေရန် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ကုန်သွယ် လုပ်ငန်းခွန်(၅)ရာခိုင်နှုန်းအပြင် (ှနမလငခန ွှထေ)များ ရောနှောကောက်ခံခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဝင်ပြဌာန်းထားပါသလား၊ အဆိုပါ ကောက်ခံ နေခြင်းအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စီမံဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်                                 ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၈

ဥက္ကဋ္ဌ ။         ။ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။           ။ အားလုံးဘဲမင်္ဂလာပါ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစံကျော် ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုမှ ပြဌာန်းထားသော အခွန်ကြီးများဆိုင်ရာ ဥပဒေတွင်ပါရှိသည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်မှ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာရေးနှစ်တွင်ရရှိမည့် အခွန်များ၊ အခွန်ထမ်းကြီးများမှ မိမိတို့၏သဘောဆန္ဒအလျောက် လာရောက်အခွန်ထမ်းဆောင်ကြတာကိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အနုပညာရှင်အချို့က အခွန်ထမ်းဆောင်ရန်ကျန်ရှိနေခြင်းနှင့် ရန်ကုန်မြို့တွင်းရှိ စားသောက်ဆိုင်များတွင် တရားဝင်နိုင်ငံတော်မှ ဥပဒေပြဌာန်းထားပြီး ကြေညာထားသည့် ကုန်သွယ်လုပ်ငန်းခွန်(၅) ရာခိုင်နှုန်း၊ ဃသာာနမခငေူ ွှထေ အပြင် ှနမလငခန ွှထေ များကိုပါ ရောနှောကောက်ခံနေသည်ကို စသတနမ စသငညအ ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့ င်္နနူ စားသောက်ဆိုင်(၂)ဆိုင် ဒီမှှာနမလငခန ွှထေ က(၁ဝ%)၊ ဃသာာနမခငေူ ွှထေ က (၅%)ကို ရောနှောကောက်ခံနေတဲ့အနေအထား ဖြစ်ပါတယ်။ ဒီဘက်ဆိုင်ဆိုရင် ဃသာာနမခငေူ ွှထေ တစ်ခုဘဲ ကောက်ခံနေတဲ့သဘောဖြစ်ပါတယ်။ ဒါလည်း ထိုနည်းတူပါဘဲ။ တစ်ချို့ဆိုင်တွေဆို  (၅%)၊ တစ်ချို့ ှနမလငခန ွှထေ ဆို (၁ဝ%)ထိကောက်ခံတဲ့သဘောရှိပါတယ်။ ဒါကြောင့် စားသုံးတဲ့သူတွေအပေါ်မှာ ဝန်ထုတ်ဝန်ပိုးဖြစ်လာတဲ့ အနေအထားဖြစ်တဲ့အတွက် အောက်ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းအား မေးမြန်းရခြင်းဖြစ်ပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိနေသောအခွန်များရရှိစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါတယ်။ အဲဒီတော့ ကုန်သွယ်လုပ်ငန်းခွန် (၅%)နှင့် ှနမလငခန ွှထေ များရောနှောကောက်ခံခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဝင် ခွင့်ပြု ထားပါသလား။ အဆိုပါ ကောက်ခံနေခြင်းအပေါ် မည်ကဲ့သို့အရေးယူဆောင်ရွက်ထားခြင်းရှိ/မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးသည်ကို သိရှိလိုပါကြောင်း  လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်ပြမေးမြန်းရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ။       ။ လေးစားအပ်ပါသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အခု မေးမြန်းထားတာကတော့ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် မေးမြန်းထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာနှစ်အတွင်းမှာ ရရှိမယ့်အခွန်တွေကို ကျွန်တော်တို့ အခွန်ထမ်းကြီးများ ကနေပြီးတော့ မိမိတို့သဘောဆန္ဒအလျောက် လာရောက်ထမ်းဆောင်ကြတာ စီးပွားရေးလုပ်ငန်းရှင် များလည်း ရှိကြပါတယ်။ အဲဒီတော့ ဒီမကြာခင်ကဘဲ အခွန်များထမ်းဆောင်ပြီးတော့ အများဆုံး အခွန်များထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ကြီးများစာရင်း ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ထမ်းဆောင်တဲ့ စာရင်းများကိုလည်း ကြေညာထားပြီးဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ မေးမြန်းထားတာကတော့ အဓိကအားဖြင့်တော့ အခွန်ကျန်တဲ့ပုဂ္ဂိုလ်တွေကို ဘယ်လိုဆောင်ရွက်မလဲ၊ နောက်ပြီးတော့ ကုန်သွယ် လုပ်ငန်းခွန်(၅%)အပြင် ှနမလငခန ွှထေ အမှန်တော့ ှနမလငခန  ဃ့မေါနျ အဲဒါကိုရောနှော ကောက်ခံတာကို သိချင်တဲ့အကြောင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီမေးခွန်းကိုပြန်ဖြေရမယ်ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို အခွန်စည်းကြပ်လျက် မြို့နယ်အခွန်ဦးစီး ဌာနမှူး ရုံးပေါင်း(၄ဝ)ရှိပါတယ်။ ကုမ္ပဏီကြီးများကိုတော့ တရားဝင်ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးများကို အခွန်ကောက်ခံတဲ့အခါကိုတော့ အကုန်လုံး (ှဗှ) ဆိုတဲ့ ှနူူ ဗျျနျျာနညအ ှပျအနာ နဲ့ ကျွန်တော်တို့က အခွန်စည်းကြပ်ကောက်ခံပါတယ်။ အဲဒီ စည်းကြပ်ကောက်ခံတဲ့ ရုံး ကတော့ (ွှူဥ) ျေူအ ွှထေ ဠငေ ဉ််ငခန အခွန်ထမ်းကြီးများ ရုံးကတစ်ရုံး၊ အခွန်အလယ် အလတ်နှင့် ကုမ္ပဏီငယ်များကို အခွန်စည်းကြပ်တဲ့ (ြွှဥ) နြိငကာ ွှထေ ဠငေ ဉ််ငခန ဆိုတဲ့ရုံး အားလုံးစုစုပေါင်း(၃)ရုံး ဖွဲ့စည်းထားပါတယ်။ အဲဒီတော့ မြို့နယ်အခွန်ဦးစီးရုံးများမှာ မိမိတို့ရဲ့ သဘောဆန္ဒအလျောက်လာပြီးတော့ အခွန်ထမ်းဆောင်တဲ့သူတွေရှိသလိုဘဲ အကြောင်းကြားခေါ်ယူ သော်လည်းဘဲ လာရောက်ဆက်သွယ်အခွန်ထမ်းဆောင်ခြင်းမရှိတဲ့ လုပ်ငန်းရှင်များလည်း ရှိပါတယ်။ အလားတူ ကုမ္ပဏီအခွန်ထမ်းများ ကုမ္ပဏီအခွန်ရုံးသို့ လာရောက်ဆက်သွယ်ရန် ပျက်ကွက်တဲ့ ကုမ္ပဏီများလည်း ရှိပါတယ်။ အဲဒီတော့ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ထမ်းဆောင် ရန် ပျက်ကွက်နေသူများအပေါ် ဆောင်ရွက်တဲ့အစီအစဉ်ကတော့ (က) ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်ရှိနေသော အခွန်များအားစိစစ်ရာ အခွန်ပညာပေးဆောင်ရွက်မှုများ၊ အခွန်ဆိုင်ရာ လှုံ့ဆော်မှုများ၊ ပညာပေးဇာတ်လမ်းတိုများကို ရိုက်ကူးထုတ်လုပ်ခြင်းများ ကျယ်ပြန့်စွာ ဆောင်ရွက် သွားပါတယ်။ (ခ) မြို့နယ်များအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ငန်းလိုင်စင် သက်တမ်းတိုးပါက အခွန်ထမ်းပြီးစီးကြောင်း အထောက်အထားတင်ပြနိုင်မှသာလျှင် လုပ်ငန်းလိုင်စင်သက်တမ်း တိုးပေးရေးကို စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်သွားပါတယ်။ (ဂ) အလားတူ ကုမ္ပဏီများကိုလည်း ကျွန်တော်တို့ ပြည်တွင်းအခွန်ဦးစီးဌာနကနေ မြို့နယ်အလိုက် စာရင်းများများ ကောက်ယူပြီးတော့ အခွန်ထမ်းဆောင်ခြင်းမရှိတဲ့ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ပြီးတော့ အခွန် ကောက်ခံအောင် အခွန်လာရောက်ပြီးတော့ထမ်းဆောင်အောင် နှိုးဆော်လျက်ရှိပါတယ်။ (ဃ) ပြည်တွင်းအခွန် ဦးစီးဌာနမှ ယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ အခွန်ထမ်းဆောင်ပြီးသော အနုပညာရှင် (၁၉)ဦးကို ကျွန်တော်တို့က အကုန်လုံး ဗစစမနခငအေန လုုပ်ပြီးတော့ ဖော်ပြပါတယ်။ ပြီးတော့မှ ဘဏ္ဍာရေးနှစ်မကုန်မီ ကျန်တဲ့အနုပညာရှင်များ အခွန်ထမ်းဆောင်ရန်အတွက်လည်း လှုံ့ဆော်သတိပေးခဲ့ပါတယ်။ အဲဒီတော့ မတ်လအတွင်းမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွက်ကို ဥညန ှအသစ ှနမလငခန(ဥှှ) စနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရေးအတွက်ကိုလည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးတော့ ဗဟန်းမြို့နယ်အခွန်ဦးစီးဌာနရုံးကနေပြီးတော့ သွားရောက်လက်ခံ ဆောင်ရွက်ပေးတဲ့အခါမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကုန်အတွင်းမှာ အနုပညာရှင်အားလုံး(၅၂)ဦး ထပ်မံပြီးတော့ အခွန်ထမ်းဆောင်တာကို တွေ့ရပါတယ်။ အဲဒီတော့ လာမယ့် ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ်မှာလည်း အခွန်ပညာပေးဟောပြောမှုများကို ဆက်လက်ဆောင်ရွက်ပြီးတော့ ကျွန်တော်တို့ (ဥှှ) ဥညန ှအသစ ှနမလငခန စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းကို ဖြေကြားပါတယ်။ အဲဒီတော့ ဒီကောက်ချက်ကတော့ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းတွေမှာ ဝန်ဆောင်မှုရယူပြီးတဲ့နောက်မှာ ပြေစာထုတ်ပေးရမှာ စုစုပေါင်းပြေစာတန်ဖိုးရဲ့ (၁) ဃသာာနမခငေူ ွှထေ (၅%) ချပါတယ်။ နောက်တစ်ခါ ှနမလငခန ဃ့မေါနျ အဲဒါကတော့ (၅%)ချတဲ့ ူဘေသကမ တွေလည်းရှိကြပါတယ်။ ျွနျအကေမညေအ မျိုးလည်းရှိပါတယ်။ (၁ဝ%)ချတဲ့ လုပ်ငန်းများလည်း ရှိပါတယ်။ ဒါကြောင့် အဲဒါက ကုန်သွယ်လုပ်ငန်းခွန်(၅%)နှုန်းနဲ့ အတူရောနှောပြီးတော့ ကောက်ခံနေခြင်းဖြစ်ပါတယ်။ ဒီဥစ္စာက တိုင်းဒေသကြီးအစိုးရမှသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရမှသော်လည်းကောင်း တရားဥပဒေပြဌာန်းခြင်းမရှိပါဘူး။ အဲဒီတော့ လုပ်ငန်းရှင်များက ၄င်းတို့ရဲ့ဝန်ဆောင်မှုကို တန်ဖိုးထား ပြီးကောက်ခံခြင်းဖြစ်ပါတယ်။ အဲဒီတော့ စုံစမ်းရသမျှဆိုရင် တစ်ချို့ဟိုတယ်ကြီးတွေ ဥပမာ- ှ့ညေါမငေူ အပါအဝင် ှနိသညေ အပါအဝင် ှနမလငခန ဃ့မေါနျ များကိုလည်း သူတို့ ကောက်ခံပါတယ်။ ဒီအပေါ် ကောက်ခံတဲ့အပေါ်မှာ ှနမလငခန ဃ့မေါနျ တွေကို ဘာလို့ပါသလဲလို့မေးတဲ့အခါမှာ သူတို့ကဝန်ထမ်းများအတွက်ကို သူတို့က စသငညအ တွေကို တပ်ပြီးတော့ ဝန်ထမ်းအသီးသီးကို စသငညအ တွေပေးထားတယ်။ စသငညအ နံပါတ်အရ စသငညအအနည်းအများအပေါ်မူတည်ပြီးတော့ အပိုချီးမြှင့်ငွေ တွေကို ခွဲဝေပေးတယ်လို့ ပြောပါတယ်။ ပြီးတော့ ၄င်းတို့ဆိုင်တွေနဲ့ အရည်အသွေးကောင်းအောင် ပန်းကန်ခွက်ယောက် အိုးခွက်ပန်းကန်တွေကအစ အကုန်လုံး ီနခသမအေငသည ကအစ သူတို့ အဆင့်မြင့်မြင့် ဝယ်ယူဖြည့်တင်းနိုင်အောင်လို့လည်း သူ့ရဲ့ဝန်ဆောင်မှု တိုးတက်စေရေးအတွက် ကိုလည်း ပိုမိုတိုးတက်လာစေရေးအတွက် သုံးစွဲတယ်လို့ပြောတဲ့အတွက်လို့ ပြောပါတယ်။ ဒါကြောင့်မို့ ဒီ ှနမလငခန ဃ့မေါနျ က ၄င်းတို့သက်ဆိုင်ရာ ျွနျအကေမညေအ နှင့် သက်ဆိုင်ရာဟိုတယ်များရဲ့ အစီအစဉ်နဲ့သာ ဃသာာနမခငေူ ွှထေ နှင့်ရောနှောကောက်ခံခြင်းသာ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက် လို့လည်း ကျွန်တော်တို့သက်ဆိုင်ရာ သူ့ရဲ့လုပ်ငန်းသဘောသဘာဝအရ ထပ်မံတိုးမြှင့်ကောက်ခံနေတဲ့ သဘောသဘာဝဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့ မည်သို့မှ အရေးယူဆောင်ရွက်ထားခြင်း မရှိကြောင်းကို ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်း(နန်းသီတာ)-ဒလ ပြည်တွင်းသွားကူးတို့သင်္ဘောဆိပ်သည် နေ့စဉ်သွားလာမှုများလာပြီး သင်္ဘောဆိပ်ခံတံတားတစ်စင်းသာရှိသည့်အတွက် လက်ရှိ တံတားအား အတက်/အဆင်း ပြုလုပ်နိုင်သည့် တံတားတစ်စင်း တည်ဆောက်ပေးရန်နှင့် ခရီးသည်နားနေဆောင်များ၏ အတွင်း/အပြင် အဆင့်မြင့်တင်ပေးခြင်း၊ ထိုင်ခုံများနှင့် သန့်စင်ခန်းများအား ပြန်လည်အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သို့စီမံဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက   မည်သည့်                                    အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါကြောင်း

အချိန်။ ၁၁၁၇

ဥက္ကဋ္ဌ ။        ။ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။          ။ အားလုံးဘဲမင်္ဂလာပါ။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အများနှင့် သက်ဆိုင်သော အောက်ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းအား စာဖြင့်ရေးသားထားသည်ကို ဖတ်ကြား မေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြခွင့်ပြုပါခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ဒလပြည်တွင်းနား ကတို့သင်္ဘောဆိပ်သည် ဒလမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွေမှာ ခရီးသွားပြည်သူများ အဓိက အားကိုးအားထားရာ ကတို့ဆိပ်သင်္ဘောဆိပ်ဖြစ်ပါတယ်။ နေ့စဉ်နှင့်အမျှ လူဦးရေ (၂၇ဝဝဝ)အား ချယ်ရီသင်္ဘော(၃)စီးဖြင့် မနက်(၅)နာရီမှ ညနေ(၉)နာရီအထိ ခရီးစဉ်အခေါက်ရေ (၄၆)ခေါက်ဖြင့် ပြေးဆွဲပေးလျက်ရှိပါတယ်။ ယခုအခါ ခရီးသည်များ နေ့စဉ်နှင့်အမျှ သွားလာမှုများလာသည့်အတွက် သင်္ဘောဆိပ်ခံတံတားတစ်စင်းအပေါ်တွင် အစုလိုက်အပြုံလိုက်သွားနေသည့်အတွက် တံတားကြံ့ခိုင်မှု အပေါ်မှာ မနိုင်ဝန်ကိုထမ်းနေရသည့်အတွက်ကြောင့် အဆိုပါတံတားအား အတက်(၁)စင်း၊ အဆင်း(၁)စင်းဆောင်ရွက်ပေးပါက ပြည်သူများအတွက် အသက်အန္တရာယ်ကင်းရှင်းနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ခရီးသည်နားနေဆောင်များ၏ အတွင်းအပြင်အဆင့်မြှင့်တင်ပေးခြင်း၊ ထိုင်ခုံများနှင့် သန့်စင်ခန်းများအား ပြန်လည်အဆင့်မြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သို့ပါ၍ အဆိုပါ မှတ်တမ်းဓါတ်ပုံများအား စသတနမ စသငညအ ဖြင့် တင်ပြခွင့်ပြုပါ။ ဒါကတော့ ဆိပ်ကမ်းမြို့နယ်နှင့် ဒလမြို့နယ်ကို ကူးနေတဲ့ ချယ်ရီသင်္ဘောဘဲဖြစ်ပါတယ်။ ဒါယခုအသုံးပြုတဲ့ ရန်ကုန်ဘက်အခြမ်းက ဆိပ်ခံတံတား အခြေအနေဖြစ်ပါတယ်။ ဒါကတစ်ကြောင်းဘဲရှိပါတယ်။ ဒါကအောက်ကပုံကတော့ ယခင်နာဂစ်မတိုင်ခင်က အဆင်း(၁)စင်း၊ အတက်(၁)စင်းပုံဖြစ်ပါတယ်။  ဒါရန်ကုန်ဘက်အခြမ်းမှာ တက်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါက ဒလဆိပ်ကမ်းဘက်မှာ အဆင်း(၁)စင်း၊ အတက်(၁) စင်းကို ဆင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါရန်ကုန်ဆိပ်ကမ်းပါ။ ဟိုဘက်က  ချယ်ရီရဲ့အဆင်း နဂိုရှိပြီးသားပါ။ ဒါဆိုရင်ချယ်ရီဘောတံတားနဲ့  အဆင်းတံတားတပ်ပေးလိုက်ရင် အဆင်ပြေမယ့် အနေအထားမှာ ရှိပါတယ်။ ဒါအဆင်းပါ။ ဒါခရီးသည်အတွင်းပိုင်းအနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လူမှုရေးနှင့်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌကြီးနှင့် ကျွန်တော်တို့ ဒလမြို့ကိုသွားတဲ့အချိန်မှာ ဒီခုန်နေတဲ့အနေအထားက မြင်တဲ့အတိုင်းပါ။ နောက်ပြီးတော့လည်း ထိုင်လို့မရပါဘူးခင်ဗျား။ ဒီလိုအခြေအနေရှိပါတယ်။ ဂျပိုးတွေပါကိုက်တဲ့အခါကျတော့ ပြောပါတယ်။ ဥက္ကဋ္ဌကြီးက ကျွန်တော့်ကိုဒါလေးတော့ ဦးစံကျော်ရယ်ပြောပါဆိုတဲ့အတွက်ကြောင့် တင်ပြခြင်းဖြစ်ပါ တယ်။ ဒါပြောင်းလဲဖို့အနေအထားမှာ ှုဲဃဗ နဲ့ ှုဲဃဗအစီအစဉ်နဲ့တော့ တိုက်ရိုက်တော့ မဟုတ်ပါဘူး။ တစ်ဆင့်ပြီးတော့ ကုမ္ပဏီတစ်ခုကို ဆောင်ရွက်နေတဲ့ အဟောင်းကနေအသစ်ကို ပြောင်းမယ့်အနေအထား ဖြစ်ပါတယ်။ သို့သော်လည်း ဒါက(၉ဝ%)တော့ပြီးနေပါပြီ။ သို့သော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် မပြောင်းလဲနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ အများနှင့်သက်ဆိုင်သော ကြယ်ပွင့်ပြမေးခွန်းအား  ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း ရခြင်းဖြစ်ပါတယ်။  လက်ရှိတံတားအား အတက်အဆင်းပြုလုပ်နိုင်သည့် တံတား(၁)စင်း တည်ဆောက်ပေးရန်နှင့် ခရီးသည်နားနေဆောင်ကြီး အတွင်းအပြင်အဆင့်မြှင့်တင်ပေးခြင်း၊ ထိုင်ခုံများနှင့် သန့်စင်ခန်းများအား ပြန်လည်အဆင့်မြှင့်တင်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလို ပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သို့စီမံ ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဆောင်ရွက်ပေးနိုင်သည်ကို သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လွှတ်တော်သို့ မေးမြန်းတင်ပြရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။   ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။ ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များ မင်္ဂလာပါ။ ကျွန်မ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစံကျော်၏မေးခွန်းကို ဖြေကြားရာမှာ ရန်ကုန်-ဒလ ကတိုးဆိပ်၊ ရန်ကုန်ဘက်ခြမ်းရှိဆိပ်ခံတံတားမှာ မူလကအတက်(၁)စင်း၊ အဆင်း(၁)စင်း တည်ဆောက် ပေးခဲ့ပါတယ်။ ၄င်းတံတား၏အောက်ဘက်ရှိ နန်းသီတာတံတားကို ဝင်ရောက်ဆိုက်ကပ်သော ကမ္ဘာလှည့်ခရီးသည်တင်သင်္ဘောများ ဆိုက်ကပ်ရာတွင်လည်းကောင်း၊ ပန်းဆိုးတန်းတံတား အထက်ဘက်ရှိ ကျန်းမာရေးတံတားသို့ ဆိုက်ကပ်သော မူလက မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းရှိစဉ်က ထိုခရီးသည်တင်သင်္ဘောများ ဆိုက်ကပ်ရာတွင်လည်းကောင်း၊ လှည့်ပတ်သည့်ဧရိယာ စီးရိုး ကျဉ်းမြောင်းသည့်အတွက်ကြောင့် အန္တရာယ်ရှိနိုင်သည့်အတွက် ဖြုတ်သိမ်းထားခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ သို့ပါသော်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က လက်ရှိတံတားကို ပိုမိုကြံ့ခိုင်ပြီး ခရီးသည်များလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ်တွင် အသေးစိတ်အစီအမံများရေးဆွဲပြီး လာမည့် ၂ဝ၁၈-၂ဝ၁၉ခု၊  ဘဏ္ဍာရေး နှစ်တွင် ရန်ပုံငွေတောင်းခံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပန်းဆိုးတန်းလက်မှတ်ရုံ အဆောက်အဦ ခရီးသည်နားနေဆောင်များရဲ့ လုပ်ငန်းကတော့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး နဲ့ သက်ဆိုင်ခြင်းဖြစ်ပါတယ်။ အတွင်းအပြင် အဆင့်မြှင့်တင်ခြင်း၊ ထိုင်ခုံများနှင့် သန့်စင်ခန်းများပြန်လည် အဆင့်မြှင့်တင်ခြင်းအတွက် ယခု ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် အတွင်းမှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ကွန်တိန်နာယာဉ်များ ကြပ်တည်းရှုပ်ထွေးပြီး ယာဉ်တိုက်မှုအများဆုံးဖြစ်နေသည့်အတွက်  ကွန်တိန်နာယာဉ်များ သတ်မှတ်ချိန်အတွင်း မောင်းနှင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ ကွန်တိန်နာယာဉ်မောင်းသူများမှာ စိစစ်သတ်မှတ်ထားသော ယာဉ်မောင်းလိုင်စင်များ ကိုင်ဆောင်မောင်းနှင်ခြင်းရှိ/မရှိ၊ စိစစ်ဆောင်ရွက်ပေးရန်                             အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂၃

ဥက္ကဋ္ဌ ။  ။ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်် မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်ယဉ်ယဉ်မြင့်၊ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။            ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးဘဲ မင်္ဂလာပါရှင်။ ကျွန်မကတော့ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့််ဖြစ်ပါတယ်။ ကျွန်မရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ အလုံမြို့နယ်မှာဆိုလို့ရှိရင် ကွန်တိန်နာယာဉ်များဖြတ်သန်းသွားလာမှုများပြီးတော့ ယာဉ်ကြော ကြပ်တည်းရှုပ်ထွေးပြီး ယာဉ်တိုက်မှုအများဆုံးဖြစ်နေတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ ၄င်း ကွန်တိန်နာယာဉ်များကို သတ်မှတ်ချိန်ည(၉)နာရီကနေပြီးတော့ မနက်(၆)နာရီအထိ ဖြတ်သန်းခွင့် ပြုထားတဲ့အခါမှာလည်း အခြားကွန်တိန်နာယာဉ်များဟာဆိုလို့ရှိရင် ခွင့်ပြုချက်မတိုင်ခင်မှာဘဲ ဆောလျင်စွာထွက်ရှိလာတာကိုလည်း တွေ့ရှိနေရပါတယ်။ ကျွန်မ ဒီမေးခွန်းကို လွှတ်တော်ကို တင်ထားတဲ့ အချိန်ကာလအတွင်းမှာဘဲ ၁၅.၃.၂ဝ၁၇ နေ့မှာ  မနက်(၁၁)နာရီကနေ ညနေ(၃)နာရီ အထိ ထပ်မံဖြတ်သန်းသွားလာခွင့်ပေးလိုက်တာကိုလည်း သိရှိရပါတယ်။ ကွန်တိန်နာယာဉ်များဟာ သတ်မှတ်ထားတဲ့ကွန်ကရစ်လမ်းမှာသာ မောင်းနှင်ဖို့နဲ့ စည်းကမ်းမဲ့ကွန်တိန်နာယာဉ်များကို ပြတ်ပြတ်သားသား အရေးယူဖို့လည်း အထူးလိုအပ်ပါတယ်။ ကမ်းနားလမ်းမကြီးကို ဝင်ရောက် မောင်းနှင်ခွင့်ပေးထားတာဆိုရင်လည်း ခွင့်ပြုပေးထားတဲ့ အချိန်ကာလကို အများပြည်သူသိရှိအောင် သေချာစွာကြေညာသင့်ပါတယ်။ ကမ်းနားလမ်းကို ဝင်ရောက်မောင်းနှင်ခြင်းကြောင့်လည်း နိမ့်ကျ နေသော ဆက်သွယ်ရေးကြိုးနှင့် မီးကြိုးများကိုတိုက်မိပြီးတော့ ပြတ်ကျခြင်းများ ဖြစ်ပွားတာကိုလည်း တွေ့ရှိရပါတယ်။ ကွန်တိန်နာယာဉ်မောင်းအများစုဟာလည်း သတ်မှတ်ထားတဲ့လိုင်စင် ကိုင်ဆောင် ထားခြင်းရှိ၊ မရှိကိုလည်း စိစစ်သင့်ပါတယ်။ ကွန်တိန်နာကားများဟာ အမြဲဆိုသလို အရှိန်ပြင်းစွာ မဆင်မခြင်မောင်းနှင်ကြမှုကြောင့် တိမ်းမှောက်ခြင်း၊ အများပြည်သူနှင့် ပြည်သူပိုင်ပစ္စည်းများအား ဝင်တိုက်မိပြီး လူသေမှုများဖြစ်ပေါ်ခြင်း၊ ကွန်တိန်နာအချင်းချင်း အရှိန်ပြင်းစွာတိုက်ခြင်းကို လေ့လာ လိုက်ရင်လည်း ညအခါ ကားမောင်းသမားများ အရက်သေစာသောက်စားထားမှုကြောင့် ဖြစ်ရတဲ့ ဖြစ်စဉ်မှာ (၅ဝ%)ကျော်ရှိနေတာကိုလည်း ဒေသခံတွေရဲ့ ဆွေးနွေးတင်ပြမှုများမှ  သိရှိရပါတယ်။ အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် သစ်ပင်နှင့် မီးတိုင်များကိုဝင်ရောက်တိုက်ရာ သစ်ပင်တို့မှာ အလုံးလိုက်အမြစ်မှ ကျွတ်ထွက်သွားတာကိုလည်း ကျွန်မကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ဓါတ်ပုံမှတ်တမ်းများဖြင့် တင်ပြခွင့်ပြုပါရှင်။ ဒါကတော့ သစ်ပင်အမြစ်မှ ကျွတ်ထွက်သွားတဲ့ပုံဖြစ်ပါတယ်။ ဒါကတော့ ကွန်တိန်နာယာဉ်တစ်စီးရဲ့ မဆင်မခြင်မောင်းနှင်မှုကြောင့် နိမ့်ကျနေတဲ့ ဆက်သွယ်ရေးကြိုးကိုတိုက်မိပြီးတော့ မီးတိုင်(၁၁)တိုင်ကြိုးကျ ပျက်စီးသွားတဲ့ပုံတွေဘဲ ဖြစ်ပါတယ်။ ဒါကတော့ အလုံမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ်းနားလမ်းမပေါ်က ကွန်တိန််နာ ယာဉ်များ ထိခိုက်မှုဖြစ်စဉ်ဘဲဖြစ်ပါတယ်။ ဒီပုံကတော့ ကွန်တိန်နာယာဉ်များသွားလာတဲ့ ကွန်ကရစ် လမ်းမပေါ်မှာဘဲ လမ်းဘေးကမြောင်းထဲကို ထိုးကျသွားတဲ့ပုံတွေဖြစ်ပါတယ်။ ဒီပုံတွေကတော့ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ကွန်တိန်နာယာဉ်မောင်းရဲ့ အရက်သေစာသောက်စားပြီး မဆင်မခြင် မောင်းနှင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူရ၊ အသက်ဆုံးရှုံးသူများလည်းဖြစ်ခဲ့ရတဲ့ မှတ်တမ်းဓါတ်ပုံတွေ ဘဲဖြစ်ပါတယ်။ ထိုကဲ့သို့ဖြစ်စဉ်တွေကို လေ့လာပြီးတော့ အများပြည်သူလုံခြုံရေးအတွက် မူးယစ် သောက်စားထားတဲ့ ယာဉ်မောင်းတွေကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးနှင့် သက်ဆိုင်ရာ ကွန်တိန်နာယာဉ်ပိုင်ရှင်များကိုလည်းထိရောက်စွာ အရေးယူကိုင်တွယ်ခြင်းများ ပြုလုပ်ပေးဖို့ အောက် ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။ ကွန်တိန်နာယာဉ်များ ကြပ်တည်းရှုပ်ထွေးပြီး ယာဉ်တိုက်မှုအများဆုံးဖြစ်နေသည့်အတွက် ကွန်တိန်နာ ယာဉ်များ သတ်မှတ်ချိန်အတွင်း သတ်မှတ်ထားသည့်လမ်းများမှသာ မောင်းနှင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးရန်နှင့် ကွန်တိန်နာယာဉ်များ အဆင့်သင့်သတ်မှတ်ထားသော ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်မောင်းနှင်ခြင်း ရှိ/မရှိ အရက်သေစာသောက်စားထားပြီး မောင်းနှင်ခြင်း၊ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်ခြင်းရှိ/မရှိကို စိစစ်ဆောင်ရွက်ပေးရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါသဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဥက္ကဋ္ဌ ။   ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။   ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ယခုကြွရောက် လာသော ဧည့်သည်တော်များအားလုံး မင်္ဂလာပါရှင်။ ကျွန်မ ရန်ကုန်တိုင်းဒေသကြီး  အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့််၏ မေးခွန်းကိုဖြေကြားရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြော ကြပ်တည်းရှုပ်ထွေးမှုများဖြစ်ပေါ်လျက်ရှိပြီး ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၁၁.၁၁.၂ဝ၁၆ ရက်စွဲပါစာအမှတ် ၄/၇ နှင့် (၄) ဆက်အရ ည(၉)နာရီမှ နံနက်(၆)နာရီအထိသာ မောင်းနှင်ခွင့်ပြုခြင်းဖြင့် ယာဉ်ကြော ရှင်းလင်းရေးကို ဆောင်ရွက်ထားပါတယ်။ ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လအတွင်း ယာဉ်တိုက်မှု (၅၉၈)မှု ဖြစ်ပွားခဲ့ရာမှ ကုန်သေတ္တာတင်ယာဉ်တိုက်မှုမှာ (၁၉)မှု ဖြစ်ပွားခဲ့သဖြင့် (၃.၁၇)ရာခိုင်နှုန်းဖြစ်ပွားခဲ့ကြောင်းစိစစ်တွေ့ရှိရပါတယ်။ ၂ဝ၁၇ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ အတွင်း ကုန်သေတ္တာတင်ယာဉ်များအား သတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခြင်းရှိ/ မရှိ စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ရာ စုစုပေါင်း(၃၅)မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား သတ်မှတ်လမ်း ကြောင်း၊ သတ်မှတ်အချိန်အတိုင်း မောင်းနှင်နိုင်ရန်အတွက် အဆိုပါယာဉ်များဖြတ်သန်းမောင်းနှင်ရာ လမ်းတစ်လျှောက်ရှိသည့် အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ််ပိုင်း)မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင်များတာဝန်ချထားပြီး စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်ကြောကြပ်တည်းမှုမရှိစေရေးအတွက်လည်း ယာဉ်လမ်းရှင်းလင်း ဆောင်ရွက်လျက်ရှိပါတယ်။စည်းကမ်းချိုးဖောက်တဲ့ ကုန်သေတ္တာယာဉ်နဲ့ ကုန်တင်ယာဉ်များကိုလည်း စဉ်ဆက်မပြတ် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါမှာ အရက်သေစာသောက်စားပြီးတော့ မောင်းနှင်ခြင်းကို စစ်ဆေးရန်အတွက် ဗူခသ့သူ ွှနျအနမ  များကိုဝယ်ယူပြီးတော့ စစ်ဆေးဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။ နောက်တစ်ခုကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသလိုပါဘဲ ကျွန်မတို့ ဥပမာပြရရင် အဲဒီဓါတ်တိုင်(၁၁)တိုင်ပြိုလဲတဲ့ကိစ္စမှာ ယာဉ်မောင်းသူက ထွက်ပြေးသွားပါတယ်။ ယာဉ်မောင်းသူ ထွက်ပြေးသွားတဲ့အချိန်မှာ ယာဉ်ကိုဖမ်းဆီးပြီးတော့၊ စစ်ဆေးပြီးတော့ ဒီဓါတ်တိုင် (၁၁)တိုင်ရဲ့ လျော်ကြေးကို ယာဉ်ပိုင်ရှင်က ပေးလျော်ခြင်းမရှိပါဘူး။ ယာဉ်မောင်းသာလျှင် ပေးလျော်ရန် ရှိတယ်လို့ပြောပါတယ်။ အဲဒီအတွက် ဒီကိစ္စက ကျွန်မတို့ယာဉ်ထိန်းကနေပြီးတော့  တရားရုံး ဘက်ကို ပို့လိုက်တဲ့အခါမှာ တရားရုံးကခံဝန်နဲ့ ဒီမော်တော်ယာဉ်ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ကျွန်မ မနေ့ကတင်ပြသွားသလိုပါဘဲ ဒီကိစ္စမှာ ကျွန်မတို့အနေနဲ့ အဓိကတာဝန်ရှိ သူသည် ယာဉ်ပိုင်ရှင်ဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာ မော်တော်ယာဉ်နှင့် ယာဉ်ပိုင်ရှင်ကိုပါ  အရေးယူလို့ရအောင် ဒီယာဉ်မောင်းကို မော်တော်ယာဉ်ပိုင်ရှင်က တာဝန်ယူရမှာဖြစ်ပါတယ်။ သူ့ရဲ့မော်တော်ယာဉ်ကိုတက်ပြီးတော့ မောင်းနှင်သွားတဲ့သူကို သူတာဝန်ယူရမှာဖြစ်တဲ့အတွက် တကယ်လို့ မော်တော်ယာဉ်မောင်းအဖမ်းခံရသည်ဖြစ်စေ၊ အရေးယူခံရသည်ဖြစ်စေ ထွက်ပြေးသည်ဖြစ်စေ မော်တော်ယာဉ်နှင့် ယာဉ်ပိုင်ရှင်ကိုပါ ဆက်လက်အရေးယူနိုင်ရန်အတွက် အခုစီစဉ်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်။

ဥက္ကဋ္ဌ ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း ၁၂၊  ပုဒ်မ၉၄ လွှတ်တော်အစည်းအဝေးများ ပထမ(၁)နာရီ မေးခွန်းမေးမြန်း ဖြေကြား ရန်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့လို့ ပထမ(၁)နာရီထက်ကျော်လွန်နိုင်တဲ့ အတွက်ကြောင့် ပြီးဆုံးအောင် ဆက်လက်ဆောင်ရွက်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ သဘောတူပါ သလားခင်ဗျား (သဘောတူပါတယ်)။ လွှတ်တော်ကိုယ်စားလှယ်များ သဘောတူတဲ့အတွက်ကြောင့် မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်တင်ရေးစီမံကိန်းအတွက် ပြန်လည်နေရာချထားရန် ထိခိုက်သူဈေးသည်များစာရင်းအားပြုစုရာတွင် မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်သည့်အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါသည်၊ စာရင်းကောက်ယူ ရာတွင် ပြန်လည်နေရာချထားနိုင်ရေး ပြုစုစာရင်းတွင်မပါရှိဘဲ ကျန်ရှိခဲ့သည့် ဒဂုံမြို့နယ်မှ ဈေးသည်များအပါအဝင် ကျန်မြို့နယ်များရှိထိခိုက်နစ်နာသူများအား မည်ကဲ့သို့ ဆက်လက်                                         ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၃၁

ဥက္ကဋ္ဌ ။     ။ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးကျော်ဇေယျ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။  ။ အားလုံးမင်္ဂလာပါခင်ဗျား။  ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဖြစ်ပါတယ်။  ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ ရန်ကုန်မြို့တော်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်ပါတယ်။ ဒီစီမံကိန်း လုပ်တဲ့အတွက် မလွတ်ကင်းတဲ့နေရာတွေကို  ပြန်လည်နေရာချထားနိုင်ဖို့အတွက် ကျွန်တော်တို့ ရန်ကုန်အောက်ပိုင်း မြန်မာပြည်အောက်ပိုင်းမီးရထားက အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း နဲ့အဖွဲ့က ကျွန်တော်တို့သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး များကိုခေါ်ပြီးတော့ ရှင်းလင်းပွဲလေးလုပ်ပါတယ်။ အဆိုပါရှင်းလင်းပွဲလုပ်ချက်အရ ကျွန်တော်တို့သိရတာကတော့ မြန်မာ့မီးရထားမြို့ပတ်လမ်းအဆင့်မြှင့်တင်ရေးမှာ ထိခိုက်နေရာ (၃၄)နေရာနဲ့ ရွေ့လျားဈေးသည်(၃၄၆)ဦးကို ပြန်လည်နေရာချထားပေးမယ်ဆိုတဲ့ဟာကို သိရ ပါတယ်။ အဲဒီစာရင်းကို ကျွန်တော်ကြည့်လိုက်တော့ ကျွန်တော်တို့ ဒဂုံမြို့နယ်မှာလည်းဘဲရှိပါတယ်။ အဲဒီက ဈေးသည်လေးတွေ မြို့ပတ်ရထားလမ်းမှာပေါ့။ အဆိုပါဈေးသည်လေးတွေဟာ ပါမလာ ပါဘူး။ ပါမလာတဲ့အတွက် ကျွန်တော်အဲဒီမှာ တစ်ခါတည်းဘဲမေးပါတယ်ခင်ဗျား။ မေးတဲ့အခါမှာ ဦးထွန်းအောင်သင်းက ဘာဖြေလဲဆိုတော့ ဟုတ်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးတဲ့အခါမှာလည်းဘဲ ဒီဒဂုံမြို့နယ်မှာ တွေ့ရပါတယ်။ သို့သော်လည်းဘဲ အဆိုပါဈေးသည်များဟာ ဗိုလ်ချုပ်ဈေးမှာ ဆိုင်ခန်းရှိပြီးတော့ တစ်ဆင့် လာရောင်းတဲ့သူများဖြစ်တဲ့အတွက် မပါခြင်းဖြစ်ပါတယ်လို့ ကျွန်တော်ကို ပြန်လည်ဖြေရှင်းပါတယ်ခင်ဗျား။ ကျွန်တော်ကို ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါ။ ကျွန်တော်တို့ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်က ဗိုလ်ချုပ်ဈေးကြီးနဲ့ ကပ်လျက်ရှိပါတယ်။ ဟိုဘက် ဆိုရင် ပန်းဘဲတန်းမြို့ယ်ပေါ့။ ဒီဘက်ခြမ်းကတော့ ဒဂုံမြို့နယ်ဖြစ်ပါတယ်။ ဒါဟာ ဒီဈေးသည်လေး တွေဟာ မြို့ပတ်ရထားလမ်းပေါ်မှာရောင်းနေတဲ့ ဈေးသည်လေးတွေပါ။ ကျွန်တော်သိချက်အရ သူတို့ကိုတွေ့ပြီးမေးတယ်။ ခင်ဗျားတို့စာရင်းမပါဘူး။ ပြန်လည်နေရာချထားပေးတဲ့အခါမှာ မြန်မာ့ မီးရထားကနေ ဘာလို့မပါလဲဆိုတော့ ခင်ဗျားတို့က ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်းရှိတဲ့အတွက် ကြောင့် ဒီလိုမပါဘူး ဖြစ်တယ်ဆိုတော့ ဦးကျော်ဇေယျရယ် ကျွန်မတို့ ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်း ပိုင်ရှင်ဆိုရင် ဒီလိုမျိုး ဈေးမျိုးမရောင်းပါဘူး။ ဒီရှင်းလင်းပွဲမှာလည်းဘဲ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့တာကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးဒေါ်နီလာကျော် တက်ရောက် မယ်ဆိုပြီးကြားလို့ ကျွန်တော်တက်ရောက်ပါတယ်။ ဒါပေမယ့် ရှင်းလင်းပွဲမှာတော့ ဝန်ကြီးအနေနဲ့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်း ကတော့ ဒီဈေးသည်တွေ(၃၄)နေရာနဲ့ (၃၄၆)ဦးမှာမပါခဲ့တဲ့အတွက် ဒီဈေးကောက်တဲ့ အဖွဲ့ အစည်း ဟာ မည်သည့်အဖွဲ့အစည်းက တာဝန်ယူကောက်တာဖြစ်ပါသလဲ၊ ၄င်းအဖွဲ့အစည်းဝင်တွေဟာ မည်သူတွေနဲ့ ပါဝင်ဖွဲ့စည်းထားပါသလဲ ကျွန်တော်သိလိုပါတယ်။ နောက်တစ်ဆင့်မေးခွန်းကတော့ ကျွန်တော့် ဒဂုံမြို့နယ်ကမပါဘူးပေါ့။ မပါတဲ့တစ်ခြားမြို့နယ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ခင်ဗျား။ ဒီလိုမပါတဲ့ဈေးသည်လေးတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဘယ်လိုဆက်လက်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးမှာပါလဲဆိုတဲ့မေးခွန်းကို ကျွန်တော် မေးမြန်းလို ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။   ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။ ။   လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များ မင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ရန်ကုန် မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဏမသနြခအဟာ ရန်ကုန်ဘူတာကြီးနှင့် ပုဇွန်တောင် ဘူတာအကြားကစပြီးတော့ ရန်ကုန်ဘူတာကြီးနှင့် ဘုရားလမ်းဘူတာအကြားမှာ ပြီးဆုံးပါတယ်။ စာရင်းကောက်ယူရာမှာ မြန်မာမီးရထားနှင့် ှုဲဃဗလေ့လာရေးအဖွဲ့မှ န ဃမေိ နညလငမသညာနညအေူ ှနမလငခနျ ဃသာစညေပ မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ပျံကျဈေးသည်များကို နိုင်ငံတကာစံနှုန်းအရ လျော်ကြေးမပေးသော်လည်း သက်ဆိုင်ရာ ့ဃီဃ ဈေးများဌာနမှ အစားထိုးနေရာချထားပေးရန် အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းကို ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ဦးကျော်ဇေယျ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ ကျွန်တော်တို့ ဒါ ခုနက ဝန်ကြီးဖြေသွားပါတယ်။ ကျေးဇူးတင်ပါတယ်။  ဒီဈေးသည်တွေစာရင်းကောက်တဲ့နေရာမှာ ခုနက ဝန်ကြီးဖြေကြားသွားတဲ့ မြန်မာ့မီးရထားအဖွဲ့နှင့် ှုဲဃဗ အမှန်တော့ဖြစ်သင့်တာကတော့  ကျွန်တော် တင်ပြတဲ့နေရာဟာ ကျွန်တော့်မဲဆန္ဒနယ်တော့မဟုတ်ပါဘူး။ တကယ်တော့ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ နယ်မြေပါ။ လွှတ်တော်ဥက္ကဋ္ဌကြီးကို ဒီတာဝန်ထမ်းဆောင်ခွင့် ရအောင် အသဲကြားကမဲတစ်ပြားပေးခဲ့တဲ့အဖွဲ့တွေပါခင်ဗျား။ ဒီအဖွဲ့တွေဟာ မပါပါဘူး။ မပါတဲ့ အတွက် စာရင်းကောက်တဲ့နေရာမှာလည်းဘဲ အမှန်တော့ ကျွန်တော်တို့ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အလွန်ပါသင့်တဲ့ဟာပါ။ မပါတော့ ကျန်ခဲ့တာပေါ့။ ကျန်ခဲ့တော့ ဒီအဖွဲ့တွေဟာ မပါတော့ဘူးဆိုရင်တော့  ထမင်းအိုးကွဲမယ့်အနေအထားမှာရှိပါတယ်။ ဒါ့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် အလေးထားပြီးတော့ စဉ်းစားပေးဖို့ ကျွန်တော် တိုက်တွန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဒေါ်နီလာကျော်၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။ ။ဒီစာရင်းကောက်ယူရေးဆောင်ရွက်ခဲ့တာ ဒီ မြန်မာ့ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းက ှုဲဃဗချေးငွေနှင့် ဆောင်ရွက်ဖို့ဖြစ်တဲ့အတွက် တာဝန်ယူပြီးတော့ ဆောင်ရွက်တာသည် ပြည်ထောင်စုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားလုပ်ငန်းနှင့် ှုဲဃဗမှ တာဝန်ယူ ဆောင်ရွက်တာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ဆောင်ရွက်တဲ့အဖွဲ့အစည်းကို ဆက်လက်ပြီးတော့ တင်ပြပေးပါမယ်လို့ လေးစားစွာတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီလက်အောက်ရှိ ဌာနကြီးများတွင် ပုံသေ/နေ့စား ဝန်ထမ်းများအဖြစ် တာဝန်ထမ်းနေကြသော ဝန်ထမ်းများအား  အမြဲတမ်း                     ဝန်ထမ်းအဖြစ်ခန့်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၃၇

ဥက္ကဋ္ဌ ။         ။ ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးခင်ဝင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။         ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါးရွှင်လန်း ချမ်းမြေ့ကြပါစေလို့ မေတ္တာပို့သပါတယ်ခင်ဗျား။ ကျွန်တော်မေးမြန်းမယ့် ကြယ်ပွင့်ပြမေးခွန်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးလက်အောက်မှာရှိတဲ့ ဌာနကြီးတွေမှာရှိတဲ့ တာဝန်ထမ်းဆောင် နေကြတဲ့ ဝန်ထမ်းများစွာရှိတဲ့အနက်ထဲမှာ ပုံသေနေ့စား ျွှဗ စတဲ့ဝန်ထမ်းတွေကို အမြဲတမ်း ဝန်ထမ်းများအဖြစ်သို့တိုးမြှင့်ခန့်ထားပေးဖို့ အစီအစဉ်ရှိ/မရှိ မေးမြန်းမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အပိုင်း(၂)ပိုင်းခွဲပြီးတင်ပြပါ့မယ်။ ပထမတစ်ပိုင်းအနေနှင့် ဘွဲ့ရနေ့စားပုံသေအဖြစ် လုပ်သက်အနည်းဆုံး(၅)နှစ်ကနေ(၁ဝ)နှစ်အထိ တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းတွေ  လျှပ်စစ် အတတ်ပညာ၊ ဆောက်လုပ်ရေးအတတ်ပညာ ဘွဲ့ရတဲ့စက်မှုလက်မှုကျောင်းဆင်း ဝန်ထမ်းတွေ လုပ်သက်အားဖြင့် (၅)နှစ်မှ (၁ဝ)နှစ်ကျော်အထက်ရှိ ဝန်ထမ်းများစွာဟာ ရန်ကုန်စည်ပင်သာယာဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နေ့စားပုံသေလစာနဲ့သာ အချိန်ကုန်နေကြတဲ့ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ၄င်းဝန်ထမ်းများရဲ့ခံစားခွင့်၊ ခံစားထိုက်တဲ့ အခွင့်အရေးကို ပုံသေနေ့စားဝန်ထမ်းများ ဘဝမှ အမြဲတမ်းဝန်ထမ်းအဖြစ် တိုးမြှင့်ခန့်ထားပေးဖို့ အတွက် တင်ပြလိုပါတယ်။ ဒုတိယပိုင်းအနေနှင့် တင်ပြရရင် ရန်ကုန်မြို့တော်ကိုသန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေပါ။ ဒီဝန်ထမ်းတွေမှာ သတ်မှတ်ထားတဲ့ ပညာအရည်အချင်းနည်းပါးကြပေမယ့်လည်း ယနေ့အချိန် အခါမှာ မြို့တော်ကြီးသန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် နေ့မနားညမအားဘဲ စည်းကမ်းမဲ့စွာ အမှိုက်ပစ်ကြတဲ့သူတွေရဲ့ အမှိုက်တွေကို မည်သူမှမကိုင်ချင်တဲ့ ရေဆိုးရေညစ်အမှိုက်တွေကို သိမ်းဆည်းနေရတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေဟာ စည်ပင်အခေါ်တော့ ျွှဗလုပ်သားတွေ သူတို့ရဲ့ဘဝတွေကိုလည်း လက်ရှိထက်တိုးမြှင့်ပြီး လုပ်အားခကိုတိုးမြှင့်စေဖို့အတွက်ကို ဆောင်ရွက် ပေးစေလိုကြောင်း ကျွန်တော့်အနေနဲ့ အကြံပြုတင်ပြလိုပါတယ်။ မည်သူမှမလုပ်နိုင်တဲ့အလုပ်တွေကို နေ့မနားညမအားလုပ်နေကြတဲ့ သန့်ရှင်းရေးလုပ်သားများကို ယခုရရှိနေတဲ့လုပ်အားခထက်တိုးပြီး ပေးနိုင်ဖို့အတွက် အကြံပြုတင်ပြအပ်ပါတယ်။ အထက်က ကျွန်တော်တင်ပြခဲ့တဲ့ ဝန်ထမ်းများဟာ သူတို့ရဲ့ဌာနကြီးတွေအပေါ်မှာ ရိုးသားကြိုးစားပြီး သစ္စာရှိရှိအနစ်နာခံပြီး တာဝန်ထမ်းနေကြတဲ့ ဝန်ထမ်းတွေဖြစ်ကြပါတယ်။ သာဓကတစ်ခုအနေနဲ့ တင်ပြပါ့မယ်။ စည်ပင်လမ်းတံတားဌာန လက်အောက်မှာ တာဝန်ထမ်းနေကြတဲ့ လျှပ်စစ်ဌာနမှာရှိတဲ့ ဝန်ထမ်းတွေဟာ အတတ်ပညာရှင်တွေ ဖြစ်ကြပါတယ်။ သူတို့တွေ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ လမ်းမီးတိုင်များ၊ မီးပွိုင့်များမှာရှိတဲ့ မီးသီး၊ မီးခွက် များကို လဲလှယ်တပ်ဆင်ရတဲ့သူတွေပါ။ သူတို့လုပ်ကိုင်နေရတဲ့ မီးတိုင်တွေမှာ မဟာဓါတ်အား လိုင်းတွေ လွှတ်ထားတဲ့နေရာမျိုးတွေမှာ လုပ်ကိုင်ရသလို လုပ်ကိုင်မှုတစ်ချက်ကလေးလွဲမှားခဲ့ရင် အသက်ပါဆုံးရှုံးကြရပြီး ဘာခံစားခွင့်မှ မရရှိတဲ့အတွက် ဒီဝန်ထမ်းများစွာ နစ်နာဆုံးရှုံးမှုရှိနေပါတယ်။ ထိုနည်းတူဘဲ မြေအောက်မြောင်းကြီးတွေမှာ သန့်ရှင်းရေးတွေ လုပ်နေရတဲ့ဝန်ထမ်းတွေဟာလည်း အောက်ဆီဂျင်ပြတ်တောက်ပြီး မြေအောက်မြောင်းကြီးတွေအတွင်းမှာ သေဆုံးခဲ့ရတဲ့အတွက် ဒီဝန်ထမ်းတွေရဲ့ဘဝခံစားမှု ဘာတစ်ခုမှမရဘဲ အသက်ဆုံးရှုံးမှုတွေဖြစ်ရတာတွေ သက်ဆိုင်ရာဌာန အကြီးအကဲတွေ သိကြပါတယ်။ ဒါကြောင့် ဒီဝန်ထမ်းတွေကို ထိုက်တန်တဲ့ခံစားခွင့်တွေကို တိုးမြှင့်ပြီး ဆောင်ရွက်ပေးသင့်ကြောင်း တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်အခုတင်ပြတဲ့ အချက်တွေဟာ အနည်းငယ်သာရှိပါသေးတယ်ခင်ဗျား။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးအဖွဲ့မှာရှိကြတဲ့ တာဝန်ရှိကြတဲ့ဌာနမှူးများအားလုံးနဲ့ မြို့တော်ဝန်ကြီးအား တင်ပြချင်တဲ့ အချက်က မြေပြင်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကိုလည်း မိမိတို့ရဲ့သားသမီးပမာ ထားပြီး ဌာနပေါ်မှာသစ္စာရှိစွာ တာဝန်သိစွာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေဖြစ်တဲ့ အတွက်ကြောင့် မိမိတို့ရဲ့ဝန်ထမ်းများရဲ့ခံစားခွင့်၊ ခံစားထိုက်တဲ့့အရေးများကို တိုးမြှင့်ပေးဖို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုပါတယ်။ ပုံသေဝန်ထမ်းလစာများအားလည်းကောင်း၊ ျွှဗဝန်ထမ်းများအားလည်းကောင်း ထိုက်တန်တဲ့ခံစားခွင့်များ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိ သိရှိချင်ပါတယ်။ ခံစားခွင့်များမရှိပါကလည်း မည်သို့သောအကြောင်းများကြောင့်ဖြစ်ကြောင်းကို  ပွင့်ပွင့်လင်းလင်း ရှင်းလင်းပေးပါရန် တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

ဥက္ကဋ္ဌ ။   ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးရာဝန်ကြီး ။      ။ လေးစားအပ်ပါသော      ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခု ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း မေးတဲ့မေးခွန်းကို ဖြေကြားပါ့မယ်။ ဒီရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ ခန့်ထားတဲ့ ပုံသေရယ်၊ နေ့စားရယ် ဝန်ထမ်းဆိုပြီးရှိပါတယ်။ အဲဒီဝန်ထမ်းတွေကို ချမှတ်ထားတဲ့ သူတို့ရဲ့ကော်မတီကနေ ချမှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ သတ်မှတ်ချက်တွေအတိုင်းဘဲ  ကျွန်တော်တို့ အမြဲတမ်းပုံသေနေ့စားဝန်ထမ်းတွေကနေပြီးတော့ အမြဲတမ်းဝန်ထမ်းတွေအဖြစ် အင်အားတိုးခန့်ထားဆောင်ရွက်နေတယ်ဆိုတာကို တင်ပြလိုပါတယ်။ အဲဒီတော့ ဒီပုံသေနေ့စားများ အနေနဲ့ တစ်နှစ်သက်တမ်းပြည့်ရင်သော်လည်းကောင်း၊ ဘွဲ့ရ နြ တွေ၊ နြ တွေ အဲဒီနေ့စားပုံသေ တွေကလည်း (၆)လပြည့်ရင် သူကပြန်ပြီးတော့ သူတို့ကပုံသေနေ့စားလုပ်သားကနေပြီးတော့ လစာစားတဲ့အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းရွှေ့ပြီးတော့ တိုးမြှင့်တာဝန်ခန့်ထားနိုင်တဲ့ နညအငအူန ဖြစ်ပါတယ်။ အရည်အချင်းပြည့်မီပါတယ်။ ဒါကြောင့် ပုံသေနဲ့နေ့စားက တစ်နှစ်ပြည့်ရင် ကျန်တဲ့ ဘွဲ့မရတဲ့ပုဂ္ဂိုလ်များ၊ ဘွဲ့ရပြီး နြတို့၊ နြ တို့ရတဲ့ ပုဂ္ဂိုလ်များကတော့ (၆)လပြည့်လို့ရှိရင် ရပါတယ်။ အဲဒီမှာ အထူးသတ်မှတ်ထားတာကတော့ အသက်က (၄၅)နှစ်မကျော်ရဘူးလို့ သတ်မှတ်ထား ပါတယ်။ အဲဒီတော့ အဓိကကတော့ သူ့ရဲ့သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအင်အား လစ်လပ်လို့ရှိရင် လစ်လပ်တဲ့အလျောက် ဒီရာထူးများကို အမြဲတမ်းဝန်ထမ်းများရဲ့ရာထူးများကို ဖြည့်တင်းပေးလျက်ရှိ ပါတယ်။ အဲဒီတော့ ခန့်ထားတဲ့အခါမှာ သူ့ရဲ့သတ်မှတ်ထားတဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ သူတို့ရဲ့အရည်အသွေးပေါ်မှာမူတည်တယ်။ ခုနက ကိုယ်စားလှယ်ကြီးများ တင်ပြတဲ့အတိုင်းဘဲ ဌာနအပေါ်မှာ သစ္စာရှိတဲ့လူတွေရှိပါတယ်။ နောက်ပြီးတော့ အများမလုပ်ချင်တဲ့ သန့်ရှင်းရေးလုပ်ငန်း များကိုလည်း လုပ်ဆောင်နေရတဲ့ ဝန်ထမ်းများလည်းရှိပါတယ်။ ဒါကိုလည်း အားလုံးထည့်သွင်း စဉ်းစားတဲ့အချက်များပါ ပါတယ်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ ၂ဝ၁၆-၂ဝ၁၇ခု၊ ဒီဘဏ္ဍာရေးနှစ်မှာ ကော်မတီအနေနဲ့ ပုံသေနဲ့နေ့စား ဝန်ထမ်း(၄၁၁)ဦးကို သူ့ရဲ့ဖွဲ့စည်းပုံအရ လစ်လပ်တဲ့နေရာ ရှိတဲ့အတွက် (၄၁၁)ဦးကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နောင်လည်း လက်ရှိ ပုံသေနဲ့နေ့စားများကို ဖွဲ့စည်းပုံအရ လစ်လပ်တဲ့ နေရာများရှိရင် နောက်ပြီးတော့ ၄င်းလစ်လပ်တဲ့နေရာများအတွက် လစာဘတ်ဂျက်များ ထည့်သွင်းနိုင်တဲ့အနေအထားရှိရင်ရယ် နောက်ပြီးတော့ သတ်မှတ်ထားတဲ့ ပုံသေနဲ့နေ့စားဝန်ထမ်းများရဲ့ သူတို့ရဲ့တစ်ဦးချင်းရဲ့ အရည်အသွေးနဲ့ ဌာနရဲ့လိုအပ်ချက်များရှိလို့ရှိရင် အမြဲတမ်းဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားပေးမယ်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမကြီးအား ကလေးသူငယ်များ၊ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက်သော်လည်းကောင်း၊ အနုပညာဖန်တီးမှုများ အားကောင်းစေရန် လှုပ်ရှားမှုပွဲများ ပြုလုပ်နိုင်သည့် (ဃသာာကညငအပ ဃနညအမန) (မိုးလုံလေလုံ ဘက်စုံသုံးခန်းမ)အဖြစ် အသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၄၆

ဥက္ကဋ္ဌ ။         ။ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။         ။ အားလုံးမင်္ဂလာ ပါရှင်။ ကျွန်မ ဒီနေ့မေးမြန်းမယ့်မေးခွန်းကတော့  ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် မှာရှိတဲ့ သမိုင်းဝင်မြို့တော်ခန်းမကြီးနှင့် ပတ်သက်တဲ့မေးခွန်းဘဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့ ကျောက်တံတားမြို့နယ်အတွင်းမှာရှိတဲ့ မြို့တော်ခန်းမကြီးဟာဆိုရင် မြို့ရန်ကုန်ရဲ့သမိုင်းဝင်နေရာ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ ၁၉၃၆ခုနှစ် ဆောက်လုပ်ပြီးတဲ့အချိန်ကစလို့ ဒီ မြို့တော်ခန်းမကြီးဟာ ကျွန်မတို့နိုင်ငံရဲ့အရေးကြီးတဲ့ သမိုင်းဖြစ်စဉ်ပေါင်းများစွာလည်း ဖြတ်သန်း ခဲ့ဖူးတဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်တုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်ကျင်းပခဲ့တဲ့ ပြည်သူ့ငြိမ်းချမ်းရေးညီလာခံကြီးကိုတောင် လူ(၂)သိန်းလောက်တက်ရောက်ပြီး ခမ်းခမ်းနားနားကျင်းပခဲ့တဲ့နေရာလို့လည်း သိရပါတယ်။ ့ညေါသည ံနမငအေါန ွှမကျအ ရဲ့ ပထမဆုံး ြူကန ဏူဆေကန တက်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေးအခမ်းအနားတွေ အုပ်ချုပ်ရေး အခမ်းအနားတွေ ကျင်းပခဲ့တဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ ကျွန်မတို့ရဲ့ သမိုင်းဝင်မြို့တော်ခန်းမကြီးဟာ အခုအခါမှာဆိုရင် မြို့တော်စည်ပင်ရဲ့တစ်ချို့အခမ်းအနားလေးတွေတော့ ကျင်းပနေတာသိရ ပါတယ်။ ဒါပေမယ့် ကျွန်မတို့လို သာမန်ပြည်သူတွေ ဝင်ထွက်ခွင့်မရှိတဲ့နေရာလိုမျိုးဖြစ်နေပါတယ်။ ကျွန်မကိုယ်တိုင်တောင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ အဲဒီထဲကိုရောက်ဖူးတာဖြစ်ပါတယ်။ တစ်ခြားနိုင်ငံတွေမှာဆိုရင်လည်း ဒီလို ဃငအပ ေူံူ တွေဟာဆို တစ်ချို့ရှေးဟောင်း ဃငအပ ေူံူ တွေဆိုရင် နိုင်ငံခြားသားတွေ လာရောက်လေ့လာလို့ရတဲ့နေရာ ပြီးတော့ နိုင်ငံတော်နဲ့ဆိုင်တဲ့ ကျောင်းသားလူငယ်တွေနဲ့ဆိုင်တဲ့ အခမ်းအနားမျိုးတွေကို ကျင်းပခွင့်ပေးပါတယ်။ ဥပမာဆိုရင် နော်ဝေနိုင်ငံ အော်စလိုမှာရှိတဲ့ ဃငအပ ေူံူ ဆိုရင် နိုင်ငံတကာခရီးသွားတွေအတွက်ဆိုရင် ဘာသာပြန်တွေတောင် သီးခြားစီစဉ်ပေးထားတာမျိုးကို ကျွန်မလေ့လာဖူးပါတယ်။ ပြီးတော့ ကျောင်းသား/သူတွေနဲ့ သက်ဆိုင်တဲ့အခမ်းအနားမျိုးတွေဆိုလို့ရှိရင်လည်း အဲဒီမှာကျင်းပလေ့ ရှိပါတယ်။ အဲဒီတော့ နေရာရှားပါးတဲ့ ကျွန်မတို့ရဲ့ရန်ကုန်မြို့ကြီးမှာ ကျွန်မတို့ရန်ကုန်တိုင်း အတွင်းက ကလေးသူငယ်တွေ၊ လူငယ်တွေ အသိပညာဗဟုသုတတိုးပွားစရာ အသိပညာပေးပွဲ တွေ အနုပညာဖန်တီးမှုတွေ အားကောင်းစေဖို့ လှုပ်ရှားမှုပွဲတွေ စာပေနဲ့သက်ဆိုင်တဲ့ပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် ဃသာာကညငအပ ဃနညအမန မိုးလုံလေလုံဘက်စုံသုံးခန်းမကြီးအဖြစ် အသုံးပြုခွင့် ပေးစေလိုတဲ့အတွက်ကြောင့်မို့လို့ အောက်ပါမေးခွန်းကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက် ပါတယ်။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်အတွင်းမှာရှိတဲ့ မြို့တော်ခန်းမကြီးအား ရန်ကုန်တိုင်း အတွင်းရှိ ကလေးသူငယ်များ၊ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် သော်လည်းကောင်း၊ အနုပညာဖန်တီးမှုများအားကောင်းစေရန် လှုပ်ရှားမှုပွဲများပြုလုပ်နိုင်တဲ့ ဃသာာကညငအပ ဃနညအမန မိုးလုံလေလုံ ဘက်စုံသုံးခန်းမအဖြစ် အသုံးပြုခွင့်ပေးရန် အစီအစဉ် ရှိ/ မရှိကို သိရှိလိုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။   ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးရာဝန်ကြီး ။      ။ လေးစားအပ်ပါသော      ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် အခုဒီမေးခွန်းကိုလည်း ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးရဲ့ ကိုယ်စား ကျွန်တော်ဘဲဖြေကြားသွားမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာမေးသွားတဲ့ မေးခွန်းအရ ဆိုရင်တော့ ကျွန်တော်တို့ရန်ကုန်တိုင်း ဒီကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမကြီးဟာ ကလေးသူငယ်များ၊ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက်သော်လည်းကောင်း၊ အနုပညာဖန်တီးမှုအားကောင်းစေရန် လှုပ်ရှားမှုပွဲများပြုလုပ်နိုင်တဲ့ ဃသာာကညငအပ ဃနညအမန မိုးလုံလေလုံဘက်စုံသုံးခန်းမအဖြစ်အသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ/မရှိကိုမေးတဲ့မေးခွန်းဖြစ်ပါတယ်။ အဲဒီတော့ ဒီရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ နိုင်ငံတော်အဆင့် အခမ်းအနား တွေနဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိတဲ့ နိုင်ငံတော်ဆိုင်ရာကိစ္စရပ်တွေကို တစ်ထောင့်တစ်နေရာ ကနေပြီးတော့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံသတင်းစာဆရာကြီး များရဲ့ သက်ကြီးပူဇော်ပွဲ၊ မြန်မာနိုင်ငံစာရေးဆရာကြီးများရဲ့ သက်ကြီးပူဇော်ပွဲ၊ ဓါတ်ပုံပြပွဲ၊ ပန်းချီပြပွဲ၊ ကာတွန်းပိုစတာပြပွဲနှင့် သတင်းစာနယ်ဇင်း၊ စာတမ်းဖတ်ပွဲတွေလည်း ကျင်းပပြုလုပ်ခွင့်ပေးခဲ့ပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအဖွဲ့ချုပ်၊ လူငယ် ှုူဃြ၊ ပြညောမေ ြအေငသညေူ ှခ့သသူ စတဲ့ ကလေးသူငယ်များကိုလည်း လေ့လာခွင့်ပြုခဲ့ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမထပ်ရှိတဲ့ ခန်းမကြီးအပါအဝင် အစည်းအဝေးခန်းမ (၅)ခုရှိပါတယ်။ ကော်မတီဌာနတွေရဲ့အစည်းအဝေးပွဲတွေ သက်ဆိုင်ရာ ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ လက်မှတ်ရေးထိုးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက် ပံ့ပိုးကူညီကြတဲ့ နိုင်ငံတကာဧည့်သည်တော်တွေကို ဧည့်ခံအခမ်းအနားတွေကို အပါတ်စဉ်၊ လစဉ် ကျင်းပပြုလုပ်နေပါတယ်။ နိုင်ငံတော်အခမ်းအနားဖြစ်တဲ့ နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ အခမ်းအနားကိုလည်း မြို့တော်ခန်းမ ပထမထပ်ခန်းမကြီးမှာလည်း နှစ်စဉ် ကျင်းပပြုလုပ်ပေးလျက် ရှိပါတယ်။ ၁၉၂၅ ခုနှစ်မှာ စတင်ဆောက်ခဲ့တဲ့ အဆောက်အဦဖြစ်တာကြောင့် ဒီရန်ကုန်မြို့ပြ အမွေအနှစ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာပြောတဲ့အတိုင်းဘဲ ရန်ကုန်ရဲ့မြို့ပြ အမွေအနှစ်တစ်ခုအဖြစ် စနစ်တကျထိန်းသိမ်းစောင့်ရှောက်နေတဲ့ အနေအထားလည်းရှိပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမအဆောက်အဦကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သမိုင်းဝင်ဂုဏ်ဆောင်လျက်ရှိတဲ့အဆောက်အဦဖြစ်လို့ အဆောက်အဦထိခိုက်မှု မရှိရေးကိုလည်း စနစ်တကျထိန်းသိမ်းဆောင်ရွက်နေရသလိုဘဲ နိုင်ငံတော်ရဲ့ကိုယ်စား၊ ကော်မတီရဲ့ ကိုယ်စား ကျင်းပတဲ့ကဏ္ဍအမျိုးအစားအလိုက် အခမ်းအနားတွေကိုလည်း ဆောင်ရွက် ပေးနေရပါတယ်။ ဒါကြောင့် အများပြည်သူများသုံးစွဲနိုင်တဲ့ ဒီလူမှုရေးအသင်းတွေ ကျောင်းသူ၊ ကျောင်းသားများက လုပ်ငန်း င်္ကညခအငသည များကို အသုံးပြုခွင့်တောင်းခံလာလို့ရှိရင် အခါအားလျော်စွာခွင့်ပြုပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အချိန်။ ၁၁၅၁

ဥက္ကဋ္ဌ ။   ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နေ့လည်စာ စားသုံးရန်အတွက် လွှတ်တော်အစည်းအဝေးကို (၁)နာရီခန့်ရပ်နားမှာဖြစ်ပါတယ်။

အခမ်းအနားမှူး။     ။ လွှတ်တော််ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။   ။ ကိုယ်စားလှယ်တော်ကြီးများ ပြန်လည်ထွက်ခွာနိုင်ပါပြီရှင်။ အစည်းအဝေးကို နေ့လည်(၁)နာရီမှာ ပြန်လည်ကျင်းပမှာဖြစ်ပါတယ်ရှင်။

အစည်းအဝေးပြန်လည်ကျင်းပခြင်း

အခမ်းအနားမှူး ။       ။ လွှတ်တော်အစည်းအဝေး ပြန်လည်ကျင်းပရန် အချိန်နီးကပ် လာပြီဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီးများ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည်  သတ်မှတ်ထားသည့် စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ]

အခမ်းအနားမှူး။          ။ အားလုံးထိုင်နိုင်ပါပြီရှင်။

၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က

ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ချက်ရယူခြင်း

အချိန်။ ၁၃ဝဝ

ဥက္ကဋ္ဌ ။    ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့သော ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ ၂၅.၄.၂ဝ၁၇ (အင်္ဂါနေ့)၊ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေး ခဲ့သောဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ။                ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေ ကြောင်းလည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေ(မူကြမ်း)ကို ၂ဝ၁၇ခုနှစ်၊ ဧပြီလ (၅)ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့မှာတင်သွင်းခဲ့ပါတယ်။ ၂၅.၄.၂ဝ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးမှာ အဆိုပါအခွန်အခဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဥပဒေမူကြမ်း ကော်မတီရဲ့လေ့လာစိစစ်ချက်၊ တွေ့ရှိချက်၊ သဘောထားမှတ်ချက်အစီရင်ခံစာကိုလည်း တင်သွင်းခဲ့ ပါတယ်။ ထို့အပြင်တင်သွင်းခဲ့တဲ့ ဥပဒေ(မူကြမ်း)အပေါ် လွှတ်တော်ကိုယ်စားလှယ်တော်ကြီး (၈)ဦး မှလည်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါဆွေးနွေးချက်များနှင့်ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ကျွန်တော်ကနေပြီးတော့ ပြန်လည်ရှင်းလင်း တင်ပြမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမဦးစွာ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းမှ ဥပဒေ(မူကြမ်း)တွင်ပါဝင်တဲ့ မြေယာအခွန်နှုန်းထားများ၊ ယစ်မျိုး ခွန်နှုန်းထားများအား လိုင်စင်နှုန်းထားများ စတဲ့အခွန်နှုန်းထားများအား ခေတ်ကာလနဲ့လျော်ညီတဲ့ အခွန်နှုန်းထားများ ဖြစ်သင့်ကြောင်းကို ဏသတနမ ဏသငညအနှင့် အသေးစိတ်ရှင်းလင်းပြသပြီးတော့ အကြံပေးတာကို အထူးပဲကျေးဇူးတင်ရှိပါတယ်။ ဦးကျော်ကျော်ထွန်းရဲ့အကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်းတင်ပြချင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်ရဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးမှာ ကြိုးပမ်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အသုံးစရိတ်များကို ကောက်ခံရရှိတဲ့အခွန်အခ ရငွေများအပေါ်မှာ ရပ်တည်နိုင်ရန်အတွက် ရသင့်ရထိုက်တဲ့အခွန်အခ ပြည့်ပြည့်ဝဝရရှိရေး၊ ပွင့်လင်းမြင်သာမှုရှိပြီးတော့ ခေတ်စနစ်နဲ့လျော်ညီတဲ့ အခွန်စနစ်တစ်ရပ်ဖြစ်ပေါ်ရေးစတဲ့မူ(၃)ရပ်နဲ့ ဒီဥပဒေ(မူကြမ်း)ကိုရေးဆွဲ အတည်ပြုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုရေးဆွဲခဲ့ရာမှာ ဥပဒေ(မူကြမ်း)မှာဖော်ပြပါရှိတဲ့ အခွန်အခ နှုန်းထားများဟာ အောက်ပါအချက်များအပေါ်အခြေခံပြီးတော့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။  (က) အခွန်နှုန်းထားများမြှင့်တင်ခြင်းဖြင့် အခွန်တိမ်းရှောင်မှုများပိုမိုဖြစ်ပေါ်လာနိုင်သဖြင့် လက်ရှိ အခြေအနေတွင် ယခင်ကောက်ခံနေသော အခွန်နှုန်းထားများဖြင့် တင်းပြည့်ကျပ်ပြည့်ကောက်ခံ၍  ကောက်ခံရရှိမှုအခြေအနေကို စမ်းစစ်လေ့လာရန်လိုအပ်နေသေးခြင်း၊ (ခ) အခွန်အခများသည် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လေ့ရှိပါသဖြင့် ပြည်သူ့အစိုးရအနေဖြင့် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်ကိစ္စရပ်များအား အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းထားရန်လိုအပ်ခြင်း၊ (ဂ ) ယခုနှစ်၏အားနည်းချက်၊ အားသာချက်များကို စောင့်ကြည့်ရှုပြီး လိုအပ်ပါကလာမည့်နှစ်တွင် နှုန်းထားများပြင်ဆင်သတ်မှတ်နိုင်ခြင်း၊ (ဃ) ဤဥပဒေဖြင့်အခွန်ယဉ်ကျေးမှုအား ပြည်သူများဖြင့် ရင်းနှီးကျွမ်းဝင်လာအောင် ဦးစွာဆောင်ရွက်လိုခြင်းတို့ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေ (မူကြမ်း)ပါနှုန်းထားများကို အခုလက်ရှိကောက်ခံနေတဲ့ နှုန်းထားများအတိုင်း လက်ခံအတည်ပြုပေးနိုင်ဖို့အတွက် တင်ပြအပ်ပါတယ်ခင်ဗျား။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်မှ ပုဒ်မ၈ တွင်ဖော်ပြထားတဲ့ အခွန်ပညာပေးခြင်း၊ စည်းရုံးခြင်းနှင့် ထိုက်သင့်သော ချီးမြှင့်မှုများဆောင်ရွက်နိုင်ခြင်းတို့အတွက် အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်နိုင် သည်ဆိုတဲ့စကားရပ်တွင် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်ဆိုသည့် အမိန့်ကြော်ငြာစာထုတ်ပြန် နိုင်သည်ဆိုသည့် စကားရပ်ကိုထည့်သွင်းရန် အကြံပြုပေးခြင်းအပေါ် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေ(မူကြမ်း) ပုဒ်မ၃၄ တွင်ဖော်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အခွန်အခပေးဆောင်တဲ့သူများ ဥပဒေနှင့်အညီ အခွန်အခ ပေးဆောင်လာစေရေးအတွက် ပြည်သူများသို့အခွန်ပညာများပေးခြင်း၊ စည်းရုံးခြင်း၊ ဥပဒေ နှင့်အညီခံစားနိုင်သောအခွန်အခများ၊ အခွန်အခဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ပြည်သူများအားအသိပေးခြင်း၊ အခွန်ဆိုင်ရာတာဝန်ကျေပွန်သည့် အခွန်ထမ်းပြည်သူများအား အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သောချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းတို့ကို ပြုပေးနိုင်သည် ဆိုသည့်စကားရပ်အစား ပြုလုပ်ပေးရမည်ဟူသည့်စကားရပ်ဖြင့် အစားထိုးသင့်ကြောင်းကို မဖြစ်မနေ ဆောင်ရွက်သင့်သည့်ကိစ္စရပ်ဖြစ်ကြောင်းကို အကြံပြုထားတဲ့ကိစ္စ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမိုကရေစီအစိုးရများအနေဖြင့် တာဝန်ယူသည့်ပြည်သူများ၊ ဝန်ထမ်းများအား အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သောချီးမြှင့်မှုများ ပြုလုပ်ဆောင်ရွက်ပေးရမည် ဖြစ်သည့်အတွက် ဤဥပဒေပုဒ်မဟာ ဥပဒေကြမ်းတွင် ပုဒ်မတစ်ခုအဖြစ် ပြဌာန်းထည့်သွင်းရေးထားခြင်း ဖြစ်ပါတယ်။ သို့ရာတွင် (၁)နှစ် သက်တမ်းသာရှိသေးသော အစိုးရအနေဖြင့်ချီးမြှင့်မှုများအား ဥပဒေနှင့်အညီ မဖြစ်မနေ ပြုလုပ် ရမည်ဆိုပါက မလုပ်နိုင်သေးသော စပ်ကြားကာလတွင်  အစိုးရအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင် ပါသဖြင့် ပြုလုပ်ပေးနိုင်သည်ဟူသော စကားရပ်သည် လက်ရှိအခြေအနေတွင် နှစ်ဦးနှစ်ဘက် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာအခြေအနေမျိုးရှိပါတယ်။ ထို့ကြောင့် နိုင်သည်ဟူသော စကားရပ်ကိုသာ ထည့်သွင်းသင့်ပါကြောင်း ရှင်းလင်တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် အကြံပြုထားသည့် ဥပဒေတွင် ခုနှစ်တပ်ခြင်းကိစ္စ ပုဒ်မ၂၅တွင် ၂ဝဝ၈ခုနှစ်ကို အခြေခံဥပဒေရဲ့အရှေ့မှာ ၂ဝဝ၈ခုနှစ်ဆိုတဲ့စကားရပ်ကို ထည့်သွင်းထားတယ်ဆိုတဲ့ကိစ္စ၊ ပုဒ်မ၃(ခ)ပါ အဓိပ္ပါယ် သတ်မှတ်ချက် ကိစ္စ၊ ပုဒ်မ၆ နှင့် ပုဒ်မ၃ဝအား အဓိပ္ပါယ်တူနေသည့်အတွက် တစ်ပေါင်းတည်းတစ်ခုတည်းသာ ထားရန်ကိစ္စ၊ ပုဒ်မ၈ နှင့် ပုဒ်မ၃၄ ဟာဆိုရင်လည်း ပုဒ်မတစ်ခုတည်း ရေးသားဖော်ပြရန်ကိစ္စသည် အခွန်နှုန်းထားများကို ခေတ်ကာလနှင့်အညီ လျော်ညီစေရန်အတွက်ကို အကြံပြုထားခြင်းဖြစ်ပါတယ်။ ဥပဒေတွင်ခုနှစ်တပ်တဲ့ကိစ္စနှင့်ပတ်သက်ပြီးတော့ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေပေါ်လွင်စေသည်မှာ ဤဥပဒေသည် ၂ဝ၁၇ ခုနှစ်က ထုတ်ပြန်သော ဥပဒေဖြစ်ခြင်းကြောင့် လည်ကောင်း၊ နှစ်စဉ်ခေတ်နှင့်လျော်ညီသော အခွန်နှုန်းထားများကို ပြင်ဆင်ဆောင်ရွက်လိုသော ရည်ရွယ်ချက်ကြောင့်လည်ကောင်း၊ ပြည်ထောင်စုကပြဌာန်းသည့် အခွန်အကောက်ဥပဒေနှင့် ကိုက်ညီ မှုရှိစေရန်လည်းကောင်း ရည်ရွယ်၍ ဤဥပဒေ၏ရှေ့တွင် ခုနှစ်ထည့်သွင်းရခြင်းဖြစ်ပါကြောင်း၊ ဥပဒေကော်မတီမှာလည်း အတည်ပြုထားပြီးဖြစ်ပါသဖြင့် ၎င်းဥပဒေအမည်အတိုင်းသာလျှင် ဆက်လက်ဖော်ပြလိုပါကြောင်း တင်ပြအပ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ပုဒ်မ၃(က)နဲ့ ပုဒ်မ၂၅ တွင်ဖော်ပြထားတဲ့ အခြေခံဥပဒေရဲ့ရှေ့က ၂ဝဝ၈ခုနှစ်ကိုလည်း ၂ဝဝ၈ ခုနှစ်ရဲ့အစ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ စကားရပ်ကိုသုံးပြီးတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟု ပြင်သွားမှာဖြစ်ပါတယ်။ ဒီပုဒ်မ ၆ နှင့် ပုဒ်မ၃ဟာလည်း သဘောထားခြင်း တူတဲ့အတွက် ၎င်းနှစ်ခုတို့ကိုလည်း တစ်ခုတည်းကိုထားသွားဖို့ စီစဉ်ထားပါတယ်။ စတုတ္ထအချက် ဖြစ်တဲ့ ပုဒ်မ၈ နဲ့ ပုဒ်မ၃၄ကတော့ သဘောသဘာဝခြင်းတူညီသော်လည်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကွဲကွဲပြားပြားဖြစ်စေရန် ဖော်ပြခြင်းဖြစ်တဲ့အတွက် လက်ရှိအတိုင်းထားခွင့်ပြုရန် တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး ဆွေးနွေးထားတဲ့ ဥပဒေ(မူကြမ်း)မှာ ၂ဝ၁၇ ခုနှစ်ဟူသော စကားရပ်ကိုဖြုတ်သင့်တဲ့ကိစ္စ၊  ငူ်္၁၉ ကျန်ခဲ့တဲ့အတွက်ကိုထပ်မံဖြည့်သွင်းပေးရန်ကိစ္စနှင့် ဥပဒေတွင် ရည်ရွယ်ချက်ဟူသော ဃူသအ ကိုထည့်သွင်းပေးရန်ကိစ္စများကို ဆွေးနွေးထားတာတွေ့ရပါတယ်။ အဲဒီတော့ ဥပဒေ(မူကြမ်း)မှ ၂ဝ၁၇ခုနှစ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အထက်ပါအတိုင်းရှင်းလင်းပြပြီးဖြစ်ပါတယ်။ ငူ်္၁၉ ကတော့ ဥပဒေ(မူကြမ်း)မှာ ထည့်သွင်းရန်ကျန်ခဲ့ခြင်းဖြစ်တဲ့အတွက် ထပ်မံပြီးတော့ ထည့်သွင်းထား ပါတယ်။ အခုလွှတ်တော်ကိုယ်စားလှယ်တော်ကြီး အကြံပြုထားတဲ့အတိုင်း ထပ်မံပြီးတော့ ထည့်သွင်း ထားပါတယ်။ ဥပဒေ(မူကြမ်း)မှာ ရည်ရွယ်ချက်ဆိုတဲ့အပိုဒ်က ထည့်ရန် အင်မတန်ဘဲသင့်တော် သော်လည်း ဥပဒေက သီးသန့်အနေနဲ့ပြဌာန်းတဲ့ ဥပဒေမဟုတ်တဲ့အတွက် ဥပဒေရေးထုံးနဲ့ ကိုက်ညီ စေရန်အတွက် ဥပဒေကြမ်းမှာ ရည်ရွယ်ချက်ကို အခန်းတစ်ခုအနေနဲ့ ဖော်ပြထားဖို့မလိုအပ် ကြောင်းကို ရှင်းလင်းတင်ပြပါတယ်။ ထို့အပြင် အခြားလွှတ်တော် ကိုယ်စားလှယ်ကြီးများဖြစ်ကြတဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတင်ထွန်းနိုင်၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးရန်ရှင်း၊ ကျောက်တံတား မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြလှစံနှင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးတို့မှလည်း ဥပဒေ (မူကြမ်း)တွင်ဖော်ပြပါရှိတဲ့ အခွန်နှုန်းထား များနှင့်ပတ်သက်၍ အပြုသဘောနှင့် အကြံပြုဆွေးနွေးသွားတာကို များစွာကျေးဇူးတင်ရှိပါတယ်။ အလွန်ပဲဂုဏ်ယူဝမ်းသာလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကိုယ်စား ပြောကြား လိုပါတယ်။ အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့မူဝါဒများအား အထက်တွင် ရှင်းလင်းတင်ပြပြီးတဲ့အတွက် ထပ်ပြီးတော့ ကျွန်တော် မရှင်းလင်းတော့ပါဘူး။ ဒါကြောင့်မို့လို့ အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ(၈)ဦးအနေနဲ့ အားလုံးပြည့်ပြည့်စုံစုံရှင်းလင်းပြီး တဲ့အတွက် ဒီဥပဒေကြမ်းကိုပြန်ပြီးတော့ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေကြမ်းကို အဲဒီပေါ်မှာပြန်လည်ပြီးတော့ အစိုးရအဖွဲ့ရဲ့ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။    ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂ဝ၁၇ခုနှစ်ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတင်သွင်းခဲ့ပြီး ဥပဒေကြမ်း ကော်မတီက စိစစ်သုံးသပ်တဲ့အစီရင်ခံစာတင်သွင်းကာ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေး ခဲ့ပါတယ်။ ဒီဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေး နွေးသွားပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့စိစစ်သုံးသပ်ချက်အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားလှယ် များရဲ့ဆွေးနွေးချက်နဲ့ ဝန်ကြီးရဲ့ပြန်လည်ရှင်းလင်းဆွေးနွေးချက်အတိုင်းပြင်ဆင်၍ ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုရေးအတွက် ဆက်လက်ဆောင်ရွက်သွားပါမယ်။ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုရန် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ၁၃၇၊ နည်းဥပဒေခွဲ(က)အရ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးက အဆိုတင်သွင်းဖို့ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ။                ။ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးရဲ့ အသုံးစရိတ်များကို ကောက်ခံရရှိတဲ့ အခွန်အခ ငွေများအပေါ်မှာ ရပ်တည်နိုင်အောင်ဆောင်ရွက်ရေး၊ ရသင့်ရထိုက်တဲ့အခွန်အခများ အပြည့်အဝ ရရှိစေရေး၊ ပွင့်လင်းမြင်သာမှုရှိပြီး ခေတ်နှင့်ညီညွှတ်သော အခွန်စနစ်တစ်ရပ်ဖြစ်ပေါ်လာရေးစတဲ့ ရည်ရွယ်ချက်များနဲ့ ရေးဆွဲပြုစုထားတဲ့ ဤ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့အခွန်အခ ဥပဒေ(မူကြမ်း)ကို တိုင်ဒေသကြီးဥပဒေချုပ်ရုံးမှလည်း အကြံပြုသုံးသပ်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကိုလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီကလည်း အကြံပြုချက်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီအကြံပြုချက်များကိုလည်း လိုက်နာဆောင်ရွက်ပြီး ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခင် ဥပဒေ မူကြမ်းမှာ ကျန်ခဲ့တဲ့ ငူ်္၁၉ အချက်ကိုဖြည့်စွက်ခြင်းနှင့် စာသားအနည်းငယ်ကို ဥပဒေနှင့်အညီ ပြင်ဆင်လျက် ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေ(မူကြမ်း)ကို ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပြဌာန်းပေးနိုင်ပါရန် လေးစားစွာအဆိုပြုတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

အချိန်။ ၁၃၁၆

ဥက္ကဋ္ဌ ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးရန် ဝန်ကြီးကအဆိုတင်သွင်းသွားပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၁၃၈၊ နည်းဥပဒေခွဲ(က)အရ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် သဘောတူပါသလားခင်ဗျား (သဘောတူပါ တယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။

ဦးကျော်ဇေယျ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။      ။ ကျွန်တော်ကတော့ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ နည်းနည်းတင်ပြခွင့်ပြုပါခင်ဗျား။ ကျွန်တော်တို့ဒီဥပဒေကြမ်းကို ဆွေးနွေးတဲ့ကိုယ်စားလှယ် များကလည်း တစ်ချို့အခွန်အခနှုန်းထားလေးတွေ ပြင်ဆင်ချင်တယ်။ စာသားလေးတွေပြင်ဆင်ချင် တဲ့ဆန္ဒလေးတွေရှိပါတယ်။ ကျွန်တော်လည်း ပထမပါဝင်ဆွေးနွေးမလို့ပါ။ သို့သော်လည်းပဲ ကျွန်တော်ရဲ့အချက်အလက်အချို့ကို ဆွေးနွေးခွင့်မရတဲ့အတွက် ကျွန်တော်လည်းပဲ မိမိဆန္ဒ သဘောထားအလျောက် ဆွေးနွေးခြင်းမှလည်း ရုပ်သိမ်းခဲ့ပါတယ်။ ကျွန်တော်တင်ပြဆွေးနွေးချင် တာကတော့ ဒီရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၇ခုနှစ် အခွန်အခဥပဒေကြမ်းမှာ များသောအားဖြင့် ကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပါဝင်ပတ်သက်နေပါတယ်။ သို့သော် ယနေ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကော်မတီဝင်အဆင့်ဆင့်မရှိပါဘူး။ ဒါကြောင့် ဒီကော်မတီဝင်အဆင့်ဆင့် ရွေးချယ်တင်မြှောက် ပြီးမှသာ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေကြမ်းကို အတည်ပြုစေလိုတဲ့ ဆန္ဒရှိတဲ့အတွက် ကျွန်တော်ကျော်ဇေယျမှ ကန့်ကွက်ကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ။                  ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီဥပဒေက ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေတစ်ခု ဖြစ်ပါတယ်။ ဒီဥစ္စာကအခြေခံဥပဒေပုဒ်မ၁၉ဝ(ခ)အရတင်ပြခြင်း၊ သက််ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကသာ တင်သွင်းခွင့်ရှိတဲ့ ဥပဒေ(၃)ရပ်ထဲကတစ်ခုဖြစ်ပါတယ်။ ဒီဥပဒေ (၃)ရပ်ကိုပြန်ပြောရမယ်ဆိုရင် ဒေသန္တရစီမံကိန်းဥပဒေ၊ ရသုံးခန့်မှန်းခြေငွေစာရင်းဥပဒေနဲ့ ဒီအခွန် အခဥပဒေဆိုတဲ့ အခွန်ဥပဒေကြီး(၃)ရပ်ဖြစ်ပါတယ်။ ဒီဥပဒေ(၃)ရပ်က ရန်ကုန်တိုင်းဒေသကြီး ဒီသက်ဆိုင်ရာတိုင်းဒေသကြီးကနေပြီးတော့ တင်ပြပြီးတဲ့အခါမှာ ဒီဥစ္စာကသက်ဆိုင်ရာဥပဒေကြမ်း ကော်မတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များပေါ်မူတည်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ လိုအပ်သလိုပြုပြင်ပြောင်းလဲပြီးတဲ့အခါမှာ လွှတ်တော်ကိုတင်ပြ တဲ့အခါမှာ လွှတ်တော်ကနေပြီးတော့ အတည်ပြုပေးဖို့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ ၂ဝ၁၇ ခုနှစ်၊ ဘဏ္ဍာရသုံးမှန်းခြေငွေစာရင်းမှာ ရငွေအပိုင်းဟာ ဒီအခွန်နှုန်းထားများအပေါ်မှာဘဲ ကောက်ခံ ရရှိရမယ့်ကိစ္စဖြစ်တဲ့အတွက် ဒီနှုန်းထားများကိုဘဲ ဥပဒေအဖြစ်ပြဌာန်းခြင်းဖြစ်ပါတယ်။ ဒီဥပဒေများ၊ ဒီနှုန်းထားများဟာလည်း လက်ရှိကောက်ခံနေတဲ့ နှုန်းထားများဖြစ်ပါတယ်။ ဒီနှုန်းထား များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးက နှုန်းထားများအခွန်၊ သစ်တောခွန်၊ သတ္တုခွန်၊ ငါးလုပ်ငန်းခွန် ကျန်တဲ့ယစ်မျိုးခွန်စတဲ့ အခွန်အကောက်များဟာလည်း သက်ဆိုင်ရာ နည်းရတနာအသီးသီးက နေပြီးတော့ သတ်မှတ်ထားတဲ့အခွန်နှုန်းများဖြစ်ပါတယ်။ ၎င်းအခွန်နှုန်းများကို ပြင်လိုပါကလည်း သက်ဆိုင်ရာပြည်ထောင်စုဌာနများကိုတင်ပြပြီးတော့မှ ဒီဥပဒေပြင်လို့ရှိရင် ပြန်လည်ပြီးတော့ ပြင်ဆင်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ ဒါကြောင့် ဒီနှုန်းထားများကို ဒါစုစည်းထားတဲ့ဥပဒေ ဖြစ်တဲ့အတွက် ပြင်ဆင်လို့ရှိရင် နောက်မှထပ်မံပြင်ဆင်လို့ရပါတယ်။ ဒီ(၃)ခုဟာရသုံးမှန်းခြေ ငွေစာရင်းနဲ့ချိတ်ဆက်ထားတဲ့ဥပဒေဖြစ်တဲ့အတွက် ဒီလွှတ်တော်မှ မဖြစ်မနေအတည်ပြုပေးပါရန် ထပ်လောင်းမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဦးဝင်းမောင်၊လှိုင်သာယာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁) ။         ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဥပဒေကြမ်းကော်မတီရဲ့ အတွင်းရေးမှူးအနေနဲ့ ကျွန်တော် ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ အတည်ပြုပေးနိုင်ပါရန် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဥပဒေသည်သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေနဲ့အညီ တင်သွင်းထားတဲ့ဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီကလည်းစိစစ်ပြီးတော့ ဥပဒေကြမ်းကော်မတီရဲ့ သဘောထားမှတ်ချက်ကိုလည်း ကျွန်တော်တို့ တင်ပြပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များကလည်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ ဆွေးနွေးလိုတဲ့အချက်အလက်များကို ဆွေးနွေးပြီး၊ ဆောင်ရွက်ပြီးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကြမ်းသည် သက်ဆိုင်ရာဥပဒေအချက်အလက်များနဲ့ စုံညီစွာ ဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက် လွှတ်တော်ကနေပြီးတော့ ဒါကို အတည်ပြုပြဌာန်းနိုင်ပါရန် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူးတစ်ယောက်အနေနဲ့ တင်ပြအပ်ပါတယ်ခင်ဗျား။

ဦးသော်တာအောင်၊ စမ်းချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဥပဒေကြမ်းကော်မတီရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ အနည်းငယ်ဆွေးနွေးခွင့်ပြုပါ။ ကျွန်တော်တို့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေများအရ ဒီဥပဒေကြမ်းတင်သွင်းတဲ့နေရာမှာ ပုဒ်မ ၁၃၆ကို ကျွန်တော်တို့က ကျော်လွန်သွားပြီဖြစ်ပါတယ်။ အဲဒီအတွက်ဥပဒေအရ ဒီဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက် ဥပဒေရဲ့သဘောတရား အရ နောက်ကြောင်းပြန်ပြီးတော့ ဒီဟာတွေကို ပြန်လည်ဆွေးနွေးလို့မရတော့ပါဘူး။ အဲဒီအတွက် ကျွန်တော်အနေနဲ့ ဒီဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးဖို့အတွက် အဆိုပြုအပ်ပါတယ်။

ဦးမျိုးဆွေ၊ သုံးခွမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။            ။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ဥပဒေများစာမျက်နှာ (၁၃၈)မှာ အပိုဒ်၁၃၇(ဃ)မှာ ဥပဒေကြမ်းကိုအတည်ပြုရန်အဆို (သို့မဟုတ်) ပြင်ဆင်ထားသည့် ဥပဒေကြမ်းကိုအတည်ပြုရန် အဆိုနှင့်စပ်လျဉ်း၍ဆွေးနွေးချက်များမှာ ဥပဒေကြမ်းကိုထောက်ခံ သောအကြောင်းပြချက်များ (သို့မဟုတ်) ဥပဒေကြမ်းကိုပယ်ရန် အကြောင်းပြချက်များဖြစ်ရမည်လို့ ပါပါတယ်။ ယင်းအကြောင်းပြချက်များကို ရှင်းလင်းစေရန်မှအပ ဥပဒေကြမ်း၏အသေးစိတ်ကို ထည့်သွင်းပြောဆိုခြင်းမပြုရလို့ ပါရှိပါတယ်။ ဦးကျော်ဇေယျရဲ့တင်ပြချက်က ကျွန်တော်တို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပြီးမှဆိုတဲ့အချက်က ဒီဥပဒေနဲ့လုံးဝဆန့်ကျင်နေ တဲ့အတွက် ဒီဥပဒေကြမ်းကို လွှတ်တော်မှအတည်ပြုပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။

စက်ခလုတ်အသုံးပြု၍ လျှို့ဝှက်ဆန္ဒမဲပေးသည့်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကထောက်ခံတဲ့သူ များတဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ မဲခွဲပြီးတော့မဆုံးဖြတ်ဘဲနဲ့ ကျွန်တော်တို့အတည်ဖွဲ့လိုက်ပြီးတော့ ဆုံးဖြတ်ပေးလိုက်ပါမယ်။ အဲဒီတော့ လွှတ်တော်မှာကန့်ကွက်လိုတဲ့ လူတစ်ယောက်ရှိတဲ့အတွက်ကြောင့်၊ ပုဂ္ဂိုလ်ရှိတဲ့ အတွက်ကြောင့်၊ သဘောမတူသူရှိတဲ့အတွက်ကြောင့်၊ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ကျွန်တော်တို့ ရယူပေးပါမယ်။ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အခါမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ၃၁၊ နည်းဥပဒေခွဲ(ထ)၊ နည်းဥပဒေခွဲငယ်(၁)အရ စက်ခလုတ် အသုံးပြုပြီးတော့ လျှို့ဝှက်ဆန္ဒမဲပေးသည့်နည်းလမ်းနဲ့ ဆောင်ရွက်ပါမယ်။ ဒီဥပဒေကို အတည်ပြုဖို့ အတွက် များတဲ့ဟာဆိုရင် ကျွန်တော်တို့က အတည်ဖြစ်ပါတယ်။ ကန့်ကွက်တဲ့ဟာနည်းရင် ကျွန်တော်တို့ ဒီဥပဒေပဲအတည်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒမဲပေးဖို့အတွက် အဆင်သင့်ရှိပါ။ အဆင်သင့်လုပ်လို့ရပြီလားခင်ဗျား။ ဆန္ဒမဲပေးလို့ရပါပြီ။ ကျွန်တော်တို့ ဒီမှာအားလုံးမဲပေးပြီးတဲ့အတွက်ကြောင့် ထောက်ခံတဲ့သူ များတဲ့အတွက်ကြောင့် ဒီဥပဒေသည် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်းနှင့် ကော်မတီ၏သက်တမ်း                                                       တိုးမြှင့်ခြင်း

အချိန်။ ၁၃၂ဝ

ဥက္ကဋ္ဌ။     ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း  ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမမြောက်နေ့ဖြစ်သော ၃၁-၃-၂ဝ၁၆ ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလူများများအရေးဆိုင်ရာကော်မတီသည် ၃၁-၃-၂ဝ၁၇ရက်နေ့တွင် သက်တမ်းတစ်နှစ်ပြည့်ပြီဖြစ်သည့်အတွက် ကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရန်ဖြစ်ပါတယ်။

ဒေါ်မြတ်မာလာထွန်း၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်မြတ်မာလာထွန်းဖြစ်ပါတယ်။ လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ စတုတ္ထပုံမှန် အစည်းဝေးသို့တင်သွင်းမည့် နှစ်ပတ်လည်အစီအရင်ခံစာကို ကော်မတီ၏ကိုယ်စား ကျွန်မက တင်သွင်းဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ                    စတုတ္ထပုံမှန်အစည်းဝေးသို့တင်သွင်းသော နှစ်ပတ်လည်အစီအရင်ခံစာ

နိဒါန်း

၁။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၁.၃.၂ဝ၁၆ (ကြာသပတေးနေ့)တွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၂၃၊ တိုင်ဒေသကြီး သို့မဟုတ်  ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ၆၂အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဖွဲ့စည်းခဲ့ ပါသည်။ ကော်မတီဖွဲ့စည်းခြင်းနှင့်တာဝန်များ၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းဝေး ၃၁.၃.၂ဝ၁၆ (ကြာသပတေးနေ့)တွင် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာကော်မတီအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်(၉)ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ စုစုပေါင်း(၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ကော်မတီ၏တာဝန်များ

၂။      ကော်မတီ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)    နိုင်ငံတော်မှချမှတ်သော မူဝါဒ၊ ဦးတည်ချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေ၊ အခြေခံပြဋ္ဌာန်းချက်များနှင့် ညီညွှတ်မှု ရှိ/မရှိစိစစ်ရမည်။

(ခ)     ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။

(ဂ)     နိုင်ငံတော်နှင့် အများပြည်သူတို့၏အကျိုးစီးပွား လုံခြုံရေးနှင့် ရုပ်ဝတ္ထုလုံခြုံရေးကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ရမည်။

(ဃ)    ကော်မတီအစည်းအဝေးတွင် ကော်မတီတစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ၊ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်၊ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ၊ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့သော အစီအရင်ခံစာကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ပေးပို့ရမည်၊

(င)     တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေမည့်ကိစ္စများ မရှိစေရန် အလေးထားရမည်။

ကော်မတီ၏ဆောင်ရွက်ချက်များ

၃။      (က)    တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် ကော်မတီစတင်ဖွဲ့စည်းသည့် အချိန်မှစ၍ အစည်းအဝေးကျင်းပမှုကို (၅)ကြိမ်ဆောင်ရွက်ခဲ့ပါသည်။ တိုင်းရင်း သားလူမျိုးများအရေးဆိုင်ရာကော်မတီမှ ကိုယ်စားလှယ်များအနေဖြင့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းဝေးတွင် မေးခွန်းပေါင်း(၄)ခု၊ တတိယပုံမှန်အစည်းအဝေးတွင် မေးခွန်းပေါင်း(၃)ခုနှင့် စတုတ္ထပုံမှန်အစည်း အဝေးတွင် မေးခွန်းပေါင်း(၁၂)ခုမေးမြန်းခဲ့ပါသည်။ ၂၉.၉.၂ဝ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ်၊ တတိယပုံမှန်အစည်း အဝေးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် သြဂုတ်လ(၃၁)ရက်နေ့တွင် မြန်မာကွန်ဗန်းရှင်းစင်တာ၌ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအပေါ် လေးစားဂုဏ်ယူဝမ်းမြောက်ကြောင်းအဆိုကို တင်သွင်းခဲ့ပါသည်။

(ခ)     ၂၁.၅.၂ဝ၁၆ ရက်နေ့တွင် တိုင်းရင်းသားငြိမ်းချမ်းရေးဆွေးနွေးပွဲအား နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မိမိတို့ကော်မတီမှ (၅)ဦးတက်ရောက်ခဲ့ပါသည်။ ၂၃.၆.၂ဝ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိကျောင်းများ တိုင်းရင်းသားစာပေသင်ကြားမှုနှင့် ပတ်သက်၍ အခြေခံပညာ ညွှန်ကြားရေးမှူးနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ၂၉.၈.၂ဝ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံကို ဂုဏ်ပြုကြိုဆိုထောက်ခံပွဲအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး နြိငေ ဃသမညနမ ခန်းမ၌ပြုလုပ်ခဲ့ပါသည်။ ၁ဝ.၂.၂ဝ၁၇ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် နှစ်(၇ဝ)ပြည့် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသား ရိုးရာအစားအစာရောင်းချပွဲနှင့် ပဒေသာကပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တက်ရောက်ခဲ့ရာ တိုင်းရင်းသားလူမျိုးများဓါတ်ပုံအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။

ကော်မတီ၏ကွင်းဆင်းဆောင်ရွက်ချက်များ

၄။      တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်မှုများကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ကြပါသည်-

(က)    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီသည် ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာအုပ်စုနှင့် ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာအုပ်စုများရှိ တိုင်းရင်းသားလူမျိုးများနှင့် ၂၉.၅.၂ဝ၁၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်ကျေးရွာအုပ်စုသို့ သွားရောက်ရာတွင်  ဒေသခံတိုင်းရင်းသားများမှာ တိုင်းရင်းသားစာပေသင်ကြား နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် မှတ်ပုံတင်တွင် မိမိတို့တိုင်းရင်းသား အမည်မဟုတ်ဘဲ အခြားလူမျိုးအမည်ဖြစ်နေသည်ကို ပြုပြင်ဆောင်ရွက်ပေးပါရန် အဓိကထားဆွေးနွေးခဲ့ကြပါသည်။ ၎င်းအပြင် ကော့မှူးမြို့နယ်၊ ဝါးသိင်္ခကျေးရွာ အုပ်စုများရှိ တိုင်းရင်းသားလူမျိုးများကို သွားရောက််တွေ့ဆုံခဲ့ပါသည်။

(ခ)     ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီသည် လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာရှိ တိုင်းရင်းသား လူမျိုးများနှင့်တွေ့ဆုံရန် ၁.၁ဝ.၂ဝ၁၆ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ စာဘူးတောင်းကျေးရွာကွက်သစ် ဘုရားကျောင်းတွင် နေ့လည်(၁)နာရီ၌ အစည်းအဝေးကျင်းပခဲ့ပြီး ကရင်တိုင်းရင်းသားဝန်ကြီး နော်ပန်းသဉ္ဇာမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဝင်များ၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ကရင်စာပေယဉ်ကျေးမှုကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ ရေးရာကော်မတီ အနေဖြင့် တိုင်းရင်းသားရေးရာကိစ္စများအပြင် အခြားသော ဒေသ၏လိုအပ်ချက်များ ကိုပါ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ကရင်စာပေယဉ်ကျေးမှုအဖွဲ့ဝင် များကလည်း မိမိတို့၏မြို့နယ်အလိုက်ဆောင်ရွက်ချက်များကို တင်ပြခဲ့ကြပါသည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီသည် တွံတေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စုနှင့် တွံတေးမြို့နယ်၊ ကရင်ချောင် ကျေးရွာအုပ်စုများသို့ ၁၉.၂.၂ဝ၁၇ ရက်နေ့တွင် သွားရောက်ခဲ့ပါသည်။ တွံတေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စုသို့သွားရောက်ကာ ရှမ်းတိုင်းရင်းသား များနှင့်တွေ့ဆုံ၍ ရှမ်းလူမျိုးများ၏စာပေ၊ စကားများကို ပြန်လည်ဖော်ဆောင်နိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာရှိ တာဝန်ရှိသူများဖြင့် ဆွေးနွေး ခဲ့ကြပါသည်။ ရှမ်းစုကျေးရွာ(၄)ရွာအနက် ရှမ်းစကား၊ ရှမ်းစာပေသင်ကြားပေးရန်၊ လက်မှုပညာများ ယက္ကန်းယက်ခြင်း၊ အိုးလုပ်ခြင်း၊ ှနြ အသေးစားကိုဖော်ဆောင် ပေးရန်နှင့် ယဉ်ကျေးမှုပြတိုက်ဆောက်လုပ်ရန် ဆွေးနွေးခဲ့ကြပါသည်။ တွံတေးမြို့နယ်၊ ကရင်ချောင် ကျေးရွာမှာ တိုင်းရင်းသားလူမျိုးများနှင့်တွေ့ဆုံ၍ တွံတေးမြို့နယ်၊ ကရင်ချောင်ကျေးရွာရှိ ရွာသားများမှ တိုင်းရင်းသားဘာသာစကားများ ပြန်လည် ဖော်ဆောင်ရေးနှင့် ရိုးရာစကားများပျောက်နေသဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရန် တင်ပြခဲ့ကြပါသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ကရင်ချောင်တိုက်နယ် ဆေးရုံနှင့် အ.ထ.ကကျောင်းတို့ကိုလည်း သွားရောက်လေ့လာခဲ့ကြပါသည်။ ၎င်းအပြင် ကရင်စာပေသင်ကြားရေးအတွက် ပံ့ပိုးမှုများရှိ/မရှိ မေးမြန်းခဲ့ကြပါသည်။ (၂၁)ရာစုပင်လုံ ကြိုဆိုထောက်ခံသောအားဖြင့် မြန်မာ့နှစ်သစ်ကူးရိုးရာ မဟာသင်္ကြန် မဏ္ဍပ်၊ ဆုပေးမဏ္ဍပ်ကို ငြိမ်းချမ်းရေးမြတ်နိုးသူများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာဆုပေးမဏ္ဍပ်ဖွင့်ပွဲသို့လည်း တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

(ဃ)    ၂၇.၃.၂ဝ၁၇ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘောလယ် ကျွန်းဒေသ၊ ကျူတောကျေးရွာအုပ်စု၌ ကျင်းပခဲ့သော ပထမအကြိမ် ကရင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဆရာ/ဆရာမများမွမ်းမံ သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏ တာဝန်ပေးမှုအရ ကော်မတီအဖွဲ့ဝင် ဦးဌေးမော်(တိုင်း)နှင့် ထန်းတပင်က တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ကရင်တိုင်းရင်းသား သင်တန်း ဆရာ/ ဆရာမများနှင့် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။ ၁.၄.၂ဝ၁၇ ရက်နေ့တွင် အဆိုပါသင်တန်းပိတ်ပွဲအခမ်းအနား၌ ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၏ ဖားစီလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ ရေစက်ချ တရားတော် နာယူခြင်းနှင့် ကျေးဇူးတော်အမှာစကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဆောင်ရွက်ဆဲလုပ်ငန်းများ

၅။      ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ စာကြည့်တိုက်တွင် တိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာ ကော်မတီမှ တိုင်းရင်းသားလူမျိုးဆိုင်ရာ လူမျိုးစုများနှင့် စာပေများအတွက် သီးခြား စာအုပ်စင်များ ထားရှိသွားမည်ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးပြီးစီးပါက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီတို့တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ကော်မတီ၏တွေ့ရှိသုံးသပ်ချက်နှင့်အကြံပြုချက်များ

၆။      ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများသည် မိမိတို့၏ တိုင်းရင်းသားများအကျိုးကို ပိုမိုဆောင်ရွက်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အချို့တိုင်းရင်းသားများသည် မှတ်ပုံတင်ပြုလုပ်ရာတွင် တိုင်းရင်းသားလူမျိုးများ ပျောက်နေကြောင်း လေ့လာတွေ့ရှိရသဖြင့် ယင်းတို့၏အခက်အခဲများကို ဆောင်ရွက်ပေးနိုင်ပါရန် အကြံပြုအပ်ပါသည်။

၇။      ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်ကြသော ကရင်နှင့်ရခိုင်တိုင်းရင်းသားများ အပါအဝင် အခြားသောတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ၊ အခြားကြုံတွေ့နေရသော အခက်အခဲများကို တိုင်းဒေသကြီးလွှတ်တော်တွင် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ပြီး တိုင်းရင်းသား ရေးရာဝန်ကြီးများမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းအကြံပြု အပ်ပါသည်။

နိဂုံး

၈။      ၂ဝ၁၇ခုနှစ်၊ မေလ (၂၃)ရက်နဲ့ (၂၄)ရက်နေ့များတွင် ကျင်းပမည့်(၂၁)ရာစုပင်လုံ ညီလာခံအားထပ်မံထောက်ခံကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားအားလုံး စည်းလုံးညီညွှတ်ရေး၊ ငြိမ်းချမ်းရေးကိုရှေးရှု၍ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းစသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူတို့၏အကျိုးစီးပွား၊ တိုင်းရင်းသားတို့၏ အရေးကိစ္စများ၊ ကော်မတီ၏တာဝန်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစီရင်ခံအပ်ပါသည်။

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ

ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

ဥက္ကဋ္ဌ ။     ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်ကသဘောတူကြောင်း ကြေညာပါတယ်။ (တူထုသံ)

ဥက္ကဋ္ဌ ။     ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေး နဝမနေ့ဖြစ်သော ၃၁.၃.၂ဝ၁၆ရက်နေ့တွင် တိုင်းရင်းသား လူမျိုးများအရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ ပါတယ်။ ယခုအခါ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီသည် ၃၁.၃.၂ဝ၁၇ ရက်နေ့တွင် ကော်မတီ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်ပြီဖြစ်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ၂၃အရ သက်တမ်း(၁)နှစ်ထပ်မံတိုးမြှင့်ရန် လွှတ်တော်ကသဘောတူပါသလား ခင်ဗျား(တူပါတယ်)။ သဘောတူပါသလားခင်ဗျား (တူပါတယ်)။ သဘောတူပါသလားခင်ဗျား (တူပါတယ်)။ သဘောမတူသူရှိပါသလားခင်ဗျား (မရှိပါ)။ လွှတ်တော်ကသဘောတူတဲ့အတွက် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီကို သက်တမ်း (၁)နှစ်ထပ်မံတိုးမြှင့်ကြောင်း ကြေငြာပါတယ်။ (တူထုသံ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး (၁၂)ရက် မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး(၁၃)ရက်မြောက်နေ့ကျင်းပမည့် နေ့ရက်နှင့်                                           အချိန်ကိုကြေညာခြင်း

အချိန်။ ၁၃၃၉

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး

လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး(၁၃)ရက်မြောက်နေ့ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို လွှတ်တော်   ကိုယ်စားလှယ်များထံ ကြိုတင်အကြောင်းကြားသွားမည်ဖြစ်ကြောင်း ကြေငြာပါတယ်။ (တူထုသံ)

အခမ်းအနားမှူး။      ။ ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။      ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။

ဟ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေးကို (၁၃၃၉)နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၁၃)ခု မေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ”၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ အခွန်အခဥပဒေ(မူကြမ်း)”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အတည်ပြုခြင်းနှင့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြား တင်ပြခြင်းနှင့် ကော်မတီ၏သက်တမ်း တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။’

 

 

 

 

 

 

 

 

About Ygn Editor

Check Also

ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အဖွဲ့ဝင်နှင့် ဝန်ထမ်းရေးရာနှင့်အဖွဲ့အစည်း ရေးရာကော်မတီ၊ ဒုတိယအကြီးအကဲ၊ အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ၊ အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်များ ရေးရာကော်မရှင် အကြီးအကဲဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

ရန်ကုန် ၊ ဇွန်လ ၂၇ ရက် ၊ ၂၀၁၉   ၂၇.၆.၂၀၁၉ ရက် နေ့လယ်(၂း၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဥက္ကဋ္ဌရုံးခန်း၌ …

Leave a Reply

Your email address will not be published. Required fields are marked *