Thursday , January 21 2021
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေးမှတ်တမ်း
၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်
၃ဝ .၃.၂ဝ၁၇ (ကြာသပတေးနေ့)

ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝဝဝ
အခမ်းအနားမှူး ။ ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး စတုတ္ထနေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။
[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ] ဥက္ကဋ္ဌ ။ ။ အားလုံးမင်္ဂလာပါ။
အခမ်းအနားမှူး။ ။ အားလုံးထိုင်နိုင်ပါပြီရှင်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာခြင်း
အချိန်။ ၁ဝဝ၂
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့မှာ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၂)ဦး တက်ရောက်ပါတယ်။ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၁.ဝ၆)ရာခိုင်နှုန်းဖြစ်ပြီး တက်ရောက်တဲ့ ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေးအထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံ ကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးအစီအစဉ် ကြေညာခြင်း
အချိန်။ ၁ဝဝ၄
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ စတုတ္ထနေ့ အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြနေ့်0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း
အချိန်။ ၁ဝဝ၇
ဥက္ကဋ္ဌ ။ ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း ဖြစ်ပါတယ်။ ယနေ့လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ယခုခွင့်ပန်ကြားရန် ဖြစ်ပါတယ်။
ဒေါ်ယဉ်ယဉ်မြင့်၊ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်၊ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် ဖြစ်ပါတယ်ရှင်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မတက် ရောက်နိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးကိုယ်စား ခွင့်ပန်ကြားခွင့်ပြုပါရှင်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသည် တာဝန်ထမ်းဆောင်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးသည် ဆေးကုသမှုခံယူရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ ကော့မှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်သည် ကိုယ်တိုင် ဆောင်ရွက်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ ကော့မှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးသည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ယနေ့ခွင့်(၁)ရက်၊ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ ယနေ့ခွင့် (၁)ရက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၃ဝ.၃.၂ဝ၁၇ ခွင့်(၁)ရက် ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ရှင်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ဥက္ကဋ္ဌ ။ ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၉)ဦးတို့၏ ခွင့်ပန် ကြားချက်များကို ခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့အစည်းအဝေးတက်ရောက်သူ (၁၁၃)ဦး၊ ယမန်နေ့ကခွင့်ပန်ကြားသူ (၁)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၉)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ (၁ဝ)ဦးကို လွှတ်တော်က ခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၂)အရ ယခုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှု အခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည် ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ လွှတ်တော်ကအတည်ပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)
ကြယ်ပွင့်ပြထားသောမေးခွန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ
အချိန်။ ၁ဝ၁၁
ဥက္ကဋ္ဌ ။ ။ အစီအစဉ်(၅)၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းအစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။
ဒေါပုံမြို့နယ်ရှိ နွယ်အေးရပ်ကွက်တွင် နယ်မြေမီးသတ်စခန်းတစ်ခုဖွင့်လှစ်ရန် လျာထား ခဲ့ပြီး စခန်းတည်ဆောက်ရန် မြေနေရာအတွက် နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်းနှင့် ပိတောက်လမ်းထောင့် အ.မ.က(၅)ကျောင်းနှင့်ကပ်လျက်ရှိ အလျား(၁၇၅)ပေ၊ အနံ (၁ဝဝ)ပေခန့်ရှိ မြေကွက်အားလျာထားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများမှ လည်း ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံပြီး မြို့နယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနသို့ ထောက်ခံတင်ပြထားမှုကို အစိုးရအနေဖြင့် မည်သို့စိစစ်ထားသည်ကို သိရှိလို ပါကြောင်း
အချိန်။ ၁ဝ၁၂
ဥက္ကဋ္ဌ ။ ။ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုး မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးဟန်စိုး၊ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါ။ ကျွန်တော်အနေနဲ့ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်အတွင်းရှိ မီးသတ်ကန်အား မြေဖို့ပြီးတော့ မတရားကျူးကျော် ခြံခတ်ထားမှုများကို ရပ်ကွက်နေပြည်သူ၊ မြို့နယ်ရဲ့ လိုအပ်ချက်အရ မီးသတ်နယ်မြေစခန်းအဖြစ် ပြန်လည်သတ်မှတ်ပေးရေးမေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဏသတနမ ဏသငညအဖြင့် ရှင်းလင်းတင်ပြရန် ခွင့်ပြုပါခင်ဗျား။ ဒီဟာကတော့ကျွန်တော်တို့ မီးသတ်ကန်ရဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်ခင်ဗျား။ ဒီဟာကတော့ မီးသတ်ကန်ထဲမှာ အမှိုက်တွေ၊ ဒိုက်တွေပိတ်ဆို့နေတဲ့အတွက် ၂ဝ၁၁ခုနှစ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်မိရပ်ဖတွေ ရှင်းလင်းခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ဒီဟာကလည်း မှတ်တမ်းဓါတ်ပုံဖြစ်ပါတယ်။ ရပ်မိရပ်ဖတွေရယ် မီးသတ်တာဝန်ရှိသူတွေ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ ရှင်းလင်းပြီးအနေအထားဖြစ်ပါတယ်။ အခုအချိန်မှာတော့ နောက်ဆုံးအခြေအနေဟာ ဒီလိုဖြစ်နေ ပါတယ်။ ဒီဟာက မူလက ရပ်ကွက်နေပြည်သူတွေရဲ့ နယ်မြေလုံခြုံရေးအတွက် မီးသတ်ကန် ဖြစ်ပါတယ်။ အခုတော့ဒီဟာကို မြေဖို့ပြီးတော့ ခြံခတ်ထားတဲ့ နောက်ဆုံးအခြေအနေဖြစ်ပါတယ်။ အဲဒီတော့ကျွန်တော်အနေနဲ့ဒီဟာကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ နွယ်အေးရပ်ကွက်နှင့် ဗမာအေးရပ်ကွက်များသည် လူနေအိမ်ခြေသိပ်သည်းခြင်း၊ လမ်းများ ကျဉ်းမြောင်းပြီး မီးသတ်စခန်းများဝင်/ထွက်ရန် မလွယ်ကူခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပါက လက်ဦးမှုရယူ ငြှိမ်းသတ်ရန်ခက်ခဲပြီး မီးလောင်မှုကြီးများဖြစ်ပွားနိုင်သည့်အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်နိုင်ပါသဖြင့် အဆိုပါနေရာတွင် မီးသတ်နယ်မြေစခန်းတစ်ခု ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံအပြည့်အစုံဖြင့် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ရပ်ကွက် အတွင်း ၎င်းအနီးအနားတွင် ကျောင်းရှိခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများရှိခြင်းအတွက်လည်း အမှန်တကယ် လိုအပ်လျက်ရှိ ပါတယ်။ ၎င်းလုပ်ငန်းစဉ်အတွက် မြေနေရာအခက်အခဲရှိနေသည့်အတွက် အစိုးရအဖွဲ့ အနေဖြင့်ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်လည်းရှိနေပါတယ်။ မီးသတ်ဦးစီးဌာနအနေဖြင့် စာအမှတ်(ဝ၆၈)ဖြင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့သို့လည်း တင်ပြအကူအညီတောင်းခံပြီးဖြစ်ပါတယ်။ မီးသတ်အနေဖြင့် နွယ်အေးရပ်ကွက်တွင် နယ်မြေခံစခန်းဖွင့်လှစ်ရန်လျာထားပြီး စခန်းဆောက်ရန်မြေနေရာအတွက် နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်းနှင့် ပိတောက်လမ်းထောင့် အ.မ.က(၅)ကျောင်းနှင့်ကပ်လျက်ရှိ အလျား(၁၇၅)ပေ၊ အနံ (၁ဝဝ)ပေခန့်ရှိ မြေကွက်အားလျာထားရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျွန်တော်တို့ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများမှလည်း ကန့်ကွက်ခြင်းမရှိထောက်ခံ ထားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လည်း ၁ဝ.၁ဝ.၂ဝ၁၄ ရက်စွဲပါစာအမှတ်၊ ၅ / ၅ – ၅၂ ဖြင့် ထောက်ခံတင်ပြခဲ့ပြီးဖြစ်ပါတယ်။ မြို့တော်စည်ပင်အနေဖြင့် ၂ဝ၁၆ခုနှစ်၊ အောက်တိုဘာလ (၆)ရက်ဖြင့် တိုင်ဒေသကြီးဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ် ဦးစီးဌာနသို့ ၎င်းမြေကွက်အား ဂရန်မြေချထားပြီးဖြစ်ကြောင်း အကြောင်းပြန်စာပေးပို့ခဲ့ပါတယ်။ အပိုဒ်(၁) မီးသတ်ဦးစီးဌာနတောင်းဆိုလာမှု မြေနေရာလျှောက်ထားသည့် ဒေါပုံမြို့နယ်၊ ပိတောက်လမ်း၊ ငုဝါလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ မြေနေရာသည် ဌာန၏ မြို့မြေစာရင်းနှင့်မြေကွက်ပုံစံ မြေတိုင်းအမှတ်(၂/နွယ်အေး)၊ မြေကွက်အမှတ်(၆၁၉ မှ ၆၂၈ အထိ) (၁ဝ)ကွက်ကို စုစုပေါင်း ဧရိယာ(၁၂၃၅ဝ)စတုရန်းပေ၊ မြေအမျိုးအစား နှစ်(၆ဝ)ဂရန်အမည်ပေါက်ဖြင့် ဦးဟိန်းထက်ဦး အမည်ဖြင့် တစ်ဦးတည်းကို(၁ဝ)ကွက်စာ ထုတ်ပေးထားကြောင်း အကြောင်းပြန်ထားပါတယ်။ရပ်ကွက်နေပြည်သူ(၁၇၂)ဦးမှလည်း မီးသတ်မြေနေရာအတွက် ကန့်ကွက်မှုမရှိထောက်ခံထားပြီး တစ်ဦးတည်းအကျိုးစီးပွားအတွက် အသုံးချမည်ဆိုပါက ကန့်ကွက်ထားပြီး မြို့နယ်လယ်ယာ မြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီသို့လည်း တင်ပြတိုင်ကြား အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အောက်ပါကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော် ဥက္ကဋ္ဌကြီးမှတဆင့် လေးစားစွာမေးမြန်းအပ်ပါတယ်။ နယ်မြေမီးသတ်စခန်းနေရာအတွက် တင်ပြ ထားမှုကို အစိုးရအနေဖြင့်မည်သို့စိစစ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်စိုးရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်က ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား စာဖြင့်ရေးသားထားသည်ကို ဖြေကြားခွင့်ပြုပါခင်ဗျား။ ဒေါပုံမြို့နယ်မှာ နယ်မြေမီးသတ်စခန်းအဖြစ် ဗမာအေးရပ်ကွက်အား ဖွဲ့စည်းပုံခွင့်ပြုပြီးဖြစ်၍ ဗမာအေးရပ်ကွက်တွင် နယ်မြေမီးသတ်စခန်းဖွင့်လှစ်ရန် မြေနေရာရှာဖွေရာတွင် မြေနေရာလွတ်မရှိ ပါသဖြင့် အဆိုပါရပ်ကွက်နှင့်ကပ်လျက် နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်းနှင့် ပိတောက်လမ်းထောင့် အ.မ.က(၅)ကျောင်းနှင့်ကပ်လျက်ရှိတဲ့ အလျား(၁၇၅)ပေ၊ အနံ(၁ဝဝ)ပေခန့်ရှိတဲ့ မြေကွက်မှာ ကျွန်တော်တို့အများပြည်သူအသုံးမပြုတဲ့ ရေကန်ဟောင်းမြေနေရာတစ်ခုဖြစ်ပြီး အခြားမြေနေရာ တွင်လည်း ယခုကဲ့သို့ကျယ်ဝန်းတဲ့မြေနေရာရရှိနိုင်ရန် အခက်အခဲရှိခြင်းတို့ကြောင့် နယ်မြေမီးသတ် စခန်းဖွင့်လှစ်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖများလည်း ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ခရိုင်အုပ်ချုပ်ရေးမှူးကိုထောက်ခံတင်ပြခဲ့ပါတယ်။အဆိုပါထောက်ခံတင်ပြထားတဲ့မြေနေရာအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနရဲ့ မြို့မြေစာရင်းနဲ့မြေကွက်မြေပုံတွင် မြေတိုင်းရပ်ကွက်အမှတ် (၂/နွယ်အေး)၊ မြေကွက်အမှတ်(၆၁၉ မှ ၆၂၈ထိ) (၁ဝ)ကွက်၊ စုစုပေါင်းဧရိယာ(၁၂၃၅ဝ) စတုရန်းပေ၊ မြေအမျိုးအစား နှစ်(၆ဝ)ဂရန်၊ ဦးဟိန်းထက်ဦးအမည်ဖြင့် အမည်ပေါက်နေပါသဖြင့် အဆိုပါနေရာအား ခွင့်ပြု၍မရပါကြောင်း ၆.၁ဝ.၂ဝ၁၆ရက်စွဲပါစာအမှတ်၊ ရကစ မြို့ပြမြေစီမံ ၂ဝ၁၆ (၁၈၇၃၄)ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံ ခန့်ခွဲမှုဌာနမှ အကြောင်းပြန်ကြားလာခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဒေါပုံမြို့နယ်၊ နယ်မြေမီးသတ် စခန်းဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံခွင့်ပြုထားတဲ့ ဗမာအေးရပ်ကွက်တွင်လည်းကောင်း၊ ဗမာအေး ရပ်ကွက်နဲ့ ကပ်လျက်ရှိတဲ့ နွယ်အေးရပ်ကွက်တွင်လည်းကောင်း မြေနေရာရရှိရေးအတွက် ထပ်မံရှာဖွေပြီး နယ်မြေမီးသတ်စခန်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ ခုနက ကိုယ်စားလှယ်တော်ကြီးပြောတာကတော့ ဒီမြေဟာအများပိုင်မြေဖြစ်တယ်ဆိုတာ ပြန်ပြီးတော့မှ တိုင်ထားတယ်လို့ သိရပါတယ်။ တိုင်ထားတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ စုံစမ်း စစ်ဆေးရေးအဖွဲ့က နေပြီးတော့ စိစစ်ပြီးထွက်ရှိလာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့မှဘဲ တကယ်လို့အများပိုင်ဖြစ်တယ် ဆိုရင်တော့ ဒီနေရာကို မီးသတ်စခန်းအဖြစ် ပြန်လည်ခွင့်ပြုသွားမှာဖြစ်ပါကြောင်းနှင့် အဲဒီနေရာဟာ သူပိုင်တာဖြစ်တယ်ဆိုရင်တော့ အခြားနေရာကိုရှာဖွေပြီး မီးသတ်စခန်းဆောက်လုပ်ရေးအတွက် စီမံ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း
ဦးဟန်စိုး၊ ဒေါပုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ မြို့တော်စည်ပင်အနေဖြင့် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျွန်တော်တို့လွှတ်တော်ကိုကျော်လွန်ပြီးတော့ ဆောင်ရွက်ထားတယ်လို့ ကျွန်တော်အနေဖြင့် ထင်မြင်ယူဆတဲ့အတွက် ဆက်စပ်မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ ဒီကိစ္စမတိုင်ခင် ကျွန်တော်တို့လွှတ်တော်ဟာ ခွင့်ပြုမှုမတိုင်ခင်မှာဘဲ အများပိုင်မြေဖြစ်ရမယ်ဆိုတဲ့ အဆိုဟာလည်း အောင်မြင်မှုရထားပြီးဖြစ်ပါတယ်။ ထို့အပြင် ဦးနိုင်အောင်ဆန်းပါ(၄)ဦးမှလည်း မီးသတ်ကန်အဖြစ်ထားရှိသောနေရာအား ကျူးကျော်ခြံခတ်ထားခြင်း တိုင်ကြားလာခြင်းကိစ္စအနေနဲ့ ဝန်ကြီးချုပ်ရုံးမှ ပြန်စာပြန်ကြားပေးထားခြင်းရှိပါတယ်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီးတော့ အဲဒါကို ကျွန်တော်အနေနဲ့ ဖတ်ကြားပြပါမယ်။ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ မာလာနွယ်လမ်း ဘောလုံးကွင်းဘေးရှိ မီးသတ်ကန်အဖြစ်ထားရှိမှုနေရာ၌ ကျူးကျော်ခြံဝင်းခတ်နေမှုများအား စုံစမ်းစိစစ်ပေးပါရန် ရပ်ကွက်နေလမ်းသူ လမ်းသားများကိုယ်စား ဦးနိုင်အောင်ဆန်းပါ(၄)ဦးမှ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ စိစစ်တင်ပြစေခဲ့ ပါတယ်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြန်လည်တင်ပြ လာမှုအရ ၎င်းမြေနှင့်ချိုင့်ဝှမ်းအား ၂ဝ၁၅ခုနှစ်၊ ဇူလိုင်လအတွင်း ဦးအောင်မင်းဆိုသူမှ မြေဖို့ဆောင်ရွက် နေကြောင်း ရပ်ကွက်နေပြည်သူများမှ သတင်းပို့တိုင်ကြားမှုများရှိခဲ့သဖြင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှတားမြစ်ခဲ့ရာ မြေဖို့ခြင်းရပ်ဆိုင်းခဲ့ပြီး ၃ဝ.၇.၂ဝ၁၅ရက်နေ့၊ ညနေပိုင်းအချိန် ယာယီခြံစည်းရိုးခတ်ကာရန်မှုအား ၂၆.၁.၂ဝ၁၇ရက်နေ့တွင် မြေပြင်အနေအထားအား မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစိစစ်ခဲ့ရာ ယခင်ကာရန်ထားသော ယာယီခြံစည်းရိုး အဟောင်းသာရှိပြီး အသစ်ထပ်မံကျူးကျော်၍ ခြံစည်းရိုးခတ်ထားခြင်းမရှိကြောင်းနှင့် အခြားတစ်စုံ တစ်ရာ ဆောင်ရွက်ထားခြင်းမရှိကြောင်း သိရှိရန်အကြောင်းကြားအပ်ပါသည်ဆိုပြီးတော့ အကြောင်း ပြန်ထားပါတယ်။ ဒါကြောင့် မြို့တော်စည်ပင်ဟာ အုပ်ချုပ်ရေးအဖွဲ့ကိုလွှမ်းမိုးကျော်လွန်ပြီး ဆောင်ရွက် နေတာလား၊ မိမိရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးတော့လုပ်ဆောင်တာလားဆိုတာဟာ ကျွန်တော်တို့ ကွဲလွဲချက်ရှိနေပါတယ်။ မြို့တော်စည်ပင်ရဲ့ပြန်ကြားမှုနဲ့ ဝန်ကြီးချုပ်ရုံးက တိုင်ကြားထားမှုပေါ်မှာ ပြန်ကြားထားမှုဟာ ကွဲလွဲချက်ရှိနေပါတယ်။ ထို့ကြောင့်ကျွန်တော်အနေနဲ့ ဆက်စပ်မေးခွန်းမေးလို တာကတော့ ဒီဟာကိုပြန်လည်စိစစ်ပြီးတော့ ကျွန်တော်တို့ပြည်သူတင်မြှောက်ထားတဲ့ အစိုးရအနေနဲ့ အများပြည်သူရဲ့အကျိုးကို ဦးထိပ်ထားပြီး၊ ဦးစားပေးပြီး ပြန်လည်စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းလိုပါတယ်ခင်ဗျား။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ ဒီမေးခွန်းကတော့ (၂)ပိုင်းဖြစ်ပါတယ်။ ပထမတစ်ပိုင်းကတော့ ကျွန်တော်တို့မီးသတ်စခန်း ဆောက်လုပ်ခွင့်ရရှိရေးကိစ္စ အပိုင်းဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ မြေပိုင်ဆိုင်မှုအပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြတာသည် မီးသတ်ဆောက်လုပ်ခွင့်ရရှိရေးနှင့်ပတ်သက်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့်ပတ်သက်လို့ကတော့ မြို့တော်စည်ပင်ကပဲ ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲအတွက်ကြောင့် မြို့တော်စည်ပင်ကို ဒီကျန်တဲ့အပိုင်းကို လွှဲပြောင်းပေးလိုက်ပြီး မြို့တော်ဝန်ကနေပြီးတော့ ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် မီးငြိမ်းသတ်ရေယာဉ် (င်္ငမန င်္ငါ့အငညါ သြအေ) ချထား ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ချထားပေးမည်ဖြစ် ကြောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း
အချိန်။ ၁ဝ၂၃
ဥက္ကဋ္ဌ ။ ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။ ။ အားလုံး မင်္ဂလာပါ။ ရိုသေလေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်မဲဆန္ဒနယ်မြေဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်ဟာ တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်း၊ ရေပတ်လည်ဝိုင်းလျက်ရှိတဲ့ ကျွန်းမြို့နယ်ဖြစ်ပြီးတော့ ကျွန်းပေါ်မှာ(၅)ရပ်ကွက်နဲ့ ခနောင်တိုချောင်း ဘေးတွင်(၄)ရပ်ကွက်၊ စုစုပေါင်း(၉)ရပ်ကွက်နဲ့ ဖွဲ့စည်းထားတဲ့မြို့နယ်ဖြစ်ပါတယ်။ မြို့နယ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ သင်္ဘောပြင်ဆင်ခြင်း၊ သင်္ဘောအသစ်တည်ဆောက်ခြင်း လုပ်ငန်းဖြစ်တဲ့ လွန်းကျင်းလုပ်ငန်းဖြစ်ပါတယ်။ လွန်းကျင်းစုစုပေါင်း(၄၁)ခုရှိပြီးတော့ အဆိုပါလွန်းကျင်းတွေဟာ မကြာခဏ မီးလောင်လေ့ရှိပါတယ်။ မီးလောင်တဲ့အခါမှာလည်း လမ်းတွေဟာကျဉ်းလွန်းတဲ့အတွက် မီးသတ်ကားဟာ အလွယ်တကူဝင်၍မရပါဘူး။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဆိပ်ကြီး ခနောင်တို ကြိုးတံတားအောက်မှာ ကွင်းမီးရှို့ရာမှ မီးလန့်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီနေရာကို ကျွန်တော် ကိုယ်တိုင်ရောက်ရှိခဲ့ပါတယ်။ မီးသတ်ကားများနဲ့ မီးငြှိမ်းသတ်ရာမှာ အဆင်မပြေဖြစ်နေတာကိုလည်း ကျွန်တော်တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် (င်္ငမန င်္ငါ့အငညါ သြအေ) မီးငြှိမ်းသတ်ရေယာဉ်ချထားပေး မည်ဆိုပါက အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်မေးမြန်း လိုတာက မေးခွန်း(၁) ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် မီးငြှိမ်းသတ်ရေယာဉ် (င်္ငမန င်္ငါ့အငညါ သြအေ) ချထားပေးရန် အစီအစဉ် ရှိ/မရှိ၊ မေးခွန်း(၂) အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ချထားပေးမည်ဖြစ်ကြောင်း သိရှိလိုပါတယ်။ မေးခွန်း(၃) အစီအစဉ်မရှိပါက မည်သည့်အတွက် ကြောင့်ဖြစ်ကြောင်း မေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ ။ ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်မှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား စာဖြင့်ရေးသားထားသည်ကို ဖြေကြားခွင့်ပြုပါခင်ဗျား။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအတွက် မီးငြှိမ်းသတ်ရေယာဉ် (င်္ငမန င်္ငါ့အငညါ သြအေ) (၄)စီးကို ထုတ်ပေးခဲ့ပြီး အဆိုပါ(၄)စီးအား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းရှိ ဆီအုန်းစက်ရုံဝင်းအတွင်း ကမ်းစပ်၌(၁)စီး၊ အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ဗျငေ ျွှသမိူ ဆိပ်ကမ်းရှိ ဆိပ်ခံ တံတားတွင်(၁)စီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ တံတားသစ်အောက် တိုင်းအကူလုံခြုံရေး တပ်ဖွဲ့ခွဲရုံးအနီးတွင် (၁)စီး၊ ဆိပ်ကမ်းမြို့နယ်၊ မော်တင်ရပ်ကွက်၊ ဝါးတန်းဆိပ်ကမ်းတွင် (၁)စီး စတဲ့နေရာ(၄)နေရာမှာ ကျွန်တော်တို့(၄)စီး ဖြန့်ခွဲထားရှိပြီးဖြစ်ပါတယ်။ ဒလမြို့နယ်နဲ့ ဆိပ်ကြီးခနောင်တို မြို့နယ် မီးဘေးအန္တရာယ်နဲ့ သဘာဝဘေးအန္တရာယ်တို့ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်ရေးလုပ်ငန်းနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထက်ပါ တာဝန်ချထားတဲ့ (၄)နေရာမှာရှိတဲ့ အခုနကပြောတဲ့ (၄)စီးနဲ့ ကျွန်တော်တို့ရေလမ်းခရီးကနေပြီးတော့မှ ကူညီစီမံဆောင်ရွက်နိုင်ပါတယ်။ဒါအပြင် လှိုင်သာယာ၊ တွံတေး၊ ဒလမြို့နယ်ဘက်ကလည်း ကုန်းလမ်းနဲ့အမြန်ဆုံးသွားရောက်ပြီး ကူညီဆောင်ရွက်နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူးရုံးကနေပြီး တိုင်းဒေသကြီး ဘတ်ဂျက်နဲ့မီးငြှိမ်းသတ်ရေယာဉ်အား ဝယ်ယူခဲ့ခြင်း မရှိသေးပါဘူး။ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် မီးငြှိမ်းသတ်ရေယာဉ် (င်္ငမန င်္ငါ့အငညါ သြအေ) ချထားပေးရန် လောလောဆယ်အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်ဘဏ္ဍာရေးနှစ်များတွင် ဘတ်ဂျက်တင်ပြတောင်းခံရရှိပါက ဆိပ်ကြီးခနောင်တိုမြို့နယ်အတွက် မီးငြှိမ်းသတ်ရေယာဉ်အား ဦးစားပေးဝယ်ယူဖြည့်တင်းသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ခုနကကျွန်တော်တင်ပြသလို ဒီ(၄)စီးဟာ အခုနောက်ပိုင်းမှာ အခုနကပြောသလိုပဲ ကုန်းလမ်းကနေဝင်လို့မရတဲ့နေရာမျိုးတွေမှာ မီးဘေးအန္တရာယ်ကြုံတွေ့လာရင် လုပ်ဆောင်ဖို့လည်း ကျွန်တော်တို့ အသေးစိတ်မှာကြားပြီး ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ဗိုလ်စိန်မှန်အားကစားကွင်း အား ငြိမ်းစုစီကွင်းအဖြစ်သတ်မှတ်၍ အသုံးပြုနေရာမှ အခြားသင့်တော်သည့်နေရာသို့ ပြောင်းရွှေ့အသုံးပြုရန် အစီအစဉ် ရှိ/မရှိ၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း
အချိန်။ ၁ဝ၂၆
ဥက္ကဋ္ဌ။ ။ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးအောင်မြတ်ကျော်၊ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ အားလုံးပဲ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ဖြစ်ပါတယ်။ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းမှာ ပြည်သူများအားကစားပြုလုပ်ခြင်း၊ ဘောလုံးကန်ခြင်းများပြုလုပ်ရာ နေရာဖြစ်ပါတယ်။ ၎င်းကွင်းသို့ အကြောင်းအရာအမျိုးမျိုးအတွက် ဆန္ဒထုတ်ဖော်ရန်လာရောက် စုဝေးကြပါတယ်။ ဟောပြောခြင်းများ၊ ဆန္ဒထုတ်ဖော်ခြင်းများကို ပြုလုပ်ကြပါတယ်။ သို့ရာတွင် အချို့သောအဖွဲ့အစည်းများသည် ယင်းကဲ့သို့စုဝေးဟောပြောရာတွင် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်ကာ ရပ်ကွက်နေပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးကို များစွာစိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ရပ်ကွက်နေပြည်သူများအနေဖြင့်လည်း ဤကွင်းအားဆန္ဒထုတ်ဖော်ရန်နေရာအဖြစ် အသုံးပြုခြင်းကိုမလိုလားဘဲ အားကစားကွင်းအဖြစ်အသုံးပြုရန်သာ လိုလားကြပါတယ်။ သို့ဖြစ်ပါ၍ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက်ရှိ ဗိုလ်စိန်မှန်အားကစားကွင်းအား ဆန္ဒထုတ်ဖော်ရန် ငြိမ်းစုစီ နေရာအဖြစ်အသုံးပြုခြင်းကို ခွင့်မပြုဘဲ အခြားသင့်တော်ရာနေရာသို့ ပြောင်းရွှေ့ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ ။ ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်၏ ကြယ်ပွင့်ပြမေးခွန်းအား ကျွန်တော်မှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ စာဖြင့်ရေးသားထားသည်ကို ဖြေကြားခွင့်ပြုပါခင်ဗျား။ အရင်တုန်းကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအရ ယာဉ်များနှင့်လမ်းသွားလမ်းလာများ ပိတ်ဆို့မှု မရှိစေရေးနဲ့ ပြည်သူများအနှောင့်အယှက်မဖြစ်စေရေးတို့အတွက်ကို ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန်အားကစားကွင်းကို ငြိမ်းစုစီဆန္ဒဖော်ထုတ်ရာနေရာအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း အဆိုပါနေရာ၌ မကြာခဏလာရောက်ပြီးဆန္ဒပြသူများကြောင့် ဗိုလ်စိန်မှန်ကွင်းအနီးပတ်ဝန်းကျင် မှာရှိတဲ့ ဒေသခံပြည်သူများစိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၁ဝ.၈.၂ဝ၁၆ရက်နေ့မှာ ကန့်ကွက် တင်ပြခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်းမှာဒေသခံပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေရေး အတွက်ကို ဗိုလ်စိန်မှန်ကွင်းအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်သည့် နေရာ အဖြစ်လက်မခံတော့ဘဲ ၎င်းနေရာအစား တာမွေမြို့နယ်ရှိ ကျိုက္ကစံကွင်းဟစ်တိုင်တွင်သာ ဆောင်ရွက် စေခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်တော်တို့ ၄.၁ဝ.၂ဝ၁၆ရက်နေ့မှာ ပြဌာန်းထားရှိတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ အခန်း(၃)၊ ပုဒ်မ(၄)နှင့်အညီ ဆန္ဒဖော် ထုတ်မည့်သူမှ မြို့နယ်ရဲတပ်ဖွဲ့မှူးထံအသိပေးတင်ပြလာသည့် စုရပ်နေရာအတိုင်းသာ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ယစ်မျိုးလိုင်စင်လျှောက်လွှာဖြင့် နှစ်ရှည်ငွေပေး သွင်းနေရပြီး ရောင်းချခွင့်ပြုရာမှ ယခုအချိန်တွင် လိုင်စင်မဲ့ဟုဆိုကာ ဖမ်းဆီးပြီး တရားရုံး သို့ပို့၍ အရေးယူခံနေရမှုများအား သက်ဆိုင်ရာဌာနမှ တိကျစွာဆောင်ရွက်ပေးရန် အစီ အစဉ် ရှိ/မရှိကို သိရှိလိုပါကြောင်း
အချိန်။ ၁ဝ၂၉
ဥက္ကဋ္ဌ။ ။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ မေးမြန်းဖို့ဖြစ်ပါတယ်။
ဦးညီညီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ လေးစားအပ် ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးပဲမင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော် ကတော့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ဖြစ်ပါတယ်။ ဒီကနေ့ကြယ်ပွင့်ပြမေးခွန်းမေးမဲ့ဟာကတော့ ယစ်မျိုးခွန်များ နှစ်စဉ်ပေးသွင်းထားပြီး ယခုအစိုးရသစ်လက်ထက်ရောက်မှ စီမံကိန်းဟုဆိုကာ စီမံချက်ဟုအမည်ခေါ်ပြီးတော့ ဖမ်းဆီးပြီး အရေးယူတဲ့ကိစ္စကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ ရပ်ကွက်အားဖြင့်(၃၂)ရပ်ကွက်ဖြင့်တည်ရှိပါတယ်။ ရပ်ကွက်အသီးသီးမှာရှိတဲ့ ပြည်သူတွေဟာ စားသောက်ဆိုင်ငယ်များဖွင့်လှစ်ပြီးတော့ ယစ်မျိုးလျှောက်လွှာများတင်ကာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ယစ်မျိုးခွန်ဟုဆိုကာ ယစ်မျိုးလျှောက်လွှာများအနေဖြင့်ပေးခဲ့ ပြီးတော့ ငွေများပေးသွင်းဆောင်ရွက်ရတာ ရှိခဲ့ပါတယ်။ ပြည်သူများအနေဖြင့်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ဆောင်ရွက်တဲ့အခါမှာ ၎င်းတို့၏လျှောက်လွှာ နောက်ကျောဘက် တွင် လက်ခံထားရှိပြီးတော့ ငွေ(၁)သိန်းမှ (၂)သိန်းအထိ ပေးသွင်းခဲ့ရမှုများရှိခဲ့ပါတယ်။ ယခုဆိုရင် ယခုဆောင်ရွက်မှုများသည်လည်း (၁ဝ)နှစ်ဝန်းကျင်ခန့်ရှိခဲ့ပါပြီ။ ယခုအစိုးရသစ်လက်ထက်တွင် ရက်(၁ဝဝ)စီမံချက်ဟုဆိုကာ အသီးသီးမြေပြင်ကွင်းဆင်းပြီးတော့ ဖမ်းဆီးစစ်ဆေးခြင်းများ ရှိခဲ့ပါတယ်။ အဲဒီအခါမှာ ပေးသွင်းခဲ့ရသော်လည်းပဲ အားလုံးဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့အတွက် ကိုယ်စားလှယ်ရုံးသို့လာရောက်ပြီးတော့ ပြည်သူများအနေဖြင့် တိုင်ကြားမှုများရှိပါသဖြင့် ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးအား မေးခွန်းအနေဖြင့် မေးချင်ပါတယ်။ ယခုကဲ့သို့ နှစ်ပေါင်းများစွာ ပေးသွင်း ထားသော ယစ်မျိုးအခွန်များအနေဖြင့် ပေးသွင်းထားသော်လည်းပဲ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ငွေများ လက်ခံပြီးတော့ ယခုအချိန်တွင် စီမံချက်ဟုဆိုကာဖမ်းဆီးအရေးယူမှုများကို မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်မှုများရှိမည်ကို ပြည်သူများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိရှိလိုပါသောကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တာဝန်ရှိသူများအား မေးမြန်းအပ်ပါသည်။ သို့ဖြစ်၍ နစ်နာသော ပြည်သူများကိုယ်စား သက်ဆိုင်ရာဌာနမှ ၎င်းကိစ္စအားထိရောက်စွာအမြန်ဆုံး စစ်ဆေးဖြေရှင်းပေးရန် အစီအစဉ် ရှိ/မရှိ ပြည်သူများကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ ။ ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်များခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦညီညီရဲ့ ကြယ်ပွင့်ပြမေးခွန်းအား ကျွန်တော်မှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ စာဖြင့် ရေးသားထားသည်ကို ဖြေကြားခွင့်ပြုပါခင်ဗျား။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ယစ်မျိုးဆိုင်များကို ဥပဒေနှင့်အညီစနစ်တကျရောင်းချနိုင်ရေးအတွက် မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့ ဖွဲ့စည်းပြီး နှစ်စဉ်ယစ်မျိုးအစီအမံများကိုချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်စဉ်ယစ်မျိုးအကြံပေးအဖွဲ့က နေပြီး မြို့နယ်အတွင်းယစ်မျိုးဆိုင်များ အမည်ပြောင်းခြင်း၊ လိပ်စာပြောင်းခြင်းစာရင်းများကို နှစ်စဉ် နိုဝင်ဘာလတွင်အစည်းအဝေးအတည်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးထံတင်ပြပြီး ခရိုင်အုပ်ချုပ်ရေး မှူးမှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ကို နှစ်စဉ်ယစ်မျိုးအစီအစဉ်ဖြင့် အတည်ပြုပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ နှစ်စဉ်ယစ်မျိုးလိုင်စင်များကို ထုတ်ပေးလျက်ရှိပါတယ်။ ရုံးချုပ်ရဲ့ ညွှန်ကြားချက် အရ ၂ဝ၁၂ခုနှစ်ကစပြီး ယစ်မျိုးလိုင်စင်အသစ် ထပ်မံချပေးခြင်းမရှိတော့ဘဲနဲ့ တစ်မြို့နယ်က တစ်မြို့နယ်ကို လိပ်စာအဝင်၊ အပြောင်း၊ အထွက်၊ အမည်လိုင်စင်ပြောင်းခြင်းကိုသာ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်(၃၂)ရပ်ကွက်မှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)က အတည်ပြုခွင့်ပြုချက်အရ ခရိုင်အုပ်ချုပ်ရေးမှူးက နှစ်အလိုက် လိုင်စင်ထုတ်ပေးခဲ့မှုမှာ ၂ဝ၁၅-၂ဝ၁၆ခုနှစ်မှာ မူလဆိုင်အရေအတွက်မှာ (၃၄၈)ဆိုင်ရှိပြီး၊ နယ်ပြောင်း ဝင်လာတာ(၃)ဆိုင်၊ ဒီနယ်မြေကနေပြီးတော့ပြန်ထွက်သွားတာ (၁ဝ)ဆိုင်ဖြစ်တဲ့အတွက်ကြောင့်၊ ကျန်ရှိတာ(၃၄၁)ဆိုင်ဖြစ်ပါတယ်။၂ဝ၁၆-၂ဝ၁၇မှာ မူလဆိုင်အရေအတွက် (၃၄၁)ကနေပြီး၊ ပြောင်း ဝင်လာတာ(၁၉)ဆိုင်ရှိပြီး၊ ပြောင်းထွက်က(၂၃)ဆိုင်ရှိတဲ့အတွက်ကြောင့် အသားတင်ကျန်တာ (၃၃၇)ဆိုင် တရားဝင်ရှိပါတယ်။ အဆိုပါခွင့်ပြုယစ်မျိုးလိုင်စင်များအား ဥပဒေနှင့်အညီ တရားဝင် ရောင်းချနိုင်ရေးအတွက် ဌာနရဲ့ပင်မလုပ်ငန်းတစ်ခုအနေဖြင့် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်။ ယစ်မျိုးမူဝါဒအခြေခံမူများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်အလိုက် ယစ်မျိုးအစီအစဉ်များကို မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့က အစည်းအဝေးမှတ်တမ်း ဆုံးဖြတ်ချက်များဖြင့် တင်ပြခဲ့ပါတယ်။ ဝန်ထမ်းများငွေကြေးမသမာမှုမရှိစေရေးအတွက် အခွန်ထမ်းပြည်သူများ စိတ်ချမ်း သာပြီး အဆင်ပြေချောမွေ့စေရန်အတွက်ကို ယစ်မျိုးခွန်များကို မြန်မာ့စီးပွားရေးဘဏ်သို့ တိုက်ရိုက် သွင်းစေခြင်းနှင့် ဝန်ထမ်းများကို အခွန်မပေးသွင်းရေးအတွက် ညွှန်ကြားချက်နှင့်အညီ ပွင့်လင်းမြင် သာစွာ ကြော်ငြာဘုတ်များဖြင့် အသိပေးဆောင်ရွက်ခဲ့ပါတယ်။ တရားမဝင်ယစ်မျိုးဆိုင်များကိုလည်း မြို့နယ်ယစ်မျိုးလုပ်ငန်းစိစစ်ကြပ်မတ်ရေးအဖွဲ့ ( ျွှေု င်္သမခန )ဖြင့် ဖမ်းဆီးခြင်းကိုဆောင်ရွက်ပြီး၊ လအလိုက်ဆောင်ရွက်မှုပြန်တမ်းများကိုလည်း တင်ပြလျက်ရှိပါတယ်။ လိုင်စင်ရရှိရန်အတွက် လျှောက်လွှာလာရောက် လျှောက်ထားခြင်းများမှာ ယခင်ကာလများကရှိခဲ့သော်လည်း ဃှ၂ဗ လိုင်စင်ထုတ်ပေးထားခြင်းမရှိပါဘူး။ ဖမ်းဆီးရေးလုပ်ငန်းများကလည်း ယခင်ကတည်းကအဖွဲ့ ဖွဲ့ပြီး တရားမဝင်ဆိုင်များကို ဥပဒေနှင့်အညီ ယနေ့အထိဖမ်းဆီးဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း တရားမဝင်ယစ်မျိုးဆိုင် ရောင်းချမှုအပေါ် ဥပဒေနှင့်အညီအရေးယူခြင်းဖြစ်ပါကြောင်းနှင့် ထောက်ခံချက်ဖြင့်ရောင်းချခဲ့ခြင်းသည် တရားဝင် လိုင်စင်ဖြင့်ရောင်းချခဲ့ခြင်း မဟုတ်သည့်အတွက်ကြောင့် ဖမ်းဆီးအရေးယူခံရခြင်းဖြစ်ပါတယ်။ထောက်ခံချက်ရရှိရေးအတွက်ကိုလည်း ငွေကြေးပေးရမှု၊ ငွေကြေးရယူမှုရှိပါကလည်း တိကျစွာ တိုင်ကြားပါက ညွှန်ကြားမှုနှင့်အညီ အရေးယူစိစစ်သွားပါမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။
ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း
ဦးညီညီ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)။ ။ လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် အခုကျွန်တော်တို့ဝန်ကြီး ရှင်းပြသွားတဲ့ဟာကတော့ အင်မတန်မှကောင်းမွန် သေချာတဲ့ရှင်းပြမှုပါဘဲ။ ကျွန်တော်အဓိကမေးချင်တဲ့ သိချင်တဲ့ဟာက အခုပြည်သူတွေအနေနဲ့က သူတို့ယစ်မျိုးခွန်ကို မြို့နယ်ထွေ/အုပ်ရုံးကိုသွားပြီးတော့ တိကျစွာပေးဆောင်ပါတယ်။ ပေးဆောင် တဲ့အခါမှာ လက်ခံတဲ့ ဒီထွေ/အုပ်ရုံးမှာတာဝန်ရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးသော်လည်းကောင်း၊ ယစ်မျိုးနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူတစ်ဦးကသော်လည်းကောင်း သွားဆောင်တဲ့အခါမှာ ငွေကို မိမိတို့ယူဆောင်သွားတဲ့ ပြည်သူတွေယူဆောင်သွားတဲ့ လျှောက်လွှာရဲ့အနောက်မှာ လက်ခံရရှိကြောင်း ဆိုတဲ့ဟာကိုလက်မှတ်ရေးထိုး စည်းတံဆိပ်ထုပြီးတော့ ငွေကိုလက်ခံခဲ့ပါတယ်။ ပြီးတဲ့အခါမှာ အဲဒီ လျှောက်လွှာကိုပြန်ပေးပြီးတော့ ကဲရပြီရောင်းဆိုပြီးတော့ ရောင်းချခဲ့တဲ့ဟာက (၁ဝ)နှစ်ကျော် (၁ဝ)နှစ် ဝန်းကျင်ခန့်ရှိခဲ့ပါပြီ။ ကျွန်တော်ပြောတဲ့ဟာရဲ့ အဓိကအချက်ကတော့ အခုကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ရက်(၁ဝဝ)စီမံချက်ဆိုပြီးတော့ ဝင်ရောက်ဖမ်းတဲ့အခါမှာ လိုင်စင်ပါဆိုပြီးတော့ ပြည်သူတွေက ဒီလျှောက်လွှာကိုပြတဲ့အခါမှာ ဒီလျှောက်လွှာသည် လိုင်စင်မဟုတ်ဘူးပြောပြီးတော့ တရားရုံးအဆင့်ဆင့်ကို တင်ပို့တဲ့ဟာတွေရှိခဲ့ပါတယ်။ အဲဒါနဲ့စပ်လျဉ်းပြီးတော့လည်း ကျွန်တော် တို့ရုံးကို ပြည်သူတွေရောက်လာတဲ့အခါမှာ ကျွန်တော်နယ်လုံဝန်ကြီးကို တိုက်ရိုက်ဖုန်းဆက်ခဲ့တာ လည်းရှိပါတယ်။ ဒါပေမဲ့တရားရုံးအဆင့်ကိုရောက်သွားပြီးတော့ အခုပြီးခဲ့တဲ့ရက်ကဆိုရင် ဒဏ်ငွေ ကို(၁ဝ)သိန်းလောက်အထိ ပေးဆောင်ရမယ်ဆိုတဲ့ကိစ္စမျိုးတွေရှိလာပါတယ်။ အဲဒီတော့ကျွန်တော် အဓိကပြောချင်တာက ပြည်သူတွေအနေနဲ့ ယစ်မျိုးအခွန်ကို တိကျတဲ့ပေးဆောင်မှုမျိုးကို ဆောင်ခဲ့ပါတယ်။ ငွေလက်ခံတဲ့သူကလည်း ငွေလက်ခံပြီးတော့ နောက်မှာလက်မှတ်ရေးထိုးပြီးတော့ ဒီငွေကိုကျွန်တော်တို့ဘယ်ကိုသွင်းလို့ သွင်းမှန်းမသိဖြစ်ခဲ့တယ်ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့မှာ သက်သေအထောက်အထားတွေ အားလုံးရှိနေပါတယ်။ အဲဒီလာရောက်အကူအညီတောင်းတဲ့ ထဲမှာမှ အခုကျွန်တော်တို့(၄)ခုလောက်ဟာဆိုလို့ရှိရင် အဲဒီဟာကိုတရားရုံးကနေပြီးတော့ ပလပ်ခဲ့တဲ့ဟာတွေရှိပါတယ်။ အချို့ဟာတွေကတော့ စွဲထားပြီးသားဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော်တို့ ပြန်လည်ကြားသိရတာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်မေးချင်တဲ့ အဓိကရည်ရွယ် ချက်သည် သွားရောက်ပေးသွင်းထားသော်လည်းပဲ သက်ဆိုင်ရာတာဝန်ရှိသူကနေပြီးတော့ ငွေလက်ခံ ထားပြီးတော့ ဒီလျှောက်လွှာကိုရောင်းလို့ရတယ်လို့ ပေးလိုက်တဲ့အခါမှာ ပြည်သူတွေအနေနဲ့ကလည်းပဲ ဒီအသိနဲ့ပတ်သက်လို့ အားနည်းတဲ့အခါမှာ ဒီလျှောက်လွှာကိုလိုင်စင်ဆိုပြီးတော့ ကျွန်တော်တို့ မိတ္တူစွဲ ပလပ်စတစ်လောင်းပြီးတော့ နံရံမှာကပ်ထားတယ်။ တကယ့်တကယ်တမ်းလည်း ဖမ်းလည်းဖမ်းရော လိုင်စင်မဟုတ်ဘူးဆိုတာကို သိရတာဖြစ်တဲ့အတွက် တကယ်တမ်းတာဝန်ရှိတာက မြို့နယ်ရဲ့ ထွေ/အုပ်မှာ ငွေလက်ခံတဲ့သူကသာလျင် တာဝန်ရှိပြီးတော့ အဲဒီလက်ခံတဲ့ပုဂ္ဂိုလ်နဲ့ တာဝန်ရှိတဲ့ သူတွေကို မည်သို့မည်ပုံ အရေးယူဆောင်ရွက်မလဲဟာကို ကျွန်တော်မေးခြင်းဖြစ်ပါတယ်ခင်ဗျား။ ကျေးဇူးအထူးတင်ပါတယ်။
ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။ ။ ကျေးဇူး တင်ပါတယ်ခင်ဗျား။ ခုနကကျွန်တော်ဖြေကြားတဲ့အထဲမှာလည်း ပါပြီးဖြစ်ပါတယ်။ ငွေသွားသွင်းလို့ အခုနကပြောသလို ထောက်ခံချက်ပေးပြီးတော့မှ ငွေရရှိကြောင်းနောက်ကျောမှာ ရေးပေးလိုက်တဲ့ ဟာတွေကို တိကျစွာတိုင်ကြားဖို့ လိုမှာဖြစ်ပါတယ်။ တိကျစွာတိုင်ကြားလို့ရှိရင် ကျွန်တော်တို့ ဒါကို စိစစ်ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ တိကျစွာအရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာလည်းပဲ ကျွန်တော်တို့ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့် ဝန်ထမ်းရဲ့သဘောသဘာဝဟာလည်း လူပေါင်းစုံ ဖြစ်ပါတယ်။ အဲဒီမှာကျွန်တော်တို့က စည်းမျဉ်း၊ စည်းကမ်းတွေချမှတ်ထားပေမဲ့လည်း သူရဲ့နဂိုမွေးဖွား လာတဲ့အကျင့်စာရိတ္တအရကိုက တချို့စည်းကမ်းလိုက်နာတဲ့သူရှိသလို တချို့စည်းကမ်းမလိုက်နာတဲ့လူ လည်းရှိပါတယ်။ ဒါကိုလည်းပဲကျွန်တော်တို့က လူအများကြီးဖြစ်နေတဲ့အတွက်ကြောင့် အသေးစိတ် ကျွန်တော်တို့မသိနိုင်ပါဘူး။ ကိုယ်စားလှယ်တော်ကြီး အခုနကပြောသလို ငွေလည်းပေးရတယ်။ ဟိုဟာ လည်းလက်ခံထားတယ်ဆိုပြီးတော့မှ ဒီပြေစာတွေ၊ ဖြတ်ပိုင်းတွေ ကျွန်တော်တို့အထောက်အထားတွေရှိ တယ်ဆိုရင်တော့ ကျွန်တော်တို့တရားဝင်တိုင်ကြားဖို့လိုမှာဖြစ်ပါတယ်။ တရားဝင်တိုင်ကြားရင်တော့ ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီး၊ စိစစ်ပြီးမှန်ကန်တယ်၊ ယူတယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၏ စက်မှုဇုန်များ၌ အလုပ်ရှင်၊ အလုပ်သမား ပြဿနာဖြေရှင်းမှုများ အတွက် ၎င်းအငြင်းပွားမှုများအား တရားမျှတ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အတွက် သြဇာရှိသော လူမှုရေးအသင်းအဖွဲ့ ဥက္ကဋ္ဌများမှ ဦးဆောင်ဖြေရှင်းရန် ဆောင်ရွက် နေသည်ဆိုသည်မှာ အငြင်းပွားမှုပြဿနာ ဖြေရှင်းရေးဥပဒေနှင့် ညီညွတ်မှုရှိပါသလဲ၊ မည်သည့်ကဏ္ဍများ၌ ကျွမ်းကျင်သောသူများကို ဥက္ကဋ္ဌများခန့်၍ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို ဖြေရှင်းနိုင်ပါမည်နည်းကို သိရှိလိုပါကြောင်း
အချိန်။ ၁ဝ၃၈
ဥက္ကဋ္ဌ။ ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မေးမြန်းဖို့ဖြစ်ပါတယ်။
ဒေါ်စန္ဒာမင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ မင်္ဂလာပါရှင်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေဖြင့် ယနေ့မေးမြန်းမှာကတော့ စက်မှုဇုန်များမှာ အလုပ်ရှင်၊ အလုပ်သမားပြဿနာ ကြီးထွားလာနေမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ မေးမြန်းမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်(၂၉)ဇုန်ရှိပါတယ်။ ထိုအထဲမှာ လှိုင်သာယာစက်မှုဇုန်ဟာ အကြီးဆုံးနဲ့လုပ်သားအင်အား အများဆုံးလုပ်ကိုင်နေတဲ့ စက်မှုဇုန်တစ်ခုလည်းဖြစ်ပါတယ်။ စက်မှုဇုန်တစ်ခုဖြစ်လို့ စက်မှုဇုန်ဥပဒေ ဆိုတာလည်းရှိပါတယ်။ ထို့အတူစက်မှုဇုန်တိုင်းမှာ ဇုန်ကော်မတီဆိုတာလည်းရှိပါတယ်။ ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိလို့လည်း စည်ပင်သာယာဥပဒေဆိုတာလည်း ရှိပါတယ်။ သို့သော်လည်း၎င်းနေရာမှာ အခုဒီဥပဒေတွေဟာ ထိရောက်မှုမရှိဘူးဆိုတာကို တွေ့မြင် နေရပါတယ်။ ဒီနယ်မြေအတွင်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်ရှင်အလုပ်သမားနှစ်ဦးစလုံးဟာ ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေတွေနဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အခြားဥပဒေတွေကိုလည်း အထူး နားလည် သဘောပေါက်ထားရန်လည်း လိုအပ်ပါတယ်။ လတ်တလောအခြေအနေမှာဆိုရင် အလုပ် ရှင်တွေဘက်ကလည်း ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေကို တိကျသေချာစွာလိုက်နာရန် အားနည်း မှုတွေရှိသလို အလုပ်သမားတွေကြားမှာလည်း လုပ်ခလစာနဲ့ပတ်သက်ပြီးလည်းကောင်း၊ လုပ်ငန်း ခွင်အတွင်း အထွေထွေမကျေနပ်မှုတွေအတွက်လည်းကောင်း တောင်းဆိုမှုတွေနဲ့ ဆန္ဒပြမှုတွေဟာ မကြာခဏဖြစ်ပေါ်နေတာတွေ့ရပါတယ်။ တစ်ချို့သောတောင်းဆိုမှုတွေဟာ တည်ဆဲဥပဒေတွေထက် ကျော်လွန်နေတာကြောင့် ဖြေရှင်းညှိနှိုင်းမှုတွေဟာလည်း အဆုံးသတ်မှာတော့ အလုပ်ရှင်တွေရဲ့ လုပ်ငန်းများပိတ်သိမ်း ရပ်ဆိုင်းသွားရပြီး အလုပ်သမားတွေကိုလည်း လုပ်ငန်းရပ်နစ်နာကြေးတွေ ပေးပြီး အလုပ်ထုတ်ပစ်ခြင်းအားဖြင့် အဆုံးသတ်သွားရပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာလည်း ၂ဝ၁၆ခုနှစ်ကုန်အထိ အလုပ်ရှင်၊ အလုပ်သမားပြဿနာပေါင်းဟာ (၁၂၃၈)မှုရှိခဲ့ပြီး၊ ဖြေရှင်းပေးတဲ့အမှုကတော့ (၁ဝ၆၁)မှုရှိကာ ခုံသမာဓိအဖွဲ့ကိုလွဲပေးခဲ့ရတဲ့အမှုကတော့ (၁၇၂)မှု ရှိခဲ့ပါတယ်။ ၎င်းမှတစ်ဆင့် အလုပ်သမားရေးရာဖြေရှင်းမှုခုံသမာဓိကောင်စီကို (၈၁)မှုလွဲပြောင်းပေးခဲ့ ရပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေဖြစ်ပေါ်လာရင် လတ်တလောပြေလည်မှုတွေ အတွက် အလုပ်ရှင်တွေကိုသာဖိအားပေး ညှိနှိုင်းမှုတွေလုပ်ဆောင်နေတာကိုအများဆုံး တွေ့ရှိရပါ တယ်။ ညှိနှိုင်းမှုတွေမှာအဆင်ပြေတာတွေရှိသလို အဆင်မပြေတဲ့ပုံစံတွေနဲ့ ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေမရရှိခဲ့တာမျိုးကိုလည်း တွေ့ရှိရပါတယ်။ အလုပ်ရှင်တွေဘက်ကနေပြီးတော့ အလျော့ပေး၊ လစာတွေတိုးမြှင့်ပေးခဲ့ပြီး အလုပ်သမားတွေကိုလျော်ကြေးပေးပြီး လုပ်ငန်းတွေရပ်ဆိုင်းရတဲ့ အထိလည်းဖြစ်ပေါ်ခဲ့ရပါတယ်။ မိမိတို့နိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကိုသွားရာမရောက်သလို ဖြစ်နေပါတယ်။ တတ်နိုင်တဲ့အလုပ်ရှင်တချို့ကလည်း လူတွေရဲ့လုပ်အားအစား ဗကအသ ြခေ့ငညန တွေတပ်ပြီး စက်အားကိုသာအသုံးပြုနေတဲ့ ဏမေအငာန အရွှေ့တွေကိုဦးတည်လာတော့မှာ တွေ့မြင် နေရပါတယ်။ ဒါဆိုရင်အလုပ်လက်မဲ့ဦးရေတွေဟာလည်း တိုးပွားလာတော့မှာပါ။ ထို့သို့အခြေအနေ တွေကိုဖြေရှင်းပေးတဲ့သူတွေဟာ ဥပဒေတစ်ခုတည်းကိုကျွမ်းကျင်ပိုင်နိုင်ရုံနဲ့ ဖြေရှင်းမပေးနိုင်သလို အလုပ်ရှင်တို့ရဲ့သဘောသဘာဝ၊ အလုပ်သမားတို့ရဲ့သဘောသဘာဝ၊ စက်ရုံတွေရဲ့သဘောသဘာဝ၊ မိမိနိုင်ငံရဲ့စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ စက်မှုဇုန်အုပ်ချုပ်သူတွေရဲ့ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိတယ်ဆိုတာကို နားလည်သဘောပေါက် သိရှိထားမှသာလျင် အငြင်းပွားမှုပြဿနာ တွေကို တရားမျှတမှန်ကန်စွာဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍအတွင်းမှာ လှုပ်ရှားဆောင်ရွက်နေရတဲ့သူတွေရဲ့ သဘောသဘာဝဟာမတူညီပါဘူး။ သို့ပါသောကြောင့် လူမှုရေး အသင်းအဖွဲ့တွေမှာ ဝင်ရောက်ဆောက်ရွက်နေတဲ့သူတွေဟာ ဘယ်လောက်ပဲသြဇာရှိတဲ့သူ ဖြစ်သော်လည်း စီးပွားရေးကဏ္ဍ၌ဖြစ်ပေါ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာ ဖြေရှင်းပေးရန် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွေမှာ ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခြင်းဟာ သင့်လျော်မှုမရှိကြောင်းကို အကြံပြု တင်ပြအပ်ပါတယ်။ လူမှန်နေရာမှန်ခန့်ထားနိုင်ခြင်းမရှိရင် ဘယ်ကဏ္ဍမှာမှမအောင်မြင်နိုင်ပါဘူး။ ဥပဒေပါအတိုင်းမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှာ ဝင်ရောက်ဆောင်ရွက်ခွင့်ရှိသူတွေကိုသာ စွမ်းဆောင်ရည်တိုးမြှင့်ပေးခြင်း၊ လုပ်ပိုင်ခွင့်ပေးခြင်းတွေကိုပြုလုပ်သင့်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မ မေးမြန်းလိုတဲ့ မေးခွန်းကတော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ စက်မှုဇုန်များ၌ အလုပ်ရှင်အလုပ်သမား ပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက် ၎င်းအငြင်းပွားမှုတွေကိုတရားမျှတမှန်ကန်စွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သြဇာရှိသောလူမှုရေးအသင်းအဖွဲ့ ဥက္ကဋ္ဌများမှ ဦးဆောင်ဖြေရှင်းရန် ဆောင်ရွက်နေသည်ဆိုသည်မှာ အငြင်းပွားမှုပြဿနာဖြေရှင်းရေး ဥပဒေနှင့်ညီညွှတ်မှုရှိပါသလား။ မည်သည့်ကဏ္ဍတွေမှာ ကျွမ်းကျင်တဲ့သူတွေကို ဥက္ကဋ္ဌအဖြစ်ခန့်ပြီးတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်မလဲဆိုတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
ဥက္ကဋ္ဌ ။ ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။
ဦးဇော်အေးမောင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး။ ။ လေးစား ရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မေးမြန်းတဲ့မေးခွန်းအား ကျွန်တော် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးဇော်အေးမောင်မှ စာရွက်ကိုကြည့်ပြီးဖြေကြားခွင့်ပြုပါခင်ဗျား။ ဒေါ်စန္ဒာမင်းမေးတဲ့မေးခွန်း(က)က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ အလုပ်ရှင်၊ အလုပ် သမားပြဿနာဖြေရှင်းမှုများအတွက် ၎င်းအငြင်းပွားမှုများအား တရားမျှတမှန်ကန်စွာဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် သြဇာရှိသောလူမှုရေးအသင်းအဖွဲ့ဥက္ကဋ္ဌများမှ ဦးဆောင်ဖြေရှင်းရန် ဆောင်ရွက်နေသည်ဆိုသည်မှာ အငြင်းပွားမှုပြဿနာ ဖြေရှင်းရေးဥပဒေနှင့် ညီညွှတ်ပါသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါဟာ ဥပဒေပါအချက်အလက်ကို ဥပဒေနှင့်ညီညွှတ်မှု ရှိ/မရှိ မေးမြန်းတာ ဖြစ်ပါတယ်။ အဲဒါကိုကျွန်တော်ဖြေရမယ်ဆိုလို့ရှိရင် ဥပဒေနှင့်ညီညွှတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၅/၂ဝ၁၂)ကို မတ်လ (၂၈)ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ နည်းဥပဒေကို ၂ဝ၁၂ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့၊ အလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ထုတ်ပြန်ခဲ့ ပါတယ်။ ၎င်းဥပဒေပုဒ်မ ၃အရ စက်ရုံ(၁)ရုံမှာ အလုပ်သမား (၃ဝ)နှင့်အထက် အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုဆိုလို့ရှိရင် ဖြန်ဖြေညှိနှိုင်းရေး စုပေါင်းသဘောတူညီချက်၊ ဆွေးနွေးဖြန်ဖြေညှိနှိုင်းဖို့အတွက် အလုပ်ရှင်ဟာအလုပ်သမားအဖွဲ့အစည်းရှိရင် အလုပ်သမားအဖွဲ့ အစည်းတစ်ခုကကိုယ်စားလှယ်(၂)ဦး၊ အလုပ်သမားကိုယ်စားလှယ်ဦးရေနှင့်တူညီတဲ့ အလုပ်ရှင်ကိုယ်စားလှယ်(၂)ဦးဖွဲ့ပြီးတော့ ဖြန်ဖြေညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့ရမှာဖြစ်ပါတယ်။ အလုပ်သမားအဖွဲ့အစည်းမရှိဘူးဆိုလို့ရှိရင် အလုပ်သမားများက ရွေးချယ်ပေးသော အလုပ်သမားကိုယ်စားလှယ်(၂)ဦး၊ အလုပ်ရှင်ကိုယ်စားလှယ်(၂)ဦး ရွေးပြီးတော့ ဖြန်ဖြေညှိနှိုင်းပေးရမှာဖြစ်ပါတယ်။ အဲဒီလိုဖြန်ဖြေညှိနှိုင်းလို့မှ မရဘူးဆိုလို့ရှိရင် ဥပဒေပုဒ်မ ၃၊ ဥပဒေအခန်း(၃) ပုဒ်မ ၁ဝအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နဲ့ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများမှရှိတဲ့ မြို့နယ်များမှာ အငြင်းပွားမှုညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းရမယ်ဆိုပြီးတော့ ဥပဒေမှာပြဌာန်းထားပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီ ဒါမဟုတ် တိုင်းဒေသကြီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသက တာဝန်ပေးသောသူတစ်ဦးကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်မှာဖြစ်ပါတယ်။ အဲလိုပြဌာန်းထားတဲ့အတွက် တိုင်းဒေသကြီးအစိုးရအနေနဲ့ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမဆို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းသည် ဥပဒေနှင့်ညီညွှတ်ကြောင်း ဖြေကြားလိုပါတယ်။ ကျွန်တော်(ခ)ကို ဆက်လက်ဖြေပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ အဲဒီလိုဖြေရှင်းလို့မှ မြို့နယ်ကဖြေရှင်းလို့မရရင် ခုံသမာဓိဆိုပြီးတော့ တက်လို့ရပါတယ်။ ခုံသမာဓိကိုလည်းဘဲ ပုဒ်မ ၁၆(က)အရ ဝန်ကြီးဌာနသည် တိုင်းဒေသကြီး သို့မဟုတ် နေပြည်တော်ကောင်စီ၊ နောက်တစ်ခု ကျွန်တော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ခုံသမာဓိအဖွဲ့ကို ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်နဲ့ အောက်ပါအတိုင်းဖွဲ့စည်းရမယ်လို့ပါပါတယ်။ အဲဒီမှာ တိုင်းဒေသကြီး ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးအပ်သူ မည်သူတစ်ဦးကိုမဆို ဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်ပါတယ်။ အဲဒီတော့ဒီလိုမျိုး ခုံသမာဓိမှာဖြေရှင်းလို့မရဘူးဆိုလို့ရှိရင် ခုံသမာဓိကောင်စီကို တက်နိုင်ပါတယ်။ အဲဒီတော့မေးခွန်း(ခ)ကို ဖြေရမယ်ဆိုလို့ရှိရင် ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်(၄၅)မြို့နယ်မှာ ကိုကိုးကျွန်းကလွဲပြီးတော့ ကျန်(၄၄)မြို့နယ်မှာ မြို့နယ်ဖြန်ဖြေညှိနှိုင်းအဖွဲ့များကို ဖွဲ့စည်းဖြန်ဖြေလျက် ရှိပါတယ်။ ယခင်အစိုးရလက်ထက်က (၄၄)မြို့နယ်လုံးမှာ ဖြန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌကို မြို့နယ် အုပ်ချုပ်ရေးမှူးများကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများဟာ နိုင်ငံဝန်ထမ်းများဖြစ်နေသဖြင့် ပြတ်သားစွာဆုံးဖြတ်မှုတစ်ခုခုကို ချမှတ်ပါက မကျေနပ်သူများမှ အဆင့်ဆင့်အထက်ကိုတိုင်ကြားမှုကြောင့် ဌာနတွင်း ဏနယ ီန စိစစ်ခံရပါက ၎င်းတို့ရဲ့ ဏမသာသအငသညများ ကိုထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အစိုးရအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ အမှုအများဆုံး ဖြစ်တဲ့ နံပါတ်(၁) လှိုင်သာယာ၊ (၂) ရွှေပြည်သာ၊ ဒဂုံတောင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မှော်ဘီ မြို့နယ်၊ ဗဟန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေ မြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလပအစရှိတဲ့ မြို့နယ်များမှာ သာနာညီမျှမှုရှိသော ဲကျအ ညေိ နဆကေူငအပ ရှိပြီးတော့ သြဇာတိက္ကမရှိတဲ့ ပြင်ပပုဂ္ဂိုလ်များအားရွေးချယ်ပြီး ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် စီစဉ်နေပါကြောင်း ဖြေကြား လိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ ဥက္ကဋ္ဌအသစ်ကိုလည်း သာနာညီမျှမှုရှိပြီးတော့ အလုပ်သမားဝါဏိဇ္ဇပဋိပက္ခရုံးမှာ နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဥပဒေနားလည်သော ဦးဖေသိန်းမြင့်အား ဥက္ကဋ္ဌအဖြစ်ခန့်အပ်ထားပါကြောင်း ဖြေကြားလိုပါတယ်။ ဒီနေရာမှာကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အနည်းငယ်အသိပေးလိုတာကတော့ ကျွန်တော်တို့ အမှန်မှာကတော့ ဒီမေးခွန်းဟာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ လွှတ်တော်သို့တင်သွင်းသည့် မေးခွန်းများဆိုတဲ့ ပုဒ်မ ၉၅၊ မေးခွန်းနှင့်စပ်လျဉ်းသည့်ကန့်သတ်ချက်များနှင့် စည်းကမ်းချက်များနဲ့ အနည်းငယ်လွဲပါတယ်။ မေးခွန်းတစ်ခုမေးမယ်ဆိုရင် အောက်ပါအချက်များနှင့်ကိုက်ညီရပါမယ်။ (က) ကိစ္စတစ်ရပ်ရပ်အတွက် ထင်မြင်ယူဆချက် တောင်းဆိုခြင်း၊ ဥပဒေဆိုင်ရာ နက်နဲသောပြဿနာများကို ဖြေရှင်းချက်တောင်းဆိုခြင်း သို့မဟုတ် မဖြစ်ပေါ်သေးသောကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက် သင့်ကြောင်း ဖော်ပြမေးမြန်းခြင်းတို့ကိုမပြုရပါလို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၉၆၊ (ဇ)မှာ လွယ်ကူစွာရရှိနိုင်သောမှတ်တမ်းများ သို့မဟုတ် စာအုပ်များတွင်ပါရှိသော အကြောင်းအရာများကို သိရှိရန်မေးမြန်းခြင်းမပြုရလို့ ဖော်ပြထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော်ဟာ အင်မတန်အချိန်နည်းပါတယ်။ ဒီအချိန်မှာ ဒီလိုဥပဒေပြဌာန်းပြီးသား အချက်အလက်များကို ဥပဒေနှင့်ညီညွှတ်မှုရှိသလား၊ မရှိသလားမေးမြန်းခြင်းများကို နောင်တစ်ချိန်မှာ ကျွန်တော်တို့ အင်မတန်မှ အဖိုးတန်တဲ့အချိန်များကိုဖြေကြားနေရတာ အချိန်ကုန်တဲ့အတွက် နောက်နောင်ကို ကျွန်တော်တို့ ဒီလိုဥပဒေနှင့်မညီတဲ့မေးခွန်းများကို ကျွန်တော်တို့ဆီကိုမပို့ဖို့ကို မေတ္တာရပ်ခံပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဒေါ်စန္ဒာမင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ ပြောကြားခွင့်ပြုပါ။ ကျွန်မအနေနဲ့မေးလိုက်တဲ့ဟာက ဥပဒေနဲ့ညီညွှတ်မှုမရှိတဲ့မေးခွန်းမဟုတ်ပါဘူး။ ဒါဟာတိုင်းဒေသ ကြီးအစိုးရကစီစဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မကြာခင်မှာလည်း စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ခုနဝန်ကြီးပြောသွားသလိုပဲ လုပ်ဆောင်နေမှု မရှိသေးတဲ့ကိစ္စရပ် တွေကို ဥပဒေနဲ့မညီတဲ့အတွက် ပေးပို့ခြင်းမပြုလုပ်ပါနဲ့လို့တားမြစ်ခဲ့တယ်ဆိုရင် ကျွန်မတို့တွေဟာ ပေးပို့လုပ်ဆောင်ပြီးသွားတော့မှ တားမြစ်ရတာသိပ်ခက်ပါတယ်။ ဒါကြောင့်မို့လို့ မဆောင်ရွက်ခင်မှာ မဆောင်ရွက်သင့် မဆောင်ရွက်ထိုက်တာကို မဆောင်ရွက်ရအောင် ကျွန်မတို့အနေနဲ့ မေးခွန်း အနေနဲ့မေးခြင်းဖြစ်ပါတယ်။ ဒါဟာဥပဒေနဲ့ မညီညွှတ်တာမဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။
၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း
အချိန်။ ၁ဝ၅ဝ
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးရန် ဖြစ်ပါတယ်။
ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ။ ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဝန်ကြီးများအားလုံးနဲ့ ြွကရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား။ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၇ခုနှစ် ရန်ကုန် တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီရဲ့ လေ့လာသုံးသပ်ချက်အစီရင်ခံစာနဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီရဲ့ သုံးသပ်ချက်၊ နောက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကိုယ်စားပြန်လည်ရှင်းလင်း တင်ပြပေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမဦးစွာ ဥပဒေကြမ်းကော်မတီရဲ့ လေ့လာသုံးသပ်ချက်အစီရင်ခံစာမှာ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို လက်တွေ့ကျင့်သုံးသင့်ကြောင်း၊ တာဝန်ခံမှု တာဝန်ယူမှု ပြည့်ဝသော ဘဏ္ဍာရေးစနစ်ဖြစ်ပေါ်စေရန် ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း၊ ဘဏ္ဍာအခွန်များအလေ အလွင့်ဆုံးရှုံးမှုမရှိစေရေး၊ အဂတိလျော့နည်းကင်းရှင်းစေရေးတို့အတွက် ထိရောက်စွာဆောင်ရွက် သင့်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ပြည်သူတို့ရဲ့ဆန္ဒနဲ့အညီ ထိရောက်စွာဆောင်ရွက်သင့်ကြောင်းကို အကြံပြုထားပြီး၊ ဥပဒေကြမ်းရဲ့ ရငွေနဲ့သုံးငွေတို့အား ကျပ်သန်းပေါင်း(၄၂၄၂၈ဝ.၆၆၇)ဖြင့် ဘက်ညီရသုံး ခန့်မှန်းခြေငွေစာရင်းကိုဆွဲထားခြင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရေးဆွဲထား ကြောင်းကိုတွေ့ရှိ ရတဲ့အတွက် ထောက်ခံဆွေးနွေးသုံးသပ် တင်ပြထားရပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကြမ်းပေါ်မှာ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီပွားရေးကော်မတီကလည်း သုံးသပ် ချက်အစီရင်ခံစာ တင်သွင်းထားပါတယ်။ အဲဒီတင်သွင်းထားတဲ့သုံးသပ်ချက်ကတော့ အားလုံး ရန်ကုန်တိုင်းဒေသကြီးရဲ့ ရငွေအမျိုးအစား၊ အသုံးစရိတ်အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ပုံပြကားချပ်များနဲ့ရှင်းလင်း တင်ပြထားပါတယ်။ အားလုံးသုတေသန ပြုလုပ်ထားသလိုပဲ လေ့လာ ထားပါတယ်။ ဒီလေ့လာသုံးသပ်ချက်များအရ လေ့လာသုံးသပ်ချက်များကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ နှစ်အလိုက်ဘဏ္ဍာငွေ အရအသုံးများကို လေ့လာ၍စာရင်း များကိုအချိန်ယူပြီးတော့ လေ့လာသုံးသပ်ပေးထားကြောင်းကို တွေ့ရှိရပါတယ်။ ဒီလိုလေ့လာသုံးသပ် ပေးတဲ့အတွက် ဒီကျွန်တော်တို့ ရငွေတွေကိုဘယ်လိုရရှိတယ်။ သုံးငွေတွေကိုမည်ကဲ့သို့ သုံးနေကြ တယ်ဆိုတာ အစိုးရအဖွဲ့အနေနဲ့ များစွာအထောက်အကူ အကျိုးကျေးဇူးရရှိပါတယ်။ အထူးအားဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ သုံးစွဲတဲ့ငွေများကိုလေ့လာတဲ့အခါမှာ အဓိက အားဖြင့် ရေပေးဝေရေးလုပ်ငန်းမှာ (၄၈%)၊ လမ်းအသစ်ဖောက်လုပ်ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းမှာ (၂၂%)ဖြစ်တဲ့အတွက် ဒီသုံးငွေရငွေများကို ထိရောက်စွာအသုံးပြုကြောင်းကို သုံးသပ်ထားတာကိုတွေ့ရှိရပါတယ်။ အဓိကအားဖြင့် ဒီဘဏ္ဍာရေး၊ စီမံကိန်းနဲ့စီးပွားရေးကော်မတီရဲ့ ထောက်ပြထားတာကတော့ လူငယ်များအားကစားကဏ္ဍမြှင့်တင်တဲ့နေရာမှာ အသုံးပြုတဲ့ငွေကြေး ဟာ နည်းပါးလျက်ရှိကြောင်းကို လေ့လာတွေ့ရှိထားပါတယ်။ ဒါကြောင့်မို့လို့ လူငယ်များအားကစား ကဏ္ဍဖွံ့ဖြိုးစေဖို့အတွက် ဘဏ္ဍာငွေတိုးတက်သုံးစွဲဖို့အတွက်ကို အလေးပေးပြီး ထောက်ပြထားတာကို တွေ့ရှိရပါတယ်။ နောက်ပြီးတော့ ဒီကော်မတီအနေနဲ့ ဒီကုန်ကျထားတဲ့ ငွေကြေးပမာဏ အတိုင်း အတာတွေကို ထိထိရောက်ရောက်သုံးစွဲဖို့၊ ပြည်သူတွေအတွက်အကျိုးရှိဖို့ကိုလည်း ထောက်ပြထား ပါတယ်။ ကျွန်တော်တို့အထူးသဖြင့် န-ွသလနမညာနညအ ဟာ ပြည်သူများ၊ အစိုးရများဆက်သွယ်ရာ တွင် လွယ်ကူဖို့ အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားသော်လည်း သူရဲ့ န-ွသလနမညာနညအရဲ့ အကျိုးသက်ရောက်မှုကို ထိထိရောက်ရောက်မတွေ့ရသေးကြောင်းကိုလည်း တင်ပြထားပါတယ်။ အထူးသဖြင့် ခေတ်မှီစက်လှေခါးများပါဝင်တဲ့ လူကူးခုံးကျော်တံတားများ နေရာတိုင်းမှာ မလိုအပ်သလိုဘဲ အချို့နေရာများမှာလည်း လူကောကုန်ပစ္စည်းပါအလွယ်တကူ သယ်ယူဖြတ်သန်း နိုင်တဲ့ ကျွန်တော်တို့ ့ညိနမ ဏျေျများဖြစ်ရန် လိုအပ်ကြောင်းကိုလည်း ထောက်ပြ ထားပါတယ်။ ဥပမာ-ရွှေတိဂုံဘုရားနောက်ဘက်မုဒ်မှ ဦးဝိစာရလမ်းအားဖြတ်ပြီး ပြည်သူ့ရင်ပြင်ကို ဆက်သွယ်ထား သောနေရာ ဥလနမ ဏျေျအစား ့ညိနမ ဏျေျအသုံးပြုရန်ကိုလည်း ထောက်ပြထားပါတယ်။ ပြီးတော့ ခုံးကျော်တံတား(၇)စင်းရဲ့ ကုန်ကျငွေကိုလည်း ပြန်လည်ရေးဆွဲသင့်ပါကြောင်းကိုလည်း တင်ပြထားပါတယ်။ ဒါ့ကြောင့်မို့လို့ နောက်ပိုင်းမှာကျွန်တော်တို့ ပြန်လည်ရေးဆွဲထားတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ကိစ္စများကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။ အဲဒီတော့ဦးစားပေး လုပ်ဆောင်ရန် မသင့်လျော်တဲ့လုပ်ငန်းများအစား သက်ဆိုင်ရာဝန်ကြီးဌာနများအား တားမြစ်ပြုပြင်၍ ဖြစ်ပေါ်လာတဲ့ပိုလျှံငွေများကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် (၃၃)မြို့နယ် အတွင်းလိုအပ်ချက်ပေါ်မူတည်ပြီးတော့ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများနှင့် ပြန်လည်ညှိနှိုင်း ပြီးတော့ အရေးကြီးတဲ့နေရာများမှာ သက်ဆိုင်သလို လိုအပ်သလို သုံးစွဲသွားဖို့ကိုလည်းဆွေးနွေး သုံးသပ်ထားတာကိုလည်း တွေ့ရှိရပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့မှာ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးကနေပြီးတော့ ဒီဥပဒေကြမ်းပေါ်မှာ ဆက်စပ်ပြီးတော့ဆွေးနွေးအကြံပြု သွားပါတယ်။ အဲဒီဆွေးနွေးအကြံပြုချက်ပေါ်မှာ မြို့တော်စည်ပင်သာယာရေးကော်မတီကနေပြီးတော့ ပြန်လည်ရှင်းလင်းတင်ပြထားတဲ့ စာတမ်းကို ကျွန်တော်တို့ကြိုတင်ပြီးတော့ ဝေငှထားပါတယ်။ ကန့်လန့်ဇယားလေးနဲ့။ ကြိုတင်ပြီးတော့ပေးပို့ထားပါတယ်။ ကိုယ်စားလှယ်အားလုံး(၁၁)ဦးရဲ့ ပြန်လည်ရှင်းလင်းချက်များကို ထည့်သွင်းထားပါတယ်။ ဒီထဲမှာအထူးသဖြင့်ကတော့ ကျွန်တော်တို့ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ် တင်ပြတဲ့အချက်များဟာ အင်မတန်ဘဲအလေးမူသင့်တဲ့ ကိစ္စရပ်များဖြစ်ပါတယ်။ ပြည်သူ့ရဲ့ဘဏ္ဍာငွေတွေကို ပြည်သူတွေအကျိုးရှိတဲ့လုပ်ငန်းမှာ ထိရောက်စွာအသုံးပြုဖို့အတွက်ကို အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့၊ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပေါင်းစပ်ညှိနှိုင်းဖို့ကို အားလုံးအကြံပြုထားတာ ဖြစ်ပါတယ်။ ဒီအတိုင်းဆောင်ရွက်မှသာလျင် ပြည်သူလူထုပူးပေါင်းပါဝင်ရေးဆွဲတဲ့ ဏမေအငခငစအေငညါ ဘတ်ဂျက်တစ်ခုရရှိလာမယ်ဆိုတာကို အကြံပေးထားပါတယ်။ ဒါကြောင့်မို့လို့ အခုကျွန်တော်တို့ လောလောဆယ်ရေးဆွဲထားတာဟာလည်း ပြည်သူတွေအားလုံးပါဝင်တဲ့ အောက်ခြေကတင်ပြထား တာကိုပါ ကျွန်တော်တို့ပုံရိပ်ထင်တဲ့ ဃငအငဖနည ဘတ်ဂျက်ဖြစ်ကြောင်းကိုလည်း အသိပေးလိုပါတယ်။ ကျွန်တော်တို့ခေတ်မှီ လူကူးခုံးကျော်တံတား(၇)စီးတည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဒါအဆိုပြုထားချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရသုံးမှန်းခြေငွေစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဆိုပြုထားခဲ့တဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်ရေးဖြစ်ပါတယ်။ အဲဒါက တော့ ကျွန်တော်တို့ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်(၁)၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးစံကျော်က ကျွန်တော်တို့ ကမ်းနားလမ်းသစ်နှင့် ကမ်းနားလမ်းဟောင်း၊ စဉ့်အိုးတန်းသင်္ဘော ဆိပ် ဝင်/ထွက်ပေါက်အနီးမှာရှိတဲ့ ခုံးကျော်တံတားကိုလည်းကောင်း၊ ဆိပ်ကမ်းမြို့နယ်၊ အမှတ်(၁)၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစံကျော်ကပဲ ကမ်းနားလမ်းသစ်၊ ကမ်းနားလမ်းဟောင်း ဗိုလ်တထောင် စေတီဝင်/ထွက်ပေါက်နားအနီးရှိ လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်မှ ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်အနီး လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ စမ်းချောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်မှ ပြည်လမ်း၊ အထက(၂) စမ်းချောင်းရှေ့ဆက်သွယ်သည့် လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်မှ ပြည်လမ်း၊ (၈)မိုင် ခုံးကျော်တံတားအဆင်း လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ ကမာရွတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ ပြည်လမ်း၊ ပညာရေးတက္ကသိုလ် ရှေ့ လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ ကမာရွတ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကပါပဲ ဘုရင့်နောင်လမ်း၊ နာနတ်တောလမ်းနှင့် လှည်းတန်း လမ်းဆုံမှာ စတုဂံပုံသဏ္ဍာန်လူကူးခုံးကျော်တံတားကိုလည်းကောင်း၊ ကျွန်တော်တို့ဒီဟာကို ဖောက်လုပ်ပေးဖို့၊ တည်ဆောက်ပေးဖို့အတွက်ကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါလူကူးခုံးကျော် တံတားများကို စက်လှေခါးများပါဝင်တဲ့ ခေတ်မှီတံတားများအဖြစ် လျာထားတာကိုအတက်အဆင်း ပြုလုပ်တဲ့အခါမှာ စက်လှေခါး နျခေူအေသမ အပြင် သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းများအတွက်ပါ ရည်ရွယ်၍ ဓါတ်လှေခါး ဠနမအငခေူ ူင်အ တွေပါထည့်သွင်းဖို့အတွက် လျာထားထားတဲ့အတွက် ယခင်ကများထက် ကျွန်တော်တို့ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကရှင်းပြတော့ သန်း(၂ဝဝ)ထက်စာရင် သန်း(၁ဝဝဝ)တန်ကိုလျာထား ထားခြင်းဖြစ်တယ်လို့ ဒါကိုစည်ပင်သာယာရေးဝန်ကြီးက ရှင်းပြခဲ့ဖူး ပါတယ်။ အခုတော့ အဆိုပါတံတားများကို မူလသန်း(၁ဝဝဝ)ဖြင့်လျာထားခဲ့တာကို ပြန်လည်လေ့လာ သုံးသပ်ဖို့လည်း ကျွန်တော်တို့သုံးသပ်ဖို့အတွက် ဆွေးနွေးထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြန်ပြီးတော့ သုံးသပ်တဲ့အခါမှာ ဒီလူကူးခုံးကျော်တံတားကို စက်လှေခါးအပါအဝင် အမိုးပါ ပါတဲ့ စက်လှေခါးကို ဒီတံတားကို ကျပ်သန်း(၅ဝဝ)ဖြင့်ဆောင်ရွက်ဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်ထား ပါတယ်။ ဒါကြောင့်မို့လို့ လူကူးခုံးကျော်တံတား(၆)စင်းမှ သန်း(၃ဝဝဝ)ပိုလာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရင့်နောင်၊ နာနတ်တောလမ်း၊ လှည်းတန်းလမ်းဆုံနဲ့ တည်ဆောက်မဲ့စတုဂံပုံစံ လူကူးခုံးကျော်တံတားကိုလည်း လိုအပ်သည့်လမ်းဘက်မှာသာလျင် စက်လှေခါးအပါအဝင် အမိုးနဲ့ ဆောင်ရွက်မည်ဆိုပါက မူလ သန်း(၁၇ဝဝ)ဆောင်ရွက်မဲ့အစား ကျပ်သန်း(၁ဝဝဝ)ဖြင့်ဆောင်ရွက် ရရှိနိုင်မဲ့အနေအထားဖြစ်တဲ့အတွက် အဲဒီစတုဂံပုံ လူကူးခုံးကျော်တံတားကလည်း ကျပ်သန်း(၇ဝဝ) ပိုထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လူကူးခုံးကျော်တံတား(၆)စီးမှပိုလာမဲ့ သန်း(၃ဝဝဝ)ရယ်၊ စတုဂံပုံခုံးကျော်တံတားမှ သန်း(၇ဝဝ)ရယ်၊ စုစုပေါင်း သန်း(၃၇ဝဝ)ကို ကျန်တဲ့မြို့တော်အတွင်းမှာ လမ်းတံတားနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းများကို သုံးစွဲထားဖို့ရည်ရွယ်ထားပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ဆွေးနွေးထားတဲ့ အချက်ကလည်း အင်မတန်ဘဲ ကျွန်တော်တို့ အရေးတယူလုပ်ရမဲ့ အချက်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမဝါယမဦးစီးဌာနမှာ ရငွေကကျပ်(၁ဝ.၄၂၂)သန်း လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့ပြန်ပြီးတော့ ျွနလငျန ပြန်လုပ်တာတော့မှ ကျပ်သန်း(၁ဝဝ)လို့တွေ့ရ ပါတယ်။ ဒါပေမဲ့လည်း သူတို့ဦးစီးဌာနရဲ့ ကုန်ကျတဲ့ငွေက သန်းပေါင်း(၁၈ဝဝ)သန်းဖြစ်ပါတယ်။ အဲဒီထဲမှာ ဝန်ထမ်းလစာကလည်း အများစုဖြစ်နေတော့ ကျွန်တော်တို့က ဒီသူရဲ့စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ပေမဲ့လည်း သူရဲ့ရငွေနဲ့ဝင်ငွေက အချိုးအစားမမျှတတာကို ပြန်လည်ပြုစုဖို့လိုအပ် ကြောင်းကိုလည်း ထောက်ပြထားတာကိုတွေ့ရှိရပါတယ်။ အဲဒါကိုလည်း ကိုယ်စားလှယ်တော်ကြီး ဦးရန်အောင်ကို ကျေးဇူးတင်ပါတယ်။ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ကနေပြီးတော့ ဌာနဆိုင်ရာများမှ ရုံးအသုံးအဆောင်စက်ပစ္စည်းများ ဝယ်ယူမှုမှာ တန်ဖိုးကြီးမြှင့်နေခြင်းကိုလည်း ထောက်ပြထားပါတယ်။ ကွန်ပျူတာဝယ်တဲ့နေရာမှာ ဒီဈေးနှုန်း တွေဟာ အမျိုးမျိုးနဲ့ ဈေးတွေဟာတဖြေးဖြေး တက်ဈေးတွေကိုပြပြီး ဝယ်ထားတာကိုလည်း ထောက်ပြထားပါတယ်။ အဲဒီတော့ဌာနဆိုင်ရာများမှာ ကျွန်တော်တို့လက်တွေ့ ရုံးအသုံးအဆောင် ပစ္စည်းများဝယ်ယူတဲ့အခါမှာ ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူရင်းနဲ့ နိုင်ငံတော်၏ဘတ်ဂျက်များ လေ့လွင့် ပြုန်းတီး မှုမရှိစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျွန်တော်တို့ ဒေသပေါက် ဈေးနှုန်းစိစစ်ရေးအဖွဲ့ ဆိုတာကိုဖွဲ့စည်းထားပါတယ်။ အဲဒီတော့သက်ဆိုင်ရာဌာနများကနေပြီးတော့ ကွန်ပျူတာဖြစ်စေ၊ ရေခဲသတ္တာဖြစ်စေ၊ နောက်ပြီးတော့ အဲယားကွန်းဖြစ်စေဝယ်လို့ရှိရင် အားလုံး ရုံးအသုံးအဆောင်များ၊ ပစ္စည်းများဝယ်လို့ရှိရင် ဒေသပေါက်ဈေးနှုန်းစိစစ်ရေးအဖွဲ့က ထောက်ခံချက် ပါမှသာလျှင် ဝယ်ရပါတယ်။ အဲဒီနည်းနဲ့စနစ်တကျထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုလည်း ဖြေကြားလိုပါတယ်။ ကိုယ်စားလှယ်တော်ကြီးရဲ့ အကြံပေးသကဲ့သို့ တိုင်းဒေသကြီးအတွင်းမှာ ဘဏ္ဍာငွေလျာထားချက်များ တိကျမှန်ကန်ရေး ကိုယ်ကျိုးရှာ အလွဲသုံးစားမှုနည်းပါးရေး ကျွန်တော်တို့ လျာထားချပေးထားတဲ့ငွေကို ထိရောက်မှန်ကန်စွာ အသုံးပြုရေးအတွက်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း တင်ပြထားပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းကလည်း ကွမ်းခြံကုန်းမြို့နယ်ရဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်ဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရေးကို ဘဏ္ဍာငွေထိရောက်စွာ အသုံးပြုဖို့ကိုလည်း အကြံပေး တိုက်တွန်းထားတာကိုတွေ့ရှိရပါတယ်။ ကျွန်တော်ဆက်လက်ပြီးတော့ တင်ပြချင်တာကတော့ အားလုံး အရေးကြီးတဲ့ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးကော်မတီရဲ့ အစီရင်ခံစာထဲမှာကော၊ ကျွန်တော်တို့ဆွေးနွေး ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်ထဲမှာ အဓိကအားဖြင့် ထောက်ပြထားတာက အရေးကြီးတဲ့နေရာ (၃)နေရာကို ပြန်လည်စိစစ်ဖို့ အကြံပြုထားတာရှိပါတယ်။ အခုနက ကျွန်တော် တင်ပြပြီးသားလည်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ခုံးကျော်တံတား(၇)စင်း တည်ဆောက်ဖို့ အတွက်ကို ကုန်ကျစရိတ်ပြန်လည်စိစစ်ဖို့၊ နောက် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ န-ွသလနမညာနညအ ဆိုတဲ့ကုန်ကျစရိတ်ငွေကိုပြန်လည်စိစစ်ဖို့၊ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မြို့တော်ဂေါက်ကွင်းပြင်ဆင်ထိန်းသိမ်းစရိတ် ကုန်ကျငွေများကိုပြန်လည်စစ်ဆေးဖို့ အဲဒီဧရိယာ (၃)ခုဟာ အတော်ကိုအရေးကြီးနေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဧရိယာ ကုန်ကျစရိတ်များကို ပြန်လည်စိစစ်သုံးသပ်ဖို့ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ပြန်လည်စိစစ်ဖို့ ကျွန်တော်တို့မနေ့ကပဲ ၂၉-၃-၂ဝ၁၇နေ့က ကျင်းပတဲ့အထူးအစည်းအဝေး အမှတ်စဉ် (၁၂/၂ဝ၁၇)ကနေပြီးတော့ ကျွန်တော်တို့စိစစ်လျော့ချဖို့အတွက်ကို ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒါ ကတော့ ပြန်ပြီးတော့အခုနက ပြန်လည်တင်ပြထားပြီးဖြစ်ပါတယ်။ ခုံးကျော်တံတားသာမန်(၆)စင်းကို မူလတုန်းက(၁)စင်းကို သန်း(၁ဝဝဝ)နှုန်းနဲ့ (၆ဝဝဝ)၊ အခုပြန်လည်ပြင်ဆင်သတ်မှတ်တာကတော့ (၁)စင်းကို ကျပ်သန်း(၅ဝဝ)နှုန်းနဲ့ (၆)စင်းကိုသန်း(၃ဝဝဝ) အဲဒီမှာကျွန်တော်တို့ကပြန်ပြီးတော့ စိစစ်တဲ့အတွက် ပြန်ပြီးတော့ပိုလျှံငွေထွက်လာပါတယ်။ သန်း(၃ဝဝဝ)ထွက်လာပါတယ်။ စတုဂံပုံ တံတား အဲဒါဟာလည်း မူလသတ်မှတ်တာက သန်း(၁၇ဝဝ)၊ အခုကျွန်တော်တို့ပြန်လည်ပြင်ဆင် သတ်မှတ်တာက သန်း(၁ဝဝဝ)နဲ့ ပြန်လည်သတ်မှတ်ပါတယ်။ အဲဒါကပိုလျှံငွေပါ အားလုံး(၇ဝဝ) ဖြစ်ပေါ်ပါတယ်။ နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွက် န-ွသလနမညာနညအ ကိုလည်း ကျွန်တော်တို့ဟာ သန်း(၁ဝဝဝ)ကနေပြီးတော့ သန်း(၆ဝဝ)ကိုလျော့ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ှသ်အတမေန များကို သန်း(၁ဝဝ)နဲ့၊ ံမေိတမေန သန်း(၃ဝဝ)ကို လျော့ချလိုက်ပြီးတော့ သန်း(၄ဝဝ)ကိုအသုံးပြုဖို့ဖြစ်ပါတယ်။ အားလုံး ှသ်အတမေနသန်း(၁ဝဝ)နဲ့၊ ံမေိတမေန သန်း(၃ဝဝ)ဖိုး၊ စုစုပေါင်းသန်း(၄ဝဝ)လျော့ချလိုက်ပါတယ်။ အဲဒီတော့သူတို့သုံးမှာကတော့ သန်း(၁ဝဝဝ)အစား သန်း(၆ဝဝ)ပဲသုံးပါတော့မယ်။ ရန်ကုန်မြို့တော်ဂေါက်ကွင်းမှာလည်း ပြုပြင်ဖို့ကို မူလတုန်းက သန်း(၅၅ဝ)လျာထား ထားသော်လည်းပဲ၊ အခုပြန်လည်ပြင်ဆင်သတ်မှတ်တဲ့အခါမှာ သန်း(၄ဝဝ)ကိုပြန်လည်ပြီးတော့လျော့ချသတ်မှတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နှစ်စဉ် ကုန်ကျစရိတ်များကို ပြန်လည်သုံးသပ်တဲ့အခါမှာ ပျှမ်းမျှအားဖြင့် သန်း(၄ဝဝ)သာပုံမှန်သုံးစွဲလာတဲ့ အတွက် သာမန်ဒီ(၄ဝဝ)ကိုပဲသုံးစွဲဖို့အတွက်ကို ညှိနှိုင်းသတ်မှတ်လိုက်ပါတယ်။ အဲဒါကိုတော့ အကုန်လုံး ဒီသက်ဆိုင်ရာစည်ပင်သာယာရေးဝန်ကြီးနဲ့လည်း ညှိနှိုင်းပြီးတော့ ဃဘေငညနအ မှာတင်ပြတဲ့ အခါမှာ ဃဘေငညနအ က မူလလျာထားငွေအားလုံး စုစုပေါင်းမူလျာထားငွေသန်းပေါင်း(၉၂၅ဝ)အစား သန်းပေါင်း(၅ဝဝဝ)နဲ့ပြန်လည်ပြင်ဆင်သတ်မှတ်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ကပိုလျှံငွေ(၄၂၅ဝ) ပိုလာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ (၄၂၅ဝ)ပိုလျှံငွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လမ်းတံတားနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ သက်ဆိုင်ရာမြို့နယ်မှာ ကျွန်တော်တို့ကြိုတင်ပြီးတော့ ညှိနှိုင်းထားတဲ့ မြို့နယ်ဌာနဆိုင်ရာများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတို့ ညှိနှိုင်းထားတဲ့ ဦးစားပေးမှုလုပ်ငန်းများကိုရွေးချယ်ကာ ကျွန်တော်တို့ပြန်လည်စိစစ်ပြီးတော့ ခွဲဝေချထားပေးမှာဖြစ် ပါတယ်။ ကျွန်တော်နိဂုံးချုပ်အနေနဲ့တင်ပြပါမယ် ဥက္ကကြီးခင်ဗျား။ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ၂ဝ-၃-၂ဝ၁၇ရက်နေ့ကတင်သွင်း ခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ တို့ရဲ့ အကြံပြုချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးတို့ရဲ့ ဆွေးနွေးချက်ကိုလည်း အလေးဂရုပြု ပြီးတော့ ပြန်လည်ရှင်းလင်း တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျား။ အားလုံးကျေးဇူးတင်ပါတယ်။
အချိန်။ ၁၁ဝ၈
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းပြီး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ တို့က သုံးသပ်ချက်အစီရင်ခံစာများ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်(၁၁)ဦးတို့က ဝေဖန်ဆွေးနွေးအကြံပြုခဲ့ကြပြီး ဒီဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးသွားပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရဲ့ အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝေဖန်ဆွေးနွေးအကြံပြုချက်များနဲ့ ဝန်ကြီးရဲ့ပြန်လည်ရှင်းလင်းဆွေးနွေးချက်များကို ကြည့်တဲ့အခါ ဥပဒေကြမ်းကို ပြင်ဆင်ချက်များမပါရှိဘဲ ငွေကြေးသုံးစွဲမှုစနစ်ကျရေး၊ လေလွင့်မှုမရှိရေး၊ ရန်ပုံငွေ ပြောင်းရွှေ့သုံးစွဲရေးစသည်တို့ကို အကြံပြုထားသည်ကိုသာတွေ့ရှိရပါတယ်။ ဒါကြောင့် ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်က အတည်ပြုရေးအတွက် ဆက်လက်ဆောင်ရွက်သွားပါမယ်။ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ(၁၃၇)၊ နည်းဥပဒေခွဲ(က)အရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက အဆိုတင်သွင်းဖို့ဖြစ်ပါတယ်။
ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ။ ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုတင်ပြတဲ့ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှလည်း စိစစ် အတည်ပြုပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာဖြစ်တဲ့ ဥပဒေကိုလည်း ၂ဝ၁၇ခုနှစ်၊ မတ်လ (၁၇)ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး မှာလည်း အတည်ပြု ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်။ အခုကျွန်တော်တို့ လာမည့်၂ဝ၁၇ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်ပြီးတော့ အကျိုးသက်ရောက်စေမဲ့ ၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါရန် လေးစားစွာ အဆိုပြုတင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း
အချိန်။ ၁၁၁ဝ
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးရန် ဝန်ကြီးက အဆိုတင်သွင်းသွားပါတယ်။ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလား ခင်ဗျား (သဘောတူပါတယ်)။ သဘောမတူသူရှိပါသလားခင်ဗျား (မရှိပါ)။ လွှတ်တော်က သဘော တူတဲ့အတွက် ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။ (တူထုရန်)
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး ပဉ္စမနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကိုကြေညာခြင်း
အချိန်။ ၁၁၁၂
ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော် အစည်းအဝေး ပဉ္စမနေ့ကို ၃.၄.၂ဝ၁၇ (တနင်္လာ)နေ့ နံနက် ၁ဝဝဝ နာရီအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)
အခမ်းအနားမှူး။ ။ ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။
အခမ်းအနားမှူး။ ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။
ဟ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစည်းအဝေးကို (၁၁၁၂)နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း(၅)ခု မေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းနှင့် ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်မှအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။’

About Ygn Editor

Check Also

လွှတ်တော်ရုံး အရာထမ်းအိမ်ရာ(၄)ခန်းတွဲ(၄)ထပ်၊ အိပ်ခန်း(၃)ခန်းပါ သံကူကွန်ကရစ်(၁)လုံး ဆောက်လုပ်ခြင်း သဘောတူစာချုပ်ချုပ်ဆို

    ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၊ ၂၀၂၀ ၂၇.၂.၂၀၂၀ ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် လွှတ်တော်ရုံးအရာထမ်းအိမ်ရာ …

8 comments

  1. k7FK4T http://pills2sale.com/ viagra cialis buy

  2. hey there and thank you for your info – I’ve certainly picked up
    anything new from right here. I did however expertise several technical issues using this site, since I experienced to reload the web site many times
    previous to I could get it to load correctly. I had been wondering if your hosting is
    OK? Not that I am complaining, but sluggish loading instances times will sometimes affect your placement in google and could damage your high
    quality score if advertising and marketing with Adwords.
    Anyway I am adding this RSS to my email and could look out for a lot more of your respective fascinating content.
    Ensure that you update this again very soon.

Leave a Reply

Your email address will not be published.