Tuesday , March 2 2021
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း

၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်

( ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၅ ရက် )

(ဗုဒ္ဓဟူးနေ့)

          ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝဝဝ

အခမ်းအနားမှူး ။     ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင် ြွကရောက်နေရာယ-ူပါသည်။ ]

ဥက္ကဋ္ဌ        ။         ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာခြင်း

အချိန်။ ၁ဝဝ၂

ဥက္ကဋ္ဌ ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၈)ဦး တက်ရောက်ပါတယ်။ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၅.၉၃)ရာခိုင်နှုန်းဖြစ်ပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေးအထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံ ကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့                                             အစည်းအဝေးအစီအစဉ် ကြေညာခြင်း

အချိန်။ ၁ဝဝ၃

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ ဆဋ္ဌမနေ့ အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြနေ့်0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်။ ၁ဝဝ၄

ဥက္ကဋ္ဌ ။         ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း ဖြစ်ပါတယ်။ ယနေ့လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ယခုခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဦးအောင်နိုင်ထွန်း၊ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ။     ။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ အဖွဲ့ဝင် သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း ဖြစ်ပါတယ်ခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့ကို မတက်ရောက်နိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး ကိုယ်စား ခွင့်တိုင်ကြားခွင့်ပြုပါခင်ဗျား။ (၁) မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးသည် ဆေးကုသမှုခံယူနေပါသဖြင့် ၅.၄.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်သည် ဆေးကုသမှုခံယူနေပါသဖြင့် ၅.၄.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၅.၄.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်နှင့် တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနေလင်းအောင်သည် တာဝန်ထမ်းဆောင်ရန် ရှိပါသဖြင့် ၅.၄.၂ဝ၁၇ ယနေ့ ခွင့်(၁)ရက် ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏                                             အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ ။                   ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၄)ဦးတို့၏ ခွင့်ပန် ကြားချက်များကို ခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့အစည်းအဝေးတက်ရောက်သူ (၁၁၈)ဦး၊ ယမန်နေ့ကခွင့်ပန်ကြားသူ (၁)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၄)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၅)ဦးကို လွှတ်တော်က ခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၂)အရ ယခုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည် ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ လွှတ်တော်ကအတည်ပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

 

ကြယ်ပွင့်ပြထားသောမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့်                     တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ

ဥက္ကဋ္ဌ ။         ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ တိုင်းဒေသကြီးရဲ့ ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ အခန်း(၁၁)၊ ပုဒ်မ ၃၄ အရ လွှတ်တော်အစည်းအဝေးများမှာ ပထမ(၁)နာရီသည် မေးခွန်းများမေးမြန်းရန် ဖြစ်ပါတယ်။ ယခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်းမှာ ပထမ(၁)နာရီကျော်လွန်နိုင်တဲ့အတွက် မေးခွန်းများ ဖြေကြားမှု ပြီးဆုံးအောင် ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ သဘောတူပါသလားခင်ဗျား။ (သဘောတူပါတယ်) လွှတ်တော်ကိုယ်စားလှယ်များက သဘောတူတဲ့အတွက်ကြောင့် ယနေ့မေးခွန်းများ ဖြေကြားခြင်းကို ပြီးဆုံးအောင်ဆက်လက်ဆောင်ရွက်သွားပါမယ်။ နံပါတ်(၁) ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များအား မည်သည့်အချိန်ကာလတွင် နေရာချ ထားပေးမည်ဆိုသည်ကို သိရှိလိုပါသည်။ နေရာချထားပေးမည်ဆိုပါက အငှားစနစ် (သို့မဟုတ်) အရစ်ကျငွေချေစနစ်၊ မည်သည့်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုသည်ကို                                                         သိရှိလိုပါကြောင်း

အချိန်။ ၁ဝဝ၇

ဥက္ကဋ္ဌ ။         ။ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးတင်ဝင်း၊ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လာရောက်လေ့လာသူ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျူးကျော်ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်နေ့မှာ ကျွန်တော်တို့ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ဦးကျော်ဇေယျ အနေနဲ့လည်း ဒီမေးခွန်းကို ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ ဖြေကြားခဲ့ပြီးတော့ လုံုခြုံရေးဝန်ကြီးကလည်း ပြည့်ပြည့်စုံစုံဖြေကြားသွားတာရှိပါတယ်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ ဒီကျူးကျော်တွေနဲ့ ပတ်သက်လို့ မည်သည့်အချိန်မှာ နေရာချထားပေးနိုင်မည်၊ မည်သို့မည်ပုံချထားပေးနိုင်မည်ကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျူးကျော်အိမ်များနှင့် ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့လည်း မီဒီယာများနဲ့တွေ့ဆုံပြီးတော့ ကျူးကျော် အိမ်တွေကို အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်တိုင်းတွင် ကျူးကျော်လာရောက်ပြီးတော့မှ ကျူးကျော် နေထိုင်တဲ့ကျူးကျော်တွေနဲ့ပတ်သက်ပြီးတော့ စနစ်တကျနေရာချထားပေးဖို့ စာရင်းဇယားများ     ကောက်ယူနေတယ်ဆိုတာ မီဒီယာများနဲ့ မကြာခဏတွေ့ဆုံပြောကြားတာကို တွေ့ရှိရပါတယ်။ အလားတူပဲ သက်ဆိုင်ရာရပ်ကွက်အသီးသီးမှာလည်း ကျူးကျော်များနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ စာရင်းဇယားများ ကောက်ယူနေတာကိုလည်း ကျွန်တော်တို့သိရှိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဗိုလ်မှူးကြီးတင်အောင်ထွန်းပြောကြားချက်အရ ကျွန်တော်တို့(၄)ခရိုင်အတွင်းမှာ ကျူးကျော်နေထိုင်သူများစာရင်း ခန့်မှန်းမှာဆိုရင် အိမ်ခြေပေါင်း (၁၁၇၇၇၉)အိမ်််၊ အိမ်ထောင်စုပေါင်း (၁၁၉၇၅)စုနှင့် လူဦးရေပေါင်း(၄၄၁၆၄၆)ဦး ကျူးကျော်နေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ကွင်းဆင်းပြီးတော့ ကျူးကျော်တွေရဲ့အခြေအနေကို မေးမြန်းတာလည်း တွေ့ရှိရပါတယ်။ ယခုအခါမှာ ကျွန်တော်တို့ ကျူးကျော်နေအိမ်က ဘာပဲဖြစ်ဖြစ်များများတိုးလာပြီး တော့မှ ဖော်ပြပါစာရင်းဇယားနဲ့ ပိုမိုနိုုင်ကြောင်း သိရှိရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကျူးကျော်နေအိမ်များဟာ ကျွန်တော်တို့ တည်ဆောက်ထားပုံကို ဏသတနမ ဏသငညအ ဖြင့် ပြသခွင့်ပြုပါခင်ဗျား။ ကျူးကျော်နေအိမ်များဟာဆိုရင် ဖော်ပြပါ ဏသတနမ ဏသငညအ မှာတင်ပြထား သည့်အတိုင်း ဝါး၊ ဓနိတွေနဲ့တည်ဆောက်ထားပြီးတော့မှ တစ်အိမ်နဲ့တစ်အိမ်ဟာ ပူးကပ်ပြီးတော့မှ ကျွန်တော်တို့ တည်ဆောက်ထားတာကို တွေ့ရပါတယ်။ နွေရာသီမှာ မီးဘေးအန္တရာယ်အလွန်စိုးရိမ် ရပါတယ်။ ဒါအပြင် မကြာမီမှာ ကျရောက်လာမည့် မိုးရာသီမှာဆိုရင်လည်း   ကျူးကျော်အိမ်တွေမှာ မိလ္လာစနစ်တကျတည်ဆောက်ထားတာမဟုတ်တဲ့အတွက် ကူးစက်ရောဂါပြန့်ပွားမှုအနေနဲ့ ပိုပြီးတော့မှဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိလ္လာနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ကမ္ဘာလှည့်ခရီးသည်များသွားလာတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်က မကောင်းတဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဒါနဲ့ပတ်သက် ပြီးတော့ ကျူးကျော်တွေနဲ့ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းချင်တာကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကျူးကျော်တွေနဲ့ပတ်သက်ပြီးတော့ မည်သည့်အချိန်ကာလတွင် နေရာချထားပေးနိုင်မည်ကို ခန့်မှန်းအားဖြင့် သိရှိလိုပါတယ်။ နေရာချထားပေမည်ဆိုရင် ကျွန်တော်တို့ ဘယ်လိုစနစ်မျိုးနဲ့ချထားပေးမှာလဲ၊ အငှားစနစ်နဲ့ သို့မဟုတ် အရစ်ကျငွေပေးတဲ့စနစ်နဲ့ ဘယ်လိုစနစ်မျိုးနဲ့ နေရာချထားပေးမည်ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။     ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်မှဖြေကြားသွားမှာဖြစ်ပါတယ်။ ကျူးကျော်ဆိုတာကတော့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် တောက်လျှောက်ဖြေရှင်းခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါဟာလည်းပဲ အစိုးရပေါ်မူတည်ပြီးတော့မှ ဖြေရှင်းတဲ့နည်းလမ်းပေါင်းမျိုးစုံနဲ့ တောက်လျှောက် ဖြေရှင်းခဲ့တာဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကိစ္စသည် ပြီးပြတ်သွားတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လက်ရှိအစိုးရလက်ထက်မှာလည်းပဲ ဒီကျူးကျော်တွေကို ရှင်းလင်းဖို့ အတွက်ကိုလည်း စဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘယ်လိုစီမံ ဆောင်ရွက်မယ်ဆိုတာကိုလည်း ဝန်ကြီးချုပ်ကိုယ်တိုင် မေလမှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြည်သူအားလုံးကို အသိပေးကြေညာပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ စာရင်းစတင်ကောက်ယူတဲ့ အခါမှာတော့ ခုနကလွှတ်တော်ကိုယ်စားလှယ်ပြောသလိုပဲ တစ်သိန်းကျော်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ငယ်စာရင်းဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ၂၅.၅.၂ဝ၁၆ ရက်နေ့မှာ ဃကအ သ်် ီအေန သတ်မှတ်ပြီးတော့ နောက်ပိုင်းမှာ ကျွန်တော်တို့ စာရင်းကောက်ဖို့အတွက်ကို စပြီးတော့မှ ကျွန်တော်တို့ အဖွဲ့တွေဖွဲ့ပါတယ်။ ကျွန်တော်တို့ ြ့ ံစေစပ ွှကျအ ကအဖွဲ့တွေရော၊ ွှ့ငမိ စမေအပ က အဖွဲ့တွေရော၊ ကျွန်တော်တို့ ဝန်ထမ်းတွေရော၊ သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ကွန်ပျူတာကျွမ်းကျင် ပညာရှင်တွေရော၊ အကုန်လုံးကို ကျွန်တော်တို့ အဖွဲ့တွေဖွဲ့ပြီးတော့မှ စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။ စတင်ကောက်ခံတာတော့ ၃.၉.၂ဝ၁၆ မှာစပြီးတော့ ကောက်ခံခဲ့ပါတယ်။ အဲဒီကနေ တစ်မြို့နယ်ပြီးတစ်မြို့နယ်တောက်လျှောက် ကျွန်တော်တို့ စဉ်ဆက်မပြတ်ကောက်လာတာ ဖြစ်ပါတယ်။ ကောက်ပြီးတာတော့ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ သန်လျင်၊ ကျောက်တန်းတို့ ဖြစ်ပါတယ်။ ကောက်ယူရန် ကျန်တဲ့မြို့နယ်တွေကတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ အလုံ ဒါတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒလရယ်၊ ဒဂုံဆိပ်ကမ်းရယ် ဖြစ်ပါတယ်။ မရမ်းကုန်းကတော့ ဒီနေ့ကစပြီးတော့ ကောက်မှာဖြစ်ပါတယ်။ မြို့နယ် (၁၃)မြို့နယ်မှာ ကျွန်တော်တို့ လက်ရှိကောက်ပြီးတာ (၇၉၂၄၆)အိမ်ထောင်စု ဖြစ်ပါတယ်။ စာရင်းကောက်ယူပြီးတဲ့ ရာခိုင်နှုန်း ကတော့ ကနဦးစာရင်းထက်စာလို့ရှိရင်တော့ (၇ဝ.၅၄)ရာခိုင်နှုန်း၊ စာရင်းကောက်ယူပြီးဖြစ်ပါတယ်။ ဒီစာရင်းတွေကို ထပ်ပြီးတော့မှ ကျန်တဲ့မြို့နယ်တွေမှာလည်းပဲ (၁၃)မြို့နယ်အပြင် တစ်ခြားကျန်တဲ့ မြို့နယ်တွေမှာလည်း ကျွန်တော်တို့စာရင်းကို ဆက်ပြီးကောက်ယူမှာဖြစ်ပါတယ်။ အဲဒီမှာတော့           ဃကအ သ်် ီအေန ရှေ့ကဟာရယ် ဃကအ သ်် ီအေန နောက်ကဟာကို စာရင်းနှစ်ခုပြုစုပြီးတော့မှ ကောက်သွားမှာ ဖြစ်ပါတယ်။ ဒီစာရင်းတွေ အားလုံးကောက်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ စိစစ်ဆေးအဖွဲ့ ဖွဲ့ပြီးတော့ ဒီစာရင်းတွေ မှန်ကန်မှုရှိ/မရှိဆိုတာကို ပြန်လည်စိစစ်ပြီးတော့မှ စာရင်းပြန်လည်ခွဲခြား ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီမှာထွက်လာမယ့် စီးပွားဖြစ် ကျူးကျော် သူတွေကိုတော့ ကျွန်တော်တို့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး အမှန်တကယ် နေစရာမရှိတဲ့ ကျူးကျော်တွေကိုတော့ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျူးကျော်များ ရသင့်ရထိုက်တဲ့အခွင့်အရေးကို စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျူးကျော်စာရင်းကို ခုနကကိုယ်စားလှယ်တော်ကြီးမေးသလို မည်သည့်အချိန်မှာ နေရာချထား ပေးမလဲဆိုတဲ့ဟာ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျူးကျော်စာရင်းကောက်ပြီးတဲ့အချိန် စိစစ်ပြီးတဲ့ အချိန်ပေါ်မှာ မူတည်တဲ့အတွက်ကြောင့် ကျွန်တော် အချိန်အတိအကျ ဖြေကြားလို့မရသေးကြောင်း ပြောကြားလိုပါတယ်။ နောက်တစ်ချက်ကတော့ အငှားစနစ်နဲ့ အရစ်ကျစနစ် နှစ်မျိုးစလုံးမှာ ဘယ်လိုလုပ်ပေးမလဲဆိုတဲ့နေရာမှာ အဓိကဒီကျူးကျော်တာတွေသည် မြန်မာနိုင်ငံက တိုင်းရင်းသား တွေပဲဖြစ်ပါတယ်။ လူသားတွေပဲဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့သည် သူတို့ရဲ့ အဆင့်တစ်ခု ရှိအောင်အတွက်ကို ကျွန်တော်တို့ စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါဟာလည်း ဒီဘက်မှာ စာရင်းကောက်ယူနေသလို ဟိုဘက်မှာ ဒီအဆောက်အဦတွေဆောက်လုပ်ပေးမယ့် အဖွဲ့အစည်း များနဲ့လည်း ချိတ်ဆက်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာ ထွက်ပေါ်လာမယ့် အခန်း အရေအတွက်တွေ ဒီအပေါ်မှာမူတည်ပြီး တန်ဖိုးတွေ ဒါကိုမူတည်ပြီးတော့မှ ခုနကပြောတဲ့ ကျူးကျော်တွေလက်ရှိပေးသွင်းနိုင်မှုအခြေအနေပေါ်မူတည်ပြီးတော့မှသာလျှင် ကျွန်တော်တို့ ပြန်လည် စိစစ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာလည်း ဆောင်ရွက်ခါနီးမှာ အားလုံးကျွန်တော်တို့ ပြည်သူကို အသိပေးပြီးမှ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းအတွင်းရှိ လယ်ယာမြေများရေရှိရေး ဆည်မြောင်း များကို ငါးလုပ်ငန်းဦးစီးမှ အင်းချောင်းတင်ဒါများအဖြစ် ချထားပေးသဖြင့် လယ်သမားများ ရေရရှိမှုမရှိသောကြောင့် စပါးပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသဖြင့် လယ်သမားများ စိုက်ပျိုးချိန် ရေလုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာဌာနများကို စစ်ဆေးပေးနိုင်ခြင်း                                                    ရှိ/မရှိ သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၁၅

ဥက္ကဋ္ဌ ။         ။ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဌေးမော်၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။       ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြို့နယ်ဆည်မြောင်းဦးစီးဌာန နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ရဲ့ ယှဉ်တွဲဆောင်ရွက်မှုအားနည်းပုံကို ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းဒေသဟာ လယ်ယာအင်းအိုင်ချောင်းမြောင်း အလွန်ပေါများတဲ့ ဒေသဖြစ်ပါတယ်။ ဆည်မြောင်းဦးစီးဌာနမှတူးဖော်ထားသော ဆည်မြောင်းချောင်း အများစုကို ငါးလုပ်ငန်းမှ အင်းတင်ဒါချောင်းများ ချထားသည့်အတွက် လယ်သမားများ အောင်ရေ ရရှိရန် လိုအပ်ချိန်တွင် အခက်အခဲများစွာဖြစ်ပေါ်ရပါတယ်။ လယ်သမားများနှင့် အင်းတင်ဒါ ဆွဲထားသော အင်းသမားများ ခိုက်ရန်ဖြစ်ပွားမှုလည်းရှိခဲ့ရပါတယ်။ ဏသတနမ ဏသငညအ ဖြင့် ပြသခွင့်ပြုပါ ခင်ဗျား။ ဒါကတော့ ကျွန်တော်တို့ ကော့်မူစံရေတံခါးချောင်းမှာ ချောင်းမကြီးမှ ဝင်လာမည့်ရေကို အင်းသမားတွေက ဆည်မြောင်းဝင်းပိတ်ပြီးတော့ ကျွန်တော်တို့ ကာရံထားတဲ့ ပုံစံဖြစ်ပါတယ်။ တာတမံတွေ ဒီလိုလုပ်ပြီးတော့လည်း ကာရံထားတဲ့ပုံစံဖြစ်ပါတယ်။ အဲဒီလိုမျိုးကာရံထားတဲ့အတွက် လယ်ယာမြေတွေဆီကို ရေမရောက်ရှိပဲနဲ့ ခြောက်သွေ့နေတဲ့ပုံ ဖြစ်ပါတယ်။ မြင်းကွင်းကိုလည်း ပလပ်စတစ်တွေနဲ့ပိတ်ထားတဲ့ပုံစံလည်း ရှိခဲ့ပါတယ်။ နေပူတဲ့အတွက် လယ်ကွက်တွေ အဲဒီလို ခြောက်သွားတဲ့ပုံစံလည်းရှိခဲ့ပါတယ်။ သို့ပါ၍ အင်းတင်ဒါ အင်းဆွဲသူများမှ တမံများပိတ်ဆို့ပြီး ဖမ်းသည့်အတွက် အောင်ရေအချိန်မီမရရှိဘဲ စပါးများ များစွာနစ်နာဆုံးရှုံးခဲ့ရပါတယ်။ သို့ပါ၍ သက်ဆိုင်ရာဌာနများသို့ စိစစ်ညွှန်ကြားပေးနိုင်ခြင်း ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး။         ။ လေးစား အပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များအား မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါရစေ။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်ရဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ ပတ်သက်လို့ ကျွန်တော် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဌာန ဦးဟံထွန်းမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ ထန်းတပင်မြို့နယ် ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှာ ရပ်ကွက်/ကျေးရွာအုပ်စု(၅၉)စုရှိသည့်အနက် ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၅)စုအတွင်းမှာ နွေစပါး စုစုပေါင်းဧက (၃၃၆၈၂)ဧက စိုက်ပျိုးခဲ့ပါတယ်။ ရေရယူနိုင်တဲ့ နည်းလမ်းက (၆)ခုရှိပါတယ်။ ရေရယူနိုင်တဲ့ နည်းလမ်း(၁)က စပါးမုန်ညင်း (၃၄၅၄) ဧက၊ လျှပ်စစ်မြစ်ရေတင်(၂၃၁၅)ဧက၊ ချောင်းမြောင်းကနေရေတင်တဲ့ (၁၄၄ဝ၁)ဧက၊ ရေတံခါး တွေကနေ ရေရရှိပြီးစိုက်ပျိုးနေတဲ့ဧက (၈၄၆၉)ဧက၊ မြစ်ရေတင် (၁၃၅)ဧကနှင့် စက်ရေတွင်းကနေ (၄၉ဝ၈)ဧက၊ စုစုပေါင်း (၃၃၆၈၂)ဧကစိုက်ပျိုးနေလျက်ရှိပါတယ်။ ထန်းတပင်မြို့နယ်မှာ နှစ်စဉ် ဖေဖော်ဝါရီလ အလယ်ခန့်မှာ နွေးစပါးစိုက်ပျိုးခင်းများ ရေသုံးများချိန် မြစ်ရေတင်မှုပမာဏ နည်းချိန် တို့မှာ ရေပြတ်မှုပြဿနာရှိခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နွေစပါးရာသီမှာ ရေပြတ်လပ်မှုမရှိ သဖြင့် နွေးစပါးစိုက်ပျိုးခင်းများ၊ ရေငတ်သေချေပျက်စီးသော လယ်မြေများ မရှိခဲ့ပါ၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ မရွှေဥကျေးရွာအုပ်စု ကွင်းအမှတ် (၃၃၃)အတွင်းတည်ရှိသော ဆည်မြောင်းတူးမြောင်း အမှတ်(၂ဝ) အတွင်း ဧက(၁၆ဝ)က ရေပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း တောင်သူများမှရေပြတ်လပ်မှုပြဿနာ တင်ပြမှုရှိခဲ့ပါသည်။ မရွှေဥကျေးရွာအုပ်စု တင်ပြလာမှုနှင့်ပတ်သက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှတင်ပြသူ တောင်သူများနှင့် ၂၃.၂.၂ဝ၁၇ ရက်နေ့မှာ ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ ဆည်မြောင်းအမှတ်(၂ဝ)ရဲ့ထိပ် ရေဝင်ပေါက်နှင့်ဆက်စပ်လျက်ရှိတဲ့ ငါးကန် လုပ်သားများကနေ ယင်းပိတ်ဆို့ထားမှုကြောင့် မြစ်ရေတင်မှုနည်းခြင်း၊ မြောင်းအမှတ်(၂ဝ) ရေဝင်ရောက်မှုနည်းခြင်းစတဲ့ အခြေအနေများကို တွေ့ရှိရလို့ သက်ဆိုင်ရာငါးကန်၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်ညှိနှိုင်းပြီးတော့ ၂၅.၂.၂ဝ၁၇ ရက်နေ့မှ ရှင်းလင်းဖယ်ရှားဆောင်ရွက်         ခဲ့ပါတယ်။ ဒါ့အပြင် မြောင်းအမှတ် (၂ဝ)တိမ်ကောနေမှုကို ပြန်လည်တူးဖော်နိုင်ရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံသို့ တောင်သူများက တင်ပြထားတာရှိတဲ့အပြင် တောင်သူများ ကိုယ်တိုင် ကိုယ့်အားကိုယ်ကိုး ဝိုင်းဝန်းဆောင်ရွက်ခဲ့လို့ ယခုရာသီတွင် မြောင်းအတွင်း ရေပိုမို ဝင်ရောက်လာတာကို တွေ့ရှိရတဲ့အတွက်လည်း တောင်သူများအား အထူးကျေးဇူးတင်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝင်ငွေရရှိရန်အလို့ငှာ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ နှစ်စဉ် လေလံရောင်းချတဲ့ ဂရန်အင်း (၄ဝ)နှင့် တင်ဒါပိုက်ချပ် (၇ဝ)ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းအိုင်များကို ၁၈၈ဝ ပြည့်နှစ်ကနေစ၍ တိုင်းတာဖော်ထုတ်ခဲ့ပါတယ်။ ၁၉ဝ၅ ခုနှစ် အင်းအိုင်အက်ဥပဒေကို ပြဋ္ဌာန်း၍ အင်းအိုင်အခွန်ကောက်ခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။ ထန်းတပင်မြို့နယ်တွင် ချောင်းလက်တတ်များ၊ မြစ်များဖြတ်သန်းစီးဆင်းရာ မြို့နယ်တစ်မြို့လည်း ဖြစ်ခြင်းကြောင့် ငါးဖမ်းလုပ်ငန်းများ များပြားလှပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရေချိုငါး လုပ်ငန်းဥပဒေအရ နှစ်စဉ်တင်ဒါချပ်များနှင့် ဂရံအင်းများအား ဥပဒေနှင့်အညီ စနစ်တကျငါးဖမ်းရန် နှစ်စဉ်လေလံ စနစ်ဖြင့်သော်လည်းကောင်း၊ ကြေးတိုင်စနစ်ဖြင့်သော်လည်းကောင်း အငှားချ ခြင်းကြောင့် တိုင်းဒေသကြီးအခွန်ငွေဟာ ပြီးခဲ့တဲ့နှစ်မှာ(၅၆၃)သိန်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းအတွင်း နွေစပါးစိုက်ပျိုးသော တောင်သူများအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သော ရေနှုတ်မြောင်းများ သည် ၁၉၉၉-၂ဝဝဝ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာနှစ်အထိ မြောင်း (၂၈)မြောင်းတူးဖော်ခဲ့ပါတယ်။ အရှည်အားဖြင့် (၆၇)မိုင်ကျော်ရှိပါတယ်။ နောက်ထပ်ဆောင်ရွက်မည့် လုပ်ငန်းလည်း (၃)နေရာ ရှိပြီးတော့ အရှည်အားဖြင့် (၆.၃၂၅)မိုင်ရှိကြောင်း တင်ပြလိုပါတယ်။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အထက်ဖော်ပြပါမြောင်းများအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် တူးဖော်ဆောင်ရွက်ပေးခဲ့ရာ အချို့မြောင်းများသည် ထန်းတပင်မြို့နယ် ဂရန်အင်းနယ်နိမိတ်အတွင်း ဖြတ်သန်း၍လည်းကောင်း၊ တင်ဒါချောင်းများ၏ မူလရိုးအတိုင်း ပြန်လည်တူးဖော်ပေးခြင်းကြောင့် လည်းကောင်း၊ လယ်ယာမြေများကိုဖြတ်သန်း၍ တူးဖော်ပေးခြင်း ကြောင့်လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှနှစ်စဉ် မူလအင်းဂရန်နှင့်တင်ဒါချပ် ဧရိယာတို့အား ဂရန်ချထားလုပ်ကိုင်ခွင့်ပြုရာမှာ ဆည်မြောင်းဦးစီးဌာနမှတူးဖော်ခဲ့သော မြောင်းများလည်း ပါဝင်ပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှလည်း နိုင်ငံတော်ဘတ်ဂျက်နှင့် တူးဖော်ခဲ့သောမြောင်းများ မပျက်စီးစေရေးအတွက်လည်းကောင်း ရေအမြဲစီးဆင်းနေပြီး တိမ်ကောမှု မဖြစ်စေရေးအတွက် လည်းကောင်း၊ ငါးလုပ်ငန်းများလုပ်ကိုင်ရာတွင် ဌာန(၂)ခုညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနမှလည်း မိုးစပါးစိုက်ပျိုးကာလ ချောင်းရေကြီး နစ်မြှုပ်မှုမရှိစေရန် အခိုင်အမာအတားအဆီး ငါးဖမ်းဆည်များကိုလည်း ချထားခွင့်မပြုပဲ ရေစီးဆင်းနိုင်သော ကျားပါးစပ်ပိုက်ဖြင့် ငါးဖမ်းစီးဆင်းမှုကိုခွင့်ပြုခဲ့ပါတယ်။ နွေရာသီစပါး စိုက်ပျိုးရေးအတွက် တင်ဒါချောင်းနှင့် အင်းများမှရေကို လယ်သမားများအောင်ရေအတွက် ဦးစားပေး ဆောင်ရွက်စေခဲ့ပြီးမှသာလျှင် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ချမှတ်၍ လေလံဆောင်ရွက်လျက် ရှိပါတယ်။ ထိုကဲ့သို့ အင်းနှင့်တင်ဒါချပ်များကို တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအရ လေလံတင်ရောင်းချခဲ့ပြီးဖြစ်သော်လည်း လေလံစွဲ ဝယ်ယူလုပ်ကိုင်သူ ရေလုပ်သားကြီးနှင့် တောင်သူတို့ အငြင်းပွားမှုမရှိစေရေးအတွက်လည်းကောင်း၊ ရေခွဲဝေသုံးစွဲရာတွင် ပြဿနာမဖြစ်စေရေးအတွက် လည်းကောင်း၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့များဖြင့်လည်းကောင်း၊ ဌာန၏ သယံဇာတထိန်းသိမ်းရေးအဖွဲ့များဖြင့်လည်းကောင်း၊ စဉ်ဆက်မပြတ်စောင့်ကြည့်လျက် သတင်းရယူစုံစမ်းကာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဖြင့် အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနသည်လည်း ဆက်နွယ်မှုရှိတဲ့ တိုင်းဒေသကြီးဌာနအားလုံး စစ်ဆေးအစီရင်ခံမှုများကိုလည်း အမြဲမပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အချုပ်အားဖြင့်ဆိုရလျှင် စိုက်ပျိုးချိန် ရေလုံလောက်စွာ ရရှိစေရေးအတွက်လည်းကောင်း၊ အောင်ရေရရှိရေးအတွက်လည်းကောင်း၊ အင်းချောင်းများမှ ရသင့်ရထိုက်တဲ့အခွန်ငွေများ ပြည့်ပြည့်ဝဝရရှိစေရေးအတွက်လည်းကောင်း၊ ရေရရှိနိုင်မည့် စိုက်ဧကနှင့်စိုက်ပျိုးမြေသတ်မှတ်ချက်ထက် ကျော်လွန်မဖြစ်စေရေးအတွက် လည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်သူများနှင့်ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်တို့က လုပ်ငန်းများမစတင်မီ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုအကျိုးရှိနိုင်ကြောင်း တင်ပြအပ်ပါသည်။ အားလုံးကျေးဇူးတင်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြာခြင်း

ဦးဌေးမော်၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။      ။ ကျွန်တော်တို့ ထန်းတပင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တူးထားတဲ့ဆည်မြောင်းချောင်းတွေကို ဒီနှစ်မှာ ငါးလုပ်ငန်းမှအင်းတင်ဒါချောင်းများ မကျဘဲနဲ့ လယ်သမားတွေရဲ့အောင်ရေရရှိမှုအတွက် တောက်လျှောက်ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါမချဘဲဆောင်ရွက်နိုင်မှု ရှိ/မရှိကို ကျွန်တော် အနေနဲ့ဆက်စပ်အဖြစ် မေးမြန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး။         ။ ဒီဆက်စပ် မေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်အထက်အပိုဒ်တွင်ဖော်ပြခဲ့သလိုပဲ ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီး ဝင်ငွေရရှိရန်အလို့ငှာ ကျွန်တော်တို့ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်မှာ ဂရန်အင်း (၄ဝ) ရှိပါတယ်။ တင်ဒါအင်းချပ်(၇ဝ)ရှိပါတယ်။ အဲဒီတော့ ဒီဂရန်အင်းဝင်ငွေရရှိဖို့အတွက် ၁၉ဝ၅ ခုနှစ် အင်းအိုင်အက်ဥပဒေအရပြဋ္ဌာန်းပြီးတော့ အခွန်ရရှိဖို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဟာတွေကို ဆည်မြောင်းကတူးဖော်ထားတယ်ဆိုတဲ့နေရာမှာ အနည်းငယ်တင်ပြလိုပါတယ်။ ဆည်မြောင်း တူးဖော်တယ်ဆိုတဲ့ မြေနေရာများသည် မူလအင်းလမ်းကြောင်းပျက်လို့ လမ်းကြောင်း ပြန်ဖောက်ခြင်း၊ လမ်းကြောင်းတည့်ခြင်း၊ ရေစီးရေကာကောင်းခြင်းများ ဖြစ်ပေါ်ရေးအတွက် မူလအင်းကို ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ဆည်မြောင်းဦးစီးဌာနက ပြုပြင်ထားတဲ့ ချောင်းများကနေပြီးတော့ အင်းထဲမှာတစ်ချို့တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း တွေ့ရှိရတဲ့အတွက် တင်ဒါမခေါ်ဘဲ တောင်သူလယ်သမားများအတွက် ရေရရှိရေးဆောင်ရွက်တဲ့ကိစ္စမှာ ကျွန်တော်တို့ ရေရရှိမှုအခြေအနေ၊ ဒီအင်းရဲ့အခြေအနေကို ပြန်ကြည့်ပြီးတော့ ကျွန်တော်တို့ ပြန်လည်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

 

ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းဒေသရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုဒဏ် လျော့နည်းစေရေးအတွက် အဓိကရေထွက်ပေါက်တစ်ခုဖြစ်သည့် ကန်လျားရှည် ကျေးရွာ အမှတ်(၃) ရေထိန်းတံခါး (၄ဒ x၄ဒ) ၄ ပေါက်အား ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ချထား ပေးနိုင်ခြင်းရှိ/မရှိ၊ မရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင်ချထားဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ယခုနှစ်အတွင်း ကွမ်းခြံကုန်းမြို့နယ်အတွက် မည်သည့်                   ရေထိန်းတံခါးများချထားဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၂၉

ဥက္ကဋ္ဌ ။        ။ ကွမ်းြ-ခံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။   ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် အားလုံး၊ ဧည့်သည်တော်များ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း ဖြစ်ပါတယ်ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်ဟာ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းရဲ့ တွံတေးတောကြီးလမ်းဆိုတာရှိပါတယ်ခင်ဗျား။ အဲဒီကနေပြီးတော့ ကျွန်တော်တို့ရေတွေကို ပင်လယ်နားနီးတဲ့ မြို့ဖြစ်တဲ့အတွက် အဲဒီမြို့နယ်ကရေတွေကို ကွမ်းခြံကုန်းကနေပြီးတော့ ထုတ်ပေးနေရတဲ့ အခြေအနေရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဒီပင်လယ် ရေထွက်ပေါက် တွေဖြစ်တဲ့ ကျွန်တော်တို့ မြို့နယ်ကနေပြီးတော့ ရေထုတ်ပေးတာဖြစ်တဲ့အတွက် ချောင်းကော မြောင်းကောတွေကိုလည်း ပြန်လည်တူးဖော်ရန်လိုအပ်လျက်ရှိပါတယ်ခင်ဗျား။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ မုတ်ကျွန်းဒေသ လယ်ယာမြေများကို ရေကြီးနစ်မြှုပ်မှုဒဏ်နဲ့ ကင်းဝေးရန်အတွက် ပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်တဲ့ မုတ်ကျွန်းဒေသမှာ ထန်းပင်ကုန်းရေတံခါးရယ်၊ ကန်လျားရှည်ရေတံခါးရယ်၊ ကန်ဝိုင်းချောင်းရေတံခါး၊ ဝက်ကိုက်ရေတံခါး ဆိုတာရှိပါတယ်ခင်ဗျား။ ကန်လျားရှည်တံခါးဆိုတာက ပျက်စီးယို့ယွင်းနေတဲ့အတွက် အဲဒီရေတံခါးကို (၄)ပေပတ်လည် မြစ်ပေါက်ကိုလုပ်ရန်အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် အစီအစဉ်ရှိ/မရှိ ကိုလည်း သိရှိလိုပါတယ်ခင်ဗျား။ နောက်တစ်ခုက ကျွန်တော်တို့ တော့ကူးရေတံခါးနဲ့ မင်းကလွန်း ရေတံခါးဆိုပြီးတော့ ကျွန်တော်တို့ စီမံကိန်းငွေ ကျထားပြီး မလုပ်ဆောင်နိုင်သေးတဲ့ အခြေအနေလည်း ရှိပါတယ်ခင်ဗျား။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်အတွက် မည်သည့်ရေထိန်းတံခါးတွေကို ချထားပေးရန် အစီအစဉ်ရှိ/မရှိကိုလည်း လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းလိုပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ။   ။ လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်မှ တိုုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းမင်းရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်ဖြေကြားသွားမှာဖြစ်ပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ မုတ်ကျွန်းဒေသရှိ ကန်လျားရှည်ကျေးရွာအပိုင်းသည် ပင်လယ်နဲ့ထိစပ်နေတဲ့ အပိုင်းဖြစ်ပြီး ပင်လယ်ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ရန်နှင့် ရေကြီးနစ်မြှုပ်မှုလျော့နည်းစေရန်အတွက် ပိုလျှံရေများထုတ်နှုတ်နိုင်ရန် ကန်လျားရှည်၊ ဝက်ကိုက်၊ ကန်ဝိုင်းရေတံခါးများ တည်ဆောက် ထားခဲ့ပါသည်။ ကန်လျားရှည်၊ အမှတ်(၃)ရေထိန်းတံခါးသည် ပင်လယ်နှင့်နီးစပ်စွာ တည်ရှိနေတဲ့ အတွက်ကြောင့် နှစ်စဉ်နုံးပို့ချမှုများပါတယ်။ ထို့ကြောင့် နှစ်စဉ်ရေဝင်ရေထွက်မြောင်းများ၊ နုံးဆယ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်နေရပါသည်။ ထိုသို့ဆောင်ရွက်နေရသည့်အတွက် မိုးတွင်းအခါ ပိုလျှံနုံးများထုတ်နှုတ်ခြင်း၊ ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရ ပါတယ်။ သို့ဖြစ်လို့ ဦးစားပေးအစီအစဉ်အရ ကွမ်းခြံကုန်းမြို့နယ်အတွင်းတွင် ရေကြီးနစ်မြုပ်မှု လျော့နည်းကျဆင်းစေရေးအတွက် လိုအပ်သောနေရာများတွင် ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ပေးရန် ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာနှစ်အတွက် ချောင်းကောမြောင်းကော တူးဖော်ခြင်း လုပ်ငန်း (၂၂)ခု၊ အလျား (၂၇.၉၃)မိုင်အား ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ တင်ပြတောင်းခံ ထားပြီးဖြစ်ပါတယ်။ ကန်လျားရှည်ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၈-၂ဝ၁၉ ခု ၊ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်တွင် ထည့်သွင်းရေးဆွဲထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။     ။ မေးခွန်းတော့ မဟုတ်ဘူးခင်ဗျား။ စောစောတုန်းကမေးတဲ့ အထဲမှာပါတယ်ခင်ဗျား။ ကျွန်တော်တို့ ဒီတော်ကူး ရေတံခါးရယ်၊ မင်းကလွန်းရေတံခါးရယ်က စီမံကိန်းငွေမကျလာသေးဘူး။ စီမံကိန်းကတော့ ကျပြီ၊ အဲဒါနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ မည်သို့ဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ကျွန်တော် မေးထားခြင်း ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ။   ။ ဒီစီမံကိန်းကျပြီ ဘတ်ဂျက်ငွေမကျဘူးဆိုတဲ့ မေးခွန်းလေးကိုတော့ ခက်ရှင်းရှင်းလေး မေးစေချင်ပါတယ်။

ဦးအောင်မင်းမင်း၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)။     ။ တော်ကူးရေ တံခါးရယ်၊ မင်းကလွန်းရေတံခါးရယ်က စီမံကိန်းငွေကျပြီ၊ ဒါပေမယ့် စီမံကိန်းငွေ ဘတ်ဂျက်ကျ တယ်လို့ ပြောတယ်။ ဒါပေမယ့် လုပ်ငန်းအကောင်အထည်ဖော်မှုမရှိသေးဘူး။ ဘာကြောင့်    အကောင်အထည် မဖော်လည်းဆိုတာ သူတို့လက်ထဲမှာ ဘတ်ဂျက်ငွေမရောက်သေးလို့တဲ့ စီမံကိန်းက ကျပြီ ဘတ်ဂျက်ငွေမရသေးလို့ လုပ်ငန်းအကောင်အထည်မဖော်ရသေးဘူးလို့ပြောပါတယ်ခင်ဗျား။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ။     ။ မေးပြီးတော့ တင်ပြပါမယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

 

မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုမှ လယ်မြေများတွင် နွေစပါးစိုက်ပျိုးနိုင်ရေး အတွက် လျှပ်စစ်မြစ်ရေတင်စနစ်ဆောင်ရွက်ပေးရန် ရှိ/မရှိ၊ မှော်ဘီမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် အမှန်တကယ်ပျက်စီးဆုံးရှုံးခဲ့သော လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးသွင်းရန်ခက်ခဲနေမှုကို မည်ကဲ့သို့ကူညီဆောင်ရွက်                                          ပေးနိုင်မည်ကို သိရှိလိုပါကြောင်း

အချိန်။၁ဝ၃၅

ဥက္ကဋ္ဌ။ ။ မှော်ဘီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်ဆန်းဝင်း၊ မှော်ဘီမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ မှော်ဘီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း ဖြစ်ပါတယ်။ ယနေ့ ကြုံတွေ့နေရသော ပြည်သူများရဲ့အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ကျေးလက်ဒေသလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် မေးခွန်းများကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မှော်ဘီမြို့နယ်ဟာ ကျေးလက်ဒေသများဖြင့် ဖွဲ့စည်းထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေးကိုအခြေခံပြီးတော့ ဆောင်ရွက်နေရတဲ့မြို့နယ်လည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ သဘာဝဘေးဒဏ်များကြောင့် ကျေးရွာများမှာ အခက်အခဲများစွာကြုံတွေ့ နေရပါတယ်။ ကျွန်တော်တင်ပြမယ့် မြစ်ကျိုးကျေးရွာအုပ်စုဆိုရင် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် မိုးရွာသီ ဆက်တိုက်ဆိုသလို ရေကြီးနစ်မြှုပ်မှုကြောင့် ကျေးရွာမှာရှိတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီးတော့ ဆောင်ရွက်ခဲ့ရပါတယ်။ ဒီဒေသတွေမှာလည်း အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကိုသာ အဓိကဆောင်ရွက်တဲ့ ဒေသတွေဖြစ်ပါတယ်။ ကျွန်တော်တို့ သဘာဝဘေးဒဏ်ကြောင့် လယ်ယာမြေမှာ နှစ်စဉ်ပျက်စီးဆုံးရှုံးတဲ့အတွက်ကြောင့် မနှစ်ကဆိုလည်း လယ်သမားများက ချေးငွေများတောင်မှဘဲ တော်တော်ခက်ခက်ခဲခဲ ပြန်ဆပ်ခဲ့ရပါတယ်။ ဒီနှစ်မှာဆိုလည်း အခက်အခဲမျိုးစုံကြုံတွေ့နေရပါတယ်။ ဒီနေရာဟာ ရေကြီးနစ်မြုပ်မှုဒဏ်ကို နှစ်စဉ်ခံစားနေရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ နွေစပါးစိုက်ပျိုး နိုင်ရေးအတွက်ကို လျှပ်စစ်မြစ်ရေတင်တစ်ခု တည်ဆောက်ပေးနိုင်မည်ဆိုရင် ဧက (၃ဝဝဝ)ကျော်မှာ စပါးတော်တော်များထွက်နိုင်တဲ့ ဒေသဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း (၂)နှစ်ဆက်တိုက် သဘာဝဘေးဒဏ်ကိုခံထားရတဲ့အတွက်ကြောင့် ဒီဒေသမှာရှိနေတဲ့ တောင်သူတွေဟာ မိုးစပါးစိုက်ပျိုး ချေးငွေ ပြန်လည်ဆပ်နိုင်ရေးအတွက် အခက်အခဲများကြုံတွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းများကို ကျွန်တော်မေးမြန်းအပ်ပါတယ်။ မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုမှ လယ်သမားများ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ်မြစ်ရေတင်စနစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။ မှော်ဘီမြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှု ဒဏ်ကြောင့် အမှန်တကယ်ပျက်စီးဆုံးရှုံးခဲ့သော လယ်သမားများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးချေရန် အခက်အခဲဖြစ်နေမှုအပေါ် မည်ကဲ့သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ။   ။ လေးစားအပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၏ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု ကျေးရွာပေါင်း(၆)ရွာ၊ ကွင်းအမှတ် (၆၇ဝ)၊ (၆၇၁)၊ (၆၈၈) စုစုပေါင်းလယ်မြေဧက (၃ဝဝဝ)အား လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးနိုင်ရန် ၁၂.၃.၂ဝ၁၇ ရက်နေ့တွင် ပဏာမကွင်းဆင်းကြည့်ရှုခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင်၊ တောင်သူ(၅)ဦးနှင့်တွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာမှာ တောင်သူများမှ အမှန်တကယ် လိုအပ်ချက်ရှိပါကြောင်း၊ မိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်၍ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ပြီး နွေစပါးကိုစိုက်ပျိုးသော်လည်း မြေအောက်ရေ စက်ရေတွင်းများကိုသာ အားကိုး နေရခြင်း၊ ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးပါက ဒေသ အတွက်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ဒေသခံတောင်သူများ၏ သဘောထားကိုရရှိလာခဲ့ကြပါတယ်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေအရင်းအမြစ်အနေနဲ့ လျှပ်စစ်မြစ်ရေတင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လျှပ်စစ်ဓါတ်အားရရှိနိုင်မှု၊ ရေအရင်းအမြစ်ရရှိနိုင်မှု၊ ဒေသစီးပွားရေးတွက်ခြေကိုက်မှုရှိ/မရှိတို့ကို တွက်ချက်၍ စီမံကိန်းအကြိုဖြစ်မြောက် လေ့လာနိုင်မှု အခြေအနေကို အရင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်စွမ်းလေ့လာမှု ဏ့ပျငခေူူပ ှအကိပ လုပ်ငန်းများနှင့်အသေးစိတ်တိုင်းတာခြင်း ီနအငေူ ှကမလနပ ူသါသ ခူသကိပ နှင့် ီနျငါည တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံထားခြင်း မရှိသောကြောင့် အသေးစိတ်တိုင်းတာခြင်းနှင့် ီနျငါည ပုံထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဖြည့်စွက်ရန်ပုံငွေတောင်းခံ၍ရရှိပါက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် အမှန်တကယ်ပျက်စီးဆုံးရှုံးခဲ့သော လယ်သမားများ စိုက်ပျိုးစရိတ်ချီးမြှင့် ငွေပြန်လည်ပေးသွင်းရန် အခက်အခဲရှိနေတဲ့မေးခွန်းနဲ့ပတ်သက်လို့ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်သောဒေသမှ လယ်သမားများက ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခြင်း အချိန်နှင့်တပြေးညီ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့သို့ တင်ပြလာပါက ၎င်းအဖွဲ့မှ ချက်ချင်းကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို အဖွဲ့၏တွေ့ရှိချက်ဖြင့် ခရိုင်စိုက်ပျိုးရေး ညှိနှိုင်းအဖွဲ့သို့လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့မှထောက်ခံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်ဆင့်တင်ပြ၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုပါက ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းနိုင်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ပြည်ထောင်စုသို့တင်ပြရာတွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းခွင့်ပြုရန်ကိစ္စ ယခုအချိန်မှာတင်ပြထားခြင်းမရှိကြောင်း လုပ်ထုံးလုပ်နည်းနှင့်အညီသာ ဆောင်ရွက်နိုင်ပြီး အချိန်မီ တင်ပြနိုင်ရန်အတွက်လိုအပ်ကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကွမ်းခြံကုန်းမြို့နယ်ရှိ ချောင်းကောမြောင်းကောများကို ယခုလာမည့် ကြါိနအ ကာလတွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဖြစ်သည်၊            အစီအစဉ်ရှိပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၁

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမန်းအောင်ကိုမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအားလုံး မင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်က တော့ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ်ဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေတဲ့ မြို့ဖြစ်ပါတယ်။ မိုးစပါးဧက (၁၂ဝဝဝဝ)ကျော်ရှိပြီးတော့ နွေစပါးဧကဟာ ၁၉၉၂ – ၁၉၉၄ လောက်မှာ ဧက (၃ဝဝဝဝ) နီးပါးလောက် စိုက်ပျိုးနိုင်ခဲ့ပြီးတော့ ယခုအခါမှာ ချောင်းများတိမ်ကောမှုကြောင့် အခြားသော လိုအပ်ချက်များကြောင့် သော်လည်းကောင်း၊ ဧက(၁၈ဝဝဝ)လောက်သာ စိုက်ပျိုးနိုင်ခဲ့တာကို သိရှိရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကွမ်းခြံကုန်းမြို့နယ်မှာ တောကြီးတန်းဒေသနှင့် ထီးတန်းဒေသဆိုပြီးရှိပါတယ်။ တောကြီးတန်းဒေသဟာ ရေချိုရရှိတဲ့ဒေသဖြစ်ပြီးတော့ လယ်မြေ အများစုဟာ နှစ်သီးစားစိုက်ပျိုးလို့ရတဲ့ လယ်များပဲဖြစ်ပါတယ်။ ယခုအခါ မန်းကလစ်ချောင်းမကြီး အပါအဝင် ချောင်းများစတဲ့ ချောင်းများတိမ်ကောမှုကြောင့် ရေရရှိမှုမရှိတဲ့အတွက်ကြောင့်မို့လို့ နွေစပါးစိုက်ပျိုးလို့မရတဲ့အပြင် မိုးများစွာ ရွာသွန်းတဲ့အခါမှာလည်း ရေနှုတ်မြောင်းတွေ တိမ်ကောတဲ့ အတွက်ကြောင့်မို့လို့ အချို့လယ်မြေတွေဟာ မိုးစပါးစိုက်ပျိုးလို့ မရရှိတဲ့အတွက်ကြောင့်မို့လို့ လယ်ယာမြေပျက်စီးနေရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကွမ်းခြံကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ချောင်းကော၊ မြောင်းကောများပြန်လည်တူးဖော်နိုင်ရေးအတွက် တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်ရဲ့ တောကြီးတန်းဒေသမှာရှိတဲ့ ချောင်းမြောင်းရဲ့အပိုင်းတစ်ခုကို တင်ပြခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနီရောင်နဲ့ မန်ကလစ်ချောင်းမကြီးရယ်၊ မရမ်းချောင်းမကြီး ရယ်ဆိုပြီး အဲဒီချောင်း (၂)ခုက လှော်ကတက်ချောင်းမကြီးကို ဖြတ်ပြီးတော့ ကွမ်းခြံကုန်းမြို့နယ်ကို ဖြတ်ပြီးတော့ ဒါတိုးမြစ်ထဲကို စီးဆင်းရတာဖြစ်ပါတယ်။ ဒီချောင်းမကြီးတွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ကော့မှူးမြို့နယ်မှာရှိတဲ့ ရေတွေက ဒီချောင်းတွေကနေဖြတ်ပြီးတော့ စီးဆင်းရရှိ တဲ့အနေအထားရှိပါတယ်။ ဒီချောင်းမြောင်းနဲ့ပတ်သက်တဲ့ လယ်ယာမြေတွေဟာ အနည်းဆုံး ၉ဝ% ၊၈ဝ % နီးပါးလောက်သာ မိုးတွင်းမှာဆိုရင် ရေကြီးနစ်မြုပ်တဲ့ဒဏ်ကို ခံစားနေရတဲ့ အနေအထား ပဲဖြစ်ပါတယ်။ ဒါကတော့ ချောင်းမြောင်းတွေရဲ့ တိမ်ကောနေတဲ့အခြေအနေကို တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ရေကြီးနစ်မြုပ်ပြီးတော့ လယ်ယာမြေတွေပျက်စီးပြီး စပါးပင်တွေ ပျက်စီးနေတဲ့ အနေအထားပဲဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေသရဲ့တောင်းခံမှုအရ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဆည်မြောင်းဌာန အပါအဝင် ကျွန်တော်တို့ ကွင်းဆင်းလေ့လာတဲ့အခါမှာ ကွမ်းခြံကုန်းမြို့နယ်မှာ လုပ်ငန်းပေါင်း ချောင်းကောမြောင်းကော အပါအဝင် လုပ်ငန်းပေါင်း (၁၁၆)ခုလောက်ကို ဆောင်ရွက်ရမယ့်အနေအထားကို တွေ့ရှိရပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကွမ်းခြံကုန်းမြို့နယ်တွင် ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှာ တော်ပြာ ရေတံခါးဆောက်လုပ်ခြင်း၊ သခွပ်မြစ်ချောင်းတူးဖော်ခြင်း အပါအဝင်လုပ်ငန်း(၆)ခု တူးဖော်နိုင် ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှာတော့ ဆည်မြောင်းဦးစီးဌာနက နေပြီးတော့ မန်ကလစ်ချောင်းမကြီးနဲ့ ချောင်းမကြီးအပါအဝင် တော်ကူးအနောက် နွေစပါး မြောင်းတူးဖော်ခြင်းအပါအဝင်လုပ်ငန်း (၃၈)ခုတင်ပြတောင်းခံထားတာ ကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းချင်တာက မေးခွန်းနံပါတ်(၁) ကွမ်းခြံကုန်း မြို့နယ်ရှိ ချောင်းကောမြောင်းကောများကို ယခုလာမည့်ဘတ်ဂျက်နှစ်မှာ တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် တူးဖော်ပေးမည်နှင့်အစီအစဉ်မရှိပါက မည်သည့် အတွက်ဖြစ်ကြောင်း သိရှိလိုပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ။         ။ လေးစားအပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းရဲ့ အဖြေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ရန်ပုံငွေတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိသည့်အပေါ် နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ် (၁၂)မြို့နယ်၊ လုပ်ငန်း (၁၂၅)ခုကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့နေရာမှာ ကွမ်းခြံကုန်းမြို့နယ်အတွက် ချောင်းကောမြောင်းကောတူးဖော်ခြင်းလုပ်ငန်း (၆)ခု၊ အလျား (၂ဝ.၇၂)မိုင်နှင့် တော်ပြာရေတံခါး တည်ဆောက်ခြင်းလုပ်ငန်း (၄) ပေ x (၄)ပေ၊ (၃)ပေါက်တို့ကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါတယ်။ ဘဏ္ဍာငွေခွဲဝေရရှိမှုအခြေအနေအရ ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း၌လည်း ကွမ်းခြံကုန်းမြို့နယ်အတွင်း ချောင်းကောမြောင်းကော တူးဖော်ခြင်းလုပ်ငန်း (၂၂)ခု၊ အလျားမိုင် (၂၇.၉၃)မိုင်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရထံသို့ ရန်ပုံငွေတင်ပြတောင်းခံ ထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိပါက လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ထန်းတပင်မြို့နယ်အတွင်းရှိ လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲခြင်း၊ ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အိမ်ရာကွက်များအကွက်ဖော်၍ ရောင်းချခြင်း၊ စက်ယန္တရားများဖြင့် လမ်းများဖို့၍ လျှပ်စစ်မီးတိုင်များ စိုက်ထူဆောင်ရွက်နေခြင်း၊ ဆည်မြောင်းတာဘောင် ပေါ်တွင် အိမ်ရာကွက်များရိုက်၍ ကိုယ်ကျိုးစီးပွားအတွက်ရောင်းချခြင်း၊ ထိုသို့ပြုလုပ် နေသည်ကို သက်ဆိုင်ရာဌာန အကြီးအကဲများမှ ကွင်းဆင်းစစ်ဆေးတားမြစ်သော်လည်း ဆက်လက်လုပ်ဆောင်နေမှုအပေါ် ထိရောက်စွာဥပဒေနှင့်အညီ အရေးယူနိုင်ရန် ရှိ/မရှိကို                                                      သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၇

ဥက္ကဋ္ဌ။          ။ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်ဘုန်းကျော်စံဦး၊ ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ မင်္ဂလာပါခင်ဗျား။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး ဖြစ်ပါတယ်။ ကျွန်တော်မေးမြန်းမှာကတော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များစွာမှာ လယ်ယာမြေအား ဥပဒေနှင့်အညီ အခြားနည်းသုံးစွဲ ခွင့်ပြုချက်ရယူခြင်းမရှိပါဘဲ လမ်းများဖို့ခြင်း၊ အိမ်ရာကွက်များရိုက်ခြင်း၊ လျှပ်စစ်ဓါတ်တိုင်များ စိုက်ထူ ခြင်း၊ အခိုင်အမာအိမ်ရာများဆောက်လုပ်ခြင်း၊ ရေကန်များတူးဖော်ခြင်း၊ တည်းခိုခန်းအဆောက်အဦ များဆောက်လုပ်နေမှုနှင့်ပတ်သက်ပြီး မေးမြန်းမှာဖြစ်ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်မှစပြီး ကျွန်တော် တို့ ထန်းတပင်မြို့နယ်မှာဆိုရင် တက်သစ်ကျွန်း၊ ဘောလယ်ကျွန်း(၂)ခုရှိသည့်အနက် တက်သစ်ကျွန်း ဒေသမှာ ရိုးကြီးအုပ်စု၊ ထိန်ပင်ကုန်းအုပ်စု၊ ဝါးတစ်ရာအုပ်စု၊ ထိန်တစ်ပင်အုပ်စု၊ တူးချောင်းကျေးရွာ အုပ်စုများမှာ ကိုယ်ကျိုးရှာသူများဟာ လယ်သမားတွေဆီကနေပြီးတော့ လယ်ယာမြေတစ်ဧကကို သိန်း (၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ၊ ၈ဝဝ )အထိ ၄င်းနှုန်းထားများဖြင့် ဝယ်ယူပြီးတော့ လမ်းဖောက်ခြင်း၊ အိမ်ရာကွက်များရိုက်ခြင်း၊ ဓါတ်တိုင်များစိုက်ခြင်း၊ စက်ယန္တရားများဖြင့် အသုံးပြုကာ ဆက်တိုက် လုပ်ကိုင်နေမှုများရှိခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်များမှာ ကျွန်တော်ဒေသမှမြေဈေးကွက်ဟာဆိုရင် ပေ(၂ဝx၆ဝ)မြေတစ်ကွက်ရဲ့တန်ဖိုးဟာ (၁၅)သိန်းကနေပြီးတော့ သိန်း(၂ဝဝ၊ ၃ဝဝ၊ ၅ဝဝ၊ ၈ဝဝ) အထိကို မြင့်တက်လျက်ရှိပါတယ်။ ထို့အပြင် ဝါးတစ်ရာအုပ်စုနှင့် ထိန်ကောအုပ်စုကြား အနောက်ပိုင်း တက္ကသိုလ်ဝင်း ရေဝပ်ရေတင်ကင်းဝေးစေရန်အတွက် ဖောက်လုပ်ထားသော ဝါးတစ်ရာအုပ်စု အတွင်း ဆည်မြောင်းရှိပါတယ်။ ဆည်မြောင်းဘောင်ပေါ်မှာ ထိန်ကောအုပ်စု ရာအိမ်မှူးနှင့် အခြား စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က မြေကွက်ရိုက်ပြီးတော့ ကိုယ်ကျိုးရှာ ရောင်းချထားပါတယ်။ ထို့အပြင် ဓါတ်တိုင်များစိုက်တယ်။ ရပ်ကွက်သဖွယ် ဥပဒေမဲ့နေထိုင်ခြင်းများပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ သို့ဖြစ်ပါ၍ ၈.၂.၂ဝ၁၇ ရက်နေ့မှာ ဥပဒေမဲ့ပြုလုပ်နေမှုများအပေါ် ထန်းတပင် မြို့နယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကွင်းဆင်းစစ်ဆေး တားမြစ်သော်လည်း နေ့လည်ပိုင်းတွင် လုပ်ငန်းတွေကို ရပ်ဆိုင်းပြီးတော့ ညပိုုင်းမှာစက်ယန္တရား များဖြင့်ပြီးစီးသည့်တိုင် မထီမဲ့မြင်ဆက်လက်လုပ်ကိုင်နေသည်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါ။ ဒါကတော့ ထိန်ကောအုပ်စုမှာ မြေကွက်တွေရိုက်ပြီးတော့ ကျောက်တိုင်များ စိုက်ပြီးတော့ အကွက်ချထားတဲ့ပုံစံဖြစ်ပါတယ်။ ဒါလည်း ထိန်ကောမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ အခြားနည်းသုံးစွဲခွင့်မရဘဲနဲ့ အဆောက်အဦအကြီးမားတွေ အနောက်ပိုင်းတက္ကသိုလ်လမ်းမကြီး ဘေးမှာပဲ ဆောက်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။ ဒါလည်း ထိန်ကောအုပ်စုမှာပဲ ဖြစ်ပါတယ်။ဒါက ထိန်တပင်အုပ်စုမှာ ဖြစ်ပါတယ်။ ဒါက ရိုးကြီးရိုးလေးအုပ်စုမှာ ဖြစ်ပါတယ်။ ဒါက ထိန်ကောအုပ်စုမှာ ဖြစ်ပါတယ်။ ဒါကလည်း ထိန်ကောအုပ်စုမှာ ဖြစ်ပါတယ်။ ဒါလည်း ထိန်ကောအုပ်စုအတွင်း မှာဆောက်လုပ်ထားတဲ့ အဆောက်အဦပါ။ ဒါတော့ ဆောက်လုပ်ဆဲ အဆောက်အဦပါ။ ဒါကတော့ ရေကူးကန်နဲ့ တည်းခိုခန်းဆောက်ဖို့အတွက် ယာယီဆောက်လုပ်ထားတဲ့အဆောက်အဦပါ။         ရေကူးကန်ဆောက်လုပ်ပြီး ဝင်ကြေးတွေနဲ့ငှားရမ်းပြီးတော့ အသုံးချနေဆဲ ဖြစ်ပါတယ်။ ဒါ ဆောက်လုပ်ဆဲ အဆောက်အဦပါ။ ဒါကတော့ ဆည်မြောင်းဘောင်ပေါ်မှာရှိတဲ့ ကျူးကျော်နေအိမ်များဖြစ်ပါတယ်။ ဒါလည်း ဆည်မြောင်းဘောင်ပေါ်မှာရှိတဲ့ ကျူးကျော်နေအိမ်များဖြစ်ပါတယ်။ ဒါကတော့ ထိန်ကော အုပ်စုမှာရှိတဲ့ ရာအိမ်မှူးနဲ့ တစ်ခြားလုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့ လယ်ယာမြေတွေကို အကွက်ရိုက်ပြီးတော့ လမ်းတွေဖောက်ပြီးတော့ ဥပဒေမဲ့လုပ်နေတဲ့အနေအထား ဖြစ်ပါတယ်။ ဒါလည်း ထိန်ကောအုပ်စုမှာဘဲ ဖြစ်ပါတယ်။ ထိန်ကောအုပ်စုမှာပါ။ ဒါက ဆည်မြောင်းဘောင် ပေါ်မှာပါ။ ဒါက ဆည်မြောင်းဘောင်ပေါ်က ကျူးကျော်အိမ်တွေမှာ ဓါတ်တိုင်တွေစိုက်ပြီး ကွန်ကရစ် ခင်းပြီးတော့ ရပ်ကွက်သဖွယ် ဥပဒေမဲ့နေထိုင်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါလည်း ဆည်မြောင်း ဘောင်ပေါ်မှာပါ။ ဒါကတော့ လယ်ကွက်ထဲမှာ အခြားနည်းသုံးစွဲခွင့်မရဘဲနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦဖြစ်ပါတယ်။ ဒါကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကွင်းဆင်းဆောင်ရွက်ပြီး တားမြစ်တဲ့အနေအထားဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ သို့ဖြစ်ပါ၍ ထန်းတပင်မြို့နယ်အတွင်းရှိ လယ်ယာမြေများပေါ်တွင် အခြားနည်းသုံးစွဲခြင်း၊ ခွင့်ပြုချက်မရယူဘဲ အိမ်ရာကွက်များရိုက်၍ အကွက်ဖော်ရောင်းချခြင်း၊ စက်ယန္တရားများဖြင့် လမ်းများဖို့၍ လျှပ်စစ် မီးတိုင်များစိုက်ထူဆောင်ရွက်ခြင်း၊ ဆည်မြောင်းတာဘောင်ပေါ်တွင် အိမ်ရာကွက်များရိုက်၍ ကိုယ်ကျိုးစီးပွားအတွက် ရောင်းချခြင်း၊ ထိုသို့ပြုလုပ်နေသည်များကို သက်ဆိုင်ရာဌာန အကြီးအကဲ များမှ ကွင်းဆင်းစစ်ဆေးတားမြစ်သော်လည်း ဆက်လက်ဆောင်ရွက်နေမှုအပေါ် ထိရောက်စွာ ဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ။         ။ လေးစားအပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦးရဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်လို့ စာပိုဒ်(၁)အနေနဲ့ ကျွန်တော့်အား ဖြေကြားခွင့်ပြုပါခင်ဗျား။ စာပိုဒ်(၁)အနေနဲ့ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မဲ့ လူနေ အိမ်ရာအဖြစ် အသုံးပြုကျူးလွန်မှုအခြေအနေမှာ ကျေးရွာအုပ်စု(၁၃)စု၊ တောင်သူဦးရေ(၃ဝ၉)ဦး ဧရိယာ (၁၁၅၉)ဧက၊ ဒီကျူးလွန်မှုကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေပြဋ္ဌာန်းပြီးနောက်တွင် အပိုင်ကျူးလွန်ခဲ့တဲ့အရေအတွက် စာရင်းဇယားဖြစ်ပါတယ်။ အဆိုပါ ကျူးလွန်မှုအပေါ် လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ ၊ အမိန့်ချမှတ်ခဲ့သည့် ကျေးရွာအုပ်စု (၁၄)စု၊ လူဦးရေ (၁၃၆)ဦး၊ ဧရိယာ(၆၆၁) ဧက၊ အမိန့်ထုတ် စစ်ပြီးနောက် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း လယ်ယာမြေဥပဒေပုဒ်မ ၂ဝ အရ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ တရားစွဲဆိုခဲ့သည့်ကျေးရွာအုပ်စု (၆)အုပ်စု၊ တရားစွဲဆိုဦးရေ (၁ဝ)ဦး၊ ဧရိယာ (၄၉)ဧကအား တရားစွဲဆိုခဲ့ပါတယ်။ စာပိုဒ် (၃)အဆိုပါစွဲဆိုခဲ့သည့် ဦးရေ (၁ဝ) ဦး အပေါ် တရားရုံးမှပြစ်ဒဏ်အမိန့်ဒီဂရီချမှတ်ရာတွင် (၂)ဦးအား ထောင်ဒဏ်(၆)လ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ ကျန် (၈)ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွတ်ပြီး မှားယွင်းမှုအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ စာပိုဒ်(၄)လယ်ယာမြေဥပဒေပုဒ်မ ၁၂ ၊ ပုဒ်မခွဲ(ဆ)၊ (ဇ)၊ (ဈ)အရ လိုက်နာခြင်းမရှိသည့် လယ်ယာမြေလုပ်ကိုင်ခြင်းရရှိသူ သို့မဟုတ် လယ်ယာမြေလုပ်ပိုင်ခွင့်ကို တစ်ဆင့် လွှဲပြောင်းရယူသူတို့အား ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကျူးလွန်သူအား လယ်ယာမြေဥပဒေနှင့်အညီ လိုက်နာရန်အသိပေးအကြောင်းကြားစာထုတ်ပြီးနောက် လိုက်နာခြင်း မရှိသူတို့အား မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ(ဂ)၊ (ဃ)အရ အမိန့်ချမှတ်ဆောင်ရွက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ချမှတ်သော ပုဒ်မ ၁၉ ပါအမိန့်အား လိုက်နာခြင်းမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂ဝ အရ တရားစွဲဆိုဆောင်ရွက် သွားနိုင်ကြောင်း ဖြေကြားအပ်ပါတယ်။ ဒီဆောင်ရွက်ရမည့်လုပ်ငန်းသည် စာပိုဒ် (၄)ပါ လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ ၊ ပုဒ်မခွဲ (ဆ) (ဇ) (ဈ) အဆင့်ဆင့်ဆောင်ရွက်ပြီးတော့ လိုက်နာခြင်းမရှိလျှင်         ပုဒ်မ ၁၉၊ ၂ဝ ဖြင့် ဆောင်ရွက်သွားဖို့ပဲလိုအပ်ကြောင်း ဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူး       တင်ပါတယ်။

မုတ္တမပင်လယ်၏သောင်ထွန်းမြေများကို ကျောက်တန်းမြို့နယ်အတွင်း ချထားပေးခဲ့သော ဧရိယာများအား ရွာချင်းအလိုက် စိစစ်ချထားပေးခဲ့သော နှစ်အလိုက်စာရင်းကို သိရှိလို ပါကြောင်း၊ လုပ်ပိုင်ခွင့်ကိုချထားမြေထက်ပို၍လုပ်ကိုင်နေသော လုပ်ငန်းရှင်များအတွက်                                      အရေးယူမှုအခြေအနေကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၇

ဥက္ကဋ္ဌ။          ။ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါ်သက်သက်မူ၊ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။       ။ လေးစား အပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေရှင်။ ကျွန်မကတော့ ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ ဖြစ်ပါတယ်။ ကျောက်တန်းမြို့နယ် မုတ္တမပင်လယ်ပေါက် ရှိ ကျေးရွာ(၁ဝ)ရွာမှ ပေါ်ထွန်းလာတဲ့သောင်ထွန်းမြေများကို ရွာချင်းအလိုက်နှင့်နှစ်အလိုက် ခွဲဝေ ချထားမှုနဲ့ ရရှိတဲ့လုပ်ပိုင်ခွင့်ဧရိယာထက်ကျော်လွန်ပြီး လုပ်ငန်းလုပ်ကိုင်နေသူများကို မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကို သိရှိလိုပါသောကြောင့် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရခြင်းဖြစ်ပါတယ်။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မရဲ့မဲဆန္ဒနယ်အတွင်းမှ မုတ္တမပင်လယ်ကမ်းစပ် ကျေးရွာအုပ်စု(၁ဝ)အုပ်စုပါရှိပါတယ်။ မုတ္တမပင်လယ်ကမ်းစပ်မှာ သောင်ထွန်းလာပြီးကျေးရွာမြေ ဧရိယာတွေကျယ်ပြန့်လာခဲ့တာမို့ ၁၉၆ဝ ခုနှစ်မှာ ဗျွီဃ တာ၊ ၂ဝဝဝ ခုနှစ်မှာ မရမ်းဇွဲဘာကမ်းပတ် တာတို့ တည်ဆောက်လာခဲ့ပြီး တာနှစ်ခုကြားက သောင်ထွန်းမြေများကို လယ်ယာမြေများအဖြစ် သတ်မှတ်ပြီးတော့ စပါးစိုက်ပျိုးခွင့်ပြုခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကိုတတ်နိုင်သမျှ ဖြည့်ဆည်းတိုးမြှင့်ခဲ့ပါတယ်။ ယခု ကျွန်မတင်ပြလိုတာက ၂ဝဝဝ ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ မရမ်း ဇွဲဘာကမ်းပတ်တာအောက်မှာရှိတဲ့ သောင်ထွန်းမြေများကို နှစ်စဉ်ခွဲဝေချထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ကိုင်လိုတဲ့ လုပ်ငန်းလျှောက်ထားသူများနဲ့ စိုက်ပျိုးမြေလျှောက် ထားတဲ့ လယ်ယာမဲ့တွေ သောင်ထွန်းမြေများခွဲဝေပေးရာမှာ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများအတွက် (တစ်ယူနစ်)လုပ်ကိုင်ခွင့် ဧက ၅ဝ သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မွေးမြူရေး လုပ်ကိုင်သူတွေကို ဧက(၅ဝ)မက ပင်လယ်ရောက်တဲ့အထိ မြေတူးစက်များဖြင့်တူးယူပြီး ငါး၊ ပုဇွန်မွေးမြူတဲ့အတွက် ပင်လယ်ပြင်မှထွန်းလာတဲ့ သောင်ထွန်းမြေဟာ မွေးမြူရေးလုပ်ငန်းရှင်များ အတွက်သာ ဖြစ်နေပါတယ်။ သူတို့ဟာ မွေးမြူရေးအတွက် လုပ်ကိုင်ခွင့်ရတဲ့မြေပေါ်မှာ တရားမဝင် ဆန်စပါးစိုက်ပျိုးမှုတွေကိုလည်း ပြုလုပ်နေရပါတယ်။ ဒါ့အပြင် တိုးချဲ့ယူထားတဲ့ မြေတွေကို လက်ညှိုးထိုးပြီး အရောင်းအဝယ်ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ လုပ်ငန်းခွဲဝေပေးခဲ့စဉ်က နယ်မြေဒေသခံမဟုတ်တဲ့ လူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများပါရှိပြီး လယ်ယာမဲ့တွေရဲ့ စိုက်ပျိုးမှု အိမ်မက်ကတော့ အကောင်အထည်ဖော်ဆောင်မှု နည်းပါးခဲ့ပါတယ်။ စိုက်ပျိုးမြေဆိုတာ မြေသား မာကျောပြီး မြေညစ်မှစိုက်လိုက်ရတယ်လို့ သတ်မှတ်ချက်က ဒီအခြေအနေကို အားပေးနေ သလို ဖြစ်နေပါတယ်။ ကျွန်မကိုယ်တိုင် နယ်မြေကွင်းဆင်းပြီး ဒေသခံပြည်သူတွေဖြစ်တဲ့ မွေးမြူရေး လုပ်ငန်းရှင်များ၊ လယ်ယာမဲ့ပြည်သူများနဲ့ တွေ့ဆုံမေးမြန်းတဲ့အခါမှာ မေးမြူရေးလုပ်ငန်းသမားတွေက သူတို့ရဲ့ လုပ်ကွက်ရှိဖြစ်တဲ့ ပင်လယ်ဘက်အခြမ်းကို ဘယ်သူ့ကိုမှလုပ်ကိုင်ခွင့်မပေးလိုကြောင်း ရေလမ်းအပိတ် မခံနိုင်ကြောင်း ပြောပါတယ်။ လယ်ယာမဲ့တွေကလည်း သောင်ထွန်းမြေကို စိုက်ပျိုးမြေအဖြစ် ချထားပေးစေချင်ကြပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ မြေသားမာကျောမှ မြေမြင့်မှ လယ်ယာမြေအဖြစ်ခွဲဝေပေးမယ်ဆိုရင် မြေမာတွေက မွေးမြူရေး သမားတွေရဲ့လက်ထဲမှာပဲ ရှိနေပါတယ်။ ပင်လယ်ပေါက်ဖြစ်တဲ့ မြေပျော့ကိုမစွန့်လွှတ်နိုင်တာကလည်း မွေးမြူရေးသမားတွေရဲ့ တောင်းဆိုမှုပဲ ဖြစ်နေပါတယ်။ ဒါဆိုရင် တစ်ခုကို ဆုတ်ကိုင်ရင် တစ်ခုကို စွန့်လွှတ်မှ တရားမျှတမှာ ဖြစ်တဲ့အတွက် အခြေအနေအရ စိုက်ပျိုးမြေနဲ့ မွေးမြူရေးမြေကို ခွဲခြားပေးထားသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ မာကျောနေတဲ့မြေတွေကို စိုက်ပျိုးရင် ထပ်မံ သောင်ထွန်းလာတဲ့ မြေတွေကိုမွေးမြူရေးမြေအဖြစ် ခွဲခြားသတ်မှတ်ပေးစေချင်ပါတယ်။ ဒီလိုခွဲခြား နိုင်ဖို့အတွက် တတိယကမ်းပတ်တာတစ်ခုကို မဖြစ်မနေထပ်မံတည်ဆောက်သင့်ကြောင်း ဆွေးနွေး အကြံပြုလိုပါတယ်။ ဒါမှလည်း တရားမျှတမှုရှိပြီး လယ်ယာမဲ့တွေအတွက် ဆင်းရဲမွဲတေမှု အလုပ်အကိုင်ရှားပါးမှုမှကင်းလွတ်ပြီး နိုင်ငံတော်အတွက် ထိုက်သင့်တဲ့အခွန်အခရရှိမှာ ဖြစ်ပါတယ်။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ကျွန်မတို့အစိုးရက ပြည်သူ့အတွက် ဦးစားပေးစဉ်းစား သင့်ပြီးလို့ အကောင်အထည်ဖော်သင့်ပြီလို့ ကျွန်မထင်ပါတယ်။ မရမ်းဇွဲဘာကမ်းပတ်တာနှင့် ထပ်မံတည်ဆောက်မည့် တာရဲ့အကြားမှမြေကို လယ်ယာမြေအဖြစ်သတ်မှတ်ပေးပြီး တတိယတာရဲ့ ပင်လယ်ဘက်အခြမ်းက မြေကိုသာ မွေးမြူရေးဇုန်အဖြစ်သတ်မှတ်ပြီး ဧရိယာများတိကျစွာ ချမှတ်ပေးသင့်ကြောင်း တင်ပြလိုပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်၊ မြေပေါ် မြေအောက်သယံဇာတပေါများလှသည့် မုတ္တမပင်လယ်သောင်ထွန်းမြေဟာ နိုင်ငံ့ရတနာတစ်ပါး ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်မှတစ်ဆင့် ထွက်ပေါက်/ ဝင်ပေါက်အဖြစ် သတိပြုသင့်တဲ့နေရာလည်း ဖြစ်ပါတယ်။ အဲဒီ ထွက်ပေါက်/ဝင်ပေါက်ကနေ နယ်မြေလုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစား စေချင်ပါတယ်။ နယ်မြေအတွက် လိုအပ်ချက်ဖြစ်နေတဲ့ တတိယကမ်းပတ်တာတည်ဆောက်ပြီး နေရာများကိုလည်း ချထားပေးစေလိုပါတယ်။ အဲဒီတော့ သောင်ထွန်းမြေမှရလာမည့် အကျိုးအပြစ် တွေအတွက် စဉ်းစားဆင်ခြင်ပြီး ကျွန်မရဲ့မေးခွန်းများဖြစ်တဲ့   မုတ္တမပင်လယ်သောင်ထွန်းမြေများကို ရွာချင်းအလိုက်နှစ်စဉ်ချထားမှု သတ်မှတ်ဧရိယာထက် ကျော်လွန်လုပ်ကိုင်နေသော မွေးမြူရေး လုပ်ငန်းရှင်များကို ပြန်လည်စိစစ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ။ ရှိလျှင် မည်သည့်အချိန် မည်သို့ မည်ပုံဆောင်ရွက်မည်၊ မရှိလျှင် မည်သည့်အတွက်ကြောင့် အစီအစဉ်မရှိကြောင်းနှင့် တတိယ ကမ်းပတ်တာ တည်ဆောက်နိုင်မှုအခြေအနေ ရှိ/မရှိ။ ရှိလျှင် မည်သည့်အချိန် မည်သို့မည်ပုံ ဆောင်ရွက်မည်၊ မရှိလျှင် မည်သည့်အတွက်ကြောင့် မတည်ဆောက်နိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းရခြင်းဖြစ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးဟံထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ။         ။ လေးစားအပ်သော ရန်ကုန်တိုုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူ၏ မေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော်ဖြေကြားသွားမှာ ဖြစ်ပါတယ်။ မေးခွန်း(၁)နဲ့ ပတ်သက်လို့ မုတ္တမသောင်ထွန်းမြေကို ကျောက်တန်းမြို့နယ်အတွင်း ရွာအလိုက်စိစစ်ချထားပေးသည့် နှစ်အလိုက်စာရင်းကို ကျွန်တော်က ဏသတနမ ဏသငညအ ဖြင့် တင်ပြထားပါတယ်။ ဒီစာရင်းမှာ ၂ဝ၁၂ ခုနှစ် မတိုင်မီ လန – ၃၉ ခွင့်ပြုချက်နဲ့ လျှောက်ထားတဲ့ မွေးမြူရေးအတွက် လျှောက်ထားတဲ့မြေများ ဖြစ်ပါတယ်။ ဒီစာရင်းကတော့ တည်ဆဲမြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေအရ ခွင့်ပြုမိန့်ချ ထားပေးခဲ့တဲ့ စာရင်းဇယားများဖြစ်ပါတယ်။ ဒီစာရင်းများကိုကြည့်လိုက်လို့ရှိရင် ၂ဝ၁၆ ခုနှစ် မတ်လအတွင်းမှာ ခွင့်ပြုခဲ့တာ အများဆုံးပါဝင်ပါတယ်။ ထိုနည်းတူစွာပဲ မွေးမြူရေးလုပ်ငန်းအတွက် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ ချထားပေးမှုအခြေအနေစာရင်းဖြစ်ပါတယ်။ ဒါကလည်း ၂ဝ၁၆ ခုနှစ် မတ်လမှာ ခွင့်ပြုချက်နဲ့ချထားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလုပ်ပိုင်ခွင့်ကို ချထားပေးသည်ထက်ပို၍ လုပ်ကိုင် နေသော လုပ်ငန်းရှင်များအတွက် အရေးယူမှုအခြေအနေနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကိုချထားပေးသည် ထက်ပို၍ လုပ်ကိုင်နေသောလုပ်ငန်းရှင်များအတွက် ၂ဝ၁၂ ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေနှင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ ၁၆.၁.၂ဝ၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆/၂ဝ၁၅ ထွက်ရှိပြီးတဲ့နောက်ပိုင်း နိုင်ငံတော်ကစီမံပိုင်ခွင့်ရှိသည့် မြေလွတ်မြေလပ်နှင့်မြေရိုင်းများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေမှုအား တားမြစ်ခြင်း၊ ယင်းကဲ့သို့ တားမြစ်အကြောင်းကြားသော်လည်း ကျူးကျော်လုပ်ဆောင်သူက အဆိုပါမြေပေါ်မှ ထွက်ခွာခြင်းမရှိပါ ကတရားစွဲဆိုမည်ဖြစ်ကြောင်း အသိပေးစာထုတ်ပြန်ခြင်း၊ ယင်းကဲ့သို့ အသိပေးစာထုတ်ပြန်သော်လည်း ကျူးကျော်သူကသိလျက် လိုက်နာရန်ပျက်ကွက်ခြင်း ထင်ရှားပါက မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ မည်သူမဆိုဝင်ရောက်ကျူးကျော်သူများနှင့် လုပ်ပိုင်ခွင့်ကိုချထားပေး သည်ထက်ပို၍ လုပ်ကိုင်နေသောလုပ်ငန်းရှင်များအား ဌာနအနေဖြင့် တရားစွဲဆိုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ဥပဒေပုဒ်မ ၂၆ တွင် (၂)နှစ်ထပ်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်စလုံးဖြစ်စေ၊ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားရှိ ပါတယ်။ တတိယကမ်းပတ်တာနဲ့ပတ်သက်လို့ ဒီဆောင်ရွက်တဲ့ကိစ္စမှာ ခုနက ကျွန်တော်တင်ပြသွားတဲ့ အရှေ့က မေးခွန်းတစ်ခုလိုပါပဲ ကျွန်တော်တို့ တိုင်းတာမှုဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုန်ကျမည့် ငွေများတွက်ချက်ဖို့လိုပါတယ်။ အဲဒါကြောင့် ဒီဟာတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြပြီးမှသာ ဆောင်ရွက်နိုင်မည့်အခြေအနေဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားအပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်ရှိ ဧရာလမ်းမကြီး အား အရှည် ၃၄၅ဝ ပေ၊ အကျယ် ၂ဝ ပေ၊ အထူ(၉) လက်မရှိသော ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်                                       ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၆

ဥက္ကဋ္ဌ။          ။ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစား ရပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်ကတော့ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် ဖြစ်ပါတယ်။ ဒီကနေ့ ကြယ်ပွင့်ပြမေးခွန်း(၂)ခုကို ဆက်တိုက်မေးပါမယ်။ လေးစားရပါ သော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ညရပ်ကွက်၊ အရှည် (၃၄၅ဝ)ပေ၊ အကျယ်(၂ဝ)ပေရှိသော ဧရာလမ်းမကြီးတစ်ခုရှိပါတယ်။ အဲဒီ လမ်းမကြီးဟာ ရဟန်းရှင်သူပြည်သူများ၊ ကျောင်းသားများ၊ ထောင်ပေါင်းများစွာ အားထားရသော လမ်းမကြီးတစ်ခုဖြစ်ပါတယ်။ ဒါအပြင် သုဓမ္မာလမ်းနှင့် အမှတ်(၃)လမ်းမကြီးကို ချိတ်ဆက်ပေးသော မဟာဗျူဟာမြောက်သည့် လမ်းတစ်ခုလည်းဖြစ်ပါတယ်။ မိုးတွင်းအခါမှာ လမ်းမကြီးဟာ ရေနစ်မြှုပ် ၍သွားရေးလာရေးအခက်အခဲတွေကို ရဟန်းရှင်သူပြည်သူများ၊ ကျောင်းသားလူငယ်အပေါင်းတို့ ခံစားနေရပါတယ်။ ဏသတနမ ဏသငညအ ဖြင့်ဖော်ပြခွင့်ပြုပါခင်ဗျား။ အခုလမ်းမကြီးရဲ့အနေအထား ဖြစ်ပါတယ်။ ထို့ကြောင့် ရဟန်းရှင်သူပြည်သူအပေါင်းတို့ ခံစားနေရသော အခက်အခဲများကိုဖြေရှင်း နိုင်ရန်အတွက် ပြည်သူလူထု၏ဆန္ဒအရ အောက်ဖော်ပြပါကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ မေးခွန်း(၁) ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ည)ရပ်ကွက်ရှိ ဧရာလမ်းမကြီးအား အရှည် (၃၄၅ဝ)ပေ၊ အကျယ်(၂ဝ)ပေ၊ အထူ(၉) လက်မ ရှိသော ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက်ရှိ ဘုမ္မာ (၂ဝ)လမ်းအား အရှည် ၁၃ဝဝ ပေ၊ အကျယ် ၁၄ ပေ၊ အထူ(၆) လက်မရှိသော ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက                  မည်သည့်အချိန်တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၁ဝ

ဥက္ကဋ္ဌ။          ။ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လေးစားရ ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၊ (ည)ရပ်ကွက်တွင် ဘုမ္မာ(၂ဝ)လမ်းရှိပါတယ်။ ၎င်းလမ်းသည် အရှည်အားဖြင့် (၁၃ဝဝ)ပေ အကျယ်အားဖြင့် (၁၄)ပေရှိပါတယ်။ ၎င်းဘုမ္မာ(၂ဝ)လမ်းသည် ရဟန်းရှင်သူ ပြည်သူကျောင်းသား များစွာအားထားရသော လမ်းမတစ်ခုဖြစ်ပါတယ်။ ဏသတနမ ဏသငညအ ယခုတွေ့ရတာ ဘုမ္မာလမ်း(၂ဝ) လမ်းဖြစ်ပါတယ်။ အဲဒီလမ်းဟာ မိုးတွင်းအခါမှာလည်း ရေနစ်မြှုပ်ပြီးသွားရေးလာရေး ခက်ခဲပြီးတော့ ရဟန်းရှင်သူပြည်သူအပေါင်း ကျောင်းသားလူငယ်အပေါင်း ဒီပြဿနာကိုခံစားနေရပါတယ်။ ထို့ကြောင့် ပြည်သူလူထု၏ဆန္ဒအရ အောက်ဖော်ပြပါကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက် ရှိ ဘုမ္မာ(၂ဝ)လမ်းအား အရှည် (၁၃ဝဝ)ပေ၊ အကျယ် (၁၄)ပေ၊ အထူ (၉)လက်မရှိသော ကွန်ကရစ် လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။            ။ လေးစားအပ်ပါတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ည)ရပ်ကွက် ဧရာလမ်းဟာ ကိုယ်စားလှယ်တော်ကြီး        ပြောသလို အရှည် (၃၄၅ဝ)နဲ့ အကျယ်(၂ဝ)နဲ့အထူ(၉)လက်မ ကွန်ကရစ်လမ်း ပြုလုပ်ဖို့အစီအစဉ် ရှိပါတယ်။ နောက်တစ်ခုလည်း ဒီအတိုင်းပါဘဲ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်၊ (ည)ရပ်ကွက် ဘုမ္မာ(၂ဝ)လမ်းမှာလည်း အရှည် (၁၃ဝဝ)နဲ့ အကျယ် (၂ဝ)၊ အထူ (၆)လက်မရှိတဲ့ ကွန်ကရစ်လုပ်ဖို့လဲ အစီအစဉ်တွေ ကျွန်တော်တို့ ရေးဆွဲထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ (၄)နှစ်တာ ကာလအတွင်းမှာ ပြီးအောင်လုပ်ရမယ့်လမ်းတွေထဲမှာ ပါထားပြီးဖြစ်ပါတယ်။ခန့်မှန်းခြေတွက်ချက်မှု သည်လည်း တွက်ထားပါတယ်။ မြောက်ဥက္ကလာ (ည)ရပ်ကွက် ဧရာလမ်းမကြီးကို ကျွန်တော်တို့ ဒီအခြေအနေအတိုင်း ထပ်ပြင်မယ်ဆိုလို့ရှိရင် ဘယ်လောက်ကုန်ကျမလဲဆိုတော့(၁၆၅.၆) သန်း ကုန်ပါမယ်။ ဘုမ္မာ(၂ဝ)လမ်းအနေနဲ့ ပြင်မယ်ဆိုလို့ရှိရင်တော့ (၃၂.၇၆)သန်းပဲ ကုန်ပါမယ်။ သို့သော်လည်း ပထမဦးဆုံးလုပ်ရမှာက ဦးစားပေးအနေနဲ့ မဲဆန္ဒနယ်တစ်ခုတည်းမှာပဲ ဧရာလမ်းနဲ့ ဘုမ္မာ(၂ဝ)လမ်းကို လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့သဘောထားအရ ဘယ်ဟာကို ရွေးရမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ အားလုံးဟာ ပြင်ဖို့အစီအစဉ်ရှိသော်လည်း ဒီနှစ်ဘတ်ဂျက်တွေဟာ သိတဲ့အတိုင်းပဲ ချိန်နေရတဲ့ ဘတ်ဂျက်တွေဖြစ်ပါတယ်။ အဲဒီတော့ ဘယ်ဟာကို ဦးစားပေးလုပ်ရမလဲ ဆိုတဲ့ ချိန်နေရတဲ့ ဘတ်ဂျက်ဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ ဘတ်ဂျက်မှာ ခေါင်းပြောင်းသုံးလို့ရမယ်ဆိုပေမယ့်လည်း တစ်ခြားလွှတ်တော်ကိုယ်စားလှယ်ကြီးများ ရဲ့အကြံဥာဏ်နဲ့ ဆုံးဖြတ်ချက်နဲ့သဘောထားကိုလည်း ပြန်ရယူရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီထဲမှာ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေထဲမှာဆိုရင်လည်း ခေါင်းပြောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့ဆန္ဒနဲ့သဘောထား ကိုတော့ ကျွန်တော်တို့ရယူရမှာဖြစ်ပါတယ်။ ဒါဟာလည်း ဒီနှစ် နြ မှာမရခဲ့ လို့ရှိရင် ျွန မှာ ဆက်သွားရမယ့်အခြေအနေ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ရေးဆွဲထားဖို့လည်း အခြေအနေရှိကြောင်း၊ ဒီဟာကလည်း ဒီလမ်းတွေပြင်ဖို့ဆိုတာကလည်း နောက်ပိုင်းမှာဆိုရင် ့ဃီဃ အနေနဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဆုံးဖြတ်ချက်ဦးစားပေးမှု ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက်သွားဖို့ ဖြစ်ကြောင်း ကိုယ်စားလှယ်ကြီး ဦးဇော်လွင်ရဲ့ အကြံပြုချက်၊ နောက်လူထုဆန္ဒရဲ့ အကြံပြုချက်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဦးစားပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြောက်ဥက္ကလာပ      မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ကို ဆက်သွယ်ထားသော ကွန်ကရစ်တံတားကြီးကို အသစ်ပြန်လည် တည်ဆောက်ရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက် ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၁၄

ဥက္ကဋ္ဌ။          ။ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားရ ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မြောက်ဥက္ကလာပမြို့နယ် နှင့် မင်္ဂလာဒုံမြို့နယ်ဆက်သွယ်ထားသော ကွန်ကရစ်တံတားကြီးကို အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနဲ့ပတ်သက်ပြီး မေးမြန်းမှာဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိပ်ကုန်း ရပ်ကွက်တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ ဆက်သွယ်ထားသော ကွန်ကရစ် တံတားတစ်ဆင်းရှိပါတယ်။ ၎င်းကွန်ကရစ်တံတားသည် အရှည်အားဖြင့် ပေ (၄ဝ)နှင့် အနံအားဖြင့် ပေ (၉)ပေရှိပြီး ဂျိုးဖြူပိုက်လိုင်းကို အပေါ်မှခွ၍ တည်ဆောက်ထားပါသည်။ တံတား၏ ဘယ်ဘက် သို့သွားလျှင် မင်္ဂလာဒုံလေဆိပ်သို့သွားသောလမ်းရှိပြီး ညာဘက်သို့သွားလျှင် မင်္ဂလာဒုံခရေပင်လမ်းခွဲ (၅ဝ၂)လေတပ်စခန်းသို့ သွားသော လမ်းဖြစ်နေသောကြောင့် ၎င်းတံတားသည် မြောက်ဥက္ကလာပ မြို့နယ် အဝင်အထွက်အတွက် အလွန်အရေးပါသော တံတားတစ်စင်းဖြစ်ပါတယ်။ ယင်းတံတားမှာ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အတွက် ယခုအခါ ကြံ့ခိုင်မှုအားနည်းပြီး မော်တော်ကားများ ဖြတ်သန်း၍မရသည်အထိ ပျက်စီးနေပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား ဏသတနမ ဏသငညအ ဖြင့် ပြသခွင့်ပြုပါ ခင်ဗျား။ ဒီဟာက တံတားရဲ့ပုံ ဖြစ်ပါတယ်။ ဏသတနမ ဏသငညအ မှာတွေ့ရသလိုပဲ တံတားရဲ့အခြေအနေက မော်တော်ကားများဖြတ်သန်း၍မရအောင် ပျက်စီးနေပါတယ်။ ဒါကြောင့်မို့လို့ ဤတံတားကို အသုံးပြု နေကြသော ပြည်သူများရဲ့သဘောထားဆန္ဒအရ အောက်ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ မြောက်ဥက္ကလာပမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်ဆက်သွယ်ထားသော ကွန်ကရစ် တံတားကြီးကို အသစ်ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် စတင်တည်ဆောက်ပေးမည်၊ မေးခွန်း(၃) အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို သိလိုပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။            ။ လေးစားရပါသော ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား။ ဒီမေးခွန်းကို အစီအစဉ်အလိုက် မဟုတ်သော်လည်း နောက်ဆုံးကဖြေမယ်ဆိုလို့ရှိရင် မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားအရှည်(၄ဝ)ပေ၊ အနံ(၉)ပေရှိပြီး ဂျိုးဖြူပိုက်လိုင်းပေါ်မှာခွ၍ တည်ဆောက်ထားတဲ့ ဒီတံတားကို အစကကျွန်တော်တို့ ပြင်ဖို့အစီအစဉ်မရှိပါဘူး။ ဘတ်ဂျက် ထဲမှာလည်း ထည့်မဆွဲထားပါဘူး။ သို့သော်လည်း ပြီးခဲ့တဲ့တုန်းက တိုက်ကြီးဒေသမှာ လှုပ်ခတ် သွားတဲ့ ငလျင်ကြောင့် ရေထိန်းနံရံတွေ လိုအပ်နေပါတယ်။ အခုအရေးပေါ်ပြင်ရင်းနဲ့တစ်လျှောက် လိုက်စစ်လိုက်တဲ့အခါကျတော့ ဒီတံတားဟာ ဂျိုးဖြူပိုက်ကို ဒုက္ခပေးနိုင်တာသွားတွေ့ရပါတယ်။ တွေ့တဲ့အတွက် ဒါကို ကျွန်တော်တင်ထားပါတယ်။ ဒါကိုပြန်ပြီးတော့ ဆောက်တဲ့အခါကျရင်လည်း ဒါကိုလွတ်အောင်နည်းနည်းဟပြီးတော့ ဆောက်ဖို့လည်း ဒီဇိုင်းပြန်ပြီးတော့ ဆွဲထားပါတယ်။ ကြံ့ခိုင််မှုအားကတော့ ကိုယ်စားလှယ်တော်ကြီးပြောသလိုပဲ လုံးဝမရှိပါဘူး။ မော်တော်ကားဖြတ် သွားမယ်ဆိုလည်း အများပြည်သူအတွက် အသုံးပြုရမယ့် ဂျိုးဖြူရေပိုက်ကိုထိနိုင်တဲ့အတွက် ဒါကို ကျွန်တော်တို့ အစီအစဉ်ဆွဲထားပါတယ်။ တင်လည်းတင်ပြပါ့မယ်။ လျာထားမှုတွင် မပါဝင် သော်လည်း တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ နြ မရလို့ရှိရင် ျွန ပိုင်းမှာ ရအောင်ဆွဲပြီးတော့ တင်ပေးပါ့မယ်။ အဲဒါမှ မရဘူးဆိုလို့ရှိရင် လာမည့်ဘတ်ဂျက်မှာ လုပ်ပေးပါ့မယ်။ အနှေးနဲ့အမြန်ကတော့ လုပ်ပေးရမယ့်အပိုင်းတစ်ပိုင်းဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် တို့ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ်မူတည်ပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာပြန်လည် ဖြေကြားအပ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ် (၁၂)ရပ်ကွက်ရှိ အောင်ရာဇာလမ်းမကြီး(မြောက်ဘက်ခြမ်း)ကို ကွန်ကရစ်ခင်း၍ အဆင့်မြှင့် တင်ရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်ပေးမည်၊              အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂ဝ

ဥက္ကဋ္ဌ။          ။ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားရ ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီကနေ့ ကျွန်တော် ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်(၁၂)ရပ်ကွက်မှာရှိသော ပျက်စီး ယိုယွင်းနေသည့် အောင်ရာဇာလမ်း(မြောက်ဘက်ခြမ်း)အား ကွန်ကရစ်လမ်းခင်းကျင်း၊ ပြုပြင်ပေးခြင်း နှင့်စပ်လျဉ်း၍ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းပါရစေ၊ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်(၁၂)ရပ်ကွက်တွင် အလျားပေး (၂၅ဝဝ)၊ အနံ (၁၈) ပေ ရှိသော အောင်ရာဇာလမ်းမကြီး(မြောက်ဘက်ခြမ်း)တွင် ရှိပါတယ်။ ပုဂံလမ်းမကြီးနှင့်ဆက်သွယ် ထားသော လမ်းမဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရဟန်းရှင်သူပြည်သူအပေါင်း အားထားအသုံးပြုရသော လမ်းမကြီးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အနီးအနားတွင် အမှတ်(၁ဝ) အခြေခံပညာအလယ် တန်းကျောင်းရှိသောကြောင့် ကျောင်းသူ၊ ကျောင်းသူ (၉ဝဝ)ကျော်အသုံးပြုနေရသော လမ်းတစ်ခု လည်းဖြစ်ပါတယ်။ ယခုအခါ နှစ်ကာလ ကြာရှည်လာသောကြောင့် လမ်းမှာ ဏသတနမ ဏသငညအ ဖြင့် ပြထားသည့်အတိုင်း ဆိုးရွားစွာပျက်စီးနေပါတယ်။ ဏသတနမ ဏသငညအ ဖြင့် ဖော်ပြပေးပါခင်ဗျား။ တွေ့ရတဲ့ အတိုင်း တော်တော်လေးကို ပျက်စီးနေတဲ့ အောင်ရာဇာလမ်းဖြစ်ပါတယ်။ အများပြည်သူများက ဤလမ်းကိုပြင်ဆင်ချင်သော်ငြားလည်း တတ်နိုင်စွမ်းမရှိသောကြောင့် ကျွန်တော့်အား လွှတ်တော် မှာမေးမြန်းပါရန် အကြောင်းကြားလာပါတယ်။ ထို့ကြောင့် အများပြည်သူများရဲ့ဆန္ဒအရ ဖော်ပြပါ ကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ မေးခွန်း(၁) ရန်ကုန် တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်(၁၂)ရပ်ကွက်ရှိ အောင်ရာဇာလမ်းမကြီး(မြောက်ဘက်ခြမ်း)ကို ကွန်ကရစ်ခင်းရန် အဆင့်မြှင့်တင်ရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြုလုပ်ပေးမည်၊ မေးခွန်း(၃) အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။                  ။ နောက်မေးခွန်းတစ်ခုပါ ဆက်စပ်မေးပေးစေလိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ရပ်ကွက်အပိုင်(၄)ရှိ ချင်းတွင်းလမ်းကို အရှည် ၃၅ဝ ပေ၊ အကျယ် ၁၄ ပေ၊ အထူ(၆) လက်မရှိသော ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂၂

ဥက္ကဋ္ဌ။          ။ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဇော်လွင်၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားရ ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယမေးခွန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်အပိုင်(၄)မှာရှိသော အရှည် (၃၅ဝ)ပေ၊ အကျယ် (၄)ပေရှိသော ချင်းတွင်းလမ်းကို ကွန်ကရစ်ခင်းပေးဖို့ မေးခွန်းမေးမြန်းလိုပါတယ်။ ဝေဘာဂီမြို့သစ် အပိုင်(၄)တွင် အရှည်ပေ (၃ဝဝ)၊ အကျယ် (၁၄)ပေရှိသော ချင်းတွင်းလမ်းရှိပါတယ်။ ၎င်းချင်းတွင်း လမ်းမှာ မြေသားအဆင့်သာရှိပြီး ဏသတနမ ဏသငညအ ဖြင့် ဖော်ပြထားသည့်အတိုင်း သွားလာရန်လွန်စွာ ခက်ခဲနေပါတယ်။ ဏသတနမ ဏသငညအ ဖြင့် ဖော်ပြခွင့်ပြုပါခင်ဗျား။ ယခုဖော်ပြတာ ချင်းတွင်းလမ်းရဲ့ အခြေ အနေဖြစ်ပါတယ်ခင်ဗျား။ အဲဒီချင်းတွင်းလမ်းကို အရှည်(၃၅ဝ)ပေ၊ အကျယ်(၁၄)ပေ၊ အထူ(၆) လက်မရှိသော ကွန်ကရစ်လမ်းအဖြစ်ပြုလုပ်ရန် ပြည်သူများက ဆန္ဒရှိပါတယ်။ သို့သော် အဲဒီမှာ နေထိုင် ကြတဲ့ပြည်သူများသည် အလွန်ဆင်းရဲနွမ်းပါးသောကြောင့် ငွေကြေးစုဆောင်းပြီး ကိုယ်ထူကိုယ်ထ လမ်းခင်းရန် ငွေကြေးပြည့်စုံလုံလောက်မှုမရှိတာ တွေ့ရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ကျွန်တော့်ထံသို့တင်ပြလာပါတယ်။ ထို့ကြောင့် ပြည်သူလူထု၏ ဆန္ဒ အရ ဖော်ပြပါကြယ်ပွင့်ပြမေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ မေးခွန်း(၁) မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်အပိုင်(၄)ရှိ ချင်းတွင်းလမ်းကို အရှည် (၃၅ဝ) အကျယ် (၁၄)ပေ၊ အထူ (၆)လက်မရှိသောလမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ပြုလုပ်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်း။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က မေးခွန်း(၂)ခု စလုံးကို ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။လေးစားရပါသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်ရဲ့ကြယ်ပွင့်ပြ မေးခွန်းတွေထဲမှာ (၂)လမ်းလုံးဖြစ်တဲ့ ရွှေပေါက္ကံမြို့သစ်ရှိ(၁၂)ရပ်ကွက်မှာ အောင်ရာဇာလမ်းကြီး (မြောက်ဘက်ခြမ်း)နဲ့ နောက်တစ်ခုက ဒီဝေဘာဂီမြို့သစ်ရပ်ကွက် အပိုင်း(၄)ရှိ ချင်းတွင်း လမ်းတို့ဟာ (၂)လမ်းစလုံးပဲ အဆင့်မြှင့်တင်မှု အစီအစဉ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အခြေအနေဟာ မြေသားလမ်းတွေဖြစ်နေပြီးတော့ လမ်းအင်္ဂါတွေနဲ့လည်း မညီပါဘူး။ သို့သော် (၁၂)ရပ်ကွက် အောင်ရာဇာလမ်းမှာရှိတဲ့ ဒီရွှေပေါက္ကံမြို့သစ်မှ လမ်းအတွက်ကို အဆင့်မြှင့်တင်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့ လျာထားချက်က ခန့်မှန်းခြေတွက်ချက်မှုအရ (၆၉.၁၂)သန်းပဲ ကုန်ကျပြီးတော့၊ ဝေဘာဂီမြို့သစ်ရပ်ကွက်အပိုင်(၄)မှာရှိတဲ့ ချင်းတွင်းလမ်းကတော့ (၈၂)သန်းလောက်ပဲကုန် ကျမှာဖြစ်ပါတယ်။ ဒီ (၂)ခုစလုံးဟာလည်း ငွေကြေးပမာဏနည်းနေတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာ သာမန်ငွေစာရင်းထဲကသုံးဖို့ ကျွန်တော်တို့ အစီအစဉ်ရှိပါတယ်။ သို့သော် သာမန်ငွေစာရင်းထဲက သုံးတဲ့အခါကျလို့ရှိရင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘယ်ဟာကို ဦးစားပေးမလဲဆိုတာကိုလည်း တောင်းခံပေးပါ့မယ်။ အကယ်၍ နြ မှာ မရခဲ့ဘူးဆိုရင် ျွန မှာ ဆက်ပြီးတော့ ရအောင်လုပ်ပေးပါမယ့်လို့ ကျွန်တော်လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်။

တာမွေ မြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်အတွင်းရှိ ဗဟန်းမြို့နယ် မိုးမခမှစီးဆင်းသော မြောင်းသည် ရေစီးရေလာမကောင်းခြင်း၊ နံရံမရှိခြင်းတို့ကြောင့် မြေထိန်းနံရံ တည်ဆောက် ပေးရန်အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်၊ ဆောင်ရွက်မပေးနိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂၆

ဥက္ကဋ္ဌ။          ။ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးလှသိန်း၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လေ့လာ သူအပေါင်းတို့အား ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ၊ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်အတွင်းမှာရှိတဲ့ ဗဟန်းမြို့နယ် မိုးမခမှစီးဆင်းသောမြောင်းအား မြေထိန်း နံရံတည်ဆောက်ပေးပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရခြင်းဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်အတွင်းမှာရှိတဲ့ ဗဟန်းမြို့နယ် မိုးမခမှစီးဆင်းသောမြောင်းဟာ တာမွေကြီး(က+ဂ)ရပ်ကွက်ကိုဖြတ်ပြီး နတ်ချောင်းချောင်းကို စီးဝင် ပါတယ်။ ၎င်းမြောင်းဟာ ရေထိန်းနံရံမရှိတာကြောင့် မိုးတွင်းအခါကိုရောက်တိုင်း တာမွေကြီး (က+ဂ)ရပ်ကွက်မှာ ရေလျှံခြင်း၊ ရေမြုပ်ခြင်းတို့ ကြုံနေရပါတယ်။ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း ပြီးမြောင်းမှာရှိတဲ့ နှုံးမြေများကို သယ်ဆောင်သော်လည်း မြေထိန်းနံရံမရှိခြင်းတို့ကြောင့် မြေသားများ ပြန်ကျပြီး မူလအတိုင်းပိတ်ဆို့မှုဟာ ပိတ်ဆို့မှုပဲ ကြုံနေရပါတယ်။ ၎င်းပိတ်ဆို့မှုကြောင့် ရေကြီးခြင်း ရေလျှံခြင်းတို့နဲ့ ကြုံနေရပါတယ်။ အထူးသဖြင့် မိုးတွင်းကိုရောက်တဲ့အချိန်ခါတိုင်းမှာ တာမွေမီးပွိုင့် တွင် ကားများရေနစ်ခြင်း၊ ဆိုင်များနစ်မြှုပ်ခြင်းတို့ဟာ ၎င်းမြောင်းပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့် ပြခွင့်ပြုပါခင်ဗျား။ ဒါဟာမြောင်းရဲ့အစိတ်အပိုင်းမှာ ကျွန်တော်တို့ တူးလို့ရတဲ့ ဆယ်လို့ရတဲ့နေရာကို မြေထိန်းနံရံပြုလုပ်ဖို့အတွက် ဆယ််ခြင်းဖြစ်ပါတယ်။ ဒါဟာမြောင်းရဲ့ တစ်လျှောက်အချို့နေရာများဖြစ်ပါတယ်။ ဒါဟာ စည်ပင်ဝင်းရဲ့နောက်ကျောဖြစ်ပါတယ်။ လေးစားရ   ပါသောဥက္ကဋ္ဌကြီးခင်ဗျား။ ယခုတင်ပြတဲ့မြောင်းဟာ ဗဟန်းမြို့နယ်မှစီးဆင်းသော မြောင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်အကြား ဗဟန်းမြို့နယ်ရဲ့အဆုံးမှာ (၆)လက်မအကျယ်ရှိတဲ့ သံကွန်များ ကာရံထားမယ်ဆိုရင် မြောင်းဟာရေစီးတာလွယ်ကူသလို အမှိုက်များမရှိအောင်လည်း ဆောင်ရွက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြောင်းရဲ့ပိတ်ဆို့မှုကို ကာကွယ်ရာရောက်ပြီး အမှိုက်များကလည်း တစ်နေရာတည်းမှာပုံပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ကြောင်း အကြံပြု လိုပါတယ်။ ချောင်းကြီးမြောင်းကြီးများအား မူလအတိုင်းပြန်လည်ဖော်ဆောင်နိုင်ရန် ရန်ကုန်တိုင်း အစိုးရအားတိုက်တွန်းသောအဆိုဟာလည်း အောင်မြင်ပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တာမွေကြီး (က+ဂ)ရပ်ကွက်ရှိ မြောင်းအားမြေထိန်းနံရံတည်ဆောက်ပေးပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်း(၁) မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း (၂)အကယ်၍ မတည်ဆောက်နိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိလိုပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။            ။လေးစားရပါတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည်သည့်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းတင်ပြတဲ့ တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက်အတွင်းမှာရှိတဲ့ ဗဟန်းမြို့နယ် မိုးမခမှစီးဆင်းလာသော မြောင်းဟာ ရေစီးရေလျှံမကောင်းခြင်း၊ နံရံမရှိခြင်း၊ မြေထိန်းနံရံတည်ဆောက်ပေးဖို့ ကြယ်ပွင့်ပြမေးခွန်းမေးမြန်း လာခြင်းအပေါ် ကျွန်တော်ဖြေဆိုပါ့မယ်။ အဲဒီမြောင်းရဲ့ အရှည်ဟာ(၁၅ဝဝ)လောက်ရှိပြီးတော့ နဂိုမူလရဲ့အနက်က ဟိုဘက်ဘောင် ဒီဘက်ဘောင် နှစ်ဘက်က (၁၂)ပေလောက်ရှိပါတယ်။ သို့သော် လည်းမြောင်းတစ်လျှောက်မှာ အကျယ်တွေကမတူပါဘူး။ အနည်းဆုံးက(၁၄)ပေကျယ်ပြီး တစ်ချို့ တွေဆို(၁၈)ပေတောင်ကျယ်တဲ့ အနေအထားဖြစ်ပါတယ်။ ယခုအခါ ဒီမြောင်းက နည်းနည်းကျဉ်း သွားတဲ့သဘောဖြစ်ပါတယ်။ ဒီမှာ ဗဟန်းကနေ တာမွေဘက်စီးလာတဲ့အခါကျတော့ သံကွန်ဇကာ တွေထားတဲ့ဟာကလည်း မူရင်းရဲ့ ဥမငါငညေူ တွေမှာထားရပါတယ်။ မထားလို့လည်းမရပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ အမှိုက်များဟာ ပိတ်ဆို့မှုဖြစ်နိုင်တဲ့အတွက်ကြောင့် ဒီဇကာများကတစ်ဆင့် သန့်ရှင်း လုပ်တဲ့အခါ ပြန်ဆယ််ပြီး ရေစီးရေလာအတွက် ပိုပြီးတော့ အထောက်အကူဖြစ်တဲ့အတွက်လည်း ဒီဇကာများထားရပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဒီလာမည့်နှစ်တွေမှာ တစ်ခုက ဘာလို့ လာမည့်နှစ်လို့ပြောလဲဆိုတော့ ကျွန်တော်တို့ သူ့ရဲ့ခန့်မှန်းကုန်ကျစရိတ်ကို တွက်ခိုင်းထားပါတယ်။ သန်းပေါင်း (၁၂ဝဝ)လောက်ကုန်မည်လို့ပြောပါတယ်။ ဒီအရှည်(၁၅ဝဝ)အတွက် သူရဲ့လိုအပ်ချက်အရ မြေထိန်းနံရံလည်းပါပါမယ်။ အကုန်လုံး ကွန်ကရစ်အနေနဲ့လည်း လုပ်ဖို့အတွက်ဖြစ်ပါတယ်။ မြောင်း ဘောင်တွေကို လုပ်တဲ့အခါမှာ စနစ်တကျလုပ်ပြီးသွားတဲ့အခါကျတော့ ကျွန်တော်တို့ ဆောင်ရွက်ရမည့် အပိုင်းလိုက်ရှိပါတယ်။ တောက်လျှောက် မြို့နယ်အလိုက်ကို အပိုင်းလိုက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တာမွေကြီး(က+ဂ)ရပ်ကွက်အတွင်းမှာရှိတဲ့ ဗဟန်းမြို့နယ်က မိုးမခမှစီးဆင်းလာတဲ့ မြောင်းကို မြေထိန်းနံရံတည်ဆောက်ပေးဖို့အတွက် လာမည့်နှစ်တွေပေါ်မှာ ဘဏ္ဍာငွေခွဲဝေရရှိမှုပေါ် မှာတင်ပြတောင်းခံပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။

တာမွေမြို့နယ်အတွင်းရှိ ဗဟန်းမြို့နယ်မှစီးဆင်းသော ဗျိုင်းရွာမရပ်ကွက် ကယ်တင်ခြင်း တပ်ဘေးရှိ မြောင်းကိုနံရံတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်မပေးနိုင်ပါက မည်သည့်                                     အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၃၄

ဥက္ကဋ္ဌ။          ။ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးလှသိန်း၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လေ့လာသူများအားလုံးကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။ တာမွေမြို့နယ် ဗျိုင်းကွက်သစ်ရပ်ကွက် ကယ်တင်ခြင်းတပ်ဘေးမှာရှိတဲ့ မြောင်းအား မြေထိန်းနံရံတည်ဆောက်ပေး ပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးမြန်းခြင်း ဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ တာမွေမြို့နယ် ဗျိုင်းကွက်သစ် ကယ်တင်ခြင်းတပ်ဘေးမှာရှိတဲ့မြောင်းဟာ ဗဟန်းမြို့နယ်မှ စီးဆင်းလာသော မြောင်းဖြစ်ပါတယ်။ မြောင်းရဲ့မူလအကျယ်အဝန်းမှာ အကျယ် (၁ဝ) ပေ၊ အနက် (၄) ပေခန့်ရှိပါတယ်။ ၎င်းမြောင်းဟာ ဗျိုင်းကွက်သစ်ရပ်ကွက်ကိုဖြတ်ပြီး နတ်ချောင်းချောင်းကိုစီးဝင် ပါတယ်။ ၎င်းမြောင်း၏မြေနံရံများပြိုကျမှုကြောင့် ယခုအခါမှာ အကျယ် (၅)ပေ၊ အနက်(၁) ပေခန့်သာ ရှိပါတော့တယ်။ ရေစီးရေလာမကောင်းခြင်းကြောင့် ၎င်းမြောင်းပိတ်ဆို့ပြီး ထိုရပ်ကွက်မှာ ရေကြီးခြင်း ရေလျှံခြင်းတို့ ကြုံနေရပါတယ်။ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး နုံးများကို ဖော်ယူသော်လည်း မြေထိန်းနံရံမရှိခြင်းကြောင့် အချိန်ကြာလာတဲ့အခါမှာ မူလအတိုင်းပြန်ဖြစ်နေပါတယ်။ ချောင်းကြီး မြောင်းကြီးများအား မူလအတိုင်းပြန်လည်ဖော်ဆောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုဟာလည်း အောင်မြင်ပြီးဖြစ်၍ ၎င်းချောင်းအား မြေထိန်းနံရံတည်ဆောက် ပေးပါရန် တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါ။ ဒါကတော့ ကယ်တင်ခြင်းတပ်ဘေးမှာရှိတဲ့ မြောင်းရဲ့ထိပ်ဘက်ဖြစ်ပါတယ်။ ဒီပုံကတော့ မြောင်းတစ်လျှောက် ကိုမှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။ မြေထိန်းနံရံမရှိခြင်းကြောင့် ဘေးမှာမြေများ ပြိုကျနေတာ ဖြစ်ပါတယ်။ ၎င်းမြောင်းဟာ သစ်ပင်များ၊ အမှိုက်များနှင့် တောက်လျှောက်မှကြုံတွေ့နေရပါတယ်။ ဒါဟာလည်း မြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ယခုတင်ပြတဲ့မြောင်းဟာ ဗဟန်းမြို့နယ်မှ စီးဆင်းလာသောမြောင်းဖြစ်ပြီး တာမွေမြို့နယ် နှင့်ဗဟန်းမြို့နယ်ကြား ဗဟန်းမြို့နယ်အဆုံးမှာ (၆) လက်မအကျယ် သံကွန်ယက်များထားရှိပါလျှင် မြောင်းဟာရေများ လွယ်ကူစွာစီးဆင်းနိုင်ပြီး အမှိုက်များမစီးဆင်းနိုင်အောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်သလို အမှိုက်များကိုလည်း ကာကွယ်နိုင်ရာရောက်ပါတယ်။ အမှိုက်များဟာ တစ်နေရာတည်းမှာ ဆည်ယူခြင်းဖြင့် ပိုမိုထိရောက်သည်ဟု အကြံပြုလိုပါတယ်။ အချုပ်အားဖြင့် တင်ပြရသော် တာမွေ မြို့နယ် ဗျိုင်းကွက်သစ် ကယ်တင်ခြင်းတပ်ဘေးရှိမြောင်းအား မြေထိန်းနံရံတည်ဆောက်ပေးပါရန် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းရခြင်း ဖြစ်ပါတယ်။ မေးခွန်း(၁) မြေထိန်းနံရံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၂) အကယ်၍ မတည်ဆောက်နိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိလိုပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။လေးစားအပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ရန်ကုန်တိုင်းဒေသကြီ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လေ့လာဧည်သည့်တက်ရောက်သူများခင်ဗျား။ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းရဲ့တာမွေမြို့နယ် အတွင်းမှာရှိတဲ့ ဗျိုင်းကွက်သစ်ရပ်ကွက် ရေမြောင်းနံရံတည်ဆောက်ပေးဖို့အတွက် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းလာပါတယ်။ ဒီမြောင်းတွေဟာလည်း တကယ်တမ်းတော့ ရေကြီးရေလျှံမှုက ဒီမြောင်းတွေက စပြီးတော့ဖြစ်တဲ့ပြဿနာ နောက်တော့မြောင်းတွေကောသွားတာရယ် မြောင်းတွေကျူးကျော်မှုနဲ့ ပတ်သက်လို့ အဖီတွေဖဲ့ရင်းနဲ့ နဂိုမူရင်းမြေသားမြေထိန်းနံရံတွေကလည်း အားနည်းလာပြီးတော့ မြောင်းပြိုမှုတွေ နောက်ပိုင်းဒီတိုင်းဆက်သွားမယ်ဆိုလို့ရှိရင် နောက်ဖေးအဖီအိမ်ပြိုမှုတွေပါ ဖြစ်လာနိုင် ပါတယ်။ ဒီမြောင်းတွေရဲ့မူလအကျယ်ဟာ ကျွန်တော်တို့ (၅) ပေအနက်၊ (၅) ပေအကျယ်ရှိပြီးတော့ အထူးသဖြင့် ဗျိုင်းကွက်သစ်ရပ်ကွက်ရဲ့ ချောင်းကပေ (၂၅ဝ) ရှိတဲ့မြောင်းဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို ပြန်တွက်တဲ့အခါကျတော့ (၃၆)သန်းလောက်ကုန်မှာဖြစ်တဲ့အတွက်ကြောင့် ဒါတွေကိုဒီနှစ်ထဲမှာတော့ မြောင်းကိုဖော်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါဟာ လာမည့်မိုးတွင်းမှာ ရေကြီးရေလျှံမှုကို ကာကွယ်ဖို့ အတွက် အဓိကမြောင်းတွေမှာ ပိတ်ဆို့မှုမရှိဖို့လိုပါတယ်။ နောက်တစ်ခုလည်း ကျွန်တော်တို့ မြို့နယ် တစ်ခုနဲ့တစ်ခုပတ်သက်ပြီးတော့ ဆင်းသွားတဲ့အခါကျရင် မြို့နယ်တစ်နယ်မှာရှိတဲ့ဟာကို ပိတ်သိမ်း လိုက်လို့ရှိရင် နောက်မြို့နယ်အတွက် ရေမကြီးပေမယ့်ပိတ်ထားခံရတဲ့ ဒီမြို့နယ်မှာဆိုလို့ရှိရင် ရေကြီးသွားနိုင်တဲ့အတွက်ကြောင့် အဲဒီအတွက် ရေချိန်ကိုပြန်ပြီးတော့ ချိန်ရပါတယ်။ ရန်ကုန်မြို့ရဲ့ အနေအထားတွေဟာ အရင်တုန်းက မြောင်းတွေကချောင်းနီးပါးလောက်ရှိနေပေမယ့် ဒီလိုပျက်စီးမှု ထိန်းသိမ်းမှုနည်းလာတဲ့အတွက်ကြောင့် အခုမြောင်းတွေရဲ့အနေအထားဟာ ကျဉ်းလာပါတယ်။ ကျဉ်းလာယုံတင်မကဘူး။ ရေအနက်ကလည်း တိမ်လာပါတယ်။ အဲဒါတွေဟာ ရေကြီးရေလျှံမှုဖြစ်တဲ့ အတွက်ကြောင့် ဒီနှစ်မှာ မိုးတွင်းမတိုင်မီပေါ့လေ အခုတည်းက အင်တိုက်အားတိုက်လုပ်နေပါတယ်။ သို့သော် ဒီမြောင်းနံရံတွေကို ကျွန်တော်တို့ ကွန်ကရစ်တွေနဲ့အခိုင်အမာတည်ဆောက်ပေးဖို့ လိုလာတဲ့ အခါကျတော့ သူ့ရဲ့ဘတ်ဂျက်လည်းလိုလာပါတယ်။ အဲဒါကိုလည်း ကျွန်တော်တင်ပြပါ့မယ်။ ဒီနှစ် ထဲမှာမပါပေမယ့် တင်ပြပါ့မယ်။ ဘတ်ဂျက်နေပြီး ျွန မှာခွင့်ပြုချက်ရလို့ရှိရင်လည်း ကျွန်တော်လုပ်ပေး ပါ့မယ်။ စာရင်းထဲလည်း ထည့်ထားပြီးဖြစ်ကြောင်း လေးစားစွာနဲ့ပြန်လည်ဖြေကြားအပ်ပါတယ်။

ဒေါပုံမြို့နယ် ရပ်ကွက်အတွင်းရှိ မူလရေမြောင်းများပိတ်ဆို့နေမှုကို ပြန်လည်ဖော်ထုတ် ရှင်းလင်းရန် အစီအစဉ်ရှိပါသလား။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဌာနမှ ဦးဆောင်ပြီး လမ်းအလိုက်၊ ရပ်ကွက်အလိုက် အိမ်ရှေ့ရေမြောင်းများနှင့် နောက်ဖေး ရေမြောင်းများကို ရှင်းလင်းပေးရန် အစီအစဉ်ရှိပါသလား။ ရေမြောင်းများအား ရေရှည် ခိုင်ခံ့ရန် အုတ်စီရေမြောင်းပြုလုပ်ရန် သင့်တော်သည့်ဘတ်ဂျက်ကာလတွင် ထည့်သွင်း

ပေးရန် အစီအစဉ်ရှိပါသလားကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၄၁

ဥက္ကဋ္ဌ။          ။ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဟန်စိုး၊ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။       ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ဒေါပုံမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မြို့နယ်အတွင်း မှာရှိတဲ့ ပြည်သူတွေရဲ့ ရေမြောင်းပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို လွှတ်တော်မှာ မေးခွန်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒေါပုံမြို့နယ် (၁၄) ရပ်ကွက်အတွင်းရှိ ရေမြောင်းများပိတ်ဆို့နေမှုကြောင့် ခြင်ပေါက်ဖွားမှုနှုန်းများ များပြားလာပြီး ကလေးငယ်များနှင့်လူကြီးများအတွက်လည်း ကျန်းမာရေး အန္တရာယ်ရှိနေပါသည်။ ထိုကျန်းမာရေးအတွက်ကို ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့ ကျန်းမာရေးမှူးနှင့်ဆွေးနွေးရာတွင် ခြင်ကြောင့်ဖြစ်သော ရောဂါများသည် ဆင်ခြေထောက် ရောဂါ ကလေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါဟာ အင်မတန်မှကို ကျွန်တော်တို့မြို့နယ် အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေါ်နေပါတယ်။ ခြင်တွေရဲ့ပေါက်ဖွားမှုဟာ ဘယ်လောက်ထိဆိုးဝါး နေလဲဆိုရင် ညဘက်ယခုပူအိုက်နေတဲ့ ရာသီမှာဆိုလို့ရှိရင် ကျွန်တော်တို့အိမ်ထဲမှာ ပူအိုက်တဲ့အတွက် အပြင်မှာထွက်နေပြီဆိုလို့ရှိရင် ငြိမ်နေလို့မရပါဘူး။ ထိုင်နေလို့မရဘူး။ ရပ်နေလို့မရဘူး။ လှုပ်ရှားနေ မှပဲ။ နေလို့ရတဲ့အနေအထားတစ်ခု ဖြစ်နေပါတယ်။ ရပ်နေတယ်ဆိုတာနဲ့ ထိုင်နေတယ်ဆိုတာနဲ့ ခြင်တွေက ဝိုင်းအုံလာပါတယ်။ ဒါဟာ ကျွန်တော်လက်ရှိ ကိုယ်တိုင်ပြည်သူတွေနဲ့ တစ်သားတည်း ခံစားနေရတဲ့ အခက်အခဲတစ်ရပ်ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကိုဖြေရှင်းဖို့ တိုင်ပင်တဲ့နေရာမှာ ကျန်းမာရေးမှူးနဲ့တိုင်ပင်တဲ့နေရာမှာ ခြင်ဆေးဖြန်းတယ်။ ကိုယ်ထူကိုယ်ထ လူမှုအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေနဲ့ ခြင်ဆေးဖြန်းပေမယ့်လည်း ကျန်းမာရေးမှူးအနေနဲ့ ခြင်ဆေးဖြန်းခြင်းဟာ ခြင်တွေ လျော့နည်းကျဆင်းဖို့အတွက် အဖြေတစ်ရပ်မဟုတ်ဘူးဆိုတာကို သိရှိခဲ့ရပါတယ်။ ခြင်ဆေးကို ပုံမှန် ဖြန်းနိုင်မှ လျော့နည်းသွားမှာဖြစ်ပါတယ်။ ပုံမှန်ဖြန်းဖို့ကိုလည်း အခက်အခဲရှိနေပါတယ်။ အကောင်း ဆုံးအချိန်ကတော့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ရာမှာ ရေမြောင်းတွေပုံမှန်ရေစီးနေရင် ခြင်တွေဟာ သူ့အလိုလိုလျော့နည်းပပျောက်သွားမယ်ဆိုတာ အကောင်းဆုံးအခြေအနေတစ်ရပ်ကို ကျွန်တော်တို့ အနေနဲ့ ရရှိထားပါတယ်။ ရပ်ကွက်အတွင်း တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထရေမြောင်းများ တူးဖော် ဆောင်ရွက်မှုတွေပဲ ဖြစ်နေပါတယ်။ ဒီလို တူးဖော်ဆောင်ရွက်မှုတွေကလည်း ကျွန်တော်တို့ပြည်သူ တွေရဲ့စီးပွားရေးအခက်အခဲ ကျွန်တော်တို့ ခေတ္တခဏ ဝါးကပ်တွေနဲ့ကာရံထားမှုကြောင့် ရေရှည်မှာ ဒါကလည်း နှစ်အလိုက်မှာ ခိုင်မာမှုမရှိဘဲနဲ့ ခဏခဏလုပ်နေတဲ့အတွက် ယနေ့အချိန််မှာ ကျွန်တော်တို့ ပိတ်ဆို့မှုတွေဟာ နွေမှာတောင်မှဘဲရှိနေပါတယ်။ အထူးသဖြင့် နောက်ဖေးလမ်းကြားတွေ အလွန် ကျဉ်းမြောင်းပြီးတော့ ကျူးကျော်ပိတ်ဆို့ထားတာတွေ ဖြစ်နေပါတယ်။ မူလရေမြောင်းတွေကို ပိတ်ဆို့ ပြီးတော့ မြေဖို့ထားတာတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အသစ်ရေမြောင်းတွေ ဖော်ထုတ်ဖို့ ရေမြောင်းအဟောင်းတွေပြန်လည်ဖော်ထုတ်ဖို့ ရေမြောင်းတွေကိုခိုင်ခံ့အောင် အုတ်စီ ရေမြောင်းများပြုလုပ်ဆောင်ရွက်ပေးဖို့ဟာ မြို့နယ်စည်ပင်ရဲ့အကူအညီမှာ ကျွန်တော်တို့မြို့နယ် အတွက် များစွာလိုအပ်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဓါတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြ ခွင့်ပြုပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးကို ခွင့်တောင်းခံအပ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ မူလမြစ်ထွက်ပေါက်ထဲက တစ်ခုဖြစ်ပါတယ်။ မူလမြစ်ထွက်ပေါက်မြောင်းဟာ ပျောက်လုနီးနီးဖြစ်နေ တာကိုတွေ့ရှိရမှာပါ။ ဒါကလည်း မူလမြစ်ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ မြောင်းနေရာ ကြာရင် ပျောက်သွားမယ့်အနေအထားရှိပါတယ်။ ဒါကတော့ မြစ်ထွက်ပေါက်ကို ဆက်သွယ်ပေးထားတဲ့ ရေကာတာတစ်ခုဖြစ်ပါတယ်။ ဒီဟာက အခုချိန်မှာ ရှင်းလင်းမှုမရှိတဲ့အတွက် ငြိမ်သက်ပြီးတော့ စီးဆင်းမှုမရှိဖြစ်ပြီးတော့ ငြိမ်သက်နေပါတယ်။ ဒီဟာကတော့ စက်ရုံလမ်း ဗမာကြီးရပ်ကွက်မှာရှိတဲ့ အုတ်စီရေမြောင်းမရှိတဲ့အတွက် တစ်ဘက်ကနံရံကပါ ပြိုပြီးတော့ ပြိုကျနိုင်တဲ့အနေအထား ဖြစ်ပါတယ်။ ဒါကလည်း ပိတ်ဆို့နေတာပါ။ ဒါဆိုလို့ရှိရင်လည်း မြစ်ထွက်ပေါက်တစ်ခုကိုသွားတဲ့ ရေမြောင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဒီလိုအခြေအနေကို ဖြစ်ပေါ်နေတာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဃစေငအေူ အနောက်ဘက်မှာရှိတဲ့ စက်ရုံလမ်းပေါ်မှာပါ။ မြောင်းဟာ ပိတ်ပြီးတော့ ရေဟာစီးဆင်းစရာမရှိတဲ့အနေအထားကို တွေ့ရှိရမှာဖြစ်ပါတယ်။ ခုနကပြောခဲ့တဲ့ ပုံအတိုင်း စီးဆင်းစရာမရှိတဲ့အတွက် လမ်းမပေါ်ကိုနွေခေါင်ခေါင် ဒီလိုအနေအထားမျိုးကို ဓါတ်ပုံ ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဒါကလည်း သြထ ဃကူလနမအ ရှိပေမယ့် အုတ်စီရေမြောင်းမရှိတဲ့အတွက် အခုလိုမျိုး ပိတ်ဆို့နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကလည်း ကျွန်တော်တို့ မင်းနန္ဒာလမ်းမကြီး ြငေည လမ်းမကြီးပေါ်မှာရှိတဲ့ ကွန်တန်နာဝင်းအတွင်းဖြစ်ပါတယ်။ ဒီဟာက ကျွန်တော်တို့တာဝန်ယူကတည်းက မြို့နယ်စည်ပင်ကို အကူအညီတောင်းခံပြီးတော့ ရှင်းလင်းပြီးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေ မှာပြန်လည်ပိတ်ဆို့နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ မင်းနန္ဒာလမ်းမကြီးပေါ်မှာ ပိတ်ဆို့နေတဲ့အတွက် ကျွန်တော်တို့မြို့နယ်စည်ပင်အုပ်ချုပ်ရေးကို မြောင်းပိတ်ဆို့မှုကို အကူအညီတောင်းခံထားတာဖြစ်ပါတယ်။ ဒါကတော့ မင်းနန္ဒာလမ်းမကြီးပေါ်မှာ ကိုယ့်ရဲ့အကျိုးအတွက် စီးပွားရေးလုပ်နေတာ၊ မြောင်းတွေကိုပိတ်ဆို့နေတာ၊ မြောင်းတွေရှင်းလင်းပေ မယ့် ဒီဟာတွေက လမ်းဘေးမှာပုံထားတဲ့အတွက် ပြုတ်ကျပြီးတော့ ပိတ်ဆို့နေတာကို မှတ်တမ်း ဓါတ်ပုံရယူထားခြင်း ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ လက်ရှိ ၂ဝ၁၆-၁၇ ဘတ်ဂျက်မှာ မြစ်ထွက်ပေါက် ကမ်းထိန်းနံရံလုပ်နေတဲ့အခါမှာ ကျွန်တော်တို့ အိမ်တစ်အိမ်က မြေကျူးကျော်မှု ရှိသည့်အတွက် လုပ်ငန်းအခက်အခဲကြန့်ကြာနေတဲ့အတွက် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်မှ မြို့တော်စည်ပင်သက်ဆိုင်ရာဌာနကို စာတင်ဖို့အကြောင်းကြားထားခြင်း ဖြစ်ပါတယ်။ ဒါက ခုနက စာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းဖြစ်ပါတယ်။ ဒီဟာက ကျွန်တော်တို့ ၁၆-၁၇ ဘတ်ဂျက် ဖြင့် ဆောက်နေတဲ့ကမ်းထိန်းနံရံဖြစ်ပါတယ်။ ဒီကမ်းထိန်းနံရံဟာ သာကေတဟိုဘက်ဒီဘက် မင်းနန္ဒာ လမ်းမကြီးကို ဖောက်လုပ်ထားတာဖြစ်ပါတယ်။ ထိပ်ကအိမ်က လက်ရှိအချိန်မှာ မြောင်းကိုကျော်ပြီး ကျူးနေတဲ့အတွက် လုပ်ငန်းကြန့်ကြာနေတာဖြစ်တဲ့အတွက် အချိန်မီပြီးစီးဖို့အခက်အခဲရှိနေပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အချိန်မီတင်ပြထားပြီးဖြစ်ပါတယ်။ ၎င်းတို့အနေဖြင့် မိမိတို့တာဝန်အရ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း အသိပေးပြောကြားလိုပါတယ်။ ဒါကတော့ ကမ်းထိန်းနံရံမှာ ကျော်နေတဲ့ဟာဖြစ်ပါတယ်။ ထိပ်ဆုံးကအိမ်တစ်အိမ်ပါ ကျန်တဲ့အပိုင်း တွေကတော့ ဖြတ်ပေးပြီးသွားပါပြီ။ ဒီဟာတစ်ခုပဲ လက်ရှိအခြေအနေမှာ ကျန်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်မှ လေးစားစွာမေးမြန်းအပ်ပါတယ်။ မေးခွန်း(၁) မူလရေမြောင်းများ ပိတ်ဆို့နေမှုကို ပြန်လည်ဖော်ထုတ် ရှင်းလင်းရန် အစီအစဉ်ရှိပါသလား။ မေးခွန်း(၂) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ပြီး လမ်းအလိုက် ရပ်ကွက်အလိုက် အိမ်ရှေ့ရေမြောင်းများနှင့် နောက်ဘေးရေမြောင်းများကို ရှင်းလင်းပေးရန် အစီအစဉ်ရှိပါသလား။ မေးခွန်း(၃) ရေမြောင်းများအား အုတ်စီပြုလုပ်ရန် သင့်သော် သည့်ဘတ်ဂျက်ကာလတွင် ဖြည့်တင်းပေးရန်အစီအစဉ်ရှိပါသလား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။လေးစားရပါသော လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဧည့်သည်တော်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးရဲ့မေးခွန်းကို ကျွန်တော်အစီအစဉ်အလိုက်ပဲ ဖြေကြားပေးပါ့မယ်။ ဒေါပုံမြို့နယ်ရပ်ကွက်အတွင်းမှာရှိတဲ့ မူလရေမြောင်းများ ပိတ်ဆို့ပျောက်ဆုံး နေမှုကို ပြန်လည်ဖော်ထုတ်ပေးရန်အစီအစဉ်ရှိပါသလားဆိုတော့ ရှိပါတယ်။ လက်ရှိလည်း ကျွန်တော် တို့လုပ်နေပါတယ်။ မေးခွန်း(၂)ဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ပြီး လမ်းအလိုက်၊ ရပ်ကွက်အလိုက် အိမ်ရှေ့ရေမြောင်းများနှင့် နောက်ဖေးရေမြောင်းများကို ရှင်းလင်း ပေးရန်အစီအစဉ်ရှိမလားလည်း၊ ဒါလည်း ဆက်တိုက်လုပ်နေပါတယ်။ ရေမြောင်းများ ရေရှည်ခိုင်ခံ့ဖို့ အတွက် အုတ်စီရေမြောင်းများအတွက်ကိုတော့ ကျွန်တော်တို့ ဘတ်ဂျက်ကိုတင်တောင်းရမှာ ဖြစ်ပါတယ်။ ဒါပုံမှန်အလုပ်ရဲ့အပြင် အထူးအရေးပေါ်စီမံချက်အနေနဲ့ ဒါ ပရော်ဂျက်ထဲမှာပါတဲ့ လုပ်တွေကြီးတွေအနေနဲ့ တင်ပေးပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာရေးကော်မတီအနေနဲ့ မေးခွန်း(၃)ခုကို ပြန်ချုံ့ပေးမယ်ဆိုရင် စည်ပင်သာယာရေးအနေနဲ့ ပုံမှန်လုပ်ပေးရတဲ့အလုပ်တွေရှိ ပါတယ်။ ကျွန်တော်တို့ စီမံချက်ထားပြီးတော့ လုပ်ရတဲ့အလုပ်တွေရှိပါတယ်။ စောစောက ပုံမှန်လုပ်ရ တဲ့အထဲမှာ ရေမြောင်းတွေကိုစီမံချက်နဲ့စပြီးတော့ အကောင်အထည်ဖော်နေတာ မနှစ်ကတည်းက ပါ။ သို့သော် ပြဿနာက ကျွန်တော်တို့ကရေမြောင်းလည်းအကောင်အထည်ဖော်လိုက်တယ်။ နောက် စည်းကမ်းရှိစွာ အသုံးမပြုတဲ့အတွက်ကြောင့် သပ်ရပ်မှုမရှိတဲ့အတွက်ပြန်ပြီးတော့ ဖြစ်တယ်။ သို့သော် လည်း ကျွန်တော်တို့ထပ်ပြီးတော့လုပ်ပေးပါတယ်။ ဒါဟာ လုပ်ရမယ့်တာဝန်တွေရှိပါတယ်။ ဘယ်လောက် ထိလဲဆိုရင် လူတွေစည်းကမ်းရှိပြီး သပ်သပ်ရပ်ရပ်လုပ်ပြီး ကျွန်တော်တို့ကို အားနာ လာတဲ့အထိကို ဆက်ရှင်းပါ့မယ်။ နောက်တစ်ခုကလည်း ကျူးကျော်မှုကိုဝိုင်းဝန်းဖြေရှင်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါကလည်း ရပ်ကွက်ကရှင်းမှပဲရမယ့် ကျူးကျော်မှုပါ။ ရေမြောင်းကို အုတ်စီဖို့ အစီအစဉ်တွေရှိပါတယ်။ နောက်တစ်ခုက မိုးတွင်းအကြိုမှာပဲ တစ်ချို့နေရာတွေမှာ စပြီး ရှင်းနေပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ လုပ်တဲ့နေရာမှာ ့ဃီဃ ကော်မတီကနေပြီးတော့ ဦးဆောင်ပြီးတော့ ဃစေငအေူ ဘတ်ဂျက်ကနေစလုပ်သလိုပဲ ဃကအ ကစ အတွက်လည်း ဒီနှစ်မှာဘဲ အုပ်ချုပ်ရေးမှူးတွေ ကျွန်တော်တို့ ခွဲဝေချထားပေးပါတယ်။ လမ်းတင်မကပါဘူး ဒီ ဃကအ ကစ ဘတ်ဂျက် မှာသုံးနိုင်တဲ့ အနေအထားရှိတဲ့ ကျန်းမာရေးလုပ်ငန်းတွေ တစ်ခြားလူမှုရေးလုပ်ငန်းတွေ အရေးပေါ် လုပ်ငန်းတွေအတွက်၊ သန့်ရှင်းရေးကျန်းမာရေးအတွက်တွေ အတွက်ပါ၊ ဒီအုပ်ချုပ်ရေးမှူး နဥ တွေကို စက်တွေလည်း ချထားပေးပါတယ်။ နောက်စက်သုံးဆီကိုလည်း ချထားပေးပါတယ်။ နောက်တစ်ခုက ငွေလည်း ဘတ်ဂျက်မှာခွဲပေးထားပါတယ်။ အဲဒီတော့ ဒီပုံမှန်အလုပ်တွေကို နဥ တွေနဲ့တိုင်ပင်ပြီးတော့ ကိုယ်စားလှယ်တော်ကြီးများလုပ်ပါ။ အဲ့ဒါမှ မပြေလည်ဘူးဆိုရင်တော့ ကျွန်တော်တို့ ကော်မတီကို တိုက်ရိုက်တိုင်ကြားနိုင်ပါတယ်။ အကြောင်းလည်းအကြောင်းကြားနိုင်ပါတယ်။ အဲဒီအကြောင်းကြားတဲ့ အတွက် အရေးယူဖို့ထက် ဘာလုပ်မလဲဆိုတော့ ဘာအခက်အခဲရှိလဲ၊ ဘယ်လိုဖြေရှင်းပေးရမလဲဆိုတဲ့ ပူးပေါင်းဖြေရှင်းဖို့အတွက်ကို ဦးတည်ပြီးတော့လုပ်ပေးသွားပါ့မယ်။ သို့သော်လည်း တစ်ခုရှိတာကတော့ ကျွန်တော်တို့ ဒီနှစ်မှာကတော့ ဒီပြည်သူ့ဘဏ္ဍာဟာ ပြည်သူ့အတွက်ပဲဖြစ်ရမယ်ဆိုတာ ကျွန်တော် တင်းတင်းကြပ်ကြပ်ပေးထားတဲ့အတွက်ကြောင့် မနှစ်ကထက်စာရင် ပုံမှန်လုပ်ဆောင်မှုတွေက ပီပြင် လာပါတယ်။ နောက်တစ်ခုက ရေမြောင်းတို့၊ ရေနှုတ်မြောင်းတို့ ပိတ်ဆို့ပျောက်ဆုံးပြီးတော့နေတာတွေ ကလည်း နှစ်ချို့နေတဲ့ ရောဂါဖြစ်တဲ့အတွက်ကြောင့် ဒါကိုလည်း တစ်နှစ်ချင်းစီပြန်ပြီးတော့ အကောင် အထည်ဖော်ဆောင်နေတာကို လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်း

ဦးဟန်စိုး၊ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။      ။ ကောင်းမွန်ပါတယ်။ ဒါပေမယ့် ယေဘုယျဆောင်နေပါတယ်။ ကျွန်တော်အနေနဲ့ ကျွန်တော်တို့ ဒေါပုံမြို့နယ်ရဲ့ ထူးခြားချက် ကိုပြောချင်ပါတယ်။ ဒေါပုံမြို့နယ်ရဲ့ ထူးခြားချက်က အဓိကမြစ်ထွက်ပေါက်(၉)ခုရှိပါတယ်။ မြစ်ထွက် ပေါက်အသေး (၁၅)ခုရှိပါတယ်။ ဒီရေမြောင်းတွေ ရှင်းလင်းပြီးတော့ ရေစီးပုံမှန်မဆင်းဘူးဆိုလို့ရှိရင် ကျွန်တော်တို့မြို့နယ်အတွက် ပြည်သူတွေတင်အဆင်ပြေစေနိုင်တာမဟုတ်ဘဲနဲ့ သာကေတမြို့နယ်ကို ပါအကူအညီပေးရာ ရောက်ပါတယ်။ သာကေတမြို့နယ်က မြစ်ထွက်ပေါက်လုံးဝမရှိတဲ့ အခက်အခဲ ဖြစ်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ သာကေတမြို့နယ်က မင်းနန္ဒာလမ်းမကြီးပဲ ခြားပါတယ်။ မင်းနန္ဒာ လမ်းမကြီးကို ဖောက်ထွက်ပြီးတော့ သွယ်ထားတဲ့မြစ်ထွက်တွေ ၂ ခု၊ ၃ ခုလောက်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ အကူအညီတောင်းခံရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်ဝန်ကြီးဖြေသွားတာက ယေဘုယျသဘောဆန်ပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အားကောင်းတာကို ကျွန်တော်တို့က ပြည်သူတွေနဲ့ထိတွေ့လုပ်ကိုင်နေတဲ့အတွက် သိရှိရပြီးဖြစ်ပါတယ်။ ခုနက အုတ်စီရေ မြောင်းတောင်းခြင်းဟာ အုတ်စီရေမြောင်းဖော်ထားလို့ရှိရင် ပြည်သူတွေအနေနဲ့ လုပ်အားနဲ့ဆယ်ပြီး တော့ တင်ရတာလွယ်ကူပါတယ်။ အုတ်စီရေမြောင်းမရှိတဲ့အတွက် ဆယိ်ပေမယ့်လည်း ဆယ်သာ ဆယ်တယ်အလုပ်မဖြစ်တဲ့အတွက် ကျွန်တော်တို့ခဏခဏ လအလိုက်တွေ့နေရပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဆက်စပ်မေးခွန်းမေးမြန်းချင်တာကတော့ အုတ်စီရေမြောင်းများကို ကျွန်တော်တို့ လွှတ်တော်မှာလည်း ဘတ်ဂျက်အတည်ပြုရာမှာ ပိုလျှံငွေရှိတာကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ သိရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒေါပုံမြို့နယ်အတွက် အုတ်စီရေမြောင်းများကို လာမည့် ျွန ဘတ်ဂျက် အမီ ထည့်သွင်းပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ ကျွန်တော်အနေနဲ့ တိတိကျကျ ဖြေကြားပေးဖို့ ဆက်စပ်မေးခွန်း မေးမြန်းလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမောင်မောင်စိုး၊ စည်ပင်သာယာရေးဝန်ကြီး။         ။မေးတဲ့အတွက်လည်း ကိုယ်စားလှယ် တော်ကြီး ဦးဟန်စိုးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါပုံမြို့နယ် ရပ်ကွက် အတွင်းမှာရှိတဲ့ မူလရေမြောင်းများ ပိတ်ဆို့ပျောက်ဆုံးနေမှုကို ပြန်လည်ဖော်ထုတ် ရှင်းလင်းပေးဖို့ တစ်ခြားမေးခွန်းတွေကို မေးထားတာမတွေ့ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အပိုင်းတွေက ဘယ်အပိုင်းဆိုပြီးရှိတာ ကျွန်တော်တို့အနေနဲ့ ဒေါပုံမြို့နယ်တစ်မြို့တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးအတွက်လုပ်ပေးရတာ၊ သို့သော်လည်း ဒေါပုံမြို့နယ်မပါဘူးဆိုတာ မပါလို့လည်းမရပါဘူး။ သို့သော် ဒီထဲမှာမေးခွန်းအရကိုပဲ ရေမြောင်းများရေရှည်ခိုင်ခံ့အောင် အုတ်စီခြင်းပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ ဆိုတာရှိပါတယ်။ သို့သော်လည်း ဘယ်ရေမြောင်း အတိုင်းအတာဘယ်လောက်လဲ၊ ဒေါပုံမြို့နယ်ရဲ့ဘယ်အပိုင်းလဲဆိုတာ ဒီအပိုင်းကိုကြည့်ပြီး ကျွန်တော် တို့ တလေးတစားဖြေလေ့ရှိပါတယ်။ သို့သော်လည်း တလေးတစားဖြေဖို့အတွက် လိုက်ရှာတဲ့အခါ ဒီမေးခွန်းထဲမှာမပါတဲ့အတွက် ကျွန်တော်ဖြစ်သွားတာပါ။ နောက်ဆို အသေးစိတ်ဖော်ပြပေးဖို့ လိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နေ့လည်စာ သုံးဆောင်ရန်အတွက် လွှတ်တော်အစည်းအဝေးကို (၁)နာရီခန့် ရပ်နားမှာဖြစ်ပါတယ်။

အခမ်းအနားမှူး။      ။ ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။      ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။ အစည်းအဝေးကို နေ့လည်(၁)နာရီခွဲမှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်ရှင်။

အစည်းအဝေးပြန်လည်ကျင်းပခြင်း

အချိန်။ ၁၃ဝဝ

ဥက္ကဋ္ဌ။          ။ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန် လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့တင်သွင်းရန်ဖြစ်ပါတယ်။

ဦးဝေဖြိုးဟန်၊ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ။                  ။ လေးစားရပါတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင် သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းမှာ ဖြစ်ပါတယ်။ အဆိုကို မတင်သွင်းခင်မှာ ကျွန်တော်အနေနဲ့ ဥက္ကဋ္ဌကြီးအား တင်ပြစရာရှိပါတယ်။ ဒီအဆိုနဲ့ပတ်သက်ပြီးတော့ နားထောင်ပေးမယ့် သက်ဆိုင်ရာဝန်ကြီး မရှိကြောင်းကိုတော့ လွှတ်တော်မှ မှတ်တမ်းတင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများ ပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ မ.ထ.သ လုပ်ငန်းမှတာဝန်ယူခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါတယ်။ ယခုအစိုးရမှာ ထို မ.ထ.သအဖွဲ့အစည်းကိုဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (ျွ့ွှဗ)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ယာဉ်လိုင်းများနဲ့ပတ်သက်ပြီးတော့ အစိုးရအပြောင်းအလဲမလုပ်ခင် ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ျြွွှ ယာဉ်လိုင်း ဆိုတာပေါ်လာပြီးတော့ အဆိုပါ ျြွွှ ယာဉ်လိုင်းကို အဆင့်မြင့်မြင့် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ကိုလည်း အားလုံးအသိဘဲဖြစ်ပါတယ်။ ခရီးသည်များကိုလည်း စိတ်ချမ်းသာမှုအလျောက် ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် အဆိုပါ ျြွွှ လိုင်းကားကိုလိုက်ပါပြီးတော့ ခရီးသွားပြည်သူတွေရဲ့အသံကို နားထောင်ခဲ့တာကလည်း ထူးခြားမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုစဉ်အခါက ရန်ကုန်မြို့တော်မှာ မ.ထ.သ ခရီးသည်ယာဉ်လိုင်းများလည်း အများအပြားပြေးဆွဲနေဆဲဖြစ်ပြီးတော့ ျြွွှ လိုင်းယာဉ်လိုင်းဟာ သီးခြားထွက်လာတဲ့ယာဉ်လိုင်း အသစ်အဖြစ် ပြည်သူလူထုက လက်ခံပေးခဲ့ကြပါတယ်။ နောက်ပိုင်းကာလမှာ အဆိုပါယာဉ်လိုင်း ကဲ့သို့ ယာဉ်လိုင်းများ သူ့လမ်းကြောင်းနဲ့သူပေါ်လာပြီးတော့ မ.ထ.သ ယာဉ်လိုင်းအဟောင်းများကို တစ်ဖြေးဖြေးချင်းလျော့ချကာ ျြွွှ လိုင်း ယာဉ်လိုင်းအသစ်များဖြင့် အစားထိုးသွားမည်ဆိုလျှင် ခရီးသွားပြည်သူလူထုအတွက် အခက်အခဲမရှိအဆင်ပြေချော့မွေ့စွာ လိုရာခရီးကို ရောက်သွားနိုင် ကြပါမှာဖြစ်ကြောင်း အားလုံးကမျှော်လင့်ယုံကြည်ထားခဲ့ကြပါတယ်။ သို့ရာတွင် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မ.ထ.သအဖွဲ့အစည်းကြီးကို အပြီးအပိုင်ဖျက်သိမ်းပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်မှစတင်ပြီးတော့ ျွ့ွှဗ ရဲ့ကွပ်ကဲမှုဖြင့် ့ညေါသည ကျြ ှနမလငခန (ြှ့) အများပိုင်ယာဉ်လိုင်းများဖြင့် ပြောင်းလဲပြေးဆွဲစေခဲ့ပါတယ်။ မ.ထ.သ မှ ြှ့ သို့ ပြောင်းလဲ ပြေးဆွဲစေခဲ့မှုမှာ အကောင်းဘက်ကိုဦးတည်တယ်လို့ထင်ရသော်လည်းဘဲ လက်ပူတိုက် လုပ်လွန်းရာ ကျခဲ့ လို့အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကြိုတင်ပြင်ဆင်သင့်သည်များကို မပြုလုပ်ထားနိုင် သေးသည်မှာ အားချင်းဇွတ်အတင်းပြောင်းလိုက်သလို ဖြစ်နေပါတယ်။ ထိုကြောင့်မို့လို့ ခရီးသွား ပြည်သူလူထုအားလုံး မ.ထ.သ နဲ့ ြှ့ နှစ်ခုကြားမှာ ဟိုပြေးဒီလွှားနဲ့ လမ်းမှတွေပေါ်မှာ ဗျာများခဲ့ရ ပါတယ်။ မ.ထ.သရဲ့ ချိနဲ့လျော့နည်းနေမှုများနှင့်အတူ ယာဉ်မောင်းယာဉ်နောက်လိုက်များရဲ့ မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားမောင်းနှင်ပြုမူ မောင်းနှင်မှုများအား အဆုံးသတ်သွားတဲ့အတွက် ပြည်သူလူထုအဖို့ ကျေနပ်စရာ ဖြစ်ခဲ့ပါသော်လည်း မ.ထ.သ နေရာမှာ ြှ့ ဟု ပြောင်းလို််ခြင်းမှာ အမည်သာပြောင်းသွားပြီး ယာဉ်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက််များကတော့ မ.ထ.သ အင်္ကျီချွတ်ပြီး ြှ့ အင်္ကျီပြောင်းဝတ်လိုက်ခြင်းသာ ဖြစ်ခဲ့ပါတယ်။ ပြည်သူလူထုအတွက် ဒုံရင်းက ဒုံရင်းဆိုက်တဲ့ အခြေအနေပဲ ဖြစ်ခဲ့ပါတယ်။ မ.ထ.သ အပေါ်ပြည်သူလူထုရဲ့ ယုံကြည်မှုလျော့နည်း လာချိန်မှာ ြှ့ ပေါ်လာတဲ့အတွက် အမှန်တကယ်ပြောင်းလဲတော့မှာပဲလို့ အမှန်တကယ် တွေးထင်ထားသလိုပဲ မ.ထ.သ လူကြီးတွေဟာ ျွ့ွှဗ ထဲမှာဆက်လက်ပါဝင်နေပြီး ြှ့ တစ်ခုလုံးရဲ့ ဥစနမအေငသည ပိုင်းမှာ ပါဝင်ပတ်သက်နေသေးကြောင်း သိလိုက်ရလို့ လွန်စွာအံ့သြမိ ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ ျွ့ွှဗ ကိုဖွဲ့စည်းတဲ့အခါမှာ ဝန်ကြီးချုပ်က နာယက၊ ဆက်သွယ်ရေးဝန်ကြီးက ဥက္ကဋ္ဌ၊ တစ်ခြား တာဝန်ရှိ သူတွေရော၊ ပညာရှင်ဆိုသူတွေရောအပါအဝင် (၁၆)ယောက်နဲ့ ဖွဲ့စည်းထားကြောင်း သိရပါတယ်။ ျွ့ွှဗ အဖွဲ့ဝင်များဟာ ြှ့ ရဲ့အခက်အခဲတွေ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရမည့်အခြေအနေကို မြေပြင် အခြေအနေနဲ့ လက်တွေ့ကျကျ ထိစပ်ဖြေရှင်းပေးပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အပေါ် စိတ်ပါဝင်စားစွာ အားတက်သရော လုပ်ဆောင်ပေးမည့်သူများသာ ဖြစ်သင့်ပါတယ်။ ထိုကဲ့သို့ မဟုတ်ပါက စာရွက်ပေါ်မှာသာ နာမည်စာရင်းပါပြီးတော့ ဒီလုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုမရှိရင် တကယ်စိတ်ပါဝင်စား ကူညီပေးမည့်သူတွေနဲ့ ပူးတွဲဆောင်ရွက်စေရမှာ ဖြစ်ပါတယ်။ အများပြည်သူ သွားလာရေး လွယ်ကူအဆင်ပြေစေဖို့နဲ့ အချိန်ကုန်ငွေကုန်သက်သာစေဖို့ဆိုတာ ျွ့ွှဗရဲ့ စီမံခန့်ခွဲမှုကို များစွာမူတည်နေပါတယ်။ ျွ့ွှဗ ရဲ့အဖွဲ့ဝင်များအားကောင်းရင် အားကောင်းသလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားကောင်းမှာဖြစ်ပါတယ်။ သို့ရာတွင် စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းခြင်းဟာ ထင်ထားသလောက်လွယ်ကူချောမွေ့တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကြုံတွေ့လာရမည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ပြဿနာများကိုအကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းဖို့သာ အရေးကြီးပါတယ်။ သို့သော် မ.ထ.သ မှ ြှ့ ပြောင်းလဲမှုဟာ ကောင်းစေချင်လို့ ပြောင်းလဲခဲ့ သော်လည်း ကြိုတင်ပြင်ဆင်တွက်ချက်မှု၊ စီမံခန့်ခွဲမှု၊ စည်းကမ်းထိန်းသိမ်းမှု၊ အရေးယူအပြစ်ပေးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြည်သူလူထုကိုအသိပညာပေးမှုစတဲ့ အားနည်းချက်ပေါင်းများစွာတို့ ပြည်သူလူထုကြားမှာ ပြည်သူများဟာ မချစ်သော်လည်း အောင့်ကာနမ်းဆိုုသလို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။ ြှ့ စတင်တော့မယ်လို့ ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိလာချိန်ဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းလောက်မှသိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို အသိပေးရှင်းပြချိန်ဟာ ြှ့ မစတင်မီ တစ်ပတ်အလိုမှသာ ဖြစ်ပါတယ်။ အသိပေးချိန်မှာ ယာဉ်လိုင်းပေါင်း (၅၈)လိုင်းသာ ဖြစ်ပါတယ်။ အရင်စတင်ပြောင်းလဲ ပြေးဆွဲတဲ့နေ့မှာ (၆၁) လိုင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ထို့နောက် သိတ်မကြာခင်ရက်ပိုင်းမှာဘဲ လိုင်းပေါင်း(၇ဝ)ထိ တိုးချဲ့ပြေးဆွဲ လာပြီးတော့ အခုနောက်ဆုံးအချိန်မှာ လိုင်းပေါင်း (၇၉)လိုင်းအထိ ပြေးဆွဲနေတာကိုတွေ့ရှိရပါတယ်။ ြှ့ စတင်ပြောင်းလဲ ပြေးဆွဲတဲ့အချိန်မှသာ ယာဉ်လိုင်းများကို သိရှိခဲ့ရပြီးတော့ ပြည်သူလူထုအတွက် ကြိုတင်လေ့လာရန်အချိန် နည်းပါးခဲ့ရပါတယ်။ ထိုအတူ ြှ့ မှတ်တိုင်တွေ အသစ်ဆိုက်တာမျိုး လမ်းဆုံ၊ လမ်းခွ မီးပွိုင့်ထိပ်တွေ သီးသန့်နေရာတွေမှာရှိတဲ့ မှတ်တိုင်အဟောင်းတွေကို နေရာအသစ် ရွှေ့ကာ မှတ်တိုင်အသစ်ပြောင်းလိုက်တာတွေကို တစ်ပါတည်းလုပ်လိုက်တဲ့အတွက် ပြည်သူလူထုများ မျက်စိလည် ကုန်ကျပါတယ်။ စီးနေကျ လိုင်းကားနံပါတ်တွေ တစ်စီးမှာမရှိတော့ဘဲ ြှ့ နံပါတ် အသစ်နဲ့ ပြေးကြတဲ့အခါမှာ ပြည်သူလူထုတွေ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။ လက်ကမ်းစာစောင် များကို အချိန်မီဝေနိုင်ခဲ့သော်လည်း ရှုပ်ထွေးလွန်းတဲ့ တစ်ဆင့်စီး၊ နှစ်ဆင့်စီးတွေက ပြည်သူတွေကိုု ပိုပြီးချွေးပြန်စေခဲ့ပါတယ်။ အထူးသဖြင့် ဝေပေးလိုက်တဲ့ လက်ကမ်းစာစောင်ထဲမှာ ထည့်သွင်း ရေးဆွဲထားတဲ့ ယာဉ်သွားမယ့် ယာဉ်လိုင်းကြောင်းတွေဟာလည်း တကယ်တကယ့် စတင်ပြေးဆွဲ တဲ့အခါမှာ လမ်းကြောင်းတွေပြောင်းပြီး အဆင်ပြေသလိုပြေးဆွဲသွားတဲ့အတွက် လူတွေက လက်ကမ်းစာစောင်များအပေါ် အားကိုးမှုလျော့နည်းသွားကြပါတယ်။ ထိုအခါမှာ မိမိစတင်ထွက်ခွာ မည့်နေရာကနေ အရောက်သွားလိုတဲ့နေရာကို ှုညအနမညနအ ဗစစူငခအေငသည နှိပ်ပြီး ရှာဖွေသွား နိုင်အောင် ဆောင်ရွက်ပေးခဲ့သော်လည်းဘဲ ဒီနည်းစနစ်ဟာ လူလတ်ပိုင်းနဲ့ လူငယ်တွေအတွက်သာ အသုံးဝင်ပြီးတော့ လူကြီးတွေနဲ့ ှုညအနမညနအ ကို အသုံးမပြုကြသူတွေအတွက် အသုံးမဝင်ခဲ့ပါဘူး။ ထိုအပြင် ၎င်း ဗစစူငခအေငသည မှာလည်း ့စိအေန မဖြစ်တော့ဘဲ ယာဉ်လိုင်းလမ်းကြောင်းတွေ မှားယွင်း နေပြီဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ယာဉ်လိုင်းများကို ပြောင်းလဲပြေးဆွဲစေခိုင်း တဲ့အခါမှာ ျွ့ွှဗ ဟာ ပြည်သူလူထုကို ကြိုတင်အသိပေး လှုံ့ဆော်မှုတွေပြုလုပ်ပြီးမှသာ ပြောင်းလဲ ပြေးဆွဲပေးသင့်တယ်လို့ ယုံကြည်ပါတယ်။ ရုတ်တရက်ပြောင်းလဲသွားတဲ့အတွက် ပြည်သူလူထုမှာ တောသမင်မြို့ပေါ်ရောက်သလို ပတ်ချာလည်ပြီး ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး ဖြစ်ကုန်ပါတယ်။ ထိုအပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ စရိုက်သဘာဝတွေကြောင့် မှတ်တိုင်အဟောင်း နေရာတွေမှာ ကားရပ်စောင့်နေကြတာမျိုး၊ ကားလာရင် တားပြီးစီးနေကြတာမျိုးတွေကို ခရီးသည် တွေက ကျူးလွန်နေကြဆဲဖြစ်သလို ြှ့ ကားအချို့ကလည်း ပြိုင်မောင်းနေကြဆဲ၊ မှတ်တိုင် အဟောင်းမှာရပ်ဆဲ၊ တွေ့တဲ့နေရာ ခရီးသည်တင်ဆဲ လုပ်ရပ်တွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ထိုအခြေအနေကိုကူညီဖို့ သက်ဆိုင်ရာကိုယ်စားလှယ်တွေအလိုက် လွှတ်တော် ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးတော့ ြှ့ ဠသူကညအနနမ စေတနာဝန်ထမ်းများ စုဆောင်းကာ ဖြေရှင်း ခဲ့ကြသော်လည်းဘဲ ထိုဖြေရှင်းနည်းဟာ ရေတိုကာလ (၁)ပတ်၊ (၁ဝ)ရက်အတွက်သာ အဆင်ပြေ နိုင်မှာဖြစ်သလို ရေရှည်အတွက် ကောင်းသောဖြေရှင်းနည်းမဟုတ်ခဲ့တာကိုလည်း ယနေ့အားလုံးအသိ ဖြစ်ခဲ့ရပါသည်။ ြှ့ အပြောင်းအလဲရက်တစ်ပတ်အတွင်းမှာတော့ အဆင်မပြေပြေအောင် နည်းပေါင်းစုံ ဖြေရှင်းပြီး ဝိုင်းဝန်းဖြေရှင်းခဲ့ကြလို့ အောင်မြင်တယ်လို့ထင်ရသော်လည်း တကယ်တမ်း မြို့ထဲလမ်းမ တွေကိုကြည့်ရင် ြှ့ ယာဉ်လိုုင်းတွေမှာ ယခင် မ.ထ.သ ယာဉ်လိုင်းများနည်းတူ လုပ်ချင်ရာလုပ်နေကြဆဲ ပြိုင်မောင်းနေကြဆဲ ဖြစ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ြှ့ ကြောင့် ခရီးသွားပြည်သူများသာ အခက်အခဲကြုံရချင်းမဟုတ်ပါဘူး။ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များကလည်း သူတို့အခက်အခဲနဲ့ သူတို့ရှိကြပါတယ်။ ယခင်က မ.ထ.သ ခေတ်မှာ သူတို့အတွက် တစ်နေ့လုပ်တစ်နေ့ ဝင်ငွေပေါ်သော်လည်းဘဲ ပြောင်းလဲလိုက်တဲ့ ြှ့ စနစ်ကြောင့် တစ်နေ့စာတစ်နေ့မရကြတော့ဘဲ စားဝတ်နေရေးကြပ်တည်း သွားကြတာကိုလည်းကြားရပါတယ်။ အဲ့ဒီအခါမှာ မ.ထ.သ စနစ်ဟောင်းက စိတ်ဓါတ်တွေ ပြန်ဝင်လာပြီးတော့ မမှန်မကန်လုပ်တာမျိုး တွေရှိလာခဲ့ပါတယ်။ စည်းကမ်းဖောက်လာကြပါတယ်။ ယခင်ပုံစံများအတိုင်း ပြန်ကျင့်သုံးလာ ကြပါတယ်။ ြှ့ ဆိုပြီး လိမ်းထားတဲ့မိတ်ကပ်တွေ တစ်လအကြာမှာ ပျက်ပြယ်သွားပြီးတော့ အောက်ခံ မ.ထ.သ ရုပ်ပြန်ပေါက်လာပါတယ်။ စည်းကမ်းဟာ လူ့တန်ဖိုးလို့ ဆိုရိုးစကားရှိသလို လူတွေဟာ စည်းကမ်းလိုက်နာမှုကို မလေးမစားဖောက်ဖျက်ကျူးလွန်နေခြင်းဟာ ရှင်းပါတယ်။ ပြတ်ပြတ်သားသားအပြစ်ပေးခြင်း အားနည်းနေလို့ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပို့ဆောင်ရေးစနစ်ကို ယခုထက်ပိုပြီး ကောင်းမွန်ဖို့ဆိုရင် စည်းကမ်းထိန်းသိမ်းရေးက အရေးကြီး ပါတယ်။ စည်းကမ်းသတ်မှတ်ချက်များကို ကျူးလွန်တာနဲ့တစ်ပြိုင်နက် ချက်ချင်းအရေးယူအပြစ်ပေး နိုင်တဲ့ အခြေအနေရောက်အောင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေတေ ွရှိဖို့ လိုပါတယ်။ ဥပဒေ၊ နည်းဥပဒေနောက်မှာမှ လုပ်ငန်းဆောင်ရွက်တာ ဖြစ်သင့် ပါသော်လည်းဘဲ ယခုကတော့ လုပ်ငန်းစလိုက်ပြီး နောက်ကမှ ဥပဒေ၊ နည်းဥပဒေ လိုက်ထုတ်ရမလို ဖြစ်နေပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မဏ္ဍိုင်(၃)ရပ် အပြန်အလှန်ထိန်းညှိပြီး လုပ်ဆောင်ပေးကြ ရပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင် ဒီမဏ္ဍိုင်(၃)ခုက တစ်ခုနှင့် တစ်ခု ယိုင်နဲ့သွားတာမျိုး မရှိရလေအောင် ပြန်လည်ထိန်းကျောင်းရတာမျိုးတွေ ရှိပါတယ်။ ယခု ြှ့ မှာလည်းဘဲ မဏ္ဍိုင်(၃)ခုရှိရပါမယ်။ ယာဉ်လိုင်းအားလုံးကို ထိန်းချုပ်ဆောင်ရွက်မယ့် ဥစနမအေငသည အဖွဲ့ရှိရပါမယ်။ စည်းကမ်းချိုးဖောက်သူတွေကို အရေးယူအပြစ်ပေးနိုင်မယ့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တွေရှိရပါမယ်။ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များရဲ့ အခက်အခဲနဲ့ ခရီးသွားပြည်သူတွေရဲ့အခက်အခဲကိုနားထောင်ပြီး တိုင်ကြားမှုများရှိရင်ရှိသလို၊ အကြံပေးမှုများ ရှိရင်ရှိသလို အဖြစ်အပျက်အကြောင်းအရာ ပေါ်မူတည်ပြီး ဥပဒေပြုခြင်း၊ စည်းကမ်းချက်များ ထုတ်ခြင်း၊ အမိန့်ညွှန်ကြားချက်များထုတ်ခြင်း၊ အရေးယူအပြစ်ပေးခြင်းများလုပ်နိုင်အောင် ပြည်သူအသံနားထောင်ရာ ဃသာစူငေည ဃနညအနမ ရှိရပါမယ်။ ဥစနမအေငသည ပိုင်း၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များအပိုင်း၊ ဃသာစူငေည ဃနညအနမ အပိုင်း ထို(၃)ပိုုင်း ဟန်ချက်ညီညီထိန်းညှိ လုပ်ဆောင် သွားမှသာလျှင် ရှေ့သို့လှမ်းတက် ြှ့ ဖြစ်လာပါလိမ့်မည်။ ကားတစ်စီးနဲ့ တစ်စီးပြိုင်မောင်းတာမျိုး၊ ခရီးသည်လုတာမျိုးတွေမရှိတော့အောင် အများပိုင်ကုမ္ပဏီတွေဖွဲ့ပြီး ြှ့ ကိုစတင်ခဲ့တာဖြစ်ပေမယ့် ကိုယ်ရတာကိုယ်ယူ၊ ရသမျှဝင်ငွေမပြပဲ ပညာပြချင်နေတဲ့ ယာဉ်လိုင်းများကြောင့် ြှ့ ဟာ အသက်ရှုကြပ်နေရတယ်လို့ ခံစားမိပါတယ်။ ဝန်ကြီးချုပ် ပြောခဲ့ဖူးတာရှိပါတယ်။ ပြည်သူလူထု တစ်ရပ်ပါဝင်ခွင့်ရနိုင်တဲ့ ကုမ္ပဏီတွေဖြစ်စေချင်တယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်နိုင်သလောက် အစုရှယ်ယာတွေ ပါဝင်ခွင့်ရဖို့ ဖြစ်တယ်။ တစ်ဦးတစ်ယောက် သူဌေးကြီးတစ်ယောက်ရဲ့ လွှမ်းမိုးမှု မခံထားရတဲ့ ကုမ္ပဏီတွေဖြစ်စေချင်တယ်။ ဒါကြောင့် အများပိုင်ကုမ္ပဏီများဖွဲ့ပြီး ပြေးဆွဲဖို့ပြင် ဆင်တာ  ဖြစ်တယ်။ (၃)လအကြာမှာ ကားအသစ်တွေအစားထိုးပြေးဆွဲသွား မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အများပိုင်ကုမ္ပဏီတွေနဲ့ အစုရှယ်ယာတွေနဲ့ လုပ်ကြတယ်လို့ဆို ထားပါတယ်။ ကုမ္ပဏီ ဘယ်နှစ်ခု ရှိသလဲ၊ ဘယ်ကုမ္ပဏီတွေလဲ၊ ပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိချပြပေးဖို့ လိုပါတယ်။ အများပိုင် ကုမ္ပဏီ(၈)ခုဖွဲ့ ထားပြီးပြီလို့လည်းသိရှိထားပါတယ်။ အစုရှယ်ယာကော်မတီတွေကို စီမံခန့်ခွဲမှု ကောင်းကောင်း မလုပ်နိုင်သ၍ကတော့ ြှ့ ကားတွေ ပြိုင်မောင်းနေကြအုံးမှာဖြစ်သလို ရုံးဆင်းချိန် ကျော်တာနဲ့ လိုင်းမဆွဲတော့ပဲ အောက်ဆိုက်ကားတွေအဖြစ် ပြောင်းလဲပြေးဆွဲနေကြအုံးမှာ သေချာပါတယ်။ အများပြည်သူကလည်း ြှ့ ထက်လိုရာခရီးကို မြန်မြန်ရောက်ဖို့ အောက်ဆိုက် ကားများကို အားကိုးလာခြင်းဟာ ကောင်းသောပုံရိပ်မဟုတ်ကြောင်း ရှုမြင်မိပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ပြည်သူလူထုဟာ အစိုးရပြုသမျှ နုနေကြရသလို ကိုယ်မဲပေးရွေးချယ်ပေးထားတဲ့ အစိုးရမို့ အားမလိုအားမရ ဖြစ်နေကြရုံမှအပ အပြစ်ကြီးကြီးမားမားမမြင်ကြသေးပါဘူး။ ကြိုးစားနေကြတာပဲ။ လုပ်နေကြတာပဲ။ လ္ဘက်ကောင်း စားရဖို့ ပလောင်တောင်တက်နှေးရမှာပေါ့ဆိုတဲ့ စိတ်ဖြေစကားတွေနဲ့ ကိုယ့်အချင်းချင်း နှစ်သိမ့်နေကြတာဟာ အတိုင်းအတာတစ်ခုထိပဲ ကောင်းပါတယ်။ ပြည်သူကို ဗဟိုပြုတဲ့စနစ်မှာ ပြည်သူအစိုးရဟာ ပြည်သူတွေရဲ့ လိုလားတောင်းတချက် မျှော်လင့်ချက်ကို အမှန်တကယ် ဖြည့်တင်းပေးနိုင်ဖို့ဆိုရင် ယနေ့လုပ်ဆောင်နေကြတာထက်ပိုပြီးလုပ်ဖို့ တိုက်တွန်းချင် ပါတယ်။ နိဂုံးချုပ်အားဖြင့် ခြုံငုံကြည့်ရလျှင် မထသမှ ြှ့ သို့ပြောင်းလဲလိုက်ခြင်းကို ကြိုဆိုပါတယ်။ ြှ့ ကို မထသနည်းတူဖြစ်သွားအောင်မလုပ်ဖို့တော့ အရေးကြီးကြောင်း ထောက်ပြလိုပါတယ်။ မဝေးတော့တဲ့ ကာလတစ်ခုမှာ ရန်ကုန်မြို့တော်ကြီးကို ှာမေအ ဃငအပ ဖြစ်အောင် ကြိုးစား အကောင်အထည်ဖော်နေတဲ့အချိန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ အဆင့်တန်း မြင့်မြင့်ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ ခရီးသည်နှင့် ယာဉ်အစီးရေ မမျှတသည့်ကိစ္စ၊ ယာဉ်လိုင်းများ စည်းကမ်းသတ်မှတ်ချက်များအတိုင်း မလိုက်နာတဲ့အခါ ပြက်ပြက်သားသား အရေးယူနိုင်ဖို့ကိစ္စ၊ မှတ်တိုင်များစနစ်တကျထွက်ပေါ်လာရေးကိစ္စ၊ ကျွမ်းကျင်ယာဉ်မောင်းများ ပေါ်ထွက်လာရေး၊ လေ့ကျင့်သင်ကြား ပေးနိုင်မည့် ွှမငေညငညါ ဃနညအနမ များအမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးကိစ္စ၊ ခရီးသွားပြည်သူလူထု ကိုယခုထက်ပိုပြီး ြှ့ ယာဉ်လိုင်းများကို အကျွမ်းတဝင်ဖြစ်အောင်၊ စည်းကမ်းတကျစီးနင်းတက်အောင် ပညာပေးအစီအစဉ်များ ဆောင်ရွက် ပေးရေးကိစ္စ၊ မသန်စွမ်းခရီးသည်များအတွက် လွယ်ကူအဆင်ပြေစွာ စီးနင်းနိုင်ရေးကိစ္စများ၊ တိုင်ကြားမှုများ၊ အကြုံပြုချက်များကို အရေးတစ်ယူနားထောင်ပြီး အချိန်နှင့်တပြေးညီ ကူညီ ဆောင်ရွက်ပေးနိုင်မည့် ဃသာစူငေည ဃနညအနမ တစ်ခုပီပီပြင်ပြင် ပေါ်ပေါက်လာရေးကိစ္စ စသည်တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးမှသာလျှင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ သို့ပါ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးအတွက် စည်းကမ်း ချိုးဖောက်မှုများရှိပါကထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး ျွ့ွှဗ ၏လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ အဆိုကို ထောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဖိတ်ခေါ်ပါတယ်။

အချိန်။ ၁၃၂ဝ

ဒေါ်သီတာမောင်၊ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)။     ။လေးစားအပ် ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာမောင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ အဆိုကို အပိုင်း(၃)ပိုင်းခွဲပြီး ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပထမအပိုင်းဖြစ်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် အားယခုထက်ပိုမိုကောင်းမွန်စေရေးဆိုတဲ့အပိုင်း အဲ့ဒီအပိုင်းက ရန်ကုန်တိုင်းအတွင်း ပြည်သူတွေအတွက် အခုလက်ရှိမဖြစ်မနေလုပ်ပေးရမယ့် အခြေအနေတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက ပြည်သူအားလုံးလည်း အသိ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေအားလုံးလည်းအသိ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကလည်းသိပြီး ဖြစ်နေပါတယ်။ လတ်တလော ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စကိုတော့ အထူးတစ်ထွေ ဆွေးနွေးတင်ပြစရာမလိုတော့ပါဘူး။ ဒုတိယအပိုင်းအနေနဲ့ကတော့ ထိရောက်တဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ရန်ဆိုတဲ့အပိုင်းကို လေ့လာကြည့်လျှင် ထိရောက်စွာအရေးယူနိုင်မှုအားနည်းခြင်းဆိုတဲ့ ဖြစ်ရပ်မှန်ကိုတွေ့နေရပါတယ်။ ရှိရင်းစွဲ ဥပဒေတွေနဲ့ တိကျတဲ့ပြစ်ဒဏ်ကို အချိန်နှင့်တပြေးညီ အရေးယူမှုအားနည်းတဲ့အတွက် နေ့စဉ်နှင့်အမျှ စည်းကမ်းချိုးဖောက်မှုတွေဟာ နေရာအနှံ့မြင်တွေ့ကြားသိနေရပါတယ်။ စည်းကမ်းနဲ့ မယဉ်ပါးတတ် သေးတဲ့သူတွေကို စည်းကမ်းလိုက်နာစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ ထိရောက်တဲ့ အရေးယူမှုပါဘဲ လူထုကြားမှာပညာပေးလုပ်ဆောင်မှုတွေ လိုအပ်တာမှန်ပေမယ့် ပညာပေး လှုပ်ဆော်နေယုံနဲ့ မပြည့်စုံသေးပါဘူးရှင်။ တစ်ချိန်ထဲမှာဘဲ ထိရောက်တဲ့အရေးယူမှုတွေ လုပ်ကို လုပ်ရပါမယ်။ အများပြောနေတဲ့ စည်းကမ်းကောင်းပါတယ်ဆိုတဲ့ စင်္ကာပူနိုင်ငံရဲ့ဂုဏ်သတင်းဟာ ထိရောက်တဲ့ပြစ်ဒဏ်တွေက အစပြုခဲ့တယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းလို့မရခဲ့ပါဘူး။ ဒါကိုလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ လုပ်ကိုလုပ်ရတော့မယ့် အခြေအနေကိုရောက်ရှိနေပါတယ်။ ပြောင်းသော်လည်း မထူးတဲ့လက်ရှိ အခြေအနေသောကြောင့် ဖြစ်ပါတယ်။ တတိယအပိုင်းအနေနဲ့ အရေးယူဆောင်ရွက်ချက်များကိုလည်း ပြည်သူများကို ပွင့်လင်းမြင်သာစွာသိရှိနိုင်စေရန် ချပြရမှာ ကလဲ အစိုးရရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒါမှလည်း ပြည်သူတွေဟာ အော် ဒီလိုစည်းကမ်းဖောက်ရင် ဒီလောက်တောင်အရေးယူသွားတယ်ဆိုတဲ့ ဟန့်သွားလောက်တဲ့ စံပြအရေးယူမှုတွေ ထင်ရှားအောင် လုပ်ပြသင့်နေပါပြီ။ ယခုအခြေအနေမှာတော့ ပြည်သူကလည်း ဘာမှရေရေရာရာမသိသလို လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်ကလည်း လုပ်လုပ် ဆိုလို့သာလုပ်လိုက်ရတယ်။ အမောင် တောင်မှန်းမြောက်မှန်းမသိဆိုတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ ဥပမာ – ျွ့ွှဗ ယာဉ်လိုင်းများဖွဲ့စည်းသတ်မှတ်မှုအခြေအနေမျိုး၊ ျွ့ွှဗ ရဲ့ငွေကြေးသုံးစွဲမှု အခြေအနေမျိုးတွေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို မည်ကဲ့သို့မည်ပုံချိတ်ဆက်လုပ်ဆောင်နေတယ်ဆိုတဲ့ အခြေခံ အချက်အလက်ကိုတောင်မှ မသိကြတဲ့အခြေအနေဖြစ်နေပါတယ်။ ဤသို့သော အခြေအနေ ဖြစ်နေပါသဖြင့် ဦးဝေဖြိုးဟန် အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက် ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် အစိုးရအဖွဲ့အားတိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံအပ် ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ဒီအဆိုကို လွှတ်တော်တွင်ဆွေးနွေးရန် တိုင်းဒေသကြီးအဖွဲ့အစည်းဝင် သဘောထားပြောကြားလိုပါက ပြောကြားရန်ဖြစ်ပါတယ်။

အချိန်။ ၁၃၂၁

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။   ။ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဝေဖြိုးဟန် အဆိုတင်သွင်းသွားတာလဲ။ ကျွန်မတို့အနေနဲ့ လက်ခံ ပါတယ်။ ဒါကြောင့် ဒီအဆိုတင်သွင်းမှုကို လက်ခံပါတယ်။ လေးစားပါတယ်။

ဥက္ကဋ္ဌ။          ။လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် တင်သွင်းသောအဆိုကို လွှတ်တော် တွင်ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူမှာ ဖြစ်ပါတယ်။ အဆိုကို လွှတ်တော် တွင်ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များ သဘောတူကြပါသလားခင်ဗျာ။ သဘောတူပါတယ်။ သဘောတူကြပါသလားခင်ဗျာ။ သဘောတူပါတယ်။ သဘောတူကြပါသလား ခင်ဗျာ။ သဘောတူပါတယ်။ သဘောမတူသူရှိပါသလားခင်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်များ သဘောတူကြတဲ့အတွက်အဆိုကို လွှတ်တော်ကလက်ခံဆွေးနွေးရန်ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။ ဒီအဆိုကို လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဖို့လျာထားပါတယ်။ ယင်းအဆိုနဲ့စပ်လျဉ်းပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့ လွှတ်တော် အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးပို့ရန် ဖြစ်ပါတယ်။

ဥက္ကဋ္ဌ။          ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့သော ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေ မူကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ၅၈ နှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ကိုယ်စား သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်သို့ တင်သွင်းရန်ဖြစ်ပါတယ်။

အချိန်။ ၁၃၂၄

ဦးမြင့်သောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး။                 ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း ဦးစွာပထမနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်စီမံကိန်းဝန်ကြီး ဦးမြင့်သောင်း ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေမူကြမ်းအား ယနေ့ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ ဆဋ္ဌမနေ့အစည်းအဝေးမှာ ကျွန်တော်တင်သွင်းမှာ ဖြစ်ပါတယ်။ အခွန်အခဥပဒေကြမ်း တင်သွင်းမှုနှင့်ပတ်သက်လို့ ရှင်းလင်းတင်ပြရရင်တော့ ဒီဥပဒေဖြစ်ပေါ်လာတာက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ဝ (ခ)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသန္တရစီမံကိန်း နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းနဲ့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ် ထားသည့်နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်လို့ ဖော်ပြထားပါတယ်။ သို့ဖြစ်ပါ၍ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉ဝ (ခ)အရ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေကြမ်းကို လွှတ်တော်သို့တင်ပြမှာ ဖြစ်ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၁၈၈ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများနှင့်ပတ်သက်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင်ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုုင်းဒေသကြီးတဝှမ်းလုံးသော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း၊ အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟု ဖော်ပြထားပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ။ တိုင်းပြည်ရဲ့ အနာဂတ်ကာလမှာ နိုင်ငံတော်အစိုးရရဲ့ အသုံးစရိတ်များဟာ နိုင်ငံတော်က ကောက်ခံရရှိတဲ့ အခွန်ရငွေပေါ်မှာ မူတည်ပြီးဆောင်ရွက်ရသည့် နည်းတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့လဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အသုံးစရိတ်များကို ကောက်ခံရရှိတဲ့ အခွန်ရရှိငွေပေါ်မှာပဲ ရပ်တည်ရန်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်ထမ်းပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေါ်စေရေး၊ ရသင့်ရထိုက်တဲ့အခွန်များကိုရရှိရေး၊ ပွင့်လင်းမြင်သာမှု အခွန်စနစ်တစ်ရပ်ကို အခွန်ဆောင်နိုင်ရေးတို့ အပေါ်မူတည်၍ ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေမူကြမ်းကို တင်သွင်းရခြင်းဖြစ်ပါတယ်။ လက်ရှိအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရရှိနေတဲ့ အခွန်အခရငွေများဟာ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ ဆိုင်ရာဥပဒေများကိုပြဋ္ဌာန်းပြီးတော့ စည်းကြပ်ကောက်ခံပြီးတော့ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းနေရခြင်းဖြစ်ပါတယ်။ ယင်းအခွန်စည်းကြပ်ရာမှာ အကွဲကွဲ အပြားပြားသော ဥပဒေများ၊ အခွန်နှုန်းထားများကြောင့် အခွန်ဆိုင်ရာစီမံခန့်ခွဲမှုအပိုင်းများမှာ ရှုပ်ထွေး စေနိုင်ပြီးတော့ အခွန်ပေးဆောင်ရမည့်အခွန်ထမ်းပြည်သူများအနေဖြင့်လဲ အခွန်ဥပဒေများ ပေါ်မှာ နားလည်သဘောပေါက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံပိုင်ခွင့် ရှိသော အခွန်အခများနှင့်အညီ သီးခြားဥပဒေတစ်ရပ်အဖြစ် စုစည်းပြဋ္ဌာန်း၍ စီမံခန့်ခွဲခြင်း၊ ကောက်ခံခြင်း၊ ဆောင်ရွက်သင့်ကြောင်းကို ပြည်ထောင်စုအစိုးရ စီမံ၊ ဘဏ္ဍာဝန်ကြီးဌာန၊ ကျွန်တော်တို့ ပြည်တွင်းအခွန်ဦးစီးဌာနကနေပြီးတော့ အကြံပြုလာခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဒီအကြံပြုချက်နှင့်အညီ အခွန်အခဥပဒေရေးဆွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီကော်မတီအနေနဲ့ ဥပဒေကြမ်းတစ်ရပ်ရေးဆွဲရေးကို အစည်းအဝေး(၄)ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့နဲ့ ၂ဝ၁၇ ခုနှစ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အသီးသီးပြဋ္ဌာန်းအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ယခု တတိယမြောက် ဖြစ်တာကတော့ ကျွန်တော်တို့ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေမူကြမ်းကို လွှတ်တော်မှာ ဆက်လက်တင်ပြနေခြင်းဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း ပြည်ထောင်စု ရဲ့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် စီမံကိန်းဥပဒေ၊ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ၊ ၂ဝ၁၇ ခုနှစ်အခွန်အကောက်ဆိုင်ရာဥပဒေတို့ကိုလည်း အသီးသီးပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေကြမ်းတွင် အဓိကအားဖြင့် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၅၄ (က)က ရည်ညွှန်းထားတဲ့ ဇယား(၅)မှာပါဝင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရက ကောက်ခံရရှိမယ့် အခွန်အခများကို ကောက်ခံရန် ရည်ညွှန်းထားပါတယ်။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အခွန်အခဥပဒေဟာ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနဲ့ ချိတ်ဆက်လျက်ရှိ ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေရဲ့ရငွေများကို ရရှိစေဖို့အတွက် အဓိကအား ဖြင့် အခွန်အခလျာထားချက်များ ပြည့်မီစွာကောက်ခံဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခဥပဒေမူကြမ်းမှာ အခွန်အခလျာထားချက်များ ပြည့်မီစွာကောက်ခံ ရရှိနိုင်ရန်အတွက် နောက်ဆက်တွဲ(ဋ)မှာပါဝင်တဲ့ အခွန်အခများကို ကောက်ခံရန် လျာထားချက် များနှင့်အညီ အခွန်အခနှုန်းထားများကိုကောက်ခံသွားမှာဖြစ်ပါတယ်။ အထူးသဖြင့် နောက်ဆက်တွဲ (ဋ)အရ အခွန်အခနှုန်းထားများကို ပြဋ္ဌာန်းထားသော သက်ဆိုင်ရာဥပဒေများနှင့်အညီ သက်ဆိုင်ရာဌာနကြီးများကနေပြီးတော့ ကောက်ခံသွားမှာဖြစ်ပါတယ်။ ဥပဒေမူကြမ်းမှာ ဖော်ပြထားတဲ့ နောက်ဆက်တွဲ(ဋ) နောက်ဆုံးစာမျက်နှာမှာ ကျွန်တော်တို့ကောက်ခံတဲ့ အခွန်အခလျာထားချက်ဟာပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က အတည်ပြုခဲ့တဲ့ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ ရသုံးမှန်းခြေငွေစာရင်း ဥပဒေနဲ့ ချိတ်ဆက်ထားပါတယ်။ အခွန် အမျိုးအစားများ ပါပါတယ်။ မြေယာခွန် နောက်ဆက်တွဲ(ဃ)မှာ မြေယာ ခွန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပါပါတယ်။ သူ့ရဲ့ခန့်မှန်းခြေငွေစာရင်းပါပါတယ်။ ပြီးတော့ ယစ်မျိုးခွန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပါတယ်။ ဝင်ငွေခွန် ပြည်တွင်း အခွန်များဦးစီးဌာန ကပါ။ ကုန်သွယ်လုပ်ငန်းခွန် ပြည်တွင်းအခွန်များဦးစီးဌာနကပါ။ အထူးကုန်စည်ခွန် ပြည်တွင်းအခွန်များ ဦးစီးဌာနကပါ။ တံဆိပ်ခေါင်းခွန် ပြည်တွင်းအခွန်များဦးစီးဌာနကပါ။ သတ္တုခွန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပါတယ်။ အင်းအိုင်ခွန် ငါးလုပ်ငန်းဦးစီးဌာနက ကောက်ခံပါတယ်။ သစ်တောခွန် သစ်တောဦးစီးဌာနက ကောက်ခံပါတယ်။ စည်ပင်သာယာရေးဆိုင်ရာအခွန်များ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံပါတယ်။ စည်ပင်သာယာရေးဆိုင်ရာ ဝန်ဆောင်ခ၊ ရငွေများ ဒါလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကောက်ခံပါတယ်။စည်ပင်သာယာရေးဆိုင်ရာအခွန်များ ဒါတော့ ရန်ကုန်တိုင်း စည်ပင်သာယာရေးအဖွဲ့များက ကောက်ခံပါတယ်။ စည်ပင်သာယာရေးဆိုင်ရာဝန်ဆောင်ခများ ရန်ကုန်တိုင်းစည်ပင်သာယာရေး အဖွဲ့များက ကောက်ခံပါတယ်။ မော်တော်ယာဉ် မှတ်ပုံတင်ခနဲ့ စစ်ဆေးရေးခများကို ကုန်လမ်း ညွှန်ကြားမှုဦးစီးဌာနက ကောက်ခံပါတယ်။ တာတမံခွန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ခံပါတယ်။ ဆားခွန် သတ္တုတွင်းဦးစီးဌာနက ကောက်ခံပါတယ်။ ရုပ်ရှင်နှင့်ဗီဒီယိုဆိုင်ရာ အခွန်အခများ ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ကောက်ခံပြီးတော့ ပြပွဲ၊ ဖျော်ဖြေပွဲများကိုတော့ တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ကောက်ခံပါတယ်။ ဒီလိုအခွန်အကောက်အမျိုးမျိုးကို ဥပဒေထဲမှာ ကောက်ခံတဲ့နှုန်းထားများကို အခွန်အခနှုန်းထားများကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ။ အခုတင်ပြထားတဲ့ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီးရဲ့ အခွန်အခဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရဲ့ သဘောထားမှတ်ချက်ကိုလည်းရယူထားပြီး ဖြစ်ပါတယ်။ ဥပဒေချုပ်ရဲ့ သဘောထားမှတ်ချက်အရ ဥပဒေတစ်ရပ် ၏အင်္ဂါရပ်နှင့်ညီအောင် လိုအပ်သလိုပြင်ဆင် ဖြည့်စွက်ပြီးဖြစ်ပါတယ်။ ယခုဥပဒေကြမ်းကို ၂၃.၃.၂ဝ၁၇ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၂ဝ၁၇) ဆုံးဖြတ်ချက်အပိုဒ်(၄)အနေနဲ့ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ။ ယခု ၂ဝ၁ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ အခွန်အခ ဥပဒေမူကြမ်းကို အားလုံးကိုကြိုတင်ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေကြမ်းထဲမှာ အခန်း အားလုံး(၇)ခန်း ပါဝင်ပါတယ်။ ပုဒ်မ ၃၄ ခုပါပြီးတော့ နောက်ဆက်တွဲ ၁၁ ခုပါရှိပါတယ်။ ဒီဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များကနေပြီးတော့ အားလုံးဆွေးနွေးပြီးတော့ အတည်ပြု ပေးဖို့ရန်ဖြစ်တဲ့အတွက် ဒီအခွန်အခဥပဒေကြမ်းကို လေးစားစွာဖြင့် တင်သွင်းအပ်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးပို့သော ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေမူကြမ်းကို လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၃၃၊ နည်းဥပဒေခွဲ (ခ) အရ မိမိကော်မတီ၏ အစီရင်ခံစာကိုလွှတ်တော်သို့ ဖတ်ကြားရှင်းလင်းနိုင်ရန်အတွက် ဆောင်ရွက်ရန်နှင့် ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက ယနေ့လွှတ်တော် အစည်းအဝေးရပ်နားချိန်တွင် လွှတ်တော်ရုံးညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

 

အချိန်။ ၁၃၃၄

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဖတ်ကြားတင်ပြရန် ဖြစ်ပါတယ်။

ဒေါ်ခင်သန်းလှ၊ စာရင်းစစ်ချုပ်။       ။လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ရှင် – ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေး နှစ်၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၁(က)နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၂၅ (က) (ဃ)တို့ပါပြဌာန်းချက်များအရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်အဝေးသို့ စာဖြင့်ရေးသားတင်ပြထားချက်အား နှုတ်ဖြင့်ဖတ်ကြားတင်ပြခွင့်ပြုပါရန် တင်ပြပါသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၇၄ နှင့်ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ-၂၅၊ ၂၆ တို့ဖြင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ထမ်းဆောင်နိုင်ရန်အတွက် စစ်ဆေးရေးလုပ်ငန်းများအား စစ်ဆေးရေးဌာနခွဲ(၈)ခုဖြင့်လည်းကောင်း၊ ခရိုင်စာရင်းစစ်ရုံး(၄)ရုံးနှင့် မြို့နယ်စာရင်းစစ်ရုံး (၄၂)ရုံးဖြင့်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ကိုကိုးကျွန်းမြို့နယ်ရှိစစ်ဆေးရမည့် အဖွဲ့အစည်းများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတို့မှ တွဲဖက်တာဝန်ယူ စစ်ဆေးပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များရှင်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာဝန်ယူ စစ်ဆေးရသော အဖွဲ့အစည်းများ၏ ၃၁-၃-၂ဝ၁၆ နေ့ရှိ အရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး (၂၉၃)ဖွဲ့၊ ခရိုင်စာရင်းစစ်ရုံးများ (၁၉ဝ)ဖွဲ့နှင့် မြို့နယ်စာရင်းစစ်ရုံးများ(၁,၂၁၃)ဖွဲ့ ဖြစ်ပါသည်။ အဆိုပါစုစုပေါင်းအဖွဲ့အစည်း (၁,၆၉၆)ဖွဲ့တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သော အဖွဲ့အစည်း(၁,၁ဝ၃)ဖွဲ့နှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် အဖွဲ့အစည်း(၄၆၆)ဖွဲ့ ပါဝင်ပါသည်။ ယင်းသို့စစ်ဆေးကြရာတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဌာန/အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြစ်တင်ဝေဖန်လိုသည့် သဘောထက် ဌာန/အဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်ချက်များအား တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်ညီညွတ်ပြီး အမှားအယွင်းနည်းပါးစွာဖြင့် ပိုမိုတိုးတက်ကောင်းမွန်စေလိုသည့် သဘောရိုးဖြင့်ခံယူလျှက် အပြုသဘောဆောင်ကာ စစ်ဆေးခဲ့ကြခြင်းဖြစ်ပါသည်။ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်သော ဌာန/အဖွဲ့အစည်း(၂၇)ဖွဲ့၏ အသေးစိတ်ကို အစီရင်ခံစာ ပူးတွဲ(၁) ဖြင့်တင်ပြထားပါသည်။ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံးအဆင့်ဆင့်၏ ၂၆.၉.၂ဝ၁၄ ရက်စွဲပါစာဖြင့် ပြင်ဆင် ခွင့်ပြုအင်အား (၁,၄၂၈)ဦး ဖြစ်သော်လည်း ခန့်အပ်နိုင်သည့် ဝန်ထမ်းအင်အားမှာ ဖွဲ့စည်းပုံအရ ခွင့်ပြုအင်အား၏ ၂/၃ ဖြစ်၍ (၉၅၂)ဦးဖြစ်၍ ၃၁.၃.၂ဝ၁၆ နေ့ရှိခန့်ထားပြီး ဝန်ထမ်း အင်အားမှာ(၉၂၈)ဦး ဖြစ်ပါသည်။ ခွင့်ပြုအင်အား (၁၄၂၈)ဦးထက်(၅ဝဝ)ဦးလျော့နည်းပြီး ခန့်အပ်နိုင်သည့် ဝန်ထမ်းအင်အား (၉၅၂)ဦး ထက်(၂၄)ဦး လျော့နည်းပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များရှင်။ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သော ဌာနအဖွဲ့အစည်း(၂၇)ခု၏ အသေးစိတ်ကိုပူးတွဲ(၁)ဖြင့် တင်ပြထားပါသည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သော ဌာနအဖွဲ့အစည်းများ၏ စစ်ဆေးတွေ့ရှိချက်များကိုမူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၁(က)(ည)ပါပြဌာန်းချက်များနှင့်အညီ တင်ပြလျှက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး စာရင်း စစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ညွှန်ကြားချက်အရ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေရရှိသည့် ဌာနအဖွဲ့အစည်းများနှင့် ငွေသွင်းငွေထုတ်များပြားသည့်ဌာန အဖွဲ့အစည်းကြီးများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား (၆)လတာ ကာလပိုင်းဖြတ်၍ တစ်နှစ်လျှင်နှစ်ကြိမ်ဖြင့် စစ်ဆေးလေ့ရှိပါသည်။ ဌာန/အဖွဲ့အစည်းများအားလုံးသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့်နေ့ ဖြစ်သော ဘဏ္ဍာရေး နှစ်တစ်နှစ်၏ မတ်လ(၃၁) နောက်ပိုင်းမှသာလျှင် ၎င်းတို့၏ဘဏ္ဍာရေး နှစ်ချုပ်စာရင်းများကို ပိတ်သိမ်းရေးဆွဲကြရာ ယင်းတို့၏ဘဏ္ဍာရေးနှစ်ချုပ်စာရင်းများ (င်္ငညညေခငေူ ှအအေနာနညအျ)များအား စာရင်းစစ်ဆေးမှုခံယူနိုင်ရန် ဤရုံးကလက်ခံရရှိသည့်အခါမှသာ စာရင်းစစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးပါသည်။ ယင်းသို့စစ်ဆေးရာတွင် စစ်ဆေးရေးစီမံချက်များ (ဏူညေညငညါ)ရေးဆွဲခြင်း၊ အသေးစိတ်စစ်ဆေးရေးအစီအစဉ် (ဏမသါမောာငညါ)ရေးဆွဲခြင်း ၊စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း (ဏနမ်သမာငညါ)၊ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ (မူကြမ်း) (ီမေ်အငညါ)ရေးသားခြင်း ၊ အစီရင်ခံစာ မူကြမ်းအားစိစစ်ခြင်း (ျွနလငနတငညါ)၊ ဌာနတာဝန်ရှိ သူများအားဖိတ်ခေါ်၍ အပြီးသတ်အတည်ပြုဆောင်ရွက်ခြင်း (ဗကိငအ ျွှငညိငညါ-ကစ)၊ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ(မူချော) ထုတ်ပြန်ခြင်း (ျှုျကငညါ အ့န ဗကိငအ ျွနစသမအ)နှင့် ဌာန၏ လိုက်နာဆောင်ရွက်မှုအခြေအနေ ပြန်ကြားချက်ကို စိစစ်ခြင်း (င်္သူူသတ – ကစ ဗခအငသည)တို့ကို ဆောင်ရွက်ရပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၇)ဖြင့် တင်ပြထားပါသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တာဝန်ပေးချက်များအရစစ်ဆေးခြင်း၊ အစီရင်ခံသည့်ကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးချက်အရလုပ်ငန်း (၁ဝ၂)ခုနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဆက်စပ်စစ်ဆေးခြင်းလုပ်ငန်း (၂၉)ခုကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များရှင်။ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ်အတွက် ဤရုံး၏ စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ စာရင်းသို့ ပြန်လည်ပေးသွင်းရမည့် ငွေနှင့်စပ်လျဉ်း၍ ၃၁-၃-၂ဝ၁၆ နေ့အထိ ငွေပေးသွင်းပြီးစီးမှု အခြေအနေမှာ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရန် ငွေကျပ် ၁၅ဝ၅.ဝ၉၇ သန်းအနက် ငွေကျပ် ၇၂၅.၇၃၅ သန်း ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်၍ ၃၁-၃-၂ဝ၁၆ နေ့တွင်ငွေကျပ် ၇၇၉.၃၆၂ သန်းပေးသွင်းရန် ကျန်ရှိပါသည်။ ပြန်လည်ပေးသွင်းရန်ရှိငွေများကို ဆက်လက်ပေးသွင်းလျှက်ရှိရာ ၂၈.၂.၂ဝ၁၇ နေ့အထိ ပြန်လည်ပေးသွင်းရန် ကျန်ရှိငွေမှာ ကျပ် ၂၈.၅၅၉ သန်း ဖြစ်ပါသည်။ ပေးသွင်းပြီးစီးမှု ရာခိုင်နှုန်းမှာ ၉၈.၁ဝ ဖြစ်ပါသည်။ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရန်ငွေကျပ် ၈၉၉.၂ဝ၃ သန်းအနက်ငွေကျပ် ၁၃.ဝ၆၉ သန်း ပြန်လည်ပေးသွင်းခဲ့ပြီးဖြစ်၍ ၃၁.၃.၂ဝ၁၆ နေ့တွင် ငွေကျပ် ၈၈၆.၁၃၄ သန်းပေးသွင်းရန် ကျန်ရှိပါသည်။ ပြန်လည်ပေးသွင်းရန်ရှိငွေများကို ဆက်လက်ပေးသွင်းလျှက်ရှိရာ ၂၈.၂.၂ဝ၁၇ နေ့အထိ ပြန်လည်ပေးသွင်းရန် ကျန်ရှိငွေမှာ ကျပ် ဝ.၃ဝ၁ သန်း ဖြစ်ပါသည်။ ပေးသွင်းပြီးစီးမှု ရာခိုင်နှုန်းမှာ ၉၉.၉၆ ဖြစ်ပါသည်။ ပေးသွင်းရန် ကျန်ငွေကျပ် ၂၈.၈၆ဝ သန်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံးမှ ကျပ် ၄.၈ဝ၆၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကျပ် ၅.၇ဝဝ သန်းနှင့်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကျပ် ၁၈.ဝ၅၃ သန်း ဖြစ်ပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၁ဝ၊၁၁၊၁၂) ဖြင့် တင်ပြထားပါသည်။ အထက်တင်ပြပါ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေသို့ ပြန်လည်ပေးသွင်းရမည့် ငွေများနှင့်စပ်လျဉ်း၍ ပြန်လည်ပေးသွင်းရန်ပေါ်ပေါက်သည့် အကြောင်းကိစ္စရပ်များ အလိုက်စိစစ်ရာတွင် တွက်ချက်မှုမှားယွင်းခြင်း ၁၄% ၊ ှနန ဗ/ဃ အစား ဥဗ ဗ/ဃ သို့ မှားသွင်းခြင်း ၂၉% ၊ စံနှုန်း/ဒေသဈေးနှုန်းကွဲလွဲခြင်း ၂ဝ% ၊ မျက်မြင်စစ်ဆေးမှုအရ လုပ်ငန်း လျော့နည်းဆောင်ရွက်မှု ၉% ၊ ပေးချေသင့်သည်ထက်ပိုမိုထုတ်ယူခြင်း ၃% ၊ ရငွေလျော့နည်း ပေးသွင်းခြင်း ၂၃% ၊ ဒဏ်ကြေးကောက်ခံရရှိငွေ ၁% ၊ ပိုထုတ်မိငွေပြန်သွင်းခြင်း ၁% စသည်တို့ ဖြစ်ပါသည်။ အသေးစိတ်ကို အစီရင်ခံစာဇယား(၄)ဖြင့် တင်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များရှင်။ ဆက်လက်၍ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်နှင့် အပြီးသတ် စာရင်းပိတ်ရေးဆွဲခြင်းများအား ဆက်လက် တင်ပြပါမည်။ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေအစီအစဉ် တွင်ပါဝင်သည့် အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏အရ အသုံးစာရင်းများကို မတ်လအပြီးသတ်စာရင်းပါ ထည့်သွင်းရေးဆွဲရသဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် ၃၁.၃.၂ဝ၁၆ နေ့ နောက်ပိုင်းရက်ပေါင်း(၉ဝ)အတွင်း ပြီးစီးအောင် အပြီးသတ် စာရင်းပိတ်ရေးဆွဲပေးပို့ကြရပါသည်။ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်ကြရသည့် လုပ်ငန်းဌာန/အဖွဲ့အစည်း များသည် ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် သာမန်ရငွေတွင် ငွေကျပ် ၂၄ဝ၁ဝ.၂၇၉ သန်းပိုမိုရရှိခဲ့ပြီး၊ ငွေလေုံးငွရင်းရငွေတွင် ကျပ် ၈ဝ၉ဝ၅.၉၅၆ သန်း ၊ ြွေကးမြီရငွေတွင် ကျပ် ၂၄၈၈.၁၂၄ သန်းလျော့နည်းရရှိခဲ့၍ အသားတင် ရငွေစုစုပေါင်းတွင် ငွေကျပ် ၆၅၇၅၄.၃၃၄ သန်း လျော့နည်းရရှိပါသည်။ ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံးစရိတ်တွင် ငွေကျပ် ၉၉၇၈.၁ဝ၆ သန်း ၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ငွေကျပ် ၅၅၇၆၅.၁၉၉ သန်း လျော့နည်းသုံးစွဲခဲ့ပြီး ၊ ြွေကးမြီအသုံးစရိတ်တွင် ငွေကျပ် ၁၁.ဝ၂၉ သန်း လျော့နည်းသုံးစွဲခဲ့၍ အသားတင်အသုံးစရိတ် စုစုပေါင်းတွင်ငွေကျပ် ၆၅၇၅၄.၃၃၄ သန်း လျော့နည်းသုံးစွဲခဲ့ပါသည်။ သို့ဖြစ်၍ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ လျော့သုံးငွေကျပ် ၆၃၇ဝ.၅၃၃ သန်းဖြစ်ပေါ်ခဲ့ပြီး ဌာနအဖွဲ့အစည်း(၂၇)ဖွဲ့မှမသုံးစွဲဖြစ်သည့် အသုံးစရိတ်များကို တိုင်းဒေသကြီးအထွေထွေ ပိုလျှံရန်ပုံငွေသို့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်အပ်နှံထားပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အသေးစိတ်ကိုအစီရင်ခံစာဇယား (၆ နှင့် အစီရင်ခံစာအပိုဒ်(၁၉)ဖြင့် တင်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များရှင့်။ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန စူးစမ်းလေ့လာရေး ဌာနခွဲ၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ (၆)လအတွက် လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးရာတွင် စူးစမ်းလေ့လာရေးဌာနခွဲ မြေဆီလွှာရုံးမှ ပြေစာစုစုပေါင်း(၃၅)စောင် ကျပ် ၄၇၈၅၄ဝဝ တွင် သက်ဆိုင်ရာဌာနများမှ ကျပ် ၁၅၅၇ဝဝဝသာ လက်ခံရရှိခဲ့ကြောင်းတွေ့ရှိရပြီး ကျန်ပေးချေငွေကျပ် ၃၂၂၈၄ဝဝမှာ သက်ဆိုင်ရာဌာနအသီးသီးမှ အမှန်လက်ခံရရှိမှုမရှိ၍ တာဝန်ရှိသူ အဆင့်ဆင့်မှစိစစ်၍ ဌာန၏ ငွေထုတ်စာရင်းသို့ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း ဌာနဖြင့်ဆွေးနွေးခဲ့ရာဌာနမှ ၄.၁၁.၂ဝ၁၆ ရက်နေ့တွင် ကျပ် ၃၂၂၈၄ဝဝအား ဌာနငွေထုတ် စာရင်းသို့ပြန်လည်ပေးသွင်းခဲ့ပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၂၂)တွင် ဖော်ပြထားပါသည်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေး၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လအတွက် လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးတွေ့ရှိချက်များတွင် စားစရိတ်နှင့်ထောက်ပံ့ကြေးအတွက် ဘတ်ဂျက်တောင်းခံရာတွင် လည်းကောင်း၊ အသုံးစရိတ်များအား အထက်ဆင့်သို့တင်ပြ၍ ခွင့်ပြုချက်ရယူရာတွင်လည်းကောင်း၊ လစဉ်စားစရိတ်နှင့် ထောက်ပံ့ကြေးအသုံးစရိတ် ပြေစာအထောက်အထားများတွင် စနစ်တကျ သင်တန်းသားအမည် မှန်ကန်စွာဖော်ပြမှုမရှိခြင်းတို့ကြောင့် ပိုထုတ်ငွေကျပ် ၇၄၅၅,ဝဝဝ ဖြစ်ပေါ်နေသဖြင့် နောင်မဖြစ်ပေါ်စေရေးတာဝန်ရှိသူ အဆင့်ဆင့်မှကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဌာနဖြင့်ဆွေးနွေးခဲ့ရာ ၂၉.၈.၂ဝ၁၅ နေ့တွင် ကျပ် ၁၁၄ဝ,ဝဝဝ အားလည်းကောင်း၊ ၆.၉.၂ဝ၁၅ နေ့တွင် ကျပ် ၆၃၁၅,ဝဝဝ အားလည်းကောင်း ဌာန၏ငွေထုတ်စာရင်းသို့ ပြန်လည် ပေးသွင်းခဲ့ပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၂၃)တွင် ဖော်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ် များရှင့်။ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် စစ်ဆေးရသော အဖွဲ့အစည်းများအနက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ လွှတ်တော်နှင့်နေအိမ် အဆောက်အဦများထိန်းသိမ်းရေးအဖွဲ့၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်၊ ဒုတိယ(၆)လ စစ်ဆေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နြဃ သို့ လွှဲပြောင်း အပ်နှံသော ယာဉ် ၂၆၈ စီး မှ ၃ဝ-၁၂-၂ဝ၁၅ နေ့တွင် နြဃ သို့လွှဲပြောင်းပြီးဖြစ်သည့် ယာဉ်အမှတ် – ည/၄၉၁၉ အား သံရည်ကျိုစက်မှ လာရောက်သယ်ယူခြင်းမပြုမီ   ၁-၁-၂ဝ၁၆ နေ့မှ ၃၁-၃-၂ဝ၁၆ ကာလအတွင်း ယာဉ်ပြင်ဆင်စရိတ် ကျပ် ၂၄၃,၂ဝဝ နှင့် စက်သုံးဆီ ၂၅၉ ဂါလန် ကျပ် ၆၄၆,၄၅ဝ စုစုပေါင်းကျပ် ၈၈၉,၆၅ဝ ကျခံသုံးစွဲထားသဖြင့် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်မှုမရှိ၍ ပြန်လည်ပေးသွင်းစေခဲ့ရာ ၁၈-၁၁-၂ဝ၁၆ ရက်စွဲပါ ချလန်အမှတ်၊ ၁၁၂ ၊ ဌာန ငွေစာရင်း ြီ-ဝ၂၃၈၈၉ သို့ပေးသွင်းပြီး ဖြစ်ပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ် (၂၄,၂၅,၂၆)တို့တွင် ဖော်ပြထားပါသည်။မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ၊ရန်ကုန်တိုင်းဒေသကြီး တိုင်းညွှန်ကြားရေးမှူးရုံး ၏၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် စစ်ဆေးရာတွင် မြေယာရုံးခွဲများအလိုက် ြွေကးကျန်စာရင်းများနှင့် စပ်လျဉ်းသည့် တစ်ဦးချင်းြွေကးကျန်စာရင်းများအား စနစ်တကျပြုစုထားရှိရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၂၇)တို့တွင် ဖော်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရှင့်။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးသည့်ဌာန အဖွဲ့အစည်းများအနက် နိုင်ငံပိုင်မြေနှင့်အဆောက်အဦများငှားရမ်းခြင်း၊ အကျိုးတူ ဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့သည့် ဌာနအဖွဲ့အစည်းများ၏ စစ်ဆေးတွေ့ရှိချက်များကို တင်ပြမှာ ဖြစ်ပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံပိုင်မြေနှင့် အဆောက်အဦများ ငှားရမ်းထားရှိမှု အခြေအနေများကိုတင်ပြမှာ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်း မြေနှင့်အဆောက်အဦများ ငှားရမ်းခစုစုပေါင်းကျပ် ၂၁၁၁၃.၇၅၇ သန်းရရှိခဲ့ကြောင်း တွေ့ရှိရပါတယ်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ် (၂၈)မှ(၃၆)တို့တွင် ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းရှိ စုပေါင်းရုံးအား တစ်နှစ်လျှင် ကျပ်သန်း ၄ဝဝ ဖြင့် ငှားရမ်းခြင်းဖြစ်ပြီး စာချုပ်အရ ငှားရမ်းခများရရှိမှုမရှိသေးပဲ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်အတွင်း မြေအသုံးချမှု ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၅.၇၆ သန်း (ကျပ် ၆၆၄၈.၁၉၂ သန်း)ရရှိခြင်း ဖြစ်ပါသည်။ ပန်းဘဲတန်း မြို့နယ် ဗိုလ်ဆွန်ပက်လမ်းရှိ မြေနှင့် အဆောက်အဦအား နိုင်ငံတကာအဆင့်မီ ဟော်တယ် လုပ်ငန်းဆောင်ရွက်ရန် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၄ သိန်းဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ်မှာ ငှားရမ်းခများရရှိမှုမရှိသေးဘဲနဲ့ မြေအသုံးချပရီမီယံကြေးများသာ ပေးသွင်းထားကြောင်း တွေ့ရှိရပါသည်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မလစ်ကျေးရွာအနီးတွင် မြေ ၄ဝဝ ဧကအား အသေးစားစက်မှု ဥယျာဉ်တည်ဆောက်ရန် မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အား လုပ်ကိုင်ခွင့်ပြုရန် ၁၁.၁၂.၂ဝ၁၅ နေ့တွင် စာချုပ်ချုပ်ဆို ထားတာ တွေ့ရှိရပါသည်။ စာချုပ်အရ ချုပ်ဆိုသောနေ့တွင် ျငါညအေကမန သြညကျ ကျပ်သန်း ၅ဝဝ ပေးသွင်းခဲ့ပြီး ကုမ္ပဏီမှ တံတားများ၊ လမ်းများ၊ ရေနုတ်မြောင်းများ၊ ထရန်စဖော်မာများ တပ်ဆင်ပေးရမှာဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးပါက မြေငှားဂရန်ရရှိရေးအတွက် ဆောင်ရွက် ပေးရမှာ ဖြစ်ပါသည်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကျီစုကျေးရွာအနီးမှ ဒဂုံဆိပ်ကမ်းစက်မှု ဥယျာဉ်စက်မှုဇုံ တည်ထောင်ရန်အတွက် မြေဧရိယာ ၉၇.၆၈၂ ဧကအား ုုဗွှံ ီနလနူသစာနညအ ဃသးူအိ သို့ ၁၈.၁၁.၂ဝ၁၅ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး နှစ် ၅ဝ ငှားရမ်း ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ငှားရမ်းခအနေဖြင့် တစ်နှစ်လျှင် ကျပ်သန်း ၅ဝ ရရှိမှာဖြစ်ပြီးတော့ မြေအသုံးချမှု ပရီမီယံကြေး ၁ ဧကလျှင် ကျပ် ၁၁ဝ သန်းနှုန်းဖြင့် ကျပ် ၁ဝ.၇၄၅ ဘီလီယံရရှိမှာ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေ ကျပ် ၂ဝ ဘီလီယံဖြင့် မဟာဗန္ဓုလအငှားအိမ်ရာစီမံကိန်းအားဆောင်ရွက်ခဲ့ရာ ကျပ် ၁၈.၃ဝ၆ ဘီလီယံသုံးစွဲပြီး ကျပ် ၁.၆၉၄ ဘီလီယံအား ပြန်လည်အပ်နှံခဲ့ပါတယ်။ တင်ဒါစနစ်ဖြင့် ကုမ္ပဏီ ၂၆ ခုအား ရွေးချယ်၍ အဆောက်အဦး ၅ဝ လုံးတည်ဆောက်ခဲ့ရာ အိမ်ခန်းပေါင်း ၁၂ဝဝ ရရှိမှာဖြစ်ပါသည်။ အဆောက်အဦတစ်လုံးလျှင် ကျပ် ၃၃၆.၉၉၆ သန်းဖြင့် အတည်ပြု ဆောက်လုပ်ခွင့်ပြုခဲ့ရာ စစ်ဆေးချက်များအရ ကျပ် ၁၄၅.၉၃၃ သန်းပေးသွင်းစေခဲ့ရာ ကျပ် ၁၄၁.၁၂၇ သန်း ပြန်လည်ပေးသွင်းပြီး ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၄၅ မြို့နယ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၄၃၇၁.၃၁၉ သန်းရရှိခဲ့ပြီး ကျပ် ၄၃၄၂.၈၃၅ သန်း သုံးစွဲခဲ့ကြောင်း တွေ့ရပါတယ်။ စံနှုန်းစစ်ဆေးချက်များအရ ကျပ် ၁ဝ.၈၅၆ သန်း ပြန်လည်ပေးသွင်းပြီးဖြစ်သဖြင့်် အစီရင်ခံစာ အပိုဒ်(၃၈)မှ(၄ဝ)တို့တွင် အသေးစိတ်ဖော်ပြထား ပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များရှင့်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဌာနများတွင် ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေး နှစ်လုပ်ငန်းနှင်၊့ စာရင်းများစစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်ပြန်သွင်းရန် ငွေကျပ် ၈၂၇.၃၁ဝ သန်း ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိရပါသည်။ (ကျပ်သန်း) ဈေးများဌာန ၁၄၃.၈၇၃ သီရိရတနာလက်ကားဈေးစီမံကိန်းတည်ဆောက်ရာ၌ ဝန်ထမ်းအိမ်ယာနှင့် ကြက်ခြံများ တည်ဆောက်ခြင်းအတွက် ပိုမိုပေးငွေ ပြန်လည်ပေးသွင်းခြင်း ၅၆.၇၁၉၊ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးမှုမရှိသဖြင့် နောက်ကျဒဏ်ကြေးများပေးသွင်းမှု ရွှေမင်္ဂလာဦး ၂၅၆ ရက် ၂၅.၆ဝဝ၊ သီရိရတနာဈေး ၂၇ဝ ရက် ၂၇.ဝဝဝ        ၅၂.၆ဝဝ၊ ပြင်/ထိန်း လုပ်ငန်းဖြင့် ငွေလုံးလုပ်ငန်းများမှပြန်လည်ပေးသွင်းငွေများ ၃၄.၅၅၄၊ အင်ဂျင်နီယာ (အဆောက်အအုံ) အဆောက်အဦ/ ပြင်ထိန်းလုပ်ငန်း ၂၇ ခု စစ်ဆေးရာတွင် ပြန်သွင်းငွေ ငွေလုံးငွေရင်း လုပ်ငန်း ၉၆ ခု စစ်ဆေးရာတွင် ပြန်သွင်းငွေ ၆၅.၃၉၁၊ ၁.၈၅၇၊ ၆၃.၅၃၄၊ အင်ဂျင်နီယာ(လမ်းတံတား) ၁၇၅.၃၈၁၊ ပြင်/ထိန်းလုပ်ငန်း ၅၁ ခုဆောင်ရွက်ခြင်းလုပ်ငန်းမှ ပြန်သွင်းငွေ      ၇.၆၅၉၊ ငွေလုံးငွေရင်းရန်ပုံငွေ(၁) ချောင်းကူးတံတား ၃ စင်းနှင်၊့ လူကူးခုံးကျော် တံတား ၇ စင်းတည်ဆောက်ခြင်းလုပ်ငန်းမှ ပြန်သွင်းငွေ ၆၆.ဝ၂၅ တံတား ၂ စင်းမျက်မြင်စစ်ခြင်းမှ ပြန်သွင်းငွေ ၃၃.၆၃၇၊ လမ်း/တံတားလုပ်ငန်း ၉၃ ခုဆောင်ရွက်ခြင်းမှ ပြန်သွင်းငွေ ၆၈.ဝ၆ဝ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) ၆၄.၁၆၈၊ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း (၃၄)ခုအတွက် ပြန်သွင်းငွေ ၇.၄၉ဝ၊ ငွေလုံးငွေရင်းလုပ်ငန်း (၁၆၅)ခုအတွက်ပြန်သွင်းငွေ ၅၆.၆၇၈၊ အင်ဂျင်နီယာ (လမ်းတံတား)နှင့် စီမံရေးရာဌာန ၃၇ဝ.၄၃၇၊ ကြော်ငြာဆိုင်းဘုတ်များ တည်ဆောက်ရာတွင် ပြန်လည်ပေးသွင်းငွေ    ၅၁.၈၅၇၊ ၄၅’ x ၁၅’ ကြော်ငြာဆိုင်းဘုတ်ခွန်ပေးသွင်းရန် ကျန်ရှိငွေများပေးသွင်းခြင်း ၂၂၁.၆၂၅ ကွင်းဆင်းစစ်ဆေးချက်အရ ၄၅’ x၁၅’ ကြော်ငြာဆိုင်းဘုတ် ခွန်ပေးသွင်းမှုမရှိသေးသည့် ဆိုင်းဘုတ်(၁၃)ခုအတွက် ပေးသွင်းခြင်း ၉၃.၃၇၅၊ ၄၅’ x ၁၅’ ကြော်ငြာဆိုင်း ဘုတ်ဒီဇိုင်းပြောင်းလဲခပေးသွင်းခြင်း ၁.ဝဝဝ ပေးသွင်းမှုမရှိသေးသည့်၂ဝ’ x ၉’ ယာယီကြော်ငြာဆိုင်းဘုတ်ခများပေးသွင်းခြင်း ၂.၅၈ဝ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန ၈.ဝ၆ဝ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း (၉)ခုအတွက် ပြန်သွင်းငွေ ၁.၂၁၈၊ ငွေလုံးငွေရင်းလုပ်ငန်း (၂၅)ခုအတွက် ပြန်သွင်းငွေ ၆.၈၄၂ စုစုပေါင်း ပေးသွင်းငွေ ၈၂၇.၃၁ဝ နိုင်ငံတော်သို့ပေးသွင်းရန် ကျပ် ၈၂၇.၃၁ဝ သန်းအား ယခုအချိန်တွင် အားလုံးပြန်လည်ပေးသွင်းပြီးဖြစ်၍ပေးသွင်းရန် ကျန်ရှိမှုမရှိပါ။ အစီရင်ခံစာ အပိုဒ်(၁၂)ဇယား (၃)တွင် ဖော်ပြထားပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေးချက်များနှင့် စပ်လျဉ်း၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များအား ကောက်နုတ်ဖော်ပြပါသည်။ အင်ဂျင်နီယာ (အဆောက်အဦ)ဌာန၏ အကျိုးတူလုပ်ငန်း ဆောင်ရွက်ထားမှုများ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာ(အဆောက် အဦ)ဌာနသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်အတွင်း စစ်ဆေးတွေ့ရှိချက်များအရ အကျိုးတူရင်းနှီးမြုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အထိ ပွင်းလင်းမြင်သာစွာ တင်ဒါခေါ်ယူဆောင်ရွက်နိုင်မှုမရှိဘဲ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှသာ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုသို့ အကျိုးတူ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဌာနက အကျိုးအမြတ်အဖြစ်ရရှိမည့် တိုက်ခန်းများ၊ စီးပွားရေးအဆောက်အဦအချို့အား ပြည်သူလူထုသို့ ရောင်းချမှုမရှိဘဲ အကျိုးတူဆောင်ရွက်သည့် ကုမ္ပဏီများသို့ ဦးစားပေးရောင်းချရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရှိမှုကိုလည်း တွေ့ရှိရ ပါသည်။ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီသို့ ငှားရမ်းမှု ငှားရမ်းခ(ကျပ်သန်း)ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းရှိ မြေ ဝ.၄၅၅ ဧကပေါ်ရှိ ၈၁/၂ထပ်၊ အခန်း ၃၃ ခန်းပါ ဟိုတယ် ၆၅၁၃၂.၂၁ စ/ပေတစ်လ    ၅.ဝဝ၊ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်များတွင်တည်ဆောက်သည့် ဟံသာဝတီ ဃသာစူန x ၄၅၆၃၈၊ တစ်နှစ် ၆၅၅.ဝဝ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ကန်သာယာ ဃသညျသမအငကာ ၇၇၄၁၉ဝ စ/ပေ တစ်နှစ်        ၅၃၃.ဝဝ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့်ရှိ ဗိုလ်ချုပ်အောင်ဆန်း ှဆကမေန ၉၉၉၃၄ စ/ပေ တစ်နှစ် ၃၁၅ဝ.ဝဝ၊ ဗဟန်းမြို့နယ်၊ ဖိုးစိိန်လမ်းရှိ ၂၇ ထပ်နှင့် ၂၁ ထပ် ီနွ ွှသတနမ ၄၉၁၄၂၆.၄၂ စ/ပေ ငှားရမ်းခမသတ်မှတ်ရသေး ရင်းနှီးမြုပ်နှံမှုကုမ္ပဏီသို့ ရောင်းချထားမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ စပယ်ဖြူအိမ်ရာ ဃသာာနမခငေူ ဗမနေ ၄ဝ၂၃၂ စ/ပေ၊ ၄ဝ၂၃.၂ဝဝ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ြအေကမန ဏျေအ ံသကျငညါ ီနစအ- မြေ ၁၇၆၁၂ စ/ပေ နှင့်် ဆ/ ဦ ၂ဝဝဝ.၄ဝဝ၊ င်္သမအကညန ဏူဖေေ ဏမသနြခအ ၅၁ဝ၄၂ဝ စ/ပေ ၂၁၄ဝ၁.ဝဝ၂၇။ အထက်ပါအိမ်ရာများအားပြည်သူလူထုသို့ ရောင်းချမှုမရှိဘဲ အကျိုးတူရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများသို့ ငှားရမ်းခြင်း/ရောင်းချခြင်းများဆောင်ရွက်ရာတွင် ငှားရမ်းခ/ရောင်းချသည့် ဈေးနှုန်းများအား ခေတ်ကာလပေါက်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါကများစွာ လျော့နည်း နစ်နာခဲ့ကြောင်း တွေ့ရှိရသဖြင့် အစီရင်ခံစာအပိုဒ် (၄၆) (ဆ)၃ ၊ ဈ (၇) ၊ည (၅) နှင့် (၄၇)တွင် ဖော်ပြထားပါသည်။ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိအခန်း ၆၆ ခန်းပါ ျြွွှ ှုညိငါသ ံသအနူ        ၇၇ ၉ဝဝ ၆၄၃.၂၄၊ ဟံသာဝတီ ဃသာစူန x ၁၁၂.၈ဝ ၇၅ဝ ၃၇၅၅.၄ဝ၊ ကန်သာယာ ဃသညျသမအငကာ ၅၇.၃၇ ၁ဝဝဝ ၈၇၅၇.၂၄၊ င်္သမအကညန ဏူဖေေ ဏမသနြခအ ၁၅၁၂၄.၈၁ ဈေးများဌာန၏ အကျိုးတူ လုပ်ငန်းဆောင်ရွက်မှုများ အခြေအနေဈေးများဌာနသည် ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးတူတည်ဆောက်ရေး လုပ်ငန်းများဆာင်ရွက်ခဲ့ရာတွင်လည်း ဌာနကရရှိမည့် အကျိုးအမြတ် များအား ပြည်သူလူထုသို့ရောင်းချမှုမရှိဘဲ အကျိုးတူ ရင်းနှီးမြုပ်နှံသည့်ကုမ္ပဏီသို့ အောက်ပါအတိုင်း ရောင်းချထားကြောင်း တွေ့ရပါသည်။ ရွှေမင်္ဂလာဈေး ဆိုင်ခန်း(၁၆၈)ခန်းအား ရောင်းချခြင်း ၆ဝဝဝ.ဝဝဝ ၊ သီရီရတနာလက်ကားဈေးဆိုင်ခန်း (၄၄၈)ခန်း ၄၂၈၁ဝ.ဝဝဝ၊ အလုံဆင်မင်းဈေး လူနေအိမ်ခန်း(၄၆)ခန်း ၈၁၁ဝဝ စ/ပေ ၈၁၁ဝ.ဝဝဝ ပုဇွန်ထောင်ရေကျော်ဈေး လူနေအိမ် (၉)ခန်းရောင်းချခြင်း ၁၆၈၃.၂ဝဝ၊ ထို့ကြောင့် အင်ဂျင်နီဌာန(အဆောက်အဦ)နှင့် ဈေးများ ဌာနတို့သည့် အကျိုးတူလုပ်ငန်းများဆောင်ရွက်ရန် အကျိုးတူရင်းနှီးမြုပ်နှံသူများနှင့် စာချုပ်များ ချုပ်ဆိုဆောင်ရွက်ရာတွင် အောက်ပါအားနည်းချက်များကို တွေ့ရှိရပါသည်။ (က) စီမံကိန်း လုပ်ငန်းများ ခွင့်ပြုဆောင်ရွက်၍ လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်ကြီးများကိုသာ ငှားရမ်းခြင်း၊ ရောင်းချခြင်းသည် အများပြည်သူလူထုဝယ်ယူနိုင်ခွင့်နှင့် ပွင့်လင်းမြင်သာမှု လျော့နည်းစေနိုင်ခြင်း။ (ခ)ငှားရမ်းခနှုန်းထားများမှာလည်း လက်ရှိဖြစ်ပေါ်နေသော နှုန်းထားများနှင့်နှိုင်းယှဉ်လျှင် လျော့နည်းနေခြင်း။ (ဂ) ငှားရမ်းသည့် အချိန်ကာလမှာလည်း နှစ်ရှည်ငှားရမ်းခြင်းဖြစ်သည့်အပြင် ငှားရမ်းခနှုန်းထားများ တိုးမြှင့်ရာတွင် အနည်းဆုံး ၅ နှစ်ကြာမြင့်မှတစ်ကြိမ် တိုးခွင့်နှင့် အများဆုံး ၁ဝ ရာခိုင်နှုန်းအထိသာ တိုးမြှင့်နိုင်ကြောင်း ချုပ်ဆိုထားခြင်းသည် လုပ်ငန်းရှင်ကြီးများအား အကျိုးအမြတ်ရရှိစေရန် အလေးပေးချုပ်ဆိုထားသကဲ့သို့ဖြစ်နေခြင်း၊ (ဃ) ပြည်သူလူထုအနေဖြင့် နိုင်ငံပိုင်တိုက်ခန်း၊ ဆိုင်ခန်းများအား ပွင့်လင်းမြင်သာစွာ ငှားရမ်းခွင့်၊ ဝယ်ယူခွင့်များမရရှိနိုင်ဘဲ အကျိုးတူရင်းနှီးမြှုပ်နှံသူများထံမှသာ ဝယ်ယူ၊ ငှားရမ်းရမည့်အခြေအနေသို့ ရောက်ရှိနေခြင်း။ (င) အကျိုးတူစာချုပ်ပါ အချက်အလက်များသည် နိုင်ငံတော်ဘက်မှ နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ဌာနအား အကာအကွယ်ပေးမည့်အချက်များ ပြည့်စုံစွာပါဝင်စေရန် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ပေးပို့၍ သဘောထားမှတ်ချက်ရယူမှုမရှိခြင်း။ (စ) သိပ္ပံဈေး(ဆင်မင်းဈေး)နှင့် ပုဇွန်တောင် ရေကျော်ဈေးများ အကျိုးတူတည်ဆောက်ရာတွင် သဘာဝအန္တရာယ် (သို့) မမျှော်မှန်းနိုင်သော အကြောင်းများကြောင့် ပြိုကျပျက်စီးလျှင် မူလအဆင့်ထက်မနိမ့်သည့် အဆောက်အဦအား မိမိတို့အစီအစဉ်ဖြင့် ပြန်လည်တည်ဆောက်အသုံးပြုနိုင်သည်ဟု ထည့်သွင်းချုပ်ဆိုထားသဖြင့် အကျိုးတူဆောင်ရွက်သူအား အခွင့်အလမ်းများ ပိုမိုပေးထားသည့်သဘော သက်ရောက်နေခြင်း၊ (ဆ) စည်ပင်သာယာရေးကော်မတီမှရရှိသည့် အကျိုးအမြတ်များအား အကျိုးတူ ရင်းနှီးမြုပ်နှံသူသို့ တစ်လုံးတည်းလက်လွှဲရောင်းချရာတွင် စာချုပ်ချုပ်ဆို၍ အသေးစိတ်အချက်အလက်များ ထည့်သွင်းမှုမရှိသဖြင့် နောင်တွင်အငြင်းပွားမှုများဖြစ်ပေါ်ပါက ဌာနအတွက် အထောက်အထားမရှိ၍ နစ်နာနိုင်ခြင်း၊ အင်ဂျင်နီယာဌာန (လမ်းတံတား) အင်ဂျင်နီယာဌာန (လမ်းတံတား)၏ စစ်ဆေးသည့် ကာလအတွင်း လူကူးခုံးကျော်တံတား (၇) စင်းနှင့် ချောင်းကူးတံတား(၃) စင်းတည်ဆောက်ခြင်း လုပ်ငန်းအားစစ်ဆေးရာ ချောင်းကူးတံတား (၃)စင်းဖြစ်သည်၊့ ငမိုးရိပ်တံတား (မဂ်လာတောင်ညွန့်)၊ ငမိုးရိပ်တံတား(ဗိုလ်မှူးဗထူး) ၊ ပြည်ထောင်စုတံတားနှင့် လူကူးခုံးကျော်တံတား(၇)စင်း တည်ဆောက် ရေးလုပ်ငန်းများတွင် နိုင်ငံတော်သို့ ကျပ် ၆၆.ဝ၂၅ သန်း ပြန်လည်ပေးသွင်းစေခဲ့ခြင်း ဖြစ်ပါသည်။ ငမိုးရိပ်တံတား(ဗိုလ်မှူးဗထူး)နှင့် ပြည်ထောင်စုတံတားသည် ယခင်တံတားဟောင်းနှင့်ယှဉ်၍ အသွား/အပြန် တစ်စင်းစီရည်ရွယ်ဆောက်လုပ်ခဲ့ရာ လက်တွေ့တည်ဆောက်ရာတွင် တံတားဒီဇိုင်း ပြောင်းလဲသွားသဖြင့် ငွေကျပ်သန်း ၃၃.၆၃၇ အား ပြန်လည်ပေးသွင်းစေခဲ့ပါသည်။ အင်ဂျင်နီယာ ဌာန(လမ်းတံတား)၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် လမ်းလုပ်ငန်းများ စစ်ဆေးရာတွင် စစ်ဆေးရာ တွက်ချက်မှု မှားယွင်းခြင်း၊ စံနှုန်း၊ ဒေသဈေးနှုန်းများ ကွာခြားခြင်းများကြောင့် နိုင်ငံတော်သို့ ကျပ် ၇၅.၇၁၉ သန်း ပြန်လည်ပေးသွင်းစေပြီး ဖြစ်ပါတယ်။ အသေးစိတ်ကို အစီရင်ခံစာအပိုဒ်(၈၃)မှ (၉၄)ထိဖော်ပြထားပြီး ဖြစ်ပါသည်။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)လုပ်ငန်းများ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းရေး)၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်လုပ်ငန်းနှင့် စာရင်းများကို စစ်ဆေးရာ တွက်ချက်မှု မှားယွင်းခြင်း၊ စံနှုန်း၊ ဒေသဈေးနှုန်းများ ကွာခြားခြင်းများကြောင့် အောက်ပါအတိုင်း နိုင်ငံတော်သို့ ကျပ် ၆၄.၁၆၈ သန်း ပြန်လည်ပေးသွင်းစေပြီးဖြစ်သဖြင့် စာပိုဒ် ၁၁၃၊ ၁၁၅ နှင့် ၁၁၆ တို့တွင် သေးစိတ်ဖော်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင့်။ ဆက်လက်ပြီးတော့ ပန်းဥယျာဉ်များအတွင်း မြေများငှားရမ်းထားမှုများကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ပြည်သူ့ဥယျာဉ်အတွင်းရှိ မြေ ၇၆.၃၆ ဧကအား ြအေကမေူ ျွှသမိူ ဃသယ.ူအိ သို့ငှားရမ်းထားခြင်း။ ပြည်သူ့ဥယျာဉ်အတွင်းရှိမြေ ၇၆.၃၆ ဧကအား ြအေကမေူ ျွှသမိူ ဃသ.ယူအိ သို့ ၁.၄.၂ဝ၁၁ ရက်နေ့မှစ၍ ၂၅ နှစ်ငှားရမ်းခဲ့ရာ နှစ်စဉ် ၁ဝ% တိုးမြှင့်ပေးရန် သတ်မှတ်ထားသဖြင့် ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၅.၄၃ဝ သန်းရရှိခဲ့ပါသည်၊ ငှားရမ်းခများနှင့်စပ်လျဉ်း၍ ယခင်နှစ် အစီရင်ခံစာများတွင် ငှားရမ်း ခနှုန်းများတိုးမြှင့်သတ်မှတ်သင့်ကြောင်း အကြံပြုခဲ့သဖြင့် ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်နိုင်ခြင်းမရှိသေးသော်လည်း ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် ငှားရမ်းခများအား ကျပ်၂၅ဝ သန်းအထိတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့သို့ ငှားရမ်းခများ တစ်နှစ်ကျပ်၂၅ဝ သန်းသို့တိုးမြှင့်သတ်မှတ်သော်လည်း တစ်လတစ်စ/ပေ ငှားရမ်းခကျပ် ၆.၂၆ သာရရှိပြီး ဝင်ငွေရလုပ်ငန်းဧရိယာဖြင့် တွက်ချက်ပါက တစ်စ/ပေလျှင်ကျပ် ၂.၄၇ နှုန်းသာ ရရှိနေသဖြင့် တစ်နှစ်လျှင်ကျပ်၁၄.၂၈၁ ဘီလီယံခန့် ဌာနဝင်ငွေများ လျော့နည်းနစ်နာနေသေး သဖြင့် အသေးစိတ်ကို အစီရင်ခံစာအပိုဒ် (၁၂၁)တွင် ဖော်ပြထားပါသည်။ ကရဝိတ်ဥယျာဉ်ကမ္ဘာမြေ နှစ်ရှည်ငှားရမ်းခြင်း။ ရန်ကုန်တိုင်းဒေသကြီး ကန်တော်ကြီးစိမ်းလန်းစိုပြေရေး၊ သာယာလှပရေးနှင့် အများပြည်သူများလွတ်လပ်စွာအနားယူ၊ အပန်းဖြေနိုင်ရန် ကရဝိတ်ဥယျာဉ်ကမ္ဘာ မြေဧရိယာ ၁၈.၇၃၁ ဧကအား ၁.၉.၂ဝ၁ဝ ရက်နေ့မှစတင်၍ နှစ် ၃ဝ ငှားရမ်းခဲ့ရာ ၅%ထက်မနည်း၊ ၁ဝ% ထက်မများသောနှုန်းဖြင့် ၅ နှစ်တစ်ကြိမ်ငှားရမ်းခတိုးမြှင့်ရန် စာချုပ်ချုပ်ဆိုငှာရမ်းခဲ့ခြင်း ဖြစ်ပါသည်။ ပထမ ၅ နှစ်ဖြစ်သည့် ၁.၉.၂ဝ၁ဝ မှ ၃၁.၈.၂ဝ၁၅ ရက်နေ့အထိ တစ်နှစ်လျှင် ကျပ် ၃ဝ.ဝဝ သန်းဖြင့် ငှားရမ်းခဲ့သော်လည်း ၁.၉.၂ဝ၁၅ ရက်နေ့မှစ၍ တစ်နှစ်လျှင်ကျပ် ၆ဝ.ဝဝ သန်းသို့ တိုးမြှင့်ချုပ်ဆိုခဲ့ပါသည်။ ထို့သို့စာချုပ်စာချုပ်ချုပ်ဆိုရာတွင် ယခင်က မြေ ၂၅ ဧကဟု ဖော်ပြချုပ်ဆိုခဲ့သော်လည်း ယခု ဒုတိယ (၅)နှစ်စာချုပ်ချုပ်ဆိုရာတွင် မြေပြန်လည်တိုင်းတာခဲ့ပြီး မြေ၁၈.၇၃၁ ဧကဟုပြင်ဆင်ချုပ်ဆိုခဲ့သဖြင့် တစ်စ/ပေ တစ်လကျပ် ၆ဝ.ဝဝ နှုန်းသာရရှိခဲ့           ပါသည်။ အဆိုပါဒေသ၏ ခေတ်ကာလငှားရမ်းခဈေးများသည် တစ်စ/ပေ၊တစ်လ ကျပ် ၁ဝဝဝ/-ခန့်ရှိသဖြင့် တစ်နှစ်လျှင်ကျပ် ၁၉.၉၂ ဘီလီယံခန့် နစ်နာနေဆဲဖြစ်ကြောင်း တွေ့ရပါသဖြင့် အစီရင်ခံစာအပိုဒ် (၁၂၂)တွင် ဖော်ပြထားပါသည်။ မြကျွန်းသာအပန်းဖြေဥယျာဉ်တွင် ကုမ္ပဏီ(၈)ခု အား မြေ ၄၂.၄၄ဝ ဧက ငှားရမ်းထားခြင်း။ မြကျွန်းသာအပန်းဖြေဥယျာဉ်တွင် ကုမ္ပဏီ(၈)ခုအား မြေ ၄၂.၄၄ဝ ဧက ငှားရမ်းထားရှိမှု အခြေအနေများကို ယခင်နှစ်အစီရင်ခံစာတွင်လည်း ဖော်ပြ ထားပြီး ဖြစ်ပါသည်၊ ငှားရမ်းရာတွင် တင်ဒါခေါ်ယူမှုမရှိခြင်း ၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင် သို့တင်ပြထားမှုမရှိဘဲ ငှားရမ်းခဲ့ခြင်းဖြစ်ပြီး တစ်ဧကလျှင်ကျပ် ၁.ဝဝ သန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ ၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၅ဝ၆.၈၈ဝ သန်းရရှိခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ခု၊ဘဏ္ဍာ ရေးနှစ်အတွက်ကျပ် ၅၅၇.၅၆၄ သန်းရရှိခဲ့ပါသည်။ ငှားရမ်းရာတွင် တစ်စ/ပေလျှင် တစ်လ ကျပ် ၂၅.ဝဝ နှုန်းသာရရှိသဖြင့် ခေတ်ကာလပေါက်ဈေးနှုန်းတစ်စ/ပေ ကျပ်၁ဝဝဝ/- နှုန်းဖြင့် နှိုင်းယှဉ်ပါက တစ်နှစ်လျှင်ကျပ် ၂၁.၆၂၉ ဘီလီယံခန့် လျော့နည်းနစ်နာလျှက် ရှိပါသည်၊ ရန်ကုန်မြို့၏ အချက်အချာကျသည့် နေရာတွင်ရှိသည့် မြကျွန်းသာအပန်းဖြေဥယျာဉ်၏ ငှားရမ်းထားသည့် မြေများပေါ်တွင် အဆောက်အဦများ ဆောက်လုပ်မှုအား ရပ်ဆိုင်းထားခဲ့သော်လည်း အများပြည်သူ လက်ခံနိုင်မှုမရှိပါက ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ အကြံဥာဏ်များရယူ၍လိုအပ်သလို ဆက်လက်ဆောင်ရွက်သင့်ပါသဖြင့် အစီရင်ခံစာအပိုဒ် ၁၂၂ တွင် ဖော်ပြထားပါသည်။ ကန်သာယာ ပန်းခြံငှားရမ်းထားမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံ မြေ ၉.၈ ဧကအား ဖူးပွင့်စံကုမ္ပဏီသို့ ၁၂.၃.၂ဝ၁၄ ရက် မှ ၁၁.၃.၂ဝ၃၉ ရက်နေ့အထိ ၂၅ နှစ် စာချုပ်ချုပ်ငှားရမ်းခဲ့ရာ ြ.ဥ.ွှ စံနစ်မဟုတ်သော်လည်း ပထမ ၃ နှစ်အား တည်ဆောက် ရေးကာလအဖြစ်သတ်မှတ်၍ ငှားရမ်းခများကင်းလွတ်ခွင့်ပြုထားခဲ့ပါသည်၊ ငှားရမ်းခများအား ၁၂.၃.၂ဝ၁၇ ရက်နေ့မှစ၍ တစ်နှစ်လျှင်ကျပ် ၃ဝ.ဝဝ သန်းဖြင့် ငှားရမ်းခဲ့ပြီး၊ မြေအသုံးချ ပရီမီယံကြေး တစ်ဧကလျှင် ကျပ်၂၅.ဝဝ သိန်းဖြင့် ၉.၈ဝ ဧကအတွက် ကျပ်၂၄.၅ဝ သန်းရရှိခဲ့ပြီး ဖြစ်ပါသည်။ ကန်သာယာပန်းခြံတွင် ှကစနမြမေုနအ ပုံစံတည်ဆောက်ရန် စာချုပ်တွင် ပါဝင်မှုမရှိပဲ ကလေးကစားကွင်း ၊၃ီ ရုပ်ရှင်ရုံ၊ ဆိုင်ခန်းနှင့် စားသောက်ဆိုင်ခန်းများ ဆောင်ရွက်ခွင့်ပြုထား သော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် မြေအောက်ခန်းအပါအဝင် အလျား ၂၂ဝ ပေ၊ အနံ ၁၁ဝ ပေ၊ (၄)ထပ်အဆောက်အဦ ဆောက်လုပ်၍ ှကစနမ ြမေုနအ ပုံစံတည်ဆောက်ထားကြောင်း တွေ့ရှိရပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် တည်ဆောက်ရေးကာလအပိုင်း(၁)အဖြစ် ၁၁.၉.၂ဝ၁၅ ရက်နေ့အထိ ဆောင်ရွက်ခွင့်ပြုခဲ့ရာ မြေအောက်ရေကန်လုပ်ငန်းမှအပ ကျန်လုပ်ငန်း များပြီးစီးခဲ့သော်လည်း ၁၁.၃.၂ဝ၁၇ ရက်နေ့အထိဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်း အပိုင်း(၂)မှာ ယခုအချိန်တွင် ၃ဝ% သာဆောင်ရွက်ပြီးစီးသေးကြောင်းတွေ့ရသဖြင့် စာချုပ် စည်းကမ်းများနှင့်အညီဆောင်ရွက်ရန် အစီရင်ခံစာ အပိုဒ်(၁၂၅)တွင် ဖော်ပြထားပါသည်။သာကေတရှုခင်းသာ အပန်းဖြေဥယျာဉ်ငှားရမ်းထားမှု၊ သာကေတမြို့နယ်ရှိ ရှုခင်းသာအပန်းဖြေ ဥယျာဉ်မြေဧရိယာ ၁၈.၆၃ ဧကအား နြိငေ ဥညန ဃသ.ယူအိ သို့ ၁.၁ဝ.၂ဝ၁၃ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ စုစုပေါင်း ၄၅ နှစ်ငှားရမ်းခဲ့ရာ ပထမ (၂)နှစ်သည် တည်ဆောက်ဆဲကာလအဖြစ် သတ်မှတ်ထားသဖြင့် ၁.၁ဝ.၂ဝ၁၅ ရက်နေ့မှစ၍ ငှားရမ်းခတစ်ဧကကို တစ်လလျှင် ကျပ် သုံးသိန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ တစ်နှစ်အတွက်ကျပ် ၆၇.ဝ၆၈ သန်းရရှိခဲ့ပြီး ဖြစ်ပါသည်။ ငှားရမ်းခ များအား နှစ်စဉ်တိုးမြှင့်သတ်မှတ်ထားရှိမှုမရှိဘဲ ၅ နှစ်တစ်ကြိမ်သာ ၅% ထက်မနည်း၊ ၁ဝ%ထက်မ များသောနှုန်းဖြင့်တိုးမြှင့်ရန် သတ်မှတ်ထားပါသည်၊ မြေအသုံးချမှု ပရီမီယံကြေး တစ်ဧကလျှင် ကျပ်၂ဝ.ဝဝ သိန်းနှုန်းဖြင့် ကျပ် ၃၇.၂၆ သန်းပေးသွင်းပြီးဖြစ်ပါသည်။ ကန်တော်ကြီး၊ ကန်တော် မင်္ဂလာပန်းခြံနှင့် မြိုင်ဟေဝန်ပန်းခြံများတွင် စားသောက်ဆိုင်ကြီးများငှားရမ်းခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ကန်တော်ကြီးဥယျာဉ်၊ ကန်တော်မင်္ဂလာပန်းခြံနှင့် မြိုင်ဟေဝန် ပန်းခြံအတွင်းတွင် စားသောက်ဆိုင်ကြီးများဖွင့် လှစ်ရောင်းချနိုင်ရန် မြေနေရာများ ငှားရမ်းရာတွင် လုပ်ငန်းအမှန်တကယ်ဆောင်ရွက်သည့်လုပ်ငန်းရှင်များအား တိုက်ရိုက်ငှားရမ်းခြင်းမရှိဘဲ မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲမှတစ်ဆင့် ငှားရမ်းမှုကို အစီရင်ခံစာ အပိုဒ်(၁၂၆)တွင် အသေးစိတ်ဖော်ပြထားပါသည်။ ထိုသို့ငှားရမ်းရာတွင် ဆိုင်အကျယ်အဝန်းမတူညီသော်လည်း ငှားရမ်းခနှုန်းများသည် တစ်လလျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် ငှားရမ်းထားသဖြင့် တစ်စ/ ပေ၊တစ်လ အများဆုံးကျပ် ၁၈၇.၄ဝ မှ အနည်းဆုံးကျပ် ၁၂.၅၄ သာရရှိခဲ့ကြောင်း တွေ့ရှိရပါသည်၊ ခေတ်ကာလပေါက်ဈေးနှုန်း အထက်ပါနေရာများတွင် တစ်လ တစ်စ/ပေ ကျပ်၁ဝဝဝ/- ခန့် ရရှိနိုင်သဖြင့် တစ်နှစ််လျှင်ကျပ် ၂.ဝ၉၃ ဘီလီယံခန့် ဌာနဝင်ငွေလျော့နည်း နစ်နာလျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ဆိုင်နေရာများ ငှားရမ်းရာတွင်လည်း လူမှုရေးအသင်းဖြစ်သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသို့ သက်သာသည့်နှုန်းထားဖြင့် ငှားရမ်းထားသဖြင့် ဝင်ငွေများလျော့နည်း လျှက်ရှိပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ ငှားရမ်းထားကြောင်း စစ်ဆေးတွေ့ရှိရပါသည်၊ ပန်းခြံများအတွင်း ဆိုင်ခန်း(၉၉၆)ခန်း ငှားရမ်းထားမှုအခြေအနေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ပန်းဥယျာဉ်များအတွင်း ဆိုင်ခန်းများငှားရမ်းထားသဖြင့် ၂ဝ၁၅-၂ဝ၁၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေကျပ် ၁၁၁၆.၉၈၆ သန်းရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အစီရင်ခံစာအပိုဒ် (၁၂၉)တွင် အသေးစိတ် ဖော်ပြထားပါသည်။ ဆိုင်ခန်း ၉၉၆ ဆိုင်အား ဖွင့်လှစ်ခွင့်ပြုခဲ့ရာ လုပ်ငန်း/အကျယ် အဝန်းတူညီသော်လည်း ငှားရမ်းခများတူညီမှုမရှိခြင်း၊ ခေတ်ကာလပေါက်ဈေးနှုန်းများနှင့်အညီ ငှားရမ်းဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အချို့ဆိုင်ခန်းငှားရမ်းခများသည် တစ်စ/ပေငှားရမ်းခသည် ကျပ် ၁ဝဝ/- အောက် လျော့နည်းခြင်းများကို တွေ့ရှိရပါသည်။ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနသည် ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်သို့ပြန်လည်ပေးသွင်းရန် ကျပ် ၁၂၁၈ဝ၉၃ နှင့် ငွေလုံးငွေရင်းလုပ်ငန်း(၂၅)ခုမှ နိုင်ငံတော်သို့ပြန်လည်ပေးသွင်းရန် ကျပ် ၈ဝ၅၉၇၃၈/- ပြန်လည်ပေးသွင်းစေခဲ့ရာ ဌာနငွေထုတ်စာရင်းသို့ပေးသွင်းပြီး ဖြစ်ပါသည်။ စီမံရေးရာ ဌာနနှင့်အင်ဂျင်နီယာ(လမ်း/တံတား)ဌာနတို့သည် ငြူူ သြမေိ လုပ်ငန်းများဆောင်ရွက်ခြင်း လုပ်ငန်းတွင် ထူးခြားသည့် စစ်ဆေးတွေ့ရှိချက်များကို စာပိုဒ် ၁၃၃ မှ ၁၃၈ စာမျက်နှာ ၁၄၄ မှ ၁၄၆ တို့တွင် ဖော်ပြထားပါသည်။ ငြူူ သြမေိ တည်ဆောက်ရေးလုပ်ငန်းခန့်မှန်းခြေ စာရင်းများ စစ်ဆေးခြင်း၊ ငြူူ သြမေိ တည်ဆောက်ရေးလုပ်ငန်းခန့်မှန်းခြေစာရင်းများအား ရန်ကုန်တိုင်း ဒေသကြီးတည်ဆောက်ရေးကော်မတီ၏ အတည်ပြုပြီးလုပ်ငန်းတန်ဖိုးများအပေါ် စစ်ဆေးခဲ့ရာ ငွေကျပ် ၅၁၈၅၇၂၁၆ ပိုမိုနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြန်လည်ပေးသွင်းစေခဲ့ရာ ပေးသွင်းပြီး ဖြစ်ပါသည်။၄၅’ x ၁၅’ ကြော်ငြာဆိုင်းဘုတ်များ မျက်မြင်စစ်ဆေးခြင်း၊ ၄၅ ပေ x ၁၅ ပေဆိုင်းဘုတ်များအား မျက်မြင်စစ်ဆေးရာတွင် ကြော်ငြာဆိုင်းဘုတ် ၁၃ ဘုတ်တွင် ကြော်ငြာ ဆိုင်းဘုတ်ခွန်ပေးသွင်းမှု မရှိသေးသဖြင့် ဆိုင်းဘုတ်ခွန် ကျပ် ၉၃.၃၇၅ သန်းအား ပြန်လည် ပေးသွင်းစေခဲ့ရာ ပြန်လည်ပေးသွင်းပြီး ဖြစ်ပါသည်။ ၄၅ ပေ x၁၅ ပေ ကြော်ငြာ ဆိုင်းဘုတ်ခွန် ပေးသွင်းရန် ကျန်ရှိမှုအခြေအနေ၊ စီမံရေးရာဌာနမှ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ်ဆိုင်းဘုတ်များ ငှားရမ်းမှုနှင့်စပ်လျဉ်း၍ငှားရမ်းခဲ့သည့် ကုမ္ပဏီများ၏ ပစ္စည်းကြော်ငြာများကပ်ထားပြီးသော ကြော်ငြာဆိုင်းဘုတ် ၂၄ ဘုတ် အနက် ၂၃ ဘုတ်ကိုမူ ပေးသွင်းရန် ငွေကျပ် ၂၂၁.၆၂၅ သန်းကို ပေးသွင်းခြင်းမရှိသေးသဖြင့် ဌာနငွေစာရင်းသို့ အမြန်ဆုံးပေးသွင်းစေခဲ့ရာ ပေးသွင်းခဲ့ခြင်းဖြစ်ပါသည်။ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုအရ ၂ဝ ပေx ၉ ပေ ယာယီကြော်ငြာဆိုင်းဘုတ်အခြေအနေ၊ စီမံရေးရာဌာန၏ ၂ဝ ပေ x ၉ ပေ ယာယီကြော်ငြာ ဆိုင်းဘုတ်များနှင့်စပ်လျဉ်း၍ မြို့နယ် စာရင်းစစ်ရုံးများ၏ ကွင်းဆင်းစစ်ဆေးမှုအရ ၂ဝ ပေ x ၉ ပေ ယာယီကြော်ငြာဆိုင်းဘုတ် ၂၄ ခုမှာ ကွင်းဆင်းသည့်နေ့အထိ ကြော်ငြာရှိနေခြင်း၊ အချို့ကြော်ငြာများမှာ ဌာနမှခွင့်ပြုထားခြင်းမရှိဘဲ မြေပြင်တွင် ကြော်ငြာထားခြင်းများ ရှိနေသဖြင့်ပေးသွင်းရန် ငွေကျပ် ၂,၅၈ဝ,ဝဝဝ ကို တာဝန်ရှိသူများမှ ဌာနငွေစာရင်းသို့ ပေးသွင်းစေခဲ့ရာပေးသွင်းပြီး ဖြစ်ပါသည်။ မျက်မြင်ကွင်းဆင်း စစ်ဆေးမှုအရ ၄၅ ပေ x ၁၅ ပေ ကြော်ငြာဆိုင်းဘုတ်ဒီဇိုင်းပြောင်းလဲမှု၊ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေး နှစ်အတွင်း မြို့နယ်စာရင်း စစ်ရုံးများ၏ ကွင်းဆင်းစစ်ဆေးမှုအရ ၄၅ ပေ x ၁၅ ပေ ကြော်ငြာ ဆိုင်းဘုတ် ၃၉ ခု၏ ဒီဇိုင်းများ ကွဲလွဲခြင်း(၁၉)ခုသည်ပေးသွင်းခဲ့ပြီးဖြစ်၍ ကြော်ငြာဘုတ် ၂ဝ ခု ဒီဇိုင်းပြောင်းလဲခငွေကျပ် ၁,ဝဝဝ,ဝဝဝ မှာ ပေးသွင်းမှုမရှိသေးသဖြင့် ဌာနငွေစာရင်းသို့ ပေးသွင်း စေခဲ့ခြင်းဖြစ်ရာပေးသွင်းပြီး ဖြစ်ပါသည်။ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် မြို့ဝင်ကြေးကောက် လိုင်စင်များကို လေလံစနစ်နဲ့ ကောက်ခံခွင့်ပြုခဲ့ရာတွင် တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးနှင့် သန်လျင်မြို့နယ်များရှိ မြို့ဝင်ကြေးကောက်ခံမှုစခန်း (၆)ခုကိုနှစ်စဉ် လေလံစနစ် ကျင့်သုံးမှုမရှိဘဲ ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-ပြည်လမ်းအပါအဝင် လမ်း/တံတား အသုံးပြုခ ြဥွှ စနစ်နှင့် ကောက်ခံခွင့်ရရှိထားသည့် ြေx ပြညောမေ ဃသ.ယူအိ ကိုပဲ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ခွင့်ပြုထားကြောင်း တွေ့ရှိရပါတယ်။ ခွင့်ပြုတဲ့အခါမှာလဲ လေလံစနစ်ဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်းမရှိဘဲ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှစပြီး ယခင်လေလံကြေးကို ၁၅ % ထပ်ဆောင်းတိုး၍ ခွင့်ပြုခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်စဉ်မြို့ဝင်ကြေးရရှိမှုနဲ့ လမ်းပြင်ဆင်ထိန်း သိမ်းစရိတ်သုံးစွဲမှုများ အခြေအနေကို အပိုဒ်(၁၃၉)တွင် အသေးစိတ်ဖော်ပြထားပါသည်။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ်များရှင့်။ နိဂုံးချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ ခုဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက် ပုံမှန်အစည်းအဝေးက မှတ်တမ်းတင်ပေးနိုင်ပါရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် လေးစားစွာ တင်ပြအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌ။          ။လွှတ်တော်ကိုယ်စားလှယ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ဆွေးနွေးဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ပြည်သူ့ငွေစာရင်းကော်မတီမှ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားရှင်းလင်း နိုင်ရေးအတွက် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များရှိပါက ယနေ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးထံ အမည်စာရင်းပေးပို့နိုင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်သော ၁၇.၂.၂ဝ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ သည့် ဥပဒေကြမ်းကော်မတီသည် ၁၇.၂.၂ဝ၁၇ ရက်နေ့တွင် သက်တမ်းတစ်နှစ်ပြည့်မည်ဖြစ်သည့် အတွက် ကော်မတီ၏နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြရန် ဖြစ်ပါတယ်။

အချိန်။ ၁၄၂၄

ဦးဝင်းမောင်၊ အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ။                  ။ လေးစားအပ် ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည်သည့်တော်များအားလုံး မင်္ဂလာပါခင်ဗျာ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ သက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ကျွန်တော် ဦးဝင်းမောင်က ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၏ ၁၇.၂.၂ဝ၁၆ မှ ၁၇.၂.၂ဝ၁၇ အထိ သက်တမ်းတစ်နှစ်အတွင်း ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အစီရင်ခံစာ နိဒါန်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေး တတိယနေ့အစည်းအဝေး (၁၇-၂-၂ဝ၁၆)ရက်နေ့တွင် ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင်ဦးရေ ၊ အဖွဲ့ဝင်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး အမည်စာရင်းတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူပြီး လွှတ်တော်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းပုဒ်မ(၂၁)အရ အဖွဲ့ဝင်(၁၁)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ရည်ရွယ်ချက်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈၊ ဇယား(၂)ပါ ပြဋ္ဌာန်းထားသည့်အတိုင်း ဥပဒေကြမ်းများကို ခေတ်စနစ်နှင့်အညီ ပြည်သူလူထု အကျိုးငှာလေ့လာစိစစ်၍ လွှတ်တော်သို့တင်သွင်းရန်နှင့် လွှတ်တော်ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သော ဥပဒေဆိုင်ရာ အခြားကိစ္စရပ်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု ရှိ /မရှိ လေ့လာစိစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ အကြံပြုအစီရင်ခံစာ၌ သဘောထားမှတ်ချက် များတင်သွင်းရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ဥပဒေကြမ်းကော်မတီဖွဲ့စည်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေကြမ်းကော်မတီကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေအခန်း (၆)၊ ပုဒ်မ (၂၂)နှင့်အညီ အောက်ပါပုဂ္ဂိုလ်များကို ဖွဲ့စည်းခဲ့ပါသည် –

(က)    ဦးသိန်းမြင့်                                           ဥက္ကဋ္ဌ

(ခ )    ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်                  အတွင်းရေးမှူး

(ဂ )    ဦးတင်မြင့်                                            အဖွဲ့ဝင်

(ဃ )   ဦးကျော်ထွန်း                                        အဖွဲ့ဝင်

(င )    ဒေါ်သန္တာမိုး                                          အဖွဲ့ဝင်

(စ )    ဦးဇော်ဝင်းနိုင်                                        အဖွဲ့ဝင်

(ဆ)    ဦးအောင်နိုင်                                          အဖွဲ့ဝင်

(ဇ )    ဦးသော်တာအောင်                                  အဖွဲ့ဝင်

(ဈ )    ဦးနေနိုင်ဦး                                           အဖွဲ့ဝင်

(ည)    ဗိုလ်မှူးမင်းအောင်ဇော်                            အဖွဲ့ဝင်

(ဋ )    ဗိုလ်မှူးကျော်ဇင်ဦး                                 အဖွဲ့ဝင်

တို့ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။

ဥပဒေကြမ်းကော်မတီမှလွှတ်တော်သို့တင်သွင်းခဲ့သည့် သဘောထားမှတ်ချက် အစီရင်ခံစာများ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ဥပဒေကြမ်းကော်မတီမှ ၂ဝ၁၆-၂ဝ၁၇ တစ်နှစ်တာကာလအတွင်း တင်သွင်းခဲ့သည့် သဘောထားမှတ်ချက်အစီရင်ခံစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းသော ရန်ကုန်တိုင်းဒေသကြီးယစ်မျိုးခွန်                         ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ၇.၄.၂ဝ၁၆ ရက်နေ့ ဒုတိယအကြိမ်                            ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (ပထမ)ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့                             တွင်ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်                                                                အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

(ခ)     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်သွင်းသော ၂ဝ၁၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး                        ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ၃.၁ဝ.၂ဝ၁၆                             ရက်နေ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်(တတိယ)ပုံမှန်အစည်းအဝေး                       (ဒုတိယ)နေ့တွင် ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထား                            မှတ်ချက်အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်သွင်းသော ၂ဝ၁၆-၂ဝ၁၇ ခု၊ ဘဏ္ဍာရေးနှစ်                              ရန်ကုုန်တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအား                             ၂၇ .၁၂ .၂ဝ၁၆ ရက်နေ့၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်                         (တတိယ)ပုံမှန်အစည်းအဝေး(၂၃)ရက်မြောက်နေ့တွင် ဥပဒေကြမ်းကော်မတီ၏                        လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

(ဃ)    ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့်                      ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်                       ဥပဒေကြမ်းအား ၁၄.၁ဝ.၂ဝ၁၆ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။                        ၄င်းဥပဒေကြမ်းအား ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်                         ရေးရာကော်မတီအချို့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား                          ၍အစည်းအဝေး အကြိမ်ကြိမ်ပြုလုပ်ပြီး လေ့လာသုံးသပ်ချက်အား ရေးဆွဲပြီးတင်သွင်း                         ခဲ့ခြင်းဖြစ်ပါသည်။ ၄င်းဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေ                     ကြမ်းကော်မတီမှ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ                      ကိုလည်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်(တတိယ) ပုံမှန်                     အစည်းအဝေး (နဝမ)မြောက်နေ့တွင် တင်သွင်းခဲ့ပါသည်။

(င)     ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီသည် အစည်း                        အဝေးများကို ပုံမှန်(၁)လလျှင် (၂)ကြိမ်နှင့် ကြားဖြတ်အစည်းအဝေး၊ အရေးပေါ်အစည်း                        အဝေးများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိရာ အစီရင်ခံသည့်ကာလအထိ                            အစည်းအဝေးစုစုပေါင်း (၄၂)ကြိမ် ပြုလုပ်ကျင်းပပြီးဖြစ်ပါသည်။

လွှတ်တော်ဥက္ကဋ္ဌမှပေးအပ်သော ဥပဒေဆိုင်ရာတာဝန်များ

လွှတ်တော်ဥက္ကဋ္ဌမှပေးအပ်သော ဥပဒေဆိုင်ရာတာဝန်များကို အောက်ပါအတိုင်းဆောင်ရွက် ခဲ့ပါသည်-

(က)    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ (၂၂ .၈ .၂ဝ၁၆ )နေ့တွင် တာဝန်ပေး                         အပ်လာသော ဏညေ ပြညောမေ ၏ သဘောထားမှတ်ချက်တောင်းခံခြင်းနှင့်                          ပတ်သက်၍ ဥပဒေကြမ်းကော်မတီမှ ၁၅ .၂ .၂ဝ၁၇ ရက်နေ့တွင် လွှတ်တော်ဥက္ကဋ္ဌ                          ထံသို့သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့ပါသည်။

(ခ)     ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်                              ပေးရန်          တာဝန်ပေးအပ်သော ကျေးရွာအုပ်စုနယ်နိမိတ် ပြင်ဆင်သတ်မှတ်ပေးနိုင်ရန်                              ကိစ္စနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီမှ ၁၅ .၂ .၂ဝ၁၇ ရက်နေ့တွင် သုံးသပ်ချက်                           အစီရင်ခံစာ တင်သွင်းခဲ့ပါသည်။

ဥပဒေကြမ်းကော်မတီမှ စီစဉ်ဆောင်ရွက်ခဲ့သော ဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ ဥပဒကြမ်းကော်မတီမှ ၁၉.၉.၂ဝ၁၆ နှင့် ၂ဝ.၉.၂ဝ၁၆ ရက်နေ့များတွင် ဥပဒေရေးဆွဲခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ သိကောင်းစရာများဟောပြောဆွေးနွေးပွဲကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် ၁၆.၂.၂ဝ၁၇ နှင့် ၁၇.၂.၂ဝ၁၇ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး မီဒီယာခန်းမ၌ ဥပဒေရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်နိုင်ခဲ့ပါသည်။

ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများနှင့် စပ်လျဉ်း၍       ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင့်သုံးအကောင်အထည်ဖော်နိုင်မှုကို အောက်ပါအတိုင်း                       သုံးသပ်တင်ပြအပ်ပါသည် –

(က)    ၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် တားမြစ်ချက်ဆိုင်ရာ                                         ပြဋ္ဌာန်းချက်များကို မြေပြင်လက်တွေ့အသုံးချနိုင်မှု ၊ အကောင်အထည်ဖော်                              ဆောင်ရွက်နိုင်မှု အလွန်အားနည်းကြောင်း သုံးသပ်တွေ့ရှိရပါသည်။

(ခ)     ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၊ ရန်ကုန်တိုင်းဒေသကြီး                                           ကုန်တင်ကုန်ချအလုပ်သမားဥပဒေတို့ကို အခြေခံအဆင့်အထိ ဥပဒေအတိုင်း                                      လိုက်နာကျင့်သုံးနိုင်မှု အားကောင်းလာစေရန် တိုင်းဒေသကြီးအစိုးရအနေဖြင့်                         တိကျစွာ ဆန်းစစ်သင့်သည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေတွင်                          ပါဝင်သော ပြဋ္ဌာန်းချက်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်                         ဖော်ဆောင်ရွက်လျက်ရှိသော ျွ့ွှဗ ၊ ြှ့ တို့၏ကွဲလွဲချက်များဖြစ်ပေါ်နေခြင်း                              အပေါ်အမြန်စိစစ်သုံးသပ်ပြီးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သင့်ကြောင်း                           လေ့လာစိစစ်သုံးသပ်ရရှိပါတယ်။

နိဂုံး

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈ ဇယား (၂)ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးပြုနိုင်သော ဥပဒေကောင်းများပေါ်ထွက်လာစေရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရေးအတွက်      ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ထိန်းညှိဆောင်ရွက်နိုင်ရန်အတွက် ဥပဒေကြမ်းကော်မတီ အနေဖြင့် ဥပဒေဆိုင်ရာအချက်အလက်များ၊ အစီရင်ခံစာများဖြင့် တစ်တပ်တစ်အား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌ ။   ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥပဒေကြမ်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ လွှတ်တော်ကိုယ်စားလှယ် များခင်ဗျာ။ ဒုတိယအကြိမ် ရန်ကုန်တိုုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေး ဆဋ္ဌမနေ့ ဖြစ်သော ၁၇.၂.၂ဝ၁၆ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်။ ယခုအခါ ဥပဒေကြမ်းကော်မတီသည် ၁၇.၂.၂ဝ၁၇ ရက်နေ့တွင် ကော်မတီ၏ သက်တမ်း(၁)နှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ အရ သက်တမ်း(၁)နှစ်တိုးမြှင့်ရန် လွှတ်တော်က သဘောသူပါသလားခင်ဗျာ။ သဘောတူပါတယ်။ သဘောတူပါသလားခင်ဗျာ။ သဘောတူပါတယ်။ သဘောတူပါသလားခင်ဗျာ။ သဘောတူပါတယ်။ လွှတ်တော်က သဘောတူသည့်အတွက် ဥပဒေကြမ်းကော်မတီကို သက်တမ်း (၁)နှစ်တိုးမြှင့်ကြောင်း ကြေညာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစီအစဉ်ရပ်နားကြောင်း နှင့် လွှတ်တော်အစည်းအဝေး သတ္တမနေ့ကို ၆.၄.၂ဝ၁၇ ရက် (ကြာသပတေးနေ့) နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

အခမ်းအနားမှူး။      ။ လွှတ်တော်ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။      ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။

[ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစည်းအဝေးကို (၁၄း၂ဝ)နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုအား မေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားခြင်း၊ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၏ ”ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမို ကောင်းမွန်လာစေရေးနှင့်ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို ”ကို လွှတ်တော်သို့တင်သွင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပေးပို့သော ”၂ဝ၁၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေ(မူကြမ်း)”အား လွှတ်တော်သို့တင်သွင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၅-၂ဝ၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ဖတ်ကြားတင်ပြခြင်း၊ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ နှစ်ပတ်လည် အစီရင် ခံစာအား ဖတ်ကြားတင်ပြခြင်းနှင့် ကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ]