Tuesday , March 2 2021
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း

၁၃၇၉ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်

( ၂ဝ၁၇ ခုနှစ်၊ ဧပြီ လ ၂၄ ရက် )

(တနင်္လာနေ့)

          ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝဝဝ

အခမ်းအနားမှူး ။     ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ]

ဥက္ကဋ္ဌ ။            ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာခြင်း

အချိန်။ ၁ဝဝ၁

ဥက္ကဋ္ဌ ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၇)ဦး တက်ရောက်ပါတယ်။ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၅.၁၂)ရာခိုင်နှုန်းဖြစ်ပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေးအထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံ ကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့                                             အစည်းအဝေးအစီအစဉ် ကြေညာခြင်း

အချိန်။ ၁ဝဝ၂

ဥက္ကဋ္ဌ ။        ။အစီအစဉ်(၃) လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ အဋ္ဌမနေ့ အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်များထံ ကြိုတင်ဖြနေ့်0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်။ ၁ဝဝ၄

ဥက္ကဋ္ဌ ။        ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းဖြစ်ပါ တယ်။

ဗိုလ်မှူးဟိန်းဇော်၊ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ။   ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဟိန်းဇော် ဖြစ်ပါတယ်ခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို မတက်ရောက်နိုင်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးကိုယ်စား ခွင့်ပန်ကြားခွင့်ပြုပါခင်ဗျား။ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၂၄.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းသည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၂၄.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်သည် ကိုယ်တိုင် ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၂၄.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ လှည်ကူးမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းသည် ကိုယ်တိုင် ဆောင်ရွက်ရန်ရှိပါသဖြင့် ၂၄.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသန်းနိုင်သည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၂၄.၄.၂ဝ၁၇ ရက်နေ့မှ အစည်းအဝေးပြီးဆုံးသည်အထိ ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါတယ် ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏                                             အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ ။                   ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့၏ ခွင့်ပန် ကြားချက်များကိုခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့အစည်းအဝေးတက်ရောက်သူ (၁၁၇)ဦး၊ ယမန်နေ့ကခွင့်ပန်ကြားသူ (၁)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၅)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၆)ဦးကို လွှတ်တော်က ခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၂)အရ ယခုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည် ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ လွှတ်တော်ကအတည်ပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး(၁)ဦး ခန့်အပ်ကြောင်းလွှတ်တော်သို့                                              တင်ပြခြင်းနှင့် ကတိသစ္စာပြုခြင်း

အချိန်။ ၁ဝဝ၇

ဥက္ကဋ္ဌ ။         ။ အစီအစဉ်(၅)၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၂ ၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ(ဃ)တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဦးအောင်နိုင်အားရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် နိုင်ငံတော်သမ္မရုံး၏ အမိန့်အမှတ် ၆/၂ဝ၁၇ အရ ၁၂.၄.၂ဝ၁၇ ရက်နေ့တွင် ခန့်အပ် တာဝန်ပေးထားပြီးကြောင်း လွှတ်တော်သို့တင်ပြအပ်ပါတယ်ခင်ဗျား။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော််ဆိုင်ရာ ဥပဒေပုဒ်မ ၅၅ အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုမှာဖြစ်ပါတယ်။ ကတိသစ္စာပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအား လွှတ်တော်ရှေ့မှောက်သို့ နေရာယူ ပေးရန် ဖိတ်ခေါ်ပါတယ်။

အခမ်းအနားမှူး ။               ။ ကတိသစ္စာပြုမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် များအားလုံးမတ်တပ်ရပ်ပေးရန် ပန်ကြားအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌ ။            ။ ဦးအောင်နိုင်အနေနဲ့ ကျွန်ုပ်ဆိုတဲ့ကွက်လပ်နေရာလေးမှာ မိမိရဲ့ အမည်လေးကို ထည့်ဆိုပေးပါ။

ဟလွှတ်တော်ဥက္ကဋ္ဌမှ အောက်ပါအတိုင်း ကတိသစ္စာကို တိုင်ပေးပါသည်။ ‘

ကျွန်ုပ် ———–သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။ ကျွန်ုပ် ———–သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်၏ တရားဥပဒေများကို ထိန်းသိမ်း စောင့်ရှောက်ပါမည်။ ကျွန်ုပ်————ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများကို ဖြောင့်မတ် မှန်ကန်စွာဖြင့် ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ထမ်းဆောင်ပါမည်ဟု   လေးနက် တည်ကြည်စွာ ကြေညာ၍ကတိပြုပါသည်။

ဟရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးအောင်နိုင်သည် ကတိသစ္စာ ပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးပါသည်။ ‘

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ကြယ်ပွင့်ပြထားသော မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်း            ခြင်းနှင့် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၉၄ ၌ လွှတ်တော်အစည်းအဝေးများတွင်ပထမ (၁)နာရီသည် မေးခွန်းများမေးမြန်းဖြေကြားရန်ဖြစ်သည်ဟု ဖော်ပြထားပါတယ်။ ယခုမေးမြန်းတဲ့ ဖြေကြားခြင်းဟာ ပထမ (၁)နာရီကျော်လွန်နိုင်တဲ့အတွက်ကြောင့် မေးခွန်းများကို ပြီးဆုံးအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ သဘောတူကြပါသလားခင်ဗျား(သဘောတူပါတယ်)။ သဘောတူကြပါ သလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူကြပါသလားခင်ဗျား (သဘောတူပါတယ်)။ လွှတ်တော်ကိုယ်စားလှယ်များသဘောတူကြတဲ့အတွက်ကြောင့် ယနေ့မေးခွန်းမေးမြန်းခြင်းနဲ့ ဖြေကြားခြင်းကို ပြီးဆုံးအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တရားရုံးများတွင် အမှုစစ်ဆေးရာ၌ လိုအပ်သည်ထက် အချိန်ပိုမိုကြန့်ကြာခြင်းမရှိဘဲ မှန်ကန်စွာဆောင်ရွက်နိုင်ရန် မည်သို့စီမံဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၁၂

ဥက္ကဋ္ဌ ။         ။ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းတရားသူကြီး နှင့်တကွအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်ကျော်ထွန်းဖြစ်ပါတယ်။ လေးစားရပါသောလွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တရားရုံးများဟာ အမှုစစ်ဆေးရာမှာ ရုံးချိန်းတွေများပြီး ကာလကြာရှည်နေတာကြောင့် အမှုသည်ပြည်သူများဟာ အလုပ်အကိုင်ပျက်ပြီး စိတ်ဒုက္ခခံစားနေရတယ်လို့ ကျွန်တော်တို့ကွင်းဆင်းတဲ့အချိန်မှာ သိရှိခဲ့ရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သိတာကတော့ ရုံးချိန်းများတွင် တရားလိုအနေနှင့်လည်းကောင်း၊ သက်သေထွက် ဆိုရမည့် ရဲဝန်ထမ်းများနှင့် မှုခင်းဆရာဝန်များ၏ တာဝန်အမျိုးမျိုးထမ်းဆောင်နေရခြင်းကြောင့် မလာရောက်နိုင်သည်များကလည်း ရုံးချိန်းများမကြာခဏချိန်းဆိုနေကြရပြီး အမှုကြန့်ကြာမှု များဖြစ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ရဲဝန်ထမ်းများနှင့် ဆရာဝန်များ၏ သက်သေ ထွက်ဆိုချက်များအား မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်နိုင်ပါက အဆင်ပြေချောမွေ့မည် ဖြစ်ကြောင်း လည်း တွေ့ရှိရပါတယ်။ နောက်တစ်ခါ မြို့နယ်မှာရှိတဲ့တရားသူကြီးများရဲ့ တစ်ဦးလျှင်ပျမ်းမျှအမှု တွေဟာလည်း (၁ဝဝ)ကနေ (၁၅ဝ)လောက်အတွင်းမှာ စစ်ဆေးနေရပြီးတော့ ရုံးမှာရှိတဲ့တရားခွင်နဲ့ တရားသူကြီးအရေအတွက်ဟာလည်း ဖွဲ့စည်းပုံအရလိုအပ်နေတာတွေ့ရှိရပါတယ်။ ဥပမာ- တရားခွင်(၅ဝ)ရှိတဲ့နေရာမှာ တရားရုံးမှာ တရားသူကြီး (၄)ဦးသာရှိပြီးတော့ တရားခွင် တစ်ခွင်လိုအပ်လျက်ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ဝန်ထမ်းဖွဲ့စည်းပုံများဟာလည်း ရုံးတိုင်း လိုလိုမှာ လိုအပ်လျက်ရှိကြောင်းတွေ့ရှိရပါတယ်။ ဒါတွေအတွက်ကြောင့်ပဲ အမှုသည်များရဲ့ မိသားစုများဟာလည်း အမှုသည်တွေကို လာရောက်တွေ့ဆုံတဲ့အခါမှာ ကျဉ်းမြောင်းလှတဲ့ တရားရုံး ပရဝုဏ်နဲ့ အလွန်ကျဉ်းမြောင်းပြီး အမိုးအကာမရှိတဲ့အချို့တရားရုံးများရဲ့အချုပ်ခန်းရှေ့တွေမှာ စုပုံပြီးတော့ တရားခံများလာရောက်တွေ့ဆုံနေရတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အဲဒီနေရာမှာ အခက်အခဲများစွာရင်ဆိုင်နေရပြီးတော့ တချို့ဆိုရင် ဝေးကွာလှတဲ့နေရာတွေကနေ၊ ရွာတွေကနေ ပြီးတော့ တစ်နေကုန်အလုပ်ပျက်ပြီး၊ လာရောက်ပြီးတော့ အမှုတွေကိုမပြီးမချင်းရင်ဆိုင်နေရ တာလည်းတွေ့ရှိရပါတယ်။ ကျွန်တော်တို့ တွေ့ရှိရတဲ့နေရာမှာ တချို့အမှုတွေဟာ သာမန်စကားများ ရန်ဖြစ်တဲ့အမှုတွေဆိုရင် (၈)လမှ (၁)နှစ် လောက်ထိကြာရှည်နေတာတွေ တွေ့ရှိခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ဒီနေ့ ဒီမေးခွန််းကို ကျွန်တော်မေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဏသတနမ ဏသငညအ ဖြင့်ပြခွင့်ပြုပါခင်ဗျား။ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တာကတော့ (၄၄)မြို့နယ်ပါ။ ဒါပေမဲ့ ကျွန်တော်ပထမဆုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံ(အရှေ့)၊ ဒဂုံ(မြောက်)နဲ့ လှိုင်ရယ်၊ မရမ်းကုန်း မှာ ဒီအချက်အလက်တွေကို ပထမဆုံးဖြစ်တဲ့အတွက်၊ မတောင်းဆိုမိခဲ့တဲ့အတွက် ဒီအချက်အလက် တွေဟာ (၄)မြို့နယ်မပါတဲ့ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်(၄ဝ)ရဲ့ အချက်အလက်တွေပါ။ ဒါသည် တရားသူကြီးဦးရေတွေ၊ တရားသူကြီးအချို့လစ်လပ်နေတဲ့နေရာတွေ၊ နောက်ပြီးတော့ အမှုတွေ၊ ဒါကြောင့်မို့ ကျွန်တော်တို့ဘေးမှာ ပျှမ်းမျှအမှု (၁ဝဝ)ကျော်၊ (၁၄ဝ)ကျော်၊ (၁၃၉)၊ တောင်ဥက္ကလာပ ဆို(၁၂၄) အဲဒီလိုအမှုတွေဟာ ပျှမ်းမျှတွက်ပြီးထားတာပါ။ ကျွန်တော်တို့သိရတာဟာ မြို့နယ် တရားသူကြီးနဲ့ လက်ထောက်မြို့နယ်တရားသူကြီးတွေကသာ ပထမတန်းအာဏာရတဲ့ တရားသူကြီးတွေဖြစ်ပြီးတော့ ဒုမြို့နယ်တရားသူကြီးတွေကတော့ အမှုသေးတွေကို ကိုင်ရတယ်လို့ သိရှိခဲ့ရပါတယ်။ မြောက်ဥက္ကလာပမှာဆိုရင် တရားသူကြီးတစ်ဦးကို ပျှမ်းမျှ (၃ဝဝ)ကျော်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့က အမှုတွေ မှော်ဘီမှာဆို (၃ဝဝ) အရမ်းများနေတယ်လို့ လေ့လာသုံးသပ်မိပါတယ်။ လှိုင်သာယာမှာဆိုရင် (၂၂၄)၊ လှည်းကူး(၁၁၂)၊ ရွှေပြည်သာလို နေရာမှာလည်း များပါတယ်။ သင်္ဃန်းကျွန်းမှာလည်း (၂၄၉) ဒီလိုကျွန်တော်တို့ တရားသူကြီးတွေက အမှုအရေအတွက်နဲ့ အမှုကိုကိုင်တွယ်နေရတာများတဲ့အတွက် ဒီအမှုတွေဟာ ကြန့်ကြာ နေရတယ်လို့ သုံးသပ်မိတဲ့အတွက် ကျွန်တော်လွှတ်တော်ဥက္ကဋ္ဌကြီးကနေတစ်ဆင့် အောက်ပါ မေးခွန်းများကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားရုံးများ၌ အမှုစစ်ဆေးရာတွင် လိုအပ်သည်ထက် အချိန်ပိုမိုကြန့်ကြာခြင်းမရှိဘဲ မှန်ကန်စွာဆောင်ရွက်နိုင်ရန် မည်သို့စီမံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းတရားလွှတ်တော်တရားသူကြီးချုပ် ။     ။ လေးစား အပ်ပါသောလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေဖြစ်ပါတယ်။ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ကျော်ထွန်း၏ ကြယ်ပွင့်ပြမေးခွန်းအား ဖြေကြားပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (၁)ရုံး၊ ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၄၅)ရုံး၊ အထူးတရားရုံးအဖြစ် ကလေးသူငယ်တရားရုံး(၁)ရုံး၊ မော်တော်ယာဉ်တရားရုံး(၂)ရုံး၊ စည်ပင်သာယာတရားရုံး (၇)ရုံးဖွင့်လှစ်ထားရှိပြီးတော့ ကျွန်တော်တို့ တရားသူကြီးဦးရေခန့်မှန်း စုစုပေါင်း လက်ရှိ (၂၅ဝ) ကျော်ဖြင့် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါတယ်။ အမှုအရေအတွက် များပြားတဲ့ရုံးများမှာဆိုရင်တော့ တရားသူကြီးများကို တိုးမြှင့်ခန့်အပ်တာဝန်ပေးပြီးတဲ့အခါမှာ မှုခင်းအရေအတွက်နည်းတဲ့ရုံးများမှာဆိုရင်တော့ ကျွန်တော်တို့မှုခင်းအခြေအနေပေါ်မှာ မူတည်ပြီးတာဝန်ပေးဆောင်ရွက်လျက်ရှိပါတယ်။ မှုခင်း အရေအတွက်များပြားတဲ့ကျွန်တော်တို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနဲ့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတို့မှာတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံအရ တရားသူကြီး ဦးရေဟာ (၁၅) ဦးပဲရှိသော် လည်းပဲ လက်ရှိမှာတော့ တရားသူကြီး (၂ဝ) ဦးအထိဖြည့်တင်း တာဝန်ပေးပြီးတော့ ဆောင်ရွက် လျက်ရှိပါတယ်။ ထို့အတူပဲ လှိုင်သာယာမြို့နယ်တရားရုံးမှာလည်း ဖွဲ့စည်းပုံအရ တရားသူကြီး (၇) ဦးခန့်ထားရန်ဖြစ်သော်လည်းပဲ လက်ရှိမှာ တရားသူကြီး (၈) ဦးခန့်ထားပြီးတော့ တရားစီရင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ရာ မှုခင်းအရေအတွက် အနည်းအများပေါ်မူ တည်၍ တရားသူကြီးအနည်းအများကိုလည်းမူတည်ပြီးတော့ တရားသူကြီးအနေအထားကိုလည်း ချင့်ချိန်ပြီးတော့ တရားသူကြီးများအား နေရာချထားပေးခြင်းဖြင့် မူခင်းများမှန်မှန်နှင့် မြန်မြန် စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ရုံးမှ စီမံဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျွန်တော်တို့ အမှုများစစ်ဆေးချိန်အခါမှာ ရာဇဝတ်မှုများမှာ တရားလိုပြသက်သေ များနှင့် တရားခံပြသက်သေများအား စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်တော်တို့ အပြီးသတ််စီရင်ချက် အမိန့်ချမှတ်ရခြင်းဖြစ်ပါတယ်။ တရားမအမှုများမှာတော့ ကျွန်တော်တို့ အဆိုလွှာတင်ခြင်း၊ အဖြေလွှာ တင်ခြင်း၊ ငြင်းချက်များထုတ်ခြင်း၊ တရားလိုနှင့် တရားလိုပြသက်သေများ တရားပြိုင်နှင့် တရားပြိုင်ပြ သက်သေများကို စစ်ဆေးပြီးတဲ့နောက်မှာ ကျွန်တော်တို့စီရင်ချက်ဒီဂရီများကို ချမှတ်ရခြင်းဖြစ်ပါ တယ်။ ဤသို့ ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်ရာမှာ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေနှင့် အခြားသက်ဆိုင်တဲ့ တည်ဆဲဥပဒေများနှင့်အညီ တရားရုံးများက စစ်ဆေးစီရင်ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉(ဂ)နှင့် ၂ဝ၁ဝ ခုနှစ် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၃(ဂ)တို့ပါ ပြဋ္ဌာန်းချက်များအရ ကျွန်တော်တို့အမှုများမှာဆိုရင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး အခြေခံမူများပြဋ္ဌာန်း ထားတာနဲ့အညီ ကျွန်တော်တို့ မှုခင်းများကို စစ်ဆေးစီရင်ရာမှာ အမှုသည်များရဲ့ ဥပဒေအရ ခုခံ ချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေးတို့ကိုလည်း တရားရုံးများကအလေးထား ဆောင်ရွက်ပေးရခြင်းဖြစ် ပါတယ်။ သို့ပါ၍ မှုခင်းများစစ်ဆေးစီရင်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားစီရင်ရေးဥပဒေပါ မူများကို လေးစားလိုက်နာရတဲ့အပြင် ရာဇဝတ်မှုကျင့်ထုံးဥပဒေ၊ တရားမမှုကျင့်ထုံး ဥပဒေနဲ့သက်သေခံ ဥပဒေ၊ အခြားသက်ဆိုင်တဲ့ တည်ဆဲဥပဒေများကိုလည်း ကျွန်တော်တို့ လိုက်နာဆောင်ရွက်ကြရသဖြင့် ပုံမှန်အခြေအနေအရ အထိုက်အလျောက် အမှုများကြန့်ကြာခြင်းများ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ အဲ့ဒီလိုအထိုက်အလျောက်ကြန့်ကြာခြင်းများရှိနိုင်သဖြင့် ယခင်တရားရုံးချုပ်အဆက်ဆက် လက်ထက် ကပင် ဥပဒေနှင့်အညီဆုံးဖြတ်ပါ။ မှန်မှန်နှင့် မြန်မြန်စီရင်ပါ။ လုပ်ထုံး ညီညီဆောင်ရွက်ပါဟူသည့် ဆောင်ပုဒ်များချမှတ်၍လည်းကောင်း၊ ညွှန်ကြားချက်များထုတ်ပြန်၍လည်းကောင်း မှုခင်းများ ကြန့်ကြာမှုမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှလည်း မှုခင်းများမှန်မှန်နှင့်မြန်မြန် စစ်ဆေးဆုံးဖြတ်ရန်အတွက် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ တရားလိုနှင့် တရားလိုပြသက်သေများမလာရောက်သဖြင့် ကြန့်ကြာ နေသော ရာဇဝတ်ဆိုင်ရာအမှုများမြန်မြန်ပြီးပြတ်အောင်ဆောင်ရွက်ရာတွင် မည်သို့ဆောင်ရွက်ရမည် ကို ညွှန်ကြားစာထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှုခင်းများ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိခြင်းတို့အပြင် ရာဇဝတ်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာသက်သေများ ရုံးချိန်းမှန်မှန် လာရောက်သက်သေခံနိုင်ရေးအတွက် တရားစီရင်ရေးနှင့်ဆက်စပ်လျက်ရှိ သော ဌာနများအားလုံးနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီး တော့ နိုင်ငံတော်သမ္မတရုံးထံမှာ တင်ပြပြီးတော့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း မှုခင်းများကြန့်ကြာမှုမရှိစေဘဲ မြန်ဆန်စွာစစ်ဆေးနိုင်ရေး အတွက် တရားစီရင်ရေးနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာ (၃၅) ဌာနခန့်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေးများကို ယခင်လွှတ်တော်သက်တမ်းမှာ (၉)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး ရဲသက်သေများ၊ ဆရာဝန်သက်သေများ၊ ဌာနဆိုင်ရာသက်သေများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစသည့် သက်သေများ တရားရုံးသို့အချိန်မီလာရောက်သက်သေခံရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ယခု ၂ဝ၁၆ ခုနှစ် အတွင်းမှာလည်း ရန်ကုန်တိုင်ဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ခေါင်းဆောင်တဲ့ မှုခင်းကျဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁)ကြိမ်ကျင်းပပြီး အခြားဌာနဆိုင်ရာများနဲ့ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အနေနဲ့လည်း အမှုများကြန့်ကြာမှုမရှိဘဲ ပြီးပြတ်စေရေးအတွက် ရာဇဝတ်မှုနှင့် တရားမကြန့်ကြာမှုခင်းများ၊ ရုံးချိန်း တိုင်း၌ဆောင်ရွက်ချက်များအား အနီးကပ်ကြီးကြပ်ပေးခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ပေးခြင်း အပြင် ကြန့်ကြာမှုခင်းများအမြန်ပြီးပြတ်ရေးအတွက် လစဉ်စစ်ဆေးကြီးကြပ်လမ်းညွှန်မှုများ ပြုလုပ်ရန် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးတစ်ဦး ခေါင်းဆောင်တဲ့အဖွဲ့အား ဖွဲ့စည်းတာဝန်ပေး အပ်ခြင်းဖြင့်လည်းကောင်း၊ လစဉ်အမှုတိုးတက်မှုအခြေအနေများစိစစ်ပြီး အခက်အခဲများရှိပါက ချက်ချင်းဖြေရှင်းပေးရန် တိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူးအားလည်းကောင်း တာဝန်ပေးအပ်ထားရှိပြီးတော့ ကျွန်တော်တို့အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါတယ် ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တရားသူကြီးများမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မိမိတို့တာဝန်ကျရာ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများသို့ ရှောင်တခင် သွားရောက်စစ်ဆေးခြင်းများလည်းပြုလုပ်လျက်ရှိပြီး အဲဒီလိုစစ်ဆေးရာမှာ အမှုတွဲနေ့စဉ်မှတ်တမ်း များ၊ ရုံးလုပ်ငန်းများနှင့် တရားရုံးအနေအထားများကိုလည်း စစ်ဆေးခြင်းများပြုလုပ်ပြီးတော့ ကြန့်ကြာမှုခင်းများအပါအဝင် တွေ့ရှိတဲ့အခြေအနေများပေါ်မူတည်ပြီး လိုအပ်ချက်များကို ကြီးကြပ် လမ်းညွှန် ဆောင်ရွက်ပေးလျက်လည်းရှိပါတယ်။ ကျွန်တော်တို့ တရားရုံးများလက်စွဲအပိုဒ် (၉၉၇) နှင့်အညီ တိုင်းဒေသကြီးတရားရေးဦးစီးမှူးမှလည်း ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများကို လည်းကောင်း၊ ခရိုင်အဆင့်တရားသူကြီးများမှလည်း မြို့နယ်တရားရုံးများကိုလည်းကောင်း၊ နှစ်စဉ် သွားရောက်ကြည့်ရှုစစ်ဆေးရာတွင်လည်း ကြန့်ကြာမှုခင်းများတွေ့ရှိပါက မည်သို့ဆောင်ရွက် ရမည်ကို မိမိတို့တစ်မှုချင်းစီအနေအထားအလိုက် လမ်းညွှန်မှုများကိုလည်း ပြုလုပ်ပေးလျက် ရှိပါတယ်။ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ရာဇဝတ်မှုပြီးပြတ်မှုရာခိုင်နှုန်းကတော့ (၉၁.ဝ၁) ရာခိုင်နှုန်းရှိပြီးတော့ တရားမမှု ပြီးပြတ်မှု ရာခိုင်နှုန်းကတော့ (၇၈.၃၃) ရာခိုင်နှုန်းဖြစ်ပါတယ်။ ခရိုင်တရားရုံးများရဲ့ ရာဇဝတ်မှုပြီးပြတ် ရာခိုင်နှုန်းကတော့ (၉ဝ.၈ဝ)ရာခိုင်နှုန်း ဖြစ်ပြီးတော့ တရားမမှုပြီးပြတ်မှုရာခိုင်နှုန်းကတော့ (၈၉.၆၈) ရာခိုင်နှုန်း ဖြစ်ပါတယ်။ မြို့နယ်တရားရုံးများရဲ့ ရာဇဝတ်မှုပြီးပြတ်မှုရာခိုင်နှုန်းကတော့ (၉၇.၆၃) ရာခိုင်နှုန်းဖြစ်ပြီးတော့ တရားမမှုပြီးပြတ်မှုရာခိုင်နှုန်းကတော့ (၉၉.ဝ၈) ရာခိုင်နှုန်းဖြစ်ပါတယ်။ ကျွန်တော်တို့ မဟာဗျူဟာစီမံကိန်းအရ ရှေ့ပြေးတရားရုံးအဖြစ်ဆောင်ရွက်နေတဲ့ လှိုင်သာယာ မြို့နယ်တရားရုံးရဲ့ ရာဇဝတ်မှုပြီးပြတ်မှုရာခိုင်နှုန်းကတော့ (၁၁ဝ) ရာခိုင်နှုန်းဖြစ်ပြီးတော့ တရားမမှု ပြီးပြတ်မှုရာခိုင်နှုန်းကလည်း (၁၁ဝ) ရာခိုင်နှုန်းဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မြန်မာနိုင်ငံတရားစီရင်ရေးကို ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်နှင့် တရားရုံးများခေတ်မီအောင် ဆောင်ရွက်ရန်အတွက် တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း ၂ဝ၁၅-၂ဝ၁၇ ကို ကျွန်တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မဟာဗျူဟာစီမံကိန်းမှ အကောင်အထည်ဖော် ဆောင်ရွက်မည့်နယ်ပယ်(၅)ရပ်ရှိရာ အမှုများစစ်ဆေးစီရင်ရာမှာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေး အားကောင်းလာစေရန်အတွက် နယ်ပယ်တစ်ရပ်အဖြစ် သတ်မှတ်ထားခြင်းနှင့်အညီ ရှေ့ပြေး တရားရုံးများမှာ အမှုများစစ်ဆေးရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှုအားကောင်းလာစေရေး အတွက် အမှုသွားအမှုလာစီမံခန့်ခွဲမှု ဃျေန လုပ်ငန်းမြှင့် အစီအစဉ်အတိုင်း မှုခင်းများကို စစ်ဆေး စီရင်လျက်ရှိတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားတရားရုံးများတွင်လည်း ယင်းမူအရ လိုက်နာဆောင်ရွက်ရန်လည်း ကျွန်တော်တို့ တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမှုခင်းများ ကြန့်ကြာမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဦးဆောင်၍ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်ပေး လျက်ရှိပြီး တရားစွဲအဖွဲ့အစည်းတွင်ပါဝင်တဲ့သက်သေများ၊ ဝန်ထမ်းသက်သေများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများမှ တရားရုံးများသို့ ရုံးချိန်းမပျက်မကွက်လာရောက်အစစ်ဆေး ခံနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် ကျွန်တော်တို့ ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော်အနေနဲ့လည်း အမှုများကြန့်ကြာမှုမရှိစေဘဲ ပြီးပြတ်စေရေးအတွက် ရာဇဝတ်မှုနှင့် တရားမကြန့်ကြာမှုခင်းများမှ ရုံးချိန်းတိုင်း၌ဆောင်ရွက်ချက်များ အနီးကပ်ကြီးကြပ် ပေးခြင်း၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ တရားလွှတ်တော်တရားသူကြီးတစ်ဦး ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ တိုင်းဒေသကြီးတရားရေးဦးစီးမှူးတို့မှလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသဖြင့် ယခင်နှစ်များကထက် ကြန့်ကြာမှုခင်းများ အထိုက်အလျောက်လျော့နည်းကျဆင်းလျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်၍လည်း ကျွန်တော်တို့ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်မှ မှုခင်းများကြန့်ကြာမှုမရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် ကြီးကြပ်လမ်းညွှန်ဆောင်ရွက်သွားမည့် အပြင် ဆက်စပ်အဖွဲ့အစည်းများမှ ဝန်ထမ်းသက်သေများ ရုံးချိန်းနေ့များမှာ မပျက်မကွက်သက်သေခံ လာရောက်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပေါင်းစပ်ညှိနှိုင်းပေးလျက် ရှိရာ အမှုများယခုထက်ပိုမို၍ မှုခင်းများကျဆင်းအောင် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂိမ်းဆိုင်များတွင်မည့်သည့်လောင်းကစားစက်များသည် တရားမဝင်စက်များဖြစ်သည်ကို အမျိုးအစားသတ်မှတ်ဖော်ပြတားဆီးရန် အစီအစဉ် ရှိ/မရှိ၊ လုပ်ငန်းလိုင်စင်ရယူထားသူအား ပြဿနာတစ်စုံတစ်ရာပေါ်လာလျှင် အရေးယူ                                     ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၂၈

ဥက္ကဋ္ဌ။          ။ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းနိုင်ဦး၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲမင်္ဂလာပါ ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဥက္ကဋ္ဌကြီးကတစ်ဆင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူတွေကို ကြယ်ပွင့်ပြမေးခွန်းမေးမြန်းထားတဲ့အကြောင်းအရာ ကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖွင့်နေတဲ့ဂိမ်းဆိုင်တွေနဲ့ ကျွန်တော့်မြို့နယ် အတွင်းမှာ ဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့တဲ့ ဂိမ်းဆိုင်နဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ပါတယ်။ လေးစားအပ် ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ လွန်ခဲ့တဲ့ (၃)လကျော် ၁၁.၁.၂ဝ၁၇ ရက်နေ့က ကျွန်တော်တို့ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှာရှိတဲ့ ဃငအပ ဃနညအနမ ဂိမ်းဆိုင်ကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ ကျွန်တော်တို့ပိုင်ရှင်နဲ့မန်နေဂျာကို ဖမ်းဆီးအရေးယူခြင်းမရှိဘဲနဲ့ ဒီဆိုင်မှာအလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်း (၁၉) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီလိုဖမ်းဆီး ခေါ်ဆောင်ပြီးတဲ့အခါမှာ ပန်းဘဲတန်းမြို့နယ်၊ ရဲစခန်းမှာချုပ်နှောင်ထားပြီးတော့ ရုံးထုတ်စစ်ဆေး မှုတွေပြုလုပ်ပြီးတော့ ဒီဝန်ထမ်း (၁၉) ဦးကို ပုဒ်မ ၁၄/က နဲ့အမှုဖွင့်ထားပြီး အင်းစိန်ထောင် ပို့လိုက်တယ်။ အဲဒီတော့ ဒီ (၃)လနဲ့ ချုပ်နှောင်ထားပြီးတော့မှ အခုဒီဧပြီလဆန်းကျတော့မှ အာမခံ ရရှိခဲ့တာဖြစ်ပါတယ်။ ကလေးအများစုဟာဘွဲ့ယူမယ့်ကျောင်းသားတွေ၊ ကျောင်းဆက်တက်မယ့် ကလေးတွေ၊ ပြီးတော့ တချို့ဆို မင်္ဂလာဆောင်အတွက် ရက်ချိန်းယူထားပြီးတဲ့ကလေးတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့ သူတို့တွေဟာ စိတ်ဒဏ်ရာအနာတရတွေဖြစ်ခဲ့ရပါတယ်။ အဆိုပါဂိမ်းဆိုင်ဟာ ၂ဝဝ၉ ခုနှစ်ထဲက ဖွင့်လှစ်လုပ်ကိုင်နေတာဖြစ်ပြီးတော့ ရန်ကုန်မြို့လယ်ခေါင် ဈေးအနီး၊ ကျောင်းအနီး၊ ရဲစခန်းအနီးတဝိုက်မှာရှိတဲ့အတွက် ပြီးတော့ တရားဝင်အလုပ်ခေါ်စာနဲ့ ခေါ်တာလည်းဖြစ်ပါတယ်။ ဒီကလေးတွေဟာ သက်ဆိုင်ရာရဲစခန်းတွေရဲ့ ထောက်ခံစာတွေ၊ ကျေးရွာ/ရပ်ကွက်တွေရဲ့ ထောက်ခံစာတွေ အိမ်ထောင်စုစာရင်းမိတ္တူတွေ၊ အလုပ်သမားလေဘာကတ်တွေနဲ့ အင်တာဗျူး တွေဖြေပြီးတော့မှ ဒီအလုပ်ကိုတရားဝင်လုပ်ကိုင်ခွင့်ရတာဖြစ်ပါတယ်။ သူတို့ကလည်း ဒီလိုမျိုး နေရာမှာရှိတဲ့အတွက်ကြောင့် တရားဝင်အလုပ်လုပ်ပိုင်ခွင့်ရှိတဲ့ဆိုင်လို့ ရိုးရိုးသားသားမှတ်ယူပြီးတော့ ဝင်ရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ယခုလို ဂိမ်းဆိုင်ကို ဖမ်းဆီးအရေးယူတဲ့အခါကျတော့မှ တရားမဝင်လောင်းကစား လုပ်ငန်းဖြစ်ကြောင်း သိရတဲ့အတွက် ဒီလိုနယ်တကာမှလာပြီး ရန်ကုန် တက်ပြီးတော့ ရရာအလုပ်ဝင်ရောက်ရှာဖွေပြီးလုပ်ကိုင်ရတဲ့ ကလေးသူငယ်တွေမှာ များစွာနစ်နာ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် နောင်အခါမှာ ဒီလိုမတရားမှုတွေ နစ်နာမှုတွေမဖြစ်ပေါ် စေဖို့အတွက် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတာကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဂိမ်းဆိုင်တွေမှာမည့်သည့်စက်များသည် လောင်းကစားစက်များဖြစ်သည်ကို အမျိုးအစား သတ်မှတ် ဖော်ပြပြီးတားဆီးပေးရန် အစီအစဉ် ရှိ/မရှိ၊ အဆိုပါလုပ်ငန်းလိုင်စင်ရယူထားသူပိုင်ရှင်တွေကို ကျွန်တော်တို့မြို့နယ်ကဲ့သို့ ပြဿနာတစ်စုံတစ်ရာပေါ်လာလျှင် ချက်ချင်းအရေးယူဆောင်ရွက် နိုင်မှု ရှိ/မရှိ ကို သိရှိလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။                  ။ လေးစားအပ်ပါတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များ ခင်ဗျား။ ဒီမေးခွန်းဟာ ဖြေကြားတဲ့နေရာမှာ အလွန်ပဲ ဒီဒေသဖွံ့ဖြိုးမှုရော နောက်အရေးပါမှုအရရော အရေးကြီးနေတာတွေ့ရပါတယ်။ နောက် ဒီလိုမေးမြန်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။ မြေပြင်အနေ အထားနဲ့ လက်ရှိအနေအထားကို ပြောပါမယ်။ ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး အနေနဲ့ ပြောပါမယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနဲ့ အိမ်တွင်းကစားနည်း ွောန ဃနညအနမ တွေကို လိုင်စင်လျှောက်တဲ့အခါမှာ လုပ်ငန်းဆောင်ရွက်တဲ့ ဂိမ်းစက်တွေနဲ့ပတ်သက်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ သွင်းကုန်ထုတ်ကုန်လက်မှတ်နဲ့ တင်သွင်းလာတဲ့ ဂိမ်းစက်တွေကိုပဲ လုပ်ငန်းဆောင်ရွက်စေပြီးတော့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်ရဲ တပ်ဖွဲ့၊ နောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေ နောက်ပတ်ဝန်းကျင်ရဲ့ ထောက်ခံချက် တွေ တင်ပြမှုအပေါ်မူတည်ပြီးတော့ မြေပြင်ကွင်းဆင်းစစ်ဆေးပေးပါတယ်။ ပြီးတော့မှ သက်ဆိုင်ရာ ဌာနတွေရဲ့ တင်သွင်းခွင့် အထောက်အထားတွေရှိ/မရှိ စိစစ်ပြီးမှပဲ လုပ်ငန်းလိုင်စင်ကို ခွင့်ပြုရ ပါတယ်။ နောက်တစ်ချက်က ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကစပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ ဒီဂိမ်းဆိုင်အသစ်တွေကို လိုင်စင်ခွင့်ပြုခြင်းမရှိတော့ဘဲ လက်ရှိခွင့်ပြုထားတဲ့ ဂိမ်းဆိုင် (၄၃)ဆိုင်ကိုပဲ နှစ်စဉ်သက်တမ်းတိုးစိစစ်ခွင့်ပြုနေပါတယ်။ သက်တမ်းတိုးခွင့်ပြုတဲ့အခါမှာလည်း ခရိုင် စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးမှဦးဆောင်ပြီး သက်ဆိုင်ရာမြှိုု့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါတဲ့အဖွဲ့က ခွင့်ပြုထားတဲ့ ဂိမ်းစက်တွေနဲ့ပဲ လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိ၊ ပတ်ဝန်းကျင်အနှောက်အယှက် ရှိ/မရှိ၊ လိုင်စင်စည်းကမ်းနဲ့ ညီညွှတ်ခြင်း ရှိ/မရှိ စိစစ်ပြီးမှသာ နှစ်စဉ်သက်တမ်းကို ခွင့်ပြုလျက်ရှိပါတယ်။ အဲဒီ ဂိမ်းဆိုင်တွေကို လိုင်စင်စည်းကမ်းဖောက်ဖျက်ခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိစစ်ချက်အရ ခွင့်ပြုရန်မသင့် ကြောင်း အကြောင်းကြားလာတဲ့အခါကျရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနဲ့ ခွင့်ပြုထားတဲ့ လိုင်စင်ကိုပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် တရား မဝင် ဂိမ်းစက်အမျိုးအစားတွေကို သတ်မှတ်ဖော်ပြတားဆီးဖို့ကိစ္စက ထုတ်ကုန်သွင်းကုန်လိုင်စင် စိစစ်ကြပ်မတ်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့စည်းတွေက ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါကြောင်းနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေရဲ့ တင်သွင်း ခွင့်ပြုတဲ့ အထောက်အထားပါရှိတဲ့ ဂိမ်းစက်တွေနဲ့ပဲ လုပ်ငန်းဆောင်ရွက်ခွင့်ပြုနေပါကြောင်းနဲ့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာတဲ့အခါ မြို့နယ်စည်ပင်သာယာရေးဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေပါကြောင်း ဖြေကြားအပ်ပါတယ်။ နောက် တစ်ဆက်တစ်စပ်တည်း ထပ်မေးလာတဲ့ မေးခွန်းအတွက်ကြောင့် ထပ်ဖြေပါ့မယ်။ တစ်ချို့သော ဂိမ်းဆိုင်တွေဟာ တရားဝင်ခွင့်ပြုထားတာ ရှိ/မရှိ ဆိုတာ ကျွန်တော်တို့ မြို့နယ်ကွင်းဆင်းစစ်ဆေးမှပဲ သိမှာပါ။ အဲဒီစာရင်းတွေကို ကျွန်တော်တို့ ဘယ်ဂိမ်းဆိုင်တွေက တရားဝင်ခွင့်ပြုထားတယ်ဆိုတဲ့ စာရင်းကိုထုတ်ပြန်ပေးပါ့မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဝင်မခွင့်ပြုထားတဲ့ ဂိမ်းဆိုင်တွေခွင့်ပြုထားလို့ရင် ချက်ချင်းဖမ်းရမှာဖြစ်တဲ့အတွက် ကြောင့် ဒီစာရင်းကိုမတင်ဘဲနဲ့ အရေးယူဖို့ကိစ္စပဲ ကျွန်တော်တို့စဉ်းစားပါ့မယ်။ သို့သော် တရားဝင် ခွင့်ပြုထားတဲ့ဂိမ်းဆိုင်တွေဟာ ဘယ်လိုနေရာမှာလဲဆိုတာ နေရာအတိအကျနဲ့ စည်ပင်သာယာက ခွင့်ပြုထားတဲ့ ဂိမ်းဆိုင်တွေကိုဖော်ပြပေးပါမယ်။ ကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဦးသန်းနိုင်ဦး၊ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်စပ်မေးခွန်းလေးမေးခွင့်ပြုပါ။ ကျွန်တော့်ကို ခုနက ဝန်ကြီးဖြေသွားတာက ကျွန်တော်တို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ လိုင်စင်ထုတ်ပေးတယ်။ပြီးတော့ ဒီလိုမျိုးဖမ်းဆီး အရေးယူမှုအနေနဲ့ တရားမဝင်စက်တွေကျတော့ ထွေ/အုပ်တို့ ကျွန်တော်တို့ရဲတပ်ဖွဲ့တို့ကနေ ဖမ်းတာဖြစ်ပါတယ်။ ကျွန်တော်ဒီမေးခွန်းမေးတဲ့ ရည်ရွယ်ချက်က အပြစ်မရှိတဲ့ကလေးတွေက ဒီအင်းစိန်လိုအကျဉ်းထောင်မှာနေရပြီးတော့ အပြစ်ရှိတဲ့ ဒီလိုလုပ်ငန်းကိုလိုင်စင်ရယူထားတဲ့လူက အပြစ်မရှိဘဲ အပြင်ကိုရောက်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့က        ကျွန်တော်တို့ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြောထားတာလည်း ရှိပါတယ်။ အပြစ်ရှိတဲ့လူ (၁ဝ)ယောက်အပြင်ကိုလွှတ်တာ အကြောင်းမဟုတ်ပါဘူး၊ အပြစ်မရှိတဲ့လူတစ်ယောက်အချုပ်ထဲကိုရောက်နေတာက ကြီးမားနစ်နာတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဒီလိုမျိုးလုပ်ငန်းတွေကို စစ်ဆေးဆောင်ရွက် တဲ့အခါမှာ လိုင်စင်ထုတ်ပေးတဲ့ စည်ပင်သာယာရေးဌာနနဲ့ ဖမ်းဆီးအရေးယူမှုလုပ်တဲ့ ဒီထွေ/အုပ်တို့ ရဲတပ်ဖွဲ့တို့ဟာ ပူးပေါင်းညှိနှိုင်းပြီးတော့ ဒါမျိုးတွေကို စစ်ဆေးကြပ်မတ်ဖို့အစီစဉ်ရှိ/မရှိဆိုတာ ကျွန်တော် ထပ်ပြီးသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။ စာရင်းကို တင်ပြပေးပါမယ်။

တွံတေးမြို့စည်ပင်သာယာလုပ်ငန်းများ ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် စည်ပင်သာယာဖွဲ့စည်းပုံအား ယခုလက်ရှိမြို့နယ်အဆင့်သတ်မှတ်ချက် (ဃ)အဆင့်မှ (ဂ)အဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ သည်၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်               မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၂၈

ဥက္ကဋ္ဌ။          ။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာကျော်ဇင်ဦး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။လေးစားအပ် ပါသော လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တက်ရောက်လာကြသူများအားလုံး မင်္ဂလာပါ။ ကျွန်တော် ကတော့ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး ဖြစ်ပါတယ်။ ယခု ကျွန်တော်မေးမြန်းမယ့် မေးခွန်းကတော့ တွံတေးမြို့နယ်စည်ပင်သာယာရေး လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စည်ပင်ယာယာရေးအဖွဲ့ ဖွဲ့စည်းပုံအား တိုးချဲ့ဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား မေးမြန်းသွားမှာဖြစ်ပါတယ်။ ထိုမေးခွန်းနဲ့ပတ်သက် ပြီးတော့ စည်ပင်သာယာရေးလုပ်ငန်းစဉ်အချို့ကို ဏသတနမ ဏသငညအ ဖြင့် ရှင်းပြခွင့်ပြုပါရန် လေးစားစွာ ဖြင့်ခွင့်တောင်းပန်ကြားအပ်ပါတယ်။ ယခုပြုလုပ်ထားတဲ့ ပလက်ဖောင်းများဟာဆိုရင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ စည်ပင်သာယာဘတ်ဂျက်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဆောက်လုပ်ချိန်မှာ အရည်အသွေးမမှီဘဲနဲ့ ဆောက်လုပ်ထားတာတွေ့ရပြီးတော့ ၄င်းပလက်ဖောင်းပေါ်မှာလည်း စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များထောင်ထားခြင်း၊ အချို့သောအိိမ်များမှ ကျူးကျော်ကာဆိုင်များ ခင်းကျင်းရောင်းချခြင်းတို့ကြောင့် လူအသွားအလာအဆင်မပြေဘဲ လမ်းမပေါ်မှသာသွားလာ နေရတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ယခုလိုအသုံးပြုလို့မရအောင် ဆောက်လုပ်ထားတဲ့ အတွက်ကြောင့်လည်း ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးစေပြီးတော့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ယခုပုံကတော့ တွံတေးမြို့နယ် လွတ်လပ်ရေးကျောက်တိုင်အနီး ဆက်သွယ်ရေးရုံးရှေ့မှာ နှစ်ကာလကြာမြင့်စွာ ရပ်နားထားတဲ့ကားဖြစ်ပါတယ်၊ ထိုကားနဲ့ပတ်သက်ပြီး တော့ မြို့အမြင်မတင့်တယ်ခြင်းကြောင့် မြို့နယ်ပြည်သူလူထုမှ ဖယ်ရှားရှင်းလင်းချင်သော်လည်း ယနေ့အချိန်ထိ မည်သည့်ဌာနကမှ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးချိန်မှာ ၄င်းကားအားဖယ်ရှားရှင်းလင်းပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို ကြယ်ပွင့်မပြမေးခွန်းအဖြစ်နဲ့ မေးမြန်းခဲ့ပါသော်လည်း ယနေ့အချိန်ထိပြန်လည် ဖယ်ရှားပေးခြင်းမရှိ တာကိုလည်း တွေ့ရှိရပါတယ်။ ဒါကတော့ တွံတေးမြို့နယ် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ လမ်းအများစုမှာ တစ်ခုထက်ပို၍ စိုက်ထူထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထိုလမ်းညွှန်ဆိုင်းဘုတ်များဟာ တစ်ခုထက်ပို၍ ရှိခြင်းသည် စည်ပင်ကြီးကြပ်မှု အားနည်းခြင်းကို ပေါ်လွင်စေပြီး မြို့အမြင်မတင့်တယ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကတော့ တွံတေးမြို့နယ် အမှိုက်သိမ်းစနစ်အားနည်းခြင်းကြောင့် အမှိုက်များလိုအပ်သည်ထက်ပို၍ လမ်းပေါ်မှာစုပုံ နေပြီးတော့ အမြင်မတင့်တယ်ပဲနဲ့ အနီးပတ်ဝန်းကျင်ရှိပြည်သူများအတွက်လည်း ကျန်းမာရေး ထိခိုက်မှုကိုဖြစ်ပေါ်စေပါတယ်။ ဒါကတော့ ရေမြောင်းများဖော်ထုတ်မှုအားနည်းခြင်းကြောင့် နှစ်စဉ် နှစ်တိုင်းလိုလို အမှိုက်များပိတ်ဆို့နေပြီးတော့ မိုးရာသီကာလတွေမှာ မြို့ပေါ်မှာ ရေကြီးရေလျှံဖြစ် ပေါ်နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တွံတေးမြို့ပေါ်မှာဆိုရင် အမှိုက်ပုံးမရှိခြင်း၊ အမှိုက်သိမ်းစနစ်အားနည်းခြင်းတို့ကြောင့် လမ်းဘေးများမှာ အမှိုက်များမကြာခဏစုပုံ ထားတာ ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိ စည်ပင်သာယာ အဖွဲ့နဲ့ စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်း ဆွေးနွေးပါသော်လည်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ လူအင်အားနည်းခြင်းတို့ကြောင့် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မနိုင်မနင်း ဖြစ်နေရပါကြောင်း ပြန်လည်ဖြေကြားခြင်းကိုသာ ကျွန်တော်တို့သိရှိရပါတယ်။ ဒီမှာတစ်ဆက်တည်း မှာပဲ ကျွန်တော်မေးမြန်းလိုတာကတော့ ကျွန်တော်တို့အနေနဲ့ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်ပြင်ပမြို့နယ်များရှိ စည်ပင်ကော်မတီဝင်များအနေဖြင့် အသက်ဝင်ခြင်း၊ မဝင်ခြင်းကိုလည်း သိရှိလိုပါတယ်။ အကယ်၍ စည်ပင်ကော်မတီဝင်များ ဖျက်သိမ်းပြီးဆိုပါကလည်း အမြန်ဆုံးရွေးချယ် ပေးစေလိုပြီး အသက်မဝင်သေးဘူးဆိုပါကလည်း တွံတေးမြို့လက်ရှိစည်ပင်ယာယာရေးအဖွဲ့အနေဖြင့် စည်ပင်ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေတာကိုလည်း ကျွန်တော်တို့အနေနဲ့တွေ့မြင်နေရပါတယ်။ စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် လူထုလိုအပ်ချက်ကို တုံ့ပြန်ဆောင်ရွက်နိုင်မှု၊ ပေါင်းစပ်ညှိနှိုင်းမှု၊ တာဝန်ခံမှု၊ ပွင့်လင်း မြင်သာမှုပိုမိုအားကောင်းလာပါက ကောင်းမွန်သောပြည်သူ့ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး နိုင်ရုံမျှမက မြန်မာနိုင်ငံ၌ အားနည်းချက်ဖြစ်ပေါ်နေသော ပြည်သူနှင့်အစိုးရအား ဆက်ဆံရေးကိုပါ ပြန်လည်တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ်။ စည်ပင်သာယာရေးအဖွဲ့ လုပ်ဆောင်ချက်များဟာလည်း လက်ရှိအစိုးရရဲ့ပုံရိပ်ကို ထင်ဟပ်စေမှာဖြစ်ပါတယ်။ ထိုကြောင့် လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကျွန်တော်အနေနဲ့ မေးမြန်းလိုတာကတော့ တွံတေးမြို့နယ်စည်ပင်သာယာရေးလုပ်ငန်းများ ထိထိရောက်ရောက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာဖွဲ့စည်းပုံအား ယခုလက်ရှိ မြို့နယ်အဆင့်သတ်မှတ်ချက်ကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပြီး၊ အစီအစဉ်မရှိ ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။လေးစားအပ်ပါသော           ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များခင်ဗျား။ ဒီ တွံတေးမြို့နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ သူတင်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ညနေ (၁၅းဝဝ)နာရီမှာ ကော်ဌာလိုခေါ်တဲ့ ကော်မတီဝင်တွေရယ် ဌာနမှူးတွေရယ် နောက်ပြီးမြို့နယ် အလိုက်ရှိတဲ့ အုပ်ချုပ်ရေးတွေကို ဒီနေ့ညနေမှာအကုန်လုံးတိုက်တိုက်ဆိုင်ဆိုင်ပဲ အစည်းအဝေး ခေါ်ထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီနှစ်ထဲမှာ လုပ်ရမယ့်တာဝန်များသည် ဒေသအလိုက်၊ မြို့နယ်အလိုက်သူတို့ရဲ့ လိုအပ်ချက်တွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ဘယ်လိုပူးပေါင်းလုပ်ဆောင် မလဲဆိုတာကို ချက်ချင်းတိုးတက်ဖို့အတွက် ကျွန်တော်တို့အစည်းအဝေးခေါ်ထားခြင်းဖြစ်ပါတယ်။ အဲဒါတွေကို နေ့လည်မှာ ပြန်ပြီးတော့တင်ပြပေးပါမယ်။ ဒါတွေကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေပါ။ ဒါ တွံတေးမြို့နယ်မှ မဟုတ်ပါဘူး။ လက်ရှိမြေပြင်အနေအထားအရ တော်တော်များများ မြို့နယ်တွေမှာလည်း တွေ့နေရတဲ့အခက်အခဲတွေဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ စည်ပင်သာယာရေး အဖွဲ့များ၊ တစ်နိုင်ငံလုံးရဲ့ စည်ပင်သာယာရေးဖွဲ့စည်းပုံအဆင့်ဆင့်ဟာ မြို့နယ်ရဲ့ဝင်ငွေရရှိမှု ပေါ်မူတည်ပြီးတော့ ယခင်နယ်စပ်နဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတိုးတက်ရေးနဲ့ စည်ပင် သာယာရေးဝန်ကြီးဌာန၊ တိုင်းစည်ပင်လို့ခေါ်ပါတယ်။ အဲဒီစည်ပင်သာယာရေးဦးစီးဌာနရဲ့ ၁၇.၈.၂ဝဝ၄ ရက်စွဲပါစာနဲ့ အောက်ပါအတိုင်းပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ (က)အဆင့်မှာ ဖွဲ့စည်းပုံက အထူးအဆင့်ဆိုပြီးတော့ ဝင်ငွေသတ်မှတ်ချက်က ကျပ်သိန်း(၁၅ဝဝ) အထက်မှာ ရှိပါတယ်။ (ခ) အဆင့်ကိုတော့ ဖွဲ့စည်းပုံ (က)အဆင့်အရ ကျပ်သိန်း(၇၅ဝ)ကနေပြီးတော့ ကျပ်သိန်း (၁၅ဝဝ)အထိသတ်မှတ်ပြီးတော့ နောက်(ခ) အဆင့်မှာတော့ ကျပ်သိန်း(၅၅ဝ)နဲ့ ကျပ်သိန်း (၇၅ဝ)ရှိပြီးတော့ (ဂ)အဆင့်မှာ ကျပ်သိန်း (၄ဝဝ)ကနေပြီးတော့ ကျပ်သိန်း (၅၅ဝ)ထိ၊ နောက်(ဃ) အဆင့်မှာ ကျပ်သိန်း(၂ဝဝ)ကနေ ကျပ်သိန်း (၄ဝဝ) အထိသတ်မှတ်ပြီးတော့ နောက် (င)အဆင့် နဲ့(စ)အဆင့်မှာတော့ (င)အဆင့်မှာ ကျပ်သိန်း (၆ဝဝ) ကနေ ကျပ်သိန်း(၂ဝဝ)အထိ၊ (စ)အဆင့်မှာ ကျပ်သိန်း (၆ဝဝ)အောက်ဆိုပြီးသတ်မှတ်ပြီးတော့ထားပါတယ်။ လက်ရှိအနေအထားအရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များရဲ့ ဝင်ငွေတိုးတက်ရရှိလာမှုကြောင့် ဝင်ငွေပေါ်အခြေခံ သတ်မှတ်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို ခေတ်ကာလနဲ့ လျော်ညီအောင် ပြန်ပြင်ဖို့လည်း လိုအပ်လာပြီဆိုတာလည်း တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစည်ပင် သာယာရေးကွပ်ကဲမှုအောက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာအရေးအဖွဲ့ တွေ့ရဲ့ ဖွဲ့စည်းပုံကို မိမိတို့ တိုင်းဒေသကြီးနဲ့ ကိုက်ညီဖို့အတွက် တိုးတက်ရရှိလာတဲ့ ဝင်ငွေပေါ်အခြေခံပြီးတော့ ဖွဲ့စည်းပုံကို အောက်ပါအတိုင်း အဆင့်(၄)ဆင့်နဲ့ ပြင်ဆင်သတ်မှတ်ဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ (က)အဆင့်ကိုတော့ ကျပ်သိန်း(၄ဝဝဝ)နဲ့အထက်ကိုသတ်မှတ်ပြီးတော့။ (ခ)အဆင့်မှာတော့ ကျပ်သိန်း(၂ဝဝဝ)နဲ့ ကျပ်သိန်း(၄ဝဝဝ)အထိသတ်မှတ်ထားပါတယ်။ (ဂ)အဆင့်မှာတော့ ကျပ်သိန်း(၅ဝဝ)နဲ့ ကျပ်သိန်း(၂ဝဝဝ)အထိသတ်မှတ်ပြီးတော့၊ (ဃ)အဆင့်မှာတော့ ကျပ်သိန်း(၅ဝဝ) အောက်သတ်မှတ်ခဲ့ပါတယ်။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေနဲ့ လျာထားတဲ့ဖွဲ့စည်းပုံအဆင့်မြှင့် တိုးမြင့်ပြင်ဆင်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြဖို့လည်း အစီအစဉ်ရှိပါတယ်။ အတည်ပြုချက်ရရှိပါက တွံတေးမြို့အပါအဝင် ကွပ်ကဲမှုအောက်မှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အားလုံးရဲ့ဖွဲ့စည်းပုံ ကိုလည်း တိုးမြှင့်ပြင်ဆင်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ဝင်ငွေနဲ့ ပတ်သက်တဲ့ အခြေအနေကိုလည်း တိုးမြှင့်တဲ့နေရာမှာ စဉ်းစားရပါတယ်။ များသောအားဖြင့်တော့ ငွေကြေးဝင်ငွေနဲ့ အမှန်ဝင်ငွေဆိုတာဟာ ငွေဖောင်းပွမှုပေါ်မူတည်ပြီးတော့ ကွာခြားတတ်တဲ့အတွက် ကြောင့် တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ ငွေကြေးဝင်ငွေအရ သြမောူူပ ှုညခသာန အရ ဘယ်လောက် ရှိပြီးတော့ တကယ်တမ်းကျရင် ှုညူ်အေငသည ကြောင့် ငွေဖောင်းပွမှုကြောင့် ျွနေူ ှုညခသာန ရော တကယ်ထိရောက်ရဲ့လား၊ တကယ်ရောဝင်ငွေတိုးတက်ရဲ့လား။ ငွေတွေဟာတိုးလာပြီး လူတွေရဲ့ နေထိုင်မှုအဆင့်တိုးတက်လား၊ နောက်ပြီးအခြား လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေနဲ့လည်း ပြန်ကြည့်ပြီးတော့မှ တိုးတတ်ရပါတယ်။ အဲဒီအချက်တွေ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့လည်း ဆက်လက်တင်ပြဖို့အစီအစဉ်ရှိပါတယ်ဆိုတာကို ပြန်လည် ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥပဒေကိုလိုက်နာခြင်းမရှိဘဲ ကျူးကျော်ဆောက်လုပ်ထားသောလမ်းမများပေါ်သို့ ကျူးကျော်ထားသော အဖီများ၊ အဆောင်များအား မည်ကဲ့သို့ ထိထိရောက်ရောက် အရေး                                 ယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၅

ဥက္ကဋ္ဌ ။         ။ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ အားလုံးမင်္ဂလာပါခင်ဗျား။ လေးစားရသောလွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးဟာ တိုက်တာအဆောက်အဦများအလွန်များပြားလာပြီးတော့ ၄င်းတိုက်တာ အဆောက်အဦများနှင့်သက်ဆိုင်သော စည်ပင်သာယာဥပဒေ၊ နည်းဥပဒများနှင့် ညွှန်ကြားချက် များလည်း ထားရှိပြီးဖြစ်ပါတယ်။ ယခင်က ဥပဒေဖော်ဆောင်သူများနှင့် လိုက်နာဆောင်ရွက်ရမည့် လူများအကြား နားလည်မှုယူကြပြီး မိမိတို့တိုက်ခန်းများ၏ အရှေ့၊ အနောက် ဘေးဝဲယာနေရာ များကို အလွန်အကျူး ကျူးကျော်ဆောက်လုပ်နေလာကြတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ နောက်ဖေးလမ်းကြားများဟာလည်း ပျောက်ဆုံးပိတ်ဆို့ပြီးတော့ အိမ်ရှေ့ရေမြောင်းများနဲ့ ကားရပ် ရန်နေရာများလည်းပျောက်ဆုံးပြီး ဘေးဘယ်ညာလမ်းများလည်း အလွန်ကျဉ်းမြောင်းပြီး အများ ပြည်သူများဟာ အလွန်စိတ်အနှောက်အယှက်ဖြစ်ကြရပြီး ကျွန်တော်တို့ဆီကို အများဆုံး တိုင်ကြား လာကြပါတယ်။ နောက်တစ်ခါ ဒီလိုနေရာမှာ ရေမြောင်းတွေကို ကျူးကျော်ဆောက်လုပ်ထားတဲ့ အတွက် ကျွန်တော်တို့ မိုးရာသီမရောက်မီ စည်ပင်သာယာအဖွဲ့တွေနဲ့ ကျွန်တော်တို့တွေနဲ့ မြောင်း တွေကို တူးဖော်တဲ့အခါမှာလည်း တစ်ချို့အိမ်တွေဟာလုံးဝပိတ်ဆို့နေပြီးတော့ ဖယ်ခိုင်းလို့လည်း အဆင်မပြေတဲ့အနေအထားမှာ ရေမြောင်းတွေဟာတူးဖော်ရတာ အလွန်ခက်ခဲပြီး ကြန့်ကြာမှုတွေ ကြောင့် ရေစီးရေလာပိတ်ဆို့မှုတွေကို ဖယ်ရှားရတာ ယခုအချိန်မှာ အလွန်ခက်ခဲလာတာရှိပါတယ်။ အဲဒီလူတွေဟာလည်း မိမိတို့အဆင်ပြေရေးကိုသာ ရှေးရှုကြပြီးတော့ အများသူငါအကျိုးကို မကြည့် ကြတော့ဘဲနဲ့ ဥပဒေကို လွန်ကဲစွာပြောင်ပြောင်တင်းတင်း ရဲရဲတင်းတင်း ချိုးဖောက်လာကြတာလည်း ကြာရှည်လာချိန်မှာတော့ ၄င်းတို့ရဲ့အမှားကို မမြင်တော့ဘဲနဲ့ ဥပဒေကိုမျက်ကွယ်ပြုလာကြတာ ရင်လေးဖွယ်ရာလည်းတွေ့ရှိလာရပါတယ်။ များသောအားဖြင့်လည်း တစ်ဖက်အိမ်က ရှေ့ကျူးကျော်ရင် နောက်တစ်ဖက်အိမ်က ဒီထက််ထပ်ကျူးကျော်ရင်းနဲ့ နောက်ဖေးတွေ၊ ရှေ့တွေ၊ ဘေးတွေဟာလည်း အလွန်ကျဉ်းမြောင်းလာတာတွေ့ရပါတယ်။ ကျွန်တော်ကို ဏသတနမ ဏသငညအ ဖြင့်ပြခွင့်ပြုပါ။ ဒါကတော့ ကျွန်တော်တို့ဆီကို အကြိမ်ကြိမ်တိုင်ပါသော်လည်း ဘယ်လိုမှ ဖျက်လို့မရတဲ့ အဖျက်မခံတဲ့အိမ်ပါ။ ဒါ ဒီအိမ်ရဲ့ ဘေးပတ်ချာလည်ပါ။ ဘယ်လောက်ကျူးကျော်ထားသလဲဆိုရင် ကျွန်တော်တို့ အိမ်တစ် ဆောင်စာလောက်ကို ကျူးကျော်ထားပါတယ်။ ရှေ့မှာလည်းရပ်လို့မရ၊ ဘေးမှာလည်း ရပ်လို့မရ အဲဒီလိုကို ဖြစ်နေပါတယ်။ ဒါကလည်း ရှေ့လမ်းမပေါ်ကို ပေ (၂ဝ) နီးပါးလောက် တိုးဆောက်ထား တာ။ ဒါတွေကလည်း ရှေ့တွေကို ကျူးကျော်ထားတာပါ။ ဒီအဆောက်ဦကလည်း အဲဒီလိုခိုင်ခိုင်မာမာ လမ်းကြီးပေါ်မှာ ပေ(၂ဝ)နီးပါး ဆောက်ထားတာပါ။ ဒါတွေကလည်း ကျူးကျော်ပြီးဆောက်ထား တာပါ။ ဒီလိုတွေလည်း စုပုံရှုပ်ပွနေပါတယ််။ ဒါ နောက်ဖေးလမ်းကြားပါ။ နောက်ဖေးလမ်းကြားဟာ ပျောက်ပြီးတော့ မြောင်းတွေလည်းမရှိတော့ပါဘူး၊ ဒါကြောင့်မို့လည်း ရေတွေဟာ ပိတ်ဆို့နေခြင်း ဖြစ်ပါတယ်။ ဒါလည်းနောက်ဖေးလမ်းကြားပါ အပြိုင်ကျူးကျော်ထားပြီးတော့ လမ်းကြားကိုပျောက် သွားပါတယ်။ ဒါဟာလည်း ခုနကလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောသလို ကားကြီးဟာ အများသူငါ လမ်းမပေါ်မှာ မြင်မကောင်းရှု့မကောင်းအောင် နှစ်နဲ့ချီပြီးကြာအောင် ဖယ်ရှားလို့မရတာ တော်တော်အံ့သြပါတယ်။ ဒါတွေဟာလည်း ရေပိုက်တွေရဲ့ဘေးမှာ အိမ်(၁)ဆောင်နောက်ဖေး လမ်းကြားမှာ ထုတ်ထားတာ၊ ဒီအိမ်ဆိုလမ်းကိုတစ်ဝက်နီးပါးကို လမ်းကြီးကိုပိတ်ပြီးတော့ တစ်ဝက် ပေ (၃ဝ)လောက်ရှိတဲ့လမ်းဟာ (၁ဝ)ပေလောက်ပဲ အဲဒီနားရှေ့မှာ ပေ(၂ဝ)လောက်ပဲ ရှိပါတော့တယ်။ ဒါလည်းဒီလိုပါပဲ။ ဒါကတော့ ကျွန်တော်တို့ လှိုင်မြို့နယ်ရဲ့ နာမည်ကျော်(၅)ရပ်ကွက်က တဲတွေကျူး ကျော်ထားတာဖြစ်ပါတယ်။ အဲဒီရပ်ကွက်ကဆို တော်တော်များများ ကျွန်တော်တို့ကို စာတွေနဲ့ င်္ခေနဘသသု တွေကနေတစ်ဆင့် တဂျီဂျီတိုင်နေတာပါ။ ကျွန်တော်တို့ စည်ပင်သာယာနဲ့ သွားရှင်းဖို့ ကြိုးစားတာ ဘယ်လိုမှ ရှင်းလို့မရတဲ့အနေအထားပါ။ မြောင်းတွေပိတ်ဆို့နေပြီးတော့ ဒီအပိုင်(၂) လို့ ခေါ်တဲ့ရပ်ကွက်ဟာ ကျွန်တော်တို့လှိုင်မြို့နယ်မှာ အဆိုးဆုံးနေရာပါ။ ဆိုင်တွေဟာ ဒီလိုကို ကျူးကျော်ပြီးတော့ လမ်းမပေါ်ကို ကျူးကျော်တက်ပြီးတော့ရောင်းနေတာ၊ ဒါအဟောင်းပစ္စည်းတွေ ဝယ်တဲ့ဆိုင်ပါ။ ဒါကတော့ (၅)ရပ်ကွက်ကပါပဲ လုံးချင်းအိမ်ရာကနေ အိမ်ရှေ့အပြင်ကို ကျူးကျော်ပြီး ဆောက်လုပ်ထားတာပါ။ ဒါလည်းဒီလိုပါပဲ လမ်းတစ်ဝက်လောက်ကို တစ်ခြမ်းလောက်ကို ဟိုဘက် ဒီဘက်ပိတ်ပြီး အများသူငါလမ်းပေါ်ကို ပြောင်ပြောင်တင်းတင်း ခြံစည်းရိုးခတ်ပြီးတော့ ကာရံထား တာပါ။ ဒါဒီမှာ ကားမရပ်ရပါလို့တောင်ရေးထားပါသေးတယ်။ ဒီကားကြီးတွေဟာလည်း များစွာ အမြဲလိုလို ရပ်ထားပြီးပိတ်ဆို့နေတဲ့ကားတွေဖြစ်ပါတယ်။ ဒါ ဘုတ်ဆုံမ ခြံပါ။ ဒီဟာတွေကလည်း အနောက်ဘက်တွေမှာ ဘေးတွေမှာ မြင်မကောင်းရှု့မကောင်း ဒီလိုတောင် ကာရံထားပါသေးတယ် ဝါးကာပြီးတော့ကို၊

ဥက္ကဋ္ဌ။          ။ ကိုယ်စားလှယ်တော်ကြီး မြန်မြန်လေးဖြတ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ဒါနောက်ဖေးလမ်းကြား တွေပြတာပါ။ ဒါကတော့ ကျွန်တော် (၁၄) မှာ ရှင်းလိုက်တဲ့အနေအထားပါ။ လွှတ်တော်ကိုယ်စားလှယ် နဲ့ စည်ပင်နဲ့ ရှင်းလိုက်တဲ့အနေအထားမှာ လမ်းကအကျယ်ကြီးဖြစ်သွားတာပါ။ ဒါ ရှင်းပြီးသားပါ။ ဒီလိုလမ်းတွေကျယ်သွားပါတယ်။ ဒီမှာကလည်း ဥပဒေညွှန်ကြားချက်တွေ ရှိပြီးသားပါ။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်။ ဥပဒေလိုက်နာခြင်းမရှိဘဲနဲ့ လမ်းများပေါ် ကျူးကျော်ဆောက်လုပ်ထားသော အဖီများ၊ အဆောင်များ၊ နောက်ဖေးလမ်းကြားများတွင် ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အဦများအား မည်ကဲ့သို့ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။ လေးစားအပ်ပါတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များခင်ဗျား။ ကျွန်တော် ဦးကျော်ကျော်ထွန်း မေးတဲ့ မေးခွန်းကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ လည်း တော်တော်များများ အရင်ကလည်းလက်တွဲလုပ်ခဲ့ဖူးပါတယ်။ လက်ရှိလည်း လက်တွဲလုပ်ကိုင် နေတဲ့အတွက်ကြောင့် ဒီပြဿနာကတော့ သူသိကိုယ်သိ ပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့ ဥပမာတစ်ခုပေးပါမယ်။ ရန်ကုန်မြို့တော်စည်ပင်ယာယာရေးကော်မတီအနေနဲ့ ဒီလှိုင်မြို့နယ် စည်ပင်သာယာရေးရုံးမှာဆိုလို့ရင် အုပ်ချုပ်ရေးဖွဲ့စည်းပုံအရ အမျိုးသားအင်အား (၁ဝ) ဦး၊ နေ့စား(၁)ဦး နဲ့ ျွှဗ (၅) ဦးစုစုပေါင်း အမျိုးသားအင်အား (၁၆) ဦးဖြင့် နေ့စဉ်ရုံးလုပ်ငန်းအပြင် အုပ်ချုပ်ရေးမှူးရဲ့ ဦးဆောင်မှုနဲ့ မြေပြင်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ရ ပါတယ်။ လမ်းရဲ့ ကျူးကျော်မှုကိုလည်း လမ်းမကြီး၊ လမ်းသွယ်၊ နောက်ဈေးနဲ့ ဆက်စပ်တဲ့နေရာတွေ နောက်အိမ်ရာဝင်း အတွင်းမှာရှိတဲ့ ယာယီအခိုင်အမာကျူးကျော်မှုအလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ လှိုင်မြို့နယ်အတွင်းမှာလည်း အိုး/အိမ်ဦးစီးဌာနပိုင်မြေပေါ်မှာ ယခင်နှစ် များစွာထဲက ကျူးကျော်မှုရှိနေပါတယ်။ အဲဒါဟာလည်း ကျွန်တော်တို့ လုပ်ငန်းပေါင်းစပ်ညှိနှိုင်း ရမယ့်ပြဿနာတစ်ခု ဖြစ်ပါတယ်။ စည်ပင်နဲ့အိုး/အိမ်နဲ့က အဲဒီအိမ်ရာတွေမှာ အမှတ်(၂)ရပ်ကွက် အိမ်ရာမွန်၊ အမှတ်(၃)ရပ်ကွက် ဘုရင့်နောင်အိမ်ရာ၊ အမှတ်(၄)ရပ်ကွက် အေးရိပ်မွန်၊ အမှတ်(၅) ရပ်ကွက်မြကန်သာအိမ်ရာ၊ အမှတ်(၁၄) ရပ်ကွက် မြနန္ဒာအိမ်ရာနဲ့ အမှတ်(၁၆)ရပ်ကွက်မှာရှိတဲ့ နောက်ဖေးလမ်းကြားတွေဟာ ကျူးကျော်မှုအများဆုံး ဖြစ်နေတာတွေ့ပါတယ်။ အမှတ်(၂)ရပ်ကွက် ရတနာပုံအိမ်ရာဝင်းမှာ ကျူးကျော်မှုများနဲ့ပတ်သက်လို့ ဖျက်သိမ်းဖို့ဆောင်ရွက်ခဲ့ပါတယ်။ လိုက်နာမှုမရှိတဲ့အတွက်ကြောင့် အိုးအိမ်းဦးစီးဌာနပိုင်မြေဖြစ်တဲ့အတွက်ကြောင့် ၄င်းတို့ရဲ့ ဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ပေးဖို့ ညှိနှိုင်း အကြောင်းကြားစာပေးပို့ပေမဲ့လည်း ပေါင်းစပ်ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။ အမှတ်(၄)ရပ်ကွက်၊ အေးရိပ်မွန်အိမ်ရာ အိမ်နောက်ဖက်လမ်းကြား ကျူးကျော်မှုများနဲ့ ပတ်သက်လို့ ရှှင်းလင်း ဖျက်သိမ်းခြင်း၊ နောက်ဖေးလမ်းကြားမှထွက်ရှိတဲ့ အမှိုက်တွေကို အမှိုက်သိမ်းယာဉ်များ၊ သန့်ရှင်းရေး လုပ်သားများအား စီစဉ်ပေးပြီးရှင်းလင်းခြင်း၊ နောက် တိုင်းဒေသကြီးရန်ပုံငွေနဲ့ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ပါတယ်။ မြကန်သာအိမ်ရာအတွင်းမှာ လမ်းနယ်မြေကျူးကျော်များနှင့်ပတ်သက်လို့ လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနကို ညှိနှိုင်းအကြောင်းကြားပြီး အကြောင်းပြန်ကြားလာတဲ့အခါ ရန်ကုန်မြို့တော် စည်ပင်သာယာအနေနဲ့ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ကျွန်တော်တို့မှာ အဆင်သင့်ဖြစ်နေပါပြီ။ လမ်းနယ်မြေကျူးကျော်မှုများနဲ့ အဖီအစွယ်၊ ဈေးရောင်း ချခြင်းများကို မြို့နယ်ရုံးဝန်ထမ်းများ၊ လုံခြုံရေးနဲ့စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့အင်အားတို့နဲ့ ပူးပေါင်းပြီးတော့ ဘူတာရုံလမ်း၊ အ.ထ.က (၁) ကျောင်းရှေ့၊ (၁)ရပ်ကွက်၊ အောင်မေတ္တာလမ်းနဲ့ အောင်မေတ္တာ(၃)လမ်း၊ (၁)၊ (၂)၊ (၃) ရပ်ကွက်၊ လှိုင်မြစ်လမ်း နဲ့ (၇)ရပ်ကွက်၊ သံလမ်း၊ (၉)ရပ်ကွက်၊ အင်းစိန်၊ ရွှေဝါမြိုင်အိမ်ရာဘေး ချစ်တီးဘုရားလမ်းဆိုင်ခန်းများ၊ (၁၃)ရပ်ကွက်၊ အင်းစိန်လမ်း၊ ပဲခွဲစက်အရှေ့နဲ့ ပန်းခြံကျောင်းလမ်း၊ နောက် အားကစားကွင်းဘေး၊ (၁၁)ရပ်ကွက်၊ ရွှေဟင်္သာလမ်း၊ ရွှေဟင်္သာဈေး အရှေ့(၁၂)ရပ်ကွက်နဲ့ မင်းဓမ္မလမ်း နောက် (၁၆)ရပ်ကွက်၊ ပါရမီလမ်း၊ အ.လ.က(၆)ကျောင်း ရှေ့ အစရှိတဲ့နေရာတွေမှာ ရှင်းလင်းဆောင်ရွက်နေပါတယ်။ နောက် ရေစီးရေလာကောင်းမွန်ရေး ကိုလည်း ကျွန်တော်တို့ စတင်ဆောင်ရွက်နေပါပြီ၊ မိုးမကျမီကိုလည်း မြို့နယ်အလိုက်စပြီးတော့ လုပ်နေပါပြီ။ အဲဒီလိုစတဲ့အချိန်မှာ လမ်းနယ်မြေနဲ့ရေမြောင်းကျူးတွေကိုပါ တစ်ပြိုင်တည်း ရှင်းလင်းဖို့လည်း စီစဉ်ဆောင်ရွက်နေပါပြီ၊ အဲဒီမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုပါတယ်။ မြို့နယ် သို့ ဖိတ်ကြားရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ စီစဉ်ပါတယ်။ စီမံချက်နဲ့ ရှင်းလင်းဆောင်ရွက်ဖို့ အခြေအနေပေးပါက တစ်ပြိုင်တည်း အင်အားတွေပေါင်းပြီး ရှင်းလင်းနိုင်ဖို့ အတွက်လည်း မြေပြင်အခြေအနေများကို စာရင်းပြုစုပြီးတော့လည်း အဆင့်ဆင့်တင်ပြထားပြီး ဖြစ်ပါတယ်။ လတ်တလောဆောင်ရွက်မှုအနေနဲ့ လှိုင်မြစ်လမ်း၊ ဘုရင့်နောင်နဲ့ လှိုင်မြစ်အပိုင်းမှာ ရေယာဉ် ွှထေင ပြေးဆွဲနိုင်မှုအခြေအနေကျွန်တော်တို့ ရေးဆွဲထားပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ စီမံကိန်းအောင်မြင်ဖို့အတွက် အဲဒီနေရာမှာရှိတဲ့ ကျူးကျော်ဈေးရောင်းချသူ (၂၂) ဦးတို့ရဲ့ ကျူးကျော် မှုကို ဖယ်ရှင်းဖို့အတွက်လည်း ကျွန်တော်တို့စီမံချက်တွေ ချထားပါတယ်။ မြို့နယ်စည်ပင်ယာယာ အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ပြီးတော့သူတို့ကို ကတိခံဝန်ချက်ရယူပြီးလည်းဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ လမ်းတွေမှာလည်း ကျူးကျော်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်ပြီးတော့ ရှင်းလင်း ဆောင်ရွက်သွားဖို့လည်းလိုပါတယ်။ အဲဒီတော့ ဒီကျူးကျော်ထဲမှာ အခြေအနေအရ ကျူးဆိုတဲ့နာမည် စကတည်းကိုက ဒါမတရားတဲ့ကိစ္စပါ။ ဒါ သူကို ပံ့ပိုးဖို့မလိုပါဘူး။ ဥပဒေအရပဲ အရေးယူရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲဒီတော့ အရေးယူတဲ့နေရာမှာ ပူးပေါင်းလုပ်ကိုင်ဖို့အရေးပါပါတယ်။ ပူးပေါင်းလုပ်ကိုင်မှုမရှိဘူးဆိုရင်တော့ အဲဒီမှာ ဘာတွေထွက်လာမလဲဆိုတော့ လုပ်ပိုင်ခွင့်ရကျူး တွေလည်း ထွက်လာပါမယ်။ အိမ်ခြေရာခြေမဲ့တွေရဲ့ ကျူးတွေလည်း ဖြစ်လာပါမယ် သဘာဝအရ ပေါ့။ နောက် စီးပွားရေးအရ ကျူးတွေလည်းဖြစ်လာမယ်။ လောဘကြောင့် ကျူးတွေလည်းဖြစ် လာမယ်။ နောက် ဒေါသနဲ့သူကျူးရင်ကိုယ်ပြန်ကျူးမယ်ဆိုတဲ့ဥစ္စာလည်း ရှိလည်းရှိတယ်။ တစ်နည်း အားဖြင့် ပိုဆိုးတာက ကျွန်တော်တို့ရန်ကုန်မှာ ဒီကျူးတွေပြန်ကြည့်ရင် တကယ့်ကိုစနစ်တကျနဲ့ စီမံချက်ကျူးတွေကိုတောင်မှ ဖယ်ရှားဖို့အစီအစဉ်ဟာ လိုလာပါတယ်။ အဲဒီတော့ စည်ပင်သာယာရေး တစ်ခုအနေနဲ့ မဟုတ်ပါဘူး။ ဦးကျော်ကျော်ထွန်းပြောသလိုဘဲ အကုန်လုံးပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မှရမယ်ဆိုတာကိုလည်း ကျွန်တော်လေးစားစွာပြန်လည် ဖြေကြားအပ်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ ဆက်စပ်မေးခွန်းလေး မေးခွင့်ပြုပါ ခင်ဗျား။ ဝန်ကြီးဖြေသွားတာလည်း ကျွန်တော်တို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ လည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ နားလည်ထားတာ (၁၄)ရပ်ကွက်မှာလုပ်တုန်းက သြအငခန စာတွေနဲ့ ဥပဒေအတိုင်းကျွန်တော်တို့ စည်ပင်သာယာဥပဒေ ၆၈၊ ၆၉ အရ သြအငခန နှစ်ခါ၊ သုံးခါခေါ်ပြီး သတ်မှတ်နှုန်းနဲ့ဒဏ်ငွေတွေ ဒဏ်တပ်ရိုက်တဲ့အခါမှာ တော်တော်များများဟာ ဒဏ်မခံနိုင်ဘဲ ဖျက်သွားတဲ့ဥပမာရှိပါတယ်။ ကျွန်တော်တို့ (၁၄)ရပ်ကွက်မှာ ဆောင်ရွက်တာ။ အဲဒီလို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ မြို့တော်ဝန်ကြီးကိုလည်း ကျွန်တော်တို့ လှိုင်မြို့နယ်ကို ြွကခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာနှင့် ကညင်ကုန်းကျေးရွာအုပ်စု ဆယ်အိမ်တန်း ကျေးရွာသို့ ဆက်သွယ်ထားသော လက်ခုပ်ကုန်း – ဆယ်အိမ်တန်းရွာချင်းဆက်လမ်း       (၁ မိုင် ၆.၅၅ ဖာလုံ)အား ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း (သို့) ကျောက်ခင်းလမ်းအဖြစ် ချထားပေးနိုင်ခြင်း ရှိ/မရှိနှင့် မရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်                                     ချထားပေးနိုင်မည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၇

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းမင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ် ကရင်ကုန်းအုပ်စု၊ ဆယ်အိမ်တန်း ကျေးရွာတွင် အိမ်ထောင်စုပေါင်း (၂၈၄) နေထိုင်ပြီး လူဦးရေ (၉၈၈) ဦးနေထိုင်သော ပင်လယ်ကမ်းခြေ ရွာကလေးတစ်ရွာဖြစ်ပါတယ်ခင်ဗျား။ ယခုအခါ လက်ခုပ်ကုန်းကမ်းခြေ ပျက်စီးသွားပြီးတဲ့နောက်မှာ ဆယ်အိမ်တန်းကမ်းခြေဆိုတဲ့အမည်ဖြင့် ကျွန်တော်တို့ ရန်ကုန်တိုင်းနဲ့ အနီးကပ်ဆုံးအပန်းဖြေစရာ ကမ်းခြေအဖြစ် လူသိများထင်ရှားလာပြီးတော့ ခရီးသွားဧည့်သည်များ တဖြေးဖြေးများပြားလာပြီး ဒေသခံပြည်သူများအတွက်လည်း စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာစေဖို့ တွေ့မြင်နေရပါတယ်။ သို့ပါသော်လည်း အဆိုပါဆယ်အိမ်တန်းကမ်းခြေရွာကလေးသို့ သွားရောက် နိုင်သော လက်ခုပ်ကုန်း-ဆယ်အိမ်တန်းလမ်းသည် မြေသားလမ်းဖြစ်နေပါသဖြင့် မိုးရာသီတွင် မည်သည့် ယာဉ်မှ သွားလာ၍မရပါသဖြင့် အပန်းဖြေလာကြသော ခရီးသွားပြည်သူများ၊ ကျေးရွာသူ/ကျေးရွာ သားများ၊ ကျောင်းသား/ကျောင်းသူများအတွက် အခက်အခဲများကြုံတွေ့နေရပါတယ်ခင်ဗျား။ ကျောင်းသားများအတွက် မိုးရာသီတွင် အထက်တန်းကျောင်းရှိသော လက်ခုပ်ကုန်းကျေးရွာသို့ နေ့စဉ်ကျောင်းသွားတက်နေရတာဖြစ်သဖြင့် အလွန်ပင်ပန်းဆင်းရဲစွာကျောင်းတက်နေရတာကို တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ကုန်စည်စီးဆင်းမှု၊ အရေးပေါ်ယာဉ်ဝင်ထွက်နိုင်ရန်အတွက် လည်းကောင်း၊ အပန်းဖြေခရီးသွားများ၊ ကျောင်းသား/ကျောင်းသူများအတွက်၊ ဒေသခံပြည်သူများ အတွက် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်လည်းကောင်း၊ ရာသီမရွေးသွားလာနိုင်သောလမ်း ရရှိနိုင်ရန် အတွက် အလွန်ပင်အရေးကြီးနေပြီဖြစ်ပါတယ်ခင်ဗျား။ သို့ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာနှင့် ကညင်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာသို့ ဆက်သွယ်ထားသော လက်ခုပ်ကုန်း- ဆယ်အိမ်တန်း ကျေးရွာချင်းဆက်လမ်း(၁ မိုင် ၆.၅၅ ဖာလုံ) အား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ခင်းလမ်းအဖြစ် ချပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ ကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် မေးမြန်းလိုပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။     ။ လေးစားအပ်ပါသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တရားလွှတ်တော် အဖွဲ့ဝင်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါရစေ။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာနှင့် ကညင်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာသို့ ဆက်သွယ်ထားတဲ့ လက်ခုပ်ကုန်း-ဆယ်အိမ်တန်း ရွာချင်းဆက်လမ်း၊ အရှည် (၁ မိုင် ၆.၅၅ ဖာလုံ)ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွွမ်းအင်ဝန်ကြီး ဦးဟံထွန်းမှ ဖြေကြားပေးမှာဖြစ်ပါတယ်။ လက်ခုပ်ကုန်း-ဆယ်အိမ်တန်း ရွာချင်းဆက်(၁ မိုင် ၆.၅၅ ဖာလုံ)ဟာ မြေသားလမ်းအမျိုးအစား ဖြစ်ပါတယ်။ အဆိုပါလမ်းကို ကွန်ကရစ်ခင်းခြင်းအတွက် တွက်ချက်မှုအရ ကျွန်တော်တို့ ကုန်ကျငွေ ခန့်မှန်း (၃၉၃.၅၇၈)သန်းရှိမှာ ဖြစ်ပါတယ်။ သို့သော် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်           ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေမှာ ခွင့်ပြုထားခြင်းမရှိပါဘူး။၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ လျာထားတင်ပြသွားမှာဖြစ်တဲ့အကြောင်း၊ ဘဏ္ဍာငွေရရှိပါက အကောင်အထည်ဖော်     ဆောင်ရွက် သွားမှာဖြစ်တဲ့အကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအနောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ (တော်ခရမ်း)အား အထက်တန်းကျောင်းအဖြစ်လည်းကောင်း၊ ကြခတ်ကုန်းကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အလယ်တန်းကျောင်းအဖြစ်လည်းကောင်း အသီးသီးအဆင့်မြှင့်တင်ပေးနိုင်ရန် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီပြီးဖြစ်ပါသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားမှုအပေါ်လာမည့်စာသင်နှစ်အမီ အဆင့် မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ၊ မရှိသေးပါက မည်သည့်နှစ်တွင် အဆင့်တိုးမြှင့်ပေးမည်ကို                                                   သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၇

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါ ခင်ဗျား။ ကျွန်တော်ကတော့ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းမင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအနောက် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ(တော်ခရမ်း)အား အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ ကြခတ်ကုန်းကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲအား အလယ်ကျောင်း အဖြစ်လည်းကောင်း အသီးသီးအဆင့်မြှင့်တင်ပေးနိုင်ရန် စံချိန်စံညွှန်းများပြည့်မီပြီဖြစ်ပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားမှုအပေါ် လာမည့်စာသင်နှစ်အမီ အဆင့်မြှင့်တင် ပေးနိုင်ခြင်း ရှိ/မရှိ ၊ မရှိသေးပါက မည်သည့်နှစ်တွင် အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့်မေးမြန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။     ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ မင်္ဂလာပါ။ ကွမ်းခြံကုန်းမြို့နယ်ရှိ အထကခွဲ(တော်ခရမ်းကြီး)ကျောင်းသည် အထက်တန်းအဆင့် ူနလနူ ၂ဝ၃ ဦးရှိသဖြင့် အထက်တန်းကျောင်းအဆင့်တိုးမြှင့် သတ်မှတ်ချက် ဖြစ်သည့် ကျောင်းသားဦးရေ ၂ဝဝ ဦးနှင့်ကိုက်ညီခြင်း၊ အနီးပတ်ဝန်းကျင်ရှိ အထက(၁)ကွမ်းခြံကုန်း သို့ (၄)မိုင်ခရီးသွားရခြင်း၊ စာသင်ခန်းလုံလောက်မှုရှိကြောင်း တင်ပြသဖြင့် အထက်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် တိုင်းပညာရေးမှူးရုံးမှ ထောက်ခံလျက် တိုင်းဒေသကြီးအစိုးရထံတင်ပြထားပြီး     အခြေခံပညာဦးစီးဌာနသို့ ဆက်လက်တင်ပြထားပြီးဖြစ်ပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ အလကခွဲ (ကြခတ်ကုန်ကြီး)၊ကျောင်းသား (၂၃၂) ဦး ရှိခြင်း၊ ကျောင်းမြေသည် (ဝ.၂၅) ဧကသာရှိခြင်း၊ အလယ်တန်းကျောင်းသို့တိုးမြှင့်သတ်မှတ်ချက်ဖြစ်သည့် (၂၄ဝ) ဦး မပြည့်မီခြင်း၊ ကျောင်းမြေ အကျယ်အဝန်း (၄) ဧက ရှိရမည့် သတ်မှတ်ချက်မပြည့်မီသဖြင့် ကျောင်းအဆင့်တိုးမြှင့်ရန် မပြည့်မီပါ။သို့သော်လည်း အလယ်တန်းကျောင်းခွဲဖြစ်သဖြင့် အလယ်တန်းပြဆရာ/ဆရာမများ ပြည့်စုံစွာခန့် ထားပြီး အဋ္ဌမတန်းအဆင့်၊ အလယ်တန်းအဆင့်အားလုံးအထိ သင်ကြားခွင့်ရရှိနေပြီဖြစ်သောကြောင့် ကျောင်းအဆင့်တိုးမြှင့်ရန် အစီအစဉ်မရှိပါကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။

လွှတ်တော်ကတိကဝတ်ရရှိထားပြီးဖြစ်သော ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ (၉)ရွာ သို့ ဆက်သွယ်ဖောက်လုပ်ထားသော ငှက်ကြီးတောင်-သောင်ခုံလမ်းမကြီးအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်                            ပြုလုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၄

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါ ခင်ဗျား။ ကျွန်တော်ကတော့ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းမင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ငှက်ကြီးတောင်-သောင်ခုံလမ်းမကြီးသည် အရှည်အားဖြင့် (၁ဝ) မိုင်ခန့် (၁၆.ဝ၉) ကီလိုမီတာရှည်လျားပြီး ကျေးရွာ(၉)ရွာကို ဆက်သွယ်ထားသည့် အဓိကကျသည့် အချက်အချာလမ်းမကြီးဖြစ်ပါတယ်ခင်ဗျား။ ထိုလမ်းမကြီးသည် လက်ရှိအခြေအနေအရ (ဝ) ကီလိုမီတာမှ (၂.၈၃) ကီလိုမီတာထိ ကွန်ကရစ် နှစ်ဘီးလမ်း၊ (၂.၈၃) ကီလိုမီတာမှ (၄.၆၃) ကီလိုမီတာထိ ကွန်ကရစ်လမ်းအပြည့်၊ (၄.၆၃) ကီလိုမီတာမှ (၈.၈၅) ကီလိုမီတာအထိ ဂဝံ လမ်း၊ (၈.၈၅) ကီလိုမီတာမှ (၁၆.ဝ၉) ကီလိုမီတာအထိ (၅) မိုင်ကျော်ခန့်ထိက မြေသားလမ်းဖြစ်ပြီး မိုးရာသီတွင် မည်သည့်ယာဉ်မှ သွားလာ၍မရပါခင်ဗျား။ဒါ့အပြင် အထက်တန်းကျောင်းတည်ရှိရာ တော်ကလိတ်ကျေးရွာသို့ ကျောင်းတက်ကြရာတွင် မြေသားလမ်းဖြစ်သဖြင့် မိုးရာသီတွင် ရွံ့ဗွက်များအပေါ် ကျောင်းသား/ကျောင်းသူများ အလွန်ဝေး ကွာသောခရီးကို ခြေလျင်ကျောင်းတက်ခဲ့ရပါတယ်၊ ဒါ့အပြင် အချို့ပြေလည်တဲ့ကျောင်းသား တွေကတော့ ဒီအထက်တန်းကျောင်းကို သွားတက်ဖို့အတွက် ၄င်းကျေးရွာမှာတင် ဘော်ဒါနေပြီး ကျောင်းတက်နေရတဲ့အနေထားတွေ တွေ့မြင်နေရပါတယ်ခင်ဗျား။ ကျန်းမာရေးအရလည်း တိုက်နယ် ဆေးရုံရှိရာ လက်ခုပ်ကုန်းကျေးရွာနှင့် အလွန်ဝေးကွာသည့်အပြင် မိုးရာသီတွင် ရေလမ်း၊ ကုန်းလမ်း ယာဉ်သွားလာနိုင်ရန် အလွန်ခက်ခဲပြီး ဂဝံခင်းပြီးလမ်းသည် အလွန်ပင်ပျက်စီးနေပြီဖြစ်ပါသဖြင့် ၄င်းလမ်းအား ရာသီမရွေးသွားလာနိုင်ရန် ကွန်ကရစ်လမ်း သို့မဟုတ် ကျောက်ခင်းလမ်းခင်းပေးနိုင်ရန် အတွက် လွန်စွာအရေးကြီးလှပါတယ်။ ၄င်းလမ်းအားခင်းပေးရန် လွှတ်တော်ကတိကဝတ်လည်း ရရှိထားပြီးဖြစ်ပါသဖြင့် လမ်းတစ်ခုလုံးကို အဆင့်မြှင့်တင်နိုင်ခြင်းမရှိသေးပါက အထက်တန်းကျောင်းသို့ သွားလာရေးလွယ်ကူနိုင်စေရန် မြေသားလမ်းအား ဂဝံလမ်းခင်းပေးနိုင်ရန် လွန်စွာအရေးကြီးကြောင်း ထပ်လောင်းပြောဆိုအပ်ပါတယ်ခင်ဗျား။ မေးခွန်းအနေနဲ့ကတော့ လွှတ်တော်ကတိကဝတ်ရရှိထားပြီး ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးရွာ (၉)ရွာအတွက် ဆက်သွယ်ဖောက်လုပ် ထားသည့် ငှက်ကြီးတောင်-သောင်ခုံလမ်းမကြီးအား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့် တင်ပေးနိုင်ခြင်း ရှိ/မရှိကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။     ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးအဖွဲ့ဝင်ဧည့်သည်တော်အပေါင်းတို့ခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်မင်းမင်းရဲ့ မေးခွန်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးရွာ(၉)ရွာကို ဆက်သွယ်ဖောက်လုပ် ထားတဲ့ ငှက်ကြီးတောင်- သောင်ခုံလမ်းမကြီးမှာ ပြည်ထောင်စုဆောက်လုပ်ရေးလုပ်ငန်းပိုင် လမ်း အပိုင်းဖြစ်ပြီးတော့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ ကျွန်တော်တို့ပြုပြင်ဖို့အတွက် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း (၁ဝဝ)ခွင့်ပြုချက်ရရှိခဲ့သဖြင့် ကျွန်တော်တို့ မိုင်တိုင် (ဝ) ကီလိုမီတာ ကနေ မိုင်တိုင် (၂.၈၂ )ကီလိုမီတာ အတွင်းမှာရှိတဲ့ မီတာ (၁၄ဝ၂.၈၆) ရှိတဲ့ ကွန်ကရစ်ဘီးလမ်း နှစ်ခုကြားမှာ ကွန်ကရစ်ဖြည့်ခင်းခြင်း၊ အမာခံပခုံးတည်ဆောက်ရန် လျာထားပြီးဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒါကိုတော့ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျန်လမ်းအပိုင်းအရှည်များကို နောင်နှစ်ဘဏ္ဍာငွေ သို့မဟုတ် ဖြည့်စွက်ဘဏ္ဍာငွေမှာရရှိခဲ့ရင် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက် ပေးသွားမှာဖြစ်တဲ့အကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။အဲဒီနေရာက လောလောဆယ်တော့ သွားရေးလာရေးက အဆင်ပြေနေတယ်ခင်ဗျ။ ကျွန်တော်စောစောက တင်ပြ ထားတဲ့ ဒီ ကျောင်းသွား/ကျောင်းပြန်ကလေးတွေအတွက် ဒီတော်ကလိတ်ရွာကို သွားတဲ့ခရီး၊           ဒီတော်ကဆော့ကနေပြီးတော့ နောက်ကိုဆက်ခင်းရမယ့် (၅)မိုင်လေးမှာ တော်တော်လေးအခက်အခဲ ဖြစ်နေပါတယ်။ အဲဒီဥစ္စာကိုတော့ ဦးစားပေးအနေနဲ့လုပ်စေချင်ပါတယ်။ အဲဒါကို လွှတ်တော်ဥက္ကဋ္ဌကြီး ကတစ်ဆင့် မေးမြန်း၊ အကြုံပြုတင်ပြအပ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးက တင်ပြတဲ့အတိုင်းဒီနှစ် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ရန်ပုံငွေထဲမှာ ပြည်ထောင်စု ရန်ပုံငွေက ကျပ်သန်း(၁ဝဝ)၊ ဒီလွှတ်တော်ကိုယ်စားလှယ်တော်ကြီးဆောင်ရွက်လိုတဲ့အပိုင်းကို           ဒီလွှတ်တော်အစည်းအဝေးမှာ သဘောတူတယ်ဆိုလို့ရင် ပြောင်းရွှေ့ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့ အကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

ကျောင်းဧရိယာအလွန်ကျဉ်းမြောင်းပြီး စာသင်ကြားရန်နေရာအခက်အခဲဖြစ်နေသော ကျောက်တံတားမြို့နယ်အတွင်းရှိ ကျောင်းများမှ သက်သာဆိုင်ခန်းများကို ဖယ်ရှားနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မည်ကဲ့သို့ကူညီလုပ်ဆောင်ပေးနိုင်သည်ကို                                                  သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၉

ဥက္ကဋ္ဌ။          ။ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ အားလုံး မင်္ဂလာပါရှင်။ ဥက္ကဋ္ဌကြီးရှင် ကျွန်မဒီနေ့မေးမြန်းမယ့်        မေးခွန်းကတော့ အခြေခံကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ သက်သာဆိုင်ခန်းတွေကိစ္စပဲဖြစ်ပါတယ်။ အမှန်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တုန်းက ဝန်ကြီးချုပ်က လွှတ်တော်မှာ ကျောင်းတွေရဲ့ ဥပဓိရုပ်နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ ကို လွှတ်တော်မှာ သဝဏ်လွှာပို့ပြီး အစီရင်ခံစာတင်ခိုင်းပါတယ်။ အဲဒီတုန်းကလည်း တင်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာပဲ ကျွန်မတင်လိုက်တာပါ။ ပြီးတော့ ဝန်ကြီး ဦးနိုင်ငံလင်း ကျွန်မတို့ ကျောက်တံတားမြို့နယ်ကကျောင်းတွေကို ကွင်းဆင်းတုန်းကလည်း ကိုယ်တိုင်တွေ့ခဲ့ပြီးသားပါ။ဒီကျောင်းတွေနဲ့ပတ်သက်ပြီး ဒီကိစ္စကိုကျွန်မ မနှစ်ကတည်း စာသင်နှစ်အမီဆိုပြီးတော့   ကြိုးပမ်းခဲ့တာရှိပါတယ်။ အကြောင်းက ကျွန်မတို့ကျောက်တံတား မြို့နယ်အတွင်းက ကျောင်းလေးတွေက တိုက်ခန်းလေးတွေပေါ်မှာ အခန်းလေးတွေပိုင်းပိုင်းပြီးတော့ သက်သာဆိုင်ခန်းလေးတွေ ငှားထားတာဆိုတော့ သူငယ်တန်းသင်တဲ့အခါမှာ အဆင်မပြေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်မက ဒီဆိုင်ခန်းဖွင့်လှစ်ထားတဲ့သူတွေကိုခေါ်ယူပြီး ညှိနှိုင်းအစည်းအဝေးလုပ်ပါတယ်။ တစ်ဦးက တော်တော်လေးတင်းမာပြီးတော့ အဲဒီထဲမှာမှ တစ်တိုင်းလုံးမှာဒီလိုပဲ ဖွင့်နေတယ်။ တစ်တိုင်းလုံးက ကျောင်းတွေက သက်သာဆိုင်ခန်းတွေဖယ်ရင် သူတို့လည်းဖယ်မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့ ကျွန်မဒီနှစ်စာသင်နှစ်အမီကို ဒီမေးခွန်းလေးထပ်မေးတာဖြစ်ပါတယ်။ ကျောက်တံတားမှာတော့ ကျောင်းက (၇)ကျောင်းထဲရှိတာပါ။ အဓိကကတော့ မူလတန်းကျောင်းက တိုက်ခန်းတွေဖြစ်တဲ့အခါကျတော့ အဲဒီတိုက်ခန်းတွေပေါ်မှာပဲ သက်သာဆိုင်ခန်းတွေပိုင်းပြီးတော့ ငှားထားတာတွေ အဓိကကျွန်မက ဒီမှာမေးခွန်းမေးချင်တာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ၂ဝ၁၄ ခုနှစ်၊ မေလကတည်းက အခြေခံပညာဦးစီးက ညွှန်ကြားချက်ထုတ်ထားပြီးသားပါ။ ဒီသက်သာဆိုင်ခန်းတွေကို ဆက်လက်ဖွင့်လှစ်ခွင့်မပြုဖို့ ဆိုပြီးတော့ အဲဒီလိုညွှန်ကြားချက်ထုတ်ပြီးနောက်ပိုင်းမှာတော့ ဖွင့်လှစ်ခွင့်မပြုတော့ဘူးဆိုပြီးတော့ လခလည်း မပေးတော့ပါဘူး။ ဆိုင်ခန်းလည်းမဖယ်ပေးပါဘူး။ ၂ဝ၁၄ ခုနှစ်ကတည်းက ဒီကိစ္စဟာ ၂ဝ၁၇ ခုနှစ်အထိကို ဖြစ်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ကျွန်မကို ဏသတနမ ဏသငညအ ဖြင့် တင်ပြခွငြ့်ပုပါရှင်။ ဒါ အ.မ.က (၁)က သက်သာဆိုင်ခန်းပါ။ အ.မ.က(၁)ဆိုတာ အဲဒီအောက်က စိမ်းစိမ်းလေးသုတ် ထားတဲ့ နေရာပါ။ အဲဒီမြေညီထပ်လေးမှာပဲ ဒီဘက်ကပုဂံဆိုင်ရယ်၊ ဟိုဘက်က မုန့်ဆိုင်လေးရယ် ဒါသက်သာဆိုင်ခန်းအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ နောက် ဒီဘက်ကဆိုင်ခန်းပါ။ ကျောင်းလေးကအလယ်မှာပါ သေးသေးလေးပါ။ ဒီဘက်ကတော့ မုန့်ဆိုင်ဖွင့်လှစ်ထားတာပါ။ ဒီနှစ်ဦးကတော့ ဖယ်ရှားပေးမယ်ဆိုပြီးတော့ လက်မှတ်ထိုးထားပြီးသားပါ။ ဒါပေမဲ့ တခြားသူတွေ မဖယ်ပေးတော့ သူတို့လည်းမဖယ်ပေးချင်တော့တဲ့ အနေအထားပါ။ ဒါက အ.မ.က(၄)က ဆိုင်ခန်းပါ ကျွန်မတို့ကျောက်တံတားက ကျောင်းတွေကတော်တော်လေးထူးခြားပါတယ်။ ဒီဆိုင်းဘုတ်တပ် ထားတဲ့နေရာရယ်၊ ဟိုဘက်အပေါ်လေးမှာလည်း ကျောင်းတစ်ခန်းရှိပါတယ်။ ဝေမိုးအောင်လျှပ်စစ် ဆိုင်နေရာကလည်း ကျောင်းခန်းနေရာပါဘဲ။ ဒါပေမဲ့ သူကအရှေ့မှာပိတ်ပြီးတော့ ဖွင့်ထားတာဖြစ်တဲ့ အခါကျတော့ အဲဒီအနောက်မှာ(၄)တန်းတွေ စာသင်ပါတယ်။ အဲဒီ (၄)တန်းတွေ စာသင်တဲ့အခါ လုံးဝကိုလေဝင်လေထွက်မရှိဘဲနဲ တော်တော်အခက်အခဲဖြစ်နေတဲ့အနေအထားမျိုးပါ။ ဒီကျောင်းက ဆိုရင် ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ အခြေခံပညာမူလတန်းအမှတ်(၅)ပါ။ အဲဒီမှာ ဒီသစ်ပင်လေးအုပ်နေတဲ့နေရာလေးက ကျောင်းခန်းပါ။ အဲဒီကျောင်းက အားလုံးပေါင်း (၇၅) ပေ ရှိပါတယ်။ အရှေ့မျက်နှာစာက၊ ဘေးက ဏညျေေသညငခ ဆိုတာက (၂၅) ပေ ရှိပါတယ်။ အဲဒါ ကျောင်းရဲ့ သက်သာဆိုင်ခန်းပါ။ ဆိုတော့ ပေ (၇၅) ပေမှာ ပေ (၅ဝ) ပဲ ကျောင်းကသုံးရပြီးတော့ ကျန်တဲ့ (၂၅ )ပေက သက်သာဆိုင်ခန်းအနေနဲ့ သုံးထားပါတယ်။ ကျွန်မတို့ ခေါ်ယူ ညှိနှိုင်းတဲ့အခါမှာလည်း ဒီ ဏညျေေသညငခ ကိုထပ်ဆင့်ငှားထားတာရှိပါတယ်။ ထွန်းတောက် နူနခအမသညငခ ဆိုပြီးတော့ အဲဒီပိုင်ရှင်က ဒါဖယ်ပေးဖို့အတွက်ကို တစ်တိုင်းလုံးကကျောင်းတွေ ဖယ်မှဖယ်မယ်ဆိုတဲ့ အနေအထားမျိုးလေး တွေ့ရပါတယ်ရှင်။ ဒီဟာကတော့ အ.မ.က (၆)ပါ။ သူကတော့ အထပ်မြင့်ဆောက်ထားတော့ ကျောင်း အနေနဲ့တော့ အရမ်းအခက်အခဲမရှိပါဘူး။ သို့ပေမဲ့လည်း သက်သာဆိုင်ခန်းအနေနဲ့ မြေညီထပ်ကို ငှားထားတာပါ။ ဒါကတော့ မေလတုန်းက အခြေခံပညာဦးစီးက ထုတ်ထားတဲ့ညွှန်ကြားချက်ပါ။ မေလ တုန်းက ထုတ်ပြီးတော့ ဇွန်လမှာလည်း ထပ်ပြီးတော့ထုတ်ပါတယ်။ ဒါကတော့ စောစောကပြောတဲ့ အ.မ.က (၁)ကဆိုင်ခန်းတွေဆို သူတို့ဖယ်ပေးပါမယ်ဆိုပြီးတော့ကို လက်မှတ်ထိုးထားပြီးသားပါ။ သို့ပေမဲ့ အခုထိမဖယ်ရသေးပါဘူး။ အဲဒီတော့ ကျွန်မအနေနဲ့ ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ကျွန်မတို့ကျောက်တံတားမှာရှိတဲ့ ကျောင်းလေးတွေက ကျောင်းဧရိယာအလွန် ကျဉ်းမြောင်းပါတယ်။ အဲဒီတော့ ကျောင်းဧရိယာအလွန်ကျဉ်းမြောင်းပြီး စာသင်ရန်အခက်အခဲ ဖြစ်နေတဲ့ ကျောက်တံတားမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေရဲ့ သက်သာဆိုင်ခန်းတွေကို ညွှန်ကြားချက် နဲ့အညီ ဖယ်ရှားနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ မည်သို့မည်ပုံကူညီလုပ်ဆောင် ပေးမယ်ဆိုတာကို သိလိုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။     ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ မင်္ဂလာပါ။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးလက်အောက်မှာ ဆိုရင် အခြေခံပညာရုံးတွေ၊ ကျောင်းတွေ (၁၄ဝ) ကျော်မှာ ကျွန်တော်တို့ သက်သာဆိုင်ခန်းပေါင်း (၁၅၇၂) ခန်းရှိပါတယ်။ အဲဒီဆိုင်ခန်းတွေထဲကမှ (၆၈) ခန်းကို ကျွန်တော်တို့ ပိတ်သိမ်းပြီးဖြစ်ပါတယ်။       ကျန်ရှိတဲ့ (၁၉ဝ၄) ခန်းဟာ ကျောင်းမဖွင့်မီကာလအတွင်း ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာမှ နှင်ထုတ်ခြင်း ဥပဒေနှင့်အညီဆောင်ရွက်ပြီးပြန်လည်တင်ပြဖို့ ကျွန်တော်တို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းက အ.ထ.က (ကျောက်တံတား)ရှိ သက်သာဆိုင်ခန်း (၁၆) ခန်း၊ အ.မ.က (၁)ရှိ (၂)ခန်း၊ အ.မ.က (၄)ရှိ (၁) ခန်း၊ အ.မ.က (၅)ရှိ (၁) ခန်း၊ အ.မ.က (၆)ရှိ (၁) ခန်း စုစုပေါင်း (၂၁) ခန်းလည်း အပါအဝင်ဖြစ်ပါတယ်။ ပြီးတော့ အဆိုပါ ဆိုင်ခန်းများ ၂ဝ၁၄ ခုနှစ်ကတည်းက စာချုပ်သက်တမ်းကုန်ဆုံးပါက ထပ်မံစာချုပ်ချုပ်ဆိုခြင်းမပြုရန် ညွှန်ကြားထားပြီးတော့ ၃၁.၁ဝ.၂ဝ၁၄ ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းပေးရန် ညွှန်ကြားထားခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ သက်သာဆိုင်ခန်းများနှင့်ပတ်သက်ပြီး ဖယ်ရှားရှင်းလင်းပေးရန်အတွက် အကြောင်းကြားစာများလည်း အကြိမ်ကြိမ်ထုတ်ထားခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါတွင် ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းများအတွင်းရှိ ကျူးကျော် သက်သာဆိုင်ခန်း များအားလုံးကို ဖယ်ရှားရှင်းလင်းတဲ့အခါ တပါတည်းရှင်းလင်းဖို့ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ ဥက္ကဋ္ဌကြီးရှင်။ ဆက်စပ်မေးခွန်းလေးမေးမြန်းခွင့်ပြုပါ။ ပြီးခဲ့တဲ့ တတိယပုံမှန်တုန်းကလည်း တောင်ဥက္ကလာပက ဒေါ်သစ်သစ်မြင့်တို့လည်း မေးထားတာရှိပါတယ်။ အခက်ခဲကဘာလဲဆိုတော့ ပထမတန်းမှာ သင်ရိုးအသစ် နဲ့သွားရပြီ သူငယ်တန်းတုန်းကတောင် နေရာအခက်အခဲအရမ်းဖြစ်တဲ့အခါကျတော့ ပထမတန်းမှာ သင်ရိုးသစ်နဲ့သွားတဲ့အခါ ကျွန်မတို့ကျောက်တံတားမှာရှိတဲ့ကျောင်းတွေနဲ့ သက်သာဆိုင်ခန်းကတော့ တစ်တိုင်းလုံးမှာရှိတာအမှန်ပါပဲ။ ဒါပေမဲ့ ကျောက်တံတားမှာရှိတဲ့ ကျောင်းတွေက စောစောကလို နေရာတွေပိုင်းထားတာ ဘယ်လိုမှကိုစာသင်ဖို့ကို အဆင်မပြေတော့တဲ့အနေအထားဖြစ်တဲ့အတွက် ကြောင့် ဒီစာသင်နှစ်အမှီလေးကို လုပ်ပေးစေချင်တဲ့အတွက်ကြောင့်မို့ ဒီမေးခွန်းမေးတာပါ။ ဖြေကြား ပေးတဲ့ ဦးနိုင်ငံလင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အမြန်ဆုံးလည်း ဆောင်ရွက်ပေးဖို့ မျှော်လင့် ပါတယ်ရှင်။

ထန်းတပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ အထက်တန်းကျောင်းသည် ၂ဝ၁၄-၂ဝ၁၅ခုနှစ် နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းဆောင် ပင်မတိုင်များ ကျိုးပျက်နေခြင်းနှင့် နံရံများကွဲအက်နေခြင်းအတွက် ကျောင်းသားများအလွန်အန္တရာယ် ကြီးမားသည့်အတွက် အလျား (၁၃၇)ပေ၊ အနံ (၂၅)ပေရှိ ၂ ထပ်ကျောင်းဆောင်၊ အလျား (၂၄၅)ပေ၊ အနံ(၃ဝ)ပေရှိ ဇီဇဝါဆောင်နှင့် အလျား(၁၂ဝ)ပေ၊ အနံ(၂၈)ပေရှိ သိပ္ပံဆောင် များသည် အလွန်အန္တရာယ်ရှိ ကျောင်းဆောင်များဖြစ်သဖြင့် အသစ်ပြန်လည် တည်ဆောက်                                           ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း

အချိန်။ ၁၁၁၆

ဥက္ကဋ္ဌ။          ။ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဌေးမော်၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့စည်း ဝင်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ပဏမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော် ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး (၄၅) မြို့နယ်မှာ ထန်းတပင်မြို့နယ်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးမြို့နယ်တစ်ခုဖြစ်ပါတယ်။ ယခုတင်ပြမဲ့ လှည်းဆိပ်စံပြကျေးရွာဟာ ထန်းတပင် မြို့နယ်ရဲ့ အဝေးဆုံးအစွန်ဆုံးမှာရှိပါတယ်။ အဲဒီမှာရှိတဲ့ အ.ထ.ကကျောင်းဟာ ၁၉၇၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ သက်တမ်းရင့် ကျောင်းတစ်ခုဖြစ်ပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွေမှာ ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းပင်မတိုင်များကျိုးပျက်ခြင်း၊ နံရံများ ကွဲအက် ခြင်းကြောင့် ကျောင်းသားများအလွန်အန္တရာယ်ကြီးမားသည်ကို ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ရေကြီးနစ်မြုပ်မှုတွင် လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။ ကျေးရွာ အုပ်စုကြီး (၄)စုနှင့် ကျေးရွာပေါင်း(၂ဝ)ကျော်မှလည်း ကျောင်းသားတွေအားထားတက်ရတဲ့ ပင်မကျောင်းကြီး တစ်ကျောင်းလည်းဖြစ်ပါတယ်။ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါ။ ဒါ အ.ထ.က လှည်းဆိပ်စံပြကျေးရွာ နှစ်ထပ်ဆောင်ရဲ့ အရှေ့ဘက်ခြမ်း မြင်ကွင်းဖြစ်ပါတယ်။ ဒါကတော့ နှစ်ထပ်ကျောင်းဆောင်ရဲ့ အနောက်ဘက်မြင်ကွင်းဖြစ်ပါတယ်။ ဒါက ဇီဇဝါဆောင်ရဲ့ အရှေ့ဘက် မြင်ကွင်းဖြစ်ပါတယ်။ ဒါကတော့ ဇီဇဝါဆောင်ရဲ့ ပျက်စီးနေတဲ့ အနောက်ဘက်မြင်ကွင်း ဖြစ်ပါတယ်။ တိုင်တွေကျိုးပျက် နေတဲ့မြင်ကွင်းပါ။ ဒါက သိပ္ပံဆောင်ရဲ့ အရှေ့ဘက်မြင်ကွင်းပါ။ တိုင်တွေ ကွဲအက်နေတဲ့ မြင်ကွင်းပါ။ ဒါက သိပ္ပံဆောင်အနောက်ဘက် တိုင်တွေနဲ့နံရံတွေ ကွဲအက်နေတဲ့ မြင်ကွင်းပါ။ ဒါကတော့ ဆရာမ ဝန်ထမ်းဆောင် အရှေ့ဘက်ခြမ်းပါ။ အနောက်ဘက်ခြမ်း မှာတော့ အကာအရံက (၁)ပေခွဲသာသာပဲ ရှိပါတယ်။ သို့ပါ၍ အလျား (၂၃၅) ပေ၊ အနံ (၂၅) ပေရှိ နှစ်ထပ် ကျောင်းဆောင်၊ အလျား (၂၄၅)ပေ၊ အနံ ပေ (၃ဝ) ရှိ ဇီဇဝါဆောင်နှင့် အလျား (၁၂ဝ) ပေနှင့် အနံ (၂၈) ပေရှိ သိပ္ပံဆောင်တို့သည် အလွန်အန္တရာယ်ရှိ ကျောင်းဆောင်များဖြစ်သဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်လည်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ ကို ရိုသေလေးစားစွာ မေးမြန်းအပ်ပါတယ်။ ဆောက်လုပ်ပေးနိုင်ခြင်းရှိပါကလည်း မည်သည့်အချိန်မှာ ဆောက်လုပ်ပေး နိုင်ခြင်းရှိမည်ကို သိရှိလိုပါတယ်။ ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါကလည်း မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို ရှင်းလင်းစွာသိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။     ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ မင်္ဂလာပါ။ ထန်းတပင်မြို့နယ် အ.ထ.က(လှည်းဆိပ်)ကျောင်း၊ အန္တရာယ်ရှိကျောင်း ဆောင်များဖြစ်သော (၁၂ဝ) ပေ၊ (၃ဝ) ပေ ခရေဆောင်အား ဒီဇင်ဘာလတွင်လည်းကောင်း (၂၄၅)ပေ၊ (၃ဝ)ပေ ဇီဇဝါဆောင်အား ဒီဇင်ဘာလထဲတွင်လည်းကောင်း မွမ်းမံပြင်ဆင်ရန် ရန်ပုံငွေချထားပေးပြီး ဖြစ်၍ ပြင်ဆင်ပြီးစီးပြီလည်းဖြစ်ပါတယ်။ (၁၂ဝ) ပေ၊ (၃ဝ)ပေ စံပါယ်ဆောင်အား ဖျက်သိမ်း၍ တိုက်(ဃ) ဆောက်လုပ်ရန် ရန်ပုံငွေချထားပေးပြီးဖြစ်၍ ၁၃.၃.၂ဝ၁၇ ရက်နေ့တွင် စတင်ပန္နက်ရိုက် ဆောင်ရွက် နေပြီး (၂ဝ) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် (၁၂ဝ) ပေ၊ (၃ဝ)ပေ ျွဃ နှစ်ထပ်ပြည့်ဆောက်လုပ်ရန် ငွေလုံးငွေရင်း ရန်ပုံငွေမှ ကျပ်(၁၄၃.၄၅၂၅) သန်း လျာထားတင်ပြ ထားပြီးဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဦးဌေးမော်၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။ဆက်စပ်မေးခွန်း မေးမြန်းခွင့်ပြုပါ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဒီ ပြင်နေကြတဲ့ ကျောင်းဆောင်တွေဟာ ပြင်ဆင်စရိတ် ချပြီးတော့ ပြင်ဆင်တယ်ဆိုတာ နံရံကွက်အကာမျိုးကို ကျွန်တော်တို့ ဟိုကွန်ကရစ်လေးနဲ့ကွပ်သွား တာမျိုး၊ မျက်နှာကျက်လေးတပ်သွားတာမျိုးနဲ့ အမိုးလေးတွေကို ပြန်တင်သွားတာမျိုး လုပ်သွားတာပဲရှိ ပါတယ်။ ထိရောက်စွာ ဆောင်ရွက်ခြင်းမရှိပါဘူး။ ခုနက ကျွန်တော် တိုင်တွေကျိုးပျက်နေတာကို လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင် စစ်ဆေးပြီးဖြစ်ပါတယ်။ အဲဒီလိုကျောင်းဆောင်မျိုးက မဖြစ်မနေ အသစ် ဆောက်လုပ်ရမှာပါ။ အလွန်အန္တရာယ်ကြီးပါတယ်။ တိုင်တွေကျိုးတဲ့အပြင် အရှေ့ကိုလည်း ဒီဂရီ ၃ဝ လောက်စောင်းနေပါပြီ။ ဒါကြောင့် ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်ပေးဖို့ တင်ပြ အပ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။     ။ကျွန်တော်ကိုယ်တိုင် ပြန်လည်စိစစ်ပါ့မယ်။ ဆောင်ရွက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်တံဆိပ်ခေါင်းဝယ်ယူသုံးစွဲသည့်ဆိုင် မည်မျှရှိပါ သနည်း၊ တစ်လလျှင် အခွန်တံဆိပ်ခေါင်း (ဃသာာနမခငေူ ွှထေ)မည်မျှရောင်းချရပါသနည်း၊ မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိသော ဆိုင်များအား မည်ကဲ့သို့ ကြပ်ကြပ်မတ်မတ်အရေးယူ                                                ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂၁

ဥက္ကဋ္ဌ။          ။လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ အားလုံးမင်္ဂလာပါ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးဟာ စီးပွားရေးမြို့တော်ကြီးဖြစ်တာနဲ့အညီ စားသောက်ဆိုင်ကြီးများ၊ ဘီယာဆိုင် ကြီးများ၊ ထမင်းဆိုင်ကြီးများဟာ များပြားစွာဖွင့်လှစ်ရောင်းချနေကြတာ တွေ့ရှိရပါတယ်။ ဤဆိုင်များတွင် လာရောက်စားသောက်သူများမှ မိမိတို့စားသုံးလိုက်သော ကုန်ကျငွေ ၅ % ကို အခွန်အဖြစ် ပေးဆောင် နေကြရပါတယ်။ ထိုအခွန်အားလည်း အခွန်တံဆိပ်ခေါင်းများကပ်၍ ပေးဆောင်နေရခြင်းဖြစ်ပါတယ်။ ဆိုင်ရှင်များမှ တာဝန်ယူကောက်ခံနေကြရတာဖြစ်ပါတယ်။ ဒီနေရာမှ ဆိုင်ရှင်များမှ မိမိတို့ စားသုံးသူ များထံမှ အမြတ်ရရှိပြီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၄င်းတို့ဆိုင်အတွက် ဝန်ဆောင်ခအနေဖြစ် ၁ဝ % ထပ်မံကောက်ခံနေတဲ့ ဆိုင်တွေလည်းတွေ့ရှိရပါတယ်။ အဆိုးဆုံးက မိမိတို့စားသုံးသူများမှ အစိုးရထံသို့ ပေးဆောင်ရသော အခွန်တံဆိပ်ခေါင်းများကို မှန်မှန်ကန်ကန် ကပ်ပေးမှုမရှိခြင်းပဲဖြစ်ပါတယ်။ တစ်ချို့ဆိုင် များဟာ လုံးဝကပ်မပေးခြင်းလည်း တွေ့ရှိရပါတယ်။ တစ်ချို့ဆိုင်များဟာလည်း ကပ်ပေးပေမဲ့ အလွယ်တကူ ပြန်လည်ခွာယူပြီးတော့ သုံးစွဲလို့ရအောင်ကပ်ပါတယ်။ ကျွန်တော်တို့ စားသုံးသူများမှလည်း တော်တော် များများဟာ ဒီဘောက်ချာတွေကို ယူမသွားတဲ့အတွက် ဒီအခွန်တံဆိပ်ခေါင်းတွေကို ပြန်လည်အသုံးချ တယ်လို့လည်း ကျွန်တော်တို့ ဆိုင်ကဝန်ထမ်းတွေက ပြန်လည်ပြောပြလို့ သိရပါတယ်။ နောက်ပြီးတော့ အခွန်တံဆိပ်ခေါင်းများကိုလည်း ပေးပြီးကြောင်းတံဆိပ်နှိပ်ရပါတယ်။ ပြီးတော့ နောက်တခါ ဘောလ်ပင် နဲ့ခြစ်ရပါတယ်။ ဒါ တွေကိုလည်း လုပ်ဆောင်ထားခြင်း မတွေ့ရပါဘူး။ နောက် စားသုံးသူအများအပြား ကလည်း မိမိတို့ စားသုံးပြီးတဲ့အခါမှာ ဘယ်လောက်ကျလဲ ဘောင်ချာကို တောင်းလေ့တောင်းထ အားနည်းတာကြောင့်လည်း ဒီဘောင်ချာကနေ အခွန်တွေလေလွင့်ဆုံးရှုံးနေရပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဆိုင်များကဆောင်ရတာဆို ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော်တို့နဲ့ အစိုးရကြားမှာ မိမိတို့ စားသုံးလိုက်တဲ့သူတွေကနေ အခွန်ဆောင်တဲ့ဟာကို ဒါသည်မတရား အစိုးရနဲ့ စားသုံးသူကြားမှာ အခွန်ကို သူတို့ဟာ အလွဲသုံးစား ရယူတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန် အရေးယူဖို့ သင့်ပါတယ်။ ဏသတနမ ဏသငညအ ပြခွင့်ပြုပါခင်ဗျား။ ဒါ ကျွန်တော်တို့ တောင်းတော့မှ အခွန် တံဆိပ်ခေါင်းတွေကပ်ပေးတာပါ။ အခုလိုမျိုးကပ်ပေးတာပါ။ အလွယ်တကူပြန်လည်ခွာလို့ရပါတယ်။ ဒါတွေကလည်း ဒီလိုပါပဲ အခွန်တံဆိပ်ခေါင်းမှာ ဏငေိ ဆိုတဲ့ တံဆိပ်တုံးနှိပ်တာ ဒါထမင်းဆိုင်တွေပါ။ ထမင်းဆိုင်တွေကလည်းအဲဒီအတိုင်းလုပ်ပါတယ်။ တခါတလေမှာ ကျွန်တော်တို့ ဒါတောင်းလာလို့ ရတာ မတောင်းရင်မပေးပါဘူး။ ဒါတွေကလည်း ဒီလိုပါပဲ ပြန်ခွာလို့ရပါတယ်။ ပြန်ခွာပြီးလည်း သုံးကြပါတယ်။ ဒီလိုပါပဲ တစ်ခုမှ ဘောလ်ပင်ခြစ်ခြင်း၊ နှိပ်ထားခြင်းတွေ မရှိပါဘူး။ အမှန် ဒီလိုခြစ်ထား ရမှာပါ။ ဒါတွေကလည်းအများကြီးပါ။ အဲဒီအချိန်မှာ ကျွန်တော်ဒီ မေးခွန်းကို ၂၇.၂.၂ဝ၁၇ မှာ လွှတ်တော်ကို တင်ပြီးတဲ့နောက် တစ်ပတ်လောက်အကြာမှာ ၇ ီပေ ဂျာနယ်မှာ ပါလာပါတယ်။ အခွန် တံဆိပ်ခေါင်းကပ်ရန် ပျက်ကွက်သည့်စားသောက်ဆိုင်များစာရင်းဆိုပြီးတော့ ပါလာပါတယ်။ သုံးကြိမ် တိုင်တိုင်ပြေစာမပေးတဲ့ အခွန်တံဆိပ်ခေါင်းမကပ်တဲ့ ဆိုင် (၁၁)ဆိုင် ရှိတယ်လို့သိရပါတယ်။         ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာလည်း ရန်ကုန်တိုင်းအတွင်းမှာ အခွန်တံဆိပ်ခေါင်း မကပ်တဲ့ဆိုင် (၂၆၄) ဆိုင်ရှိတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒဏ်ကြေးက ကျပ်သိန်း (၂၇ဝ) ကျော်ရရှိတယ်လို့ပါပါတယ်။ ဒါပေမဲ့ အရေးယူတဲ့နေရာမှာ ဒဏ်ကြေးသတ်မှတ်ချက်က ပထမတစ်ကြိမ် မကပ်လို့တိုင်ရင် ဒဏ်ကြေးက (၂)သိန်းပါ၊ ဒုတိယအကြိမ် မကပ်ရင် (၅)သိန်း၊ တတိယအကြိမ် မကပ်ရင် (၇)သိန်းနဲ့ စတုတ္ထအကြိမ် မကပ်ရင် (၁ဝ)သိန်း ပါပါတယ်။ အဲဒီတော့ အနည်းဆုံး (၂)သိန်းနဲ့ တွက်ရင်တောင် (၂၆၄) ဆိုင်ဆို သိန်းက (၅၂၈) သိန်း ရရမှာ သိန်း (၂၇ဝ) ကျော်ဆိုတာ ဒါတောင်ကျွန်တော်တို့ သုံးကြိမ်မကပ်တဲ့ (၁၁) ဆိုင်စာရင်းမပါတဲ့ အနေအထားမှာ ငွေကြေးကွာဟချက်တွေ တွေ့ရပါတယ်။ ဒါတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ စိစစ်စေချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဆိုင်တွေကို ကြည့်ရတဲ့ အခါ ဆိုင်တော်တော်များများဟာ စားပွဲဝိုင်း (၅ဝ)၊ (၁ဝဝ) အဲဒီလောက်ကိုရှိတဲ့ ဆိုင်ကြီးတွေပါ။ ဒီဆိုင်ကြီးတွေ ကိုယ်တိုင်ကိုက လုပ်တာပါ။ လုပ်တဲ့အတွက် ကျွန်တော်တို့ ဒဏ်ကြေးဟာ ကြည့်ရင် (၂)သိန်း၊ (၅)သိန်း၊ (၇)သိန်း၊ (၁ဝ)သိန်းဆိုတာ များလှပြီထင်ပေမဲ့ ကျွန်တော် တစ်ဝိုင်းကို ကျွန်တော်တို့ ရန်ကုန်မြို့မှာ စားရင် (၃)သောင်း၊ (၅)သောင်း၊ (၁)သိန်းလောက်အထိ (၁)သိန်းကျော် အထိကျတဲ့ ဆိုင်ကြီးတွေရှိပါတယ်။ အဲဒီဆိုင်တွေဟာ ကျွန်တော်တို့တွက်တဲ့အခါမှာ တစ်ဝိုင်းကိုပဲ (၁)သိန်းထားရင် တစ်နေ့ကို သူတို့ဟာ (၁)သိန်း၊ (၂)သိန်းလောက် တကယ်လို့မကပ်တာဆိုရင် သူတို့ထွက်လာပါတယ်။ တစ်လကိုအနည်းဆုံး (၁ဝ)သိန်းကနေ သိန်း(၂ဝ)၊ သိန်း(၃ဝ)လောက်ထိဒီ အခွန်တံဆိပ်ခေါင်း လေလွင့်မှုတွေ ရှိပါတယ်။ သူတို့ဟာ ဒီဒဏ်ကြေး (၂)သိန်း၊(၅)သိန်း၊ (၇)သိန်း၊ (၁ဝ)သိန်းဆိုတာလည်း တိုင်မှအရေးယူတဲ့အတွက် သူတို့ဟာ မှု့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါသည် ကျွန်တော်တို့နဲ့ အစိုးရကြားမှာ အမြတ်အစွန်းရအောင် ကျွန်တော်တို့ လုပ်ဆောင် နေတာ တွေရှိရပါတယ်။ ဒါကြောင့်မို့လို့ နောက်တစ်ခုကတော့ ဒီလိုလေးကြိမ်မှမရရင်တော့ တရားစွဲဒဏ်ရိုက်တယ်လို့ပါပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဒီလိုဆိုင်ကြီးတွေကို ကျွန်တော်တို့ရဲ့ အခွန်ငွေတွေလည်း မဆုံးရှုံးအောင် မှန်မှန်ကန်ကန်လည်းဆောင်အောင် ပြည်သူကဆောင်တဲ့ အခွန်ငွေလည်း ဖြစ်တဲ့အတွက် ကျွန်တော်တို့က တရားစွဲဒဏ်ရိုက်တာအပြင် အမှန်တော့ လိုင်စင် ပိတ်သိမ်းဖို့တွေအထိအောင် အရေးယူသင့်တယ်လို့လည်း ကျွန်တော်တို့က ထင်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုက်ရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာရှိတဲ့ အခွန်တံဆိပ်ခေါင်း ဝယ်ယူသုံးစွဲနေတဲ့ဆိုင်တွေ မည်မျှရှိသည်ကိုလည်း သိချင်ပါတယ်။ တစ်လလျှင် အခွန်တံဆိပ်ခေါင်း (ဃသာာနမခငေူ ွှထေ)ရောင်းချနေရတာကို သိချင်ပါတယ်။ မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိသော ဆိုင်များအား မည်ကဲ့သို့ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး။       ။ လေးစားအပ်ပါသောဥက္ကဋ္ဌကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း မေးမြန်းတဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ အခွန်တံဆိပ်ခေါင်းဝယ်ယူသုံးစွဲတဲ့ဆိုင် မည်မျှရှိပါသလဲ၊ တစ်လလျှင် အခွန် တံဆိပ်ခေါင်း (ဃသာာနမခငေူ ွှထေ)မည်မျှရောင်းရပါသလဲ၊ မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိတဲ့ ဆိုင် တွေကို မည်ကဲ့သို့ ကြပ်ကြပ်မတ်မတ်အရေးယူပါသလဲဆိုတဲ့ မေးခွန်း(၃)ခုနဲ့ပတ်သက်ပြီး ဖြေကြား သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကုန်သွယ်ခွန်လုပ်ငန်းတွေ ပေးဆောင်လိုက်တဲ့ စားသောက်ဆိုင်တွေမှာ စာသုံးသူတွေအတွက်ကို ထုတ်ပေးတဲ့ ပြေစာအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်ဟာ စောစောကပြောသလိုပဲ ၅% ထပ်ဆောင်းပြီးတော့ ပေးရပါတယ်။ ဒါက ဃသညျကာနမ စာသုံးသူကပေးရတဲ့ တံဆိပ်ခေါင်းပါ။ ဒီကုန်သွယ်လုပ်ငန်းခွန်ဥပဒေရဲ့ အောက်မှာ ဒီအခွန်တံဆိပ်ခေါင်းများစတင်ကပ်တဲ့ လုပ်ငန်းစဉ်ကို ၂ဝ၁၄ ခုနှစ်မှာ စတင်ပြီးတော့ ဆောင်ရွက် ခဲ့တာပါဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွေမှာ စားသောက်ဆိုင်လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေး ပြီးတော့ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါအပြင် အခွန်အမှတ်တံဆိပ်ကပ်ထားတဲ့ ပြေစာများ နှင့် ရောင်းချဖိို့၊ စားသုံးသူများကလည်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာများကို ငွေရှင်းတဲ့ အချိန်မှာ တောင်းယူကြဖို့ စားသောက်ဆိုင်တွေရဲ့ နံရံတွေမှာကြော်ငြာပြီးအသိပေးဖို့လည်း ကြိုတင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အဓိကအားဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉မှာ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိ သည်ဟု ဖော်ပြထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပေးရမယ့် အခွန်အကောက်ဖြစ်တဲ့ ဥပဒေအရ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် ဒါတွေအကုန်လုံးဟာ နိုင်ငံသားတိုင်း ကျသင့်တဲ့ အခွန်များကို ပေးဆောင်ရမယ့်တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အခွန်အကောက် ဆိုင်ရာ ဆောင်ပုဒ်တွေကို နိုင်ငံသားတိုင်းဆိုင်ရာတာဝန်များကို အများပြည်သူများ သိရှိနိုင်ရန် နှိုးဆော်ဆောင်ရွက်ခဲ့ပါတယ်။ အခွန်ထမ်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ရယ် အခွန်ဆိုင်ရာ ပညာပေးဇာတ်လမ်းတိုများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ ရိုက်ကူးထုတ်လွှင့်ပြသ ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖို့   တံဆိပ်ခေါင်း များကိုမှာယူတဲ့   စားသောက်ဆိုင်အရေအတွက်ဟာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ ဆိုင်ပေါင်း (၁၅ဝ၈) ဆိုင် ရှိ ပါတယ်။ အဲဒီကနေပြီးတော့ အခု ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နောက်ဆုံးလရဲ့ မတ်လကုန်စာရင်းအရ ဆိုရင်တော့ (၂၂၆၅) ဆိုင်ရှိလာပါပြီ၊ လက်ရှိအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ (၂၂၆၅) ဆိုင်ရှိပါတယ်။ မနှစ်ကထက်စာရင် ဆိုင်ပေါင်း (၇၅၇) ဆိုင် တိုးတက်လာခြင်းဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေအားလုံးဟာလည်း ကျွန်တော်တို့ ကောက်ခံရရှိတဲ့ တံဆိပ်ခေါင်းခွန်ရောင်းရတဲ့အပေါ်မှာ ကောက်ခံရရှိတဲ့ငွေဟာလည်း ကျပ်(၁၁)ဘီလီယံကျော်ရရှိပါတယ်။ တစ်လပျှမ်းမျှဆိုရင်တောင်မှ ကျပ်သန်းပေါင်း (၉၅၃)သန်း ရရှိလျက်ရှိပါတယ်။ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စားသောက်ဆိုင်များ၊ လုပ်ငန်းရှင်များကို ခေါ်ယူပြီးတော့ အခွန်ပညာပေးရှင်းလင်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသောက်ဆိုင်များမှာ နံရံကပ်ကြော်ငြာများကပ်ခြင်း၊ အခွန်ထမ်း ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတဲ့အနေနဲ့ အခွန်ပညာပေးဇာတ်လမ်းတိုများထုတ်လွှင့် ရိုက်ကူးထုတ်လုပ်ခြင်း ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး တင်ပြတဲ့အတိုင်းပဲ တစ်ချို့စားသောက်ဆိုင်တွေမှာ ပြေစာမှာအခွန်အမှတ်လုံး0xkwfမပေးတဲ့ ဆိုင်များလည်း ရှိပါတယ်။ ပြေစာထုတ်ပေးပေမဲ့လည်း အခွန်တံဆိပ်ကို ကပ်မပေးတဲ့ ဆိုင်များလည်း ရှိပါတယ်။ ပြီးတော့ အခွန်တံဆိပ်ခေါင်းကို လုံလောက်စွာမကပ်တဲ့ဆိုင်များလည်း ရှိပါတယ်။ နောက်ပြီးတော့ စောစောက ကိုယ်စားလှယ်တော်ကြီးပြောတဲ့အတိုင်းပါပဲ အခွန်တံဆိပ်ခေါင်းကို ဖြစ်သလို ကပ်ထားပြီးတော့ ဘာမှ ဏငေိ တို့ ဒီအစောတုန်းက ဃညေခနူ လုပ်တဲ့အပိုင်း တွေကိုအလွယ်တကူ ခွာပြီးတော့၊ ခွာနိုင်တဲ့ အနေအထားရှိတဲ့အတိုင်း   ဏငေိ နေရာကို ဘောလ်ပင်နဲ့ ခြစ်ထားခြင်းမရှိတာ စသည့်အားနည်းမှုရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအခွန်ကောက်ခံတဲ့အခါမှာ အခွန်လေလွင့် ဆုံးရှုံးမှုအနေအထားများကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ မှန်မှန်ကန်ကန်ဆောင်ရွက်အောင်လို့ကြီးကြပ်ပြီးဆောင်ရွက်ဖို့အတွက်ကို စစ်ဆေးရေးဌာနတွေကို ဖွဲ့ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က သူတို့အဖွဲ့အစည်း၊ စစ်ဆေးတဲ့အဖွဲ့(၃)ဖွဲ့ ဖွဲ့ပြီးတော့မှ စည်းကမ်းပျက် တဲ့ စားသောက်ဆိုင်များကို ရှာတဲ့အခါမှာ စောစောကပြောတဲ့အတိုင်း ပြေစာထုတ်မပေးတဲ့ဆိုင်မျိုး၊ ပြေစာထုတ်ပေးပေမဲ့လည်း တံဆိပ်ခေါင်းအပြည့်အဝမကပ်တဲ့ဆိုင်မျိုးအားလုံးဟာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ အားလုံးဆိုင်ပေါင်း (၅ဝ၇) ဆိုင်ကို တွေ့ရှိခဲ့ပြီး ပျက်ကွက်မှုအတွက် ဒဏ်ငွေ တပ်ခဲ့တဲ့အခါမှာ ဒဏ်ငွေပေါင်း (၁၃၃) သန်းကျော်ရရှိခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ (စ) အရ ဒဏ်ငွေတပ်ရိုက်ခြင်းဖြစ်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁ မှာတော့ ကျွန်တော်တို့အတိအလင်းရေးထားပါတယ်။ အားလုံး ဒီပြေစာများ ထုတ်မပေးတဲ့လုပ်ငန်းများ ပြေစာများထုတ်ပေးပြီးတော့ တံဆိပ်ခေါင်းအပြည့်အဝ မကပ်သော လုပ်ငန်းများကို အခုလွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြထားတဲ့အတွက် ဒဏ်ငွေများကို နှစ်အလိုက် ဆင့်ကဲဆင့်ကဲနဲ့ သတ်မှတ်ထားတဲ့ဒဏ်ငွေများနဲ့ ကျသင့်ငွေ၊ ဒဏ်ငွေကို ချမှာဖြစ်ပါတယ်။ နိဂုံးချုပ် အားဖြင့် တင်ပြချင်တာကတော့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးကတင်ပြထားတဲ့အခွန်ကိစ္စကို ဒီလိုစိတ်ဝင်တစားနဲ့ ဆွေးနွေးမေးမြန်းတဲ့အတွက် ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားလိုပါတယ်။ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေနဲ့လည်း ဥပဒေနဲ့အညီ ပြေစာအမှတ်တံဆိပ်များကပ်နှိပ်ပြီးတော့ ဆောင်ရွက်ပါက အခွန်ငွေများပိုမိုရရှိမှာဖြစ်သလို စားသုံးသူပြည်သူများအနေနဲ့လည်း စားသောက်ပြီး ငွေရှင်းတဲ့အချိန်မှာ အခွန်တံဆိပ်ခေါင်းကပ်ထားတဲ့ပြေစာကိုတောင်းယူခြင်းဖြင့် ကျွန်တော်တို့ အခွန် ငွေတိုးတက်ရရှိရေးကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်းမှာ စားသောက်ဆိုင်များကနေပြီးတော့ ကုန်သွယ်လုပ်ငန်းခွန်ပိုမိုတိုးချဲ့ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် စည်းကမ်းတကျဆောင်ရွက်သွားမှာဖြစ်ကြောင်းကို တင်ပြဖြေကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။    ။အကြံပြုချင်တာပါ။ ဝန်ကြီးပြောတာလည်း ကောင်းပါတယ်။ ကျွန်တော်ဆိုလိုချင်တာကလည်း ခုနကလိုပေါ့ ဆိုင်တွေကနေ သူတို့အခွန်ဆောင်တာကိုလည်း ရှောင်နေတာသိပါတယ်။ ဒါဟာလည်း ကျွန်တော်တို့ အဆိုတစ်ခုအနေနဲ့ လာမှာပါ။ အဲဒီဟာကို မဟုတ်ပါဘူး ဆိုချင်တာက စားသုံးသူက ဆောင်လိုက်တာပါ။ စားတဲ့သူက ဆောင်လိုက်တာနဲ့ အစိုးရကိုသွင်းတဲ့ငွေကို ဒါအလွှဲသုံးစားလုပ်နေတာပါ။ တရားဥပဒေအရ တရားစွဲလို့ ရသင့်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက် ကျွန်တော် အထူးတလည်တင်ပြရခြင်း ဖြစ်ပါတယ်။ ဆိုင်တွေကိုဒီထက်လည်း အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး။     ။ ကျွန်တော်တို့ ဒီထဲမှာ ၁၉၉ဝ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေထဲက ပုဒ်မ ၂၁ မှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အားလုံးဟာ ပြစ်မှုရော၊ ပြစ်ဒဏ်တွေရော အားလုံးတိတိကျကျပြောထားပါတယ်။ ပုဒ်မ ၂၁ မှာ မည်သူမဆို လုံလောက်သောအကြောင်းမရှိဘဲ အောက်ပါဖော်ပြသော ပျက်ကွက်မှုတစ်ရပ်ရပ်ရှိလျှင် ထိုသူအား မြို့နယ်အခွန်ဦးစီးဌာနမှူးသည် သက်ဆိုင်ရာပျက်ကွက်မှုတစ်မျိုးစီအတွက် အောက်ဖော်ပြပါ သတ်မှတ်ရာခိုင်နှုန်း သို့မဟုတ် သတ်မှတ်ငွေပမာဏအတိုင်း ဒဏ်ငွေပေးဆောင်စေရမည်ဖြစ်သည်။ ထိုဒဏ်ငွေများပေးဆောင်ရာတွင် ပုဒ်မခွဲ(စ)ပါ ဒဏ်ငွေများကိုဘဏ္ဍာခွန်နှစ်ကုန်အထိ စောင့်ဆိုင်း စရာမလိုပဲ သီးခြားစည်းကြပ်ကောက်ခံစေရမယ်လို့ ဥပဒေမှာ အတိအလင်းဖော်ပြထားပါတယ်။ ဒီဥပဒေကို ကျွန်တော်တို့က ူတေ နထစသညနညအ ပေါ့ ဥပဒေအတိုင်းအရေးယူရင်လည်း ဒီဥစ္စာက မှန်ပါတယ်။ စားသုံးသူထံကနေပြီးတော့ စားသောက်ဆိုင်ကကောက်ထားရာမှာ ပြည်သူဆီက တရားဝင်ကောက်ရမယ့်ဟာကို ကောက်ခံပေးရင် ကျွန်တော်တို့က ဒါမှန်မှန်ကန်ကန် နိုင်ငံတော်ရဲ့ အခွန်အကောက်များရရှိမှာဖြစ်ပါတယ်။

တိုက်ကြီးမြို့နယ်တွင် မြေတူးစက်ယန္တရားကြီးများ၊ မြေသယ်ကားများဖြင့် မြေတူး၍ရောင်း စားခြင်း၊ အိမ်ရာကွက်များရိုက်၍ ရောင်းစားခြင်းများ ပြုလုပ်နေပါ၍ အရေးယူဆောင်ရွက်မှု                                                  အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း

အချိန်။ ၁၁၃၆

ဥက္ကဋ္ဌ။          ။တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးတင်ရှိန်၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ကျောက်တောင် ကျေးရွာမှာရှိတဲ့ တောင်ကုန်းမြေတွေပေါ်မှာ တရားမဝင်မြေတူးစက်ကြီးတွေနဲ့ တူးနေပြီးတော့ မြေတွေညီသွားတဲ့အခါမှာ အိမ်ရာကွက်တွေရိုက်ပြီးတော့ ရောင်းစားနေတဲ့ဟာကို မေးမြန်းသွားမှာပဲ ဖြစ်ပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ကျောက်တောင် ကျေးရွာကို သစ်တောဌာနကနေပြီးတော့ သစ်တောမြေအဖြစ်ကနေ ရွာမြေအဖြစ်ကို ပယ်ဖျက်ပေးခဲ့ ပါတယ်။ အဲဒီလို ပယ်ဖျက်ပေးတဲ့နေရာမှာ မူလရှိတဲ့အိမ်တွေအပြင် လုပ်ကိုင်စားသောက်ဖို့ဆိုပြီးတော့ တောင်ကုန်းမြေတွေကိုပါ မြေပိုပေးခဲ့တာကိုတွေ့ရှိရပါတယ်။ အဲဒီလို တောင်ကုန်းမြေတွေကို မြေပို အဖြစ်ပေးတာကို လူတစ်စုကနေပြီးတော့ ကျွန်တော်တို့ မြေတူးမြေသယ်စက်များနဲ့ သယ်ယူပြီး၊ မြေကြီးတွေကို ရောင်းစားနေတာကို တွေ့ရပြီးတော့ အဲဒီလိုညီသွားတဲ့အခါကျတော့မှ အိမ်ရာကွက် တွေကို လက်ရှိကျောက်တိုင်တွေစိုက်ပြီးတော့ ရောင်းစားဖို့ဆောင်ရွက်နေတာကိုလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒါကို ဏသတနမ ဏသငညအ ဖြင့်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့ မြေတူးစက်ကြီးတွေနဲ့ တူးနေတဲ့ပုံ ဖြစ်ပါတယ်။ ဒါလည်း မြေတူးစက်ကြီးတွေ၊ မြေသယ်စက်ကြီးတွေနဲ့ တောင်ကုန်းတွေကို ဖြိုပြီးတော့ သစ်တောတွေကိုပါဖြိုနေတာပါ။ ဒါတွေကတော့ ညီသွားတဲ့ဟာကို မြေကြီးတွေဖို့ပြီးတော့ အိမ်ရာကွက်တွေရိုက်ထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဟိုဘက်မှာဆိုရင် ကားလမ်းမကြီး ရှိပါတယ်။ ကျွန်တော်တို့ ကော်မတီနဲ့အဲဒီနေရာအထိကို လုံခြုံရေးလည်းမပါဘဲ မသွားရဲလို့ အဲဒီဓါတ်ပုံတွေတော့ မရလိုက်ပါဘူး။ ညီသွားတဲ့နေရာလေးကို တစ်ဦးတစ်ယောက်ကနေပြီးတော့ ကိုယ်ပိုင်မြေသဖွယ်နဲ့ အိမ်ရာကွက်တွေရောင်းစား ကျောက်တိုင်တွေ စိုက်ထားတာတွေ့ရှိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ကော်မတီနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ သစ်တောဦးစီးမှူးလည်း ပါပါတယ်။ မြေစာရင်းပါပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က တစ်ယောက်ပါပါတယ်။ အဲဒီတော့ ဒါဟာ သစ်တောဦးစီးမှူးက ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲလို့မေးတဲ့အခါမှာ သစ်တောဦးစီးမှူးကတော့ သစ်တောမြေက ပယ်ဖျက်ပြီးဖြစ်တဲ့အတွက် သူနဲ့မဆိုင်တော့ဘူးလို့ပြောပါတယ်။ဒါဆို အုပ်ချုပ်ရေးဌာနက ဘာပြောမလဲဆိုတော့ အုပ်ချုပ်ရေးဌာနကလည်း ဒီဥစ္စာကို တရားဝင်လုပ် ခိုင်းထားတာတော့ မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဒီနေ့လွှတ်တော်မှာတင်ပြနေတဲ့အချိန်ထိ ကားအစီးပေါင်း(၄ဝ)ခန့်နဲ့ မြေတွေကိုသယ်ထုတ်ပြီးတော့ ရောင်းစားနေပါတယ်။ တစ်ချို့အစိုးရဌာနက နေလုပ်တဲ့ လမ်း/တံတား တွေကလည်း ဒီမြေကြီးကိုပဲ ဝယ်သုံးနေတာကို တွေ့ရပါတယ်။ အစိုးရမြေကို ပုဂ္ဂလိကမှ ရောင်းစား နေတာကို အစိုးဌာနကနေပြီးတော့ ပြန်ပြီးတော့ဝယ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ သစ်တောမြေအတွင်း လိုင်စင်မရှိဘဲနဲ့ သတ္တု၊ ကျောက်၊ မြေနှင့် သဲများကို တူးဖော်ခြင်း မပြုရဆိုတဲ့ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာကို ဘယ်အဖွဲ့အစည်းကမှ အရေးယူ ဆောင်ရွက်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ဒီကိစ္စကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အရေးယူဆောင်ရွက်ဖို့ အစီအစဉ် ရှိ/မရှိကို မေးမြန်းရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ လေးစား အပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီး၊ ဧည့်သည်တော်များအားလုံး မင်္ဂလာလို့နှုတ်ခွန်းဆက်သပါရစေ။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်ရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီမေးခွန်းနဲ့ပတ်သက်လို့ ခုနက လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဦးတင်ရှိန်တင်ပြသွားတဲ့အတိုင်း ဒီတိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနက ၂ဝ၁၃-၂ဝ၁၄ ခုနှစ်မှာ သစ်တောကြိုးဝိုင်းများအတွင်း ကျူးကျော်အခြေချနေထိုင်တဲ့ ကျေးရွာများအား သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့နှင့် စာရင်းကောက်ယူခဲ့ရာမှာ တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ ကျောက်တောင်ကျေးရွာ၊ တောင်လှိုင်ရိုးမ ကြိုးဝိုင်းအကွက်အမှတ်(၁၄) အတွင်းမှာ တည်ရှိတဲ့ အိမ်ခြေ (၅ဝဝ) နဲ့အထက်ကျေးရွာအတွင်း ပါဝင်ပါတယ်။ စာရင်းကောက်ယူချက်များအရ အိမ်ထောင်စု (၇၄)စု၊ လူဦးရေ (၃ဝဝ)၊ ရွာမြေ (၇ဝ)ဧက၊ ယာမြေ (၁၃)ဧက၊ ဥယျာဉ်ခြံမြေ (၁ဝ)ဧက၊ သာသနာမြေနဲ့ အများပိုင်မြေ (၁.၁၂)ဧက စုစုပေါင်း (၉၄.၂)ဧကကို တိုင်းတာရရှိခဲ့ပါတယ်။ ဒီတိုင်းတာရရှိတဲ့မြေအနက်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနရဲ့ ၂၈.၄.၂ဝ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄ဝဝ/၂ဝ၁၅)အရ ရွာမြေအဖြစ် (၇ဝ)ဧက၊ သာသနာမြေ၊ အများပိုင်မြေအဖြစ် (၁.၂)ဧက၊ စုစုပေါင်း (၇၁.၂)ဧကကို သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ခွင့်ပြုခဲ့ပါတယ်။ ၁၃.၃.၂ဝ၁၇ ရက်နေ့မှာ ကျွန်တော်တို့ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်ပါဝင် တက်ရောက်ဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှာ ဒီသစ်တောကြိုးဝိုင်းမြေအတွင်း ဂဝံမြေများ မြေတူးစက်များဖြင့် တူးယူနေမှုကို သစ်တောဦးစီးဌာနအနေဖြင့် အရေးယူဆောင်ရွက်ထားမှု ရှိ/မရှိ မေးမြန်းခဲ့တဲ့အပေါ်မှာ ဒီသစ်တော ကြိုးဝိုင်းအတွင်းမှာရှိနေတဲ့ အခုဆောင်ရွက်နေတဲ့ ဒီ မြေတူးခြင်းဟာ ပယ်ဖျက်ပြီးမြေ၊ သစ်တောဦးစီး ဌာနကနေ ပယ်ဖျက်ပြီးမြေဖြစ်လို့ စီမံအုပ်ချုပ်မှု ဆောင်ရွက်နိုင်ခြင်းမရှိတော့ကြောင်းဆိုတဲ့ဟာကို သစ်တောဦးစီးဌာနက ဒီအစည်းအဝေးမှာ ဖြေကြားဆွေးနွေးခဲ့တာသိရှိခဲ့ရပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ သစ်တောဦးစီးဌာနက ဒီကြိုးဝိုင်းကနေ ပယ်ဖျက်ပြီးဖြစ်တဲ့အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအောက်မှာရောက်ရှိနေတဲ့ မြေအဖြစ်နဲ့ တည်ရှိလျက်ရှိပါတယ်။ အဲဒီအတွက်ကြောင့် ဒီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ တရားမဝင်မြေတူးခြင်းလုပ်ငန်း ဆောင်ရွက် နေတာကို ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့က သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မည်သည့်နည်းနဲ့ဆောင်ရွက်နေတာကို ပြန်လည်စိစစ်စေပြီးတော့မှ ဒါကိုဥပဒေ ချိုးဖောက်မှုရှိလို့ရင် ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားဖို့ ကျွန်တော်တို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဆောင်ရွက်သွားစေမှာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ဖိုးဖြူချောင်ကျေးရွာအုပ်စုလယ်ဧက(၈ဝဝ)ကျော်အား အကျိုးပြုနေသော ညောင်ပင်ချောင်း၊ ကျွဲလူးအိုင်အုပ်စုကွင်းအမှတ် (၂၅၄)ကွင်းမှ ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာချောင်းသို့ ဆက်သွယ်တူးဖော်ထားသော ရေနုပ်ချောင်း၊ ပျော်ဘွယ်ကြီးစံပြ ကျေးရွာ၊ ရဲချောင်းဝကျေးရွာနှင့် အခြားကျေးရွာများမှ လယ်ဧကပေါင်းမြောက်များစွာကို အကျိုးပြုနေသော သမိုင်းဝင်ဘောလယ်ချောင်းများမှာ တိမ်ကောပျောက်ကွယ်နေပါဖြင့် တောင်သူလယ်သမားများအတွက် အမှန်တကယ်မဖြစ်မနေ လိုအပ်လျက်ရှိသော ချောင်းကော၊ မြောင်းကောများအား အမြန်ဆုံးပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိ ပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်                                           ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၄၃

ဥက္ကဋ္ဌ။          ။ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ) ဦးမြသိန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးထွေးတင်(ခ)ဦးမြသိန်း၊ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ လေးစားအပ် ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ အစိုးရအဖွဲဲ့မှ တာဝန်ရှိသူများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ)     ဦးမြသိန်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ရဲ့ မဲဆန္ဒနယ်မြေဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး၊ ဒလမြို့နယ်ကျေးရွာများရှိ တောင်သူလယ်သမားများနှင့် သွားရောက်တွေ့ဆုံဆွေးနွေး ရာမှာ နှစ်စဉ်ကြုံတွေ့နေရသော လယ်ယာမြေများရေနစ်မြုပ်၍ စပါးများပျက်စီးဆုံးရှုံးနေရခြင်းတို့ကို တင်ပြကြရာမှာ ဒလမြို့နယ်၊ ဖိုးဖြူချောင်ကျေးရွာအုပ်စု၊ ညောင်ပင်ချောင်းသည် လယ်ဧက(၈ဝဝ)ကျော် အား ယခင်ရေဆွဲအား အလွန်ကောင်းပြီး နှစ်စဉ်အကျိုးပြုနေသော်လည်း ယခုအခါ ချောင်းများ တိမ်ကောပြီး ရေများ မြစ်ချောင်းများသို့ မစီးဆင်းနိုင်သဖြင့် နှစ်စဉ် ရေမြုပ်သည့်ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရခြင်း။ (၂) ဒလမြို့နယ်၊ ကျွဲလူးအိုင်အုပ်စု ညောင်ပင်ကျေးရွာလည်း အမှတ်(၂၅၄)ရေနက် ကွင်းအတွက် လိုအပ်သော ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာချောင်းနှင့် ကျွဲလူးအိုင်ကျေးရွာဆက်သွယ် ထားသောချောင်းအား ပြန်လည်တူးဖော်ပေးခြင်းအားဖြင့် လယ်ဧက(၁ဝဝဝ)ကို အကျိုးပြုမှာဖြစ်ပါ တယ်။ (၃) ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးစံပြကျေးရွာ၊ ရဲချောင်းဝကျေးရွာတို့မှ လယ်သမားများ၏ လယ်ဧက(၇ဝဝ)ကျော်မှာ တိမ်ကောနေသော သမိုင်းဝင်ဘောလယ်ချောင်းကြောင့် ရေနစ်မြုပ်ပြီး စပါးများနှစ်စဉ်ပျက်စီးဆုံးရှုံးမှုလည်း တွေ့ကြုံနေရပါသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြေပြင် အခြေအနေကို ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ညောင်ပင်ချောင်းရဲ့ ကောနေတဲ့ အဝဖြစ်ပါတယ်။ ဒါကတော့ ညောင်ပင်ချောင်းရဲ့ အလယ်ချောင်း ကောနေတာဖြစ်ပါတယ်။ ဒါက ချောင်းဖျားဖြစ်ပါတယ်။ ဒီချောင်းရိုးအကုန်လုံးဟာ ရေသွားဖို့မရှိ တော့ဘဲနဲ့ အားလုံးဟာ မိုးတွင်းကျရင်ရေနစ်မြုပ်မှုဒဏ်ကို ခံရပါတယ်။ ဒါကတော့ ကျွဲလူးအိုင် ချောင်းဝကြီးဟာ အရင်က အမြဲတမ်းအများကြီးရေဆွဲသော်လည်း အခုချောင်းဝကြီးဟာ ကျဉ်းကျဉ်းလေး ဖြစ်နေတဲ့ ပုံဖြစ်ပါတယ်။ ဒါက ချောင်းအလယ်က လုံးဝကောသွားပါပြီ၊ ဒါချောင်းဖျားမှာဆိုရင် ချောင်းတောင် မရှိတော့ပါဘူး ပျောက်ကွယ်နေပါပြီ၊ ဒါကဘောလယ်ချောင်းပါ၊ ဘောလယ်ချောင်းကြီး ဟာ ဟိုတုန်းက အင်မတန်ရေဆွဲအားကောင်းတဲ့ နေရာဖြစ်ပါတယ်။ ဒါအဝဖြစ်ပါတယ်။ ဒါက အလယ်မှာ ရေးရေးလေးသာရှိပါတော့တယ်။ ဒါကတော့ ကျွန်တော်တို့ ကားလမ်းရဲ့ဘေးမှာလည်း ရေမြောင်းတောင် မရှိတော့ပါဘူး။ ဒါကတော့ ကျွန်တော်တို့ချောင်းဖျားလေးဟာ ရေးရေးလေးပဲရှိ ပါတော့တယ်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။ မေးခွန်း(၁) ဒလမြို့နယ်အတွင်းရှိ အထက်ဖော်ပြပါ တောင်သူ လယ်သမားများအတွက် အမှန်တကယ်မဖြစ်မနေ အမြန်ဆုံးလိုအပ်လျက်ရှိသော ချောင်းကော၊ မြောင်းကောများအား တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့် ကာလတွင် စီစဉ်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါ ကြောင်း၊ မေးမြန်းအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ) ဦးမြသိန်းရဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲမှုဌာနမှာ ကျွန်တော်တို့ ဒလမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှု လျော့နည်းစေရေးနှင့် စိုက်ပျိုးရေရရှိစေရေးအတွက် ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီးတော့ ချောင်းကော၊ မြောင်းကောတူးဖော်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆိုသလိုဆောင်ရွက်လျက်ရှိပါတယ်။ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးရန်ပုံငွေနဲ့ ရန်ကုန်တိုင်းဒေသကြီးမြို့နယ် (၁၂) မြို့နယ်အတွင်းမှာ လုပ်ငန်း (၁၂၅)ခု အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဒလမြို့နယ်၊ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်း (၄)ခု၊ အရှည်မိုင်အားဖြင့် (၅.၉)မိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာနှစ်မှာလည်း ဒလမြို့နယ်အတွင်း ချောင်းကော၊ မြောင်းကောတူးဖော်ခြင်း (၆)ခု၊ အရှည်မိုင် (၁၈.၈၆)မိုင် ဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရန်ပုံငွေများတောင်းခံထားလို့ ဒီဟာကြီးခွင့်ပြုချက်ရတဲ့အခါကျရင်  ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒလမြို့နယ် ဖိုးဖြူချောင်ကျေးရွာမှာရှိတဲ့ ညောင်ပင် ချောင်းနဲ့ ပျော်ဘွယ်ကြီးစံပြကျေးရွာနဲ့ လယ်မြေများအကျိုးပြုတဲ့ ဘောလယ်ချောင်းပြန်လည်တူးဖော်ရန်၊ ကျွဲလူးအိုင်အုပ်စု၊ ကွင်းအမှတ်(၂၅၄)၊ ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာချောင်းကို ဆက်သွယ် တူးဖော်ထားသော ရေနုပ်ချောင်း၊ ဦးတင်မြင့်ရိုးချောင်းအား ကွင်းဆင်းစစ်ဆေးလို့ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေနဲ့လည်း တင်ပြတောင်းခံ    ဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူး တင်ပါတယ်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်အတွင်း ဆောက်လုပ်ရောင်းချမည့် စက်သုံးဆီအရောင်း ဆိုင်အား ဥပဒေသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ခြင်းမရှိပါက ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၄၉

ဥက္ကဋ္ဌ။          ။လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမြတ်မင်းသူ၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။       ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ အားလုံးမင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူဖြစ်ပါတယ်။ ကျွန်တော်အခုမေးမြန်းမှာကတော့ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်အတွင်းမှာ ဆောက်လုပ် ရောင်းချမယ့် စက်သုံးဆီအရောင်းဆိုင်နဲ့ပတ်သက်ပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လှိုင်သာယာမြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ မကွေးလမ်းနှင့် ပဒေသာလမ်းထောင့်ရှိ မြေကွက်အမှတ် (၅၃၈ မှ ၅၅၂)အထိ မြေဧရိယာ (၁၃၅x၂ဝဝ)ပေရှိမြေပေါ်တွင် ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်မှ ဓါတ်ဆီ၊ ဒီဇယ်စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရောင်းချရန် စီစဉ်ဆောင်ရွက်နေမှုအပေါ် အမှတ်(၈)ရပ်ကွက်နေ ရပ်ကွက်သူ/ ရပ်ကွက်သားများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့တိုင်ကြားရာမှာ ယခု ဆောက်လုပ်နေသော ဆီဆိုင်မှာ အိမ််ခြေ (၁ဝဝဝ) ကျော်မှီတင်းနေထိုင်ကြသော ရပ်ကွက်အတွင်း ဖြစ်ပါတယ်။ အမှတ်(၈)ရပ်ကွက်နေပြည်သူများအနေဖြင့် ၄င်းဆီဆိုင်ဖွင့်လှစ်ခဲ့မည်ဆိုပါက ရောင်းချ သည့် ဒီဇယ်၊ ဓါတ်ဆီများမှ ထွက်လာသည့် အနံ့အသက်များကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်မည့်အပြင် ၄င်းဒီဇယ်၊ ဓါတ်ဆီများသည် ပြင်းထန်စွာပေါက်ကွဲစေတတ်ပြီး မီးလောင်ရာ တွင်လည်း လွန်စွာအားကောင်းသော လောင်စာများဖြစ်၍ နေစဉ်နှင့်အမျှ မီးဘေးအန္တရာယ်အတွက် ပူပင်သောကခံစားနေရပါတယ်။ မီးဘေးအန္တရာယ်ကာကွယ်ရာတွင် မီးလောင်ပြီးမှ ကယ်ဆယ်ရေး ပြုလုပ်ခြင်းထက် မီးမလောင်ခင်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမှတ်(၈)ရပ်ကွက်နေ ပြည်သူလူထု မှ ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်မှဆောက်လုပ်မည့် စက်သုံးဆီအရောင်းဆိုင်ဆောက်လုပ်နေမှုကို တားမြစ်ပေးရန် ကန့်ကွက်တိုင်ကြားထားသည်ကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ လှိုင်သာယာ မြို့နယ်တွင် လွန်ခဲ့သောဖေဖော်ဝါရီလအကုန်ခန့်က ညောင်ရွာကျေးရွာအုပ်စု၊ ဒိုင်စုကျေးရွာမှာ ဆီ (၂) ပုလင်းခန့်သာဆန့်တဲ့ ဆိုင်ကယ်ရဲ့ ကာပရိုက်တာပိုက်ကိုဆွဲဖြုတ်ရာမှ အနီးရှိ ချက်ပြုတ်နေတဲ့ မီးဖိုကိုဓါတ်ဆီစင်ရာမှ မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၇ဝ) ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမျိုးသမီး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ထို့ကြောင့် ယခု(၈)ရပ်ကွက်မှာ တည်ဆောက်မည့် ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်မှ ဓါတ်ဆီ၊ ဒီဇယ်၊ စက်သုံးဆီ အရောင်းဆိုင်သည် လွန်စွာကြီးမားသည့်အတွက် ပေါက်ကွဲမှုသော်လည်းကောင်း၊ မီးလောင်မှုသော်လည်းကောင်း ဖြစ်ပွားခဲ့မည်ဆိုပါက အမှတ်(၈) ရပ်ကွက်အတွင်းနေထိုင်သော ပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရပ်ကွက်မှာရှိတဲ့ ပြည်သူတို့နှင့် အသက်အိုးအိမ်စည်းစိမ်များကို ကြီးမားသော ဘေးအန္တရာယ်ကျရောက်နိုင်ပါသဖြင့် နေစဉ်နှင့်အမျှ စိုးရိမ်သောကဖြစ်နေရပါသည်။ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါခင်ဗျား။ ဒါ ကျွန်တော်တို့ အမှတ်(၈) ရပ်ကွက်အတွင်းမှာ ဆောက်လုပ်မယ့် ဆီဆိုင်ရဲ့မြေနေရာပါ။ ဒါကဆီသိုလှောင်မယ့် ကန်တွေချ ထားတဲ့အခြေအနေပါ။ ဒါက ကျွန်တော်တို့ ရပ်ကွက်လမ်းနဲ့ကပ်လျက်မှာ တည်ဆောက်မယ့် အခြေ အနေပါ။ ဒါက ဆီဆိုင်ဆောက်လုပ်မယ့် မြေနေရာပါ။ ဒါက ဆီဆိုင်ဆောက်လုပ်မယ့် ကန်နေရာပါ။ ရပ်ကွက်ရဲ့ လမ်းဘေးနဲ့ကပ်လျက်နေရာမှာဆောက်မယ့် ကန်နေရာချထားမယ့်နေရာဖြစ်ပါတယ်။      ဒါက ကျွန်တော်တို့ ညောင်ရွာမှာမီးလောင်သွားတဲ့ဟာပါ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ခြေ (၇ဝ)ရဲ့ မြေနေရာအခြေအနေဖြစ်ပါတယ်။ ဒါ မီးလောင်သွားပြီးတော့မှ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေပါ။ သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်တို့ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေပြည်သူများ၏ကိုယ်စား မေးခွန်းမေးမြန်းလိုသည်မှာ မေးခွန်းနံပါတ်(၁) လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်အတွင်း ဆောက်လုပ်ရောင်းချမည့် စက်သုံးဆီအရောင်းဆိုင် အား ဥပဒေသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ။ မေးခွန်း နံပါတ်(၂) လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်အတွင်း ဆောက်လုပ်ရောင်းချမည့် စက်သုံးဆီ အရောင်းဆိုင်အား ဥပဒေသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိ ပါက ရပ်ဆိုင်းပေးရန်အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာမေးမြန်းအပ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ လေးစား အပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါ။ ဒီရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီအဖြေနဲ့ပတ်သက်လို့ ဗျငေ နညနမါပ ကုမ္ပဏီ လီမိတက်အနေနဲ့ စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရန် အဆိုပြုလျှောက်ထားလာတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင် တည်ဆောက်မည့်မြေနေရာရှိ ဘေးပတ်ဝန်းကျင်ပြည်သူလူထုရဲ့ သဘောတူညီချက်၊ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရေနံထွက်ပစ္စည်းတင်သွင်း၊ သိုလှောင်၊ ချက်လုပ်၊ ရောင်းချရေး လုပ်ငန်းများ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီတို့ရဲ့ ကွင်းဆင်းစိစစ်ကန့်ကွက်မှုမရှိကြောင်း ထောက်ခံတင်ပြလာမှုအပေါ် ကျွန်တော်တို့ခွင့်ပြုသင့်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာလျှင် စက်သုံးဆီအရောင်းဆိုင်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးမှာ စိစစ်အတည်ပြု ပြီးတော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများသို့ ကျွန်တော်တို့ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံတင်ပြဆောင်ရွက်လေ့ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ တည်ဆောက်မယ့် စက်သုံးဆီအရောင်းဆိုင် မြေအကျယ်အဝန်း၊ အဆောက်အဦအနေအထား၊ ပန့်တိုင်နှင့် အဆောက်အဦတည်ရှိမှု သိုလှောင်မယ့် ကန်များရဲ့အနေအထားနဲ့ ီနျငါည ိနအငေူ ီမတေငညါ များအရ တည်ဆောက်မည့် အဆောက်အဦနှင့် မြေအောက်သိုလှောင်ကန်များ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ /မရှိ စိစစ်ပြီး သတ်မှတ်ချက် ကိုက်ညီမှသာလျှင် ကျွန်တော်တို့စက်သုံးဆီအရောင်းဆိုင်အား တည်ဆောက်သွားဖို့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေကို တင်ပြလေ့ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရဲ့ စက်သုံးဆီအရောင်းဆိုင်မြေအပေါ် အသုံးပြုရန်ကန့်ကွက်ရန်မရှိကြောင်းလည်း ဖော်ပြတင်ပြထား တာရှိပါတယ်။ ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်ရဲ့ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရန် အဆိုပြု တင်ပြမှုအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနတို့ပါဝင်တဲ့ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တို့မှ စက်သုံးဆီအရောင်းဆိုင်သစ်ဖွင့်လှစ်ရန်အတွက် အဆိုပြုဒီဇိုင်းများအား မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခဲ့ရာ အဆိုပါမြေနေရာသည် သတ်မှတ်အကျယ်အဝန်းနှင့် သိုလှောင် ပမာဏကိုက်ညီမှုရှိပြီး အဆိုပြုဒီဇိုင်းများအရ အရောင်းဆိုင်တွင် ရှိရမည့်အခြေခံလိုအပ်ချက် များနဲ့လည်း ကိုက်ညီတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်အဖြစ်တည်ဆောက်ခွင့်ပြုကြောင်း တင်ပြ ထားတာကို ကျွန်တော်တို့တွေ့ရှိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန(အဆောက်အဦ)ရဲ့ အဆောက်အဦဆောက်လုပ်ခွင့်ပြုကြောင်း အကြောင်းကြားစာလည်း တင်ပြ ထားတာ ရှိပါတယ်။ ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်အနေဖြင့် တည်ဆောက်မည့်စက်သုံးဆီ အရောင်းဆိုင် အတည်ပြု ူပေသကအ ဏူညေ ီနျငါည ိနအငေူ ီမတေငညါ များအရ သတ္တုတွင်းဝန်ကြီးဌာန မှ ခွင့်ပြုထားတဲ့ သတ်မှတ်စံချိန်စံညွှန်းနဲ့ကိုက်ညီပြီးတော့ ှေ်နအပ ီငျအညေခန တွင်ပေါက်ကွဲမှု ခံနိုင်သော ီနျငါည နထစူသျငသည ဏမသသ် ွှပစန ီနျငါညနှင့် စက်သုံးဆီများအား မြေအောက် သိုလှောင်ကန်များတွင် သိုလှောင်ဖြန့်ဖြူးရောင်းချမည်ဖြစ်သဖြင့် မီးဘေးလုံခြုံမှုအတွက် စနစ်တကျ ဆောင်ရွက်ထားရှိ သည်ကိုတွေ့ရှိရပြီး အနံ့နှင့်အငွေ့များပြန့်လွင့်မှုမရှိစေရေးအတွက်လည်း ဠစေသကမ   ဏမနျျကမန ဏငစန များအား အမြင့်(၁၄)ပေအထိ ထည့်သွင်းတည်ဆောက်ထားမှာဖြစ်ပါတယ်။ ဒီလို တည်ဆောက်ထားခြင်း အားဖြင့် ဘေးပတ်ဝန်းကျင်သို့ အငွေ့အသက်များပြန့်နှံ့မှုလျော့နည်း ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ ခွင့်ပြုချက်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦဆောက်လုပ်ခွင့်တို့ကိုရယူ၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်နေခြင်းဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်သစ် တည်ဆောက်၍ ဖွင့်လှစ်ရောင်းချရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ပတ်သက်၍လည်း ကိုက်ညီမှုရှိတာကို တွေ့ရှိရတဲ့အတွက် ဗျငေ နညနမါပ ကုမ္ပဏီလီမိတက်ရဲ့ စက်သုံးဆီအရောင်းဆိုင်တည်ဆောက်ရန် တည်ဆဲဥပဒေသတ်မှတ် စည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် ရပ်ဆိုင်းပေးရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဦးမြတ်မင်းသူ၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။       ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်ကို ဆက်စပ်မေးခွန်းလေးမေးခွင့်ပြုပါ။ အဲဒီမှာ စောစောက ဝန်ကြီးဖြေသွားတဲ့အထဲမှာ ကျွန်တော်တို့ သက်ဆိုင်ရာအနီးပတ်ဝန်းကျင် ပြည်သူတွေရဲ့ ထောက်ခံချက်ဆိုတာပါပါတယ်။ အဲဒီမှာ ဝန်ကြီးတို့ဆီ တင်ထားတဲ့အထဲမှာတော့ ထောက်ခံထားတာ (၉)ဦးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြေပြင်အခြေအနေမှာ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ အဲဒီ (၉)ဦးထဲက ကျွန်တော်တို့ အခု (၈)ဦးပဲ ကျန်ပါတယ်။ အဲဒီ (၈)ဦးကတော့ ထောက်ခံထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ပဒေသာပတ်လမ်း နဲ့ပဒေသာ(၁)လမ်းထောင့်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီမှာကန့်ကွက်ထားတဲ့ပုဂ္ဂိုလ်က (၁၅)ဦး ရှိပါတယ်။ကျွန်တော့်မှာ စာရင်းရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဒီဟာကိုတင်ပြရတာ ဒီရပ်ကွက်မှာရှိနေတဲ့ ပြည်သူတွေရဲ့ တောင်းဆိုလာမှုကြောင့် ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်က တင်ပြတောင်းဆိုခြင်းဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့အသံကို နားထောင်ပြီးတော့ ပြည်သူတွေရဲ့ အကျိုးကိုရှေးရှုပြီး ဒီဟာကို ပြန်လည်စိစစ်ပေးပါလို့ ကျွန်တော်ဆက်စပ်မေးခွန်း မေးမြန်းအပ်ပါ တယ်။ ကျေးဇူတင်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ဒီဆက်စပ်မေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ထောက်ခံတဲ့အရေအတွက်၊ ကန့်ကွက်တဲ့ အရေအတွက်ကို ပြန်လည်စိစစ်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အားလုံးကျေးဇူး တင်ပါတယ်။

သမဝါယမဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိနေသော ပြည်သူပိုင်သိမ်းအခန်းများအား ဖွင့်လှစ်အသုံးပြုလျက်ရှိသော်လည်း တချို့အခန်းများမှာ ပိတ်ထားသည်ကိုတွေ့ရှိရပါသဖြင့် ရန်ကုန်တိုင်း၏ဝင်ငွေတိုးတက်ရေးအတွက် အဆိုပါအခန်းများကို စနစ်တကျစီမံခန့်ခွဲ၍ အသုံးပြုသင့်သော အခန်းများကိုအသုံးပြုရန် အစီအစဉ်ရှိ/မရှိ၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်အခန်းများတွင် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားသော သမဝါယမအခန်းမည်မျှ ရှိပါ၍ အခန်းများကို မည်သည့် စံနှုန်းသတ်မှတ်ချက်များဖြင့် ငှားရမ်းခွင့်ပြုထားပါသနည်း၊ ၄င်းအခန်းများတွင် လက်ရှိသမဝါယမဆိုင်ရာလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်နေခြင်း                    ရှိ/မရှိ စိစစ်ဆောင်ရွက်နေမှုများ ရှိ/မရှိ ကိုသိရှိလိုပါကြောင်း

အချိန်။ ၁၁၅၉

ဥက္ကဋ္ဌ။          ။ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။           ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ သမဝါယမဆိုင်ခန်းတွေကိစ္စနဲ့ ပတ်သက်ပြီးမေးမြန်းသွားမှာဖြစ်ပါတယ်။ ကျွန်မတို့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အခြေခံသမဝါယမ အသင်း၊ သမဝါယမအသင်းစု၊ သမဝါယမအသင်းစုချုပ် စတဲ့အမည်တွေနဲ့ဖွင့်လှစ်လုပ်ကိုင်လျက်ရှိ တဲ့ အခန်းတွေအများကြီးရှိပါတယ်။ ဒီ အခန်းတွေဟာအခြေခံအားဖြင့် သမဦးစီးကနေစီမံခန့်ခွဲနေတဲ့ ပြည်သူပိုင်သိမ်းအခန်းတွေရယ်၊ တစ်ဖက်ကလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို ငှားရမ်းခ ပေးသွင်းနေတဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အခန်းများဖြစ်တယ်လို့သိရပါတယ်။ သမဝါယမမှ စီမံခွင့်ရရှိထားတဲ့ ပြည်သူပိုင်သိမ်းအခန်းတွေနဲ့ပတ်သက်လို့ အရင်မေးမြန်းသွားမှာဖြစ် ပါတယ်။ ကျွန်မတို့ ၁၉၇၄ ခုနှစ်မတိုင်ခင်ကတည်းက သိမ်းထားတဲ့ ပြည်သူပိုင်သိမ်းအခန်းတွေ ရှိပါတယ်။ ရန်ကုန်မှာစာရင်းအရတော့ (၁၁၅)ရှိပါတယ်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှည်ကူး၊ သာကေတ၊ ဆိပ်ကမ်း စုစုပေါင်း (၁၂)မြို့နယ်မှာရှိတဲ့ အခန်းတွေပါ။ ပြည်သူပိုင်သိမ်း အများဆုံး အခန်းကတော့ လမ်းမတော် မြို့နယ်မှာပါ။ အဲဒီပြည်သူပိုင်သိမ်းအခန်းတွေထဲကအခန်း (၃၅)ခန်း ကိုတော့ ငှားရမ်းထားပါတယ်။ ကျန်တဲ့အခန်းတွေကိုတော့ ပိတ်ထားပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ လေလံတင်ပြီးတော့ ရောင်းမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ပိတ်ထားတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့ ဖွင့်ထားတဲ့အခန်းတွေကိုပဲ ကြည့်မယ်ဆိုရင်တောင် ဖွင့်ထားတဲ့အခန်း (၃၅)ခန်းရှိပါတယ်။ (၃၅)ခန်းကို ငှားရမ်းခစာရင်းတွေ ကျွန်မတွက်ကြည့်တဲ့အခါကျတော့လည်း ဒီစာရင်းကလည်း သမဦးစီးကပဲရတာပါ။ သိန်းပေါင်း (၁၆၃ဝ)ကျော်ပါတယ်။ ဒါပေမယ့် မရှင်းလင်းတာလေး တစ်ခုလည်း ထည့်သွင်းပြီး တစ်ခါတည်းမေးမြန်း လိုလို့ပါ။ ကျွန်မတို့ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာနှစ်မှာ ရော ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာနှစ်မှာရော ရငွေစာရင်းထဲမှာ သမဆိုင်ခန်းတွေ၊ သင်တန်းကျောင်းတွေ ငှားရမ်းခဆိုပြီးတော့ (၂.ဝ၆၆)သန်းပဲ ထည့်ထားပါတယ်။ အဲဒါကလည်း သိန်းအနေနဲ့ဆို သိန်း(၂ဝ)ပါ။ အဲဒီတော့ တကယ်စာရင်းအရထွက်လာတဲ့ သိန်းပေါင်း (၁၆၃ဝ)ကျော်ဆိုရင် အစွန်းထွက်တောင် မရှိဘူးဖြစ်နေပါတယ်။ ဒါလေးကိုလည်း နိုင်ငံတော်အနေနဲ့ မှန်မှန်ကန်ကန် ရငွေစာရင်းလေးဝင်စေဖို့အတွက် ဝန်ကြီးအနေနဲ့တစ်ခါတည်းရှင်းလင်းပေးနိုင်မယ်ဆိုရင် ရှင်းလင်း ပေးစေချင်ပါတယ်။ အခန်းအနေနဲ့ပတ်သက်ပြီးတော့ ကျွန်မ ဆက်ပြီးမေးမြန်းသွားပါမယ်။ ပထမမေးခွန်းအနေနဲ့ကတော့ ဒီသမဝါယမဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိနေတဲ့ ပြည်သူပိုင်သိမ်း အခန်းတွေမှာ တစ်ချို့အခန်းတွေကဖွင့်ပြီးတော့အသုံးပြုနေတယ်။ တစ်ချို့အခန်းတွေက ပိတ်ထား တာကို တွေ့ရတဲ့အတွက်ကြောင့်မို့လို့ ဒီအခန်းတွေကိုစနစ်တကျ ဘယ်လိုအခန်းတွေကိုဖွင့် ဘယ်လိုအခန်းတွေကိုတော့မဖွင့်၊ အမှန််တော့ အားလုံးပြည်သူပိုင်သိမ်းအခန်းတွေကြီးပါပဲ အဲဒီတော့ ဘယ်လိုများစနစ်တကျနဲ့ အသုံးပြုသွားမယ်။ ဘယ်လိုများ အစီအစဉ်ရှိလဲဆိုတာလေးကို ပထမမေးခွန်း အနေနဲ့သိလိုပါတယ်။ ဒုတိယမေးခွန်းကတော့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပိုင်တဲ့အခန်းတွေ ပါ။ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေပြီးတော့ လုပ်ကိုင်ခွင့်ပေးထားတဲ့ အခန်းတွေမှာလုပ် ကိုင်ခွင့်ပေးထားတဲ့ သမဝါယမအခန်းတွေရှိပါတယ်။ ဒါပေမယ့် ဒီစာရင်းကိုတော့ မြို့ပြနဲ့အိမ်ရာ တိုက်ရိုက်ကိုင်တွယ်တဲ့ ဝန်ကြီးဒေါ်နီလာကျော်ဆီကို ကျွန်မစာရေးပြီးတော့ အခန်းစာရင်းတောင်း ဘူးပါတယ်။ သို့ပေမယ့် ဝန်ကြီးအလုပ်များလို့ထင်တယ် ကျွန်မအဖြေတော့မရသေးဘူးပါဘူး။ အဲဒီတော့ ကျွန်မမြို့နယ် ကျောက်တံတားဦးစီးကိုပဲသွားပြီးတော့ မေးကြည့်တဲ့အခါ ကျောက်တံတားမှာတော့ (၁၉)ခန်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် တခြားမြို့နယ်တွေမှာလည်း သမဆိုင်ခန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ – တာမွေမှာဆိုလို့ရင်လည်း အများကြီးရှိပါတယ်။ ဘယ်ကစီမံခန့်ခွဲနေမှန်း မသိပါဘူး။ အဲဒီတော့ ဦးစီးကို မေးကြည့်တဲ့အခါကျတော့လည်း မြို့/ရာကဦးစီးကလည်း သူတို့အနေနဲ့ လခသွင်းရင်လက်ခံလိုက်တယ်၊ ဒီဟာနဲ့စီမံခန့်ခွဲခြင်းနဲ့ပတ်သက်လို့ သူတို့ဘာမှမသိဘူးလို့ ပြောပါတယ်။ အဲဒီတော့ စီမံခန့်ခွဲခွင့်က သမဦးစီးနဲ့ပဲဆိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သမကို မေးတော့လည်း သမက မြို့ပြနဲ့အိမ်ရာဦးစီးကပိုင်တဲ့အခန်းတွေဆို သူတို့မစီမံဘူးလို့ ပြောပြန် ပါတယ်။ အဲဒီတော့ ကျွန်မသိလိုတာက ဒီအိုး/အိမ်ပိုင်တိုက်ခန်းတွေဆိုတာက လခထောင်ကျော်လေး ရှိပါတယ်။ ဒီလို လခနည်းနည်းလေးသွင်းပြီးတော့ ငှားရမ်းလုပ်ကိုင်နေတဲ့ ဒီသမဝါယမ လုပ်ငန်း တွေက တကယ်ပဲ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်နေတာလား၊ သွင်းကုန်/ထုတ်ကုန်လုပ်ငန်းတွေ လုပ်နေတာလား၊ သို့တည်းမဟုတ် ထပ်ဆင့်ပဲအခန်းတွေ ငှားစားနေတာလား ဒါမျိုးလေးတွေကို စနစ်တကျစိစစ်ပြီးတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာမှန်မှန်ကန်ကန်ရဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ဒုတိယမေးခွန်းကိုလည်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဆက်ပြီးမေးမြန်းလိုပါတယ်။ မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာနပိုင်အခန်းများမှ ဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးထားတဲ့ သမဝါယမအခန်းပေါင်း ရန်ကုန်မြို့မှာ မည်မျှရှိပါသလဲ၊ မည်သည့်စံနှုန်းသတ်မှတ်ချက်တွေနဲ့ ငှားရမ်းခွင့်ပြုထားတာ ဖြစ်ပါသလဲ၊ ၄င်းအခန်းတွေမှာ လက်ရှိသမဝါယမ ဆိုင်ရာလုပ်ငန်းတွေ အမှန်တကယ်လုပ်ကိုင်နေခြင်း ရှိ /မရှိ စိစစ်ဆောင်ရွက်မှုကိုလည်း မည်သည့်ဌာနက မည်သို့စီမံခန့်ခွဲနေလည်းဆိုတာကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။     ။ လေးစားအပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီး မင်္ဂလာပါ။ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီးအဖွဲ့ဝင်ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာရဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ သမဝါယမဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိတဲ့ ပြည်သူပိုင်သိမ်း အခန်းငှားရမ်းခွင့်နဲ့ ပတ်သက်၍ ကျွန်တော်ဖြေကြားသွားပါမယ်။ နောက်တစ်ခါ မြို့ရွာ/အိုးအိမ် အုပ်ချုပ်ရေးဦးစီးဌာနပိုင်အခန်း ဒါလည်းသမဝါယမပိုင်အခန်း ငှားရမ်းတဲ့ကိစ္စနဲ့ ပတ်သက်တဲ့အတွက် ကျွန်တော်ပဲပေါင်းပြီးတော့ ဖြေကြားသွားမှာဖြစ်ပါတယ်။ အဲဒီတော့ သမဝါယမပိုင်ဦးစီးဌာနက ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူပိုင် သိမ်းအခန်းစုစုပေါင်း (၁၁၆)ခန်းရှိပါ တယ်။ ဒီအဖြေနဲ့ပတ်သက်လို့လည်း အလားတူအဖြေမျိုးကို ယခင်လွှတ်တော်အစည်းအဝေးတွေမှာ ဖြေကြားခဲ့ခြင်းရှိခဲ့ပါတယ်။ အဲဒီတော့ (၁၁၆)ခန်းရှိပါတယ်။ ဖွင့်လှစ်အသုံးပြုနေတဲ့အခန်း (၃၄)ခန်း ရှိပါတယ်။ သော့ပိတ်ထားတဲ့ အခန်း (၇၁)ခန်းနဲ့ အန္တရာယ်ရှိ အဆောက်အဦဖြင့် သတ်မှတ်ထားတဲ့ အခန်း (၁၁)ခန်းတို့ပါဝင်ပါတယ်။ ဖွင့်လှစ်အသုံးပြုလျက် ရှိတဲ့အခန်း (၃၄)ခန်းမှာ ဌာနဆိုင်ရာ ရုံးခန်းအဖြစ် အသုံးပြုလျက်ရှိသော အခန်း (၂)ခန်း၊ အိုး/အိမ်ဦးစီးဌာနသို့ ငှားရမ်းပေးသွင်းရတဲ့ အခန်း(၂)ခန်းနဲ့ သမဝါယမဦးစီးအနေဖြင့် နိုင်ငံတော်သို့ ငှားရမ်းခပေးသွင်းနေသောအခန်း (၃ဝ)ခန့် ဖြစ်ပါတယ်။ အခန်းငှားရမ်းခငွေများကို ရန်ကုန်တိုင်း ဒေသကြီး သမဝါယမဦးစီးဌာန ငွေစာရင်းအမှတ် ဗြ ဝ၂၃၃၇၃ သို့ နိုင်ငံတော်ဝင်ငွေအဖြစ် ပေးသွင်းလျက်ရှိပါတယ်။ ကျောက်တံတားမြို့နယ် ပြည်သူပိုင်သိမ်းအခန်း (၁၉)ခန်းမှ ဖွင့်လှစ် အသုံးပြုလျက်ရှိတဲ့ အခန်း (၉)ခန်း၊ သော့ပိတ်အခန်း (၉)ခန်းနဲ့ အန္တရာယ်ရှိအခန်း (၁)ခန်း ဖြစ်ပါတယ်။ ငှားရမ်းဖွင့်လှစ်အသုံးပြုလျက်ရှိသော အခန်းများ အသုံးပြုရန်အတွက် သက်ဆိုင်ရာ သမဝါယမ လုပ်ထုံးလုပ်နည်းတွေ ကျွန်တော်တင်ပြသွားပါမယ်။ သက်ဆိုင်ရာသမဝါယမအသင်းမှ အဆိုပြုတင်သွင်းပြီး စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ကာ သက်ဆိုင်ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနတို့ရဲ့ ထောက်ခံချက်နဲ့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ တင်ပြပြီး ၄င်းအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ငှားရမ်းကြခြင်းဖြစ်ပါကြောင်း၊ အဆိုပါငှားရမ်းထားသည့် ပြည်သူပိုင်သိိမ်း အခန်းများမှ ငှားရမ်းခဝင်ငွေရရှိမှုမှာ ၁၅.၃.၂ဝ၁၇ ရက်နေ့အထိ ငွေကျပ် (၁၅၉.၈၂၈)သန်းကို ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ငွေစာရင်းအမှတ် ဗြ ဝ၂၃၃၇၃ သို့ နိုင်ငံတော် ဝင်ငွေအဖြစ် ပေးသွင်းပြီးဖြစ်ပါတယ်။ ပြည်သူပိုင်သိမ်းအခန်းများကို ကျွန်တော်တို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သို့ လွှဲအပ်ထားပြီးဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုအားလုံးကို ပုဂ္ဂလိက ကော်မရှင်အဖွဲ့အစည်းကသာ စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သည် ယနေ့ထက်တိုင်စီမံဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ကော်မရှင်က လေလံတင်ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်းစတဲ့ ကိစ္စရပ်များကို စီမံပိုင်ခွင့်ရှိပါတယ်။ သော့ပိတ် ထားသောအခန်းများကို ဖွင့်လှစ်အသုံးပြုမည်ဆိုပါက အသုံးပြုလိုသော သမဝါယမအသင်းများသည် သမဝါယမဦးစီးဌာန အဆင့်ဆင့်သို့ အဆိုပြုတင်ပြပြီး ခုနကျွန်တော် တင်ပြသလိုပဲ ပြည်ထောင်စုဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ကို ပြန်လည်ချမှတ်ပြီးတော့ ဒါကြီးကိုငှားရမ်းဆောင်ရွက်ခွင့်ပေးပါတယ်။ ဒါကတော့ ကျွန်တော်တို့ သမဝါယမဝန်ကြီးဌာနက စီမံဆောင်ရွက်လျက်ရှိတဲ့ အခန်းများအတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့/ရာဦးစီးဌာနက စီမံဆောင်ရွက်လျက်ရှိတဲ့ အခန်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကျောက်တံတားမြို့နယ်မှာ မြို့ပြနှင့်အိမ်ရာဦးစီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အခန်းများကို သမဝါယမအသင်းများမှ ငှားရမ်းသုံးစွဲမှု အခြေအနေအရ ကျွန်တော်တို့ စိစစ်ရာမှာ ရွှေတံတားအထွေထွေသမဝါယမအသင်းစုက (၁၁)ခန်း၊ ဇေယျာအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်က (၅)ခန်း၊ သမာဓိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်က (၃)ခန်း၊ သမာဆန္ဒရောင်းဝယ်ရေး သမဝါမယအသင်းလီမိတက်က (၂)ခန်းနှင့် စတိုး(၁၈)သမဝါယမအသင်းလီမိတက်က (၁)ခန်း စုစုပေါင်း(၂၂)ခန်းကို အဆိုပါ သမဝါယမအသင်းများမှ ငှားရမ်းအသုံးပြုလျက်ရှိပါတယ်။ ကျောက်တံတားမြို့နယ်၊ ရွှေတံတား အထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက်အနေနဲ့ အခြေခံသမဝါယမအသင်းများဖြစ်တဲ့ ဇေယျာအထွေထွေစီးပွားရေး သမဝါယမအသင်းစု၊ သမာဓိရောင်းဝယ်ရေးသမဝါယအသင်းလီမိတက်၊ သမာဆန္ဒရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်စတဲ့ သမဝါယမအသင်းများက မြို့ပြနှင့် အိမ်ရာဦးစီးဌာနက ငှားရမ်းသုံးစွဲခွင့်ရတဲ့ အခန်းများအတွက် ၄င်းတို့ရဲ့ ဒီရရှိငွေများကိုလည်း ကျွန်တော်တို့ သက်ဆိုင်တဲ့ငှာနတွေကို ပေးသွင်းတာဖြစ်ပါတယ်။ ဒီကျောက်တံတားမြို့နယ် အိုးအိမ်ဦးစီးဌာနမှာရှိတဲ့ သမဝါယမအသင်းများ ငှားရမ်းထားတဲ့ အခန်းများသည် အိုးအိမ်ဦးစီးဌာနရဲ့ စီမံခန့်ခွဲပိုင်ခွင့်အောက်မှာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ ဖော်ပြပါ ဒီသမဝါယမအသင်းများ သည် ယနေ့ထက်တိုင် တရားဝင်သမဝါယမအသင်း မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ အသင်းများဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ ဝင်ငွေကွာခြားမှုနဲ့ ပတ်သက်ပြီးတော့ ပြန်လည်စိစစ်ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ ဥက္ကဋ္ဌကြီးရှင်၊ ဆက်စပ် မေးခွန်းလေးမေးခွင့်ပြုပါ။ အခုဝန်ကြီးဖြေသွားတဲ့ (၁၅၉.၈၂၈)သန်းဆိုလားမသိဘူး၊ အဲဒါနိုင်ငံတော်ကို ပေးရတယ်ဆိုတော့ သမဝါယမဝန်ကြီးဌာနကို ပေးရတယ်ပေါ့။ ဒါဆိုရင် ကျွန်မတို့ ရန်ကုန်တိုင်း စာရင်းထဲမှာထည့်ထားတဲ့ သမဆိုင်ခန်းများရောင်းရငွေ (၂.ဝ၆၆)သန်းဆိုတာ ဘယ်ဆိုင်ခန်းတွေလည်းဆိုတာမျိုးလေး ကျွန်မတို့သေသေချာချာလေးသိချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ (၃၅)ခန်း ငှားထားတယ်။ ဒါပေမဲ့ (၂.ဝ၆၆)သန်းဆိုတော့ ကျွန်မတို့ကပဲ အထင်အမြင်လွဲပြီးတော့ မေးနေသလိုဖြစ်နေမှာစိုးလို့ နိုင်ငံတော်ကို၊ ပြည်ထောင်စု အဆင့်ကို ပေးတယ်။ ရန်ကုန်တိုင်းကို ဘယ်လို ခွဲရတယ်ဆိုတာမျိုးလေး၊ ဒါလေး ရှင်းရှင်းလင်းလင်း သိချင် ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ (၃၆)လမ်းနဲ့ အနော်ရထာလမ်းပေါ်ရှိတဲ့ သမဆိုင်ခန်း တွဲကြီး (၃)ခန်းတွဲရှိပါတယ်။ အခု (၅ဝဝဝ)တန်ကြိုက်တာယူဆိုတဲ့ဆိုင်ဖွင့်ထားပါတယ်။ အဲဒါ မြို့ပြနဲ့ အိမ်ရာဦးစီးဌာနကို လခပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူတို့က သမဝါယမလက်ရှိ သွင်းကုန်/ ထုတ်ကုန်လုပ်ငန်းလုပ်နေတာ မဟုတ်ပါဘူး။ ဆိုင်ခန်းငှားစားထားတာပါ။ ကြိုက်တာယူ (၅ဝဝဝ) ဆိုတာကို တရုတ်လူမျိုးတွေကို ငှားစားထားတာဖြစ်ပါတယ်။ ကျွန်မတို့ (၅ဝဝဝ)တန် ဆိုင်တွေ ဝင်စစ်တုန်းကလည်း ဒါသိခဲ့ရပါတယ်။ မြန်မာစကားတောင်မတတ်ပါဘူး။ အဲဒါကို (၃)ခန်းတွဲကို (၃၅)သိန်းနဲ့ဒါ ငှားထားတယ်ဆိုတာမျိုး သိရပါတယ်ရှင်။ ဒါလေးလည်း ဝန်ကြီးတို့ဘက် နည်းနည်းလေး ပြန်စိစစ်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး။   ။ ဟုတ်ကဲ့ပါ။လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ခုနကဝင်ငွေကိစ္စနဲ့ ပတ်သက်လို့ ဒီ ၁၅.၃.၂ဝ၁၇ ခုနှစ် ဝင်ငွေ (၁၅၉.၈၂၈)သန်းဟာ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရဲ့ ငွေစာရင်းအမှတ်ထဲကို ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဒီ သမဝါယမဦးစီးဌာနဆိုပေမယ့် ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ထဲကို ဝင်ရောက်တဲ့ငွေစာရင်းပဲဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီသက်ဆိုင်တဲ့ သမအသင်းတွေက ကိုယ်တိုင်ဆောင်ရွက်နေခြင်း ရှိ/မရှိဆိုတဲ့ဟာကို ကျွန်တော်တို့ပြန်လည်စိစစ် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

အချိန်။ ၁၂၁၅

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျား။ နေ့လည်စာ စားသုံးရန် အတွက် လွှတ်တော်အစည်းအဝေးကို (၁)နာရီခန့် ရပ်နားမှာဖြစ်ပါတယ်။

အခမ်းအနားမှူး။         ။ လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါမယ်ရှင်။

အခမ်းအနားမှူး။         ။ ကိုယ်စားလှယ်တော်ကြီးများ ပြန်လည်ထွက်ခွာနိုင်ပါပြီရှင်။                                                အစည်းအဝေးကို နေ့လည် (၁)နာရီ(၁၅)မိနစ်မှာ ပြန်လည်                                                   ကျင်းပမှာ      ဖြစ်ပါတယ်ရှင်။

လွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပခြင်း

အခမ်းအနားမှူး။         ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

ဥက္ကဋ္ဌ  ။      ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။      ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီးလုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း                    အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးက ဆွေးနွေးခြင်း

အချိန်။ ၁၃၁၅

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်                   အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်၏ ”ရန်ကုန်တိုင်းဒေသကြီးအတွင်းအများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား                     အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို”ကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦး လွှတ်တော်ရုံးသို့              အမည်စာရင်းပေးပို့ထားပါတယ်။ ပထမဦးစွာ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ကျော်ကျော်ထွန်း ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်း ၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါခင်ဗျား။လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၆ .၄ .၂ဝ၁၇ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်မှတင်သွင်းသော ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန် လာစေရေးနှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး တိုက်တွန်းကြောင်းအဆိုအား   ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးဟာ လူဦးရေများပြားလှပြီး စီးပွားရေးမြို့တော်ကြီးဖြစ်သည်နှင့်အညီ ရုံးဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများနှင့် ပြည်သူ(၂)သန်းခွဲခန့်ဟာ နေ့စဉ်                       ခရီးသွားလာနေရပြီး မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်ပြီး ခေတ်နှင့်                       လျော်ညီစွာ ပြုပြင်ပြောင်းလဲရန် လိုအပ်လာပါသည်။ ဒီအတွက်ကြောင့်ဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်ပြီး ၁၆.၁.၂ဝ၁၇ တွင် စနစ်ဟောင်းဖြစ်သည့် မ.ထ.သ စနစ်မှ                     ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဟု ပြောင်းလဲအသစ်ဖွဲ့စည်းလိုက်ပြီး                           ြှ့ စနစ်ကို စတင်ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ ဖောင်းပွနေသည့် ယာဉ်လိုင်းများကို ချုံ့လိုက်ပြီး (၃)လအတွင်း ကတ်စနစ်ပြောင်းလဲခြင်း၊ ထိန်းချုပ် ဃောနမေ များဖြင့်လည်းကောင်း၊ ွဏှ စနစ် များတပ်ဆင်ခြင်းဖြင့်လည်းကောင်း၊ ကားများကို ထိန်းချုပ်ပြီး စညး်ကမ်းစနစ်ကျသော ဝန်ဆောင် မှုအသစ်များဖြင့် အဆင့်မြှင်တင်ပြီး ကားများကိုလည်း ခေတ်မှီကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲ ပေးပြီး အများပိုင်ကုမ္ပဏီများဖြင့် ပြုပြင်ဆောင်ရွက်မည့် အကြောင်းကြော်ငြာပြီး စတင်ဆောင်ရွက် ခဲ့ပါသည်။ ဒီနေရာမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း ပြည်သူများအဆင်ပြေ ချောမွေ့စေရန်လည်းကောင်း၊ စနစ်ဟောင်း၏ ဆိုးမွေများကို ပြုပြင်လို၍လည်းကောင်း၊ မြို့နယ် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဟာ မိမိတို့၏ကျရာတာဝန်များကို မြို့နယ် ြီူ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်/ကျေး အလုပ်အမှုဆောင်များ၊ ရပ်ရွာလူထုများ ၊ စေတနာ့ ဝန်ထမ်း လူငယ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြရာမှာ ၁၆.၁.၂ဝ၁၇ ရက်နေ့ မှ ၂ဝ.၁.၂ဝ၁၇ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကြိုးစားဆောင်ရွက်ခဲ့ကြပါသည်။ အစပိုင်းတွင် အခက်အခဲတွေ ကြီးမားစွာ တွေ့ကြုံခဲ့ရပေမယ့် မိမိတို့အပါအဝင် ပြည်သူအများစုဟာ ပြည့်စုံကောင်းမွန်သော စနစ်တစ်ရပ် ဖော်ဆောင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရမှာဓမ္မတာမို့ သည်းခံရင်း လုပ်ဆောင် ခဲ့ကြပါသည်။ သို့ပေမယ့် ယခုအခါမှာတော့ (၃)လပြည့်ပြီးဖြစ်သော်လည်း ယခင်ကပေးထား သည့် လုပ်ဆောင်ရမည့်အချက်များ၊ အဆင့်များသည် လက်တွေ့အကောင်အထည်ဖော်ရာတွင် ဝေးကွာနေသေးကြောင်း တွေ့ရှိလာရပြီး ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များသည် ယခင် မ.ထ.သ စနစ်အတိုင်း ပြုမူလုပ်ကိုင်မြဲရှိကြပြီး စည်းကမ်းဖောက်ဖျက်မြဲ ဖောက်ဖျက်လျက် ရှိကြပါသည်။ ငွေကြေးပိုမို ကောက်ခံမူများ၊ အလုအယက်ကျော်တက် ပြိုင်မောင်းမှုများ ၊ လိုရာခရီး ကို နှစ်ဆင့်၊ သုံးဆင့်စီးနေရမှုများကြောင့် အဆင်မပြေမှုများစွာ တွေ့ကြုံလာရသော ပြည်သူများ မှအနီးကပ်ဆုံးသော မိမိတို့ကိုယ်စားလှယ်များအား တင်ပြတိုင်ကြားလာသည်မှာ နေ့စဉ်နှင့် အမျှဖြစ်ပါသည်။ မိမိတို့မှာလည်း ပြည်သူများ၏ အခက်အခဲအား ကူညီဖြေရှင်းပေးရန် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့ရသော လုပ်ငန်းစဉ် ဖြစ်သည်ကတစ်ကြောင်း အရေးယူဆောင်ရွက်ပေးရန်တင်ပြပါသော်လည်း ပြုပြင်ပြောင်းလဲမှု၊ အရေးယူမှုများမှာ ပြောပ လောက်အောင်မတွေ့ရဘဲ ဆိုးရွားလာကြောင်း တွေ့ရှိရပါသည်။ ယခုလိုမိမိတို့၏ အားထားရာ လွှတ်တော်ကြီးမှတစ်ဆင့် ပြည်သူများကိုယ်စား အဆိုတစ်ရပ်တင်သွင်းပြီး ဆွေးနွေးခဲ့ရခြင်းလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ အပါအဝင် ပြည်သူများဟာ ကားများကိုလည်း အဆင့်အတန်းမြင့်မြင့်၊ အဆင့်တန်းမှီကားများ ျြွွှ ူငအန လို ကားကြီးမျိုးများသာ တင်သွင်းမယ်လို့ ထင်ခဲ့ရပေမယ့် ယခုအခါမှာတော့ ကြားသိရတာက တရုတ်ကားများသာ တင်သွင်းတာလည်း သိရပါတယ်။ နောက်တခါ ယာဉ်မောင်းတွေနှင့် ယာဉ်နောက်လိုက်တွေဟာလည်း ယခင်ကလိုဘဲ မီးပွိုင့်တွေမှာ အတက်အဆင်း လုပ်နေတာတွေ၊ မီးပွိုင့်တွေမှာ လူတွေကို ဆွဲတင်တာ၊ ဆင်းသည့်အခါမှာ တွန်းချတာတွေ၊ အတင်းတွန်းချမတတ်လုပ်တာတွေဟာလည်း ယခုထက်တိုင် ရှိနေတုန်းဖြစ်ပါသည်။ ဒါကြောင့်မို့လို့ ဒီလိုဟာတွေကိုလည်း ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက် ဘယ်နှစ်ဦးကိုတော့ ဘယ်ကားကိုတော့ အရေးယူလိုက်ပြီ၊ ဘယ်နှစ်ယောက်ကိုတော့ ဘယ်လိုအရေးယူတယ်ဆိုတာ ကိုလည်း ပွင့်ပွင့်လင်းလင်းထင်သာမြင်သာအောင် အမြဲတမ်းနေ့စဉ်ထုတ်ပြန်ပေးနေမှလည်း ဒါတွေဟာ ရှိန်ပြီးတော့ တစ်နေ့တစ်ခြားနည်းပါးလာမယ်လို့လည်း သုံးသပ်မိပါတယ်။ ဒီနေရာမှာ အဓိကထား ဆွေးနွေးချင်တာကတော့ ယခုထက်ပိုမိုကောင်းမွန်သော မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် တစ်ခုဖြစ်ဖို့ရာမှာ ြှ့ စနစ်တစ်ခုတည်းနှင့်လည်းနိုင်မှာမဟုတ်ပါဘူး။ မြို့ပတ်ရထားစနစ်ကိုလည်း ယခုထက် ပိုမိုကောင်းမွန်ပြည့်စုံသော လူထုအားထားရာ သယ်ယူပို့ဆောင်ရေးဖြစ်အောင် အဖက်ဖက်က အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကိုလည်း မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်် နိုင်အောင် ကြိုးစားသင့်တယ်လို့လည်း ထင်ပါတယ်။ ှုဲဃဗ နှင့် ဆောင်ရွက်လျက်ရှိသည့် မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးစီမံကိန်းဟာလည်း ကျွန်တော်တို့သိရတာကတော့ ၂ဝ၄ဝ ခုနှစ်မှ ပြီးပြည့်စုံမယ်ဆိုတာ အလွန်နှေးကွေးလှကြောင်းလည်း တွေ့ရပါတယ်။ အဲဒီအချိန်မှရှိလာမည့် လူဦးရေနှင့် အဆင်ပြေနိုင်ပါ့မလားဆိုတာကိုလည်း စဉ်းစားရမှာမို့ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော် စေချင်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယခုမှာကျွန်တော်တို့ ျွှအေနမ ွှထေင ပြေးဆွဲဖို့ အစီအစဉ် တွေကိုလည်း ဆောင်ရွက်နေတာတွေ့ရှိရပါတယ်။ ဒီလိုဆောင်ရွက်သည့်နေရာမှာလည်း အကြံပြုချင် တာကတော့ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်တာထက်စာရင် ပြီးပြည့်စုံပြီးတော့ တကယ့်ကို လူထုကို ပို့ဆောင်ရေးစနစ်ဖြစ်သည့် အချိန်မျိုးမှသာ ကျွန်တော်တို့ ဖွင့်လှစ်ဆောင်ရွက်စေချင် ပါတယ်။ ယခုလိုမျိုး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်လိုက်သည့် နေရာမျိုးတွေမှာ ကျွန်တော်တို့အခက်အခဲတွေ အများကြီးတွေ့ရပြီးတော့ အရင်ကဆိုရင် ကျွန်တော်တို့ကမ်းနားလမ်း မကြီးလို နေရာမျိုးတွေမှာလုပ်လိုက်သည့် လျှပ်စစ်ရထားစီမံကိန်းမျိုးလို မအောင်မြင်သည့် စီမံကိန်းမျိုးတွေ ငွေကြေးကုန်ကျပြီးတော့ဖြစ်မှာလည်း စိုးရိမ်သည့်အတွက် ကျွန်တော်တို့ဟာ အကြံဥာဏ်များပေးတာ ဖြစ်ပါတယ်။ နောက်တစ်ခု ွှထေင ကားများကိုလည်း စည်းကမ်းတကျ ဖွံ့ဖြိုးလာလည်း ခရီးသည်များဟာ နိုင်ငံကြီးသားပီသစွာ စနစ်တကျရှိလာစေရန် လည်း အသိပေး၊ ပညာပေးများ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခုပိုင်းမှာ ွှထေင ကားများဟာ လည်းရပ်ချင်သည့် နေရာမှာ ရပ်၊ လူတွေကလည်း တားချင်သည့်နေရာတား မီးပွိုင့်လိုနေရာမျိုးတွေ၊ ကွေ့ကြောလို နေရာမျိုးတွေမှာပါ မနေ့ကဆိုရင် ဒီမော်တော်ပီကယ်ရုံးရှေ့ မီးပွိုင့်မှာကိုတားပြီးတော့ စီးနေတာ တွေဟာ၊ ရပ်ပေးတဲ့သူကလည်းရပ်ပေးပါတယ်၊ တားတဲ့သူကလည်းတားပါတယ်။ ကျွန်တော် တို့နှစ်ဦးနှစ်ဖက်ကို ထိထိရောက်ရောက် ဒဏ်ငွေမျိုးတွေ၊ အရေးယူမှုတွေ လုပ်စေချင်ပါတယ်။ရန်ကုန်မြို့တော်ကြီးဟာလည်း နောင်ဖြစ်လာမည့်အခြေအနေများနှင့် လူဦးရေများနှင့်ကိုက်ညီအောင် ကျွန်တော်တို့ အကြံပေးချင်တာကတော့ ပိုမိုပြည့်စုံကောင်းမွန်သည့် မြို့ပြသယ်ယူပို့ဆောင် ရေးစနစ် ဖြစ်လာစေရန်အတွက်က ယာဉ်ကြောပိတ်ဆို့မှု၊ ကြပ်တည်းမှုတွေ လျော့ကျလာစေရန် အမှန်တကယ် ဆောင်ရွက်သင့်သည့် မြေအောက်ရထား ပို့ဆောင်ရေးစနစ်ကိုလည်း ယခုအချိန်လောက်မှစပြီး အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသင့်ပါကြောင်း ဆွေးနွေးရင်းနှင့် ဦးဝေဖြိုးဟန်၏ အဆိုအား ထောက်ခံအပ်ပါသည်ခင်ဗျား။ ကျေးဇူးတင်ပါသည်။

အချိန်။ ၁၃၂၅

ဥက္ကဋ္ဌ ။         ။ ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ဆွေးနွေးရန် ဖြစ်ပါတယ် ။

ဦးသန်းနိုင်ဦး ၊ ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) ။         ။ လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့်စက်မှုလက်မှုရေးရာကော်မတီအဖွဲ့ဝင် ဦးသန်းနိုင်ဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် ၅.၄.၂ဝ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းထားသည့် အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ”ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး တိုက်တွန်းကြောင်းအဆို”ကို ထောက်ခံဆွေးနွေး အကြံပြုသွားမှာ ဖြစ်ပါတယ်။ အားလုံးသိကြသည့်အတိုင်း ကျွန်တော်တို့ ၁၉၆၂ ခုနှစ်ကနေ စတင်တည်ထောင်ခဲ့သည့် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ မ.ထ.သ ကို ၁၆.၁.၂ဝ၁၇ ရက်နေ့ကစပြီးတော့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ ျွ့ွှဗ အဖြစ်နှင့် အစားထိုး ဖွဲ့စည်းခဲ့ပါသည်။ အဲဒီအဖွဲ့အစည်း အောက်ကနေ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု ြှ့ ကားများကိုလည်း ပြေးဆွဲစေခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအနေနှင့် ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ရဲရဲရင့်ရင့် အကောင်အထည်ဖော်ခဲ့တာကိုတော့ ကျွန်တော်တို့လွှတ်တော်အနေနှင့် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှု အားနည်းချက်တွေကြောင့် ရန်ကုန် မြို့သူ / မြို့သားတွေဟာ ကြိုးတန်း ပေါ်မှာ လမ်းလျှောက်ရသလို ရင်တမမနဲ့ ဖြစ်ခဲ့ရပါတယ်။ အဲဒီတော့ ြှ့ တာထွက်စ (၅)ရက် တာကာလမှာ ပြည်သူအစိုးရကို ဝိုင်းကူကြတဲ့ တာဝန်ယူလိုစိတ်ရှိကြတဲ့၊ တာဝန်ကျေခဲ့ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းက လူငယ်မောင်မယ်တွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ပုံရိပ်တွေဟာ ြှ့ စနစ် အပြောင်းအလဲကို ပြည်သူတွေ ဘယ်လောက်ကြိုဆိုခဲ့ကြသလဲဆိုတာကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သင်ခန်းစာယူရမှာက မူဝါဒချမှတ်သူတွေဟာ ကိုယ့်ဒေသရဲ့ အတိတ်၊ ပစ္စုပ္ပန် ၊ အနာဂတ်ဆိုတဲ့ ကာလ(၃)ပါးကို ပေါင်းစပ်တွက်ချက်ပြီးမှစနစ်တကျ ပြုပြင်ပြောင်းလဲမှု တွေကို စတင်ဆောင်ရွက်သင့်ပါတယ်။ အခုလို ပွင့်လင်းလွတ်လပ်တဲ့ကာလမှာ အဖွဲ့အစည်းပေါင်းစုံ၊ ပညာရှင်ပေါင်းစုံ ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် တွေအားလုံးပါဝင်ကြပြီးတော့ ဘက်စုံ၊ ထောင့်စုံ၊ ဆွေးနွေးသုံးသပ်ပြီးတော့မှ ခရိုင်အလိုက်အစား ထိုးအပြောင်းအလဲလုပ်ဖို့ ကျွန်တော်တို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီ နှင့် တိုင်းအစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုလုပ်တဲ့အခါတိုင်း မှာကျွန်တော်တို့ အကြံပြု ခဲ့တာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုစီမံခန့်ခွဲမှုအမှားတွေကြောင့် ပြည်သူလူထုရဲ့ မျှော်လင့်မှုတွေကို စိတ်ပျက်အားငယ်မှုဆီကို မရောက်သွားစေဖို့ဖြစ်ပါတယ်။ ပြည်သူလူထုက       မ.ထ.သ ကနေပြီးတော့ ြှ့ ပြောင်းသွားတယ်။ လူလည်းမပြောင်းဘူး။ ကားလည်းမပြောင်းဘူး။ ယာဉ်စီးခလည်း မပြောင်းဘူး။ ပြောင်းသွားတာဆိုလို့ ြှ့ နဖူးစီးစာသားနဲ့ ခရီးနှစ်ဆင့်၊ သုံးဆင့်ပြောင်းစီးရတဲ့အတွက်ကြောင့်မို့လို့ ယာဉ်စီးခတွေ ပိုကုန်တယ်။ အချိန်ပိုကုန်တယ်လို့ ငြီးတွားနေတဲ့အချိန်မှာ တိုင်းဒေသကြီးအစိုးရဘက်က တာဝန်ရှိတဲ့သူတစ်ယောက် ကနေပြီး မီဒီယာကြီးတစ်ခုမှာ ပြောလိုက်သည့်စကားက ယနေ့ပြောစကားလို့တောင်မှ အထူးပြုခံလိုက်ရ ပါတယ်။ သူစကားက ပြည်သူလူထုကိုအသိပေးလိုတာက ၁၉၆၂ ခုနှစ်ကနေပြီး အခု ၂ဝ၁၇ ခုနှစ် အထိ မ.ထ.သ အဖွဲ့အစည်းရဲ့ ဝင်ငွေ နိုင်ငံတော်ကို အခုပြန်အပ်နိုင်တာ (၁)သိန်း (၆) သောင်း၊ အခု ြှ့ ကို ကျွန်မတို့အစိုးရ ဦးဆောင်ပြီးတော့ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကနေ တာဝန်ယူလိုက်တဲ့အချိန်မှာ တစ်လဝင်ငွေ သိန်း(၆ဝဝဝ)ရှိပါတယ်။ သူတို့နှစ်ပေါင်း (၃ဝ)(၄ဝ) ရှာထားတဲ့ပိုက်ဆံက ကျွန်မတို့ (၁)နှစ်တောင်ရှာစရာမလိုဘူးတဲ့။ ကျွန်တော်တို့လွှတ်တော်အနေနှင့် တော်တော်အံ့သြရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု အောင်မြင်တာ၊ မအောင်မြင်တာ ငွေနှင့်တိုင်းတာလို့မရပါဘူး။ ကျွန်တော်တို့ ခရီးသည်တွေကို ဘယ်လောက်ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ပြီလဲ။ ဘယ်လောက်ကျေနပ်မှုရှိကြသလဲအပေါ်မှာ တိုင်းတာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ (၇)သန်း နီးပါးလောက် ရှိတယ်။ ကျွန်တော်တို့ နေ့စဉ်ခရီးသွားပြည်သူတွေဟာ (၃)သန်း နီးပါးလောက်ရှိတယ်။ အဲဒီတော့ ဒီခရီးသည်တွေသွားတဲ့အခါမှာ ကျွန်တော်တို့အရင်က (၂ဝဝ)ပေးစီးပြီးမှ လိုရာခရီးကိုရောက်တဲ့အခါမှာ အခုအခါမှာသူက အဆင့်တစ်ဆင့်လည်း ပြောင်းစီး ရတယ်။ (၁ဝဝ)လည်းပိုကုန်တယ်။ အဲဒီတော့ အသွားအပြန်ဆိုလို့ရှိရင် (၂ဝဝ)ပိုကုန်တယ်။ ခရီးသည်တွေက ဒီ (၂ဝဝ)ကို တစ်နေ့ကို ဒီခရီးသည်တွေသွားနေတဲ့ လူ(၃)သန်းနဲ့ဘဲတွက်လို့ ရှိရင်တောင်မှ ကျွန်တော်တို့တစ်ရက်ကို သန်း(၆ဝဝ)ရာလောက် ပြည်သူတွေက ပိုကုန်တာ ဖြစ်ပါတယ်။ တစ်လဆိုရင်တော့ သန်းပေါင်း (၁၈ဝဝဝ) လောက် ပိုကုန်ပါတယ်။ ဒါဟာ ပြည်သူ ရဲ့ပိုက်ဆံပါ။ ဒါဟာပြည်သူတွေရဲ့ အသံလည်း ဖြစ်ပါတယ်။ အဲဒီတော့ ခရီးသည်တွေ ငွေပိုကုန်တာ နဲ့အမျှ ညီမျှတဲ့ဝန်ဆောင်မှုကို အစိုးရကကြိုးစားပြီးတော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီ အနောက်နိုင်ငံတွေမှာဆိုရင် နှစ်စဉ်ငွေကြေးအမြောက်အမြား အဆုံးရှုံးခံပြီးတော့ အများပြည်သူူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေအဆင်ပြေတဲ့ အမြန်ယာဉ်လိုင်းကိစ္စလေး အနည်းငယ်ထည့်ပြောချင်ပါတယ်။ ဗိုလ်အောင်ကျော်ဂိတ်ကနေပြီးတော့ ယုဇနဥယျာဉ်မြို့တော်ကို ဆွဲနေတဲ့ကားလေးတွေ၊ နောက်ဆူးလေ၊ အောင်မင်္ဂလာအဝေးပြေးကွင်း ၊ ရွှေပေါက္ကံပြေးဆွဲနေတဲ့ကားလေးတွေကိုလည်း ပိုမိုစနစ်ကျအောင် စီမံပြီးတော့ အစိုးရ၏ ျွ့ွှဗ အောက်ကနေပြီးတော့ ဌာနခွဲတစ်ခုအနေနဲ့ တရားဝင်ပြေးဆွဲ ပေးစေချင်ပါတယ်။ ပြည်သူတွေ အဆင်ပြေချောမွေ့ပြီးတော့ ဝန်ဆောင်မှုကောင်းတဲ့ လိုင်းသစ်ဆိုရင် အစိုးရကလည်းဝင်ငွေရ၊ သူတို့အတွက်လည်း ခိုင်မာတဲ့အသိအမှတ်ပြုမှုနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဂိတ်ရင်း၊ ဂိတ်ဖျား နေရာတွေ ယာဉ်စီးရေ သတ်မှတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို အဂတိတရားမပါဘဲနဲ့ ပွင်းလင်းမြင်သာစွာ စီမံရမှာဖြစ်ပါတယ်။ ြှ့ စနစ် အကောင်အထည်ဖော်ရင်းနဲ့ ပူးတွဲ လုပ်ဆောင် သင့်တွေကတော့ လမ်းအသုံးပြုမှုနဲ့ ယာဉ်အသုံးပြုမှုတွေဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်ဟာ လုံလောက်တဲ့လမ်းတွေကို ထပ်မံတိုးချဲဖို့ မဖြစ်နိုင်တော့ပါဘူး။ ယာဉ်အသုံးပြုမှုကိုဘဲ ကန့်သတ်ရမှာ ဖြစ်ပါတယ်။ စင်္ကာပူမှာဆိုရင် မြို့ရဲ့ဗဟိုစီးပွားရေးဇုန် ဃြီ မှာလာတဲ့ကားတွေအားလုံးကို ဝင်ကြေးကောက်ပါတယ်။ ကြာရှည်စွာ ရပ်နားထားမယ်ဆိုလျှင် ကားပါကင်ကြေးကို တခြားနေရာ များထက် ပိုပြီးမြှင့်ထားပါတယ်။ ကိုယ်ပိုင်ကားတွေ ဝင်ရောက်မှု ၊ ရပ်နားမှုကိုလည်း နည်းအမျိုးမျိုးနဲ့ ကန့်သတ်ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့မှာ ပစ္စည်းအတင်အချလုပ်တဲ့ ကုန်တင်ကားတွေ အချိန်ကြာမြင့်စွာ ရပ်နားထားတဲ့ကားတွေ လမ်းမကျယ်တွေ၊ လမ်းသွယ်တွေထဲမှာ အများအပြား ရှိသလို တခြားယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်စေနိုင်သည့်အထိ ထားတာတွေကို လည်းကျွန်တော်တို့ တွေ့ရပါတယ်။ ဒါတွေဟာ နောင်ဆိုရင် ခေတ်မှီနည်းပညာသုံးပြီး ပါကင်နေရာတွေဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ကြီးမားကျယ်ပြန့်တဲ့အတွက် သက်ဆိုင်ရာ တိုင်းအစိုးရအနေနဲ့ အားလုံးပူးပေါင်းဖြေရှင်းတဲ့ နည်းလမ်းကို သုံးဖို့လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်အောင်မြင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလေးအနက်ထားပြီး ဝိုင်းဝန်းကူညီရမှာက အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ယခင် မ.ထ.သ ဌာနချုပ် ၊ မ.ထ.သ ဌာနခွဲများရဲ့ အတွေ့အကြုံရင့်ကျက်မှုများအရ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ စပယ်ယာများဖြစ်ပြီး အဆင့်ဆင့်ပြောင်းလဲလာမယ့် ယာဉ်နောက်လိုက်မလိုတော့တဲ့ အဆင့်ထိဖြစ်လာခဲ့လို့ရှိရင် စပယ်ယာများကို ျွ့ွှဗ ရဲ့အောက်မှာ ဝန်ထမ်းများအဖြစ် ခန့်အပ် တာဝန်ပေးဖို့အထိ စဉ်းစားထားရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်စေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူ သိရှိနိုင်ရေး တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အချိန်။ ၁၃၃၂

ဥက္ကဋ္ဌ ။         ။ ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် ဆွေးနွေးရန် ဖြစ်ပါတယ် ။

ဒေါ်စိုးပပလှိုင် ၊ ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၂) ။            ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ပန်းဘဲတန်းမြို့နယ် ၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင် ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ရဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့် ပတ်သက်ပြီး တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်် ဥက္ကဋ္ဌကြီးရှင့် ။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမယ် ဆိုပြီး မ.ထ.သ အဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ျွ့ွှဗ လို့ခေါ်တဲ့ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ြှ့ အများပိုင် မော်တော်ယာဉ်လိုင်းများအဖြစ် ပြောင်းလဲပြေးဆွဲခဲ့ပါတယ်။ စတင်ပြီးပြေးဆွဲခဲ့သည့်နေ့ကစလို့ ပြည်သူတွေမှာ အဆင်မပြေမှုအသစ်တွေနဲ့ တွေ့ခဲ့ရပါတယ်။ သက်ဆိုင်ရာနယ်မြေအလိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းပေးခဲ့ရပါတယ်။ ပြည်သူတွေနှင့်အတူပါဘဲ ဒီယာဉ်လိုင်းစနစ်အပြောင်းအလဲဟာ ရေရှည်မှာအဆင်ပြေနိုင်ပါ့မလားလို့ စိတ်ပူပင်မှုတွေ ဖြစ်ပေါ် ခဲ့ပါတယ်။ ယာဉ်လိုင်းတွေရဲ့ အခက်အခဲတွေနဲ့ အကျွမ်းတဝင်ဖြစ်ဖို့ တစ်ဆင့်စီး၊ နှစ်ဆင့်စီး စသည့် အကူးအပြောင်းတွေကိုု ကျင့်သားရဖို့ပြည်သူတွေ ကြိုးပမ်းနေချိန်မှာဘဲ နောက်ထပ်ရင်ဆိုင်ရတဲ့ ပြဿာနာဟောင်းများကတော့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အချို့ ရဲ့ဝန်ဆောင်မှု ညံ့ဖျင်းတာတွေ မှတ်တိုင်မဟုတ်ဘဲ ကြုံသလိုခရီးသည် အတင်အချလုပ်တာတွေ၊ ကားပြိုင်မောင်းတာတွေ စသည့် ကိစ္စရပ်တွေဘဲဖြစ်ပါတယ်။ ရံဖန်ရံခါဆိုသလို ခရီးသည်တွေကို ရန်မူတာတွေလည်း ရှိပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းရတာဟာ ပြည်သူလူထုရင်ဆိုင်နေ ရသည့် အခက်အခဲတွေကို လျော့ပါးစေလိုပြီး ပိုမိုကောင်းမွန်သည့် ပြည်သူကိုဗဟိုပြုသည့်စနစ်ကို ဦးတည်တယ်လို့ ယူဆရပါတယ်။ ပြည်သူကို ကာကွယ်ပေးသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ှသခငေူ ဏမသအနခအငသည လို့ခေါ်ပါတယ်ရှင်။ ဒါကိုဆောင်ရွက်ဖို့အတွက်ဆိုရင် ပထမဆုံးအနေနှင့် မူဝါဒ ရေးရာရွေးချယ်မှုတွေကို ဆောင်ရွက်ရပါတယ်ရှင်။ မူဝါဒရေးရာရွေးချယ်မှု မပြည့်စုံတာဘဲဖြစ်ဖြစ်၊ အကောင်အထည်ဖော်မှု နှောင့်နှေးတာတွေဘဲဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ စိန်ခေါ်မှုနဲ့ အပြောင်းအလဲ တွေကို အရင်ဆုံးခံစားရတာက ပြည်သူတွေဘဲဖြစ်ပါတယ်။ မ.ထ.သ ကနေ ြှ့ကို အကူးအပြောင်းဟာ ကောင်းအောင်ပြောင်းလဲလိုက်တာဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ မူဝါဒရေးရာ အကောင်အထည်ဖော်မှုအားနည်းခြင်း၊ စီမံခန့်ခွဲမှုလျော့နည်းခြင်း၊ စည်းကမ်းထိန်းသိမ်းမှု နည်းပါးခြင်း၊ အရေးယူအပြစ်ပေးမှု ထိထိရောက်ရောက်မရှိခြင်း စတာတွေအပြင် အရေးကြီးဆုံး ဖြစ်သည့် ပြည်သူကိုအသိပေးမှု၊ ပညာပေးမှုအချိန်နည်းလွန်းခြင်းကြောင့် ပြည်သူတွေမှာ အခက်အခဲတွေ ဖြစ်နေရပါတယ်။ ဒီလိုအခက်အခဲတွေကို ပြေလည်စေဖို့နဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းစနစ် အောင်မြင်စေဖို့အတွက်ဆိုလျှင် ပြည်သူအသံကို နားထောင် ရပါမယ်။ ပြည်သူအကျိုးကို ဖြစ်ထွန်းစေမယ့် မူဝါဒဖြစ်တယ်ဆိုတာ ပြည်သူနားလည် သဘော ပေါက်အောင် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ချပြရပါမယ်။ တိုင်ကြားချက်၊ အကြံပြုချက်တွေကို အရေးတယူ အချိန်နှင့်တပြေးညီ လက်ခံဖြေရှင်းပေးဖို့လည်း လိုပါတယ်။ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များကိုလည်း လိုအပ်သည့် အရည်အသွေးမြှင့် သင်တန်းတွေ သင်ကြားပညာပေးဖို့ လိုအပ် ပါလိမ့်မယ်။ ဒါတွေကို ယခုထက်ပိုမို လုပ်ဆောင်နိုင်မယ်ဆိုရင် အများပြည်သူသယ်ယူပို့ ဆောင်ရေးလုပ်ငန်းဟာ အကောင်းဘက်ကို ဦးတည်လာနိုင်မယ်လို့ ယူဆပါတယ်ရှင်။ ဒါကြောင့် အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် စည်းမျဉ်းစည်းကမ်းချိုးဖောက်မှုများရှိပါက ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး ျွ့ွှဗ ၏ လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်ရှင်။

အချိန်။ ၁၃၃၄

ဥက္ကဋ္ဌ ။        ။ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဆွေးနွေးရန် ဖြစ်ပါတယ် ။

ဦးကျော်ဇေယျ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျော်ဇေယျ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှဦးဝေဖြိုးဟန် တင်သွင်းသည့် အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ကျွန်တော်တို့ အဆိုရှင်၏အဆိုကို လေ့လာကြည့်လို့ရှိရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ် အခုထက်ပိုမိုကောင်းမွန်လာစေရေးကို ကျွန်တော် အနီဖြင့် ပြထားပါတယ်။ အခုထက် ပိုမိုကောင်းမွန်လာစေရေးလို့ အဆိုရှင်ကဆိုထားတော့ ယခုလက်ရှိအချိန်က သိပ်မကောင်းသေးသည့် အနေအထားပါ။ ဒါပေါ်လွင်နေမှုရှိပါတယ်။ ထိရောက်သောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆိုတော့ ဆက်လုပ်ဖို့ပေါ့ ။ ဒါတွေဟာ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ အခု (၂၆) ဦး ဆွေးနွေးပြီးတဲ့ အခါမှာ လွှတ်တော်က အတည်ပြုမှာပါ။ အတည်ပြုလိုက်ရင် အကောင်အထည်ဖော်ဖို့က အစိုးရ၏ တာဝန်ဖြစ်ပါတယ်။ အစိုးရရဲ့တာဝန်ဖြစ်သည့်အတွက် အကောင်အထည်ဖော်သည့်နေရာမှာ ဘယ်လို အကောင်အထည်ဖော်မှာလဲ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဘဲ ကိုယ်စားလှယ်တော်ကြီးများ ဇန်နဝါရီလ ၁၆ ရက်နေ့ကစပြီးတော့ မော်တော်ယာဉ်ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ မ.ထ.သ ကို ဖျက်သိမ်းပြီးတော့ ကျွန်တော်တို့ဒီ ြှ့ ပေါ့နော်။ ျွ့ွှဗ ဒဒ ့ညေါသည ျွနါငသည ွှမညျေစသမအ ဗကအ့သမငအပဒဒ ပေါ့ ဒါကိုဖွဲ့လိုက်သည့်အခါမှာ ကျွန်တော်တို့ အခု ဆက်ပြီးတော့ ျွကည လုပ်နေတာ ဘယ်မူ ၊ ဘယ်စည်းကမ်းတွေနဲ့ လုပ်မှာလဲ။ မ.ထ.သ တုန်းကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျသယ်ယူပို့ဆောင်ရေး ဥပဒေရှိတယ်။ အခုဘယ်ဥပဒေနဲ့ အကောင်အထည်ဖော်လုပ်မှာလဲ။ ဒါလေးတွေဟာ စဉ်းစားသင့်တဲ့ ဟာလေးတွေပါ။ တော်ကြာ ကျွန်တော်တို့က အတည်ပြုပြီးတော့ ခုနကလည်းပြောသွားပါတယ်။ ပြည်သူအသံ လွှတ်တော်အသံ၊ လွှတ်တော်အသံဘယ်ကိုရောက် လေထဲမှာပျောက် ဆိုတော့ အဲဒါ ကျွန်တော်တို့လွှတ်တော်ကြီးလည်း ဒါမကောင်းပါဘူး။ ဒါလေးတွေသတိထားဖို့ လိုပါတယ်။ အဲဒါ ကျွန်တော်တင်ပြချင်တာကတော့ ဒီမှာတင်ပြတာကတော့ ဒီအဆိုဟာအတည်ပြုမှာပါ။ ဒါဟာ ဒီမှာစပြီး အတည်ပြုတာကိုက စီမံကတည်းကိုက ဒီမှာ (၃၅) ယာဉ်လိုင်း ကျွန်တော်အမြဲစီးနေတဲ့ ယာဉ်လိုင်း ဒီဂက်စ်ဆိုင်ဟာ ကျွန်တော်တို့ဒီဟာ ထောက်ကြန့်လိုင်းဖြစ်ပေမယ့်လို့ ထောက်ကြန့် ဂက်စ်ဆိုင်မှာ ဂက်စ်ဖြည့်ရပေမယ်လို့ အခုဂက်စ်ဆိုင်ဟာ အမှတ်(၃)လမ်းမကြီးဘေးက မင်္ဂလာဒုံ ဂက်စ်ဆိုင်မှာ ဂက်စ်ထည့်နေရပါတယ်။ ထည့်နေတော့ လုပ်သားပြည်သူတွေက ဘယ်လိုစီးနေကြလဲ။ အောက်ကပုံအတိုင်းပါပဲ ကားကကြပ်နေတယ်။ အပေါ်တက်၊ အောက်ဆင်း လုပ်ရသေးတယ်။ ဒါလေးတွေ အခက်အခဲလေးတွေဟာ စီမံမှုညံ့ဖျင်းတဲ့အတွက် ဖြစ်နေရတာပါ။ ဒီမှာ(၃၅) ယာဉ်လိုင်း စပြီးစီမံကတည်းကိုက တလွဲစီမံခဲ့တာ။ ပြည်သူလူထုက မလေးစားတော့ဘူးပေါ့။ ဒီမှာတင်ပြထားတဲ့ ပြေးမယ့်လိုင်းကို ညွှန်ကြားထားတယ်။ ထောက်ကြန့် – နွယ်ခွေကနေ ခရေပင်လမ်းခွဲကနေ မြို့ထဲကိုသွားမယ်။ ယနေ့ထိတိုင် အဲဒီ(၃၅)လိုင်းဟာ ခရေပင်လမ်းကနေ လုံးဝမမောင်းသေးပါဘူး။ ဒါတွေဟာ ပြည်သူလူထုရဲ့ ြှ့ ပေါ်ယုံကြည်မှုမရှိတဲ့ဟာတွေ ကြေညာပြီးတော့ ဘယ်လိုလဲဟာ။ ြှ့ ကြည့်စမ်း။ ပြေးမယ်လို့ကြေညာထားပါလျက် မပြေးပါဘူးခင်ဗျား။ အဲဒါလေးတွေပါ။ အရင်တုန်းက ၁ဝ၂ ဒါအစားထိုးယာဉ်လိုင်း ပြေးပါတယ်။ ခရေပင်လမ်းခွဲက ဒါလက်တွေ့ ကျွန်တော် တင်ပြတာပါ။ နောက်တခါ ဥပဒေပေါ့။ ကျွန်တော်တို့ ဥပဒေကြမ်းကော်မတီနှစ်ပတ်လည် ပူပူနွေးနွေးဘဲ စတုတ္ထပုံမှန်မှာဘဲ အစီရင်ခံသွားတာပါ။ ဒါဟာကိုယ်စားလှယ်တော်ကြီးများ ထပ်ပြီးဖော်ပြတာပါ။ ဒီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ျွ့ွှဗ နဲ့ ြှ့ ၏ကွဲလွဲချက်များ ဖြစ်ပေါ်နေခြင်းအပေါ် အမြန်စိစစ်သုံးသပ်ပြီးတော့ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်သင့်ပါသည်ဟု သုံးသပ်ပါသည်။ ဒါဥပဒေကြမ်းကော်မတီက လွှတ်တော်ငယ်   ပါခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က သုံးသပ်လိုက်တာပါ။ ဒါကိုလိုက်နာ အကောင်အထည်ဖော်ရမှာပါ။ ဒီဟာတလွဲဖြစ်နေတဲ့အတွက် ဒါ ွကငိန ူငညန ပါပဲ။ ဒါပြည်သူ့အသံ ပါပဲ။ ကျွန်တော်တင်ပြတာပါ။ ဒီမှာတော့ ကျွန်တော်တို့ အဲဒီမှာသတင်းများက ဖော်ပြနေတာပေါ့။ ဒါနိုင်ငံပိုင်သတင်းစာကပါခင်ဗျား။ ဂျာနယ်ကဟာ မဟုတ်ပါဘူး။ ဒါပုဂ္ဂလိက သတင်းစာကပေါ့။ ကျွန်တော့်ရဲ့ နိုင်ငံပိုင်သတင်းစာကပါ ဖော်ပြနေတာပါ ။ စတင်ပြေးဆွဲတဲ့ ရက်(၅ဝ)အတွင်းမှာ (၅) ယောက်သေသွားပြီ။ (၁ဝ)ရက်ကို တစ်ယောက်နှုန်း သေနေပါတယ်။ ဒါဟာလက်တွေ့ပါဘဲ        ခင်ဗျား။ ဒါလေးတွေအောင်မြင်မှုရှိ/မရှိ။ အောက်ကတောင်မှ စြွာကင်း၊ စာသားကိုနည်းနည်း ကျွန်တော်တင်ပြချင်ပါတယ်။ စည်ကမ်းဖောက်တဲ့သူတွေကို ခေါ်ယူစစ်ဆေးမေးမယ်။ ဘယ်ယာဉ်လိုင်းတွေက စည်းကမ်းဖောက်တာလဲ မှတ်တမ်းတွေလုပ်မယ်။ အများပိုင်ကုမ္ပဏီ ပြောင်းတဲ့အခါ စည်းကမ်းလိုက်နာမှု အားနည်းတဲ့ယာဉ်လိုင်းတွေကို ကျန်ခဲ့မယ်။ ဒါအတွင်းရေးမှူး တာဝန်ယူထားတဲ့ ဒေါက်တာမောင်အောင်ရဲ့ နှုတ်စကားပါ။ ဒါ ဘယ်လိုကျန်ခဲ့မှာတုန်း။ ဒါသူတို့ တွေကို ဘယ်ဥပဒေနဲ့ ဖြုတ်ခဲ့မှာလဲ။ ဒါတွေဒီလိုဖြစ်တဲ့အတွက်ဆိုတာ ဒါသူတို့က ဃသာစူငေည တက်ရင်ဘယ်နှယ့်လုပ်မလဲ။ ဘယ်လိုရင်ဆိုင်မလဲ။ ဒါတွေဟာ စဉ်းစားသင့်တဲ့ဟာတွေပါ။ ကျွန်တော် တင်ပြတာပါ။ နောက်တခါ ြှ့ ကဘယ်လောက်အောင်မြင်လဲဆိုတာ ဧပြီလ (၁ဝ)ရက်နေ့က ဒီထဲမှာသင်္ကြန်မတိုင်မီလေးက အဲဒီမှာမြို့ပတ်ရထားမှာတဲ့ အရင်တုန်းက မ.ထ.သ ရှိစဉ်က လူဦးရေ (၇)သောင်းစီးပေမယ့်လို့ ြှ့ ပြောင်းလဲလာပြီးနောက် တဖြည်းဖြည်းတက်လာတာ (၉)သောင်းကျော်ကနေ အခုတဖြည်းဖြည်းများပြားလာတယ်။ ြှ့ အောင်မြင်မှုကို ဖော်ပြနေတဲ့ သတင်းလေးပါဘဲ။ ဒါဘယ်လောက်များ ြှ့ အောင််မြင်နေသလဲ မ.ထ.သ နှင့် ယှဉ်တဲ့အခါမှာ မ.ထ.သ ရှိတုန်းက မြို့ပတ်ရထားကို အားမကိုးဘူး။ ြှ့ လည်းပြောင်းရော မြို့ပတ်ရထားကို အားကိုးလိုက်တာ။ (၉)သောင်းကျော် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းမှာ ဖော်ပြထားတာပါ ခင်ဗျား။ ဒါကတော့ကြည့်ပါ။ ကျွန်တော်အခုနကပြောတဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဆိုတဲ့ ကြီးကြပ်နေတဲ့ ြှ့ က ယာဉ်နှစ်စီးတိုက်တဲ့ အခါမှာ ညှိမရတဲ့အခါမှာ ဘယ်လောက်အာဏာပိုင်လဲဆိုတာ အဲဒါလေးတွေ ကျွန်တော်တင်ပြချင် ပါတယ်။ ဒီ ဗကအ့သမငအပ ကို အာဏာပိုင်လို့ တိုက်ရိုက်ပြန်ပြီး ဖွဲ့တာပါခင်ဗျား။ ဒီအာဏာပိုင် ကျွန်တော်တို့မှာ အာဏာရှင်စနစ်ကကုန်ပါပြီ ဒီမိုကရေစီစနစ်ကို လိုလားလို့ တင်ပြတာပါခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဆိုပြီးတော့ မရဘူးလား။ အာဏာပိုင် ဆိုတဲ့ စာလုံးကြီးထည့်မှလား။ အာဏာပိုင်စာလုံးကြီးထည့်လာပြီးတော့ ဒီလိုအမိန့် တောင်မနာခံ ကားသမားတွေအချင်းချင်း၊ ြှ့ အချင်းချင်းချပြီးတော့ ယာဉ်ကြောပိတ်ဆို့နေတယ်။ ဒါကြီကလည်း မကောင်းပါဘူးခင်ဗျား။ ဒီမှာ ဒါဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်ပေါ့။ ဒါနောက်ဆုံး ပါဘဲ။ ကျွန်တော်ဖတ်ပြပါမယ်။ တစ်လိုင်းထဲကနေ ဦးဆောင်ပြေးဆွဲနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက် နေပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှုကောင်း မဖြစ်သေးဘူး။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များရဲ့ ဆက်ဆံရေးကောင်း မဖြစ်သေးဘူး။ ယခင်တုန်းက ကျြ ကားတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်နောက်လိုက် တွေကိုဘဲ ဒီစနစ်ပဲကျင့်သုံးနေတာ ဖြစ်ပါတယ်။ ဒါဝန်ကြီးချုပ်လည်း သိနေသည့် သဘောပေါ့။ ဒီစနစ်ကို ပြောင်းချင်ပါတယ်။ သြော်ဒီစနစ်ကို ပြောင်းနေပြီလေ မ.ထ.သကနေ ြှ့ ကို ပြောင်းပြီးနေပြီ ဝန်ကြီးချုပ်ကြီးက ပြောင်းချင်ပါတယ်ဘဲ ရှိပါသေးတယ်။ အဲဒါဆို ပြည်သူလူထုက အားကိုးရတာ နည်းနည်းလေးအားအင်တွေ၊ ယုံကြည်မှုတွေ လျော့ပါးလာတဲ့အခါ ဒါလေးတွေ ကလက်တွေ့ပါဘဲခင်ဗျား။ ဒါကိုတော့ မပြီးသေးသော ပန်းချီကားကြီးပါ။ ကျွန်တော်ရဲ့ အမြင်လေးထဲက ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကြီး ဦးစီးလုပ်ကိုင်နေတဲ့ ဟာကြီး ၂ဝ၁၆ -၂ဝ၁၇ ခုနှစ်ကုန်ရင် ဒါအခုအဆိုတင်သွင်းနေတဲ့ ဦးဝေဖြိုးဟန်ကိုယ်တိုင် မေးခွန်း မေးခဲ့တာပါ။ ယနေ့ထိမပြီးသေးပါဘူး။ (၄)လစွန်းလာပြီ။ ဒါကြီးကအားထည့်ရမယ့်ဟာတွေ။ ဘယ်လောက်ထိတောင် အာဏာပိုင်လည်းဆိုတော့ အခုထက်ထိမပြီးသေးဘူး။ ဘယ်အထိပြီးမယ် မသိဘူး။ ဒါကြီးတာပြီးခဲ့လို့ရှိရင်လည်း ယာဉ်တွေထိန်းချုပ်တဲ့နေရာမှာ အလွန်ကောင်းတဲ့ဟာ ပေါ့နော်။ အခုထိမပြီးသေးပါဘူး။ ဘယ်နေ့ပြီးမယ် မသိသေးဘူး။ တစ်နေ့ထက်တစ်နေ့ ဒဏ်ကြေး ကတော့ကြော်ငြာထားတာဘဲ။ ဒါလေးဘဲရှိပါတယ်။ ကျွန်တော့်အနေနဲ့နိဂုံးချုပ်တင်ပြရရင်တော့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့အစိုးရအဖွဲ့အနေနဲ့ ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးတဲ့ စီမံကိန်းများအားလုံး အကောင်အထည်ဖော်ရာမှာတော့ စီမံချက်အား စနစ်တကျရေးဆွဲပြီးမှသာ လက်တွေ့စမ်းသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ကျွန်တော်တင်ပြလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျွန်တော်တို့ အခုပြောရလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အလျောက်မှာ ျွှအေနမ ွှထေင ဆိုတဲ့ဟာကြီးက အကောင်အထည်ဖော်အုံးမှာပါ။ ဒါ ရေအဆုံး၊ ကုန်းတစ်ဝက်ပေါ့။ ကုန်းပေါ်မှာ ဒီလောက်လေး ပေမယ့် ရေထဲမှာ အကုန်သေကုန်အုံးမှာပါ။ ဒါလေးတွေက စီမံချက်တစ်ဆက်တည်း လုပ်ဖို့လိုပါတယ် ဆိုတာကို ကျွန်တော်က အကြံပြုတာပါခင်ဗျား။ နောက်တခါ ကျွန်တော်အဆိုရှင် တင်ပြသကဲ့သို့ လုပ်ငန်းဆောင်ရွက်ချက်များလည်း အများပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ အချိန်နှင့်တပြေးညီ အသိပေးရန် လိုအပ်ပါတယ်ခင်ဗျား။ အလွန်လိုအပ်တဲ့ဟာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျွန်တော်တို့ ခေါင်းဆောင်ကိုယ်တိုင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အစိုးရကောင်းတစ်ရပ်ဟာ။ ပွင့်လင်းမြင်သာပြီးတော့ မိမိရဲ့တာဝန်ရှိ၊ တာဝန်သိမှုတွေကို ဒါလုံးဝဥဿုန် တာဝန်ယူရမယ်ဆိုတဲ့ဟာ ပြောထားတာရှိတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ကောင်းမွန်သည့်အစိုးရ ွသသိ ွသလနမညာနညအ ဖြစ်ချင်တာပေါ့ခင်ဗျား။ အဲဒါကြောင့် ကျွန်တော် အကြံပြုရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တင်ပြတဲ့အဆိုကို ထောက်ခံရင်း နိဂုံးချုပ် အပ်ပါတယ်။ ကျွန်တော်နောက်ဆုံးတင်ပြချင်တာကတော့ အခုပြောနေကြတာပေါ့ ြှ့ ပေါ့နော်။ ဒါပြည်သူ အတွက် ြှ့ ပေါ့။ အခုလက်ရှိကတော့ ပြည်သူအတွက် ြှ့ မဟုတ်ဘူး။ ပြည်သူ စိတ်ပျက် ြှ့ ဖြစ်နေကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

အချိန်။ ၁၃၄၄

ဥက္ကဋ္ဌ ။         ။ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး ဆွေးနွေးရန် ဖြစ်ပါတယ် ။

ဒေါ်ခိုင်မာဌေး ၊ လှိုင်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၂) ။ ။လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အစိုးရအဖွဲ့ဝန်ကြီးများ ၊ ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး ဖြစ်ပါတယ်ရှင်။ ကျွန်မအနေနဲ့ အင်းစိန်မြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၂) မှလွှတ်တော် ကိုယ်စားလှယ်ဦးဝေဖြိုးဟန် တင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းအများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင် စေရေးပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို ကိုပြည်သူအကျိုးကိုပိုမိုရှေးရှုဆောင်ရွက်နိုင်စေလိုသော စေတနာအမှန်ဖြင့် အပြုသဘောဆောင် ပြီးထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးချက်များကို စာဖြင့်ဖတ်ကြား တင်သွင်းခွင့်ပြု ပါရှင်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ရန်ကုန်တိုင်းပြည်သူအများစုဟာ သက်တမ်း နုနုလေးအတွင်းမှာ ကိစ္စများစွာနှင့်တာဝန်တွေ မနားမနေဆောင်ရွက်နေရတဲ့ ရန်ကုန်တိုင်းအစိုးရ ပေါ်နားလည်ကြပါတယ်။ ပြည်သူ့အကျိုးကို အလေးထားပြီး ပိုမိုကောင်းမွန်နေသော စေတနာတွေ နဲ့အများစိတ်ပျက်နေတဲ့ မ.ထ.သ စနစ်ကြီးကို ဖျက်သိမ်းပြီး ျွ့ွှဗ ရဲ့ကွပ်ကဲမှုနဲ့ ြှ့ နဲ့ ပြောင်းလဲခဲ့တာကိုလည်း ပြည်သူအများစုက ဝမ်းသာအားရ ကြိုဆိုခဲ့ရပါတယ်။ ထို့အပြင်အစိုးရ ရဲ့ပြောင်းလဲမှုကို ငွေအင်အား၊ လူအင်အားတွေနဲ့ ဝိုင်းဝန်းကူညီခဲ့ကြတာ အားလုံးသိပါတယ်။                         အားလုံးရဲ့မျှော်လင့်ချက်ကတော့ စည်းကမ်းပျက်လှတဲ့ မ.ထ.သ စနစ်ကြီးကို နှုတ်ဆက်ပြီး ြှ့ နဲ့ ပျော်ပျော်ရွှင်ရွှင်ခရီးဆက်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ြှ့ မပြောင်းခင် (၅)ရက်အလိုလောက်မှာ ြှ့ ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေ သိခွင့်ရပြီး မိမိတို့မြို့နယ်အလိုက် ပူးပေါင်းပါဝင်ကူညီ                 မယ့်သူတွေကို ရက်တိုတိုနဲ့ဘဲ စုစည်းပြီး အစိုးရရဲ့အပြောင်းအလဲမှာ အားသွန်ခွန်စိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်ကူညီခဲ့ကြပါတယ်။ အစိုးရအနေနဲ့လည်း စနစ်တစ်ခုကနေတစ်ခု အပြောင်းအလဲကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ဖို့ကိုလည်း ကိုယ်စားလှယ်အများစုက မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ြှ့ ပြေးဆွဲစနစ်နဲ့ ပြေးဆွဲတာ (၃)လ ကျော်ကျော်ရှိခဲ့ပေမယ့် ပြည်သူကြားမှာနေရတဲ့ ကျွန်မတို့ကိုယ်စားလှယ်တွေဆီကို နေ့စဉ်ကား တိုးစီးနေရတဲ့ ပြည်သူတွေရဲ့ ရင်ဖွင့်သံ ၊ တိုင်ကြားသံ၊ အကူအညီတောင်းသံတွေကို အခုထိကြားနေ ရဆဲဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ဝင်ရောက် ဆွေးနွေးရတာဖြစ်ပါတယ်။ တစ်ချို့ကားလိုင်းတွေ အဆင်ပြေတာကြားရပေမယ့် များသောအားဖြင့်လိုအပ်မှုတွေ ရှိနေဆဲပါ။ စနစ်တစ်ခုကတစ်ခု အပြောင်းအလဲမှာ အနည်းနဲ့အများဆိုသလို အားနည်းချက်တွေရှိတယ်ဆိုတာကို ကျွန်မတို့လက်ခံ ပါတယ်။ ဒါကိုအားလုံးလည်း လက်ခံကြမှာပါ။ ဒါပေမယ့် အချိန်ကြာကြာအားနည်းချက်ရှိ                       လာရင်တော့ သိပ်အဆင်မပြေပါဘူးလို့ သုံးသပ်မိပါတယ်။ မ.ထ.သ ကနေပြီးတော့ ြှ့ ပြောင်းလဲတာကို ပြန်ကြည့်မယ်ဆိုရင် ရည်ရွယ်ချက် အင်မတန်ကောင်းမွန်ပေမယ့် စနစ်ကျမှု၊ ကြိုတင် ပြင်ဆင်ထားနိုင်မှု၊ အားနည်းခဲ့ပါတယ်လို့ဘဲ သုံးသပ်မိပါတယ်။ ဒါဟာ ရန်ကုန်တစ်တိုင်းလုံးရဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါသောကြောင့် လူဦးရေ (၅)သန်းကျော်နဲ့ နေ့စဉ်ဘတ်စ်ကား တိုးစီးနေရတဲ့ ပြည်သူ(၂)သန်းကျော်ရဲ့ သွားရေးလာရေးဖြစ်ပါသောကြောင့် စစ်တမ်းကောက်ယူ မှုတွေ၊ ပြည်သူတွေရဲ့အမြင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေ၊ ပညာရှင်တွေရဲ့အကြံ ပြုချက်တွေနဲ့ ပူးပေါင်းပြီးတော့မှ စမ်းသပ်ကာလတွေကို ဖြတ်သန်းပြီး ပြောင်းလဲသင့်ခဲ့ပေမယ့် ထိုသို့လုပ်ဆောင်နိုင်မှု အားနည်းတဲ့အတွက် လိုအပ်ချက်တွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဖြစ်ပေါ်လာတဲ့ လိုအပ်ချက်တွေပေါ်မှာလည်း အချိန်မီီကုစားနိုင်ဖို့ လိုအပ်နေပါကြောင်း သုံးသပ်မိပါတယ်။ စည်းကမ်းမဲ့လှတဲ့ ယာဉ်မောင်းသူအချို့ကို အရေးယူမှုမှာလည်းအားနည်းပြီး ထိရောက်တဲ့ အရေးယူ နိုင်ခြင်းတွေမရှိသေးတာနဲ့ ပြစ်မှုပြစ်ဒဏ်နည်းသေးတာဟာ စည်ကမ်းမဲ့ယာဉ်တွေနဲ့ ယာဉ်နောက် လိုက်တွေရဲ့ပြစ်မှုတွေကို ထပ်မံကျူးလွန်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ြှ့ ရဲ့ပထမတာထွက်ကာလတွေမှာ ပြည်သူတွေပူးပေါင်းအင်အားနဲ့ စနစ်တကျဖြစ်အောင် ထိန်းသိမ်းခဲ့ပေမယ့် နောက်ပိုင်းအစိုးရအနေနဲ့ ဆက်လက်ထိန်းသိမ်းနိုင်ခြင်း အားနည်းခဲ့ပါသောကြောင့် ယခုဆိုရင်ကားတွေဟာ ရပ်ချင်သည့် နေရာမှာရပ်၊ ကျော်ချင်သလိုကျော်၊ ကားမှတ်တိုင်တွေမှာ ွှထေင တွေ ဂိတ်ထိုး၊ ကားတွေက လမ်းမပေါ်မှာရပ်ဖြစ်နေတာတွေကိုတွေ့ရတော့ နေ့၊ ညမပြတ် ပူးပေါင်းပါဝင်ကူညီခဲ့သူတွေရဲ့ အချိန်နဲ့လုပ်အားတွေဟာ အရာမထင်ဖြစ်စေခဲ့ပါတယ်။ ယခုလက်ရှိ ြှ့ စနစ်ကို အကြံပြု ဆွေးနွေးချင်တာကတော့ ယာဉ်စီးခမညီမျှမှုတွေရှိတာကို စနစ်တကျသေချာလှတဲ့ ကတ််စနစ်နဲ့ အမြန်ဆုံးပြောင်းလဲဖို့ အကြံပြုပါရစေ။ မူလကပင် အဆင်မပြေဖြစ်နေတဲ့ ယာဉ်လမ်းကြောင်းတွေ ကိုလည်း သေချာလေ့လာသုံးသပ်ပြီး ပြန်လည်ပြေးဆွဲနိုင်ဖို့ကို ကြိုးစားပေးစေလိုပါတယ်။ မှတ်တိုင် နေရာချထားပေးတဲ့ နေရာတွေမှာလည်း တစ်ချို့ယာဉ်ပိတ်ဆို့မှုတွေ ဖြစ်စေတဲ့နေရာတွေကို နေရာ ပြန်လည်ပြင်ဆင်စေလိုပြီး မိုးလုံ၊ လေလုံ မှတ်တိုင်များ ပြုလုပ်ပေးစေချင်ပါတယ်။ ယာဉ်စီးရေ လုံလုံလောက်လောက်ဆွဲပေးဖို့နဲ့ လူအများရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ကားအစီးရေပိုမိုပြေးဆွဲဖို့ ညကားတွေကိုလည်း ည(၁ဝ)နာရီလောက်ပြေးဆွဲပေးဖို့ကိုလည်း အကြံပြုပါရစေ။ အရေးကြီးဆုံးဖြစ် သည့်စည်းကမ်းပိုင်းကိုတော့ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်စေချင်ပါတယ်။ ယာဉ်မောင်းတွေရဲ့ လိုင်စင်တွေမှန်/မမှန်နဲ့၊ အရက် သေစာသောက်စားမှုစစ်ဆေးခြင်းတွေအပြင် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေအတွက် သင်တန်းတွေ ပေးစေချင်ပါတယ်။ ကြီးကြပ်ရေးအဖွဲ့တွေနဲ့လည်း လိုအပ်လျှင်လိုအပ်သလို ဘတ်စ်ကားလမ်းကြောင်းတွေကို စစ်ဆေးစေချင်ပါတယ်။ နည်းပညာများရဲ့ အကူအညီကိုလည်း ယူစေချင်ပါတယ်။ အများပိုင်ကုမ္ပဏီတွေဖွဲ့ပြီး ြှ့ ကို စတင်ခဲ့တာဖြစ်လို့ အများပိုင်ကုမ္ပဏီ (၈)ခု         ဖွဲ့ထားပြီး ဖြစ်ကြောင်းကိုလည်း သိရှိရသည့်အတွက် ပြည်သူအများသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ ချပြပေးစေလိုပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ြှ့ ကားတွေရဲ့ ကြံ့ခိုင်မှု တစ်ချို့ကို တစ်ချို့ကိစ္စ တွေမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ဧပြီ(၁၆) ရက်နေ့ နောက်ဆုံးအပ်နှံဖို့ သတ်မှတ်ထားသော်လည်း လုပ်ငန်းလိုအပ်မှုအရ နောက်ထပ် (၃)လထပ်တိုးပြေးဆွဲခွင့်ပြုထားကြောင်း သိရှိရသည့်အတွက် အပ်နှံဖို့ကျန်ရှိနေတဲ့ လက်ရှိပြေးဆွဲ နေသည့် ယာဉ်တွေရဲ့ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးစေချင်ပါတယ်။ ဖေဖော်ဝါရီလ (၂၆)ရက်နေ့က ဆူးလေ – မြောက်ဒဂုံပြေးဆွဲသည့် ြှ့ စနစ် မှန်လုံယာဉ်ဟာ ပြေးဆွဲနေတုန်း ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားသည့်အတွက် အလားတူဖြစ်ရပ်မျိုးတွေမဖြစ်ပွားအောင် ကာကွယ်နိုင်ဖို့ အကြံပြု တင်ပြရခြင်း ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ နောက်ဆုံးအကြံပြုဆွေးနွေးချင်တာကတော့ ြှ့ ကိုနမူနာယူပြီး နောက်ပိုင်းဆောင်ရွက်လို့ရမယ့်လုပ်ငန်းတွေမှာပါ အစိုးရအနေနဲ့ သေချာတဲ့ ပြင်ဆင်မူတွေပြုလုပ်ပြီးမှ ဆောင်ရွက်စေလိုပါကြောင်း အကြံပြုဆွေးနွေးရင်းနဲ့ အဆိုရှင် ဦးဝေဖြိုးဟန်၏ အဆိုအားထောက်ခံဆွေးနွေးအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

အချိန်။ ၁၃၅ဝ

ဥက္ကဋ္ဌ ။         ။ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဒေါ်မိုးမိုးစုကြည်၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ဖြစ်ပါတယ်ရှင်။ လေးစားရပါသောလွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နှင့်ပတ်သက်သည့်အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာဘဲ ဖြစ်ပါတယ်ရှင်။ အခုအစိုးရသစ်လက်ထက်မှာ အထူးတလည်အာရုံစိုက်ပြီး လုပ်ဆောင်ရမှာကတော့ ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုလျော့ချရေးဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုလျော့ချရေးအတွက် အဓိကလုပ်ဆောင်မှုများနှင့်အတူ ပါလာတာကတော့ ရန်ကုန်မြို့ရဲ့ဘတ်စ်ကားပြုပြင်ပြောင်းလဲမှုဘဲ ဖြစ်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ည(၉းဝဝ) နာရီအချိန်၌ မ.ထ.သ အဖွဲ့အစည်းကြီးကို အပြီး အပိုင်ဖျက်သိမ်းပြီး ၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ၊ နံနက်ကနေစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့ ျွ့ွှဗ ၏ ကွပ််ကဲမှုဖြင့် ြှ့ လို့ခေါ်သည့် အများပိုင်မော်တော်ယာဉ်လိုင်းများစနစ်ဖြင့် စတင်ပြေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန် တိုင်းဒေသကြီးအတွင်းက ပြည်သူများဟာ ဒီ ြှ့ စနစ်ကြီးအပေါ် ကြီးစွာမျှော်လင့်ထားတယ် ဆိုတာ အစိုးရအဖွဲ့စတင်အကောင်အထည်ဖော်စဉ်ကာလမှာ မျက်ဝါးထင်ထင်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ကူညီပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတဲ့ဒီ ြှ့ စနစ်ကြီးဟာ ယခုဆိုရင် ထူမခြားနားတဲ့ ပြုပြင်ပြောင်းလဲမှုကြီးလို့ ပြည်သူလူထုကြားမှာ ပြောဆိုဝေဖန် ပြစ်တင်ခြင်းကိုလည်း နားနှင့်မဆံ့အောင် ကြားနေခဲ့ရပါတယ်။ ြှ့ စနစ် စတင်ဆောင်ရွက်စဉ်က နဂိုယာဉ်လိုင်းများထက် များစွာလျော့နည်းခဲ့သော်လည်း မော်တော်ယာဉ်အစီးရေ လွန်စွာနည်းပါး သည့်အားနည်းချက်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်ရှင်။ အစိုးရသစ်အပေါ် စေတနာထားခဲ့ကြတဲ့ တာဝန်သိ ပြည်သူတွေရဲ့ ကိုယ်ပိုင်ယာဉ်များ ၊ အဝေးပြေးယာဉ်လိုင်းတစ်ချို့ ြွှွှဗ လို့ခေါ်သည့် စင်းလုံးယာဉ် လိုင်းအသစ်တွေရဲ့ ပံ့ပိုးကူညီမှု သက်ဆိုင်ရာကားမှတ်တိုင်များမှာ ကျောင်းသူ/သားများ၊ တာဝန်သိပြည်သူများ ၊ ဠသူကညအနနမ လူကြီးလူငယ်များ၊ ကျွန်မတို့ပြည်သူ့ကိုယ်စားလှယ်များနှင့် ြီူ ပါတီဝင်များက ခရီးသွားပြည်သူများအဆင်ပြေစေဖို့အတွက် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးခြင်းမရှိဘူးဆိုလျှင် စတင်အကောင်အထည်ဖော်စဉ် (၅)ရက်တာကာလကတည်းက ြှ့ ဟာအောင်မြင်မှုရမှာ မဟုတ်ပါဘူးရှင်။ အခုဆိုရင်ယာဉ်လိုင်းတိုင်း ယာဉ်တိုင်းမဟုတ်သော်လည်း အများစုကတော့ ဒုံရင်းပြန်ဆိုက်ပြီးတော့ ခရီးသွားပြည်သူများကို ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် များ၏ ယခင်အတိုင်းဆက်ဆံခြင်း၊ ယာဉ်စီးခပိုတောင်းခံခြင်း၊ သတ်မှတ်ထားသည့် ဂိတ်စ/ဂိတ်ဆုံး အထိပြေးဆွဲပေးခြင်း မရှိသည်များကို တွေ့ကြုံခံစားနေရပါတယ်။ နံနက်ပိုင်းအလုပ်သွားချိန်နဲ့ ညနေ အလုပ်ဆင်းချိန်တွေမှာ တာဝန်ရှိသူများမှ ြှ့ ကိုလိုက်ပါစီးနင်းပြီး ပြည်သူ့အသံများကို နားထောင်၍ မိမိတို့စီမံချက်အောင်မြင်မှုအတွက် အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်သင့်ကြောင်း အကြံပြုချင်ပါတယ်ရှင်။ ပြည်သူအသံများ ဆူဆူညံညံကြားနေရတဲ့အပြင် ဂျာနယ်တွေမှာလည်း ဒီစီမံချက်နှင့် ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားနေကြပါတယ်။ လုပ်ငန်း စီမံချက်တစ်ခုကို အကောင်အထည်ဖော်ရာတွင် လုပ်ငန်းပမာဏတွက်ချက်တိုင်းတာခြင်း၊ မြေပြင်အခြေအနေများ ကောင်းစွာတွက်ချက်ပြီး လိုအပ်ချက်များထည့်သွင်းခြင်း၊ အရံအစီအမံများပြင်ဆင်ထားခြင်း ပြုလုပ်ထားပြီးမှသာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ စီမံချက်ကာလပြီးဆုံးလျှင် ပြန်လည်သုံးသပ်လေ့လာခြင်း၊ အဆင်ပြေချောမွေ့စေရေးအတွက် ပံ့ပိုးကူညီသည့် လုပ်ဆောင်ချက် များကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်ရှင်။ ပြည်သူတွေအမှန်တကယ်တွေ့ကြုံနေရသည့် ပြဿာနာတွေကို လေ့လာဆန်းစစ်မှုမရှိ၊ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ချက်မရှိ ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်ဖျက်မှုများ၊ ယာဉ်မောင်းများနှင့်   ယာဉ်နောက်လိုက်များ၏ စည်းကမ်းမဲ့မှုများကို အရေးယူဆောင်ရွက်မှု အလွန်အားနည်းနေ တာကိုလည်း တွေ့မြင်နေရပါတယ်ရှင်။ ယာဉ်အစီးရေနည်းပါးမှုကြောင့် ခရီးသွားပြည်သူများ မိမိတို့ လိုသော ခရီးရောက်ဖို့အတွက် တရားမဝင်ပြေးဆွဲကြသည့် ကြားကားများကို ငွေအကုန်အကျခံပြီး စီးကြရသည်မှာလည်း မြို့တော်ခန်းမနံဘေးက ကားစောင့်စီးကြရမယ်ဆိုရင် မျက်ဝါးထင်ထင်       တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ည(၈)နာရီခန့်မှ အလုပ်ဆင်းကြရတဲ့ အရောင်းဆိုင်၊ စတိုးဆိုင် ဝန်ထမ်းများအတွက်ဆိုရင်တော့ ပြောဖွယ်ရာ မရှိတော့ပါဘူး။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကရန်ကုန်တိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက မ.ထ.သ စတင် တည်ထောင်စဉ်ကတည်းက ရှာခဲ့သည့်ငွေကြေးပမာဏကို ြှ့ က တစ်နှစ်အတွင်းရှာနိုင်                 ခဲ့တယ်ဆိုပြီး သတင်းမီဒီယာမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ ဝမ်းသာ ဂုဏ်ယူစရာ တစ်ရပ်ဖြစ်ပေမယ့်လို့ အစိုးရဆိုတာ အခွန်ဘဏ္ဍာရှာဖို့အတွက်ကြီးဘဲ အလုပ်လုပ် လုပ်ရမှာမဟုတ်ဘဲနဲ့ အများပြည်သူသက်သာချောင်ချိ လွယ်ကူချောမွေ့စွာ သွားလာနိုင်                          ကြစေတဲ့ ပို့ဆောင်ရေးလုပ်ငန်းများကို အကျိုးအမြတ်တစ်ခုတည်းကိုကြည့်ပြီး လုပ်ဆောင်လို့ မရဘူးဆိုတာကိုလည်း အလေးအနက် သတိချပ်စေချင်ပါတယ်ရှင်။ ပြည်သူ့ဘဏ္ဍာများဖြင့် ပြည်သူ များအတွက် ထိိရောက်သော ဝန်ဆောင်မှုပေးနိုင်ဖို့လည်း အထူးဘဲလိုအပ်လှပါတယ်။ ဒါကြောင့် မို့လို့ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို တစ်ဦးနဲ့တစ်ဦးကောင်းမွန်စွာ ဆက်ဆံတတ် စေရန် ပြည်သူကဝန်ဆောင်မှုကောင်းများပေးတတ်စေရန် ယာဉ်ရပ်နားဂိတ်များမှ ယာဉ်ခေတ္တ ရပ်နားစဉ်အတွင်း အချိန်ပိုင်းသင်တန်းများကို ပညာရှင်များဖြင့်လည်း ပို့ချပေးသင့်ကြောင်း အကြံပြုတင်ပြပါတယ်ရှင်။ ယာဉ်ကြောပိတ်ဆို့ရင် လျော့ချနိုင်ဖို့အတွက် ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ထားသော ကားမှတ်တိုင်၊ ့နူူသတ သြထ များအတွင်း ရပ်တန့်မောင်းနှင်ရမှာဖြစ်သလို ခရီးသွားပြည်သူများအနေဖြင့်လည်း သတ်မှတ်ကားမှတ်တိုင်များတွင် စောင့်ဆိုင်းစီးနင်းဖို့အထူး ဘဲလိုအပ်လှပါတယ်ရှင်။ စည်းကမ်းမဲ့စွာ သတ်မှတ်မှတ်တိုင်များရောက်အောင် မောင်းနှင်ခြင်း မရှိသော ယာဉ်မောင်းများ၊ မှတ်တိုင်ဧရိယာအတွင်း ဝင်ရောက်ရပ်တန့်ပြီး ခရီးသည်စောင့်ဆိုင်း နေသော ွှထေင ယာဉ်မောင်းများ၊ တရားမဝင်ပြေးဆွဲနေသော အောက်ဆိုက်ကား ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စည်းကမ်းချက်များ၊ အမိန့်ညွှန်ကြားချက်များ   ထုတ်ပြန်ပြီး၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖွဲ့၍ ပညာပေးစည်းရုံးဆောင်ရွက်ခြင်း၊ ထို့နောက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းများကို ဟန်ချက်ညီဆောင်ရွက်ဖို့ အထူးဘဲလိုအပ်လှ ပါတယ်ရှင်။ အဆိုရှင်တင်ပြထားသည့် ဝန်ကြီးချုပ်၏ ပြည်သူလူထုပါဝင်ခွင့် ရနိုင်မည့်ကုမ္ပဏီ                     တွေဖြစ်စေချင်ပါတယ်။ အများပိုင်ကုမ္ပဏီတွေ၊ အစုရှယ်ယာတွေနဲ့လုပ်ကြမယ်ဆိုပြီးတော့ (၃) လ အကြာမှာ အစိုးရအနေနဲ့ ကားအသစ်များ အစားထိုးပေးမယ်ဆိုတာလည်း ကြားသိရပါတယ်။ဒါပေမယ့် ယနေ့လည်းကားအသစ်များ တင်သွင်းရောက်ရှိလာပြီဖြစ်ကြောင်း၊ ့စိအေန သတင်း များအရ သိရှိရတဲ့အတွက်လည်း ကျွန်မတို့ ကြိုဆိုပါတယ်ရှင်။ တင်သွင်းလာသည့် ကားအသစ်များ နှင့်အတူ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၏ နွေးထွေးသိမ်မွေ့သည့် ဆက်ဆံမှု၊ ခရီးသည် များအတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာမှုတို့ကိုပါ တစ်ပါတည်းဖော်ဆောင်ရမှာဖြစ်ပြီးတော့ ဃမေိ စနစ်ကို ပီပြင်စွာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ယာဉ်လိုင်းများကို ျြွွှ လို့ခေါ်သည့် မြို့ပတ်ရထားနှင့် ချိတ်ဆက်နိုင်အောင် စီစဉ်ပေးနိုင်ဖို့ ကားသစ်များ ဝယ်ယူတင်သွင်းရာတွင် ရေရှည် ခိုင်ခံ့အသုံးဝင်ရေးကို ဦးစားပေးဆောင်ရွက်ဖို့ ပြည်သူူလူထုကို ြှ့ စနစ်နှင့် ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးသိအောင် ရှင်းလင်းဖော်ပြဖို့လည်း အထူးလိုအပ်ကြောင်း တိုက်တွန်း လိုပါတယ်ရှင်။ မ.ထ.သ ယာဉ်လိုင်းပေါင်းစုံ စနစ်မှာ ြှ့ အများပိုင်မော်တော်ယာဉ်လိုင်းများ စနစ်သို့ ပြောင်းလဲသော (၅)ရက်တာကာလသည် အစိုးရမှပြည်သူသို့ပေးသော ဝန်ဆောင်မှု မမြောက်ဘဲ ပြည်သူမှ ပြည်သူ့ထံသို့ပေးသော ဝန်ဆောင်မှုပုံစံ ဖြစ်နေပါတယ်ရှင်။ ဘတ်စ်ကားစနစ် အပြောင်းအလဲတွင် ပြည်သူများဝမ်းသာစွာ ကြိုဆိုခဲ့ကြပြီး ပြည်သူအားလုံး ထက်သန်စွာ တစ်တပ် တစ်အား ပါဝင်ကူညီခဲ့ကြသလို ဘတ်စ်ကားစီးခရီးသည်များစွာတို့သည် အခက်အခဲများမပြေလည်   မှုများစွာရှိသော်လည်း သည်းခံ၍ပြောင်းလဲလိုသော ဆန္ဒဖြင့်ကျော်ဖြတ်နေတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ ခရီးသွားပြည်သူများ၏ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မည်သည့်အချိန်ကာလကို ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန် စီမံထားကြောင်း ပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာ ဖော်ပြနိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ အဆိုကို ထောက်ခံကြောင်း လေးလေးနက်နက် တင်ပြအပ်ပါတယ်ရှင်။

အချိန်။ ၁၃၅၈

ဥက္ကဋ္ဌ ။         ။အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင် ဆွေးနွေးရန် ဖြစ်ပါတယ် ။

ဦးသာအောင်၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ အားလုံးမင်္ဂလာပါ။   ကျွန်တော်ကတော့ အင်းစိန်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင် ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်း                       များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိ                           ရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးအကြံပြုသွားမှာဘဲ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆို ရှင်၏အဆိုတွင် ပါဝင်သောအချက်များကို (၃)ပိုင်းခွဲ၍ အကျဉ်းရုံးတင်ပြ ဆွေးနွေးသွားမှာဖြစ်ပါ တယ်။ အပိုင်း(၁)အနေနဲ့ ကြိုတင်ပြင်ဆင်မှု အပြည့်အဝရှိဖို့ တိုက်တွန်းလိုပါတယ်။ ဘယ်စီမံချက် မဆို စီမံချက််အောင်မြင်စေရန်အတွက် ကောင်းမွန်သောကြိုတင်ပြင်ဆင်မှု ပြုလုပ်လိုပါတယ်။ ျွှနူူ ဏူညေညငညါ ဖြစ်ဖို့လိုပါတယ်။ အဆိုရှင်က ျြွွှ စနစ်ကို ထောက်ခံခဲ့ပေမယ့် ကျွန်တော်အနေနဲ့ ျြွွှ ယာဉ်များအတွက် သွားရာလမ်းကြောင်း ကျွန်တော် ျွငါ့အ သြမန ြောန ကို မထိန်းသိမ်း နိုင်ရင် အဆင်မပြေနိုင်ဘူးလို့ သက်ဆိုင်သူကို ထောက်ပြခဲ့ဘူးပါတယ်။ ကျွန်တော်တို့ အထူးအားဖြင့် လမ်းဘေးရပ်နေသည့် မော်တော်ယာဉ်တွေအတွက် ကျယ်ကျယ်ပြန့်ပြန့်ကားပါကင်များဟာ ကြိုတင်

စီစဉ်ထားသင့်ပါတယ်။ အဖြူအနီကြား ပလက််ဖောင်းဘေး ရပ်ထားသည့်ကားတွေဟာ ရန်ကုန်တစ်မြို့လုံး နေရာအနှံ့အပြားမှာ ထောင်ဂဏန်းရှိနေပါတယ်။ ဒါတွေအတွက် မရှင်းလင်းနိုင်ဘဲနဲ့ ျြွွှ မအောင်မြင်နိုင်သလို ြှ့ ဟာလည်း အောင်မြင်ဖို့များစွာသော အဟန့်အတား ဖြစ်နေပါတယ်။ ဒီစနစ်ကိုကျင့်သုံးတာကို ထောက်ခံပေမယ့်လို့ ကျင့်သုံးပုံကျင့်သုံး နည်းနဲ့စီမံဆောင်ရွက်ပုံစီမံနည်း လွန်စွာအားနည်းနေတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်။ ကိုယ်စားလှယ်တွေအားလုံးအသီးသီး ကိုယ်မြင်သည့်ရှုထောင့်ကနေ ဆွေးနွေးကြပေမယ့်                         ကျွန်တော့်အနေနဲ့ကတော့ ကားပါကင်ကို ကျွန်တော်တို့ အစိုးရတက်ကတည်းက ကြိုတင်စီစဉ် ပြီးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ယခုကနေ နောင်ကိုလည်း   ကျွန်တော်တို့ လျင်လျင်မြန်မြန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်းအားဖြင့် လမ်းဘေးမှာရှိနေ သည့်ကားတွေ ရှင်းသွားလို့ရှိရင် ကျွန်တော်တို့ ွှမညျေစသမအအေငသည ှပျအနာ ကိုများစွာ အထောက် အကူပြုနိုင်တယ်လို့ ထောက်ပြဆွေးနွေးလိုပါတယ်။ အပိုင်း(၂) အနေနဲ့ စည်းကမ်းထိန်းသိမ်းမှု၊ အရေးယူမှု ၊ အပြစ်ပေးမှုနဲ့ပတ်သက်လို့ ဆွေးနွေးရရင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းတွေ ဟာရှိပြီးဖြစ်ပါတယ်။ အသေးစိတ်တွေနဲ့ ကိုယ်စားလှယ်တွေ ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ ဒီမှာ မှစပြီးတော့ ကျွန်တော်တို့ကိုချပြခဲ့တာ ဒါတွေကို ဃဃွှဠ ကြည့်ပြီး ဃနညအမေူ ဃသညအမသူ ျွသသာ နဲ့ထိန်းချုပ်ဆောင်ရွက်နေပါတယ်။ ဘယ်ကားဟာ မြနေု ဘယ်နှစ်ချက်တော့တာကအစ သိနိုင်ပါ တယ်ဆိုတဲ့ သက်ဆိုင်သူတွေရဲ့ အသံကိုကြားရပါတယ်။ စည်းကမ်းထိန်းသိမ်းမှု၊ အရေးယူမှု ၊ အပြစ် ပေးမှုမရှိရင် စည်းကမ်းချိုးဖောက်နေသူကို အားပေးနေသလို ဖြစ်နေပါတယ်။ ကဏ္ဍာပေါင်းစုံမှာ ဒီအားနည်းချက်များစွာ ဖြစ်ပါတယ်။ ူတေ ညေိ နည်သမခနာနညအ အပြည့်အဝနဲ့ ျွကူနျ သ် ူတေ ကိုအားပြည့်နေမှ တန်ကာကျပါမယ်။ ဃဃွှဠ ၊ ွဏှ ၊ ဃနညအမေူ ဃသညအမသူ တို့ကနေပြီးတော့ ယာဉ်ဘယ်နှစ်စီး အရေးယူပြီးပြီဟေ့ ပြည်သူကို ပွင့်လင်းမြင်သာစွာ အသိပေးသင့်ကြောင်း အကြံပြု လိုပါတယ်။ တရုတ်နဲ့လုပ်ထားတဲ့ ဃဃွှဠ တွေကျွန်တော်တို့ ဒီအပေါ်မှာ ကားတွေအသီးသီး ပေါ်မှာလည်း ကား ဃဃွှဠ ၊ ွဏှ လုပ်ထားသည့် ဒါတွေကို ကျွန်တော်တို့ ကြားသိနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ တကယ်အရေးယူမှု မဆောင်ရွက်နိုင်ဘဲနဲ့ နှုတ်ကပြောနေရုံမျှနဲ့ တော့ ဦးဆိတ်တိုနှင့်မျောက်ညို ပုံပြင်လို ဖြစ်နေပါလိမ့်မယ်။ ဆရာတပည့်နှစ်ယောက် ဦးဆိတ်တို ကရှေ့ကသွားတယ်။ မျောက်ညို ကိုငှက်ပျောခိုင်ထမ်းပြီး နောက်ကနေလာခိုင်းတယ်။ မင်းငါ့ငှက်ပျော သီးကိုခိုးမစားနဲ့ ငါ့နောက်စေ့မှာ မျက်လုံးတွေပါတယ်လို့ပြောတဲ့အခါကျတော့ မျောက်ဆိုတာ ငှက်ပျောသီးမြင်ရင် မနေနိုင်ပါဘူး။ အဲဒီတော့ သူနောက်စေ့ကို ပြပြပြီးတော့ ငှက်ပျောသီးကိုစားတာ စားတာ ခရီးလည်းဆုံးရော ငှက်ပျောခိုင်ဘဲ ကျန်တော့တယ်။ အဲဒီအခါကျတော့ ဦးစိတ်တိုက ပြောတယ်။ မျောက်ညိုကို မင်းဘာကိစ္စခိုးစားတာလဲ ကျွန်တော်ခိုးမစားဘူး။ ခင်ဗျားကနောက်မှာ မျက်စိပါတယ်ဆိုလို့ ခင်ဗျားကိုကျွန်တော်က ပြပြစားတာလို့ ပြောသလိုဖြစ်နေမှာ စိုးရိမ်ရပါတယ်။တကယ်အရေးယူ မဆောင်ရွက်နိုင်ဘဲနဲ့ အရေးယူမယ်၊ စည်းကမ်းဘယ်လိုထားမယ်ဆိုတဲ့စကား တွေဟာ မျောက်ညိုကို ခြိမ်းခြောက်သလို၊ ကိုယ်တကယ် ဆောင်ရွက်နိုင်စွမ်းမရှိဘဲနဲ့ ပြောဆိုနေသလို အဓိပ္ပာယ်သက်ရောက်နေပါတယ်ဆိုတာ သတိပေးချင်ပါတယ်။ အပိုင်း(၃)အနေနဲ့ သယ်ယူ             ပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းဆောင်ရွက်ချက်အားလုံး အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာချပြဖို့ င်္ကူူ ွှမညျေစမေနညခပ ရှိဖို့လိုပါတယ်။ ကျွန်တော်တို့ ပါတီရဲ့မူဝါဒမှာ                   လည်းဘဲကိစ္စရပ်တိုင်းမှာ ွှမညျေစမေနညခပ ရှိဖို့လိုတယ်။ ွှမညျေစမေနညခပ မရှိခဲ့ရင် သံသယတွေနဲ့ ယုံကြည်မှုမရှိဘဲဖြစ်ပြီးတော့ ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ဘူးဆိုတဲ့မူရှိပါတယ်။ လုပ်ငန်း ဆောင်ရွက်မှုများအပြင် ဒီကိစ္စနဲ့ပတ်သက်တဲ့ငွေကြေးသုံးစွဲမူ မော်တော်ယာဉ်တွေဝယ်ယူမှု အထောက်အကူပစ္စည်းလို့ခေါ်တဲ့ ဃဃွှဠ တွေ တစ်မြို့လုံးနေရာအနှံ ကားတွေအားလုံးပေါ်မှာ ဝယ်ယူ သုံးစွဲနေမှုအားလုံး အများပြည်သူသိရှိနိုင်ဖို့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း ရင်းအဆိုရှင်ရဲ့အဆိုကို ထောက်ခံဆွေးနွေး အကြံပြုအပ်ပါတယ်ခင်ဗျား။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ။ ။        ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးစံကျော် ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။အားလုံးပဲမင်္ဂလာပါ။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစံကျော် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဒုတိကအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့မှာ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)                             မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေး နှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက် ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို အကြံပြုထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်အနေနဲ့တင်ပြဆွေးနွေးလိုတာကတော့ ယနေ့ စိန်ခေါ်မှုများစွာနဲ့ ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့တော်မြို့ပြသယ်ယူပို့ဆောင်ရေး ့ညေါသည ကျြ ှနမလငခန လုပ်ငန်းဟာ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် အလွန်အရေးကြီးသည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဘဲဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းအတည်ပြုခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေတွင် ပါဝင်သော မြို့ပြသယ်ယူပို့ဆောင်ရေး ျြေအနမ စူညေ မှာရည်ရွယ်ချက် ကောင်းမွန်ကြောင်း တွေ့ရသည့်အတွက် ဝမ်းသာမိပါတယ်။ သို့သော်လည်းြှ့ စီမံကိန်းက အရင်ဆောင်ရွက်ပြီးမှ ဥပဒေပြဋ္ဌာန်းလာတဲ့အတွက် လက်ရှိ လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်ဘယ်ကိစ္စမဆို ဥပဒေနှင့်အညီဖြစ်စေဖို့ ဦးစွာဆောင်ရွက်ပြီးမှသာ အဆင့်ဆင့်ဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းများ အောင်မြင်မယ်လို့ ယူဆမိပါတယ်။ ယခုလိုပြည်သူလူထုအတွက် အဖက်ဖက်မှအဆင်ပြေစေဖို့ စဉ်းစားပြီး စေတနာကောင်းနှင့်ဆောင်ရွက်တာဖြစ်သော်လည်း ဥပဒေနှင့်ညီညွတ်စေဖို့ကလည်း အရေးကြီးလှပါကြောင်း တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ၁၅ရက်နေ့မှ ယခင်မထသ ယာဉ်လိုင်းကော်မတီများကို ဖျက်သိမ်းပြီး ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကွပ်ကဲမှုအာဏာပိုင် ျွ့ွှဗ အဖွဲ့၏ကြီးကြပ်မှုဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး ြှ့ ဖြင့်စတင်ပြောင်းလဲဆောင်ရွက်ခဲ့ရာ ကုမ္ပဏီ   (၂၁) ဖွဲ့မှ ယာဉ်လိုင်းပေါင်း (၆၁)လိုင်း၊ ယာဉ်စီးရေ (၂ဝဝဝ)ကျော်ဖြင့် စတင်ပြေးဆွဲခဲ့ရာ ယခုအချိန်တွင် ယာဉ်လိုင်းပေါင်း (၈ဝ) ၊ ယာဉ်လိုင်းနံပါတ် (၈၁) ခု၊ ယာဉ်စီးရေ (၃၉ဝဝ)ကျော်ဖြင့် ပြေးဆွဲခဲ့ရာ ယခုဆိုလျှင်(၃)လကျော်ပြီးဖြစ်ပါတယ်။ ယခင်မ.ထ.သအဖွဲ့ ဆောင်ရွက်စဉ်က ယာဉ်လိုင်းကော်မတီ(၁၈)ခု၊ ယာဉ်လိုင်းပေါင်း (၃၃၅)လိုင်း ၊ ယာဉ်စီးရေစာရင်းအရ (၇ဝဝဝ)ကျော်ရှိသည့်အနက် ယာဉ်စီးရေ (၄၅ဝဝ) ကျော်ဖြင့် နေ့စဉ်ခရီးသည် (၂.၈) သန်းကျော်ကို လိုရာခရီး ကိုပို့ဆောင်ပေးနိုင်ခဲ့သော်လည်း စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်း၊ ယာဉ်များ ကြံ့ခိုင်မှုစွမ်းအားကျဆင်းလာခြင်း၊ ပို့ဆောင်မှုစနစ် ှနမလငခန မပေးနိုင်ခြင်း၊ ယာဉ်လိုင်းများဖောင်းပွခြင်း၊ ကိုယ်ရ ကိုယ်ယူစနစ်ကြောင့် ယာဉ်များအပြိုင်အဆိုင် မောင်းနှင်ခြင်း တို့ကြောင့် ယာဉ်မတော်တဆမှုများ စသည့် မလိုလားအပ်သောပြဿနာများ ရှိလာသည့်အတွက် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေအမှတ်(၆/၂ဝ၁၄ )ဥပဒေအားအတည်ပြု ပြဌာန်းပေးခဲ့ပြီး တစ်ဦးချင်းပိုင် စနစ်မှအများပိုင်စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ (၁ဝ)ဘီလီယံမြုပ်နှံပြီး အစုရှယ်ယာဝင်များခေါ်ယူကာ အများပိုင်စနစ်ကို အကောင်အထည်ဖော်ခဲ့သည့် ျြွွှ ယာဉ်လိုင်းစနစ်အား စတင်မိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ထိုမှတစ်ဆင့်ပြီး တစ်ဆင့်ပြောင်းလဲရန် ရည်ရွယ်ဆောင်ရွက်ခဲ့တာ တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပို့ဆောင်ရေး စနစ်နှင့်စပ်လျဉ်း၍ သုံးသပ်ရမယ်ဆိုလျှင် လက်ရြှှိ့အခြေအနေအရ လုပ်ငန်းများဆောင်ရွက်နေ တာတွေဟာ အဖွဲ့အစည်းအများပိုင်အဖြစ်ဆောင်ရွက်ခြင်းနှင့် တစ်ဦးချင်းပုဂ္ဂလိက ဆောင်ရွက်ကြ သည့် သဘောရှိနေတဲ့အတွက် ြှ့ စနစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးအတွက်က မြှင့်တင်ပေးရန် အထူးလိုအပ်ပါတယ်။ လက်ရှိ ဏကဘူငခ ွှမညျေစသမအ နဲ့ အားနည်းချက်များကတော့ အများပြည်သူ အနေနဲ့ရထား (သို့မဟုတ်) အခြားပို့ဆောင်ရေးစနစ်တစ်ခုသို့ ကူးပြောင်းရာမှာ လွယ်လင့်တကူ ဆောင်ရွက်နိုင်ဖို့ ွှမညျေငအ ဉ််ငခန ီနလနူသစာနညအ ကို အလေးပေးရန် အထူးလိုအပ်ပါတယ်။ တိကျယာဉ်ကြောသတ်မှတ်ပြီး မောင်းနှင်သွားလာမည့် ျြွွှယာဉ်လိုင်း ယာဉ်ကြောစနစ်ကို ပီပီပြင်ပြင်ဖြစ်လာစေရန်လည်း အထူးလိုအပ်ပါတယ်။ ွှမညျေစသမအ ီနာညေိ နှင့် ှကစစူပ မျှတ ချိန်ခွင်လျှာညှိနှိုင်းခြင်း စသည့်အချက်တွေမှာ အားနည်းနေတာလေ့လာတွေ့ရှိရပါတယ်။ ဏကဘူငခ ွှမညျေစသမအ နဲ့ ပတ်သက်ပြီး ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး တတိယပုံမှန်အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ ဘီလီယံ (၇ဝ)အပေါ်မှာ ကားမှတ်တိုင်များအဆင့်မြှင့်တင်ခြင်း၊ ဘတ်စ်ကားများ ရင်းနှီးမြုပ်နှံမှုအပေါ် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါ တယ်။ အရေးကြီးသည့်အချက်ကတော့ ခရီးသည်များအများဆုံးသွားကြသည့် ရုံးဆင်းရုံးတက် ျှကငခု ံသကမ အချိန်များတွင် ယာဉ်စီးရေထပ်မံတိုးချဲ့ ပြေးဆွဲသင့်ပါတယ်။ ့ညငသည ွသလနမညာနညအ နဲ့ ျွနါငသညေူ ွသလနမညာနညအ အကြားဘယ်လိုအချိုးကျ ဲကျအင်ပ ပြုလုပ်မယ်ဆိုတဲ့ အစီအစဉ်ကို စီမံထားသင့်ပါတယ်။ စီမံထားပြီး ဖြစ်တယ်ဆိုလျှင်လည်း လူထုကိုသတင်းအချက်အလက်တွေ ချပြသင့်ပါတယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူတွေရဲ့လစာကောင်းကောင်းပေးပြီး ပညာ အရည်အချင်းနှင့် ကန့်သတ်ခန့်အပ်သင့်ပါတယ်။ ပညာအရည်အချင်းနည်းပါးခြင်း၊ လူမှုဆက်ဆံရေး ညံ့ခြင်းကြောင့် ခရီးသည်များအပေါ်မှာ မထီမဲ့မြင်ပြုခြင်း၊ ပြဿနာအရပ်ရပ်ကို မင်းမဲ့စရိုက်ဆန်စွာ ဖြေရှင်းခြင်းများ ဖြစ်စေတတ်သည့်အတွက် ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဏကဘူငခ ွှမညျေစသမအ နှင့်ပတ်သက်ပြီး မီးရထား၊ သင်္ဘောများ၊ ကားများဖြင့် တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းနိုင်သော ကျြ ွှနမာငညေူ များတည်ဆောက်ပေးရန် အထူးလိုအပ်ပါတယ်။ ယခင် ဘတ်စ်လိုင်းများတွင် လုပ်ကိုင်လျက်ရှိသည့် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ အလုပ်လက်မဲ့ ပြဿနာမဖြစ်စေရေးအတွက်လည်း ွမသကညိ ျကဘ အလုပ်များကိုလည်း ဖန်တီးပေးသင့်ပါတယ်။ ယခင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကျြ ဃမနတ ဖြင့် ပြန်လည်ခန့်အပ်ဖို့ လိုအပ်မယ် ဆိုရင်လည်း ဗဘငူငအပ ကြငိူငညါ ဏမသါမော ဖြင့်အဆင့်အတန်းမှီတဲ့ယာဉ်မှူးများ၊ ယာဉ်ဝန်ထမ်းများ ဖြစ်စေရေးအတွက် ွှမငေညညငညါ ဃနညအနမ များတည်ဆောက်ပေးပြီး လေ့ကျင့်စေသင့်ပါတယ်။ ြှ့ ယာဉ်လိုင်းပြေးဆွဲရေးအတွက် ျြွွှ ယာဉ်လိုင်းဟာ ဖျက်သိမ်းခြင်းသည် သင့်လျော်ခြင်းမရှိဘူးဟု ယူဆမိပါတယ်။ ျြွွှ ယာဉ်လိုင်းဆိုတာဟာ တစ်နည်းအားဖြင့် မြေပေါ်ဆက်သွယ်ရေးစနစ်ဖြင့် တင်စားပြီးခေါ်နေကြတာ ဖြစ်ပါတယ်။ ျြွွှ ကို အကောင်အထည်ဖော်ခြင်းသည် ဓနအင်အား အလုံးအရင်းပြုရသည့် အခြေအနေမျိုးဖြစ်သည့််အတွက် လက်ရှိအခြေအနေအရ ျြွွှ စနစ်ကို ဆောင်ရွက်ခြင်းသည် ပိုမိုသင့်လျော်သည့် နည်းလမ်းဖြစ်ပါတယ်။ အချို့သောသူတွေအနေနဲ့ အခြားသောအမြင်ရှုထောင့်အရ ျြွွှ ဆိုတာက ျြွွှ စနစ်မကူးပြောင်းခင် တစ်ဆင့်ကြားခံကာလ အသုံးပြုသည့် ပို့ဆောင်စနစ်ဖြစ်သည့်အတွက် ျြွွှ စနစ်ကို တိုက်ရိုက်ကူးပြောင်းခြင်းက ပိုမိုအဆင်ပြေတယ်လို့ ယူဆထားသည့်အချက်များရှိနိုင်ပေမယ့်လည်း အမှန်လက်တွေ့မှာ ျြွွှကို အကောင်အထည်ဖော်ဖို့ ရင်ဆိုင်ရမယ့် ဓနအင်အားခိုင်မာမှုအခြေအနေဟာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ မိမိအနေနဲ့အပြုသဘောအကြံပြုဝေဖန် ထောက်ပြလိုသည့်အချက်ကတော့ ဘတ်စ်ယာဉ်ကြော သီးခြားထားရှိသည့် ျြွွှ စနစ်ကို ပြန်လည်ပြေးဆွဲစေလိုပါတယ်။ ယခင်ကလည်း ဘတ်စ်ကားယာဉ်ကြောသီးသန့်ထားရှိခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ လစ်ဟာမှုရှိခဲ့တဲ့အပေါ်မှာ အစိုးရအနေနဲ့ သင်ခန်းစာယူဖော်ထုတ်ပြီး ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်လာစေ ရေးအတွက် ဘာလုပ်သင့်သလဲဆိုပြီး ကောင်းမွန်ပြီးသားစနစ်တွေကို ပိုမိုတိုးချဲ့နိုင်ရေးအတွက် ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို စဉ်းစားဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်အနေနဲ့ အလျဉ်းသင့်လို့ တင်ပြလိုတာကတော့ ယနေ့တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ြှ့ လုပ်ငန်းစဉ်တစ်ခုလုံးကို အဆင်ပြေချောမွေ့စေရေးအတွက် အဓိက ပါဝင်ဆောင်ရွက်ရမည့်သူများက ယာဉ်ပိုင်ရှင်များဖြစ်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ သူတို့ရဲ့ ရင်တွင်းဖြစ်ခံစားချက် အမှန်တရားများကိုလည်း တင်ပြခွင့်ပြုပါ။ ယနေ့ ြှ့ စတင်ပြေးဆွဲနေတဲ့ ယနေ့အထိ ယာဉ်ပိုင်ရှင်များအနေနဲ့ သတ်မှတ်စည်းကမ်းများနှင့်အညီ လုပ်ငန်းစဉ်ကြီး အောင်မြင်အောင် ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။ ဒီနေရာမှာ ယာဉ်ပိုင်ရှင်ဆိုတာ ခရိုနီမဟုတ်ပါဘူး။ လုပ်လက်လက်စား ပြည်သူများသာဖြစ်ပါတယ်။ တချို့ယာဉ်ပိုင်ရှင်တွေဆိုရင် ယာဉ်ကိုအြွေကးစနစ်ဖြင့် ဝယ်ယူပြီးအရစ်ကျပြန်ဆပ် ပိုတဲ့ငွေလေးနဲ့ မိသားစုစားဝတ်နေရေး အတွက် လည်ပတ်နေကြသူများ ဖြစ်ပါတယ်။ တချို့မှာလည်း ရင်းနှီးစဉ်ကဝယ်ယူထားသည့် ဂျပန်ကားတွေကိုဆွဲပြီး အစိုးရအနေနဲ့ ၁၉၉၅ ခုနှစ်အောက်မော်လ်ဒယ်များ အရည်ကျိုမယ်ဆိုသည့် သတင်းထွက်တဲ့အချိန်မှာ စိတ်မကောင်း ဖြစ်ကြပါတယ်။ ကားအရည်အသွေးညံ့လို့လမ်းပေါ်မှာ မသင့်တော်သည့် ကားကိုအရည်ကျိုတာ သင့်လျော်ပါတယ်။ တချို့ကားများဆိုရင် သေချာပြုပြင် ပြေးဆွဲပေးပြီး ယာဉ်ပိုင်ရှင်များအတွက် များစွာနစ်နာတာ ရှိပါတယ်။ သို့သော်လည်း ဏသူငခပ အရ သည်းခံနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာယခု တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အရေးကြီး ဆောင်ရွက်နေသည့် ယာဉ်များအဆင့်မြှင့်တင်ခြင်း၊ ကားမှတ်တိုင်များ အဆင့်မြှင့်တင်ခြင်း၊ ကားများအဆင့်မြှင့်တင်ခြင်း၊ ယာဉ်စနစ်စီးခ ပိုမိုအဆင့်မြင့်စွာ စီးနိုင်သည့် ယာဉ်စီးကတ်များကို အစိုးရအနေနဲ့ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သင့်ပါတယ်။ ယနေ့ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများကိုလည်း လျော့ကျစေမှာဖြစ်ပါတယ်။ ဒါကြောင့် အများပိုင်သယ်ယူပို့ဆောင်ရေးစနစ် ကူးပြောင်းရာမှာ အရေးကြီးသည့်အချက်ဖြစ်ပါတယ်။ အိမ်နီးချင်း အာဆီယံနိုင်ငံများမှာ အစိုးရက အရှုံးပေါ်ပြီး အခမဲ့ပြေးဆွဲပေးခြင်း ယာဉ်စီးခများကို စင်္ကာပူလို၊ ကိုရီးယားလို ၊ ထိုင်းနိုင်ငံစသည့် ယာဉ်စီးခထက်စာလျှင် ကျွန်တော်နိုင်ငံမှာ ကျွန်တော်တို့တိုင်းဒေသကြီးမှာ ဆွဲနေတဲ့ယာဉ်စီးခက နည်းပါတယ်။ ဒီလိုယာဉ်စီးခဝင်ငွေနဲ့ ပြင်ဆင်စရိတ်နဲ့ မျှတမှုမရှိတဲ့အတွက် ယနေ့နှစ်ဦးနှစ်ဖက် အကျိုးမရှိတာကိုတွေ့ရပါတယ်။ နိဂုံးချုပ်အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ပီပီပြင်ပြင်ဖြစ်ပေါ်လာဖို့ နည်းဥပဒေနှင့်အညီ ယာဉ်လိုင်းများတစ်လိုင်းခြင်း ပြန်လည်စိစစ် သုံးသပ်ပြီးရန်ကုန်မြို့နေ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်အဆိုရှင် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ပိုမိုကောင်းမွန်လာ                   စေရေးနှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီးလုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာချပြနိုင်ရန် ရန်ကုန် တိုင်းဒေသကြီးကို တိုက်တွန်းကြောင်းအဆိုအား အကြံပြုထောက်ခံ ဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ဆွေးနွေးရန်ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာ ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။      ။ မင်္ဂလာပါရှင်။ ဥက္ကဋ္ဌကြီးရှင့် ကျွန်မအနေနဲ့ ဦးဝေဖြိုးဟန် တင်သွားထားတဲ့အဆိုကို ထောက်ခံဖြည့်စွက် ဆွေးနွေး အကြံပြုသွားမှာ ဖြစ်ပါတယ်ရှင်။ ကျွန်မတို့ ဇန်နဝါရီလ(၁၆)ရက်နေ့ကစတင်ခဲ့သည့် ဒီအများပိုင် သယ်ယူပို့ဆောင်ရေးစနစ်ကိစ္စကို အခု(၃)လကျော်ကြာမှ ဆွေးနွေးခွင့်ရတာဖြစ်ပါတယ်။ နောက်ကျ နေပေမယ့်လည်း ကျွန်မတို့အစိုးရ လုပ်ဆောင်နေသည့် စီမံချက်ကြီးကို အောင်မြင်စေလိုသည့် စိတ်ကောင်းစေတနာနဲ့ အပြုသဘောဆောင်ပြီးတော့ ပြုပြင်ရမယ့်အပိုင်းတွေကို အမြန်ဆုံးပြုပြင်နိုင်ဖို့ အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့(၂)ပိုင်းခွဲပြီး ဆွေးနွေးသွားပါ့မယ်။ ပထမတစ်ပိုင်းကတော့ ြှ့ ကို ပြုပြင်ပြောင်းလဲဖို့ အားနည်းချက်တွေထဲက တစ်ချို့အကြောင်း အကြံပြုလိုပါတယ်။ ဒုတိယတစ်ပိုင်းကတော့ ဒီစနစ်သစ်ကို အကောင်အထည်ဖော်တဲ့အခါမှာ သုံးစွဲလိုက်သည့် ငွေကြေးတွေနဲ့ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှုရှိစေဖို့အပိုင်းပါ။ ဥက္ကဋ္ဌကြီးရှင့်။ ကိစ္စရပ်တိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ ဒါပေမယ့် ြှ့ ကိစ္စမှာတော့ အားသာချက်ဆိုတာ ပြောပြဖို့တော်တော်ခက်ပြီး အားနည်းချက်အကြောင်း တွေကတော့ များစွာပြောစရာ ရှိနေပါတယ်။ အချိန်ကိုလည်း လေးစားသောအားဖြင့် အဲဒီထဲက အချို့ကိုဘဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအားနည်းချက်က အားလုံးလည်း ရှေ့မှာ ပြောခဲ့တာရှိပါတယ်။ ကြိုတင်ပြင်ဆင်မှုအပိုင်း အားနည်းချက်ပါ။ စနစ်ကြီးတစ်ခုပြောင်းလဲသည့် အခါမှာ ဒီစနစ်အတွင်းမှာ ပါဝင်လာမယ့် သက်ဆိုင်ရာပါဝင်သည့်သူ ှအေုန့သိူနမ တွေအားလုံးနဲ့ အကြေအလည်ဆွေးနွေးပြီးမှသာ စနစ်တစ်ခုကို အကောင်အထည်ဖော်သင့်ပါတယ်။ ဒါပေမယ့် ဒီ ြှ့ ဆိုရင်တော့ ကျွန်မတို့ဒီလိုလုပ်ဆောင်ခဲ့တာ အတော်လေးအားနည်းခဲ့တာ တွေ့ရတယ်။ အဓိကပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းပြီး မိမိတို့သွားချင်တဲ့လမ်းကြောင်းပေါ်ကို စိတ်ဝင်တစ်စား ပူးပေါင်းပါဝင်လာအောင် ညှိနှိုင်းဆောင်ရွက်မှုအပိုင်း အားနည်းခဲ့တာကို တွေ့ရပါတယ်။ တစ်ဖက်ကပြည်သူတွေအပေါ် ပြောင်းလဲမှုကိစ္စရပ်တွေအပေါ် အသိပေးတဲ့သတင်း ှုည်သမာအေငသည ကဏ္ဍာ၊ ပြည်သူတွေရဲ့အသံ နားထောင်မှုအပိုင်းမှာလည်း အင်မတန်လိုအပ်ချက်ရှိခဲ့ပါတယ်။ စနစ်ကြီးတစ်ခုလုံးပြောင်းတာ တောင်မှဘဲ ပြည်သူတွေက တစ်ပတ်လောက်အလိုမှာမှ အကြမ်းဖျဉ်းသဘောလေး သိရပါတယ်။ တကယ်စတင် အကောင်အထည်ဖော်တဲ့နေ့ကျမှ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရတာပါ။ အဲ့ဒီတော့့ဒီလို ညှိနှိုင်းဆွေးနွေးမှု အားနည်းချက်တွေနဲ့ အလျင်အမြန်အကောင်အထည်ဖော်လိုက်တဲ့ အကျိုးဆက် ကတော့ သာမာန်လက်လုပ်လက်စား ခရီးသွားပြည်သူတွေ အတော်အဆင်မပြေ ဖြစ်ကြရပါတယ်။ ဏသူငခပ တစ်ခုရေးဆွဲမယ်ဆိုလျှင် လက်တွေ့ကျဖို့ အရမ်းအရေးကြီးပါတယ်။ ဘတ်စ်ကားစီးဖို့ ခရီးသည်တွေအတွက် ရေးဆွဲတဲ့ ဏသူငခပ ဟာ ဘတ်စ်ကား တကယ်စီးတဲ့သူတွေပါ ပါဝင်ဆွေးနွေး အကြံပြုသင့်ပါတယ်။ ဘတ်စ်ကားတစ်ခါမှ မစီးဖူးတဲ့သူတွေထိုင်ပြီးတော့ ရေးတဲ့သူတွေရဲ့ ဏသူငခပ မျိုးဆိုရင် စားပွဲပေါ်က ဏသူငခပ ဘဲ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီတော့ ကျွန်မကိုယ်တိုငြှ့်် ခရီးသည်မို့လို့ နေ့စဉ်ပြည်သူနဲ့အတူ အဆင်မပြေမှုတွေ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေရဲ့ ဆဲဆိုကြမ်းတမ်း မှုတွေ စည်းကမ်းမဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ နှစ်ပါးသွားနေရတာ ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ အဆင်ပြေ/မပြေ ကိုယ်အစိုးရဆိုပြီးတော့ ကြိတ်မှိတ်သည်းခံနေတဲ့ ပြည်သူကို တွေ့ရသည့်အခါ ပိုပြီးတော့ရင်နာရပါတယ်။ အခြေခံပြည်သူနဲ့ တိုက်ရိုက်သက်ဆိုင်စနစ်တစ်ခု ပြောင်းတယ်ဆိုတာ မပြောင်းခင်လည်းအချိန်ယူဖို့လိုပါတယ်။ ပြောင်းပြီးတော့လည်း စောင့်ကြည့် လေ့လာ သုံးသပ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ှအနစ ဘပ ှအနစ ကိုသွားရမှာပါ။ အခုဝန်ကြီးချုပ်ကြီးက ပထမ(၃)လပတ်ကို ပထမအဆင့်လို့ ပြောပါတယ်။ (၃)လဆိုတာ စကားအရာအရ အရမ်းဘဲ တိုတောင်းတယ် ထင်ရပေမယ့်နေ့စဉ်ခရီးသွား ပြည်သူတွေအတွက် (၃)လဟာ တော်တော်ကြာ မြင့်ပါတယ်။ ဒါကြောင့် ချက်ချင်းကြီးအဆင်မပြေနိုင်ဘူးဆိုတာ နားမလည်တာတော့မဟုတ်ပါဘူး။ သို့ပေမယ့် ကျွန်မတို့ဟာ တစ်ဆင့်ချင်းတစ်ဆင့်ချင်းတော့ ကြိုးစားပြီးပြေလည်အောင်တော့ လုပ်သွားရမှာပါ။ အခုတော့ ယခင် မ.ထ.သ စာလုံးပေါ်ကို ြှ့ စတစ်ကာအုပ်ပြောင်းလိုက််ရုံနဲ့ ဒီလိုအပြောင်းအလဲမျိုး ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ နေ့စဉ်ခရီးသွားပြည်သူတွေက တစ်ဆင့်ကနေ နှစ်ဆင့်ပြောင်းရတယ်။ ပိုပြီးပိုက်ဆံကုန်သွားတယ်။ ဒါကလွဲလို့ ဘာမှထူးခြားမှုမရှိတဲ့ အပြောင်းလဲကြီး ဖြစ်နေပါတယ်။ ကောင်းစေချင်လို့ ပြောင်းကြတာမို့ လက်တွေ့ကောင်းတာလေးလည်းပါအုံးမှ၊ မကောင်းတာတွေကို ကောင်းတာလေးနဲ့ ဖြည့်တွေးလို့ရမှာ ဖြစ်ပါတယ်။ အခုတော့ အခြေအနေ အရပ်ရပ်က အဆိုရှင် ဦးဝေဖြိုးဟန် ထည့်သွင်းဆွေးနွေးထားတဲ့အတိုင်း ပြေလည်တယ်ဆိုတာ မရှိသလောက်ပါ။ စေတနာမှန်ပေမယ့် နည်းလမ်းမှားနေတယ်လို့ ထင်ရပါတယ်။ ဒီအပြောင်းအလဲမှာ အနစ်နာဆုံးက ခရီးသွားပြည်သူ (၂) သန်းကျော်ပါ။ သူတို့တွေဟာ အနည်းဆုံး အိတ်ထဲက ငွေ (၂ဝဝ) လောက်ပိုကုန်သွားပါတယ်။ ဒီတော့ ပြည်သူတွေပိုကုန်သွားတဲ့ငွေတွေက ဘယ်ကိုစီးဆင်း သွားပါသလဲ။ တစ်နေ့ကို သိန်းပေါင်း ၄ဝဝဝ၊ ၅ဝဝဝရှိပါတယ်။ ဒါအစိုးရဆီကို စီးဆင်းသွားသလား။ ယာဉ်ပိုင်ရှင်တွေဆီကို စီးဆင်းသွားသလား။ ပြည်သူတွေပိုကုန်သွားတဲ့ ပိုက်ဆံတွေဟာ ဘယ်ကို ရောက်သွားပါသလဲ။ ဒါတွေကလည်း ပြည်သူတွေအတွက်ဆိုရင် စဉ်းစားပေးဖို့လိုပါတယ်။ ဒီစနစ် အပြောင်းအလဲကြီးမှာ ဘယ်သူတွေအကျိုးများသွားသလဲ။ ဘယ်သူတွေက နစ်နာသွားသလဲ။ ဒါတွေစဉ်းစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဘက်ဘက်က လိုအပ်ချက်ရှိနေတဲ့ ြှ့ ကို ပြင်ဖို့ဆိုရင် ျွ့ွှဗ ကနေ စရမယ်လို့ယုံကြည် ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ပါ။ ျွ့ွှဗ မှာ အကြံပေးနိုင်မယ့်ပညာရှင်တွေ ပါဝင်ဖို့လိုသလို လိုအပ်သလို အချိန်ပေးပြီး လုပ်နိုင်မယ့်ပုဂ္ဂိုလ်တွေ ပါဝင်ဖို့လိုအပ်ပါတယ်။ အခုလက်ရှိတော့ (၁၆) ဦးနဲ့ ဖွဲ့ထား တယ်လို့သိရပါတယ်။ ဒါပေမယ့် စာရွက်ပေါ်မှာရှိနေမယ့် အဖွဲ့ဝင်တွေဆိုရင်တော့ အဆင်မပြေပါဘူး။ လိုအပ်ရင် ျွ့ွှဗ ကြီးကို ပြင်ဆင်ဖွဲ့စည်းပြီး ဒီအဖွဲ့ကြီးရဲ့ ဥမါညေငဖအေငသညေူ ှအမကခအကမန တွေ၊ စီမံခန့်ခွဲမှု ပုံစံတွေ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကိုပွင့်လင်းမြင်သာစွာ ရှင်းရှင်းလင်းလင်းချပြထားဖို့ လိုအပ်မယ်ထင်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့လည်း လိုပါလိမ့်မယ်။ ဥပမာ- ကျွန်မတို့ဟာ ယာဉ်လိုင်းတွေ ထပ်နေတာတွေ ရှိပါတယ်။ (၃၇) လိုင်းဆိုရင် သုံးနေရာမှာတောင် ပါနေပါတယ်။ အများပိုင်ကုမ္ပဏီ (၈) ခုမှာဆိုလို့ရှိရင် ကုမ္ပဏီနံပါတ် (၂) မှာလည်းပါတယ်။ ကုမ္ပဏီနံပါတ် (၄)မှာလည်းပါတယ်။ ့့ဏွှ ပါဝင်နေတဲ့ ကုမ္ပဏီ နံပါတ် (၄)၊ ပြီးတော့ ဏသတနမ နူနလနည အဖွဲ့တို့ပါဝင်နေတဲ့ ကုမ္ပဏီနံပါတ် (၅)မှာလည်း (၃၇) လိုင်းဟာ (၃) နေရာ ဖြစ်နေပါတယ်။ ဒါမျိုးဆိုလို့ရှိရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကတိုင်ကြားလို့တယ်လို့ရှိရင် ဘယ်ယာဉ်လိုင်းကို တာဝန်ယူမလဲဆိုပြီးတော့ ဘယ်ယာဉ်လိုင်းက ကားလဲဆိုတာမျိုး ဒီလိုမျိုးယာဉ်လိုင်းထပ်နေတာလည်း မဖြစ်သင့်ပါဘူး။ အဲဒီတော့ကျွန်မတို့ဟာ တိုင်ကြားစာတွေကို လက်ခံမယ့်ဌာန ဘယ်သူတွေက လက်ခံမှာလဲ၊ ဘယ်သူတွေက ဒီတာဝန်ရှိသလဲ။ ဒါဟာတိတိကျကျ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်ကိစ္စပါ။ လူတွေဟာနေ့စဉ် အသားကျနေတဲ့ဘဝကနေပြီးတော့ အပြောင်းအလဲလုပ်ဖို့ အင်မတန်ဝန်လေး ကြတဲ့လူမျိုးပါ။ ဒါကြောင့် ဒီအပြောင်းအလဲကြီးမှာ အရေးကြီးတဲ့ သူတို့ကို ကျွန်မတို့ စနစ်တကျ အပြောင်းအလဲ လုပ်ပေးဖို့လိုပါလိမ့်မယ်။ ့ညင်သမာ လေးချိန်းရုံမျှနဲ့ သူတို့မပြောင်းလဲနိုင်ပါဘူး။ ယာဉ်မောင်းတွေ ကိုဆိုလို့ရှိရင်လည်း စည်းကမ်းတကျနဲ့၊ စမတ်ကျကျနဲ့ ကားမောင်းချင်လာအောင် သူတို့ကိုအဆင့်မြင့် ယာဉ်မောင်းကြီးတွေဆိုသည့် အသိထည့်ပေးနိုင်ဖို့ လေ့ကျင့်ပေးနိုင်ဖို့ လိုအပ်လှ ပါတယ်။ လိုအပ်ရင် ဆုပေး၊ ဒဏ်ပေး စနစ်ကိုလည်း သုံးသင့်ပါတယ်။ တစ်လလုံး စည်းကမ်းအရှိဆုံး ယာဉ်မောင်းဆု ဆိုတာမျိုး ပေးသင့်ပါတယ်။ ယာဉ်နောက်လိုက်တွေအတွက်ကတော့ ပိုပြီးပြုပြင် ပေးစရာတွေရှိမှာပါ။ ပြီးတော့ စနစ်တကျရှိဖို့ ွှမငေညညငညါ တွေလည်း ရှိဖို့လိုပါတယ်။ သူတို့အနေနဲ့ ငါတို့ဟာ ကြုံရာကားကို အဆင်ပြေသလိုလိုက်နေရတဲ့ တည်တည်တံ့တံ့အလုပ်မရှိသူတွေ မဟုတ်ဘဲနဲ့ ငါတို့ဟာ ျွ့ွှဗ ယာဉ်မောင်းဆိုတဲ့ ယာဉ်နောက်လိုက်ဆိုတဲ့ စနစ်တကျသင်တန်းဆင်းထားတဲ့ ဝန်ထမ်းတွေဆိုတဲ့ စိတ်မျိုး သူတို့ရင်ထဲမှာ တဖြည်းဖြည်းဝင်သွားမှသာ ရေရှည် ြှ့ ကြီးအတွက်ကို အဆင်ပြေသွားမှာဖြစ်ပါတယ်။ ဒါတွေလုပ်ဖို့ဆို ကုန်ကျစရိတ်တွေရှိမှာပါ။ ရှိပါစေ။ အစိုးရဆိုတာ ပြည်သူကိုဝန်ဆောင်မှုပေးရမယ့် ကဏ္ဍမျိုးတွေအတွက် အကုန်ခံသင့်လျှင်ခံဖို့လိုအပ်ပါတယ်။ အဲဒီအတွက် လိုအပ်မယ့်ငွေကြေးကို တစ်ခြားသောစီးပွားရေးလုပ်ငန်းတွေက ပြန်ဖြည့်ပြီးတော့ ပြည်သူကို ကောင်းမွန်တဲ့ဝန်ဆောင်မှုပေးဖို့ ကြိုးစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ြှ့ ရဲ့နာမည်ကိုက ရန်ကုန်ဘတ်စ် ှနမလငခန ပါ။ ှနမလငခန ဆိုတာ ဝန်ဆောင်မှုပါ။ ဒါက ဒုတိယပြုပြင်ရမယ့် အချက်ပါယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေရဲ့ကိစ္စ နောက်ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် ကျွန်မတို့လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းပြောဆို ချင်ပါတယ်။ ကျွန်မတို့လွှတ်တော်ရဲ့ အခန်းကဏ္ဍကိုလည်း လေးစားပေးဖို့လည်း အစိုးရအဖွဲ့ကို ကျွန်မလေးလေးနက်နက် တိုက်တွန်းလိုပါတယ်။ ကျွန်မတို့လွှတ်တော်ကို ၁၆ ရက်နေ့မှာ စတင် မည့်စနစ်သစ်ကြီးအကြောင်းကိုလာပြီး အသိပေးတာ ၆ ရက်အလို ဇန်နဝါရီလ ၁ဝ ရက်နေ့ကပါ။ဒါတောင်လွှတ်တော်အစည်းအဝေးကြီးမှာ တရားဝင်တင်ပြတာမျိုးမဟုတ်ပါဘူး။ အလွတ်သဘော လာရောက်ရှင်းပြခြင်း ဖြစ်ပါတယ်။ တကယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ မှာ အတိအလင်း ဖော်ပြထားပြီးသားဖြစ်ပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စု အစိုးရကချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော် လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်                 ရမည်ဟု အတိအလင်း ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ နောင်မည်သည့် စီမံချက်၊ စီမံကိန်းမျိုးမဆို အကောင်အထည်ဖော်တဲ့အခါမှာ တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြ ဆွေးနွေးပြီးမှသာ ပြည်သူ့ကြားထဲက ပြည်သူ့ကိုယ်စားလှယ်တွေရဲ့အသံကို နားထောင်ပြီးမှသာ အကောင်အထည်ဖော်စေလိုပါတယ်။ ဒုတိယအပိုင်းကို ဆက်ဆွေးနွေးလိုပါတယ်။ ြှ့အတွက် ငွေကြေးသုံးစွဲမှုအပိုင်းနဲ့ ရငွေတွေအပိုင်း ပွင့်လင်းမြင်သာမှု ရှိဖို့အကြောင်းပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေ နဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထား ချက်ထဲမှာ ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီများတွင် ထည့်ဝင် ရင်းနှီးခြင်းအတွက်ဆိုပြီး ကျပ်သန်းပေါင်း (၇ဝဝဝဝ) ခွဲတောင်းထားတာ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာလည်း (၆ဝ) ဘီလီယံကို ဘတ်စ်ကားတွေ ဝယ်မယ်။ ကျန် (၁ဝ) ကိုတော့ မှတ်တိုင်တွေနဲ့ တခြားကိစ္စတွေမှာ သုံးမယ်ဆိုတာ သိရပါတယ်။ ဒီလိုပြောထားပါတယ်။ အခုဆိုလို့ရှိရင်တော့ မှတ်တိုင် (၂၅ဝ) ကိုလည်း တင်ဒါခေါ်ပြီး ပေးလိုက်ပြီဆိုတာကြားရပါတယ်။ ဒါကျွန်မတို့က ကြားရတယ်ဆိုတာ ဟိုကဒီက သတင်းပါ။ သေသေချာချာ သတင်းထုတ်ပြန်ထား သည့်သတင်းကိုသိရတာတော့ မဟုတ်ပါဘူး။ အဲဒီတော့ ဒီအကြောင်းလေးတွေနဲ့ ပတ်သက်ပြီးတော့ လည်းဘယ်လိုဘတ်စ်ကားမှတ်တိုင်တွေကို ဘယ်လိုတင်ဒါ ပေးလိုက်တာဆိုတာမျိုး၊ ဘတ်စ်ကား မှတ်တိုင်ဘယ်လောက်နဲ့ ဘယ်လောက်ကိုတော့ ဘယ်ကုမ္ပဏီတွေ တာဝန်ယူပြီးလုပ်တာမျိုး၊ ပွင့်လင်း မြင်သာမှုရှိစွာနဲ့ ချပြဖို့လိုအပ်ပါတယ်။ နောက်အရေးကြီးတာတစ်ခုက ့့ဏွှ ကိစ္စပါ။ ရန်ကုန် မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီဆိုပြီးတော့ ၁ဝ.၂.၂ဝ၁၇ မှာတည်ထောင်ဖွဲ့စည်းပြီးကြောင်း သတင်းစာမှာတွေ့ရပါတယ်။ ဒီကုမ္ပဏီရဲ့ အစုရှယ်ယာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေပါသလဲ။ အစိုးရအနေနဲ့ (၅၁) ရာခိုင်နှုန်း ရှယ်ယာပါတယ်လို့ သိရပါတယ်။ အစုရှယ်ယာတစ်ခုကို (၁)သိန်းနဲ့ ရောင်းချတယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ အခုချိန်ထိ ရှယ်ယာတွေရောင်းချနေဆဲလား။ ရပ်ထားသလားစသည်ဖြင့် ငွေကြေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း ပွင့်လင်းစွာချပြဖို့ ကျွန်မတို့တောင်းဆိုအပ်ပါတယ်။ လွှတ်တော်အနေနဲ့ နောက်ဆုံးတစ်ခုကတော့ ြှ့ လုပ်ငန်းစဉ်ကြီးအတွက် အသုံးပြုနေသည့် ကဏ္ဍတွေအားလုံး ယနေ့အချိန်ထိအသုံးပြုနေသည့် ကဏ္ဍရပ်တွေအားလုံး အဲဒီဘဏ္ဍာတွေက (၁ဝ) ဘီလီယံထဲက သုံးထားတာလား။ ဘယ်ကသုံးထားတာမျိုးလေးလည်း သိချင်ပါတယ်။ အဲဒီတော့နိဂုံးချုပ်အနေ   နဲ့တော့ကျွန်မတို့ ြှ့ ဆိုတာက ရန်ကုန်ဘတ်စ် ှနမလငခန ပါ။ အဲ့ဒီတော့အမြတ်ရဖို့ကြီးဘဲ               အဓိကမထားဘဲနဲ့ ပြည်သူတွေ စိတ်ချမ်းသာစေနိုင်မယ့်။ ကျွန်မတို့ပြည်သူတွေ အရမ်းဒုက္ခရောက် ပါတယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ဘဝမှာ အဆင်မပြေတာတွေ အများကြီးပါ။ နေ့စဉ်ဘတ်စ်ကား စီးရတဲ့လူရဲ့ဒုက္ခကို ကျွန်မတို့တကယ်စီးနေတဲ့ သူတွေဘဲခံစားမိတာပါ။ အဲဒီတော့ ှနမလငခန လို့ ပါတဲ့အတိုင်း ဝန်ဆောင်မှုအပိုင်းလေးကိုလည်း အလေးပေးစေချင်ပါတယ်လို့ ဆွေးနွေးအကြံပြုရင်း ဦးဝေဖြိုးဟန် တင်သွင်းထားသည့် အဆိုကိုလေးလေးနက်နက် ထောက်ခံအပ်ပါတယ်ရှင်။ ကျေးဇူး တင်ပါတယ်။

ဥက္ကဋ္ဌ။          ။သင်္ယန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခ) ဦးနေဘုန်းလတ် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်၊ သင်္ယန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)။   ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာ                   ပါ။ ကျွန်တော်ကတော့ ဦးဝေဖြိုးဟန်တင်သွင်းသွားတဲ့ အဆိုနဲ့ပတ်သက်ပြီး အချက်(၄)ချက် ကျွန်တော်တို့ ဆွေးနွေးပြီးတော့ ထောက်ခံသွားမှာဖြစ်ပါတယ်။ ပထမနံပါတ် (၁) အချက်ကတော့ ြှ့ စီမံကိန်း အကောင်အထည်ဖော်မှုမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားမှု မပြုခဲ့ခြင်းဆိုတဲ့ကိစ္စပါ။ ရှေ့မှာဒေါ်ကြည်ပြာလည်း ဆွေးနွေးပြီးဖြစ်တဲ့အတွက်ကြောင့်မို့                       ကျွန်တော်အသေးစိတ်တော့ မပြောတော့ပါဘူး။ ဒါပေမယ့်တစ်ခုဘဲပြောချင်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာဟာ ှုည်သမာ ဆိုတဲ့အသိပေးရုံသက်သက် ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ကျွန်တော်တို့ကို အသိပေးရုံသက်သက် လုပ်လို့မရပါဘူး။ ကျွန်တော်တို့ဟာ ဃသညျကူအညေအ ဆိုတဲ့ တိုုင်ပင်ဆွေးနွေးအပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါဒီအချက်ကိုတော့ သိဖို့လိုပါတယ်။ ကျွန်တော် တို့လွှတ်တော်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေမပြောနဲ့ ကျွန်တော်တို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး ၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီဆိုပြီးရှိပါတယ်။ ဒီကော်မတီနဲ့ ဒီကိစ္စဟာ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ထိုကြီးမားတဲ့ကိစ္စကြီးမှာ ဒီလိုကော်မတီကြီး ရှိနေတာတောင်မှ ဒီကော်မတီကိုတောင်မှ အဖက်လုပ်ပြီးဆွေးနွေးခဲ့ခြင်းမရှိတဲ့ကိစ္စဟာကျွန်တော်တို့ ပြန်လည်စဉ်းစားသင့်တဲ့ ကိစ္စဖြစ်ပါတယ်။ အစိုးရအနေနဲ့လည်း ကျွန်တော်တို့ လွှတ်တော်ကို အလေး ထားဆွေးနွေးသင့်သလို ကျွန်တော်တို့ လိုအပ်မယ်ဆိုရင်လည်း ကျွန်တော် တို့လွှတ်တော်ကော်မတီ အနေနဲ့လည်း သက်ဆိုင်ရာပြည်သူတွေ ပြီးတော့ယာဉ်မောင်း ၊ ယာဉ်နောက် လိုက်တွေပြီးတဲ့အခါမှာ အခြားယာဉ်ပိုင်ရှင်တွေစတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုလည်း ဒီလွှတ်တော် ကိုခေါ်ပြီးတော့ အသံတွေပိုပြီးနားထောင်ရင် ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်မှာဖြစ် တဲ့အတွက်ကြောင့်မို့ ကော်မတီတွေကိုလည်း ဒါမျိုးတွေလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပထမ (၁) အချက်ပေါ့။ (၂)အချက်ကတော့ ဒီအပြောင်းအလဲလုပ်တဲ့အခါမှာ ရှေ့မှာပြောခဲ့သလိုဘဲ အားလုံး လိုလားတောင့်တနေတဲ့ ပြောင်းလဲမှုပါ။ ဒါပေမယ့် ဒီအပြောင်းအလဲ လုပ်တဲ့အခါမှာနှစ်မျိုးရှိပါ တယ်။ ျွရီ ျွနျနမေခ့ ညေိ ီနလနူသစာနညအ ပါ။ သေချာ ျွနျနမေခ့ သုတေသနလုပ်တယ်။ ကြိုတင်ပြင်ဆင်တယ်။ အဲဒီလိုမျိုးလုပ်မှသာလျှင် ီနလနူသစာနညအ ဖွံ့ဖြိုးတိုးတက်မှုကိုသွားတာပါ။ နောက်တစ်ခုက ွှမပ ညေိ နမမသမ ကြိုးစားမှုပါ။ အဲ့လိုပြောင်းလဲမှု(၂)ခုမှာ ြှ့ စနစ်ကိုပြောင်းလဲ လိုက်တာဟာ ျွရီလို့ခေါ်တဲ့ ျွနျနမေခ့ ညေိ ီနလနူသစာနညအ မဖြစ်ဘဲနဲ့ ွှမပ ညေိ နမမသမ စမ်းသပ်ပြီးတော့ ပြောင်းလဲကြည့်တဲ့ပုံစံမျိုး ဖြစ်တယ်လို့ ဒီလိုဘဲကျွန်တော် သုံးသပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လမ်းကြောင်းတွေဆိုလည်း စပြီးပြေးဆွဲတဲ့အခါမှာ ဘာမှ အဆင်သင့်မဖြစ်သေးပါဘူး။ ကားတွေလည်း အဆင်သင့်မဖြစ်သေးဘူး။ အကုန်လုံးဟာစမ်းစမ်း ပြီးတော့ လုပ်ကြည့်ပြီးတော့ မှားလိုက်ပြင်လိုက် မှားလိုက်ပြင်လိုက်ဖြစ်တဲ့အခါမှာ ဘယ်သူသွား နာလဲဆိုတော့ တကယ့်အခြေခံလူတန်းစားဖြစ်တဲ့ ပြည်သူတွေဘဲနာပါတယ်။ ဒီလိုမျိုးစမ်းသပ်                 ပြီးတော့လုပ်တဲ့အလုပ် ဒီလိုမျိုးပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်ဆံပြီး ဆက်စပ်နေတဲ့ဒီလို ဏမသနြခအ                           မျိုးမှာဒီလိုစမ်းသပ်တဲ့ ပြောင်းလဲမှုမျိုးကို ကျွန်တော်တို့ နောက်နောင်တွေမှာမလုပ်ဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ ဒါနံပါတ်(၂) အချက်ပါ။ (၃)အချက်က ဒီမ.ထ.သကနေ ြှ့ ပြောင်းလိုက်တဲ့ အခါမှာအဆင်သင့် မဖြစ်သေးတာတွေ အများကြီးပါ။ အဲဒီထဲကမှ အချို့ဟာလေးတွေ ကျွန်တော်                 ံငါူ့ငါ့အ လုပ်ချင်ပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ နံပါတ်(၁)ပြေးဆွဲမယ့်လမ်းကြောင်း တွေအဆင်သင့်မဖြစ်သေးပါဘူး။ ကျွန်တော်တို့ စစချင်းပြောင်းမယ်ဆိုတဲ့အချိန်မှာ လိုင်းအားလုံး ပေါင်း (၆၁)လိုင်းရှိတယ်။ ကျွန်တော်တို့ ဒီမှာကျောင်းသားတွေ အားလုံးကိုခေါ်တွေ့တဲ့နေ့မှာ ကျွန်တော်တို့ ဏညေူ်နအ တွေ အပုံလိုက်ကြီးရောက်နေတယ်။ အဲဒီထဲမှာအားလုံးပေါင်း လိုင်းအားလုံး (၆၁)ဘဲပါပါတယ်။ အဲဒီ(၆၁)လိုင်းမှာမှထပ်ပြီးတော့ နောက်တစ်ရက်လည်းကျရော (၇ဝ)ထိဖြစ် သွားတယ်။ နောက်တစ်ခါ နောက်တစ်လိုင်းထပ်တိုးတယ် (၇၁) ဖြစ်သွားတယ်။ ပြီးတဲ့အခါမှာ အခုဆိုရင်(၈ဝ)ကျော်ပေါ့နော် စသည်ဖြင့်လိုင်းတွေကလည်းဘဲ အစောကြီးထဲကသေချာစနစ် တကျပြင်ဆင်ခဲ့တာမဟုတ်တော့ လိုင်းတွေက င်္ငအ မဖြစ်ဘူး။ ကျွန်တော်တို့ ဏညေူ်နအ တွေတောင် ကျွန်တော်တို့ မဟာဗန္ဓုလပန်းခြံထဲမှာ ဏညေူ်နအ တွေကို ဠနမျငသည တွေကို တစ်ခုပြီးတစ်ခုပြင်ပြင် နေရတယ်။ ပြည်သူကပေးတဲ့ ှုည်သမာအေငသည တွေက အမှန်တွေမဟုတ်ဘဲနဲ့ အမှားတွေဖြစ်နေတော့ ကျွန်တော်တို့ ဒီဟာကြီးကို ဝေလို့ကုန်သွားပြီ။ အသစ်တွေကို နောက်ထပ်ယာဉ်လိုင်း ထပ်တိုးတာ တွေကို ထပ်ဖြည့်ပြီးတော့ မရမကလိုက်တောင်းပြီးတော့ ထပ်ထပ်ပြီးတော့ ကျွန်တော်တို့တွေ ဠနမျငသည (၃)မျိုးလောက် ထုတ်ပြီးတော့ ဏညေူ်နအ တွေဝေလိုက်ရပါ တယ်။ အဲတော့ ဒါဟာပြေးဆွဲ မယ့်လမ်းကြောင်းတွေ အဆင်သင့်မဖြစ်သေးပါဘူး။ အဲဒီတော့လွန်ခဲ့သည့်(၃)လက အဆင်သင့်             မဖြစ်သေးတာ။ ကျွန်တော်တို့ လက်ခံလို့ရတယ်။ အခုကအဆင်သင့်ဖြစ်ပြီလား။ အခုလည်း အဆင်သင့်မဖြစ်သေးပါဘူး။ အဲဒီတော့အခုလည်း ကျွန်တော်တို့နောက်ဆုံး ့စိအေန လမ်းကြောင်း တွေ ကျွန်တော်တို့ဘယ်မှာလဲ။ ဒါဟာလည်းဘဲ အခုကျွန်တော်တို့အားလုံး ပြည်သူလူထုအသံ နားထောင်ကြည့်တဲ့အခါမှာ တချို့လမ်းကြောင်းတွေ လိုအပ်လို့ထပ်တိုးရမှာတွေရှိတယ်။ ပြန်ပြင်ဆင် ပြေးဆွဲရမှာတွေရှိတယ်။ နောက်ဦးကျော်ဇေယျပြောသွားသလိုဘဲ။ ဟို ဏညေူ်နအ ပါတဲ့ဟာက            တစ်မျိုး၊ တကယ်ဆွဲနေတာကတစ်မျိုး ဒါမျိုးတွေလည်း အများကြီးရှိတယ်။ အဲဒီလိုဟာမျိုးတွေနဲ့ ပတ်သက်ပြီး တကယ် ့စိအေန ှုည်သမာအေငသည တွေကို ဖြစ်နိုင်ရင်တော့ လမ်းကြောင်းတွေ             အကုန်လုံးကို ပြန်လည်သုံးသပ်ပြီးတော့ တကယ့် ့စိအေန ဖြစ်တဲ့နောက်ဆုံး င်္ငညေူ တွေကို အမြန်ဆုံးအတည်ပြုပြီးတော့ ဒါထုတ်ပြန်သင့်တယ်လို့ ကျွန်တော်တို့ အကြံပြုပါတယ်။ နောက်               တစ်ခုအဆင်သင့်မဖြစ်သေးတဲ့ နောက်တစ်ချက်ကျတော့ ကားအလုံအလောက်မရှိတဲ့ အဆင်သင့် မဖြစ်မှု။ ဒါဟာလည်းအားလုံးသိတယ်။ ကျွန်တော်တို့ကားတွေ အကုန်လုံးဝင်ပြီး ပြေးဆွဲရတယ်။ ဠသူကညအနနမ ကားတွေ အခုတော့ ဠသူကညအနနမ ကားတွေမရှိတော့ ကျွန်တော်တို့တွေ ကြားကားတွေ ကဝင်ဆွဲတယ်။ ဠသူကညအနနမ ကားတွေလိုအလကားဆွဲတာ မဟုတ်ဘူးပေါ့။ အဲဒီတော့ ဒီကားတွေ လည်းအဆင်သင့်မဖြစ်သေးတဲ့ ကျွန်တော်တို့ကိစ္စတွေရှိတယ်။ အဲဒီတော့ ဏကဘူငခ ှနမလငခန မဟုတ်ဘဲနဲ့ ှနူ် ှနမလငခန ဖြစ်နေတယ်။ ကိုယ်ပိုက်ဆံနဲ့ကိုယ် အိမ်မပြန်နိုင်ရင် အိမ်ပြန်မရောက် ဘူးပေါ့။ အဲဒီလိုပုံစံမျိုး ှနူ် ှနမလငခန ဖြစ်နေတယ်။ ဒီတော့ကားမလုံလောက်မှုနဲ့ ပတ်သက်ပြီးတော့ ဒါဟာအစိုးရအဖွဲ့အနေနဲ့ ဒါဟာကားတွေမှာ ထားတယ်လို့လည်း ကျွန်တော်တို့သိရပါတယ်။ ဒီကား တွေနဲ့ပတ်သက်ပြီးဆိုရင်လည်း ကြားနေရတဲ့သတင်းတွေက ရှေ့မှာကိုကျော်ကျော်ထွန်း ဆွေးနွေး                 သွားသလိုဘဲ တရုတ်ကနေ တင်သွင်းထားတယ်လို့ ကျွန်တော်တို့သိရတယ်။ ပြီးတဲ့အခါမှာလည်း ွ အသ ွ ပြောပေမယ့်လည်း တချို့ကိစ္စတွေမှာလည်း ွ အသ ွ အစစ်အမှန်မဟုတ်ဘဲနဲ့ အခြား ပုဂ္ဂလိကအဖွဲ့အစည်းတွေပါနေတာမျိုးလည်း ကျွန်တော်တို့ ကြားသိရတယ်။ ပြီးတဲ့အခါမှာ ဒီတရုတ်ကတင်သွင်းထားတဲ့ ကားနဲ့ပတ်သက်တဲ့ အင်ဂျင်ပါဝါတွေ နောက်ဒီအင်ဂျင်ပါဝါ အဆိုရှင် ကိုဝေဖြိုးဟန် ပြောဖူးပါတယ်။ ဒီအဆိုထဲမှာလည်းပါပါတယ်။ ြှ့ ကမိတ်ကပ်ကြီးလိမ်းထားပြီး မိတ်ကပ်တွေကွာကျသွားရော မလှတော့ဘူးဆိုတာမျိုးပေါ့။ ကျွန်တော်ကလည်း အဲဒီကားတွေကို စိုးရိမ်တယ်ဗျ ။ အဲဒီကားကြီးတွေစပြီး သယ်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့က ကားစစချင်း သယ်လာရင်တော့ အသစ်ကြီးတွေပေါ့။ ဒါပေမယ့် နောက်နောင်တဖြည်းဖြည်း ကုန်းတွေတက်ရင်း တက်ရင်းနဲ့ ဖွတ်ချက်ဖွတ်ချက်တွေဖြစ်နေပြီး မိတ်ကပ်တွေကွာပြီး ကားတွေအဆင်မပြေမှာ             လည်းစိုးရိမ်ပါတယ်။ ဒါလေးတွေလည်း ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့ နောက်နောင်ကားတွေ ဝယ်ပြီးတဲ့အခါမှာ သေချာသုံးသပ်သင့်ပါတယ်။ နောက်တစ်ခု အဆင်သင့်မဖြစ်သေးတဲ့အခါမှာ တစ်ခုက ပြည်သူကိုသတင်းပေးမယ့် ကိစ္စပေါ့နော်။ အဲဒီမှာဆိုရင် ကျွန်တော်တို့ မှတ်တိုင်အားလုံး ပေါင်းတစ်ထောင်ကျော်လောက်မှာ စိုက်ခဲ့တဲ့ဆိုင်းဘုတ် တွေရှိပါတယ်။ အဲဒီဆိုင်းဘုတ်တွေ                     ကဘယ်တစ်ခုမှ ့စိအေန မဖြစ်တော့ပါဘူး။ ဒါကျွန်တော်တို့ အဲဒီဆိုင်းဘုတ်မှာရေးထားတဲ့                     ၁၈၈၁ ဆိုတာလည်း အခုခေါ်လို့မရတော့ပါဘူး။ နောက်ပြီးတဲ့အခါမှာ အဲဒီဆိုင်းဘုတ်မှာရေးထား တဲ့ဟာကလည်း ကျွန်တော်ထင်ပါတယ် လိုင်း (၆၁)မှာရပ်နေပြီးတော့ အခုနောက်ပိုင်းလိုင်းတွေ လည်းမပါတော့ပါဘူး။ ှုည်သမာအေငသည ပြည်သူလူထုကို ပေးနိုင်တဲ့ဟာလည်း အဆင်သင့်မဖြစ်                 သေးပါဘူး။ လွန်ခဲ့တဲ့ (၃)လ ဟာလည်း အဆင်သင့်မဖြစ်သေးပါဘူး။ အခုလည်းအဆင်သင့်မဖြစ် သေးပါဘူး။ နောက်တစ်ခါ ဃသာစူငေည ဃနညအနမ ပါ။ ဃသာစူငေည ဃနညအနမလည်း ကျွန်တော်တို့ ကြိုးစားပြီးဆောင်ရွက်ပါတယ်။ ဝန်ကြီးလည်းကြိုးစားပြီးဆောင်ရွက်နေတာ သိရပါတယ်။ အခုလည်း ရန်ကုန် ကျြ ျွနစသမအ လို့ခေါ်တဲ့ဖုန်း ဗစစူငခအေငသည လေးတော့ သုံးနေပြီလို့သိရပါတယ်။ ဖုန်း                     ဗစစူငခအေငသည လေးသုံးပြီးတော့ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့တိုင်ရင် အရေးယူဆောင်ရွက်မှု တွေလည်း လုပ်နေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး ဃသာစူငေည ဃနညအနမ တွေကောင်းကောင်း လုပ်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ ဗအအနညအငသည စိတ်ထဲမှာ ခံစားနေရတဲ့ ဒီတင်းအားတွေ ကျွန်တော်တို့ လျော့သွားနိုင်တဲ့ အတွက်ကြောင့်မို့လို့လည်း ဒါကိုလည်းဘဲ လွန်ခဲ့သည့် (၃)လလောက် အဆင်သင့်မဖြစ်သေးပေမယ့် နောက်ပိုင်းမှာ ဒါလေးတွေကို အရေးစိုက်ပြီးလုပ်စေချင်ပါတယ်။ နောက်တစ်ခုက ဒီယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေနဲ့ ပတ်သက်တဲ့ကိစ္စပါ။ ဒါကလည်းအဆင်သင့် မဖြစ်ပါဘူး။ သူူတို့ကိုဒီစနစ်နဲ့ ပတ်သက်ပြီးတော့ သေချာစနစ်တကျရှင်းပြမှု အားနည်းတဲ့အခါ မှာတစ်ချို့တွေက သို့လောသို့လောတွေ ဖြစ်ကြပါတယ်။ ဖြစ်ပြီးတဲ့အခါမှာ တစ်ချို့တွေပြန်ထွက် သွားတယ်။ အဲဒီတော့ နောက်ပြီးလိုင်းတွေကို လေ့လာကြည့်တဲ့အခါမှာလည်း လိုင်းတစ်လိုင်းလုံး ကယာဉ်တွေအားလုံးကိုပိုင်တဲ့ သူဋ္ဌေးကြီးတွေပေါ့ဗျာ။ ဒီလိုကုမ္ပဏီတွေဆိုရင် အဆင်ပြေတယ်။ သူက တစ်လိုင်းလုံးကို ြညေေါန လုပ်နိုင်တာပေါ့။ ဒါပေမယ့်တစ်ချို့လိုင်းတွေမှာကျတော့တစ်စီး၊ နှစ်စီး သွင်းထားရတဲ့ အသေးစားလုပ်ငန်းရှင်လေးတွေပေါ့။ အဲဒီအသေးစားလုပ်ငန်းရှင်လေးတွေက တစ်စီး၊ နှစ်စီးသွင်းထားရတဲ့အခါမှာ ဒီစနစ်ပေါ်မှာ သေချာသဘောမပေါက်တဲ့အခါမှာ သူတို့တွေ ပြန်ပြန် ပြီးတော့ နုတ်ကုန်တာတွေ ပြန်ပြီးတော့ထွက်ကုန်တာတွေ ရှိလာတဲ့အခါမှာ ကျွန်တော်တို့ ဒီအသေး စားလုပ်ငန်းရှင်လေးတွေ နစ်နာမှုရှိတာမျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ဒါလေး တွေလည်း ကျွန်တော်တို့ ပြန်ပြီးတော့သုံးသပ်သင့်ပါတယ်။ ဒါဝန်ကြီးချုပ်လည်း ပြောခဲ့သင့်ပါတယ်။ ကျွန်တော်တို့ အသေးစားလုပ်ငန်းရှင်တွေ တစ်စီး၊ နှစ်စီးပိုင်တဲ့သူတွေကအစ ဒီထဲမှာ ဲသငည နိုင်အောင်လို့ စဉ်းစားခဲ့တယ်လို့ ဒါလေးတွေ ပြန်စဉ်းစားသင့်ပါတယ်။ နောက််တစ်ခု ကျွန်တော် စိုးရိမ်တာက ရှေ့မှာဒေါ်ခိုင်မာဋ္ဌေးတို့၊ ဒေါ်မိုးမိုးစုကြည်တို့လည်း ပြောသွားတယ်။ ဃမေိ စနစ်အကောင် အထည်ဖော်ဖို့ ကိစ္စပေါ့။ ဒါလည်းကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း ကျွန်တော် စိုးရိမ်တာက ခုနကလို ဃမေိ စနစ်မှာလည်း အဲဒီလောက်ထိမလွယ်ဘူးဗျ။ ဃမေိ တွေထုတ်ပြီး ပြည်သူတွေ ပေးလိုက် ဒါသုံးကြလို့ပြောလိုက်ရုံနဲ့ အဲဒီလောက် လွယ်လွယ်ကူကူပြောင်းလဲသွားမှာ မဟုတ်ဘူး။ အဲဒီ ဃမေိ စနစ်ကိုလည်း အလောတကြီးနဲ့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ပြည်သူတွေ အခုလိုမျိုး ပညာပေးမှု၊ အသိပေးမှု ၊ ရှင်းလင်းပြသမှုတွေ မရှိဘဲနဲ့အလောတကြီး ဃမေိ စနစ်ကို ပြောင်း လိုက်မယ်ဆိုရင်လည်းဘဲ ပြည်သူတွေဟာအခု ြှ့ မှာဖြစ်သလိုဘဲ ကျွန်တော်တို့တောင်ပြေးလိုက်၊ မြောက်ပြေးလိုက် ဘာလုပ်လို့ ဘာလုပ်ရမလဲမသိတဲ့ ပြဿာနာတွေထပ်ပြီး ကြုံရနိုင်တဲ့အတွက်မို့ ဃမေိ စနစ်ကို ပြောင်းမယ်ဆိုရင်လည်းဘဲ ကျွန်တော်တို့ ဒါဘယ်လိုပုံစံနဲ့ ဘယ်လို ဏမန်မေ ှအေါန ပေါ့နော်။ ကြားကာလလေးတွေ ခံပြီးတော့ စဉ်းစားသင့်တယ်လို့ထင်ပါတယ်။ နံပါတ် (၄)အချက်အနေနဲ့ကတော့ ဒီ ျွှနဘျငအန တွေ၊ င်္ခေနဘသသု တွေ ကျွန်တော်တို့ အားနည်းတာပါ။ ကျွန်တော်တို့ ြှ့ ရဲ့ င်္ခေနဘသသု စာမျက်နှာရှိပါတယ်။ ၂၃.၁.၂ဝ၁၇ မှာဘဲ င်္ခေနဘသသု စာမျက်နှာရပ်သွားပါတယ်။ ျွှနဘျငအန လည်းဆက်မလုပ်တော့ပါဘူး။ ဒါတွေဟာလည်း ျွ့ွှဗ ထဲမှာ ဘယ်လိုမျိုး ဒီလုပ်ငန်းတွေလွှဲပြောင်းမှုတွေမှာ လစ်ဟာမှုတွေ ရှိသွားလဲမသိပါဘူး။ ကျွန်တော် တို့ ရှေ့စစချင်းမှာ ျွကည တယ်။ အခု စစချင်းမှာ ရပ်သွားတာမျိုးတွေ တွေ့ရပါတယ်။ အဲဒီတော့ ျွ့ွှဗ ရဲ့အောက်မှာ ှုည်သမာအေငသည ဃနညအနမ သတင်းအချက်အလက် ဃနညအနမ လိုဟာမျိုးရယ်၊ နောက်တစ်ခါ ဃသာစူငေည ဃနညအနမ လိုဟာမျိုးရယ်၊ အဲဒီနှစ်ခုကိုကျွန်တော်တို့ ထားသင့်ပါတယ်။ ှုည်သမာအေငသည ဃနညအနမ သိပ်အရေးကြီးပါတယ်။ ဘယ်ကားစီးရမလဲ။ တစ်ခုခု သိချင်ဆိုတာနဲ့ဒီ ှုည်သမာအေငသည ဃနညအနမ ကိုဖုန်းဆက်ပြီး မေးလို့ရပါတယ်။ အဲဒီတော့အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ဒီ မ.ထ.သ ကနေ ြှ့ ပြောင်းတာဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်ငန်းစဉ်ဖြစ်သည့် အတွက်ကြောင့် ပြည်သူတွေကလည်း ထောက်ခံမှုအပြည့်အဝ ပေးထားပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ဟာ ဒါပေမယ့်တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဟာ ရှေ့မှာရှိတဲ့ဆွေးနွေးခဲ့သည့် လစ်ဟာမှုတွေရှိတဲ့ အခါမှာ ကြားထဲကပြည်သူကနာပါတယ်။ ပြည်သူက တရွတ်ဆွဲလိုက်ရသလိုဖြစ်ပါတယ်။ ကျွန်တော် ဒီအပြောင်းအလဲဟာ မဖြစ်မနေလိုက်လည်းလိုက်ရမယ့် အပြောင်းအလဲပါ။ ဒါပေမယ့်လည်း စီမံခန့်ခွဲမှု အားနည်းတော့ အေးအေးဆေးဆေးမလိုက်ရဘဲနဲ့ တရွတ်ဆွဲပြီးလိုက်နေရသည့် သဘောဖြစ်ပါတယ်။ နောက်တစ်ခုက ဏကဘူငခ ှနမလငခနရဲ့ သဘောတရားအရ ဒီအစိုးရအဖွဲ့အနေနဲ့ ပြည်သူကိုပေးရမည့် နျြျေါန ကသည်းခံပါ။ သည်းခံပါလို့ ပြောနေတဲ့ဟာမျိုး ကျွန်တော်က မဖြစ်စေချင်ပါဘူး။ ပြည်သူကို နျြျေါန တစ်ခုထဲ ရှင်းရှင်းလင်းလင်း ပေးရမှာပါ။ ပြည်သူတွေ သွားရေးလာရေးအဆင်ပြေ လွယ်ကူစေရမယ်ဆိုတဲ့ နျြျေါန အဲဒီဟာကိုပေးဖို့ ဒါအစိုးရအဖွဲ့အနေနဲ့ ကြိုးစားသင့်ပါတယ်။ ဒါကျွန်တော်တြှို့့ နဲ့ပတ်သက်ပြီးတော့ နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အစမကောင်း ခဲ့တာ သေချာပါတယ်။ အဲဒီတော့ အစမကောင်းခဲ့သည့် ဒီ ြှ့ စနစ်ကြီးကို အခုအချိန်ကစပြီး အပြောင်းအလဲတွေမလုပ်နိုင်ဘူးဆိုရင်တော့ အနှောင်းမှာ မသေချာဖြစ်သွားမှာဆိုသည့်အကြောင်း အကြံပြုဆွေးနွေးရင်းနဲ့ ကိုဝေဖြိုးဟန်၏အဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်။ ကျေးဇူးတင် ပါတယ်။

ဥက္ကဋ္ဌ။          ။မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးရန်အောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ တာဝန်ရှိသူတွေဟာ ဒီထက်မက ရှိနေသင့်ပါတယ်။ ဒါတော့ ကျွန်တော် စိတ်မကောင်းပါဘူး။ အခုလောလောဆယ်ဆယ် ဝန်ကြီးကိုလည်း ကျွန်တော်အားနာပါတယ်။ နိုင်ငံရေးအားဖြင့် ပြောသင့်ပြောထိုက်တာကို ပြောမှာဖြစ်ပါတယ်။ ကျွန်တော်အခု ဆွေးနွေးမယ့် အကြောင်းအရာက အစိုးရတစ်ဖွဲ့လုံးကိုရည်ရွယ်ပြီး ဆွေးနွေးမှာဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က အြွကင်းမဲ့ထောက်ခံပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ ည (၉) နာရီ မ.ထ.သ အဖွဲ့ကြီးကို အပြီးအပိုင်ဖျက်သိမ်းပြီးတော့ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်မှာ ျွ့ွှဗ ကွပ်ကဲမှုနဲ့ ့ညေါသည ကျြ ှနမလငခန (ြှ့) အများပိုင် မော်တော်ယာဉ်အဖြစ် ပြောင်းလဲပြေးဆွဲခဲ့သည်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဆိုရှင်ရဲ့ ဆွေးနွေးတင်ပြချက်တွေဟာ ြှ့ နဲ့ပတ်သက်ပြီး သူလည်းတော်တော်ကြီးကို ခံထားရပုံရပါတယ်။ ဒါကြောင့်လည်း အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ပါဝင်နေတာကို အားရဖွယ်တွေ့ရှိရပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ အခုဆွေးနွေးနေတယ်ဆိုတာက လူထုအကျိုးစီးပွားဆိုသည့် ခေါင်းစဉ်အောက်က လွှတ်တော်ဟာသူရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ အစိုးရကိုထောက်ခံဖို့ ပူးပေါင်းဝန်းရံဖို့ လိုအပ်လာပြီဆိုရင် ဘယ်တော့မှ လုံးဝသူများနောက်က မရောက်စေရပါဘူး။ အမြဲတမ်းရှေ့မှာ ရှိနေပါ တယ်။ အဲဒီလိုဘဲ ဝေဖန်အကြံပြုစရာရှိရင်လည်း ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲနဲ့ အပြုသဘောမျိုးနဲ့ ရဲရဲတင်းတင်းဝေဖန် အကြံပြုမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ အောက်ခြေ မှာဖြစ်ပျက်နေတာတွေကို အကုန်လုံး မသိရှိနိုင်ပါဘူး။ ကောင်းမွန်သည့်အစိုးရ ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ဖြစ်ဖို့အတွက် အစိုးရအားမှန်ကန်သည့် သတင်းအချက်အလက်များ ရရှိဖို့လိုအပ်ပါတယ်။ ကိုယ်စားလှယ်တွေ ဆိုတာက လူထုနဲ့အမြဲမပြတ် ထိတွေ့နေသူတွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူထုရဲ့ရင်လှိုင်း ခတ်သံတွေကို နေ့စဉ်နဲ့အမျှ ကြားသိမြင်တွေ့နေရတာဖြစ်ပါတယ်။ ဒါတွေကို စနစ်တကျထုပ်ပိုး ပြီးတော့ လွှတ်တော်မှာအစိုးရသိရှိအောင် တင်ပြဆွေးနွေးမှုတွေလုပ်ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ လူထုရဲ့လိုအပ်ချက်တွေကို စုံစမ်းမေးမြန်းပြီးတော့ နှုတ်နဲ့အစိုးရကို ပြောဆို မေးမြန်းရတာ ဖြစ်ပါတယ်။ အမြန်ဆုံးအထိရောက်ဆုံး လက်တွေ့အကောင်အထည်ဖော်ရတာ အစိုးရရဲ့တာဝန်ဘဲ ဖြစ်ပါတယ်။ တာဝန်ချင်းမတူသလို လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေလည်းမတူပါဘူး။ ဒါဟာသဘာဝကျပါတယ်။ အစိုးရက ဘာလုပ်လုပ် ငြိမ်နေမယ်ဆိုလို့ရှိရင် အရင်လူတွေနဲ့ ဘာမှထူးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က ထူးချင်သည့်လူတွေဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ဒီမဏ္ဍိုင်ကြီး(၃)ရပ်က အခုလက်ရှိနိုင်ငံရေးစနစ်ရဲ့ ဒေါက်တိုင်တွေဘဲ ဖြစ်ပါတယ်။ အပြန်အလှန် ထိန်းကျောင်းရင်းနဲ့ လူထုအကျိုးစီးပွားကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ ဒီမဏ္ဍိုင်ကြီး(၃)ခုက တစ်ခုနဲ့တစ်ခု မထီမဲ့မြင်ပြုတာမျိုး အလေးအနက်မထားတာမျိုး တွေမပြုလုပ်ဖို့ အပြန်အလှန် လေးစားဖို့ အထူးဘဲလိုအပ်လှပါတယ်။ ဥက္ကဋ္ဌကြီးလည်းသိပြီးဖြစ်သည့်အတိုင်း ကျွန်တော်တို့ အားလုံးရဲ့ ဒီမိုကရေစီခရီးကြမ်းကြီးဟာ အခုမှ ပထမလှေကားထစ်ကို တက်လှမ်းကာစဘဲ ရှိပါသေး တယ်။ အခက်အခဲအကြပ်အတည်းတွေ အများကြီးရှိနေပါတယ်။ အတွေးအခေါ်နဲ့ ဥာဏ်ပညာ တိုက်ပွဲက အခုမှစတာလို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အဲဒီအတွက်် သတိကြီးကြီးနဲ့ အားလုံးဟာ အသိရှိဖို့ အထူးဘဲလိုအပ်လှပါတယ်။ နားလည်မှုရှိရှိနဲ့ချိတ်ဆက် ဆောင်ရွက်နိုင်ကာမှ တော်ကာကျပါလိမ့်မယ်။ ဟန်ချက်ပျက်လို့မရအောင် ပေးဆပ်ခဲ့ရသည့် အရင်းအနှီးတွေ ပေးဆပ် နေရသည့် အရင်းအနှီးတွေဟာအများကြီး ကြီးမားလှပါတယ်။ ကိစ္စရပ်တိုင်းကို လွှတ်တော်မှာ ဆွေးနွေးညှိနှိုင်းကူညီပြီးမှ ဆောင်ရွက်မယ်ဆိုရင် တစ်ချို့ကိစ္စရပ်တွေမှာ အလုပ်မတွင်တာတွေရှိ ပါတယ်။ ဒါပေမယ့်တစ်ချို့ကြီးမားကျယ်ပြန့်သည့် အလုပ်တွေကိုတော့ လွှတ်တော်မှာတရားဝင် ဆွေးနွေးညှိနှိုင်းပြီးတော့ ဆောင်ရွက်မှအဆင်ပြေပါလိမ့်မယ်။ တစ်ချို့ကိစ္စရပ်တွေမှာ အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေထက် ပိုသိပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စရပ်တွေမှာ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရထက်အများကြီး ပိုသိပါတယ်။ ဥပမာအားဖြင့် ြှ့ ကိစ္စဆိုပါစို့၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အစိုးရကရည်ရွယ်ချက် ကောင်းပေမယ့်လည်း လုပ်နည်းလုပ်ဟန် အားနည်းချို့ယွင်း မှားယွင်းခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား ပြောရပါလိမ့်မယ်။ နေမကောင်းတဲ့သူတစ်ယောက်ကို မြန်မြန်နေကောင်းအောင်ဆိုပြီတော့ သုံးရက်လောက် သောက်ရမည့်ဆေးကို တစ်ခါတည်းရော့ အင့်ဆိုပြီး တစ်ခွက်တည်း တိုက်လိုက်သလို ဖြစ်သွားတယ်။ လူနာက တော်တော်လေးခံလိုက်ရသည့် သဘောရှိသွားပါတယ်။ ဆိုလိုချင်တာက ြှ့ စမယ့် တစ်ပတ်အလိုလောက်ကျမှ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြမ်းဖျဉ်းသာသာ ရှင်းပြတာမျိုးတွေ အစိုးရအဖွဲ့က ပြုလုပ်ခဲ့ပါတယ်။ ဒီလိုကျယ်ပြန့်သည့် လုပ်ငန်းစဉ်ကို ဘာဖြစ်လို့ စောစောစီးစီးထဲက မဆွေးနွေးခဲ့တာလဲလို့ ဘဝင်မကျဖြစ်ခဲ့တာရှိပါတယ်။ အစိုးရအဖွဲ့ကိုလည်း အချို့ကိုယ်စားလှယ်တွေ ပြန်မေးခဲ့ပါတယ်။ ကျွန်တော်တို့ကို အကူအညီတောင်းတာလား။ ဒါကို ဆွေးနွေးတာလားလို့ ကျွန်တော်တို့ပြန်မေးခဲ့ကြပါတယ်။ တကယ်လို့သာ စောစောစီးစီးထဲက ပွင့်လင်းမြင်သာစွာနဲ့ တိုင်ပင်ညှိနှိုင်းခဲ့မယ်ဆိုရင် ြှ့ က လှလှပပဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ရက်ကလည်း သိပ်ကပ်နေတယ်။ မဖြစ်ဖြစ်တဲ့နည်းနဲ့ အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ြီူ ပါတီဝင်တွေ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ရပ်နီးရပ်ဝေးက ယာဉ်လုပ်ငန်း ရှင်တွေ၊ အရပ်ဖွဲ့လူ့အဖွဲ့အစည်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ (၈၈)ကရဲဘော်ကျောင်းသားတွေရယ် ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ပင်ကိုယ်နိုင်ငံရေး အသိစိတ်ဓာတ်နဲ့ အောင်ကိုအောင်မြင် ရမယ်ဆိုတဲ့ အောင်စိတ်အောင်ဇောနဲ့ ပြိုင်တူဝိုင်းကူပြီး တွန်းခဲ့ကြပါတယ်။ လူထုက အံကြိတ််ခါးစီး ပြီးတော့ ဒီစနစ်ကြီး အောင်မြင်အောင်ပါဝင်ပြီးတော့ ပြိုင်တူတွန်းခဲ့ကြပါတယ်။ လူထုရဲ့စွမ်းအားလည်း အလွန်ကြီးပါတယ်။ တစ်ခုဘဲစိုးရိမ်ပါတယ်။ လူထုခံနိုင်ရည်စွမ်းအား မကုန်ခင်မှာ အစိုးရအဖွဲ့က ထိထိရောက်ရောက်နဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အားပြည့်ဆောင်ရွက်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့လည်း လိုအပ်ပါတယ်။ ရုပ်0x္တုပစ္စည်း သာမကဘူး ြှ့ ယန္တယားကြီးတစ်ခုလုံး မှာပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်တွေကိုပါ ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရက မိမိစွမ်းအားကို အပြည့်အဝ အသုံးပြုဖို့လိုအပ်ပါတယ်။ အစိုးရကအသစ်၊ ဝန်ထမ်းယန္တယားက အဟောင်း တစ်ချို့ဝန်ထမ်းတွေက ကောင်းသလို၊ တစ်ချို့ဝန်ထမ်းအဟောင်းတွေက အရင်တုန်းက လုပ်နည်းလုပ်ဟန် အတွေးအခေါ်အဟောင်းတွေနဲ့ ခေါက်ရိုးကျိုးနေတဲ့ အယူအဆဟောင်းတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့အတွက် ဒီလူတွေကို နိုင်နိုင်နင်းနင်းမကိုင်တွယ်နိုင်ရင် လူထုကအစိုးရသစ်ကို အကြည်ညိုပျက်နိုင်ပါတယ်။ အထင်အမြင်လွဲနိုင်ပါတယ်။ ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ မိမိရဲ့အစွမ်းအစနဲ့ မိမိရဲ့ဝန်ထမ်းတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်ဖို့ တာဝန်ယူပေးရ ပါလိမ့်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အစိုးရသစ်မှာ တာဝန်ယူ၊ တာဝန်ခံရပါလိမ့်မယ်။ တစ်ဖက်ကလည်း လူထုကို မီဒီယာမှတစ်ဆင့် အခါအားလျော်စွာ ဆောင်ရွက်ချက်တွေကို ထုတ်ပြန်ပေးသင့်ပါတယ်။ ပညာပေးအစီအစဉ်တွေကိုလည်း နည်းလမ််ပေါင်းစုံနဲ့ လူထုကြားမှာစိမ့်ဝင်ပြန့်နှံ့အောင် လုပ်ပေးနေ သင့်ပါတယ်။ အခုဆိုရင် လူထုဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘာလဲ ၊ လွှတ်တော်က ဘာလဲ၊ ငါတို့ဟာ ဘာလဲဆိုပြီးပြန်လည်ဆန်းစစ်နေပါပြီ။ ဒါက အင်မတန်အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာနိုင်ငံရေးကိစ္စ တစ်ခုဖြစ်ပါတယ်။ နောက်တစ်ချက် အဆိုရှင်ပြောထားတဲ့အထဲမှာ ပထမကော်မတီဝင်ကို ဝန်ကြီးချုပ်ရယ်၊ ဒီဝန်ကြီးတွေရယ် အားလုံးပေါင်း(၁၆)ယောက်လောက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ကျွန်တော်ကြားသိရ ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ နောက်ဆုံးကြားသိရတဲ့ အနေအထားအရ တစ်ချို့ဟာ စာရွက်ပေါ်မှာ နာမည်သာပါပြီးတော့ လုပ်ငန်းပေါ်မှာ စိတ်ဝင်စားမှု လည်းမရှိ ၊ တကယ်စိတ်ဝင်စားသူတွေနဲ့အစားထိုးပြီး ဆောင်ရွက်စေမှာဖြစ်ပါတယ်လို့ အဆိုရှင်က ဆိုထားပါတယ်။ မှန်ကန်ပြီး တရားမျှတလှပါတယ်။ လူများပြီးပွဲမစည်တဲ့အခါ အလုပ်ဖြစ်တာ မဖြစ်တာအပထား။ ကိုယ်လူပါရေး သူ့လူမပါရေးဆိုပြီး အုပ်စုဖွဲ့ဟန်ပြလုပ်နေမယ်ဆိုရင်တော့ ဒီဆိုးမွေကို အရင်ဆုံးခံစားရမှာက အခြေခံအကျဆုံး လူထုဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဟန်ပြ လုပ်နေသူတွေကို ထုတ်ပယ်ပြီးတော့ လုပ်ငန်းပေါ်မှာ စေတနာထားပြီး စိတ်ဝင်တစားလုပ်ကိုင် ဆောင်ရွက်သူများနဲ့ အစားထိုးအားဖြည့်သင့်ပါတယ်။ နောက်ဆုံး ကျွန်တော်နိဂုံးချုပ်အနေနဲ့ ပြောလို တာကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေတယ်။ ပုဂ္ဂလိကနဲ့ ဖက်စပ်စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေခြင်းဟာ မည်သည့်ဥပဒေ၊ စည်းကမ်းများ အရလုပ်ကိုင်နေပါသလဲဆိုတာကို ကျွန်တော် တို့သိရှိလိုပါတယ်။ နောက်တစ်ချက်က ပြည်ထောင်စု အစိုးရဝန်ကြီးအဖွဲ့ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအရ ခွင့်ပြုချက်ရရှိ ထားပြီးပါသလား ကိုလည်းသိရှိလိုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အဆိုရှင်ဦးဝေဖြိုးဟန်၏ အဆိုကိုအြွကင်းမဲ့ ထောက်ခံဆွေးနွေးရင်းနဲ့ ကျွန်တော်နိဂုံးချုပ်ပါတယ်။

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များ (၁ဝ) မိနစ်လောက်နားပါမယ်။

အခမ်းနားမှူး ။         ။ လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းနားမှူး ။         ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။ အစည်းအဝေး                                                 ကို (၁၅းဝဝ)နာရီမှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်ရှင်။

လွှတ်တော်အစည်းအဝေးပြန်လည်ကျင်းပခြင်း

အချိန်။ ၁၅ဝဝ

အခမ်းအနားမှူး။         ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဥက္ကဋ္ဌ ။            ။ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးဇော်မိုးလွင်၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင် ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆိုကို အပြုသဘောဖြင့် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်ရဲ့အဆိုနှင့်ပတ်သက်ပြီးတော့ အပိုင်း(၃) ပိုင်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အပိုင်း(၁)အနေနဲ့က ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီးတော့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ မ.ထ.သ (အစား) ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ့ညေါသည ျွနါငသည ွှမညျေစသမအ ဗကအ့သမငအပ (ျွ့ွှဗ) ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံတော်နှင့်အများပြည်သူအတွက် အကျိုးသက်ရောက်မှု အားနည်း နေတဲ့ အဖွဲ့အစည်းတစ်ခုကို ဖျက်သိမ်းပြီးတော့ အဖွဲ့အစည်းအသစ် ဖွဲ့စည်းလိုက်တာဟာ အင်မတန် ကောင်းမွန်တဲ့ လုပ်ရပ်လို့ ထင်မြင်မိပါတယ်။ ဒါပေမယ့် အသစ်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို သက်ဆိုင်ရာနယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့ လူပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးအတွက် မူဘောင်ရေးဆွဲပြီး ပွင့်လင်းမြင်သာစွာပြည်သူကိုဖိတ်ခေါ်၍ ဖွဲ့စည်းသင့်တယ်လို့ သုံးသပ်မိပါတယ်။ အဲဒီလိုမဖွဲ့စည်းဘဲနဲ့ ယခင်ဖျက်သိမ်းခဲ့တဲ့ အဖွဲ့အစည်းက သူတွေကို အခြေခံပြီး နီးစပ်တဲ့သူများနဲ့ အလျင်အမြန်ဖွဲ့စည်းခဲ့တယ်ဆိုရင်တော့ အဟောင်းမပြုတ်၊ အဟုတ်မပြောင်းတဲ့ အဖွဲ့အစည်း တစ်ခုသာဖြစ်နိုင်ပြီး စတင်ဖွဲ့စည်းကတည်းက အားနည်းခဲ့တယ်လို့ ထင်မြင်သုံးသပ်မိပါတယ်။ အပိုင်း(၂)အနေနဲ့ စည်းမျဉ်းစည်းကမ်းနှင့်အရေးယူဆောင်ရွက်မှုများအပေါ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီးတာနဲ့ အဖွဲ့အစည်းရဲ့တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ အရေးယူဆောင်ရွက်မယ့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ စစ်ဆေးကြီးကြပ်မယ့် လုပ်ငန်းအစီအစဉ်များ စသည့်မူဘောင်များရေးဆွဲပြီး တည်ဆဲဥပဒေနှင့် အညီစိစစ်လျက် ပြဋ္ဌာန်းပြီးတော့ အဆင့်ဆင့်ထုတ်ပြန်လျက် လမ်းညွှန်ဆောင်ရွက်သင့်ပါတယ်။ အဲဒီလိုမှ မဆောင်ရွက်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ မြန်မာစကားပုံမှာရှိတဲ့အတိုင်း ”အကွတ်မရှိတဲ့ကြမ်း၊ ပရမ်းပတာ” ဆိုသလို ”ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်” ပြီးဖြစ်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ နံပါတ်(၃)အနေနဲ့ ပွင့်လင်းမြင်သာမှုအပိုင်းမှာ ဒီမိုကရေဒီစနစ်ရဲ့ အနှစ်သာရဟာ ပြည်သူ့ဆန္ဒ ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကိုဖော်ဆောင်ဖို့ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လမ်းညွှန် ခဲ့သလို ပြည်သူနှင့်အတူ ရှိနေဖို့လိုအပ်ပါတယ်။ ပြည်သူနှင့်အတူရှိနေဖို့ဆိုရင် ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့ မလွှဲမသွေလိုအပ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်မှသာ ပြည်သူများ၏ ယုံကြည်မှု၊ လေးစား ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရပါလိမ့်မယ်။ အဲဒီလိုမဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင် ပြည်သူနှင့် ကင်းကွာပြီး အောင်မြင်မှုနဲ့အလှမ်းကွာဝေးမယ်လို့ သုံးသပ်မိပါတယ်။ နိဂုံးချုပ်အနေနဲ့ အတိုချုပ် ရမယ်ဆိုရင် ကျွန်တော်တို့ စနစ်ကျတဲ့ဖွဲ့စည်းပုံ တိကျသေချာတဲ့ စည်းမျဉ်း စည်းကမ်း မူဘောင်များ၊ ပြည်သူ့ဆန္ဒကိုဖော်ဆောင်ပေးမယ့် ပွင့်လင်းမြင်သာမှုများနဲ့ ပြည်သူနှင့်အတူ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းတိုက်တွန်းရင်း အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ အဆိုကို လေးလေးနက်နက်ထောက်ခံကြောင်း ဆွေးနွေးအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။            ။ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးမြတ်မင်းသူ၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။   ။လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးမင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ဖြစ်ပါတယ်။ ပထမဦးစွာ လှိုင်သာယာမြို့နယ်တွင် ြှ့ ယာဉ်လိုင်းပြေးဆွဲမှုများကို ဦးစွာတင်ပြသွားမှာဖြစ်ပါတယ်။ မ.ထ.သ ကိုဖျက်သိမ်းပြီးတော့ ြှ့ ကိုစတင်ပြောင်းလဲတဲ့ ဇန်နဝါရီလ(၁၆)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များအားလုံးပါဝင်၍ ြှ့ ပြောင်းလဲမှုအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြပါတယ်။ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ မှတ်တိုင်တွေမှာ ခရီးသွား ပြည်သူတွေ အလွန်များပြားစုပုံနေခြင်းကို ဖြေရှင်းဆောင်ရွက်ကြရပါတယ်။ ရန်ကုန်မြို့တွင်း အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာသည့်အချိန်မှာလည်း အင်းစိန်၊ ပေါက်တောဝ၊ စော်ဘွားကြီးကုန်း၊ ဒညင်းကုန်းလမ်းဆုံ၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတို့မှ မှတ်တိုင်များတွင် ခရီးသွားပြည်သူတွေ အများအပြားစုပုံနေသည်ကိုလည်း ကျွန်တော်တို့ ဖြေရှင်းဆောင်ရွက်ခဲ့ ကြရပါတယ်။ ဒီလို မ.ထ.သ မှ ြှ့ အဖြစ်ပြောင်းလဲနေချိန်မှာ လှိုင်သာယာမြို့နယ်အတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်း (၅၃)၊ (၅၄) ဒိုင်နာယာဉ်များ သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း ပြေးဆွဲမှုမရှိခြင်း၊ သတ်မှတ် ထားသည့်နှုန်းအတိုင်း ကောက်ခံမှုမရှိဘဲ ပို၍ကားခကောက်ခံခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ် များနှင့် မြို့နယ်မှတာဝန်ရှိသူတွေ ကြပ်မတ်ဆောင်ရွက်ခဲ့ကြရပါတယ်။ ဒိုင်နာယာဉ်များက ယာဉ်လိုင်း ပြေးဆွဲရန် တောင်းဆိုမှုများကြောင့် သက်ဆိုင်ရာဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ၍ မြို့နယ်တွင်း ယာဉ်လိုင်းများထပ်တိုးပြေးဆွဲနိုင်ရေးကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်ခဲ့မှုကြောင့် မြို့နယ်တွင်းပြေးဆွဲမည့်ယာဉ်လိုင်း (၆၇)နှင့်(၇၇)ယာဉ်လိုင်းအသစ် ထပ်မံပေါ်ပေါက်ခဲ့ပြီး မြို့တွင်းပြေးဆွဲခဲ့ကြပါတယ်။ ဒီလိုပြေးဆွဲရာတွင် (၆၇)ယာဉ်လိုင်းသာ ယနေ့အချိန်အထိ ပုံမှန် ပြေးဆွဲနေပြီး (၇၇)ယာဉ်လိုင်းမှာ ပြေးဆွဲမှုမရှိသလောက်နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ လှိုင်သာယာ မြို့နယ်အတွင်းပြေးဆွဲနေသည့် (၅၃)၊ (၅၄)ယာဉ်လိုင်းများသည် စည်းကမ်းအပျက်ဆုံးလိုင်းများ ဖြစ်ပါတယ်။ ဒီလိုစည်းကမ်းပျက်ယာဉ်လိုင်းများကို ထိရောက်စွာအရေးယူပေးရန် လိုအပ်မှာ ဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်သည် လူဦးရေထူထပ်များပြားပြီး လက်လုပ်လက်စား အလုပ်သမား အများဆုံးမြို့နယ်တစ်ခုဖြစ်သည်နှင့်အညီ ခရီးသွားပြည်သူ အလွန်များပြားလှပါတယ်။အရင် မ.ထ.သ လက်ထက်တုန်းက (၁၂၄)၊ (၃၉)၊ (၃၃၃)၊ (၈၁) စတဲ့လိုင်းတွေဟာ ရန်ကုန်အင်းစိန် လမ်းမကြီးကနေ ဆူးလေကိုသွားသလို ကမ္ဘာအေးဘက်နေသွားတဲ့ ကားတွေလည်း ရှိပါတယ်။ ဒီလိုလိုင်းတွေများပြီး ကားအစီးရေများခဲ့တာတောင် မနက်ရုံးတက်၊ ညနေရုံးဆင်းချိန်တွေမှာ ကားထဲလူပြည့်ကြပ်လို့ ကားပေါ်တက်မရတာတွေ ရှိခဲ့ပါတယ်။ အခု ြှ့ ပြောင်းတဲ့အခါမှာ လှိုင်သာယာက ဆူးလေကို တိုက်ရိုက်ရောက်တဲ့ ကား(၆၁)ယာဉ်လိုင်း တစ်လိုင်းသာရှိပါတယ်။   ဒီကားတွေကလည်း အလွန်ဟောင်းနွမ်းနေပြီး အရင်က ကားအစီးရေလောက်မရှိတဲ့အတွက် ရုံးသွား၊ ရုံးပြန်အချိန်တွေမှာ မြို့နယ်ကပြည်သူတွေ အလွန်ဒုက္ခရောက်ရပါတယ်။ ထို့အပြင်ကားလမ်းကြောင်း ကလည်း အလွန်ကွေ့ပတ်နေတဲ့အတွက် ကားလမ်းမပိတ်ရင်တောင် ဆူးလေ-လှိုင်သာယာကို (၂)နာရီနီးပါးလောက် ကြာပါတယ်။ (၂၂)ယာဉ်လိုင်းစီးပြီး သခင်မြပန်းခြံကနေတစ်ဆင့် ပြောင်းစီးပြီး ဆူးလေကို သွားလို့ရပေမယ့် ညနေရုံးပြန်ချိန်တွေမှာ မိုးနည်းနည်းချုပ်သွားရင် ဒီကားတွေဟာ ပြေးဆွဲမှုမရှိသလောက်နည်းပါးသွားပြီဖြစ်ပါတယ်။ ည(၉)နာရီ အချိန်အထိ ြှ့ ယာဉ်တွေရှိမယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောခဲ့ပေမယ့် တကယ့်မြေပြင်မှာ ည(၈)နာရီခွဲဆိုရင် ကားဂိတ်မှာ ကားတွေမရှိတော့ပါဘူး။ ဒီလိုယာဉ်လိုင်းတွေမရှိတော့တဲ့အတွက် အောက်ဆိုက်ကားတွေနဲ့ပဲ ခရီးသွားပြည်သူတွေက အိမ်ပြန်ခရီးကို ဆက်လက်သွား နေကြရပါတယ်။ လှိုင်သာယာမြို့နယ်မှာ အခြေခံလူတန်းစားများပြီး ခေါင်းရွက်ထိုးဈေးသည်များ၊ တနိုင်တပိုင်ဈေးရောင်းချသူများသည် သီရိမင်္ဂလာဈေး၊ စံပြဈေး၊ ဘုရင့်နောင်ဈေးတို့ကို မှီခိုပြီးတော့ အလုပ်လုပ်ကိုင်နေကြရတဲ့သူတွေ ရှိပါတယ်။ ရန်ကုန်ညောင်းတုန်းလမ်းမကြီးက ဒီဈေးတွေကို သွားလာဖို့အတွက် တိုက်ရိုက်ရောက်တဲ့ ယာဉ်လိုင်းတွေ မရှိတော့ပါဘူး။ ဘုရင့်နောင်ပွဲရုံကို (၆၁) ယာဉ်လိုင်းရောက်ပေမယ့် သီရိမင်္ဂလာဈေး၊ စံပြငါးဈေးတို့ကို တိုက်ရိုက်ရောက်တဲ့ ကားမရှိတော့ပါဘူး။ ဒါကြောင့် ယာဉ်လိုင်းတွေ လိုအပ်နေ ပါတယ်။ ြှ့ ယာဉ်လိုင်းအဖြစ်ပြောင်းလဲခဲ့တာဟာ (၃)လကျော်ကြခဲ့သည့်အချိန်မှာ ခရီးသွား ပြည်သူတွေဟာ အလွန်ညဉ်းညူလာကြပါပြီ။ ရာသီဥတုကလည်း ပူပြင်းခြင်း၊ ကားထဲမှာ လူပြည့်ကြပ်လွန်းခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ခြင်း၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များကလည်း မ.ထ.သ တုန်းကလိုပဲ တစ်ချို့မှာ ကြမ်းတမ်းစွာပြောဆို ဆက်ဆံနေကြတုန်းပါပဲ။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေကို စနစ်တကျကြပ်မတ်ထိန်းသိမ်းပေးရန် လိုအပ်နေပြီဖြစ်ပါတယ်။ လှိုင်သာယာ မြို့နယ်တွင် ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှုအများဆုံးဖြစ်တဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ သမကုန်းအဝိုင်းမှာ ယာဉ်လိုင်းကားများဟာ သတ်မှတ်မှတ်တိုင်များတွင် ရပ်နားမှုမရှိဘဲ အဝိုင်းထိပ် နားတွင် ကားများကိုပိတ်ဆို့ပြီးရပ်မှုကြောင့် မကြာခဏယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေရ ပါတယ်။ အဆင့်မြင့် ဗိုလ်ချုပ်စက်မှုဇုန် တပ်ထိပ်မှတ်တိုင် ဘုရင့်နောင်တံတား ရန်ကုန်-ညောင်တုန်း လမ်းမကြီးတစ်လျှောက် အောင်ဇေယျကြိုးတံတားမှ အင်းစိန်ပေါက် တောဝအထိ မနက်ပိုင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ အနော်ရထာ လမ်းမကြီးတစ်လျှောက်မှာလည်း ယာဉ်ကြောပိတ်ဆို့မှုများဟာ မကြာခဏဖြစ်ပေါ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု တစ်စိတ် တစ်ဒေသ ဖြစ်တဲ့ ြှ့ ယာဉ်လိုင်းမှ ကားများနှင့် အခြားကားများ လမ်းမကြီးပေါ်မှာ စည်းကမ်းမဲ့ ရပ်နားထားမှုတွေကိုလည်း စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါတယ်။ ပါဝါပွိုင့်ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ြှ့ စနစ်အောင်မြင်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်တဲ့ မြင်ကွင်းပါ။ ညောင်တုန်း လမ်းမကြီးပေါ်မှာ စည်းကမ်းမဲ့ ရပ်နားထားတဲ့ ယာဉ်တွေပါ။ ဒါကျွန်တော်တို့ ညောင်တုန်းလမ်းမကြီးပေါ်မှာ ဒီလိုရပ်နားထားတဲ့ အတွက် ကားတွေဟာ ဒီလိုမျိုးပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကျွန်တော်တို့ သမကုန်းအဝိုင်း ထိပ်ပတ်ပတ်လည်မှာ ရပ်နေတဲ့အတွက်ကြောင့် ကားတွေပိတ်ဆို့မှုဖြစ်နေတဲ့မြင်ကွင်းပါ။ သမကုန်းအဝိုင်းထိပ် အနော်ရထာလမ်းမပေါ်မှာ ရပ်နားထားတဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့ နေတဲ့ အခြေအနေတွေပါ။ အနော်ရထာလမ်းမပေါ်မှာရှိတဲ့ အဝေးပြေးလမ်းမကနေလာတဲ့ ြှ့ ယာဉ်တွေက ဒီလိုတစ်တန်းကြီးပဲ လမ်းမကြီးဘေးမှာ ဒီလိုတောက်လျှောက် ရပ်ထားတဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေတဲ့ အခြေအနေတွေပါ။ ဒါက ဗိုလ်အောင်ကျော်လမ်းမကြီးပေါ်မှာ ရပ်နားထားတဲ့ ယာဉ်တွေပါ။ ဒီလမ်းက အင်မတန်ကျဉ်းတဲ့အတွက်ကြောင့် ဒီဘက်မှာသွားရေး လာရေး အင်မတန်ခက်ခဲပါတယ်။ အနော်ရထာလမ်းမ အမှတ်(၂ဝ)ရပ်ကွက် ဈေးရှေ့မှာ စည်းကမ်းမဲ့ရပ်နားထားတဲ့ယာဉ်တွေပါ။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုမျိုးယာဉ်ရပ်နား ကွင်းတွေ စီစဉ်ဆောင်ရွက်ပေးပါမှ ကားများကို လမ်းပေါ်မှာ စည်းကမ်းမဲ့ရပ်နားထားခြင်းများ မရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်ရပ်နားကွင်းများ စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းကို အကြုံပြုဆွေးနွေးရင်း အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေး နှင့် ထိရောက်စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။          ။ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးသိန်းမြင့်၊ တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။         ။ အားလုံးကို လေးစားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် လုပ်ငန်းလိုအပ်ချက်များ စသည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် အင်းစိန်မြို့နယ်၊ အမှတ်(၂)မှ ဦးဝေဖြိုးဟန်၏ အဆိုကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လိုရင်းပြောရရင်တော့ ရန်ကုန်တိုင်းအစိုးရရဲ့ ြှ့ စနစ်က မအောင်မြင်ပါဘူး။ မအောင်မြင်တဲ့အချက်ထဲက ကျွန်တော်(၃)ချက်ကို ထောက်ပြ ပါ့မယ်။ ပထမအချက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ြှ့ စနစ်ကို ဖော်ဆောင်တဲ့ လုပ်ရပ်ဟာ ကောင်းမွန်တဲ့လုပ်ရပ်ဆိုရင်တော့ ဒါထောက်ခံပါတယ်။ ပြည်သူတွေလိုလားတဲ့ ပြောင်းလဲခြင်းလည်း ဖြစ်ပါတယ်။ သို့သော် ပြည်သူတွေတကယ်တွေ့ကြုံခံစားရတဲ့ ဒီစနစ်ကို ဖြေရှင်း ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လုံးဝဂရုမစိုက်ဘဲ အရေးတယူမလုပ်ဘဲ လုပ်တဲ့အချက်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ြှ့ စနစ်မအောင်မြင်ခြင်း အကြောင်းအရင်းဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ွှနခ့ငညငခေူ အပိုင်းကို ကြိုတင်ပြင်ဆင်ထားတာမှန်ပေမယ့် ဥစနမအေငသည အပိုင်း ကိုတော့ ဖြစ်ကလဲ့စမ်းလုပ်ထားတဲ့ သဘောဖြစ်နေပါတယ်။ ဥစနမအေငသည အပိုင်းကို တကယ် ဦးဆောင်တာက လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့တကယ်ရင်ဆိုင်ရတာက လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကံကောင်းတာက ပြည်သူတွေက ဒီစနစ်ကို ပြောင်းလဲ ချင်တယ်။ ကိုယ့်အစိုးရ၊ ပြည်သူကတင်တဲ့အစိုးရဖြစ်လို့ အောင့်အီးသည်းခံပါဝင်ဆောင်ရွက်ကြတာ တကယ့်ကို အံ့သြစရာဖြစ်ရပါတယ်။ ဒါပေမယ့် စနစ်တကျလုပ်ကိုင်ခြင်းမျိုးမဟုတ်လို့ ပရမ်းပတာ ဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်အားပေးများ၊ ပြည်သူများ၊ လူငယ်များက ရင်ဆိုင်ဖြေရှင်းပြီးတော့ ဆောင်ရွက်ပေးနေရပါတယ်။ လုပ်ငန်းစဉ်အကောင်အထည်ဖော်မယ့်ရက်ကို ကြိုတင်ကြေညာပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များကို အသိပေးရုံသာခေါ်ပြောပြီး လွှတ်တော် ကိုယ်စားလှယ်များလုပ်ငန်းစဉ်ကို ဦးဆောင်ခိုင်းတဲ့လုပ်ရပ်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ြှ့ စနစ်ဖော်ဆောင်ခြင်းရဲ့ ကျွန်တော့်အမြင်ပြောရရင်တော့ လူကြိုက်ကောင်းအောင်၊ ပေါ်ပြူလာ ဖြစ်အောင် လုပ်တဲ့သဘောဖြစ်နေပါတယ်။ တစ်နည်းပြောရရင် လူမပြောင်း ကားမပြောင်း စနစ်ကို အတင်းပြောင်းခိုင်းတဲ့ သဘောဖြစ်နေပါတယ်။ ြှ့ စနစ်အကောင်အထည်ဖော်ရာမှာ ကျဆုံးခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်တွေ့တဲ့ အတွေ့ အကြုံနှစ်ခုပြောပါမယ်။ တာမွေ၊ အာသောကမှတ်တိုင်မှာ ကျွန်တော်လုပ်အားပေးရင်းနဲ့ အဲဒီမှာ လူတစ်ယောက်က စောင့်နေတဲ့ကားကမလာ၊ လူတွေကလည်း ပြည့်ကြပ်၊ လာတဲ့ကားကလည်းကြပ်၊ တက်လို့လည်းမရ အခုငွေ(၃ဝဝ)ကုန်သွားပြီ။ လိုရာခရီးလည်းမရောက်ဘူး။ အဲဒါတွေပြောတဲ့ အတွက် ကျွန်တော်က သူ့ကိုတောင်းပန်ရတယ်။ ကျွန်တော်တောင်းပန်ပြီးတော့ ပြန်အလှည့်မှာ အလကားဟန်လုပ်ပြီးလုပ်နေကြတာ၊ ပေါ်ပြူလာဖြစ်အောင်လုပ်နေကြတာ၊ အများအမြင်ကောင်းအောင် လုပ်နေကြတာဆိုတော့ ကျွန်တော်လည်း သည်းမခံတော့ဘူး။ ဒေါနဲ့မောနဲ့ ကျွန်တော်ပြန်ပြော မိတယ်။ ဒါပေမယ့် အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်တွေက ဆရာ အဲဒီလူကမနက်(၆)နာရီထဲက ဒါတွေပဲ ရွတ်ပြီးအော်ပြောနေတာတဲ့ ဘယ်မှသွားတာမဟုတ်ဘူးတဲ့ ဒါဆိုရင်တော့ အဲဒီလူဟာ ရည်ရွယ်ချက် ရှိရှိနဲ့ အနှောက်အယှက်ပေးနေတာလို့ ကျွန်တော်သတ်မှတ်လိုက်ပါတယ်။ ဒုတိယအတွေ့အကြုံ ကတော့ အဲဒီရှေ့ရဲ့မှတ်တိုင် နတ်ချောင်းဘက်ကမှတ်တိုင်မှာ ကျွန်တော် လုပ်အားပေး ပါဝင် ဆောင်ရွက် နေရာကနေပြီးတော့ ခရီးသည်အများထဲက အမျိုးသမီး (၃)ယောက်ထွက်လာ ပြီးတော့ တက္ကစီကို တားပါတယ်။ တက္ကစီက ကားမှတ်တိုင်နားမှာဆိုတော့ ကျွန်တော်က ကားဆရာကြီးရေ ကားကိုရှေ့နားမှာရပ်ပေးပါ။ ဒါကားမှတ်တိုင်ပါဆိုတော့ သူကလေးလေးစားစားပါပဲ ရှေ့နားရပ် ပေးတယ်။ ဒါပေမယ့် ကားငှားတဲ့ခရီးသည် အမျိုးသမီး(၃)ယောက်ကတော့ ကျွန်တော့်ကို နဂါး မျက်စောင်းနဲ့ ဘာမှလည်းလုပ်ပေးနိုင်တာမဟုတ်ဘူး။ ဆရာကြီးလာလုပ်ပြီးတော့ ဟိုလိုဒီလိုပြောပြီး မျက်စောင်းထိုးသွားတော့ ကျွန်တော်တွေးကြည့်တယ် ငါ့မှာ တိုက်ပုံဝတ်နေလို့ပဲ နောက်မို့ဆိုရင် တစ်ခုခုတော့ ငါ့ကိုလုပ်သွားမှာပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါကျွန်တော့်ရဲ့ တကယ့်အတွေ့အကြုံပါ။ နောက်ဆုံးအချက်ကတော့ အဆိုးဆုံးပါ။ ြှ့ စနစ်ဟာ ဥပဒေကို လုံးဝမျက်ကွယ်ပြုပြီးလုပ်တဲ့ လုပ်ရပ်ပါ။ ၂ဝ၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေရှိပါတယ်။ ဒါပြဋ္ဌာန်းထားပြီး ဥပဒေပါ။ ဒါပေမယ့် အဲဒီဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက် တွေနဲ့ အခု ြှ့ စနစ်က လုံးဝကွဲလွဲနေပါတယ်။ သို့သော်ပြောစရာတစ်ခုပဲ ရှိတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) မှာ ပုဂ္ဂလိကမော်တော်ယာဉ်များအား တစ်ဦးချင်းပိုင် စနစ်မှသည် ခေတ်စနစ်နှင့် အညီ ပုဂ္ဂလိကကုမ္ပဏီများအား အများပိုင်ကုမ္ပဏီများစနစ်သို့ အဆင့်ဆင့်ကူးပြောင်းရန်ဆိုတဲ့ အဲဒီ င်္ခေန တစ်ခုတည်းတူပါတယ်။ အဲဒါကို အတင်းဆွဲပြီးတော့များ လုပ်တာလားလို့ မပြောနိုင်ပါဘူး ခင်ဗျား။ ကျန်တဲ့အချက်တွေကတော့ လုံးဝကွဲလွဲနေပါတယ်။ ဆိုလိုချင်တာက တရားဥပဒေစိုးမိုးမှုကို အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်း ှာုစူနာနညအအေငသည တစ်ခုဟာ တရားဥပဒေကို မျက်ကွယ်ပြုရာ ဖြစ်နေပါတယ်။ ဒါကလည်း ြှ့ စနစ်ရဲ့ မအောင်မြင်ခြင်းရဲ့ အချက်တစ်ချက်ပါပဲ။ ဒါကြောင့်မို့လို့ အင်းစိန်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ ဦးဝေဖြိုးဟန်၏အဆိုကို ထောက်ခံကြောင်း ပြောရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။            ။ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးတင့်လွင်၊ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။        ။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ဆောင်ရွက် နေတယ်ဆိုတာ ကျွန်တော်တို့ သိထားပေမယ့် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့မှာ မ.ထ.သ ကို ဖျက်သိမ်းပြီး ြှ့ နဲ့ အစားထိုးဖို့ စီမံကိန်းကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ (၅)ရက် လောက်ပဲစောပြီးတော့ သိခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ ပြည်သူတွေ ကြုံတွေ့ရမယ့် အခက်အခဲ၊ အစိုးရကလည်း ပြည်သူကငြိုငြင်မှာကို ခံစားရမယ့်အခက်အခဲတွေကို ကျွန်တော်တို့က ဝေမျှခံစားတဲ့အနေနဲ့ လုပ်လက်စအလုပ်တွေအားလုံးကို ချထားပြီးတော့ အပြောင်းအလဲမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုရုတ်တရက်ပြောင်းလဲလိုက်တဲ့အတွက် ကျွန်တော်တို့ဟာ ဒီနေ့ အဲဒီအခက်အခဲပေါင်းစုံကို ကြုံခဲ့ရပြီးတော့ ဒီနေ့အထိ အဲဒီအကျိုးဆက်တွေကို ခံစားနေရတုန်းပဲဖြစ်ပါတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ သင်ခန်းစာယူရမယ့်ကိစ္စတွေလို့ ယူဆပါတယ်။ ကားလမ်းကြောင်းအသစ်တွေရေးဆွဲတဲ့အခါမှာ သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ် များကို ညှိနှိုင်းမှုမရှိတဲ့အတွက် ကားလမ်းကြောင်းအသစ်တွေ၊ ယာဉ်လိုင်းကြောင်းအသစ်တွေ၊ မှတ်တိုင်နေရာချထားမှုအသစ်တွေကို (၃)(၄)လကြာတဲ့အထိ ဖြည့်ဆည်းလို့မပြီးနိုင်ဖြစ်ခဲ့ရပါတယ်။ ယာဉ်လိုင်းကြောင်းအသစ်များကို လွှတ်တော်ကိုယ်စားလှယ်တွေကို ချပေးတဲ့အချိန်ဟာ အရမ်းကပ်တဲ့ အတွက် ကျွန်တော်တို့တွေဟာ ဒါတွေကိုလေ့လာဖို့ အချိန်မရပါဘူး။ ကျွန်တော်တို့က ပြည်သူကိုရော အစိုးရကိုရော ကူညီချင်တဲ့ဆန္ဒနဲ့ ပူးပေါင်းပါဝင်ပေမယ့် ဒီအပေါ်မှာ ကျေညက်မှုမရှိပါဘူး။ ကျွန်တော်တို့ဟာ ကူညီတဲ့နေရာမှာ အများကြီးအခက်အခဲကြုံတွေ့ခဲ့ရပါတယ်။ တစ်ဖက်မှာဆိုရင်လည်း ှုည်သမာအေငသည င်္ငနိူ ရဲ့ ငူ်္ပနမ စောစူ့နအ တွေဟာလည်း သိမ်းဆည်းရ၊ ဖတ်ရှုရလွယ်ကူတဲ့ မှတ်စုပုံစံမျိုးမဟုတ်ဘဲနဲ့ ဗ၃ ပုံစံစက္ကူချည်းလုပ်ထားတဲ့အတွက် ဒါတွေဟာ ငွေကုန်သလောက် အကျိုးမရှိဘဲနဲ့ ပျောက်ပျက်ကုန်ပါတယ်။ အဲဒီအချိန်မှာ ဖတ်ရှုသိမ်းဆည်းဖို့ မလွယ်ခဲ့ပါဘူး။ ဒီအပြောင်းအလဲမှာ နိုင်ငံတကာနည်းပညာတွေအသုံးပြုပြီးတော့ ပြောင်းလဲဖို့ကြိုးစားတာကို တွေ့ရတဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် ဒီနေရာအားနည်းချက်တွေရှိတာကိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းထောက်ပြလိုပါတယ်။ ကျွန်တော်တို့ ဒီအထပ်မြင့်ကားလိုင်းတွေကို လျော့ပြီးတော့ ခရီးသည်အရေအတွက်ကို လိုအပ်တဲ့ ကားယူနစ်နဲ့စားပြီးတော့ ဂိတ်ရင်းကနေ ကားဘယ်လောက် လွှတ်ရမယ်ဆိုတာကို ွှမေ််ငခ နညါငညနနမငညါ ပညာရှင်တွေနဲ့ တွက်ချက်ပြီးတော့ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အင်မတန်သင့်တော်ပြီးတော့ ကျွမ်းကျင်တဲ့ပညာတွေဆိုတာ သေချာပါတယ်။ ဒါပေမယ့် ပြဿနာက ကျွန်တော်တို့ဆီမှာ သီးခြား ကျြ မရှိပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဘယ်လိုပဲတွက်ချက်ပြီး တွက်လိုက်ပေမယ့် ကားတွေဟာ လမ်းကြောင်းပေါ်ရောက်တဲ့အခါမှာ ရောရာပြန်ဖြစ်သွားပြီးတော့ ထွက်တဲ့ကားက ထွက်ပါတယ်။ ကြဲတဲ့ကားက ကြဲသွားတယ်။ အဲဒီတော့ မှတ်တိုင်မှာ ခရီးသည်က ပုံတဲ့အခါပုံတယ်။ ကားသမားက လူမရတဲ့အခါမရဘူး။ အဲဒီအခါကျတော့ မှတ်တိုင်တွေမှာ လူစောင့်တင်တာတို့ ခရီးကြန့်ကြာတာတို့က အရင်အတိုင်းပဲ ပြန်ဖြစ်လာပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ့ညေါသည ကျြ.ဃသာ.ျွှနဘျငအန ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ အဲဒီထဲမှာ ီသတညူသေိ လုပ်ထားပြီးတော့ လမ်းကြောင်းတွေ ပြန်ကြည့်လို့ရပါတယ်။ ဒါပေမယ့် အဲဒီကာလက လုပ်ခဲ့တဲ့ ယာဉ်လိုင်း (၆၁)လိုင်းထိရှိပြီးတော့ နောက်ထပ်(၈၁)အထိ ရှိပေမယ့် ့စိအေန လုပ်ထားတာ မတွေ့ရပါဘူး။ အဆိုးဆုံးကတော့ ကျွန်တော်တို့ ့ညေါသည ကျြ ဆိုတဲ့ ှသ်အတမေန ကို သုံးပြီးတော့ သွားမယ့်နေရာတွေကို တွက်လို့ရပါတယ်။ အဲဒါတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ သွားမယ့်နေရာကို ရိုက်ထည့်လိုက်လို့ရှိရင် ဘယ်ကားကို ဘယ်မှာပြောင်းစီးရမယ်ဆိုတာကို တီထွင်ထားတဲ့ ှသ်အတမေန ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီ ှသ်အတမေန နဲ့ ကူညီသူရော ခရီးသည်ရော အဆင်ပြေမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလိုမဖြစ်ခဲ့ပါဘူး။ ြှ့ စနစ် အစမှာ ပုဇွန်တောင်နဲ့မင်္ဂလာဈေးဟာ အင်မတန်နီးပေမယ့် ကားလိုင်းမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဘယ်ကိုသွားရမလဲမေးလို့ရှိရင် ဃငမခူန ြမေု စီးပြီးတော့ သိမ်ဖြူကနေ နံပါတ်(၇)ကို စီးရပါတယ်။ ဒါကပါးစပ်နဲ့ပြောတဲ့ဟာပါ။ ှသ်အတမေန ကို သုံးကြည့်လိုက်တော့ ှသ်အတမေန က ဘာပြောလဲဆိုရင် ပုဇွန်တောင်ဈေးကနေ စီးပြီးတော့ ပုဇွန်တောင်စာတိုက်မှာဆင်းပါတဲ့ ပြီးတော့ ဝါဆိုမှတ်တိုင်ကနေ ကားပြောင်းစီးပါဆိုတော့ ဝါဆိုမှတ်တိုင်ကနေ ပုဇွန်တောင်ဈေးကို ဘယ်လောက်ဝေး တယ်ဆိုတာ ှသ်အတမေန က မသိပါဘူး။ အမှန်က သာကေတတံတားကို လမ်းလျှောက်ပြီး ဖြတ်သွား     ရမှာပါ။ ဘုရင့်နောင်ဈေးကနေပြီးတော့ မြေနီကုန်းကို သွားမယ်ဆိုလို့ရှိရင် လူကညွှန်မယ်ဆိုလို့ရှိရင် (၄ဝ)ကို စီးသွားပါ၊ (၂ဝ)ကို ပြောင်းစီးပါဆိုပြီး ဒီလိုညွှန်ပါလိမ့်မယ်။ ှသ်အတမေန ကတော့ ဘုရင့်နောင် ဈေးကစီးသွားရင် ဆင်မလိုက်မှာ ဆင်းလိုက်ပါတဲ့ ရေကြောင်းမှတ်တိုင်မှာဆင်းပြီးတော့ ဗဟိုလမ်းက ခိုင်ရွှေဝါမှတ်တိုင်မှာ သွားစီးပါလို့ပြောပါတယ်။ ဘယ်လောက်ဝေးတယ်ဆိုတာ          ှသ်အတမေန ကမသိပါဘူး။ အဲဒီအခါကျတော့ အဲဒီ ှသ်အတမေန က သုံးလို့အဆင်မပြေဖြစ်သွားပါတယ်။ ကျွန်တော် ဒါတွေဘာလို့ပြောလဲဆိုတော့ နိုင်ငံတကာနည်းပညာတွေနဲ့ ကျွန်တော်တို့က ဗစစူပ လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ မြေပြင်အခြေအနေနဲ့ကွာရင် အဆင်မပြေပါဘူး။ ကျွန်တော်တို့ လာမည့်ကတ်စနစ်နဲ့ ကတ်ပြားသုံးမယ့်အခါမှာ ဒါအင်မတန်ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့် ဒီလိုဟာတွေထည့်သွင်း စဉ်းစားစေလိုတဲ့အတွက် ဒီဟာကို ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်။ မ.ထ.သ နဲ့ ြှ့ စနစ် ကွာခြားပုံက ြှ့ စနစ်မှာ မ.ထ.သလို ဂိတ်ဖျားဂိတ်ရင်း မရှိပါဘူး။ မ.ထ.သ မှာ ဂိတ်ဖျား ဂိတ်ရင်းရှိပြီး ကားတွေကို ဃမသျျငညါ လွှတ်တာဖြစ်ပါတယ်။ ြှ့ မှာတော့ ကျွန်တော်တို့က ဂိတ်ဖျားတစ်ခုတည်းရှိပြီးတော့ ကားတွေကို ဃငမခူန ပြန်ပတ်ပြီးတော့ ဂိတ်ရင်းကို ပြန်သွားတာ ရှိပါတယ်။ ဂိတ်ဖျားမထားပါဘူး။ ဒီနည်းအားဖြင့် ကားတွေက သခင်မြပန်းခြံကပတ်ပြီးတော့ သက်ဆိုင်ရာဂိတ်ကို ပြန်သွားတာဖြစ်ပါတယ်။ ဒါအဆင်ပြေပါတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ဂိတ်ဖျားက လွှတ်တဲ့ကားမရှိတဲ့အတွက် ဂိတ်ရင်းကလာမယ့်ကားကို စောင့်ရတာ ရှိပါတယ်။ အဲဒီအတွက် ခရီးသည်တွေအတွက် အခက်အခဲရှိပါတယ်။ နောက်တစ်ခါ မြို့ထဲမှာ ဃငမခူန ပတ်တဲ့အခါမှာလည်း ဃငမခူန ပတ်တဲ့ စပါယ်ယာတွေကိုယ်တိုင်က ဒီဟာကို နားမလည်ဘူး။ ဂိတ်ဖျားဂိတ်ရင်းမရှိတော့တဲ့အတွက်ပါ။ ဂိတ်ဖျားဂိတ်ရင်းမရှိပေမယ့် ကြားထဲမှာလက်မှတ်ထိုးတဲ့ စနစ်တစ်ခုထားထားတယ်။ ကားပျောက်သွားမှာစိုးလို့ဖြစ်ပါတယ်။ လက်မှတ်ထိုးတဲ့စနစ်ဟာ စပါယ်ယာတွေက အရင်လိုပဲ ဂိတ်ဖျားဂိတ်ရင်းကို မှတ်ထားတယ်။ အဲဒါကျော်သွားတာနဲ့့ သူတို့က ပိုက်ဆံထပ်လိုချင်တယ်။ အဲဒီတော့ လမ်း(၅ဝ)က စီးတဲ့ခရီးသည်က ဃငမခူန ပတ်ပြီးတော့ (၆)ထပ်ကြီးမှာ ဆင်းလို့ရှိရင် သူ(၁ဝဝ)ပဲပေးသင့်ပေမယ့် စပါယ်ယာက (၂ဝဝ)လိုချင်တယ်။ အဲဒီလို ပြဿနာတွေ ရှိပါတယ်။ အဲဒီအတွက် မ.ထ.သ လုပ်သားတွေကိုလည်း ဒီကိစ္စကိုပိုပြီးတော့ နားလည်အောင်ပြောဖို့လိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ငွေကောက်ခံတဲ့စနစ်မှာဆိုလို့ ရှိရင်လည်း အားလုံးသိတဲ့အတိုင်း ကိုယ်ရကိုယ်ယူစနစ်နဲ့ကောက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် တို့က အများပိုင်စနစ်နဲ့ပြောင်းဖို့လုပ်တယ်။ ဒါပေမယ့် အခုအချိန်အထိ ပီပီပြင်ပြင်မလုပ်နိုင်သေးဘူး။မလုပ်နိုင်သေးတဲ့အခါ ဘာဖြစ်လဲဆိုတော့ ဒီစနစ်ကိုလိုက်လုပ်တဲ့သူတွေက နစ်နာပြီးတော့ ကျန်တဲ့လူတွေကတော့ အဟောင်းတိုင်းပဲ ဆက်ပြီးတော့ သွားနေတယ်။ အဲဒီမှာ အလွှဲသုံးစားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်။ အဲဒီတော့ အသုံးပြုမှုမပြောင်းခင်မှာ ငွေကောက်ခံပုံကို စနစ်တကျ မလုပ်နိုင်တဲ့အတွက် ကားလိုင်းတော်တော်များများဟာ ကိုယ်ရကိုယ်ယူစနစ်နဲ့ ရုန်းမထွက်နိုင် သေးတာကို တွေ့ရပါတယ်။ အလားတူပဲ ယာဉ်လိုင်းများဆိုရင်လည်း မ.ထ.သ ြှ့ ပြောင်းလဲရေးမှာ ပထမတော့ မှတ်တိုင်မှာရပ်တယ်။ မီးပွိုင့်မှာ အတင်အချမလုပ်ဘူး။ မှတ်တိုင်မှာလည်း ခရီးသည်ကို ခေါ်မတင်ဘူး။ မှတ်တိုင်မှာ ရပ်၊ တင်၊ ချ လုပ်ပြီး ချက်ခြင်းထွက်တယ်။ အင်မတန် ကြည်နူးစရာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ်ဒီအပြောင်းအလဲကို ကျွန်တော်တို့က ဖြစ်ပြီလို့ယူဆပေမယ့် အခုမဖြစ်ပါဘူး။ အခုကျတော့ ဒီဟာတွေအားလုံးဟာ ပျက်စီးသွားပါပြီ။ ပျက်စီးသွားပြီး အရင်အတိုင်းပဲ မှတ်တိုင်မှာမရပ်ဘူး။ ကြုံတဲ့နေရာမှာတင်တယ်။ မီးပွိုင့်မှာ အတင်အချလုပ်တယ်။ ရပ်ချင်တဲ့နေရာမှာ ရပ်တယ်။ ကားတွေပြိုင်မောင်းတယ် စသည်ဖြင့် ဒါစည်းကမ်းထိန်းသိမ်းမှု အားနည်းတဲ့အတွက် ယခုအချိန်မှာ ြှ့ စနစ်ရဲ့မျက်နှာဖုံးကကွာကျသွားပြီး မ.ထ.သ မျက်နှာဖုံး အဟောင်းအတိုင်းပဲ လူထုက တွေ့မြင်နေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အခုစနစ်ပြောင်းလဲရေးမှာ ငွေကောက်ခံမှုနဲ့ အားလုံးသိတဲ့အတိုင်း အများပိုင်စနစ်ကို ပြောင်းလဲဖို့လည်း အစိုးရက စီမံ ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒီလိုစီမံဆောင်ရွက်တဲ့အခါမှာလည်း အများပိုင်ကုမ္ပဏီကို(၈)ခုလို့ပြောတာလဲရှိတယ်။ (၄)ခုလောက်ပေါင်းချင်တာလည်း ရှိတယ် စသည်ဖြင့် သိပ်ပြီးမရေရာတဲ့အတွက် တိကျဆောင်ရွက်ဖို့ ခိုင်ခိုင်မာမာလမ်းကြောင်း မမြင်ရသေးပဲ ဖြစ်နေတာတွေ တွေ့ရပါတယ်။ အဲဒီအခါကျတော့ ဘာပဲဖြစ်ဖြစ် တိုင်းဒေသကြီးအစိုးရအနေနဲ့ ကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အပြောင်းအလဲတစ်ခုကို လုပ်ခဲ့နိုင်တယ်ဆိုတာတော့ ငြင်းစရာ မရှိပါဘူး။ ပြောင်းလဲရာမှာ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ပြင်ဆင်မှုအားနည်းပြီးတော့ မျှော်မှန်း မထားတဲ့ အခက်အခဲကိုလည်း ကြုံခဲ့ရတာရှိပါတယ်။ အစိုးရရဲ့ စေတနာနဲ့ရည်ရွယ်ချက်က မှန်ပေမယ့်လည်း လုပ်နည်းလုပ်ဟန်လွဲနေတဲ့အတွက် ပြဿနာတွေရှိပါတယ်။ ဒီဟာကို အောင့်အီး သည်းခံပြီးတော့ ပြည်သူတွေကလိုက်ပါဆောင်ရွက်တာရှိသလို အံ့သြစရာကောင်းလောက် အောင်ပါ။ ယာဉ်ပိုင်ရှင်တစ်ချို့ကလည်း ဒီဟာကို လိုက်ပါဆောင်ရွက်တာကို တွေ့ရပါတယ်။ ဒီအခွင့်အရေးကို ယူပြီးတော့ အစိုးရအနေနဲ့က အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ရည်မှန်းထားတဲ့အတိုင်း အများပိုင်ကုမ္ပဏီဖြစ်အောင် ကြိုးစားရမှာပါ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ နိဂုံးမချုပ်မီတစ်ခု သတိပေးချင်တာက ပုဂ္ဂလိကပိုင်စနစ်ထက်စာရင် အများပိုင်စနစ်က ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖြတ်သန်းလာတဲ့သမိုင်းမှာ ဆိုရှယ်လစ်စနစ်ကိုတော့ ဖြတ်ခဲ့ပါပြီ။ သမဝါယမစနစ် ကိုလည်း ဖြတ်ခဲ့ပါပြီ။ ဒါတွေဟာ ကမ္ဘာမှာအောင်မြင်ခဲ့တဲ့ စနစ်တွေပါ။ အများပိုင်ဘက်က ရည်ရွယ်ပြီးတော့ လုပ်ခဲ့တဲ့စနစ်တွေပါ။ ကျွန်တော်တို့နိုင်ငံက မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပဒေတွေပြဌာန်းချက်တွေရှိတဲ့တိုင်အောင် ဥပဒေပြဌာန်းချက်တွေကို ခိုင်ခိုင်မာမာနဲ့ အရေးယူမှုတွေမရှိပါဘူး။ တစ်ချို့ဥပဒေပြဌာန်းချက်တွေမရှိဘဲ လိုအပ်တာတွေ လည်းရှိပါတယ်။ ဒီသင်ခန်းစာတွေကို ကျွန်တော်တို့က မရယူနိုင်ဘူးဆိုလို့ရှိရင် ဒီအများပိုင်စနစ်ကလည်း ပုဂ္ဂလိက အမြတ်ထုတ်သူတွေရဲ့ လက်ဝယ်ကြီးအုပ်မှုထဲကို ရောက်သွားမှာကို ယာဉ်ပိုင်ရှင်တစ်ချို့ကလည်း စိုးရိမ်နေပါတယ်။ ဒီအချက်ကို ကျွန်တော်တို့က သင်ခန်းစာယူပြီး အစိုးရကိုယ်တိုင် ဆောင်ရွက်ခဲ့တဲ့ အားနည်းချက်တွေကိုရော ယခင်အစိုးရကဆောင်ရွက်ခဲ့တဲ့ သမိုင်းအမှားတွေကိုရော သင်ခန်းစာ ယူပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီအပြောင်းအလဲက ကျွန်တော်တို့ ရည်မှန်းထားတဲ့ အများပြည်သူတွေလိုချင်တာကို အစိုးရအနေနဲ့ ပီပီပြင်ပြင်ပြောင်းလဲပေးနိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်းပြောရင်းနဲ့ ဦးဝေဖြိုးဟန်တင်သွင်းထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အခုထက်ပိုမိုကောင်းမွန်စေရေးအတွက် ထိရောက်သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ချက်များ အများပြည်သူသိရှိရေးကို ပွင့်လင်းမြင်သာစွာချပြရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေး ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။            ။ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးအောင်မြတ်ကျော်၊ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။ အားလုံးပဲ မင်္ဂလာပါ ခင်ဗျား။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့တွင် စတင်ခဲ့သော ြှ့ စနစ်သည် ရည်ရွယ်ချက်ကောင်းမွန်ပါတယ်။ သို့ရာတွင် ကြိုတင်ပြင်ဆင်မှု အားနည်းပြီး အချိန်တိုအတွင်းအကောင်အထည်ဖော်ခဲ့၍ အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့ပါသည်။ ပြည်သူများမှ အုတ်အော်သောင်းနင်း ပူးပေါင်းကူညီမှုကြောင့်သာ ကျော်လွှား နိုင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ဆိုရလျှင် မ.ထ.သ မှ ြှ့ သို့ ပို့ဆောင်ရေးစနစ်တစ်ရပ် ပြောင်းလဲမှု တစ်ခုအနေနဲ့   ရှုမြင်ကြရပါတယ်။ အနှစ်သာရအနေဖြင့် လိုအပ်သည့်အခြေခံအဆောက်အဦများ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ပါတယ်။ ကားအစီးရေလုံလောက်မှုမရှိခြင်း၊ ယာဉ်အိုယာဉ်ဟောင်း များသာ အသုံးပြုခြင်း၊ အချိန်နှင့်တပြေးညီ လိုအပ်သည့်နည်းပညာများသုံးခွင့်မပြုနိုင်ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များမှာ ယခင်လူဟောင်းများဖြစ်နေခြင်းကို တွေ့ရှိရပါတယ်။ လုပ်ငန်းများကို (၃)လတစ်ခါ အဆင့်မြှင့်တင်မည်ဆိုသော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပါ။ ြှ့ (၄)လတာ ကာလအတွင်းတွင် ပြည်သူများမှ စိတ်ရှည်သည်းခံရင်း အပြုသဘောဖြင့် ဝေဖန်အကြံပေးရင်း ဝန်းရံခဲ့ကြပါတယ်။ သို့ရာတွင် တိုးတက်မှုမရှိခဲ့ပါ။ လိုအပ်သောအခြေခံ အဆောက်အဦများ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ရင်း ပြုပြင်ပြောင်းလဲမှုများကို ရဲရဲဝံ့ဝံ့စီမံ ဆောင်ရွက်ပါမှ ကောင်းမွန်သော ပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ မည်သည့်လုပ်ငန်းမဆို အသက်တမျှ အရေးကြီးသည့် စည်းကမ်းပိုင်းဆိုင်ရာမှာလည်း တိုးတက်မှု မရှိဘဲ ဆုတ်ယုတ်လာတာကို တွေ့ရှိရပါတယ်။ စည်းကမ်းများလိုက်နာမှုကို ြှ့ စတင်လိုက်စဉ်က အကောင်းဘက်မှရှုမြင်နိုင်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ အဖက်ဖက်မှစည်းကမ်း လိုက်နာမှုအားနည်းပြီး တာဝန်ရှိသူများအပေါ် သွေးတိုးစမ်းခြင်း၊ ပြည်သူများအပေါ် မထီမဲ့မြင်ပြုခြင်း၊ ရိုသေလေးစားမှုမရှိခြင်းတို့ကို ပြုလုပ်လာကြပါတယ်။ မကြာသေးမီက ယာဉ်မောင်းများမဆင်မခြင် မောင်းနှင်မှုကြောင့် ပြည်သူများ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ အသက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ပါတယ်။ ဤကဲ့သို့သောဖြစ်ရပ်များ နောက်နောင်မဖြစ်ပေါ်အောင် ဥပဒေဖြင့် ထိန်းသိမ်းခြင်း၊ ပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်ပါတယ်။ စည်းကမ်းလိုက်နာသူများ ကိုလည်း ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ သို့မှသာ ပြည်သူများအတွက် ဘေးကင်းလုံခြုံသော စိတ်အေးချမ်းသာသော ပို့ဆောင်ရေးစနစ်တစ်ရပ်ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ြှ့ သည် အများပြည်သူများအတွက် ရည်ရွယ်သော ပို့ဆောင်ရေးစနစ်ဖြစ်သည့်အတွက် အများပြည်သူများ ပူးပေါင်းပါဝင်လာရန် စည်းရုံးရမည်ဖြစ်ပါတယ်။ ထို့သို့ပူးပေါင်းဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေဖြင့်လည်း ကဏ္ဍရပ်တိုင်းတွင် ပွင့်လင်းမြင်သာမှုရှိအောင် အသိပေးအပ်၍ ပြည်သူများ၏ သဘောထား၊ ဆန္ဒများ၊ အကြံပြုချက်များကိုလည်း လက်ခံကြိုဆိုပြီး ဆောင်ရွက် သင့်သည့်ကိစ္စများကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ရမည်ဖြစ်ပါတယ်။ အချို့ကိစ္စရပ်များတွင် နှောင့်နှေးကြန့်ကြာမှု၊ အချိတ်အဆက်လွဲနေခြင်း၊ ပြည်သူများအချိန်မီ မသိရှိရခြင်းတို့ကို အမြန်ဆုံး ပြုပြင်ပြီး အချိန်နှင့်တပြေးညီဆောင်ရွက်သင့်ပါတယ်။ အချုပ်ဆိုရသော် ြှ့ စနစ် (၄)လတာ ကာလအတွင်း ပြည်သူများကအခက်အခဲများကို နေ့စဉ်ရင်ဆိုင်ရင်း ြှ့ စနစ်ကို ယခုထက် ပိုမိုကောင်းမွန်သော ပို့ဆောင်ရေးစနစ်ဖြစ်လာရန် မျှော်လင့်လျက်ရှိပါသည်။ ပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် ပြည်သူများ၏ အခက်အခဲများ လျော့ပါးလာစေရန် ြှ့ စနစ်ကို ယုံကြည်အားထားလာစေရန် တာဝန်ရှိသူများမှ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ပေးပါရန် တိုက်တွန်းအပ်ပါသည်။ သို့ဖြစ်ပါ၍ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်း မြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ ထောက်ခံအပ်ပါသည်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။            ။ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးထွန်းထွန်းဝင်း၊ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။ အားလုံးမင်္ဂလာပါ ခင်ဗျား။ ကျွန်တော့်အနေနဲ့ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝေဖြိုးဟန်တင်သွင်းခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲနေသော ြှ့ ယာဉ်လိုင်းများနှင့်ပတ်သက်ပြီး အဆိုရှင်၏ အဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရဲ့ စီးပွားအချက်အချာကျတဲ့နေရာဖြစ်သည့်အားလျော်စွာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့လာကြပြီး တစ်နေ့တစ်ခြား လူဦးရေများပြားလျက်ရှိပါတယ်။ ဒါ့ကြောင့် ပြည်သူများသွားလာရေး အဆင်ပြေရန်အတွက် အစိုးရ အနေနဲ့ အများကြီးမူတည်လျက်ရှိပြီး ယခုအစိုးရသစ်လက်ထက်တွင် မ.ထ.သ စနစ်မှ ြှ့ စနစ်သို့ ပြောင်းလဲလိုက်သည့်အချိန်မှာ ပြည်သူများလိုလိုလားလားလက်ခံပြီး ကောင်းချီးပေးခဲ့ပါတယ်။ ယခု ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသော ြှ့ များသည် ယခင် မ.ထ.သ စနစ်နှင့် မထူး မခြားနားဖြစ်သည်ဟု ကြားသိခဲ့ရပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ ပြေးဆွဲနေသော ယာဉ်လိုင်းများနှင့် ယာဉ်လိုင်းများအကြောင်းကို ဖော်ပြလိုပါတယ်။ ကျွန်တော်တို့ မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ပြေးဆွဲနေသော ယာဉ်လိုင်းများသည် ကောင်းသည့်ယာဉ်လိုင်းများ ရှိပြီး လိုအပ်သည့်ယာဉ်လိုင်းများလည်းရှိပါတယ်။ ဥပမာ- ထောက်ကြန့်မှ တောင်ဥက္ကလာ၊ လှိုင်သာယာသို့သွားသော ယာဉ်လိုင်းများသည် ပြေးဆွဲရန်ပျောက်ဆုံးသွားပြီး ယာဉ်လိုင်းလိုအပ်လျက် ရှိပါတယ်။ (၃၆)ယာဉ်လိုင်းများသည် ညအခါ ထောက်ကြန့်မှမဆွဲဘဲ မြောက်ဥက္ကလာမှ ကြားဖြတ်ဆွဲ နေသည်ကို တွေ့ရှိရပါသည်။ ပြည်လမ်းအတိုင်းပြေးဆွဲနေသော မှော်ဘီမှ လှည်းတန်းသို့ဆွဲသော ယာဉ်လိုင်းအမှတ်(၄၁)ယာဉ်လိုင်းသည် ယာဉ်အစီးရေနည်းပြီး ကြားဖြတ်ပြေးဆွဲနေသည်ကိုလည်း တွေ့ရှိရပါတယ်။ (၅၅)ယာဉ်လိုင်းသည်လည်း ယာဉ်စည်းကမ်းဖောက်ဖျက်ပြီး ငွေပိုကောက်သည့် အတွက် တိုင်စာများသည့် ယာဉ်လိုင်းဖြစ်ပြီး (၄၄)ယာဉ်လိုင်းသည်လည်း လှည်းတန်းမှ (၈)မိုင်အထိ ပြေးဆွဲသည်ဟု တင်ပြထားသော ယာဉ်လိုင်းတစ်ခုဖြစ်ပါသည်။ ယာဉ်စည်းကမ်းဖြင့်စနစ်တကျ ပြေးဆွဲနိုင်ရန်အတွက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှပြေးဆွဲကြသော ြှ့ ယာဉ်လိုင်းများ အစဉ်တိုးတက်လာစေရန် ဆန္ဒပြု၍ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝေဖြိုးဟန် တင်သွင်း သွားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲနေသော ြှ့ ယာဉ်လိုင်းများ ယခုထက် ပိုမိုကောင်းမွန်ပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူများသွားလာရေးလွယ်ကူအောင် ဆောင်ရွက်နိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို လေးလေး နက်နက်ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ ။            ။ သာကေတမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်း ဆွေးနွေးရန် ဖြစ်ပါတယ်။

ဒေါ်သက်ထားနွယ်ဝင်း၊ သာကေတမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။      ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူတစ်သန်းခွဲခန့်က နေ့စဉ်အလုပ်သွား/ပြန်အတွက် ဘတ်(စ်)ကားများကို အမှီပြုနေကြရပါတယ်။ ကျွန်မတို့ သာကေတမြို့နယ်ရှိ ပြည်သူအများစုကလည်း အခြေခံလူတန်းစား များတာကြောင့် လိုင်းကားများကို အားကိုးနေကြရတဲ့ မြို့နယ်ထဲမှာပါပါတယ်။ ဒါ့ကြောင့် မြို့နယ် အတွင်းမှာ သာကေတအခြေစိုက်ဂိတ်စမှ နံပါတ်မျိုးစုံနဲ့ပြေးဆွဲခဲ့ကြပါတယ်။ ယခင် မ.ထ.သ နံပါတ် လိုင်းပေါင်းစုံပြေးဆွဲခဲ့စဉ်က ကားလည်းပေါပြီး အစိမ်းလိုင်း၊ အနီလိုင်း ခိုင်ရွှေဝါဓမ္မာရုံဂိတ်ဆုံး ရှုခင်းသာမြို့ပတ်လမ်းတလျှောက်နဲ့ ကျောက်တိုင်၊ ဧရာဝဏ်လမ်းမကြီးပတ်လမ်းများကို နေ့စဉ်အားကိုး ပြီးလုပ်ငန်းကို ဝင်ကြရပါတယ်။ ယခင် မ.ထ.သ လိုင်း လက်ထက်တွင် ကားအစီးရေများပြီး လိုင်းပေါင်းစုံ အခြေစိုက်ရှိတဲ့အတွက် ခရီးသွားပြည်သူတွေ အဆင်ပြေပြေနဲ့ လိုရာခရီးရောက် ကြရပါတယ်။ ဒါပေမယ့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များရဲ့ စိတ်ကြိုက်မောင်းနှင်ပြေးဆွဲမှုနဲ့ ရန်လိုမှုတွေကိုတော့ သည်းခံရတာ ကျင့်သားရနေကြပါပြီ။ ယခုအစိုးရသစ်လက်ထက်မှာ မ.ထ.သ အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်မှစတင်ကာ ျွီ့ဗ ၏ကွပ်ကဲမှုဖြင့် (့ညေါသည ကျြ ှနမလငခန) ြှ့ အများပိုင်မော်တော်ယာဉ်လိုင်းများအဖြစ် ပြောင်းလဲပြေးဆွဲ စေခဲ့ပါတယ်။ မ.ထ.သ မှ ြှ့ သို့ ပြောင်းလဲပြေးဆွဲစေမှုဟာ အကောင်းဘက်ကိုဦးတည်တယ်လို့ ထင်ရပေမယ့် ကျွန်မတို့ သာကေတမြို့နယ်မှာတော့ ယခင်ဂိတ်များစွာနဲ့ လိုင်းပေါင်းစုံကား အရေအတွက် များများထွက်ခဲ့တဲ့ကားတွေဟာ ြှ့ လက်ထက်မှာ သာကေတအခြေစိုက် ယာဉ်လိုင်းများမထားတော့ဘဲ ဒဂုံ(ဆိပ်ကမ်း)၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ နှင့် အခြားမြို့နယ် အသီးသီးကို ဖြတ်သန်းသွားလာခဲ့တဲ့ ကြားခံမြို့နယ်လေး ဖြစ်သွားခဲ့ပါတယ်။ အခြားမြို့နယ် အခြေစိုက်များမှလာတဲ့ ြှ့ ကားများလာရင် ခြေနင်းခုံပါမကျန် အမျိုးသမီးတွေ အလုပ်ခွင် နောက်မကျရလေအောင် အလုအယက်ပြေးတက်ကြရပါတယ်။ ဒီကားမရလို့နောက် ကားစောင့်စီး ရရင်လည်း တစ်စီးနဲ့တစ်စီးကို အကြာကြီးစောင့်ရလို့ လာတဲ့ကားကိုဘဲ အလုပ်ခွင်နောက်မကျရ လေအောင် လိုက်ကြရပါတယ်။ ညနေရုံးဆင်းချိန်ဆိုရင်လည်း ကားတွေက အစီးရေပိုမို လျော့နည်း လာတဲ့အတွက် ပိုဆိုးတဲ့အခြေအနေနဲ့ နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ အဲဒီအချိန်မှာ ကယ်တင်ရှင် အနေနဲ့ ကြားကား၊ အောက်ဆိုက်ကား ယခင် (၄၉)(၁ဝ၅) ဒိုင်နာတွေပဲဖြစ်ပါတယ်။ လိုရာခရီးကို (၃ဝဝ)ပေးရပေမယ့် သူတို့ပြေးဆွဲနေတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ယခင် မ.ထ.သ လက်ထက်တွင် မှတ်တိုင်တွေရှိတဲ့ဟာကရှိ၊ နေရာပြောင်းတဲ့ဟာလည်းပြောင်းလို့ နေရာအမှန်၊ မှတ်တိုင်အမှန်ကို မသိရတော့ပါဘူး။ မီးပွိုင့်ရောက်မှ လက်ညှိုးတစ်ချောင်းထောင်ပြီးတော့ အတင်းကျော်တက်တာလည်း အန္တရာယ်များလှပါတယ်။ ယာဉ်စီးခတောင်းခံရာမှာ သာကေတမှ ဗိုလ်တထောင်အထိကို (၄ဝဝ)ကျပ်အထိ ကောက်ခံကြောင်း သိရပါတယ်။ လူတင်ရင်တော့ တားတဲ့နေရာက ကောက်တင်တယ်၊ ရပ်ရင်တော့ မှတ်တိုင်ရောက်အောင်မပို့ဘဲ စည်းမဲကမ်းမဲ့ နိုင်လွန်းလှတာကို နေ့စဉ် ဠငဘနမ ွမသကစ မှ ပြည်သူများပေးပို့ချက်အရ စိတ်မကောင်း စွာနဲ့ သိရပါတယ်။ သာကေတမြို့နယ်ရဲ့ လိုအပ်တဲ့ အဓိကလိုင်းကတော့ အစိမ်းလိုင်း၊ အနီလိုင်းနဲ့ ခိုင်ရွှေဝါဓမ္မာရုံလိုင်းများ အခြေစိုက်ဂိတ်မှ ကားအစီးရေလုံလောက်စွာ ထားရှိပေးဖို့ပဲ ဖြစ်ပါတယ်။အခုလိုယာဉ်လိုင်းများကြောင့် ဒုက္ခရောက်နေတာကို အပြုံးမပျက်သည်းခံပေးတဲ့ ပြည်သူတွေကိုပဲ ကျေးဇူးတင်ရပါတယ်။ ြှ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ရဲ့ စည်းကမ်းမဲရမ်းကား ရန်လိုမှု တွေကတော့ ယခင် မ.ထ.သ လိုင်းများနဲ့ ထူးမခြားနား ဖြစ်ပါတယ်။ ဒါ့ကြောင့် အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ အဆိုကိုထောက်ခံ ဆွေးနွေးအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌ ။            ။ ဗိုလ်တထောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူး ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးအောင်ထူး၊ ဗိုလ်တထောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။ လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ အဆိုရှင် ဦးဝေဖြိုးဟန်ရဲ့ ြှ့ မော်တော်ယာဉ်လိုင်းကိစ္စကို ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့ဟာ ဘတ်(စ်)ကားလိုင်းများစွာနဲ့ ပြေးဆွဲနေတာ ရှေးယခင်ကတည်းက ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး မ.ထ.သ၊ အဓိကပတိ၊ အမြဲစိမ်း၊ ရွှေဧည့်သည်၊ ျြွွှ ၊ ျွှွှ စတဲ့ကားလိုင်းပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရဘူးပါတယ်။ မ.ထ.သ ယာဉ်လိုင်းတွေဟာ ခရီးစဉ်အစအဆုံးမပြေးဆွဲတာတွေ၊ ခရီးသည်တွေရဲ့ စိတ်အနှောက်အယှက်ဖြစ်မှုကြောင့် ဆက်ဆံရေးမပြေပြစ်တာတွေကြောင့် လိုရာခရီး မရောက်ဘဲ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းတွေကို မေ့ပစ်လိုက်ပါတော့။ ရွှေဧည့်သည်တို့၊ အမြဲစိမ်းတို့၊ အဓိပတိတို့ဆိုတာလည်း ငွေပေးစနစ်နဲ့ နောက်ကတ်ပြားစနစ်နဲ့ ထွင်တဲ့အခါမှာ ျွှွှ ၊ ျြွွှ   အဓိပတိ၊ အမြဲစိမ်း ဒီကားတွေဟာ ငစပေ ကတ်နှင့်စီးရပါတယ်။ ကတ်ပြားတွေကို သုံးစွဲတဲ့ အလေ့အကျင့်မရှိတဲ့အခါကျတော့ အများကြီးအခက်အခဲတွေ့ပါတယ်။ ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ ဒီကတ်စနစ်ပြောင်းမယ်ဆိုလည်း ပြည်သူတွေနားလည်သဘောပေါက်လွယ်ဖို့ သက်ဆိုင်ရာ အစိုးရ အနေနဲ့ စဉ်းစားပေးရပါမယ်။ ယခင်က မ.ထ.သ နဲ့အခြားလိုင်းယာဉ်တွေဟာ မချေမငံရိုင်းစိုင်း ဆက်ဆံတဲ့ အဖြစ်အပျက်တွေလည်း လွှတ်တော်ကိုယ်စားများမှ တင်သွင်းခဲ့ကြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့က ယာဉ်မောင်းတွေနဲ့ယာဉ်နောက်လိုက်ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ လူကြီးတွေပြောတဲ့ပုံပြင်လိုပဲ ဆွမ်းခံကိုယ်တော်နှစ်ပါး ဆွမ်းခံထွက်တဲ့အခါကျတော့ နောက်ကကျောင်းသားနှစ်ယောက်က ငါ့ဦပဇ္ဇင်းကတော့ ခြေလှမ်းသွက်တယ်၊ မင်း ဦပဇ္ဇင်း က နှေးတယ်။ ငါ့ ဦပဇ္ဇင်းကတော့ မြန်တယ်ဆိုပြီးတော့ နောက်ကကျောင်းသားနှစ်ယောက် လှော်တာနဲ့ ရှေ့ကိုယ်တော်နှစ်ပါးတစ်ခါတည်း ပြေးရတဲ့ဆီကိုရောက်ရော အဲဒီလိုပဲ ကျွန်တော်တို့ ယာဉ်မောင်း တွေမှာလည်း ယာဉ်နောက်လိုက်တွေက နောက်ကနေပြီးတော့ နောက်ကားလာပြီ၊ ရှေ့ကားကို ကျော်တက်၊ ရှေ့ကမောင်းရတဲ့လူမှာ ကိုယ့်မော်တော်ယာဉ်ကို ကိုယ်မမောင်းရဘူး၊ ယာဉ်အကူရဲ့ ခိုင်းစေတာကိုပဲ လုပ်နေရတယ်။ ဒါ့ကြောင့် ယာဉ်မောင်းများကလည်း ယာဉ်မောင်း အလုပ်လုပ်ကြဖို့၊ ယာဉ်အကူကလည်း ယာဉ်အကူအလုပ်လုပ်ရင် ဘာမှပြဿနာမရှိပါဘူး။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ နောက်ဆုံးဆွေးနွေးချင်တာကတော့ ြှ့ စနစ်ပြောင်းလဲစေဖို့အတွက် အစိုးရပိုင်းကနေ ထိုက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ အရေးယူဆောင်ရွက်ပြီးတော့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သလို၊ ခရီးသွားပြည်သူများမှာလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနားလည်အောင်ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဦးဝေဖြိုးဟန်၏အဆိုကို လေးလေးနက်နက်ထောက်ခံအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။            ။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး ဆွေးနွေးရန် ဖြစ်ပါတယ်။

ဒေါက်တာကျော်ဇင်ဦး၊ တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။                  ။လေးစား ရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြသူများအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦး ဖြစ်ပါတယ်။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်တဲ့စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်တွေကို အများပြည်သူသိရှိနိုင်ရန် ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၁၆.၁.၂ဝ၁၇မှာ မ.ထ.သ အပါအဝင် အခြားသော ယာဉ်လိုင်းအားလုံးကို ဖျက်သိမ်းပြီးတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ့ညိနမါမသကညိ ျွ့ွှဗ ကိုဖွဲ့စည်းပြီးတော့ ပို့ဆောင်ရေးကဏ္ဍကိုပြောင်းလဲ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ထို့အပြင် ြှ့ ကို အများပိုင်ကုမ္ပဏီများတည်ထောင်ပြီးတော့ ယာဉ်လိုင်း(၆၁)လိုင်းဖြင့်ပြေးဆွဲရန် သတ်မှတ်ခဲ့သော်လည်း ယခုအချိန်တွင် အကြောင်း အမျိုးမျိုး ကြောင့် ယာဉ်လိုင်း(၈ဝ)ကျော်ခန့် ပြေးဆွဲနေတာကိုလေ့လာတွေ့ရှိရပါတယ်။ ထို့အပြင်အချို့သော ယာဉ်လိုင်းများမှာခရီးသည်များ အတွက်အဆင်ပြေသော်လည်း ယာဉ်လိုင်းအများစုမှာတော့ ခရီးသည်များအတွက် ယခုအချိန်ထိကို အခက်အခဲများကြုံတွေ့နေရတုန်းပဲ ဖြစ်ပါတယ်။ မကြာမီကာလအတွင်း ဘတ်(စ်)ကားအသစ်များ ဝယ်ယူဖြည့်တင်းပြေးဆွဲရမည်ကို သိရခြင်းအတွက် ကြောင့်လည်း ဝမ်းသာမိပါတယ်။ အထူးသဖြင့် ြှ့ အနေနဲ့ ရုံးတက်/ရုံးဆင်းချိန်၊ ကျောင်းတက်/ ကျောင်းဆင်းချိန်တွေမှာ ခရီးသည်များအတွက် လူမှုဒုက္ခဖြင့် နေ့စဉ်မကြုံတွေ့စေရန် ကူညီဆောင်ရွက် ပေးဖို့လိုအပ်ပါတယ်။ ဘတ်(စ်)ကားများ နောက်ဆုံးအချိန်ကို (၉)နာရီဝန်းကျင်သတ်မှတ် ထားသော်လည်း အမှန်တကယ် ဘတ်(စ်)ကားဂိတ်တွေမှာ ည(၇)နာရီ၊ (၈)နာရီမှာ လူတွေပဲစုပုံနေပြီး ဘတ်(စ်)ကားတွေပျောက်နေပြီးတော့ ကြားကားတွေပဲ ရှိနေတာကို ကျွန်တော်တို့အများစု တွေ့မြင် နေရပါတယ်။ မြို့တွင်းပြေးဆွဲတဲ့ကားလိုင်းများမှာလည်း ယနေ့အချိန်အထိ အခက်အခဲဖြစ်နေဆဲ ဖြစ်ပါတယ်။ ီသတည ွှသတည မြို့နယ်များရှိ လမ်းတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာန္ဓုလလမ်း၊ ကမ်းနားလမ်းစတဲ့ အဓိကလမ်းမများကို ြှ့ ကားလိုင်းများအတွက် ယာဉ်လမ်း ကြောင်းသီးသန့်ထားသင့်ကြောင်း အကြံပြုလိုပါတယ်။ ယာဉ်ကျောကြပ်တည်းချိန်မှာ အခြား ွှထေငယ ကုန်တင်ယာဉ်၊ ယာဉ်စီးကားများကဲ့သို့သော စောင့်ဆိုင်းနေရတဲ့အတွက်ကြောင့် ခရီးသည်များ ပိုမိုအခက်အခဲဖြစ်ပေါ်စေရပါတယ်။ အကယ်၍ ရန်ကုန်မြို့အတွင်း လမ်းများမှာ ဘတ်(စ်)ကားလိုင်း များအတွက် သီးသန့်ယာဉ်လမ်းကြောင်းရှိမယ်ဆိုရင် ြှ့ ယာဉ်များ ယာဉ်ကြောကြပ်တည်းမှု နည်းပါးနိုင်မည့်အတွက်ကြောင့် အချိန်ကုန်သက်သာစေပြီးတော့ ခရီးသည်များ ပိုမိုအဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မှာဖြစ်ပါတယ်။ ထို့အပြင် ယာဉ်လိုင်းများစတင် သတ်မှတ်ချိန်မှာ တွံတေး-ဒလ ကားလိုင်းအဖြစ်နဲ့ နံပါတ်(၄၈)၊ တွံတေး-လှိုင်သာယာ ကားလိုင်းအဖြစ်နဲ့ နံပါတ်(၄၇)ပါဝင် နေခဲ့ပါတယ်။ တွံတေးမြို့နယ်ပြည်သူများအနေဖြင့်လည်း ြှ့ စတင် ပြေးဆွဲသည့်နေမှာ ြှ့ ဘတ်(စ်)ကားယာဉ်လိုင်းကို မျှော်လင့်နေပါသော်လည်း နဂိုရှိရင်းစွဲ ွှထေင လိုင်းများကိုသာ နံပါတ်(၄၇)၊ (၄၈)တပ်ပြီးတော့ ပြေးဆွဲစေခဲ့တာကို တွေ့ရပါတယ်။ ွှထေင အငှားယာဉ်များဟာ တစ်ခါတစ်ရံ ခရီးသွားပြည်သူများအတွက် အဆင်ပြေသော်လည်း ပုံမှန်သွားလာနေတဲ့ ဝန်ထမ်းများ၊ ကျောင်းသား/ သူများ၊ အခြေခံလူတန်းစားများအတွက်ကို နေ့စဉ်ငွေကုန်ကြေးကျများနေတဲ့အတွက်ကြောင့် ဝန်ထုတ်ဝန်ပိုးတွေဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် တွံတေး-ဒလ၊ တွံတေး-လှိုင်သာယာ အချိန်မှန် ပြေးဆွဲသော ြှ့ ယာဉ်လိုင်များပြေးဆွဲပေးသင့်ကြောင်းလည်း အကြံပြုလိုပါတယ်။ ထို့အတူ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်တို့တွင် ကွမ်းခြံကုန်း-ကော့မှူး-ဒလ ယာဉ်လိုင်းအဖြစ်(၅ဝ)၊ ကွမ်းခြံကုန်း-ကော့မှူး-လှိုင်သာယာ(၄၉)စသည့် ယာဉ်လိုင်းများအဖြစ် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွံတေးမြို့ ပုံစံနည်းတူ ယခင်ရှိပြီးသားယာဉ်လိုင်းများကိုသာ နံပါတ်တပ်ဆင်ပြေးဆွဲတာကိုလည်း တွေ့ရပါတယ်။ သို့ဖြစ်ပါသောကြောင့် ကွမ်းခြံကုန်း- ကော့မှူး-ဒလ၊ ကွမ်းခြံကုန်း- ကော့မှူး-လှိုင်သာယာ (၄၉)၊ (၅ဝ)ယာဉ်လိုင်များကိုလည်း အချိန်မှန် ပြေးဆွဲစေချင်ပါတယ်။ ထို့အပြင် ဆိပ်ကြီးခနောင်တိုမှ လှိုင်သာယာသို့ပြေးဆွဲသော ယာဉ်လိုင်းကြောင်း အသစ်တစ်ခုကိုလည်း ထားပေးသင့်ကြောင်းအကြံပြု ပြောကြားလိုပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ြှ့ နှင့်ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာချပြ၍ လိုအပ်သလိုပြည်သူများ၏ အခက်အခဲကိုလည်း အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးရန် အရေးကြီးလိုအပ်ကြောင်း အကြံပြုရင်း ဦးဝေဖြိုးဟန် တင်သွင်းသောအဆိုကို ထောက်ခံဆွေးနွေးလိုက်ရပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။            ။ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ ဆွေးနွေးရန် ဖြစ်ပါတယ်။

ဒေါ်သက်သက်မူ၊ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)။       ။ လေးစား အပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မကတော့ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့မှာ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ အဆိုကို အကြံပြုထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင် ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၆)ရက်နေ့ကစပြီး ယာဉ်လိုင်းပေါင်း(၃၆ဝ)ကျော်ရှိတဲ့ ြွဥ မ.ထ.သ စနစ်ကနေ (၆၁)လိုင်းနဲ့စတင်၍ ယနေ့(၈၁)လိုင်းရှိတဲ့ အစိုးရအဖွဲ့ရဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့ ြှ့ စနစ်ပေါ်ထွန်းခဲ့ပါတယ်။ ဒီတင်မှာပဲ အရင်ကကြုံတွေ့ခဲ့ရတဲ့ မော်တော်ယာဉ်စီးသူ ခရီးသည် တွေရဲ့ အခက်အခဲဒုက္ခပေါင်းဟာ နေ့ချင်းညချင်းပြောင်းလဲသွားမှာဘဲဆိုတဲ့ မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပေမယ့် နောက်ပိုင်းမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှုမရှိဘူးဆိုတာ ခရီးသည်တင်ကားကို တိုးစီးနေတဲ့ ကျွန်မရဲ့ကိုယ်တွေ့ကို မေ့မရနိုင်တာအမှန်ပါဘဲ။ မှတ်တိုင်ရှိလျက်နဲ့ မှတ်တိုင်မှာ မစောင့်တဲ့ခရီးသည်များကြောင့် ယာဉ်မောင်းကလူရှိတဲ့နေရာမှာ ရပ်ပေးတယ်။ မှတ်တိုင်မှာ စောင့်တဲ့ ခရီးသည်တွေအတွက် နေရာမရတဲ့အပြင် ပြည့်ကြပ်နေတဲ့ကားပေါ်ကို တက်ခွင့်တောင်မရတာကြောင့် ငါတို့လည်း သူတို့လိုပဲ မှတ်တိုင်မဟုတ်တဲ့နေရာမှာ စောင့်ပါတော့မယ်လို့ တွေးလိုက်တာနဲ့ စည်းကမ်း ပျက်တော့တာပါပဲ။ မီးပွိုင့်မှာဘဲရပ်ပြီး လူအတင်အချလုပ်ပါတယ်။ ခရီးသည်ကိုအဆမတန် ကြပ်ညှပ်အောင်တင်တယ်။ ရပ်ချင်တဲ့နေရာမှာ အကြာကြီးရပ်တယ်။ ပြိုင်မောင်းတယ်။ သတ်မှတ် ထားတဲ့ ယာဉ်စီးရေမပြေးဆွဲဘူး။ ယာဉ်စီးခပိုတောင်းတယ်။ ဆက်ဆံရေးမပြေပြစ်ဘူးဆိုတဲ့ အကြောင်းနဲ့ လက်တွေ့မှာက ပြည်သူတွေဆီက ကြားနေရပါတယ်။ နောက်တစ်ချက်က မော်တော်ယာဉ် တွေကြောင့်လည်း ပါပါတယ်။ ၁၉၉၅ မော်ဒယ်အောက်ကားပဲဖြစ်ဖြစ်၊ ၂ဝဝ၅ မော်ဒယ်အထက် ကားပဲဆိုပြီးတော့ ဘယ်လိုပဲသတ်မှတ်ထားစေကာမူ မြို့တွင်းမှာပြေးဆွဲရန် အင်္ဂါရပ်များနှင့် မညီညွှတ်တော့တဲ့ အနေအထားတွေကိုလည်း တွေ့နေရပါတယ်။ နောက်တစ်ချက်က ယာဉ်လိုင်း တစ်ခုချင်းမော်တော်ယာဉ်အားလုံးကို ကုမ္ပဏီတစ်ခုတည်းကသာ ကြပ်မတ်သင့်ပါတယ်။ ဒါမှ ဂိတ်တစ်ခုတည်းကနေ စည်းကမ်းထိန်းသိမ်းကြီးကြပ်နိုင်တာကြောင့် ယှဉ်ပြိုင်မောင်းနှင်ခြင်း ပပျောက်သွားမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အများပိုင်ယာဉ်လိုင်းအဖြစ် ပြောင်းလဲခြင်း ပါပဲ။ ဒီအချက်မှာ အပိုင်း (၃)ပိုင်းကို ဆွေးနွေးလိုပါတယ်။ ပုဂ္ဂလိကပိုင်ယာဉ်တွေကို အများပိုင် ယာဉ်များအဖြစ် သတ်မှတ်ထားတဲ့ကာလအတွင်း အပြီးသတ်ဆောင်ရွက်မှုဖြစ်စေရန် တိုက်တွန်းခြင်း၊ ဖိအားပေးခြင်းများ လုပ်ဆောင်ပြီးမှ အများပိုင်ယာဉ်အသစ်များကို ဝယ်ယူသင့်ပါတယ်။ ဒါမှလည်း မြို့တွင်းသွား အင်္ဂါရပ်များနှင့်ညီညွတ်ပြီး ခေတ်မီခိုင်ခန့်မှုရှိတဲ့ မော်တော်ယာဉ်များကို အများ ပြည်သူတွေ သုံးစွဲကြရမှာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ် များကို လုပ်ငန်းခွင်ကျွမ်းကျင် သင်တန်းများ၊ ခရီးသည်များကိုပြေလည်စွာ ဆက်ဆံစေရေး စတဲ့သင်တန်းများကို တက်ရောက်စေရန် စီမံဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ ယာဉ်မောင်း၊ ယာဉ်ကြီးကြပ်တွေဟာ ပုဂ္ဂလိက ဝန်ထမ်းများမဟုတ်တော့ဘဲ အများပိုင်ယာဉ်လိုင်း တစ်ခုရဲ့ ဝန်ထမ်းများဖြစ်လာပြီး စည်းကမ်းလိုက်နာမှုရှိရင် အကျိုးခံစားခွင့် ရေရှည်ရပ်တည် ခွင့်များရအောင် စီမံဖန်တီးပေးခြင်း၊ စည်းကမ်းဖောက်ဖျက်လျှင် တိကျပြတ်သားစွာအရေးယူခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ခရီးသွားပြည်သူတွေဖြစ်ပါတယ်။ ယာဉ်ကို ဖြစ်ဖြစ်၊ လမ်းကိုဖြစ်ဖြစ်အသုံးပြုရာမှာ စည်းကမ်းလိုက်နာနိုင်စေရန်အတွက် ကျေးရွာ/ရပ်ကွက် တိုင်းမှာ ပညာပေးရေးလုပ်ငန်းများကို အခါအားလျော်စွာ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါမှလည်း ရှေ့သို့ချီတက် ြှ့ ဆိုတဲ့ဆောင်ပုဒ်နှင့်အညီ ယခုကြုံတွေ့နေတဲ့ အခက်အခဲပြဿနာတွေရဲ့ (၇ဝ)ရာခိုင်နှုန်းခန့်ကို ပြေလည်နိုင်ပါလိမ့်မယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ အပြောင်းအလဲတစ်ခုကို စတင်ကျင့်သုံးရာမှာတော့ အခက်အခဲဆိုတာနဲ့ ရင်ဆိုင်တွေ့ကြုံရစမြဲဖြစ်ပေမဲ့ နည်းစနစ်ကောင်းများကိုရှာဖွေရင်း စီမံခန့်ခွဲရင်းနဲ့ မိမိတို့လိုအပ်တဲ့အခြေအနေကို ရောက်ရှိ လာရမှာဖြစ်ပါတယ်။ ယခုဆိုလျှင်ပဲ ကျွန်မတို့ရဲ့ ရန်ကုန်မြို့တော်အတွင်းမှာ ယခင်ကထက် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများအထိုက်အလျောက် ကျဆင်းလာကြောင်းကိုလည်း လက်တွေ့ တွေ့မြင်နေရပါတယ်။ ဒါကြောင့် အစိုးရ၊ လွှတ်တော်၊ ယာဉ်လိုင်းကုမ္ပဏီများနဲ့ ပြည်သူအပေါင်းတို့ အပေးအယူကြည်ဖြူစွာနဲ့ ဟန်ချက်ညီညီကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း တင်ပြရင်း အဆိုရှင်ရဲ့ အဆိုကိုထောက်ခံဆွေးနွေးအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

ဥက္ကဋ္ဌ ။            ။ ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း(ခ)ဦးဂေးမောင် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးရန်အောင်မင်း(ခ)ဦးဂေးမောင်၊ရွှေပြည်သာမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)။ ။ အားလုံးပဲမင်္ဂလာပါခင်ဗျား။ အချိန်ကလည်းကျွန်တော်တို့ (၄)နာရီထိုးတော့မှာဖြစ်တဲ့အတွက် ကျွန်တော်အများကြီး ဆွေးနွေးချင်သော်ငြားလည်း လိုရင်းတိုရှင်းလေးပဲဆွေးနွေးပါမယ်။ အားလုံး ဆွေးနွေးပြီးသားဖြစ်တဲ့အတိုင်း ပြည်သူလူထုရဲ့အသံကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်တဲ့ ြှ့ စနစ်က မဟာဗျူဟာအရ အင်မတန်ကောင်းပါတယ်တဲ့။ ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ ပြည်သူလူထုကလည်း ဒီမဟာဗျူဟာကို ထောက်ခံပါတယ်။ သို့သော်စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှု အားနည်းတဲ့အတွက် နည်းပညာ၊ နည်းဗျူဟာ အင်မတန်မှအားနည်းပါတယ်လို့ ပြည်သူလူထုပြောတဲ့အသံကို ဒါကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကြီးရှေ့မှာ အားလုံးကို ဖတ်ကြားပြပါမယ်။ ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ အကြံပြုချက်လေးကို (၂)ခုပဲ လိုရင်းတိုရှင်းပြောပါမယ်။ ကျွန်တော့်အနေနဲ့ ဒီအများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ကျွန်တော်တို့ရန်ကုန်မြို့တော်ကြီးမှာ အဆင်ပြေဖို့အတွက် မြို့ပတ် ရထား၊ ဘူတာရုံနဲ့ မြို့ပတ်ရထားများကိုလည်း ကျွန်တော်အနေနဲ့ အဆင့်မြှင့်တင်ပေးစေချင်ပါတယ်။ မြို့ပတ်ရထားဆိုရင်လည်း မြို့ပတ်ရထားရဲ့ပတ်ဝန်းကျင်မှာ သန့်ရှင်းသာယာလှပအောင် အနံ့အသက် တွေလည်းကင်းစင်အောင် အဝင်/အထွက် ပြည်သူလူထုရဲ့ဘဝလုံခြုံအောင် ညဘက်ဆိုရင်လည်း မီးလင်းလင်းချင်းချင်းလေးနဲ့ မြို့ပတ်ရထားလေးကို ဝင်ချင်စရာကောင်းအောင် လမ်းလေးတွေလည်း သေချာခင်ပေး ပန်းလေးတွေလည်းသေချာစိုက်ပေးပြီးတော့ ရထားကိုလည်းအချိန်မှန်မှန်လေး ထွက်နိုင်အောင် ရထားတွဲတွေ၊ ရထားစက်ခေါင်းတွေကို စနစ်တကျရှိပြီးသား မြို့ပတ်ရထားကို ပြောတာပါ။ ဟိုလိုမျိုး မိုးပျံရထားကြီးတွေ၊ မြေအောက်ရထားကြီးတွေလို ဒီလိုစီမံကိန်းအကြီးကြီး တွေကို မတောင်းဆိုချင်ပါဘူး။ ရှိပြီးသားဟာလေးကို အကောင်းဆုံးဖြစ်အောင် ဖြစ်ချင်တာကဆန္ဒ၊ ဖြစ်နေတာကဘဝတဲ့ အဲ့ဒီတော့ ကျွန်တော်တို့ ဖြစ်သင့်တာကစကြရအောင် မြို့ပတ်ရထား ဘူတာရုံ တွေကို အဆင့်မြှင့်တင်ကြပါဆို့လားလို့ပြောကြားရင်းနဲ့ အဆိုရှင် ဦးဝေဖြိုးဟန်၏အဆိုကို လေးနက်စွာ ထောက်ခံတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၃၊ နည်းဥပဒေခွဲ(က)အရ လွှတ်တော်အစည်းအဝေးများ ကို နံနက်(၁ဝဝဝ)နာရီ မှ ညနေ (ဝ၄ဝဝ)နာရီအထိ ကျင်းပရမယ်လို့ပါရှိပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းဝေးဟာ ညနေ(ဝ၄ဝဝ)နာရီကျော်လွန်နိုင်တဲ့အတွက် အစည်းအဝေးပြီးဆုံးအောင် ဆက်လက် ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စာလှယ်များ သဘောတူကြပါလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူကြပါလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူကြပါလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူကျတဲ့အတွက်ကြောင့် ဒီကနေ့လွှတ်တော်အစည်းအဝေးကို ပြီးဆုံးအောင် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌ ။            ။ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးလွင်စိုးမင်း၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။      ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တိုက်ကြီးမြို့နယ်၊ အမှတ်(၂) မဲဆန္ဒမြေ လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဌမနေ့မှာ ဦးဝေဖြိုးဟန်တင်သွင်းသွားတဲ့ အဆိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးမှာ ပြည်သူ များဟာ နေ့တဓူဝကိုယ်ရေးကိုယ်တာကိစ္စများနဲ့ ကူးသန်းသွားလာနေကျတာကို နေ့စဉ်တွေ့မြင်ရ ပါတယ်။ အဲ့ဒီနေရာမှာ ဘတ်(စ်)များကို (၁)အဓိက အားကိုးအားထားပြုပါတယ်။ အခြားယာဉ်များ ကိုလည်း အနည်းအကျင်းအသုံးပြုတာကိုလည်း တွေ့ရပါတယ်။ သို့ပါသောကြောင့် အန္တရာယ် အနည်းဆုံးနဲ့ အကောင်းမွန်ဆုံးသယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ် ပြည်သူလူထုအတွက် မဖြစ်မနေ လိုအပ်နေတာကတော့ ထင်ရှားပါတယ်။ အစစအရာရာ ယိုယွင်းပျက်စီးပြီးတော့ ခရီးသွား ပြည်သူတွေအတွက် အန္တရာယ်ကြီးမားလှတဲ့ မ.ထ.သယာဉ်လိုင်းများကို ဖျက်သိမ်းပြီးတော့ ြှ့ ယာဉ်လိုင်းသစ် စနစ်သစ်ဖြင့် ပုံစံပြောင်းပြေးဆွဲမယ်ဆိုတဲ့အခါမှာ ပြည်သူများဟာ သောင်းသောင်း ဖျဖျကြိုဆိုခဲ့ကြပါတယ်။ ၁၆.၁.၂ဝ၁၇ စတင်ချိန်မှာတော့ မျှော်လင့်ထားတဲ့အခက်အခဲတွေကော၊ မမျှော်လင့်ထားသောအခက်အခဲများပါ ရင်ဆိုင်ပြီးတော့ ကြုံတွေ့ရပါတယ်။ သို့သော်လည်း ပြည်သူများယုံကြည်ချက်၊ မျှော်လင့်ချက်အားမာန်အပြည့်နဲ့ အတူတကွပူးပေါင်း ရင်ဆိုင်ကျော်ဖြတ် ခဲ့ကြပါတယ်။ တစ်နေ့ထက်တစ်နေ တစ်စတစ်စ အဆင်ပြေချောမွေ့လာလိမ့်မယ်လို့လဲ ခံယူခဲ့ကြ ပါတယ်။ ယခုအခါမှာ သက်တမ်း(၃)လကျော် ကာလကြာမြင့်လာတဲ့အခါမှာတော့ လုပ်ငန်းစဉ် များဟာ ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်လာပြီးတော့ မျှော်လင့်ချက်မှေးမှိန်လာသလိုပဲ ခံစားလာရပါတယ်။ ျွ့ွှဗ ရဲ့ဆောင်ရွက်မှုများဟာလည်း ကျယ်ပြန့်ထိရောက်မှုမရှိဘဲနဲ့ တာဝန်ယူ တာဝန်ခံမှုနည်းပါးတာကို တွေ့ရပါတယ်။ ဗဟိုအဖွဲ့အနေနဲ့သာလျင်ရှိပြီးတော့မှ အဖွဲ့ခွဲတွေမရှိတဲ့ အခါမှာ ယာဉ်တွေရဲ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ ခရီးသည်တွေရဲ့ပြဿနာတွေကို ျွ့ွှဗ အဖွဲ့ခွဲ တွေဟာဖြေရှင်းနိုင်ခြင်းမရှိပါဘူး။ အဲ့ဒီအခါမှာ နေ့စဉ်နှင့်အမျှ နေရာတိုင်းမှာပြဿနာတွေက ကြုံနေ ရပါတယ်။ အချို့ယာဉ်တွေဟာဆိုရင် ြှ့ ဆိုပြီးတော့ အလယ်ခေါင်မှာစတေကာကပ်ပြီးတော့ ဘေးကယာဉ်နံပါတ်ကို ယှဉ်ထားပါတယ်။ ယှဉ်ပြီးတော့မှ လိုတဲ့နေရာကျလို့ရှိရင် ပထမနံပါတ်ကို ဖြုတ်ပြီးတော့ နောက်နံပါတ်ပြောင်းပြီးတော့မှ ဆွဲတာကိုလည်း ကျွန်တော်တို့မှာ မျက်ဝါးထင်ထင် တွေ့ရှိရပါတယ်။ လိုင်းအမျိုးမျိုးပြောင်းလဲချိတ်ဆွဲပြီးတော့ ပြေးဆွဲတာရှိပါတယ်။ အဲဒီအခါမှ အဲဒီမူလ ယာဉ်လိုင်းကနေပြီးတော့ နောက်ယာဉ်လိုင်းနံပါတ်ပြောင်းတဲ့အခါမှာ အဲ့ဒီလိုင်းရဲ့ဂိတ်ကို ဂိတ်ကြေး ထပ်ပြီးတော့ (၆ဝဝဝ)ထပ်ပေးရပါတယ်။ (၅၅)မှာ ဂိတ်ကြေး(၆ဝဝဝ)ပေးပြီးတော့ဆွဲလာတယ်။ မှော်ဘီ ွှသူန ွအေန ကျော်တဲ့အခါမှာ (၃၇)ပြောင်းတယ်။ ပြောင်းပြောင်းပြီးတော့ (၃၇)လိုင်းကိုဂိတ် ကြေး(၆ဝဝဝ)ထပ်ပေးပြီးတော့မှ မြို့ထဲအထိဆွဲတယ်ပေါ့နော်။ အဲဒါမျိုးတွေကို ကျွန်တော်တို့မျက်မြင် ကိုယ်တွေ့ တွေ့ရပါတယ်။ အထူးသဖြင့်တော့ စည်ပင်သာယာနယ်နိမိတ်ပြင်ပဖြစ်တဲ့ မြို့နယ်တွေမှာ ယာဉ်စီးခဈေးနှုန်းတွေဟာလည်း ပုံမှန်မဟုတ်ဘဲနဲ့ စပါယ်ယာတွေရဲ့ သတ်မှတ်တောင်းဆိုမှုကိုဘဲ ပေးပြီးတော့စီးနေရပါတယ်။ ဂိတ်အစ/ဂိတ်အဆုံးမပြေးဆွဲဘဲနဲ့ ကားကိုသူတို့သင့်တော်တဲ့နေရာ တစ်ခုမှာ ကား ဃ့ညေါန ပေးတာတို့၊ ဒါမှမဟုတ် ပိုက်ဆံပြန်အမ်းပြီးတော့မှ ျွေ ကုန်သွားလို့ ဆိုပြီးတော့ လှည့်သွားတာမျိုးတွေလည်း ကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရပါတယ်။ ရန်ကုန်မြောက်ပိုင်း ခရိုင်မှာ ဥက္ကံ၊ အဖျောက်၊ တိုက်ကြီး၊ ဒီနေရာတွေမှာဆိုလို့ရှိရင် (၅၅)နံပါတ်နဲ့ ဆွဲရမဲ့ဂိတ်လိုင်း ဖြစ်ပါတယ်။ သို့သော်လည်းပဲ (၃၇)နံပါတ်နဲ့လည်း တိုက်ရိုက်ဆွဲနေတာ တွေ့ရပါတယ်။ (၄၁)နံပါတ်နဲ့ တိုက်ရိုက်ဆွဲနေတာလည်း တွေ့ရပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ ဂိတ်အစနေရာတွေမှာ ကားရပ်နားရန်နေရာ စနစ်တကျမရှိတဲ့အခါမှာ ကားတွေက လမ်းဘေးဝဲ/ယာနေရာတွေမှာ ကြုံသလို ထိုးပါတယ်။ နောက်ပြီးတော့ ခရီးသည်များကလည်း နေပူမိုးရွာထဲမှာဘဲ ချွေးသံတရွှဲရွှဲနဲ့ပဲ စောင့်စား ပြီးတော့စီးနေရာတဲ့အနေအထားမှာဘဲ ရှိပါတယ်။ အရင်ဒုက္ခတွေအတိုင်းပါပဲ အခုလဲ မပြောင်းလဲပဲ ခံစားနေရပါတယ်။ ပိုဆိုးသွားတာတစ်ချက်ကတော့ အဖျောက်၊ တိုက်ကြီး၊ ဥက္ကံက ခရီးသည်တွေဟာ ယခင်တုန်းက သခင်မြပန်းခြံအထိရောက်တယ်။ သခင်မြပန်းခြံကနေပြီးတော့မှတစ်ဆင့် ဒုတိယ အဆင့်အနေနဲ့ လိုရာခရီးကို သွားရပါတယ်။ အခုတော့ ထောက်ကြန့်မှာ ပထမအဆင့် ကား ဃ့ညေါန ရပါတယ်။ ထောက်ကြန့်ကနေပြီးတော့ ကားစီးလာတဲ့အခါမှာ သခင်မြပန်းခြံမှာ မဟာဗန္ဓုလလမ်းကို ရောက်ပါတယ်။ အဲဒီကနေပြီးတော့မှ နောက်တစ်ဆင့် ထပ်ပြီးတော့မှ မိမိလိုရာကို ထပ်သွားရတဲ့ အခါကျတော့ သုံးဆင့်ဖြစ်သွားရပါတယ်။ အဲဒီအတွက် နယ်ကနေလာတဲ့ ခရီးသည်များဟာ မြို့တွင်းဘတ်(စ်)ကားစီးသူများနှင့်မတူဘဲ သူတို့မှာဟိုင်းဝေးဖြစ်တဲ့အတွက်ကြောင့် ံညေိ ဃမေမပ ပစ္စည်းလေးတွေ ပါလာပါတယ်။ သူတို့တစ်နိုင်တစ်ပိုင်တဆွဲ အဲဒါလေးတွေဟာ ကားပြောင်းတဲ့အခါမှာ အင်မတန်အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ ဒီ(၃၇) ယခင် ျြွွှ ကားကြီးများက အဲဒီလို ပစ္စည်းအထုပ်အဆွဲပါလို့ရှိရင် လုံးဝတက်ခွင့်မပေးပါဘူး။ အဲဒီအခါမှာ တောသူတောင်သားများက မိမိတို့ခြံထွက်သီးနှံလေးကို ဆွဲလာတယ်ဆိုရင်တောင်မှ တော်တော် ဒုက္ခရောက်ပါတယ်။ ကားငှားရပါတယ်။ အဆမတန်ဈေးပေးပြီးတော့မှ အဲဒီတော့ ဟိုင်းဝေးဖြစ်တဲ့ အဖျောက်၊ ဥက္ကံဘက်ကနေပြီးတော့ ပြည်သူများကလည်း မြို့တွင်းထဲကို ဝင်နိုင်တဲ့အထိ ယာဉ်လိုင်း တစ်ခုကို ဆောင်ရွက်ပေးဖို့ကိုလည်း ဒါတော်တော်ကြီးကို ရာနှုန်းပြည့်ကိုလည်း တိုက်တွန်းနေကြတဲ့ အနေအထား ရှိပါတယ်။ အခုဟာကသုံးဆင့် အခန့်မသင့်တဲ့သူဆိုလို့ရှိရင် လေးဆင့်တောင်မှ ပြောင်းရတဲ့ သဘောရှိနေပါတယ်။ လိုရာကိုရောက်ဖို့ အဲဒါလေးတွေက ပြည်သူရဲ့လိုအပ်ချက်ကို ကျွန်တော်က တင်ပြတာပါ။ နောက်သတ်မှတ်ထားတဲ့ယာဉ်လိုင်းတွေဟာ ရန်ကုန်တိုင်းပြင်ပမှာရှိတဲ့ ပဲခူးတိုင်းက မြို့တွေဖြစ်တဲ့ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ဇီးကုန်း၊ ကြိုးပင်ကောက် အဲဒီအထိကို သွားပြီးတော့မှ (၃၇)နံပါတ်တွေ၊ (၄၁)နံပါတ်တွေနဲ့ အဲဒီကနေပြီးတော့ ရန်ကုန်ထဲအထိ ဝင်ပြီးတော့မှ ဆွဲနေတာကိုလည်း ကျွန်တော်တို့တွေရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ (၅၅)လိုင်းက ဂိတ်မှူးတွေ၊ (၅၅)ယာဉ်လိုင်းက ယာဉ်နောက်လိုက်တွေနဲ့ အဲဒီကားတွေနဲ့ ပဋိပက္ခဖြစ်ပြီးတော့ ရိုက်မယ်နှက်မယ်ဆိုပြီးတော့မှ ရန်ပွဲတွေလည်း ခဏခဏဖြစ်ပါတယ်။ ဥက္ကံမှာသူတို့က ဝင်တင် ပါတယ်။ သူတို့ကားတွေဟာ တိုက်ရိုက်မြို့ထဲကိုရောက်တဲ့အတွက် (၅၅)က ထောက်ကြန့်တွင် ဂိတ်ဆုံးတယ်။ ဒီလက်ပံတန်း၊ မင်းလှ၊ သာယာဝတီက (၃၇)တက်ပြီးတော့၊ (၄၇)တက်ပြီးတော့ ဆွဲတဲ့ကားတွေက မြို့ထဲအထိရောက်တယ်ဆိုပြီးတော့ အဲဒါကိုစောင့်စီးကြပါတယ်။ မြို့ထဲကလူတွေက အဲဒီအခါမှာ (၅၅)ဂိတ်က ကားဆရာတွေနဲ့သူတို့ ရန်ပွဲတွေဖြစ်တာကိုလည်း ကျွန်တော်တို့မျက်မြင် တွေ့ရပါတယ်။ အဲဒီတော့ အဲဒီလိုအခြေအနေတွေဖြစ်နေပါတယ်။ ဗရုတ်သုတ်ခအခြေအနေလို့ပဲ ပြောရမှာပေါ့။ အဲဒီတော့ မော်တော်ယာဉ်တွေကိုကြည့်တဲ့အခါမှာလည်း မော်တော်ယာဉ်များဟာ ရှေ့အချက်ပြဒိုင်ခွက်များက ဘာတစ်ခုမှအလုပ် မလုပ်တော့ပါဘူး။ ဝါယာကြိုးတွေကလည်း အဲဒီ ရှေ့ခေါင်းခန်းမှာ ရှုပ်ထွေးပွေလိမ်နေပါတယ်။ ဒါကျွန်တော်ကိုယ်တိုင်စီးတဲ့အခါမှာ ကြည့်လာတာပါ။ နောက်တစ်ခါအရှေ့လေကာမှန်ကြီးကလည်း အစိတ်စိတ်အမွှာမွှာကွဲပြီးတော့မှ တိပ်တွေနဲ့ ကပ်ထား တာကို တွေ့ရပါတယ်။ နောက်ပြီးတော့ကျွန်တော်တို့ နောက်ကခုံကထိုင်တဲ့လူက ရှေ့ကကျောကိုဒူးနဲ့ ထောက်ထားတဲ့ အခါကျတော့ ကြာရှည်မထိုင်နိုင်တော့ပါဘူး။ ဒူးမလွတ်ပါဘူး။ အဲဒီတော့ ဒီဒုက္ခ တွေက အခုထက်ထိ ခံစားနေရတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အထက်ဖော်ပြပါ အခြေအနေများ ျွ့ွှဗ အဖွဲ့ခွဲလေးတွေ ဖွဲ့ပြီးတော့မှ မြို့နယ်အလိုက်သော်လည်းကောင်း၊ ဂိတ်စများသော်လည်းကောင်း ကြီးကြပ်ရေးအဖွဲ့များဖွဲ့ပြီးတော့ စနစ်တကျထိန်းသိမ်းပြီးတော့၊ တာဝန်ယူပြီးတော့ ဆောင်ရွက်မှသာလျှင် ဒီအခြေအနေကနေပြီးတော့၊ ပြောင်းလဲပြီးတော့ ကောင်းမွန်တဲ့အခြေအနေတွေကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်ချက်တွေအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ဆောင်ရွက် ပေးဖို့ ဦးဝေဖြိုးဟန်ကနေပြီးတော့ တင်ပြထားတဲ့အဆိုကို ကျွန်တော့်အနေနဲ့ထောက်ခံဆွေးနွေး ရခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။            ။ အချိန်ကို လေးစားသောအားဖြင့် သွက်သွက်လက်လက်လေး ပြောဆို ပေးကြပါ။ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် ဆွေးနွေးရန် ဖြစ်ပါတယ်။

ဦးကျော်မင်းဟန်၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)။      ။ အားလုံးပဲမင်္ဂလာ ပါခင်ဗျား။ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဝေဖြိုးဟန်ရဲ့အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ မ.ထ.သယာဉ်လိုင်း၊ ြှ့ ယာဉ်လိုင်းများ အမည်ပြောင်းဆွဲခြင်းအပေါ် အားနည်းချက်များအပေါ် တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ ပြေးဆွဲနေတဲ့ မြို့ပတ်ယာဉ်လိုင်းများဖြစ်တဲ့ (၅၆)၊ (၅၇)၊ (၅၈)လိုင်းများဖြင့် ပြေးဆွဲလျက်ရှိပါတယ်။ မူလက ြှ့ စတင်ပြေးဆွဲတဲ့ကာလမှာ ကားဂိတ်ကနေပြီးတော့မှ စထွက်တဲ့အချိန်မှာ (၅)မိနစ်ခြားစီ ထွက်တယ်လို့ ကြားသိရပါတယ်။ အခုချိန်မှာတော့ အဲဒီလိုမထွက်ဘဲနဲ့ စည်းကမ်းဖောက်ပြီးတော့ လူပြည့်မှထွက်တဲ့ ယာဉ်များရှိနေတဲ့အတွက်ကြောင့် ခရီးသွားပြည်သူများပါ တင်ပြချက်ကို ကျွန်တော်သိရှိရပါတယ်။ အဲဒီအတွက်ကြောင့် ကြားမှတ်တိုင်များမှာ စောင့်ဆိုင်းနေရတဲ့ခရီးသည်များအတွက် နေရာမရတဲ့ အတွက် အခက်အခဲများစွာ ရင်ဆိုင်လျက်ရှိပါတယ်။ မူလအစမှာရှေ့ကားကို နောက်ကား မကျော်တက်ရ ဟု ညွှန်ကြားထားသော်လည်း၊ ယခုအခါမှာ လိုက်နာမှုမရှိသော ယာဉ်အချို့ကိုလည်း တွေ့ရပါတယ်။ မူလကညွှန်ကြားထားတဲ့ အတင်အချစနစ်အတိုင်းသာဆိုရင် အဆင်ပြေမှာဖြစ်ပါတယ်။ အဓိက ကတော့ ဒီလိုစည်းကမ်းမလိုက်နာမှုတွေကြောင့် ဒီလိုဖြစ်နေရခြင်း ဖြစ်ပါတယ်။ ြှ့ မအောင်မြင် ခြင်းသည်လည်း ဒီအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ မိမိတို့ လသာမြို့နယ်အတွင်းရှိ ကားမှတ်တိုင် များမှာ မိမိတို့လသာမြို့နယ်အပါအဝင်ပေါ့ အခြားသောမြို့နယ်တွေမှာလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ ကားမှတ်တိုင်တွေမှာ ခရီးသည်များကားစောင့်တဲ့အခါမှာ အမိုးအကာများ မရှိသေးတာများ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နေကလည်းပူးပြင်းလာတယ်။ မိုးဒဏ်များ ကာကွယ်ရန်အတွက် အမိုးအကာများပါဝင်တဲ့ မှတ်တိုင်များလိုအပ်လျက်ရှိပါတယ်။ မှတ်တိုင်တွေကို လုပ်တဲ့အခါမှာလည်းဘဲ တင်ဒါခေါ်တယ်လို့ ကျွန်တော်ကြားသိရပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ဒေသခံတွေရဲ့လိုအပ်ချက်ကို လေ့လာသုံးသပ်ပြီးတော့မှ လုပ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်တိုင်လုပ်ထားသော်ငြားလည်းပဲ မတွေ့ရတာက မှတ်တိုင်ရှိပေမဲ့ မှတ်တိုင်ရဲ့နောက်မှာလူတွေက နေပူတဲ့အခါမှာ ကျနေရှိတဲ့အခါမှာ မှတ်တိုင်ရဲ့နောက်မှာသွားပြီးတော့မှ နေပူလုံကြတဲ့ အနေအထား မျိုးတွေ့ရပါတယ်။ အဲဒီအတွက်ကြောင့် မှတ်တိုင်တွေလုပ်တဲ့အခါမှာလည်း ပီပီပြင်ပြင်နဲ့ လေဒဏ်၊ မိုးဒဏ်တွေကို တွက်ချက်ပြီးတော့ လုပ်သင့်ပါတယ်လို့ ကျွန်တော်တင်ပြလိုပါတယ်။ နောက် ကားမှတ်တိုင်များကိုလည်း တစ်နေရာတည်းစုပြီးတော့ထားခြင်းဟာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်စေနိုင် တာကြောင့် မှတ်တိုင်များကိုခွဲထားခြင်းအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို သက်သာစေနိုင်မည် ဖြစ်ပါတယ်။ မြို့ထဲမှာပြေးဆွဲနေသော ကားများဟာအရွယ်အစားသေးငယ်သောကြောင့် ခရီးသည်များ မွန်းကြပြွ်ပတ်သိပ်စွာစီးနေရသောကြောင့် ခါးပိုက်နှိုက်မှုများဖြစ်ပေါ်လေ့ရှိတယ်။ နောက်စပါယ်ယာ များမှလည်း သင့်တော်တဲ့လူအရေအတွက်ထက်ပိုပြီးတင်ခြင်းကြောင့် သက်ကြီးရွယ်အိုများ၊ အမျိုး သမီးများအတွက် အခက်အခဲများစွာဖြစ်ပေါ်နေလျက်ရှိပါတယ်။ သို့ပါ၍ မတန်တဆလူတင်ခြင်း ကိုလည်း အရေးယူဆောင်ရွက်သင့်ပါတယ်။ သို့ပါ၍ မြို့တွင်းမှာပြေးဆွဲနေသောကားလိုင်းများကို ကားသေးများအစား ကားကြီးများပြေးဆွဲပေးရန် ဒီနေရာကနေပြီးတော့ ကျွန်တော်အကြံပြုပါတယ်။ ည(ဝ၇ဝဝ)နာရီကျော်သွားရင် ကားများကျဲခြင်းတွေ့ရတဲ့အတွက်ကြောင့် အချိန်ပြည့်မဆွဲတာကိုလည်း တွေ့ရပါတယ်။ ထို့အတွက်ကြောင့် အချိန်ပြည့်ဆွဲပေးပါရန် တိုက်တွန်းအပ်ပါတယ်။ နောက်ကား မှတ်တိုင်တစ်ခုနဲ့တစ်ခု အကူးအပြောင်း၊ ခရီးအကူးအပြောင်းနေရာတွေမှာ မြို့ပြင်ကလာတဲ့ ကားတွေ ဟာ ကားကြီးတွေ(၃)စီးလောက်စိုက်လာရင် မြို့တွင်းမှာပတ်တဲ့ကားတွေဟာ အသေးဖြစ်တဲ့အတွက် အကြောင့် အခက်အခဲများစွာရှိပါတယ်။ အဲဒီတော့ ကားအရေအတွက်မလောက်ဘူး ဖြစ်ပါတယ်။ အဲဒီတော့ အဲဒါလေးတွေကို ကျွန်တော်တို့ အခုအချိန်ကစပြီးတော့ ဆောင်ရွက်သင့်ပါတယ်။ နောက်ကတ်စနစ် ဖော်ဆောင်တဲ့အခါမှာလည်း ကတ်ဝယ်ယူရန် လွယ်ကူရန်အတွက် ကားမှတ်တိုင် များမှာတင် ရောင်းမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ ရှေ့ကကိုယ်စားလှယ်တော်ကြီးများ ဆွေးနွေး သွားတဲ့ အတိုင်းပဲအကြောင်းအရာတချို့ကို ထည့်မဆွေးနွေးတော့ပါဘူး။ အချုပ်အားဖြင့်ပြောမယ် ဆိုလို့ရှိရင် အဓိကပြည်သူ့မူဝါဒများစတင်ရေးဆွဲရာမှာ လူထုသဘောထားစစ်တမ်း စနစ်တကျ ကောက်ယူခြင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုုယ်စားလှယ်များ၏ အကြံဥာဏ်များကို အလေးထား၍ အကောင်အထည်ဖော်ဆောင်ရွက်မှသာလျှင် ဖြစ်လာနိုင်သည့်အကြောင်းအကျိုးများ စိန်ခေါ်မှုများကို တွက်ဆကျော်လွှားနိုင်မှာဖြစ်ပါတယ်။ သို့ပါ၍ နေ့စဉ်ဘတ်(စ်)ကားသွားလာနေသော ပြည်သူများ၏ အခက်အခဲကိုသာ ဦးစားပေးစီမံခန့်ခွဲသင့်ပါကြောင်း၊ မိမိတို့ပြောင်းလဲရာတွင်လည်း မပြောင်းလဲလို သူများရှိခဲ့ရင်လည်း ကျွန်တော်တို့ လက်တွဲဖြုတ်ခဲ့၍ အောင်မြင်စွာနဲ့ပြောင်းလဲပါရန် အစိုးရကို တိုက်တွန်းပါကြောင်း ကျွန်တော်ဒီနေရာကနေပြီးတော့ တိုက်တွန်းလိုက်ပါတယ်။

ဥက္ကဋ္ဌ ။            ။ ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်း ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးခင်ဝင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)။      ။ ဥက္ကဋ္ဌကြီးနှင့်တကွ ြွကရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်အပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ ကျွန်တော် အခုဆွေးနွေးမှာကတော့ အင်းစိန်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်က ဦးဝေဖြိုးဟန်တင်သွင်းတဲ့အဆို ကိုပဲ တင်သွင်းသွားမှာဖြစ်ပါတယ်။ အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော်အရှေ့က လွှတ်တော် ကိုယ်စားလှယ်ကြီးတွေ တင်ပြသွားတဲ့ ြှ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အကုန်းလုံးကပြီးပြည့်စုံနေပြီ ဖြစ်တဲ့အတွက် ကျွန်တော်တင်ပြချင်တဲ့အထဲက အနှစ်ချုပ်လေးလောက်ကိုပဲ ကျွန်တော်တင်ပြ ဆွေးနွေးသွားပါမယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇူလိုင် (၁၆)ရက်နေ့ မှာစတင်ပြောင်းလဲခဲ့တဲ့ ြှ့ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက်ကို ရှေးရှုပြီးဆောင်ရွက်ခြင်းဟာ အကောင်းဘက်ကိုဦးတည်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာ ခရီးသွားပြည်သူများမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက အဓိကကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေတာကိုလည်း အားလုံးမြင်တွေ့ကြားသိ နေရပါတယ်။ အခုလိုမလိုလားအပ်တဲ့ကိစ္စတွေ အချိန်ကြာလေလေ အဖက်ဖက်မှာဆိုးကျိုးဘက်ကို ဦးတည်သွားမှာမို့လို့ အလားအလာမှာဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများလည်း ရှိတဲ့အတွက်ကြောင့် လက်ရှိအခြေအနေများကို မြင်တွေ့ပြီး တိုင်းဒေသကြီးအစိုးရအနေနဲ့ ြှ့ ခရီးသွားလာခြင်း လုပ်ငန်းရဲ့ ဖြစ်ပေါ်လာတဲ့အခြေအနေ အရပ်ရပ်ကိုသုံးသပ်ပြီး ခရီးစဉ်ပြေးဆွဲမှုများကို ပြုပြင်ပြောင်းလဲ ပြေးဆွဲပေးနိုင်ရန် အမြန်ဆုံးစီစဉ်ဆောင်ရွက်သင့်ပါကြောင်း၊ အမှန်တကယ်လည်းတတ်သိပညာရှင် များနှင့် ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ လုပ်လည်းလုပ်သင့်ပါတယ်လို့ ဆွေးနွေးတင်ပြချင်ပါ တယ်။ နိဂုံးချုပ်အနေဖြင့် ကျွန်တော်ပြောကြားလိုတာကတော့ ပြည်သူတွေရဲ့လိုအပ်ချက် အခက်အခဲ တွေကို ပြေလည်စေဖို့အတွက် လွှတ်တော်နဲ့အစိုးရအဖွဲ့မှာ တာဝန်အသီးသီးရှိကြတဲ့အတွက်ကြောင့် ဦးဝေဖြိုးဟန်တင်သွင်းသွားတဲ့အဆိုကို အလေးအနက်ထား ဆွေးနွေးထောက်ခံအပ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။            ။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးညီညီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)။   ။ အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်။ ဦးဝေဖြိုးဟန်ရဲ့ ြှ့ နဲ့ပတ်သက်တဲ့ ထောက်ခံတဲ့ဟာတွေကို ဆွေးနွေးတဲ့အခါမှာ ရှေ့မှာပြောသွားတဲ့ ကိုယ်စားလှယ်တွေပြောတာတွေ တော်တော်လေးအဆင်ပြေ ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ထူးထူးခြားခြားလေးဖြစ်သွားအောင်လို့ ဒီ ြှ့ နဲ့ ပတ်သက်လို့ ဆွေးနွေးမယ်ဆိုတဲ့ စာကိုလာတင်တဲ့အခါမှာ ကျွန်တော်ညနေပိုင်းမှာဘဲ ကျွန်တော်ရဲ့ င်္ခေနဘသသု မှာ တင်လိုက်ပါတယ်။ တင်လိုက်တဲ့အခါမှာဘဲ ချက်ချင်းတက်လာတဲ့ပြည်သူတွေရဲ့ ပြောတဲအသံလေးတွေကို အနည်းငယ်ပြောချင်ပါတယ်။ အဲဒီမှာ ြှ့ နဲ့ပတ်သက်တဲ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ယာဉ်စီးခတွေကို ပိုတောင်းတဲ့ကိစ္စတွေ၊ ပြီးတဲ့အခါမှာ ယာဉ်မလောက်မငဖြစ်မှုတွေ ယာဉ်လိုင်းတိုးချဲ့ပြီးတော့ ဆွဲမယ့်ကိစ္စတွေကို ကျွန်တော်တို့ဆွေးနွေးမှာဖြစ်တဲ့အတွက် လူထုရဲ့ အသံတွေကို လည်းနားထောင်လို့ပြောတဲ့အခါမှာ ပထမဦးဆုံးတစ်ဦးအနေနဲ့ကတော့ ဒီ ြှ့ နဲ့ပတ်သက်တဲ့ လိုင်းကားတွေဟာ အခြေခံလူတန်းစားတွေအတွက် အရေးကြီးတဲ့ဟာဖြစ်တဲ့အတွက် ဆွေးနွေးပေးဖို့အတွက်ကို ကျေးဇူးအကြီးကြီးတင်ပါတယ် ကိုညီရေဆိုပြီးတော့ တစ်ယောက်ကလည်း ပြောလာပါတယ်။ နောက်တစ်ယောက်ကလည်းပဲ ရေဒီယိုတွေမှာ ဓါတ်ခဲအားကုန်လို့ပြောမိပြောရာ ဆိုတဲ့အခါကျရင် အဟောင်းနဲ့အသစ်ကို တွဲမသုံးဘူးဆိုတာလေးကို ပြောပြထားပါတယ်။ အဟောင်းနဲ့ အသစ်ကိုတွဲသုံးတဲ့အခါမှာ အသစ်ပါပျက်စီးသွားနိုင်တယ်ဆိုတဲ့ဟာလေးပဲ ဗိုလ်မှူး (အငြိမ်းစား) တစ်ဦးကနေပြီးတော့ ပြောလာတာ ကျွန်တော်တွေ့ရပါတယ်။ နောက်တစ်ဦးကလည်းပဲ ကျွန်တော်တို့ ဆောင်ရွက်တဲ့အတိုင်းအတာတွေမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း နေမအားညမအား လွှတ်တော်ဥက္ကဋ္ဌကြီးကိုယ်တိုင်ကအစ နေမအားညမအား ကျွန်တော်တို့ဝန်ကြီးတွေလည်းပဲ နေမအားညမအား ဆောင်ရွက်ခဲ့တာတွေကို အားလုံးကလည်းအသိဖြစ်တယ်ဆိုပြီးတော့ ဆွေးနွေးလာပါတယ်။ အဲဒီထဲမှာမှ ပြည်သူတွေရဲ့အသံကို ကျွန်တော်လွှတ်တော်မှာတင်ပြတယ်။ တင်ပြတဲ့ဟာတွေကို ဌာနဆိုင်ရာဝန်ကြီးတွေက အကောင်အထည်ဖော်တယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းတာတွေဟာ ဝန်ထမ်းတွေ အချို့သောဝန်ထမ်းတွေ ဖြစ်နေပါတယ်ဆိုတဲ့ဟာကိုလည်း ထောက်ပြလာတဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ယခင် မ.ထ.သ ဝန်ထမ်း၊ ယခု ြှ့ ဝန်ထမ်းတစ်ဦးကလည်းပဲ ပြောကြားလာတဲ့ အချက်တွေကိုကြည့်မယ်ဆိုရင် ြှ့ ရဲ့လိုအပ်ချက်တွေဟာ ပြုပြင်ဖို့အတွက်ကို သိသာထင်ရှားလာပြီလို့ ကျွန်တော့်အနေနဲ့ပြောချင်ပါတယ်။ ကျွန်တော်တို့ တောင်ဒဂုံအနေနဲ့ ဆိုရင်တော့ ယခင် မ.ထ.သ မှ ယခု ြှ့ လို့ပြောင်းလဲတဲ့အခါမှာလည်း ပြောင်းလဲမှုတွေရှိပါတယ်။ အားသာမှုတွေရှိပါတယ်။ ယခင်တုန်းက တဒုန်းဒုန်း တဒိုင်းဒိုင်းတိုက်ပြီ၊ မှောက်ပြီ၊ အိမ်ထဲဝင်သွားပြီ ဆိုတဲ့ သေကြေပျက်စီးမှုတွေကတော့ တောင်ဒဂုံမှာနည်းသွားပါတယ်။ ဒါပေမဲ့အခု ဒီရက်ပိုင်းအတွင်း လေးမှာ ညပိုင်းတွေမှာ ယာဉ်မလုံလောက်မှုတွေကြောင့်လို့ ယခင်တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်တဲ့ ကားတွေက ပြန်ပြီးတော့ညပိုင်းတွေမှာ ပြေးဆွဲလာတာကို တွေ့ရတဲ့အတွက် ကျွန်တော်ကိုယ်တိုင်က အစ အဲဒီကားတွေကိုတွေ့ရင် ပြေးရတဲ့အဆင့်ကိုပါ ပြန်ရောက်နေတယ်ဆိုတာကိုလည်း ထည့်သွင်း ပြီးတော့ ကျွန်တော့်အနေနဲ့ ထောက်ခံဆွေးနွေးချင်ပါတယ်။ ယခုလိုမျိုး ဒီနေ့လိုမျိုးဆွေးနွေးမှုတွေကို လွန်ခဲ့တဲ့ (၃)လလောက်ကသာ ကြိုတင်ဆွေးနွေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ ြှ့ က အင်မတန်မှ အောင်မြင်တဲ့ ယာဉ်လိုင်းကိုရရှိမယ်ဆိုတဲ့ဟာကိုလည်း မလွဲမသွေ ပြောချင်ပါတယ်။ အဲဒီတော့ အကုန်လုံးအနေနဲ့လည်း ပြည့်ပြည့်စုံစုံဆွေးနွေးသွားတဲ့ အတိုင်းအတာတစ်ခုမှာ ကျွန်တော့်ရဲ့ တောင်ဒဂုံအနေနဲ့ အရေးပေါ်လိုအပ်နေတဲ့ ယာဉ်လိုင်းတိုးချဲ့ရေးကိစ္စလေးကို ပြည်သူလူထုရဲ့ အကူအညီတောင်းခံစာအရ ကျွန်တော်ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ တောင်ဒဂုံအနေနဲ့ဆိုရင် လူဦးရေကလည်း(၃)သိန်းကျော်လောက်ရှိပါတယ်။ ညပိုင်းတွေမှာလည်း ပြန်ရပြုရခက်တယ်ဆိုလို့ အခုဆိုရင် အရေးပေါ်လိုအပ်နေတဲ့ အစားထိုးပေးရမဲ့လိုင်းတွေဆိုရင် ရပ်ကွက်(၅)ရပ်ကွက်မှာ လူပေါင်းသောင်းနဲ့ချီတဲ့လူထု ယာဉ်စီးဖို့အတွက်ကို မလုံလောက်တဲ့လိုင်းတွေလည်း ရှိသလို မောင်းမကန်လမ်းကြီးကနေပြီးတော့ ပြေးဆွဲပြီးတော့ ပုလဲရတနာလမ်းဘက်ကို ဖောက်ထွက်ဖို့ အတွက်ကို ပြေးဆွဲရမယ့်လိုင်းတွေလည်း ရှိနေပါတယ်။ ပြီးတဲ့အခါမှာစက်မှုဇုန် ရေတွင်းချောင်ထဲက နေပြီးတော့ မြို့ထဲကိုပြေးဆွဲမယ့် အရေးပေါ်ယာဉ်လိုင်းတွေကလည်းပဲ ပြေးဆွဲဖို့လိုအပ်နေတဲ့ဟာကို ကျွန်တော့်အနေနဲ့လည်း ပြောချင်ပါတယ်။ အချိန်ကိုငဲ့ညှာတဲ့အနေနဲ့ ဒီကနေ့ကျွန်တော်တို့ ဦးဝေဖြိုးဟန်ရဲ့အဆိုကို ထောက်ခံပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအား                              ဖတ်ကြားတင်ပြခြင်းနှင့် ကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်း

အချိန်။ ၁၆၁၄

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သော ၂၉-၃-၂ဝ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီသည် ၂၉-၃-၂ဝ၁၇ ရက်နေ့တွင် သက်တမ်း(၁)ပြည့်ပြီဖြစ်သည့်အတွက် ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရန် ဖြစ်ပါတယ်။

ဒေါ်မိုးမိုးစုကြည်၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ။   ။ မင်္ဂလာပါရှင်။ ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် ဖြစ်ပါတယ်ရှင်။

၁။      ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီအနေဖြင့် (၂ဝ၁၆/၁၇)ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီ၏စိစစ်လေ့လာတွေ့ရှိချက် နှစ်ချုပ်အစီရင်ခံစာအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ အပိုင်း(၂)ပိုင်းဖြင့် ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်ရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့) (၂၉.၃.၂ဝ၁၆) အင်္ဂါနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂၃) နည်းဥပဒေ ၆၂အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဖွဲ့စည်းခဲ့ပါသည်။

ကော်မတီ၏ဖွဲ့စည်းခြင်းနှင့်တာဝန်များ

၂။      ဖွဲ့စည်းခြင်း

(က)    ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏ (အဋ္ဌမနေ့) (၂၉.၃.၂ဝ၁၆)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီကို အောက်ဖော်ပြပါ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည် –

(၁)     ဦးခင်မောင်ဝင်း         ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)     ဥက္ကဋ္ဌ

(၂)     ဒေါ်ခိုင်မာဌေး           လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)               အဖွဲ့ဝင်

(၃)     ဒေါ်ကြည်ပြာ            ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်

(၄)     ဦးကျော်မင်းဟန်       လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)            အဖွဲ့ဝင်

(၅)     ဒေါ်ယဉ်ယဉ်မြင့်        အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)             အဖွဲ့ဝင်

(၆)     ဦးကျော်နန္ဒအောင်     ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်

(၇)     ဦးရန်အောင်မင်း        ရွှေပြည်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)     အဖွဲ့ဝင်

(ခ)ဦးဂေးမောင်

(၈)     ဦးဇော်လွင်               မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)       အဖွဲ့ဝင်

(၉)     ဒုတိယဗိုလ်မှူးကြီးအေးရွှေ တပ်မတော်သားကိုယ်စားလှယ်          အဖွဲ့ဝင်

(၁ဝ)   ဗိုလ်မှူးကျော်ကို       တပ်မတော်သားကိုယ်စားလှယ်                  အဖွဲ့ဝင်

(၁၁)   ဒေါ်မိုးမိုးစုကြည်        မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး

(ခ) ကော်မတီဝင်တစ်ဦးဖြစ်သူ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအေးရွှေ         သည် တပ်မတော်တာဝန်ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ရန်ရှိပါသောကြောင့် တိုင်းဒေသကြီး လွှတ်တော်ရုံး၏ (၁၇.၅.၂ဝ၁၆)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃/၂ဝ၁၆)အရ ဗိုလ်မှူးရဲထွဋ် အား တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(အဖွဲ့ဝင်)အဖြစ် အစားထိုးပြင်ဆင်ဖွဲ့စည်း ခဲ့ပါသည်။

(ဂ)     တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့်လွှတ်တော်အခွင့်အရေး ကော်မတီတွင် ပါတီအလိုက်ပါဝင်မှုလူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (၉)ဦး

(၂) တပ်မတော်သားကိုယ်စားလှယ် (၂)ဦး

၃။      အပိုင်း(၁)အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းတင်သွင်းထားသော မေးခွန်းနှင့်အဆိုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကတိကဝတ်ပြုဖြေကြားခဲ့ပြီး၊ ဆောင်ရွက်ပြီးမြောက်မှုအခြေအနေနှင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် အခြေအနေတို့ကိုအစီရင်ခံ တင်သွင်းသွားမှာဖြစ်ပြီး၊ အပိုင်း(၂)အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပထမတစ်နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ချက်များအား အစီရင်ခံတင်သွင်းသွားမှာ ဖြစ်ပါတယ်။

၄။      ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ အပြည့်အစုံကိုတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများထံဖြန့်ဝေပြီးဖြစ်တဲ့အတွက် အနှစ်ချုပ် အစီရင်ခံစာကိုသာ ဖတ်ကြားသွားမှာဖြစ်ပါတယ်။

အပိုင်း(၁)

၅။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအား (၁၈-၅-၂ဝ၁၆)ရက်နေ့မှ (၁၆-၆-၂ဝ၁၆)ရက်နေ့ထိ (၈)ကြိမ်ကျင်းပခဲ့ပြီး၊ ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း (၉၂)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၃၉)ခု၊ အဆို(၆)ခုတို့ကို မေးမြန်းတင်သွင်းခဲ့ပြီး အောက်ပါအတိုင်း စိစစ်လေ့လာတွေ့ရှိရပါတယ် –

(က)    ကြယ်ပွင့်ပြမေးခွန်း(၉၂)ခုတွင် (၁၆)ခုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကတိကဝတ်ဖြစ်ပြီး (၃)ခုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကတိကဝတ်ဖြစ်ပါသည်။ ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကတိကဝတ်ဖြစ်ခဲ့သော မေးခွန်း(၁၆)ခုအနက် (၉)ခုမှာ လုပ်ငန်းဆောင်ရွက် ပြီးစီးခဲ့ပါသည်။ ကိုကိုးကျွန်း၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၏ မေးခွန်း ဖြစ်သော လူဦးရေ(၃ဝဝ)ဆံ့   ဃပခူသညန မုန်တိုင်းဒဏ်ခံ အဆောက်အဦ(၂)ခုအစား လုပ်ငန်း(၉)ခု ပြောင်းလဲလုပ်ဆောင်ပြီးစီးကြောင်း သိရှိရပါသည်။

၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်၏ ကတိကဝတ်ဖြစ်သော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) ဦးရန်အောင်၏ သမဝါယမအသင်းများ၏ ပိုင်ဆိုင်မှုများ၊ အစုရှယ်ယာများ၊ မြေနေရာအဆောက်အဦများကို မည်သို့ဆက်လက်ဆောင်ရွက်ရန် မေးခွန်းနှင့်ပတ်သက်၍ လည်းကောင်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ ၂ဝ၁၂ ခုနှစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၂၇ အရ အသံချဲ့စက်နှင့်ပတ်သက်၍ ရပ်ကွက် ကျေးရွာအထိ သက်ရောက်အောင်ဆောင်ရွက်ရန် မေးခွန်းနှင့်ပတ်သက်၍လည်းကောင်း၊ သန်လျင် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း၏ ဌာနဆိုင်ရာများ ဘတ်ဂျက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လျာထားငွေ၊ အသုံးပြုပစ္စည်း များ၏ အရည်အသွေး စံချိန်စံညွှန်းများကို အများပြည်သူသိရှိနိုင်ရန် မည်သို့စီစဉ်ထားကြောင်း မေးခွန်းနှင့် ပတ်သက်၍လည်းကောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းနေကြောင်း စိစစ်တွေ့ရှိရပါသည်။ ကျန်မေးခွန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါတယ်။

(ခ)     အဆို(၆)ခုတွင် အဆို(၂)ခုကို လွှတ်တော်တွင် မှတ်တမ်းတင်သွင်းခဲ့ပြီး၊ အဆို(၄)ခု အား အတည်ပြုအောင်မြင်ခဲ့ပါတယ်။

၆။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အတည်ပြု အောင်မြင်ခဲ့သော အဆို(၄)ခုအနက် ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အသီးသီးတွင် ယခုလက်ရှိ လုပ်ဆောင်နေသော အမှိုက်သိမ်းစနစ်အား ဒီထက်ပိုမိုကောင်းမွန်သော အမှိုက်သိမ်းစနစ်တစ်ခုကို အလေးထားလုပ်ဆောင်ပေးရန်နှင့် နောက်ဖေးလမ်းကြားတွင် စုပုံနေသောအမှိုက်များနှင့် ရေမြောင်း အတွင်း ပိတ်ဆို့နေသော အမှိုက်များကို လာမည့်မိုးရာသီအမီ စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အထိုက်အလျောက် စီမံဆောင်ရွက် နေသည်ကို တွေ့ရပြီး၊ ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ လျော့နည်းကျဆင်းရေး အလျင်အမြန် ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဖွဲ့စည်းပြီး ဖြေရှင်းရန် ကြိုးစားနေသည်ကို စိစစ်တွေ့ရှိရပါသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သော ဈေးများအား မြို့တော်စည်ပင်သာယာ(ဈေးများဌာန)၏ စီမံခန့်ခွဲမှုအောက်တွင်ထားရှိပြီး၊ ဈေးအင်္ဂါရပ် နှင့်အညီ အဆင့်မြှင့်တင်ပေးပါရန်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မဆောင်ရွက်နိုင်သေးကြောင်း ကော်မတီအနေဖြင့် စိစစ်လေ့လာတွေ့ရှိရပါသည်။

အများပြည်သူပိုင်နေရာများကို အများပြည်သူများပြန်လည်ပိုင်ဆိုင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုအား ကော်မတီမှ ပြန်လည်သုံးသပ်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေဖြင့် ဆောင်ရွက်နိုင်မှုမရှိသေးကြောင်း လေ့လာတွေ့ရှိရပါတယ်။

၇။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးအား (၂၉-၉-၂ဝ၁၆) ရက်နေ့မှ (၂၇-၁၂-၂ဝ၁၆)ရက်နေ့ထိ (၂၃)ကြိမ်ကျင်းပခဲ့ပြီး၊ ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း(၂၂၄)ခု၊ ကြယ်ပွင့်မပြ မေးခွန်း(၄၉)ခုနှင့် အဆို(၁ဝ)ခုတို့ကို မေးမြန်းတင်သွင်းခဲ့ပြီး၊ အောက်ပါအတိုင်းစိစစ်လေ့လာတွေ့ရှိရပါတယ် –

(က)    ကြယ်ပွင့်ပြမေးခွန်း(၂၂၄)ခုတွင် (၂၃)ခုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏                        ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကတိကဝတ်ဖြစ်ပြီး၊ (၃၃)ခုမှာ ၂ဝ၁၇-၁၈ခု၊                            ဘဏ္ဍာရေးနှစ်အတွက် ကတိကဝတ် ဖြစ်ပါတယ်။ အခြားကတိကဝတ်ဖြစ်သော                         မေးခွန်း(၇ဝ)ခုမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်                         ရမည့် လုပ်ငန်းများဖြစ်ပါတယ်။

(ခ)    အဆို(၁ဝ)ခုတွင် အဆို(၂)ခုအား လွှတ်တော်တွင် မှတ်တမ်းတင်သွင်းခဲ့ပြီး၊ အဆို(၇)ခုအား                     အတည်ပြုအောင်မြင်ခဲ့ပါတယ်။

၈။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အတည်ပြု အောင်မြင်ခဲ့သော အဆို(၇)ခုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါသည်။

အပိုင်း(၂)

၉။      အပိုင်း(၂)အနေနဲ့ကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ ပထမတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို ဆက်လက်တင်သွင်းမှာဖြစ်ပါတယ်။

၁ဝ။    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက် များနှင့် လွှတ်တော်အခွင့်အရေးကော်မတီအား (၂၉.၃.၂ဝ၁၆)နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပုဒ်မ(၂၃)၊ နည်းဥပဒေပုဒ်မ (၆၂)အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂)ဦး၊ စုစုပေါင်း (၁၁)ဦးဖြင့် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ကော်မတီအားစတင်ဖွဲ့စည်းသည့်နေ့ (၂၉.၃.၂ဝ၁၆)နေ့မှ (၂၂.၃.၂ဝ၁၇)အထိ စုစုပေါင်း ကော်မတီအစည်းအဝေး(၄ဝ)ကြိမ်ကျင်းပပြီး တိုင်းဒေသကြီးလွှတ်တော် ဥပဒေပုဒ်မ (၂၃)၊ နည်းဥပဒေပုဒ်မ(၆၂)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အာဏာကို ကျင့်သုံး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ကအခါအားလျော်စွာ ကတိကဝတ်ပြုခဲ့သော မေးခွန်းနှင့်အဆိုများအပေါ် ဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ်လေ့လာခဲ့ပါသည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်နှင့် လွှတ်တော် အခွင့်အရေးကော်မတီနှင့် အခြားရေးရာကော်မတီများ၊ ပြင်ပအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှု အစည်းအဝေးစုစုပေါင်း(၅)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပြည်သူ့ငွေစာရင်းကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်သည့် အစည်းအဝေးပေါင်း(၁၂)ကြိမ် ပြုလုပ်ခဲ့ပါသည်။

လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်အသုံးစရိတ် များနှင့် သက်ဆိုင်သောလုပ်ငန်းများစိစစ်ရန် ပြည်သူ့ငွေစာရင်းကော်မတီနှင့် တိုင်းဒေသကြီးအစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီတို့ ပူးပေါင်းဖွဲ့စည်းခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးများသို့အကြောင်းကြား၍ တွေ့ဆုံမေးမြန်းလိုသော ဌာနဆိုင်ရာအဖွဲ့အစည်းများအား အစည်းအဝေးခေါ်ယူကာ သိလိုသည်များကို မေးမြန်းဆွေးနွေး၍ လေ့လာစိစစ်ခဲ့ပါသည်။   ယခင်အစိုးရလက်ထက်၌ ကတိကဝတ်ပြုခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးသည့် ကျောက်တန်းမြို့နယ်ရှိ မုတ္တမပင်လယ်ကွေ့သောင်ထွန်းမြေကိစ္စနှင့် မင်္ဂလာဒုံမြို့နယ်ရှိ ကြက်ခြံကိစ္စအား မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခုမှ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာနရုံးများသို့ ကွင်းဆင်းလေ့လာမှု (၄)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

ကော်မတီ၏တွေ့ရှိသုံးသပ်ချက်နှင့် အကြံပြုချက်

၁၁။    ကော်မတီ၏အမည်နာမအပြည့်အစုံမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီဖြစ်ပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် လုပ်ငန်းသဘာဝ ပိုမိုရှင်းလင်းနားလည်ပြည့်စုံစေရန် ပြည်သူ့လွှတ်တော်ကော်မတီ၏ အခေါ်အဝေါ် အတိုင်း ” စိစစ် ” ဟူသောစကားရပ်အား ထပ်မံဖြည့်စွက်၍ ” တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးကော်မတီ” ဟု ပြောင်းလဲသုံးစွဲသင့်ကြောင်း သုံးသပ်အကြံပြုတင်ပြအပ်ပါသည်။

၁၂။    ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ ကားများရပ်နားရန်နေရာ (ကားပါကင်)နေရာ စနစ်တကျထားရှိရန် လိုအပ်ကြောင်း တွေ့ရှိသုံးသပ်ရပါသောကြောင့် လွှတ်တော် ဥက္ကဋ္ဌကြီး မှတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြခဲ့သော်လည်း ယခုအချိန်အထိ ဆောင်ရွက် နိုင်ခြင်းမရှိသေးကြောင်းတွေ့ရှိရပါ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ကားများ မိုးဒဏ်၊ နေဒဏ် မခံရအောင်နှင့် ဂုဏ်သိက္ခာရှိရှိ စနစ်တကျ ရပ်နားနိုင်ရန် အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း အကြုံပြု တင်ပြအပ်ပါသည်။

၁၃။    ကျောက်တန်းမြို့နယ်ရှိ သောင်ထွန်းမြေများနှင့်ပတ်သက်၍ ယခင်အစိုးရ၏ ကတိကဝတ် အာမခံ ချက်များအရ သွားရောက်လေ့လာစိစစ်ရာတွင် ချောင်းဟောင်း၊ မြောင်းဟောင်းကို ပိတ်ဆို့ခြင်း၊ ပင်လယ်ရေငန်များ ဒီရေဖြင့်လယ်မြေများသို့ ဝင်ရောက်လာသော်လည်း ရေထိန်းတံခါးများမှာ သဲနှုံးတို့ဖြင့်ထောက်၍ မပွင့်သောကြောင့် ပင်လယ်ရေငန်များ ပြန်လည်မထွက်နိုင်သဖြင့် စပါးစိုက် လယ်မြေများနှင့် စပါးများပျက်စီးနိုင်ကြောင်း၊ သောင်ထွန်းမြေများအား ခြံစည်းရိုးပိတ်ကာထား၍ ရွာသူရွာသားများ ပင်လယ်သို့မိရိုးဖလာ ဖားငါးရှာခြင်း၊ မြေလွတ်မြေရိုင်းများ၌ ကျွဲ၊ နွားမကျောင်း ရသောကြောင့် အခက်အခဲများစွာဖြစ်ကြကြောင်း စိစစ်တွေ့ရှိရသောကြောင့် ပြည်သူများ၏ တိုင်ကြားစာ ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရမှ သေချာစိစစ်၍ ပြည်သူများ၏ဆုံးရှုံးနေသော အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် အမြန်ဆုံးစီစဉ်ပေးသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

၁၄။    မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ စည်ပင်ပိုင်ကြက်ခြံအား ကော်မတီမှ တရားဝင် သွားရောက်စိစစ်ရာတွင် ဆက်လက်မွေးမြူဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ၎င်းကြက်ခြံနေရာ (၁၄.၆)ဧကအား ကုန်သေတ္တာယာဉ်ရပ်နားစခန်း (သို့) ပြည်သူ့ဆေးရုံ (သို့) ရန်ကုန်မြို့နေ ပြည်သူလူထုများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးပြုမည့် လုပ်ငန်းများဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

၁၅။    ကော်မတီသည် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာန မှူးရုံးများသို့သွားရောက်လေ့လာရာတွင် လဝကမြို့နယ်ဦးစီးမှူးရုံးများတွင်လည်း ဖွဲ့စည်းပုံပါအတိုင်း ဝန်ထမ်းအပြည့်မခန့်အပ်နိုင်သည့်အတွက် လဝကကိစ္စနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပါသည်။ အချို့မြို့နယ်များတွင် ရုံးခန်းကျဉ်းမြောင်း၍ စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု သာမန်အဆင့်သာတွေ့ရှိရပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက လွယ်လင့်တကူပျက်စီး နိုင်ကြောင်း၊ ီအေေ အချက်အလက်များ သိမ်းဆည်းခြင်း၊ တစ်မြို့နဲ့တစ်မြို့ အချက်အလက်ဖလှယ် ပေးပို့ခြင်းများ လုံခြုံ၊ စိတ်ချ၊ လွယ်ကူစေရန် နူနခအမသညငခ စနစ်ဖြင့် နြအျွှသမု ထူထောင်ဆောင်ရွက် သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

နိဂုံးချုပ်အနေဖြင့်

၁၆။    ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ် အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီသည် (၄-၄-၂ဝ၁၆)ရက်နေ့မှ (၂၂-၃-၂ဝ၁၇)  ရက်နေ့ထိ ပုံမှန်အစည်းအဝေးပေါင်း (၄ဝ)ကြိမ် ပြုလုပ်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏ ရသင့်ရထိုက်သောအခွင့်အရေးများကို အခြားလွှတ်တော်ကိုယ်စားလှယ်များ နည်းတူ တစ်ပြေးညီခံစားခွင့်ရရှိရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာမြင့်မားရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဆောင်ရွက် ချက်များသည် လွှတ်တော်၌ပေးခဲ့သော ကတိကဝတ်များနှင့်အညီ ပီပြင်စွာဆောင်ရွက်နိုင်ရန်နှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုအပ်ချက်များကို ဖော်ဆောင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီမှ စွမ်းစွမ်းတမံဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကော်မတီ၏အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ သဘောတူမှတ်တမ်းတင် ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်

အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး       ကော်မတီသက်တမ်းတိုးမြှင့်ခြင်းအား လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သော ၂၉-၃-၂ဝ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီ သည် ၂၉-၃-၂ဝ၁၇ ရက်နေ့တွင် ကော်မတီ၏သက်တမ်း(၁)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ အရ သက်တမ်း(၁)နှစ် ထပ်မံတိုုးမြှင့်ရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား(သဘောတူပါတယ်)။ သဘောတူပါ သလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက်ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီကို သက်တမ်း(၁)နှစ်တိုးမြှင့်ကြောင်း ကြေညာပါတယ်။(တူထုသံ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်းနှင့်ကော်မတီ၏ သက်တမ်း                                                       တိုးမြှင့်ခြင်း

အချိန်။ ၁၆၃၁

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ဖြစ်သော ၅-၄-၂ဝ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီသည် ၅-၄-၂ဝ၁၇ ရက်နေ့တွင် သက်တမ်း(၁)နှစ်ပြည့်ပြီဖြစ်သည့်အတွက် ကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရန် ဖြစ်ပါတယ်။

ဒေါ်အေးအေးမာ၊ ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ။         ။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီမှ ဥက္ကဋ္ဌ၊ ဒေါ်အေးအေးမာ ဖြစ်ပါတယ်။ ကျွန်မအခုဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီမှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးသို့ ဖတ်ကြားတင်ပြမှာ ဖြစ်ပါတယ်။

နိဒါန်း

၁။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ ၅.၄.၂ဝ၁၆ အင်္ဂါနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၂ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖွဲ့စည်းခဲ့ပါသည်။

ကော်မတီဖွဲ့စည်းခြင်း

၂။      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၏(၁၂)ရက်မြောက်နေ့ ၅.၄.၂ဝ၁၆ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို အောက်ဖော်ပြပါ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည် –

(က) ဒေါ်အေးအေးမာ         လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)    ဥက္ကဌ

( ခ)   ဦးအောင်နိုင်              ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)     အဖွဲ့ဝင်

( ဂ)   ဦးရွှေယင်(ခ)             ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)               အဖွဲ့ဝင်

ဦးထွန်းရင်

(ဃ)   ဦးမောင်မောင်သန်း     ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)                  အဖွဲ့ဝင်

( င)   ဦးသိန်းဇော်               ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)                   အဖွဲ့ဝင်

( စ)   ဦးအောင်နိုင်ထွန်း       သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)                  အဖွဲ့ဝင်

(ဆ)   ဒေါ်ယဉ်ယဉ်မြင့်         အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)             အဖွဲ့ဝင်

(ဇ)   ဒေါ်မိုးမိုးစုကြည်                   မရမ်းကုန်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

(ဈ)   ဗိုလ်မှူးဟိန်းဇော်        တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ဝင်

(ည)   ဗိုလ်မှူးသူရိန်            တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်   အဖွဲ့ဝင်

( ဋ) ဒေါ်သစ်သစ်မြင့်          တောင်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး

ပါတီအလိုက်ပါဝင်မှုလူဦးရေ

၃။      လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီတွင် ပါတီအလိုက်ပါဝင်မှုလူဦးရေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် –

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်                      (၈)ဦး

(ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ                  (၁)ဦး

(ဂ) တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်       (၂)ဦး ပါဝင််ပါတယ်ရှင်။

၄။      ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ ၂ဝ၁၇ ခုနှစ်၊ မတ်လကုန်အထိ ကော်မတီအစည်းအဝေး(၂၇)ကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကော်မတီ၏ ဆောင်ရွက်မှုအခြေအနေကို ဖော်ပြရမည်ဆိုလျှင် –

(က)    လွှတ်တော်ကိုယ်စားလှယ်များစည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ကိုယ်စားလှယ်                         များ၏ ကိုယ်ရေးမှတ်တမ်းများကို စနစ်တကျထားရှိရန် လိုအပ်သကဲ့သို့ အပြောင်း                              အရွှေ့များ ဖြစ်ပေါ်ခြင်း၊ ကျန်းမာရေးမကောင်းသဖြင့် ခွင့်ယူခြင်းများ၊ မီးဖွားခွင့်ယူခြင်းများ                            စသည်တို့ကို ကိုယ်စားလှယ်မှတ်တမ်းများတွင် စနစ်တကျရေးသွင်းကြရပါတယ်။

(ခ)     ကိုယ်စားလှယ်များခွင့်ပန်ကြားခြင်းကိုမူ တိုင်းဒေသကြီးလွှတ်တော် ကျင်းပသည့်အခါ                          သတ်မှတ်ပုံစံ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါတယ်။                      ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ                      ခွင့်ပန်ကြားခြင်းတွင် ခွင့်မဲ့ပျက်ကွက်သူမရှိခဲ့ပါ။ ယခုအချိန်အထိ ခွင့်မဲ့ပျက်ကွက်ခဲ့သူ                           မရှိပါ။ လွှတ်တော်ကျင်းပမှု(၄)ကြိမ်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်                       များထဲမှ အစားထိုးပြောင်းလဲခန့်ထားမှု(၈)ဦးရှိခဲ့ပြီး မီးဖွားခွင့်ယူသူ(၁)ဦးနှင့် ကျန်းမာရေး                              မကောင်းပါသဖြင့် ခွင့်ရက်ရှည်ယူထားသူ (၁)ဦးရှိခဲ့ပါတယ်။ ဒီနေ့မှာဆိုလို့ရှိရင်                        ခွင့်မဲ့ပျက်ကွက်သူ တွေ့ခဲ့ရပါတယ်။

 

 

(ဂ)     လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ တာဝန်များထဲမှ အပိုဒ်(၆)တွင်                             လွှတ်တော်လုပ်ငန်းများဖြစ်သော ဥပဒေပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက အဆို                       တင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းအပေါ် အဖြေရှာရှင်းလင်းမည့် အဖွဲ့အစည်းများ၊                           ဌာနများ၊ လူပုဂ္ဂိုလ်များ၏ လွှတ်တော်လုပ်ငန်းများအပေါ်ဆောင်ရွက်မှုအခြေအနေ၊                             ဆောင်ရွက်ကွင်းဆင်းမှုအခြေအနေများကို ပြည်စုံစွာဆက်စပ်စုစည်းလျက် လွှတ်တော်                          ဥက္ကဋ္ဌ၏ သဘောတူညီချက်ရယူ၍ လွှတ်တော်အစည်းအဝေးသို့ သုံးသပ်အကြံပြုချက်                          နှင့်အတူ တင်သွင်းရမည်ဟူသော လုပ်ငန်းဆောင်ရွက်ချက်ကိုမူ လုပ်ဆောင်နိုင်ခဲ့ခြင်း                           မရှိခဲ့ပါ။

(ဃ)    အပိုဒ်(၇)တွင် ပါရှိသော ကော်မတီသည် ဆိုင်ရာလုပ်ငန်းများနှင့် တိုင်းဒေသကြီးလွှတ်တော်                            ဆိုင်ရာလုပ်ငန်းများဖြစ်သော အဆိုတင်သွင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းတွင် –

(၁)     နိုင်ငံတော်က ချမှတ်သောမူဝါဒများ၊ ဦးတည်ချက်များနှင့်ညီညွတ်မှုရှိစေရန်။

(၂)   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲ                                      ဥပဒေများပါ ပြဌာန်းချက်များနှင့်ညီညွတ်မှုရှိစေရန်။

(၃)     နိုင်ငံတော်နှင့်အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ်                                    စောင့်ရှောက်ရေးကို ဦးတည်ခြင်းရှိစေရန်။

(၄)     နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနှင့်လုံခြုံရေးကိုအန္တရာယ်ပြု ထိပါးစေမည့်အချက်များ                              ပါဝင်မှုမရှိစေရန်။

(၅)     နိုင်ငံတော်၏ ပကတိအခြေအနေများနှင့်လိုက်လျောညီထွေမှုရှိစေရန်။

(၆)     အများပြည်သူ၏လုံခြုံရေးနှင့်ပစ္စည်းလုံခြုံရေးကို ထိခိုက်မှုမရှိစေရန်။

(၇)     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် အရေးအသား                                   အသုံးအနှုန်းများ ပါဝင်ခြင်းမရှိစေရန်။

(၈)    ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခုလုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့်                                    တစ်ခုလုပ်ပိုင်ခွင့်များ ရောထွေးခြင်းမရှိစေရန် စသောအချက်တို့ဖြင့် စိစစ်ခဲ့ပါတယ်။

ကော်မတီ၏တာဝန်များ

၅။      အပိုဒ်(၉)တွင် ပါဝင်သည့်ကော်မတီ၏လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးရာတွင် တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေးရမည်ဖြစ်သော်လည်း အပိုဒ်(ခ)အရ ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ (၁)ကြိမ်ထက်ပို၍ ဆွေးနွေးခဲ့ပါသည်။ ဥပမာ – မြို့နယ်များတွင် လုပ်ငန်း ဆောင်ရွက်မှုနည်းပါးသော သမဝါယမကိစ္စကို ကျွန်မတို့ တစ်ကြိမ်ထက်ပို၍ ဆွေးနွေးနိုင်ခဲ့ပါတယ်။ သို့သော် အပိုဒ်(ဂ)အရ လုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်မည့် တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခြင်းများကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

ကော်မတီ၏သုံးသပ်ချက်နှင့် အကြံပြုချက်များ

၆။      လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ လုပ်ပိုင်ခွင့်များ အပိုဒ်(၁၂)တွင်ပါရှိသော လွှတ်တော်လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်း စေမည့် အကြံပြုချက်များကို တင်ပြရလျှင် –

(က)    လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြုသော ကိုယ်စားလှယ်များ                           ဖြစ်သည့်အတွက် မိမိတို့၏ မြို့နယ်များတွင်ရှိသော ပြည်သူတို့၏ လိုအပ်ချက်များကို                            ရှင်းလင်းလွယ်ကူစွာ အတတ်နိုင်ဆုံးနှင့် အတိုဆုံးမေးခွန်းများဖြင့် လွှတ်တော်တွင််                             ဆွေးနွေးမေးမြန်းရန် လိုအပ်သည်ဟု အကြံပြုခြင်း၊

(ခ)     ကိုယ်စားလှယ်များမှ ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူအဖွဲ့အစည်းအသီးသီးမှ                            ဆောင်ရွက်ပေးရာတွင် ကြန့်ကြာမှုမရှိစေဘဲ အမြန်ဆုံးနှင့်အမှန်ကန်ဆုံးလုပ်ဆောင်                              ပေးနိုင်ရန် တိုက်တွန်းခြင်း၊ အကယ်၍အခက်အခဲများရှိပါက မည်သည့်အတွက်ကြောင့်                         ဖြစ်သည်ဆိုသောဖြေရှင်းချက်များကို ပြည်သူများသို့ တင်ပြရန်လိုအပ်သည်ဟု အကြံပြုခြင်း၊

(ဂ)     လွှတ်တော်အစည်းအဝေးများကျင်းပချိန်တွင် ကိုယ်စားလှယ်များသည် အသိမှတ်ပြု                             ကတ်နှင့်အတူ ဝတ်စားဆင်ယင်မှု ဆင်ယင်ထုံးဖွဲ့မှု ပုဝါ၊ ခေါင်းပေါင်းများ အပြည့်အစုံ                           ပါရမည်ဖြစ်သည်ဟု သတ်မှတ်ထားပြီးဖြစ်သဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း                     လိုက်နာရန် လိုအပ်သည်ဟု အကြံပြုခြင်း၊

(ဃ)    လွှတ်တော်လုပ်ငန်းစဉ်များဖြစ်သော ဥပဒေပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက                           အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်းများအပေါ် အဖြေရှာရှင်းလင်းမည့်                            အဖွဲ့အစည်းများ၊ ဌာနများ၊ လူပုဂ္ဂိုလ်များသည် လွှတ်တော်လုပ်ငန်းများအပေါ်                          ဆောင်ရွက်မှုအခြေအနေများကို ပြည့်စုံစွာ ဆက်စပ်စုစည်း၍ လွှတ်တော်ဥက္ကဋ္ဌ၏                       သဘောတူညီမှုကို ရယူရပါမည်။ ထိုမှတစ်ဆင့် အစည်းအဝေးသို့ သုံးသပ်၊ အကြံပြုချက်                        နှင့်အတူ တင်သွင်းရမည်ဟူသော လုပ်ငန်းဆောင်ရွက်ချက်ကို ယခုနှစ်မှစ၍ စတင်                     လုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု အကြံပြုခြင်း၊

(င)     အများပြည်သူ တိုက်ရိုက်သိရှိနိုင်ခြင်းမရှိသော ကြယ်ပွင့်မပြမေးခွန်းများနှင့်စပ်လျဉ်း၍                         သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၏ ဖြေကြားချက်များကို သက်ဆိုင်ရာ လွှတ်တော်                              ကိုယ်စားလှယ်ထံ လွှတ်တော်ရုံးအကြီးအမှူးမှတစ်ဆင့် အချိန်ကြန့်ကြာမှုမရှိစေဘဲ                            ပြန်လည်ပေးပို့ခြင်း ရှိ/မရှိအား လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီသို့                             လိုအပ်ကြောင်းအကြံပြုခြင်း၊

(စ)     ကြယ်ပွင့်မပြမေးခွန်းမေးမြန်းထားသည့် ကိုယ်စားလှယ်အရေအတွက်နှင့်မေးခွန်း                       အရေအတွက်တို့ကို စိစစ်ရေးကော်မတီမှ မှတ်တမ်းထားရှိရန်လိုအပ်ပြီး မေးခွန်း                        ဖြေကြားချက်များ လက်ခံရရှိခြင်း ရှိ/မရှိ စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်                             ဥက္ကဋ္ဌထံ ပြန်လည်တင်ပြသင့်ကြောင်း အကြံပြုခြင်း။

နိဂုံး

၇။      လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီအနေဖြင့် ၂၉-၄-၂ဝ၁၆ မှ ၂၉-၄-၂ဝ၁၇ ရက်နေ့အထိ အစည်းအဝေးအကြိမ်ပေါင်း (၂၇)ကြိမ်တွင် တာဝန်နှင့်လုပ်ပိုင်ခွင့်များအတိုင်း ပြည့်စုံစွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသဖြင့် လိုအပ်ချက်များ ရှိနေပါသည်။ သို့သော်လည်း ပြည်သူတို့၏ လိုအပ်ချက်များနဲ့ နိုင်ငံတော်အတွက် အကျိုးရှိစေမည့်လုပ်ငန်းများကို တတ်နိုင်သမျှလုပ်ဆောင်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့်အဆိုများအား တတ်နိုင်သလောက်စိစစ်ခြင်း၊ စည်းမျဉ်း စည်းကမ်းများလိုက်နာစေရန် ကြီးကြပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ ရှေ့လာမည့်ဘဏ္ဍာရေးနှစ် များတွင် ပြီးခဲ့သည်ဘဏ္ဍာရေးနှစ်လုပ်ငန်းများကိုအခြေခံ၍ ကော်မတီ၏လုပ်ငန်းများကို ပိုမိုထိရောက် ကျယ်ပြန့်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ ပါတယ်။ (တူထုသံ)

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီသက်တမ်းတိုးမြှင့်ခြင်းအား လွှတ်တော်၏                                                         အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ဖြစ်သော ၅-၄-၂ဝ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီသည် ၅-၄-၂ဝ၁၇ ရက်နေ့တွင် ကော်မတီ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ အရ သက်တမ်း(၁)နှစ် ထပ်မံတိုုးမြှင့်ရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား(သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် ကြောင့် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီကို သက်တမ်း(၁)နှစ်တိုးမြှင့်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး နဝမနေ့ ကျင်းပမည့်နေ့ရက်နှင့်                                                     အချိန်ကိုကြေညာခြင်း

အချိန်။ ၁၆၄ဝ

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော် အစည်းအဝေး နဝမနေ့ကို ၂၅.၄.၂ဝ၁၇ (အင်္ဂါ)နေ့ နံနက် ၁ဝဝဝ နာရီအချိန်တွင် စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ဦးဝေဖြိုးဟန်၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။             ။ ကျွန်တော့်ရဲ့ အဆိုနှင့် ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှတ်တမ်းထဲမှာဝင်အောင်လို့ မည်သည့်နေ့၊ မည်သည့်အချိန်မှာ ဆွေးနွေးပေးမယ်ဆိုတာလေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြောသင့်ပါတယ်ခင်ဗျား။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။        ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မလွှတ်တော်ဥက္ကဋ္ဌကြီးကို တင်ပြပြီးဖြစ်သည့် အတိုင်း မနက်ဖြန်ခါမှာ နေပြည်တော်ကို အစည်းအဝေးကိစ္စနဲ့ ခရီးထွက်ရမှာဖြစ်ပါတယ်။ (၂၆)ရက်နေ့မှာ ပြန်ရောက်မှာဖြစ်တဲ့အတွက် အဲဒီအဆိုကိုထောက်ခံဆွေးနွေးထားတဲ့အချက်တွေကို ပြန်လည်ဖြေကြားရန် (၂၇)ရက်နေ့မှာ ဖြေကြားဖို့ လွှတ်တော်ဥက္ကဋ္ဌထံတင်ပြထားပြီးဖြစ်ပါတယ်။

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဦးဝေဖြိုးဟန်တင်သွင်းထားတဲ့အဆိုကို ဆွေးနွေးရန်အတွက် (၂၇)ရက်နေ့ နေ့လည်(၁၂)နာရီမှာ အစည်းအဝေးလုပ်ပါမယ်။ အားလုံး ကျေးဇူး တင်ပါတယ်။

အခမ်းအနားမှူး။      ။ လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။      ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။

ဟ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးကို (၁၆၄ဝ)နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး(၁)ဦးခန့်အပ်ကြောင်း လွှတ်တော်သို့ တင်ပြခြင်းနှင့် ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်ပြမေးခွန်း(၁၄)ခု မေးမြန်းခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ” ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့်ထိရောက်သော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို”ကို လွှတ်တော်ကိုယ်စားလှယ်(၂၆)ဦးက ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေးကော်မတီနှင့်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီတို့၏ နှစ်ပတ်လည်အစီအရင်ခံစာအား ဖတ်ကြားတင်ပြခြင်းနှင့် ကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ]