Tuesday , March 2 2021
Breaking News
Home / ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သတင်းများ / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေးမှတ်တမ်း

၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်

( ၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၈ ရက် )

(အင်္ဂါနေ့)

          ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို နံနက်(၁ဝဝဝ)နာရီအချိန်၌ စတင်ကျင်းပပါသည်။ [ ဥက္ကဋ္ဌအဖြစ် ဦးတင်မောင်ထွန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးအကြီးအမှူး ဒေါ်ကြည်ကြည်ဆွေမှ ဆောင်ရွက်ပါသည်။ ]

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း

အချိန်။ ၁ဝဝဝ

အခမ်းအနားမှူး ။     ။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တတိယနေ့ကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပါ၍ လွှတ်တော် ကိုယ်စားလှယ်များ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ]

ဥက္ကဋ္ဌ ။            ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာခြင်း

အချိန်။ ၁ဝဝ၁

ဥက္ကဋ္ဌ ။ ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတတိယနေ့မှာ လွှတ်တော် ကိုယ်စားလှယ်များစိစစ်ရေးကော်မတီရဲ့တင်ပြချက်အရ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း (၁၂၃)ဦးရှိပြီး ဒီကနေ့အစည်းအဝေးကို (၁၁၂ )ဦး တက်ရောက် ပါတယ်။ အစည်းအဝေးကိုတက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်ဦးရေစုစုပေါင်း၏ (၉၁.ဝ၆) ရာခိုင်နှုန်းဖြစ်ပြီး တက်ရောက်တဲ့ကိုယ်စားလှယ်ဦးရေဟာ အစည်းအဝေး အထမြောက်ရန်လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံကျော်လွန်တဲ့အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၄၊ နည်းဥပဒေခွဲ(ခ)အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် နည်းဥပဒေ ၃၅၊ နည်းဥပဒေခွဲ (ဂ)အရ အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့                                         အစည်းအဝေးအစီအစဉ် ကြေညာခြင်း

အချိန်။ ၁ဝဝ၃

ဥက္ကဋ္ဌ ။       ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ခ)အရ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးရဲ့ တတိယနေ့ အစီအစဉ်ကို လွှတ်တော်ကိုယ်စားလှယ်များထံ ကြိုတင်ဖြနေ့်0xm;ပြီးဖြစ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်။

          ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း

အချိန်။ ၁ဝဝ၄

ဥက္ကဋ္ဌ ။         ။ အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်း ဖြစ်ပါတယ်။ ယနေ့လွှတ်တော်အစည်းအဝေးမတက်ရောက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ယခုခွင့်ပန်ကြားရန် ဖြစ်ပါတယ်။

ဒေါ်ယဉ်ယဉ်မြင့်၊ အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ။   ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မကတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်၊ အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် ဖြစ်ပါတယ်ရှင်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို မတက်ရောက်နိုင်တဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁ဝ)ဦးကိုယ်စား ခွင့်ပန်ကြား ခွင့်ပြုပါရှင်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တာဝန်ထမ်းဆောင် ရန်ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးသည် ကိုယ်တိုင်ဆောင်ရွက်ရန် ကိစ္စရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ရက် ယနေ့ခွင့်(၁)ရက်၊ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ရက် ယနေ့ခွင့် (၁)ရက်၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းသည် ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ ကြည့်မြင်တိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ကိစ္စရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးသည် ဆေးကုသမှု ခံယူရန်ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းသည် ကိုယ်တိုင်ဆောင်ရွက်ရန် ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ မှော်ဘီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်သည် ကိုယ်တိုင်ဆောင်ရွက်ရန် ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်သည် ကိုယ်တိုင်ဆောင်ရွက်ရန်ရှိပါသဖြင့် ၂၈.၃.၂ဝ၁၇ ယနေ့ခွင့်(၁)ရက် ခွင့်ပြုပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းကို လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

          ဥက္ကဋ္ဌ ။                   ။ ယနေ့ခွင့်ပန်ကြားသော လွှတ်တော်ကိုယ်စားလှယ်(၁ဝ)ဦးတို့၏ ခွင့်ပန် ကြားချက်များကို ခွင့်ပြုရန် လွှတ်တော်ကသဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခွင့်ပန်ကြားချက်များကို လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာပါတယ်။ (တူထုသံ)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်ကမှတ်တမ်းတင်ခြင်း

          ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို တက်ရောက်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၂၃)ဦး၊ ဒီကနေ့အစည်းအဝေးတက်ရောက်သူ (၁၁၂)ဦး၊ ယမန်နေ့ကခွင့်ပန်ကြားသူ (၁)ဦး၊ ယနေ့ခွင့်ပန်ကြားသူ(၁ဝ)ဦး၊ စုစုပေါင်းခွင့်ပန်ကြားသူ(၁၁)ဦးကို လွှတ်တော်က ခွင့်ပြုထားပါတယ်။ ခွင့်မဲ့ပျက်ကွက်သူမရှိပါ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၊ နည်းဥပဒေခွဲ(ဂ)၊ နည်းဥပဒေခွဲငယ်(၂)အရ ယခုလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေတင်ပြချက်ကို လွှတ်တော်၏ အတည်ပြုချက်ရယူပါမယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေတင်ပြချက်ကို အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည်ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ အတည် ပြုပါသလားခင်ဗျား (အတည်ပြုပါတယ်)။ လွှတ်တော်ကအတည်ပြုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှု အခြေအနေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

အချိန်။ ၁ဝဝ၇

ကြယ်ပွင့်ပြထားသောမေးခွန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းခြင်းနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်းများ

အချိန်။ ၁ဝဝ၈

ဥက္ကဋ္ဌ ။         ။ အစီအစဉ်(၅)၊ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းအစီအစဉ် စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းများအား တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။

စားကျက်မြေများပေါ်တွင် နေရာချထားခဲ့သောတောင်သူများ၏ လယ်ယာမြေခွဲတမ်းများ အတွက် စိုက်ပျိုးစရိတ်ချေးငွေရရှိရန် မည်သို့စီမံဆောင်ရွက်ပေးပါမည်၊ မူလရွာများ နေရာတွင် သောင်ထွန်းကာမြေလွတ်မြေရိုင်းအဖြစ် ပြန်လည်ပေါ်ထွန်းခဲ့သော လယ်မြေ ဧကပေါင်းများစွာကို အမှန်တကယ်နစ်နာခဲ့သော တောင်သူများအတွက် မည်သို့စီမံ

ပေးမည်ကို သိရှိလိုပါကြောင်း။

အချိန်။ ၁ဝဝ၉

ဥက္ကဋ္ဌ ။         ။ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသိန်းဇော်လတ်၊ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။        ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ် ဖြစ်ပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာရှိတဲ့ကျေးရွာတွေမှာ ၁၉၉၄ ခုနှစ်က ပင်လယ်ပြိုပြီးပါသွားခဲ့တဲ့ ရွာလေးရွာဖြစ်တဲ့ရေကျော်ကျေးရွာ၊ ကံကောင်းကျေးရွာ၊ ဘိုကလေးကျေးရွာ၊ ဆင်ကျွန်းကျေးရွာ အဲဒီရွာတွေကို ၁၉၉၆ခုနှစ်က စားကျက်မြေများထဲမှာရွာတည်ပြီးတော ့ပြန်လည်နေရာချထားပေးခဲ့ ပါတယ်။ အဲဒီလိုနေရာချထားပေးတဲ့အခါမှာ အလှူခံကျေးရွာစားကျက်မြေမှာ လယ်သမား(၁ဝ၃)ဦး အားစိုက်ဧက(၂၆၆)ဧကကိုခွဲဝေပေးခဲ့ပြီး ရေကျော်ကျေးရွာအဖြစ်လည်းကောင်း၊ လယ်သမား (၁ဝ၈)ဦးအား စိုက်ဧက(၂၃၆)ဧကကိုခွဲဝေပေးခဲ့ပြီး ဘိုကလေးကျေးရွာအဖြစ်လည်းကောင်း၊ ကျေးရွာစားကျက်မြေတွင် လယ်သမား(၄၈)ဦးအား စိုက်ဧက(၁၈၄)ဧကကို ခွဲဝေပေးပြီး ကံကောင်းရွာသစ်ကျေးရွာအဖြစ်လည်းကောင်း၊ ကျွဲတလင်းကျေးရွာစားကျက်မြေတွင် လယ်သမား (၈၄)ဦးအား စိုက်ဧက(၁၈၄)ဧကခွဲဝေပေးပြီး ဆင်ကျွန်းကျေးရွာအဖြစ်လည်းကောင်း ပြန်လည်နေရာ ချထားပေးခဲ့ပါတယ်။ လယ်သမားများက ခွဲတမ်းရတဲ့လယ်တွေမှာလုပ်ကိုင်ခဲ့ပေမဲ့ စားကျက်မြေ ဖြစ်တဲ့အတွက် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)မရရှိခဲ့ပါဘူး၊ ပုံစံ(၇)မရှိတဲ့အတွက်ကြောင့် လယ်သမားတွေဟာ တကယ့်စိုက်ချိန်ပျိုးချိန်မှာ စိုက်ပျိုးစရိတ်ချေးငွေမရရှိတာကြောင့် ဒီစိုက်ပျိုးစရိတ် ချေးငွေအတွက် ငွေရှင်တွေဆီကနေအတိုးကြီးကြီးနဲ့ချေးယူပြီးတော့လယ်ယာလုပ်ငန်းအတွက် အသုံးပြုနေရတဲ့အတွက် လယ်သမားတွေကဆင်းရဲမှုသံသရာကနေ တစ်နေ့ထက်တစ်နေ့ပိုပြီး အခြေအနေဆိုးနေကြပါတယ်။ ပင်လယ်ပြိုခဲ့တဲ့နေရာမှာ အခုဆိုရင်ပြန်ပြီးတော့သောင်ထွန်းလာတဲ့ အတွက် မြေလွတ်မြေရိုင်းအဖြစ် လယ်ယာမြေဧကပေါင်း(၅ဝဝ)ကျော် ပြန်ပြီးပေါ်ထွန်းနေတာကို တွေ့ရှိရပါတယ်။ အဲဒီလယ်ယာမြေပေါ်ထွန်းနေတာကို ီမသညန နဲ့သွားပြီး မှတ်တမ်းတင်ခဲ့တာကို ဏမသနြခအသမနဲ့နည်းနည်းလေးတင်ပြခွင့်ပြုပါ။ ယခုတွေ့နေရတာကတော့ မုတ္တမပင်လယ်ကွေ့မှာ ပြန်ပြီးသောင်ထွန်းနေတဲ့အနေအထားပါ။ လယ်ဧကပေါင်းများစွာသောင်ထွန်းနေပါတယ်။ ဒါပေမဲ့ အဲဒီမြေလွတ်မြေရိုင်းပေါ်မှာ အိမ်တွေပြိုပြီးတော့ အမှန်တကယ်နစ်နာခဲ့တဲ့တောင်သူတွေက တကယ့်အကျိုးခံစားခွင့်မရပဲနဲ့ငွေကြေးတတ်နိုင်တဲ့သူတွေ ပြီးခဲ့တဲ့ကာလက သက်ဆိုင်ရာဌာနတွေနဲ့ နီးစပ်တဲ့သူတွေက လက်ဝါးကြီးအုပ်လုပ်ကိုင်နေတဲ့အတွက် တောင်သူတွေဟာ ဘာအကျိုးခံစားခွင့် မှခံစားရခြင်းမရှိပါဘူး၊ ဒါကြောင့်မို့လွှတ်တော်ဥက္ကဌကြီးကတစ်ဆင့် သက်ဆိုင်ရာကို ကျွန်တော်တို့ မေးမြန်းလိုတာကတော့ (၁) စားကျက်မြေများပေါ်တွင် တောင်သူများရဲ့ လယ်ယာမြေစိုက်ပျိုးစရိတ် ချေးငွေရရှိရန်အတွက် မည်သို့မည်ပုံစီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။ (၂) ယခုအခါ သောင်ထွန်းပြီးတော့ မြေလွတ်မြေရိုင်းအဖြစ်ပြန်လည်ပေါ်ထွန်းနေသော လယ်ဧကပေါင်းများစွာကို အမှန်တကယ်နစ်နာခဲ့တဲ့သူတွေအတွက် မည်သို့မည်ပုံ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။     ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ခရမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်လတ်ရဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော်မှ ဖြေကြားသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဏသတနမ ဏသငညအ ဖြင့် တင်ပြခွင့်ပြုပါခင်ဗျား။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးတဲ့မေးခွန်း ဖြစ်ပါတယ်ခင်ဗျား။ ခုနကလည်း ဖတ်ကြားပြီးဖြစ်တဲ့အတွက်ကြောင့် ထပ်မံတင်ပြခြင်း မပြုတော့ပါဘူး။ ဒါကတော့ ကျွန်တော်တို့ ခုနကိုယ်စားလှယ်တော်ကြီးပြောတဲ့ရေကျော်၊ ဘိုကလေး၊ ကံကောင်း၊ ဆင်ကျွန်းရွာတွေမှာ သောင်ထွန်းတဲ့အတွက်ကြောင့် စားကျက်မြေမှာ မြေနေရာချထားပေးတဲ့အနေအထားပြတဲ့မြေပုံ ဖြစ်ပါတယ်။ ဒါကတော့ စိုက်ပျိုးစရိတ်ချေးငွေတင်တဲ့ဧကဖြစ်ပါတယ်။ အဲဒီမှာ ခုန ကိုယ်စားလှယ်တော်ကြီးပြောတဲ့ ဧကနဲ့အနည်းငယ်လွဲနေပါတယ်။ ဒါကတော့စာရွက်ပေါ်မှာ ရှိနေတဲ့ဧကသာဖြစ်ပါတယ်။ အားလုံးပေါင်း (၆၆၈)ဧကဖြစ်ပါတယ်။ လက်ရှိကစားကျက်မြေ အဖြစ်သာ စာရင်းပေါက်နေတာဖြစ်တဲ့အတွက်ကြောင့် အဲဒီစားကျက်မြေကိုပယ်ဖျက်ခွင့် လျောက်ထားပြီး ပယ်ဖျက်ခွင့်ရရှိပြီးပုံစံ(၇)ထုတ်ပေးပြီးမှသာလျှင် စိုက်ပျိုးစရိတ်ချေးငွေရရှိမှာ ဖြစ်ပါကြောင်း တစ်အချက်အနေနဲ့ဖြေကြားပေးပါတယ်။ နံပါတ်(၂)အချက်ကတော့ တင်ပြပါ သောင်ထွန်းမြေပေါ်ပေါက်ခဲ့တဲ့ ဧရိယာဧကများဖြစ်ပါတယ်။ စုစုပေါင်း(၅၁၉ဝ)နီးပါး ဖြစ်ပါတယ် အဲဒီ(၅၁၉ဝ)ဧကကို ခွင့်ပြုပေးထားတာ တင်ပြပါအတိုင်းဖြစ်ပါတယ်။ တောင်သူ(၁၈၂)ဦး ကိုခွဲဝေပေးထားတာ(၁ဝ၁၅ )ဧကဖြစ်ပါတယ်။ အောက်မှာ ဦးနိုင်နဲ့ဦးမြင့်သန်းအပါအဝင်(၁ဝ)ဦး ဆိုတာ အားလုံးပေါင်းဧက(၄၅ဝ)ချထားပေးပြီးဖြစ်ပါတယ်။ စုစုပေါင်းလက်ရှိကျန်နေတာ မြေပြင်မှာ (၃၇၂၅)ဧက ရှိပါတယ်။ အဲဒီ (၃၇၂၅)ဧကကို တောင်သူများလျောက်ထားလိုပါက ၂ဝ၁၂ ခုနှစ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့်အညီ တောင်သူတစ်ဦးချင်းလျောက်ထားလိုလျင် ဧက (၅ဝ) အောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့ကို လျောက်ထားလို့ ရပါတယ်။ ဧက (၅ဝ)နှင့်အထက်လျောက်ထားမည်ဆိုပါက မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ကို လျှောက်ထားနိုင်ပါကြောင်းဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၉)စုမှ ကျေးရွာများအား ရပ်ကွက်အဆင့် သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ/မရှိ၊ ၄င်းကျေးရွာများအား ရပ်ကွက်အဆင့် သတ်မှတ်ပေးရန် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပြီး အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်မရှိသည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၁၅

ဥက္ကဋ္ဌ ။         ။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင် မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးဝင်းမောင်(ခ)ဦးဦးဝင်းမောင်၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင် ဖြစ်ပါတယ်။ ဥက္ကဌကြီးခင်ဗျား။ ရန်ကုန်မြို့တော်ရဲ့ လူဦးရေသည် တစ်နှစ်ထက်တစ်နှစ် များစွာတိုးပွားလာသည်နှင့်အညီ လူနေထိုင်မှုစနစ်များဟာလည်း ပြောင်းလဲတိုးတက်လျက်ရှိပါတယ်။ တိုးတက်လာတဲ့လူဦးရေအရ နေထိုင်မှုအဆင်ပြေစေရန် မြို့သစ်များကို တိုးချဲ့ကာဖော်ဆောင်ခဲ့ပါတယ်။ ဒဂုံမြို့သစ်မြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာစတဲ့ မြို့သစ်များပေါ်ထွက်လာကာ ယခုကာလတွင်၄င်းမြို့သစ်များသည်လည်း လူနေထိုင်မှုများပြားလာကာ ဖွံ့ဖြိုးတိုးတက်စည်ကားလျက်ရှိပါသည်။ လှိုင်သာယာမြို့နယ်ကို ၁၉၈၉ ခုနှစ်တွင်စတင်ဖော်ဆောင် ခဲ့ပြီး ယနေ့ကာလတွင်လူဦးရေ (၈)သိန်းကျော်ခန့် နေထိုင်လျက်ရှိပြီဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ် မှာ ရပ်ကွက်(၂ဝ) နဲ့ကျေးရွာအုပ်စု(၉)စု တည်ရှိပြီး စက်မှုဇုန်(၃)ဇုန်ရှိပါတယ်။ ကျေးရွာအုပ်စုများမှာ ရှမ်းကျောင်းကျေးရွာအုပ်စု၊ ညောင်ရွာကျေးရွာအုပ်စု၊ ရေအုတ်ကန်ကျေးရွာအုပ်စု၊ ကစင်ကျေးရွာ အုပ်စု၊ အတွင်းပဒါန်ကျေးရွာအုပ်စု၊ အပြင်ပဒါန်ကျေးရွာအုပ်စု၊ ရွှေလင်ဗန်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာအုပ်စု၊ ကုလားကြီးစုကျေးရွာအုပ်စုစတဲ့ကျေးရွာအုပ်စု(၉)စုရှိပါတယ်။ ၄င်းကျေးရွာ အုပ်စုများတွင်ပါဝင်သော ကျေးရွာ(၁၈)ရွာသည်ယခုအချိန်ကာလတွင် လူဦးရေထူထပ်မှုများစွာ ရှိလာခြင်း အချို့ရပ်ကွက်များထက် လူဦးရေများပြားနေခြင်း၊ မြို့ဧရိယာကျယ်ဝန်းလာမှုနှင့်အတူ ရပ်ကွက်များနဲ့တစ်ဆက်တစ်စပ်တည်းဖြစ်လာခြင်း ၊ နိုင်ငံတော်မှတန်ဖိုးမြင့်၊ တန်ဖိုးသင့်၊ တန်းဖိုးနိမ့် အိမ်ရာများ ဖော်ထုတ်တည်ဆောက်မှုများတာကြောင့် ၎င်းကျေးရွာများသည် မြို့ပြအိမ်ရာများ၏ ဧရိယာများနှင့်တစ်ဆက်တစ်စပ်တည်းရှိလာခြင်း၊ နိုင်ငံတော်မှမြို့မြေကွက်တွေဖော်ထုတ် ဆောင်ရွက်လာခြင်းကြောင့်ကျေးရွာများသည် မြို့ပြမြေကွက်များ၏ မြို့တွင်းပိုင်းသို့ရောက်ရှိသွားခြင်း၊ ကျေးရွာများအား စက်မှုဇုန်နဲ့စီးပွားရေးလုပ်ငန်းအဆောက်အဦများ ဝန်းရံလျက်ရှိခြင်း၊ လက်ရှိ ြှ့ စနစ်ကိုပြောင်းလဲလိုက်တဲ့အခါ လှိုင်သာယာမြို့နယ် မြို့တွင်းပြေးဆွဲနေသော လိုင်းကားများသည် ၄င်းကျေးရွာများကိုလက်ရှိ စဉ်ဆက်မပြတ်ပြေးဆွဲလျက်ရှိနေခြင်းဖြင့် စည်ကားတိုးတက်လျက် ရှိနေပြီဖြစ်ပါတယ်။ ဏသတနမ ဏသငညအ   နဲ့ပြသခွင့်ပြုပါ။ ဒါကကျွန်တော်တို့လှိုင်သာယာမြို့နယ်ရဲ့ မြေပုံပါ။ ဒါကတော့ လှိုင်သာယာမြို့နယ် ရေအုတ်ကန်ကျေးရွာမှာဖွံ့ဖြိုးတိုးတက်နေတာ ရပ်ကွက်နဲ့ မခြားဖြစ်နေတာတွေ့ရမှာပါ။ ဒါဆိုရင် ရွှေလင်ဗန်းကျေးရွာမှာတည်ဆောက်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေပါ။ ကျေးရွာအတွင်းရော အပြင်တွေပါဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေပါ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၎င်းကျေးရွာစု(၉)စုမှ ကျေးရွာ အများစုဟာဆိုရင် ရပ်ကွက်များနှင့်မခြားဖွွံ့ဖြိုးတိုးတက်လျက်ရှိနေပါတယ်။ ၄င်းကျေးရွာများမှာ နေထိုင်တဲ့ပြည်သူများ ဟာလည်း ရပ်ကွက်အဆင့် သတ်မှတ်ပေးစေလိုသော ဆန္ဒများပြင်းပြလျက်ရှိပါတယ်။ အထက်ပါ အခြေအနေများကြောင့် ဥက္ကဌကြီးမှတစ်ဆင့် အောက်ပါကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းလိုပါတယ်။ (၁) လှိုင်သာယာမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု(၉)စုမှ ကျေးရွာများအား ရပ်ကွက်အဆင့်သတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိ ။ (၂) ၄င်းကျေးရွာများအား ရပ်ကွက်အဆင့် သတ်မှတ်ပေးရန် အစီအစဉ် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးတင်အောင်ထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ။     ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စားလှယ်တော်ကြီး မေးတဲ့မေးခွန်းကို ကျွန်တော့်အနေန ဲ့ စသတနမ စသငညအ ဖြင့်ဖြေကြားခွင့်ပြုပါခင်ဗျား။ ဒါကတော့ စောနက ကိုယ်စားလှယ်တော်ကြီးမေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါကတော့ လှိုင်သာယာမြို့နယ်ရဲ့မြေပုံဖြစ်ပါတယ်။ ဒါကတော့ ခုနှစ်အလိုက် ကျေးရွာအုပ်စုဦးစီးဇယားနဲ့ဖော်ပြထားတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ ရပ်ကွက်(၈)ခု၊ ကျေးရွာအုပ်စု (၉)ခု ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ရပ်ကွက်(၂ဝ) သတ်မှတ်ထားပြီး ကျေးရွာအုပ်စု (၉)ခုဖြစ်ပါတယ်။ တင်ပြပါကျေးရွာအုပ်စုအနက် အပေါ်မှာရှိတဲ့ ကျေးရွာ(၇)ခုကတော့ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေနေရာပြန်လည်ချထားရေး၊ မြေပိုင်ဆိုင်မှုများကို ၁၉၉၄ခုနှစ်ကနေစပြီး ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ အောက်မှာကျန်တဲ့ ကုလားကြီးစုကျေးရွာအုပ်စုနှင့် အလယ်ကျေးရွာအုပ်စုကတော့ ပြန်လည်နေရာချထားပေးခြင်း ဆောင်ရွက်ခြင်းအဆင့်လုံးဝဘာမှမရှိသေးပါဘူး။ အားလုံးက (၉)ခုမှာ (၇)ခု ကတော့ အိုးအိမ်က ဆောင်ရွက်ပြီး နှစ်ခုကတော့ကျန်နေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးရွာအုပ်စုများကို ရပ်ကွက်အဆင့်ကိုပြောင်းလဲဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ဖွဲ့စည်းလိုတဲ့ အကြောင်းဖော်ပြချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သဘောထားမှတ်ချက်နဲ့ နိုင်ငံတော်သမ္မတရုံးကို တင်ပြရတာဖြစ်ပါတယ်။ ဟိုကနေပြီးတော့ ကျွန်တော်တို့ခွင့်ပြုချက်ရရှိလို့ရှိရင် အဲဒီမှာစပြီးတော့ အမှုတွဲကို ပြုစုတည်ဆောက် ရတာဖြစ်ပါတယ်။ ကျေးရွာများကို ရပ်ကွက်အဆင့်ကိုပြောင်းလဲ ဖွဲ့စည်းရန်အတွက် ကျေးရွာအုပ်စု အတွင်းရှိစိုက်ပျိုးမြေများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားရတာဖြစ်ပါတယ်။ ခွင့်ပြုချက် ရရှိပါက ပြင်ဆင်လိုသော ကျေးရွာအုပ်စုအား ရပ်ကွက်အဆင့်သို့ပြောင်းလဲဖွဲ့စည်းရန် လက်ရှိ ကျေးရွာရဲ့မြေပုံ၊ ပြောင်းလဲဖွဲ့စည်းမယ့် ကျေးရွာရဲ့မြေပုံ ဖြစ်ပေါ်လာမယ့် ရပ်ကွက်မြေပုံများကို စနစ်တကျတိုင်းတာပြုစုပြီး မြို့နယ်ကနေအမှုတွဲ စတင်ပြုစုတည်ဆောက်ရတာဖြစ်ပါတယ်။ အဲဒါပြီးမှ ကျွန်တော်တို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတစ်ဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက်နဲ့ နိုင်ငံတော်သမ္မတရုံးကို ခွင့်ပြုချက််ရယူဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် လတ်တလော ကျွန်တော်တို့ကျေးရွာအုပ်စုများကို ရပ်ကွက်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဗြီ ဘဏ်၏ပံ့ပိုးကူညီမှုဖြင့် ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ သီလဝါသို့ ဆက်သွယ်သောလမ်းမကြီးအား (၂ဝ၁၈ခုနှစ်၊ဧပြီလတွင်) အဆင့်မြင့်လမ်းမကြီးစတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ကြားသိရ၍မှန်ကန်မှုရှိ/မရှိ သိရှိလိုပါကြောင်း အဆင့်မြင့်လမ်းကြီး အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိသည်ဖြစ်စေ၊ အကောင်အထည် ဖော်ဆောင်ရွက်ရန် မရှိသည်ဖြစ်စေ (လိုအပ်ချက်အရ) သုံးခွမြို့ မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ /မရှိ သိရှိလိုပါကြောင်း၊ မြို့ရှောင်လမ်း ဖောက်လုပ် ပေးရန် အစီအစဉ်မရှိပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ပြည်သူလူထုအား

ပွင့်လင်းမြင်သာစွာရှင်းလင်းပေးလိုပါကြောင်း

အချိန်။ ၁ဝ၂၂

ဥက္ကဋ္ဌ ။         ။ သုံးခွမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးနေဝင်း၊ သုံးခွမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး မင်္ဂလာပါလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊သုံးခွမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား (၁၄.၂.၂ဝ၁၇) အင်္ဂါနေ့ကဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးအဖွဲ့ရဲ့ဦးဆောင်ကျင်းပ                 ပြုလုပ်ခဲ့သော ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ သီလဝါ အထူးအဆင့်မြင့်အဝေးပြေးလမ်းမကြီး ဆောင်ရွက်ရန်အစီအစဉ်ကို ကြားသိခဲ့ရပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ဗြီ(ဗျငေ ီနလနူသစာနညအ ြညေု)၏ပူးပေါင်းကူညီပေးမည်ကိုလည်း ကြားသိခဲ့ရပါ၍ များစွာဝမ်းမြောက် မိပါတယ်။ ဥက္ကဌကြီးခင်ဗျား။ ဤလမ်းမကြီးသာ အဆင့်မြင့်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး ပါက ရန်ကုန်မြို့တွင်းယာဉ်ကြောကြပ်တည်းမှုကို ဖြေလျော့ပေးနိုင်ခြင်း၊ ခရီးအကွာအဝေးကို တိုတောင်းစေခြင်း၊ ကုန်စည်စီးဆင်းမှုလွယ်ကူစေခြင်း၊ အချိန်ကုန်သက်သာစေခြင်း စသည့်အချက်များကြောင့် အထက်အောက်မြန်မာနိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှုဟာလျင်မြန်လာမှာ ဖြစ်ပါတယ်။ ဤလမ်းမကြီးပေါ်ရှိမြို့ကြီးများမှာလည်း စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများမှာလည်း ဧကန်မုချဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဝေးပြေးမဟာ ဗျူဟာလမ်းမကြီးဖောက်လုပ်မည်ဆိုပါက ဒေသခံပြည်သူများကလည်း ဝမ်းသာပီတိဖြစ်မျှော်လင့် နေကြပါတယ်။ သို့သော်လည်း ဤလမ်းမကြီးအဆင့်မြှင့်တင်ရန် အခြားမြို့နယ်များသည် မြို့ရှောင် လမ်းမှဖြတ်သန်းသွားလာရ၍ ပြဿနာတစ်စုံတစ်ရာမရှိပေမဲ့လည်း သုံးခွမြို့မှာမြို့ရှောင်လမ်း မရှိပါသဖြင့် အခက်အခဲများဖြင့်ကြုံတွေ့နေရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သုံးခွမြို့ဟာ ချောင်းရိုး မြောင်းပေါ်တွင်တည်ဆောက်ထားပါသဖြင့် မြို့၏လမ်းတည်နေရာများဟာ အနည်းငယ် ကျဉ်းမြောင်း လှပါတယ်။ ဤမြို့တွင်းကို ကုန်တင်ယာဉ်ဖြစ်တဲ့ (၂၄)ဘီးကားကြီးများမှအစ လူစီးကားများပါမကျန် ဖြတ်သန်းသွားလာနေသည့်အတွက် ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ပြင်ဆင်ခြင်း၊ လမ်းကြံ့ခိုင်မှု ပိုမိုကောင်းမွန်အောင်ထိန်းသိမ်းနိုင်ခြင်း၊ ယာဉ်ကြီး၊ ယာဉ်ငယ်ကို ကုန်ချိန်အလိုက် စနစ်တကျစီမံခန့်ခွဲပြီး သီးသန့်လမ်းကြောင်းဖြင့် အကောင်းဆုံး သွားလာသယ်ယူပို့ဆောင်နိုင် ရေးအတွက် သုံးခွမြို့နယ် မြို့ရှောင်ကားလမ်းမကြီးဟာ မဖြစ်မနေလိုအပ်လျက်ရှိနေပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခေတ်မှီဖွံ့ဖြိုးသောမြို့ပြများပေါ်ထွန်းလာဖို့အတွက် မြို့တွင်းလမ်းများ ရေရှည် ထိန်းသိမ်းနိုင်ရန် မြို့ရှောင်လမ်းများဖောက်လုပ်ပြီး တည်ဆောက်နေသည်မှာ လက်တွေ့ကျကျ မြင်တွေ့နေရပါတယ်။ သုံးခွမြို့နယ်မြို့ရှောင်လမ်းဟာ ယခင်နဝတအစိုးရလက်ထက်က ဖောက်လုပ်ရန် စီမံကိန်းလျာထားခဲ့ပြီး ဖြစ်ပါတယ်။ ယခုအခါ သုံးခွမြို့နယ် မြို့ရှောင်လမ်းဖောက်လုပ်ရန် စနစ်တကျစည်းကမ်းတကျ စည်းကမ်းရှိရှိဖြင့် တန်ပိုယာဉ်ကြီးများသွားလာနိုင်မည်ဆိုပါက သုံးခွမြို့ကြီးဟာ ယခုထက်ပိုပြီးသာယာလှပလာမည် ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရအနေဖြင့်လည်း သမိုင်းမော်ကွန်းတည်စိုက်ထူပေးနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် မြို့ရှောင်လမ်းဖောက်လုပ်ရန် အောက်ပါကြယ်ပွင့်ပြ မေးခွန်းများမေးမြန်းအပ်ပါတယ်ခင်ဗျား။ (၁) ဗီဘြဏ်၏ ပံ့ပိုးကူညီမှုဖြင့် ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ သီလဝါသို့ ဆက်သွယ်သော လမ်းမကြီးအား(၂ဝ၁၈ ခုနှစ်၊ဧပြီလတွင်) အဆင့်မြင့်လမ်းမကြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု ကြားသိရ၍ မှန်ကန်မှု ရှိ/မရှိ သိရှိလိုပါကြောင်း (၂) အဆင့်မြင့်လမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည်ဖြစ်စေ၊ အကောင်အထည်ဖော်ဆောင်ရွက်ရန် မရှိသည် ဖြစ်စေ (လိုအပ်ချက်အရ) သုံးခွမြို့ မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ /မရှိ သိရှိလို ပါကြောင်း၊ (၃) မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်မရှိပါက ခိုင်လုံသောအကြောင်းပြချက်ဖြင့် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးပါရန်အထက်ဖော်ပြပါမေးခွန်း(၃)ခုအား မေးမြန်းအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။ ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၏ မေးခွန်းအားဖြေကြားရာမှာ ရန်ကုန်တိုင်းဒေသကြီး၊         တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် သုံးခွမြို့အတွင်း ၂ဝ၁၈ခုနှစ် ဧပြီလတွင် ဗြီ ဘဏ်၏အကူအညီဖြင့် ပဲခူး၊ သနပ်ပင်၊ ခရမ်း၊ သုံးခွ၊ သန်လျင်၊ သီလဝါအဝေးပြေးလမ်းမကြီးအား တည်ဆောက်ရန်အစီအစဉ် ရှိပါတယ်။ အဝေးပြေးလမ်းမကြီးတည်ဆောက်မယ်ဆိုတာ မှန်ကန်မှုရှိပါတယ်။ သုံးခွမြို့ မြို့ရှောင်လမ်းတွင်တည်ဆောက်ရေးအတွက် လမ်းအူကြောင်းကိုရှာဖွေပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြသွားပြီး မြို့ရှောင်လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ဆောင်ရွက်

သွားဖို့ရှိပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်။ လေးစားပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မော်တော်ယာဉ်ဆိုင်ကယ်စီးနင်းခွင့်ရှိသော မြို့နယ်များတွင် ဆိုင်ကယ်လိုင်စင် သက်တမ်း တိုးခြင်းနှင့်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များအား သက်တမ်းတိုးမြှင့်ခြင်းကို သက်ဆိုင်ရာ မြို့နယ်အလိုက် အပတ်စဉ်ပုံမှန်ရုံးချိန်အတွင်း ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ သိရှိလိုပါသည်၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပြီး အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၂၆

ဥက္ကဋ္ဌ။          ။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးမှ မေးမြန်းဖို့ဖြစ်ပါတယ်။

ဒေါက်တာကျော်ဇင်ဦး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဇင်ဦးဖြစ်ပါတယ်။လေးစားအပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီးတွင်ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မြို့နယ်များတွင်ကျေးလက်နှင့်မြို့ပြဆက်သွယ်သွားလာရေး တွင်မော်တော်ဆိုင်ကယ်အသုံးပြုခြင်းသည် အဓိကကျတဲ့အခန်းကဏ္ဍအဖြစ်ပါဝင်နေသည်ကို အားလုံး သိပြီးဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်တွေသည် ကျေးလက်နေပြည်သူများ၏ နေ့စဉ်ဘဝဆက်သွယ် ခရီးသွားလာရေးအတွက် မရှိမဖြစ်အရေးပါသည့်အရာတစ်ခုဖြစ်သည့်အပြင် ကျေးလက်နှင့်မြို့ပြအကြား ပို့ဆောင်ဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှုတို့အတွက်လည်း အခရာကျသည့်ယာဉ် ဖြစ်ပါတယ်။ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့်အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည့်အမျိုးသားရေးတာဝန်အဖြစ် တစ်ညီတစ်ညွတ်တည်း မှတ်ယူထားသည့်အတွက် ကြီးသည်ငယ်သည်မရွေး မည်သည့်ကိစ္စမဆို ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ဖို့ဟာ အင်မတန်အရေးကြီးလှပါတယ်။ ပြည်သူများအနေဖြင့် စည်းမျဉ်းစည်းကမ်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်မှာ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းဥပဒေများကို လွယ်လင့် တကူလိုက်နာဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားမှသာ အဆင်ပြေမည်ဖြစ်ပါတယ်။ ယခုလက်ရှိ အခြေအနေတွင် မော်တော်ဆိုင်ကယ်အသုံးပြုသူများသည် ဆိုင်ကယ်ဖြင့်ခရီးသွားလာနိုင်ရေးအတွက် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်သက်တမ်း တိုးခြင်းတို့ကို ခရိုင်ရုံးများအထိသွားရောက်ပြီး လုပ်ငန်းကိစ္စများကို ဆောင်ရွက် နေရပါတယ်။ ထိုသို့ခရိုင်မြို့နယ်အထိသွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေရသည့် အခြေအနေသည် လက်ရှိလုပ်ငန်းဆောင်ရွက်နေသည့် ပြည်သူများကို တရားဥပဒေအတိုင်း ဆောင်ရွက်လိုသည့်စိတ်ကို လျော့ချနေသလိုဖြစ်သည့်အပြင် မလိုအပ်သော စရိတ်စကများကိုလည်း ကုန်ကျစေပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိမြို့နယ် များတွင် စီမံချက်အရသော် လည်းကောင်း၊ ရံဖန်ရံခါသော်လည်းကောင်း၊ မော်တော်ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်ပြုလုပ်ပေးခြင်း၊ သက်တမ်းတိုးခြင်းတို့ကို ဆောင်ရွက်ပေးနေပါသော်လည်း ထိရောက်မှုအားနည်းနေတာကိုတွေ့ရှိရပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ ကျေးလက်မြို့ပြဒေသများတွင်နေထိုင်ပြီး မော်တော်ဆိုင်ကယ် အသုံးပြုနေသည့် ပြည်သူများအနေနှင့်တရားဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းဆောင်တာ အဆင့်ဆင့်တို့ကို သက်ဆိုင်ရာ မြို့နယ်များအတွင်း အဆင်ပြေပြေလွယ်ကူစွာလုပ်ကိုင်နိုင်မည်ဆိုပါက မော်တော်ဆိုင်ကယ်အသုံးပြုသူများအနေဖြင့် တရားဥပဒေနှင့်အညီ တိတိကျကျလိုင်စင်သက်တမ်း တိုးခြင်း၊ မော်တော်ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ အခွန်ငွေပေးဆောင် ခြင်းတို့ကြောင့် အစိုးရ၏ဘဏ္ဍာငွေတိုးတက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ အဓိကရည်မှန်းချက်များ ထဲမှတစ်ခုဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ စည်းကမ်းစနစ်တကျ ဆောင်ရွက်လာ နိုင်မည်ဖြစ်သည် စသည့်အကျိုးကျေးဇူးများကို ရရှိလာနိုင််မှာဖြစ်ပါတယ်။ သို့ဖြစ်ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပရှိ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ရှိတဲ့ မြို့နယ်များတွင် မော်တော်ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်း၊ မော်တော်ဆိုင်ကယ် စီးခွင့်ယာဉ်မောင်းလိုင်စင်ပြုလုပ်ခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းများကို သက််ဆိုင်ရာမြို့နယ်များ အလိုက် အပတ်စဉ်ပုံမှန်ရုံးချိန်အတွင်းပြုလုပ်ပေးရန်အစီအစဉ်ရှိ /မရှိ သိရှိလိုပါတယ်။ အစီအစဉ် ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး၊ အစီအစဉ်မရှိပါက မည်သည့်အတွက် ဖြစ်သည်ကို သိရှိလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့မှဝန်ကြီးများအားလုံး မင်္ဂလာပါရှင့်။ ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ဇင်ဦး ရဲ့မေးခွန်းကို ဖြေကြားရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကညနသန်လျင်ရုံးအနေဖြင့် ရုံးဖွင့်ရက်များတွင် နေ့စဉ်ရုံးချိန်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပဖြစ်သော သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်းနှင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တွင် ပါဝင်သော်လည်းမော်တော်ယာဉ်စီးနင်းခွင့်ရှိသည့် ဒလနှင့် ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်များအပါအဝင် စုစုပေါင်း(၁ဝ)မြို့နယ်မှာ ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်းလိုင်စင်များထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂ဝ၁၆ခုနှစ်တွင် ဒလ၊ တွံတေး၊ ကော့မှူး၊ သုံးခွမြို့နယ်များကို နယ်လှည့်ဆောင်ရွက်ခြင်း(၈)ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး မော်တော်ဆိုင်ကယ်သက်တမ်းတိုးခြင်း(၁၁၅၆)စီး၊ ဆိုင်ကယ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း(၅၆၆ဝ) ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ် ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလ များတွင်နယ်လှည့်ဆောင်ရွက်ခြင်း (၂)ကြိမ်ဆောင်ရွက်ပေးခဲ့ပါတယ်။ မော်တော်ဆိုင်ကယ်သက်တမ်း တိုးခြင်း (၂၉၅၁)စီးနှင့်ဆိုင်ကယ်မောင်းလိုင်စင်သက်တမ်းတိုး (၄၇၂၈)စောင်ကို ဆောင်ရွက်ပေး ခဲ့ပါတယ်။ ဒီဇင်ဘာလအထိ နယ်လှည့်ဆောင်ရွက်ခြင်း(၁ဝ)ကြိမ် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထား ရှိပါတယ်။ မြောက်ပိုင်းခရိုင် ကညနအင်းစိန်ရုံးအနေဖြင့် ရုံးဖွင့်ရက်များတွင် နေ့စဉ်ရုံးချိန်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပမြို့နယ်များဖြစ်သော ထန်းတပင်၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးမြို့နယ်(၄)မြို့နယ်မှာ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးခြင်း၊ ဆိုင်ကယ်မောင်း လိုင်စင်များထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၆ခုနှစ်အတွင်း နယ်လှည့်ဆောင်ရွက်ခြင်း (၁၂)ကြိမ် ဆောင်ရွက်ပေးခဲ့ရာ မော်တော်ဆိုင်ကယ်သက်တမ်းတိုးခြင်း (၃၉ဝ)၊ ဆိုင်ကယ်မောင်း လိုင်စင်(၉ဝဝ၇) စောင်ထုတ်ပေးခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၇ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှာ နယ်လှည့် ဆောင်ရွက်ခြင်း (၂)ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာလအထိနယ်လှည့်ဆောင်ရွက်ခြင်း (၁ဝ)ကြိမ် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိပါတယ်။ ခရိုင်ရုံးတောင်ပိုင်းနှင့်မြောက်ပိုင်းရုံးများ၏ နယ်လှည့်ဆောင်ရွက်ပေးမည့်၂ဝ၁၇ခုနှစ်အတွင်းတွင် နယ်လှည့်ဆောင်ရွက်ပေးမည့်အစီအစဉ် များမှာ ၂ဝ၁၇ ဇန်နဝါရီလမှာမှော်ဘီ ဒါရန်ကုန်မြောက်ပိုင်းခရိုင်ဖြစ်ပါတယ်။ ၂ဝ၁၇ ဖေဖော်ဝါရီလ မှာတိုက်ကြီး မတ်လတွင်လှည်းကူး၊ ဧပြီလတွင်မှော်ဘီ၊ မေလတွင်တိုက်ကြီး၊ ဇွန်လတွင်လှည်းကူး၊ ဇူလှိုင်လတွင်မှော်ဘီ၊ သြဂုတ်လတွင်တိုက်ကြီး၊ စက်တင်ဘာလတွင်လှည်းကူး၊ အောက်တိုဘာလတွင် မှော်ဘီ၊ နိုဝင်ဘာလတွင်တိုက်ကြီး၊ ဒီဇင်ဘာလတွင်လှည်းကူး ဖြစ်ပါတယ်။ ဒါကမြောက်ပိုင်းခရိုင် ဖြစ်ပါတယ်။ တောင်ပိုင်းခရိုင်ကတော့ ကျွန်မနောက်မှထပ်မံတင်ပြပေးပါ့မယ်။ ဒါကမြောက်ပိုင်း ခရိုင်ရဲ့ ၂ဝ၁၇ခုနှစ် အတွက် နယ်လှည့်ဆောင်ရွက်မည့်အစီအစဉ်ဖြစ်ပါတယ်။ လေးစားပါတယ်ရှင်။

ပြည်သူ့ဆောက်လုပ်ရေးနှင့်ဇေကမ္ဘာကုမ္ပဏီလီမိတက်တို့အကြား ချုပ်ဆိုသည့် လှိုင်သာယာ-ဒလ-တွံတေး-ကွမ်းခြံကုန်းနှင့်ဒေးဒရဲလမ်းအပိုင်းကို ဖောက်လုပ်ပြုပြင် အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့်လွှဲပြောင်းပေးခြင်း (ြဥွှ) ပဋိညာဉ် စာချုပ်ကို ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၈ရက်တွင်ချုပ်ဆိုခဲ့ပြီး ”၃နှစ်အတွင်းလုပ်ငန်းများ ကို အပြီးသတ်ဆောင်ရွက်ရမည်”ဟု စာချုပ်ပါစည်းကမ်းချက်များအပေါ် လုပ်ငန်းမပြီး မြောက်သေးကြောင်း တွေ့ရှိရသည့်အတွက် အစိုးရအဖွဲ့အနေနှင့်မည်ကဲ့သို့ဆောင်ရွက်

ထားသည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၃၃

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းမှ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမန်းအောင်ကိုမင်း၊ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လေးစား အပ်ပါသောလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးမင်္ဂလာပါလို့ ပထမဦးဆုံးနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်အနေနဲ့အခုမေးမည့်မေးခွန်းကတော့ ပြည်သူ့ဆောက်လုပ်ရေးနှင့်ဇေကမ္ဘာကုမ္ပဏီ လီမိတက်တို့အကြားချုပ်ဆိုထားသည့် လှိုင်သာယာ-ဒလ-တွံတေး-ကွမ်းခြံကုန်း နှင့်ဒေးဒရဲ လမ်းအပိုင်း (ြဥွှ )စာချုပ်ဖြင့် ၂ဝ၁၃ အောက်တိုဘာ ၈ ရက်နေ့တွင် ချုပ်ဆိုခဲ့တဲ့စာချုပ် နဲ့ပတ်သက်ပြီးမေးမြန်းဖို့ဖြစ်ပါတယ်။ ဏသတနမ ဏသငညအ နဲ့တင်ပြခွင့်ပြုပါခင်ဗျား။ ဒီမေးခွန်းက ကျွန်တော်တို့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၆.၁ဝ.၂ဝ၁၆)မှာ ဒီမေးခွန်းကို ပထမဦးစွာမေးခဲ့ပါတယ်။ ဒီနေ့ကတော့ ဒုတိယအကြိမ် မေးတာဖြစ်ပါတယ်။ ဘာကြောင့် ဒုတိယထပ်မေးရသလဲဆိုလို့ရှိရင် ကျွန်တော်ရဲ့မေးခွန်းထဲမှာ သုံးထားတဲ့စကားလုံးရှိပါတယ်။ ဆောင်ရွက်ရမည့်စာချုပ်ပါစည်းကမ်းချက်များအပေါ် လုပ်ငန်းများ မပြီးမြောက်သေးကြောင်း တွေ့ရှိရတဲ့အတွက်ဆိုတာပါပါတယ်။ ဘာကြောင့် မပြီးမြောက်သေးတာ လဲဆိုတဲ့အတိုင်းအတာကိုဆက်လက်ပြီးတော့ ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါ။ ဒါကတော့ဗဃ အဖုံးခန့်လွှာခင်းထားတဲ့လမ်းအပိုင်းဖြစ်ပါတယ်။ ဒီမှာတစ်ချက်ပြချင်တာက ကျွန်တော်တို့ ဒီလမ်းကမျဉ်းတွေတားထားတာ ဒီအထိပဲရှိပါတယ်။ ဒီနေရာကတော့ ကော့မှူးမြို့နယ်ရဲ့ ကျေးရွာနားမှာ ဖြစ်ပါတယ်။ ခင်းထားတဲ့လမ်းအပိုင်း ဒီအထိပဲရောက်ပါသေးတယ်။ ကော့မှူးမြို့ အဝင်ပဲရှိပါသေးတယ်။ ကွမ်းခြံကုန်း၊ ဒေးဒရဲအထိရောက်ရှိတာကို မတွေ့ရသေးပါဘူး။ ဒါကတော့ ကျွန်တော်တို့ ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးကနေလာတဲ့လမ်းကနေပြီးတော့ ဒလဘက်နဲ့ လှိုင်သာယာဘက်ကိုသွားတာဖြစ်ပါတယ်။ အဲဒီလမ်းဆုံရဲ့ နေရာကနေပြီးတော့လှိုင်သာယာအထိ အဲဒီလမ်းဆုံကနေပြီး ဒလအထိထပ်ပိုးလွှာ၊ အဖုံးခန့်လွှာကိုခင်းထားတာမတွေ့ရသေးပါဘူး။ ဆိုလိုချင်တာက ဒီနေရာကနေပြီးတော့ ခုနပြခဲ့တဲ့ ဏသတနမ ဏသငညအ မှာတင်ပြခဲ့တဲ့ ကော့မှူးမြို့နယ် အလိုအထိပဲ ထပ်ပိုးလွှာ၊ အဖုံးခန့်လွှာခင်းထားတာ တွေ့ရပါတယ်။ သူ့ရဲ့သတ်မှတ်ချက်စာချုပ်ပါ စည်းမျဉ်းစည်းကမ်းချက်အရပြောရမယ်ဆိုရင် ဒီထပ်ပိုးလွှာကို အပြည့်အဝသတ်မှတ်ထားတဲ့နေရာ အထိ ခင်းရမှာဖြစ်ပါတယ်။ ဒါကတော့ ပထမအကြိမ်မှာပဲတင်ပြထားတဲ့တံတားဖြစ်ပါတယ်။ ခုချိန်ထိလက်ရှိအနေအထားနဲ့ ပိုပြီးဆိုးဝါးနေတာကိုတွေ့ရပါတယ်။ မြင်တဲ့အတိုင်းပါပဲ မနေ့က ဝန်ကြီးလာတဲ့အနေအထားမှာတော့ လတ်တလောအားချင်းပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့တံတားရဲ့အောက်ပိုင်းကိုတွေ့ရတဲ့မြင်ကွင်းပါပဲ။ တော်တော်လေးအခြေအနေ ဆိုးပါတယ်။ ဒီတံတားက ပထမအကြိမ်အစည်းအဝေးမှာကတည်းက ဏသတနမ ဏသငညအ ဖြင့် တင်ပြပြီးတော့ မေးမြန်းထားတဲ့တံတားတစ်ခုပဲဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကွမ်းခြံကုန်းမြို့နယ်ထဲမှာရှိတဲ့ ကြံခင်းတံတားပဲဖြစ်ပါတယ်။ ဒီတံတားနဲ့ပတ်သက်ပြီးတော့လည်း ယာဉ်တိုက်မှုတွေ အန္တရာယ်တွေ ခဏခဏဖြစ်ပါတယ်။ ဒါကတော့ဒီလမ်းနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံခဲ့တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ အဲဒီမှာငွေကြေးကောက်ခံတာကတော့ စုစုပေါင်း ဗာသကညအ တော့တွေ့ရပါတယ်။ ကျန်တဲ့အချက်အလက်တွေဘာမှ မတွေ့ရပါဘူး။ ဆက်လက်ပြီးတော့ တင်ပြလိုတာက ခုန ကိုယ်စားလှယ်တော်ကြီးများ၊ အစိုးရအဖွဲ့ဝင်လူကြီးများ အားလုံးမြင်တွေ့ရသလိုပါပဲ ဒီလမ်းမှာရှိတဲ့ ဒီစာချုပ်နဲ့ပတ်သက်ပြီး ချုပ်ဆိုထားတာသည် အားလုံးအသိ အချက်(၂၄)ချက် ရှိပါတယ်။ နောက်ဆက်တွဲ(က)(ခ)နဲ့ချုပ်ဆိုထားတာကို တွေ့ရပါတယ်။ အဲဒီအချက်အလက်တွေနဲ့ကြည့် ပြီးတော့ ပေတံနဲ့စစ်ဆေးမယ်ဆိုရင် ၅ဝ%အောက်ပဲပြီးစီးသေးတယ်လို့ ကျွန်တော့်အနေနဲ့ ဒီလိုပဲသုံးသပ်မိပါတယ်။ ဒါကြောင့် ဒီမေးခွန်းကိုဆက်လက်ပြီး မေးရခြင်းဖြစ်ပါတယ်။ ဒီလမ်းသည် လည်းပဲ ကျွန်တော်တို့ကွမ်းခြံကုန်းတစ်မြို့နယ်တည်းအတွက် မဟုတ်ပါဘူး။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ လမ်းမကြီးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ အဲဒီအပြင် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ဗိုလ်ကလေး၊ ကျိုက်လတ်စတဲ့ဒီမြို့နယ်တွေအထိ ဆက်သွယ်ထားတဲ့လမ်းကြီး ဖြစ်တယ် ဆိုတာကိုလည်း ကိုယ်စားလှယ်ကြီးများသိစေချင်ပါတယ်။ အစိုးရအဖွဲ့ဝင်များသိစေချင်ပါတယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့လိုရင်းကိုမေးရရင်တော့ ပြည်သူ့ဆောက်လုပ်ရေးနဲ့ဇေကမ္ဘာကုမ္ပဏီ လီမိတက်တို့အကြားချုပ်ဆိုထားတဲ့ ၂ဝ၁၃ခုနှစ် အောက်တိုဘာလ ၈ ရက်မှာ ချုပ်ဆိုထားတဲ့ ဒီလမ်းဒီလုပ်ငန်းကြီးကို အပြီးသတ်ဆောင်ရွက်ပေးဖို့အတွက် ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့ကျွန်တော့်အနေနဲ့ ဖြည့်စွက်ပြီးတော့တင်ပြချင်တာက ဒီလမ်းတွေကိုဆောင်ရွက်တဲ့ အခါမှာလည်း လမ်းကြေးကောက်တဲ့နေရာမျိုးတွေမှာဆိုရင် အနည်းဆုံး လေးလမ်းသွားဖြစ်ရမယ်။ ဒါပေမဲ့ ကျွန်တော်တို့လက်ရှိတွေ့ရတာနှစ်လမ်းသွားလောက်နဲ့ကို ြွပတ်သိပ်ပြီးကောက်ခံနေတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဒီလမ်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းရဲ့အနေအထားအရ ကြည့်ရမယ်ဆိုရင် ကတ္တရာတွေကို လမ်းဘေးမှာကျိုတယ်။ ကျိုပြီးတော့ ဆောင်ရွက်တယ်။ အဲဒီတော့ဘယ်လိုဖြစ်လဲဆိုလို့ရှိရင် တစ်ချို့မြို့နယ်ထဲမှာ ရောက်တဲ့နေရာတွေ ဆိုလို့ရှိရင်မြို့နယ်ထဲမှာ လူနေထူထပ်တဲ့နေရာမှာဆိုရင် ဒီကတ္တရာအနံ့ဟာ တော်တော်လေး ဆိုးပါတယ်။ ခုနမေးသွားတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်း၏ ဆောင်ရွက်မှုကိုမြင်ရတဲ့အတိုင်း မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါတယ်။ အားလုံးကို        ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး   ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများအားလုံးမင်္ဂလာပါရှင်။ ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း၏ မေးခွန်းကိုဖြေကြားရာမှာ (၄.၁၂.၂ဝ၁၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးခရီးစဉ်တွင် ဇေကမ္ဘာကုမ္ပဏီမှ ြဥွှစနစ်ဖြင့်ဆောင်ရွက်လျက်ရှိသော လှိုင်သာယာ၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း ၊ ဒေးဒရဲလမ်း ၅၄/၇မိုင်အား ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနှင့်ပြည်ထောင်စုဝန်ကြီး ကွင်းဆင်းစစ်ဆေးပေးခဲ့ပါတယ်။ ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ အဆိုပါလမ်းအပိုင်းများကို ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်စီမံချက်နှင့်ပြီးစီးမှု၊ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံချက်များကို တင်ပြခဲ့ပါတယ်။ လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူ ဇေကမ္ဘာကုမ္ပဏီက လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပါက လမ်းဦးစီးဌာနသို့ လုပ်ငန်း ပြန်လည်အပ်နှံရန် လုပ်ငန်းများအား သတ်မှတ်ထားသောအချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းဆောင်ရွက်ရန်အခက်အခဲများ ညှိနှိုင်းဆွေးနွေး တင်ပြရန်ကုမ္ပဏီသို့ အကြောင်းကြားထားခဲ့ပါတယ်။ သို့သော် ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ စာချုပ်ပါလုပ်ငန်းများကို သတ်မှတ်ထားသောအချိန်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက် သွားရန် နေပြည်တော်သို့ လုပ်ငန်းအစီအစဉ်များရေးဆွဲပြီး အမြန်ဆုံးပြန်လည်တင်ပြသွားရန် ညွှန်ကြားထားသော်လည်း ရေးဆွဲတင်ပြနိုင်ခြင်းမရှိပါကြောင်းနှင့် သတ်မှတ်ထားသောကာလအတွင်း စာချုပ်ပါလုပ်ငန်းများကိုအပြီးဆောင်ရွက်နိုင်ခြင်း မရှိသေးပါသဖြင့် ပြည်ထောင်စုဝန်ကြီးဌာနနှင့် ညှိနှိုင်းရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်ပါ ပါဝင်ညှိနှိုင်းပြီးဆောင်ရွက်သွားဖို့စီစဉ်ထား ပါတယ်။ မနေ့ကလည်း လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြတဲ့အတိုင်းပါပဲ ကျွန်မနှင့်တကွ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကြီးနှစ်ဦးစလုံး အဲဒီတံတားကို သွားကြည့်ခဲ့ပါတယ်။ ဒီတံတားကလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသလိုပါပဲ ကျွန်မတို့ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်း အဓိကလမ်းမဖြစ်တဲ့ ကွမ်းခြံကုန်း – ဒေးဒရဲလမ်းအပိုင်းပေါ်မှာရှိနေတဲ့ တံတား ဖြစ်တဲ့အတွက် အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်။ ဒါကြောင့်မို့လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဒီညှိနှိုင်းမှုမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ပါဝင်ညှိနှိုင်းပြီးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကို

တင်ပြအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါးရပ်ကွက်နှင့်ချောင်းဝိုင်း(၄)ရပ်ကွက်ရှိ မြေနေရာ များတွင် ၃ဝဝမဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံနှင့်ဆက်စပ်လုပ်ငန်းများ လုပ်ကိုင် ရန်အတွက် ြအေငသညေူ ှုည်မျေအမကခအကမန ံသိူငညါ ဃသ.ယူအိ(ြှုံဃ)သို့ တင်ဒါချထားမှု နှင့်မြေငှားချ ထားရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ခဲ့ခြင်းရှိ /မရှိ (ြှုံဃ) မှ ၃ဝဝ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံနှင့်ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် မြေဧက(၈ဝ)   အမှန်တကယ်လို/မလို ပြန်လည်စိစစ်ရန် အစီအစဉ်ရှိ/မရှိ (ြှုံဃ) မှ ငှားရမ်းသည့် မြေဧက (၈ဝ)ပေါ်တွင် ၃ဝဝမဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံနှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်းများမှအပ အခြားကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ထားရှိခြင်းများဖြစ်ပေါ်လာပါက မည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိလိုပါသည်။ (ြှုံဃ)မှငှားရမ်းသည့် မြေဧကသည်(၈ဝ)ဧက ဟုဆိုသော်လည်း ဒေသခံများ၏ ပြောပြချက်အရ ဧက(၈ဝ)ကျော်လွန်ကြောင်း သိရှိရ သဖြင့် ပြန်လည်တိုင်းတာရန် အစီအစဉ်ရှိ/မရှိ၊ ၃ဝဝမဂ္ဂါဝပ် စီမံကိန်းဆောင်ရွက်သည့် နေရာတွင် လက်ရှိ လယ်မြေဖော်ထုတ် စိုက်ပျိုးလျက်ရှိသော မြေများပါဝင်သွားသဖြင့် လယ်မြေဖော်ထုတ် လုပ်ကိုင်ခဲ့သူများကို နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးရန် အစီအစဉ်ရှိ/မရှိ လက်ရှိ စီမံကိန်း ဧက(၈ဝ)အပြင် ကျန်ရှိသောမြေနေရာများနှင့်ပတ်သက်၍ အခြားသော စီမံကိန်းများစီစဉ်ထားမှုရှိ/မရှိနှင့် အကယ်၍မရှိပါက လယ်စိုက်ပျိုး လုပ်ကိုင် ခဲ့သူများသို့မြေများပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၄၃

ဥက္ကဋ္ဌ။          ။ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ အားလုံး မင်္ဂလာပါ။ ရိုသေလေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် မဲဆန္ဒနယ်မြေဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ၃ဝဝ မဂ္ဂါဝပ်လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်နေပြီး ထိုစက်ရုံမှာရန်ကုန်တိုင်းဒေသကြီး၏လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမှာဖြစ်တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ သို့သော်လည်း ကျွန်တော် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုခဲ့မှုနဲ့ရရှိထားတဲ့ စာရွက်စာတမ်းများအရ သိရှိလိုသည်များကို ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမှာဖြစ်ပါတယ်။ (၁) ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမားဒူးဝါးရပ်ကွက်နှင့်ချောင်းဝိုင်း(၄)ရပ်ကွက်ရှိ မြေနေရာများတွင် ၃ဝဝ မဂ္ဂါဝပ်ဓါတ်အားပေး စက်ရုံနှင့်ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ြအေငသညေူ ှုည်မျေအမကခအကမန ံသိူငညါ ဃသ.ယူအိ (ြှုံဃ)သို့ တင်ဒါချထားမှုနှင့်မြေငှားချထားရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ခဲ့ခြင်းရှိ/မရှိ။ (၂) (ြှုံဃ) မှ ၃ဝဝမဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် အတွက် မြေဧက(၈ဝ) အမှန်တကယ်လို/မလို ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ/မရှိ ။ (၃) (ြှုံဃ) မှ ငှားရမ်းသည့်မြေဧက(၈ဝ)ပေါ်တွင် ၃ဝဝမဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံနှင့် ဆက်စပ်လုပ်ငန်းသုံးပစ္စည်း များမှအပ အခြားကုန်ပစ္စည်းများသိုလှောင်ခြင်း၊ ထားရှိခြင်းများဖြစ်ပေါ်လာပါကမည်ကဲ့သို့ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိလိုပါတယ် (၄) ြှုံဃ မှ ငှားရမ်းသည့်မြေဧကသည် (၈ဝ)ဧကဟု ဆိုသော်လည်း ကျွန်တော်ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးစဉ်အခါမှာ ဒေသခံများ၏ ပြောပြချက်အရ ဧက(၈ဝ) ကျော်လွန်ကြောင်း သိရှိရသဖြင့် ပြန်လည်တိုင်းတာရန်အစီအစဉ်ရှိ/မရှိ။ (၅) ၃ဝဝမဂ္ဂါဝပ် စီမံကိန်းဆောင်ရွက်သည့်နေရာတွင် လက်ရှိလယ်မြေဖော်ထုတ်စိုက်ပျိုးလျက်ရှိသော မြေများပါဝင် သွားသဖြင့် လယ်မြေဖော်ထုတ်လုပ်ကိုင်ခဲ့သူများကို နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးရန် အစီအစဉ်ရှိ/မရှိ။ (၆) လက်ရှိစီမံကိန်း ဧက(၈ဝ)အပြင် ကျန်ရှိသောမြေနေရာများနှင့်ပတ်သက်၍ အခြားသောစီမံကိန်းများ စီစဉ်ထားမှုရှိ/မရှိ နှင့် အကယ်၍မရှိပါက လယ်စိုက်ပျိုးလုပ်ကိုင်ခဲ့သူများသို့ မြေများပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါသဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။           ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၏မေးခွန်းကိုဖြေကြားရာမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ အစိုးရဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းလာမှု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအပေါ်အခြေခံပြီးတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဥပဒေ၊ ၂ဝ၁၅ခုနှစ်ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၂၁ နှင့်မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နည်းဥပဒေ ၂ဝ၁၆ခုနှစ်ပါ လုပ်ပိုင်ခွင့်များအရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မြေအငှားချထားခဲ့ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း မြေငှားရမ်း ခွင့်ပြုရန် ညှိနှိုင်းလာမှုအပေါ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားရမ်း ခွင့်ပြုခြင်းဖြစ်ပါတယ်။ မြေဧက(၈ဝ) အမှန်တကယ်လို/မလိုပြန်လည်စိစစ်ရန်မှာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ ညှိနှိုင်းချက်ပေါ်မှာမူတည်ပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဆိပ်ကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အငှားချထားသောမြေပေါ်တွင် တည်ဆဲဥပဒေများကခွင့်ပြုထား သောမြေဖြစ်ပါက ကန့်ကွက်ရန်မရှိပါ။ မြေအကျယ်အဝန်းကိုတိုင်းတာစစ်ဆေးလိုပါက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်တကွ ဆိပ်ကမ်းအာဏာပိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ြှုံဃ ကုမ္ပဏီတို့ပါဝင်သောအဖွဲ့နဲ့တိုင်းတာပေးရန် အစီအစဉ်တို့ရှိပါတယ်။ ထိုမြေမှာလွှတ်တော် ကိုယ်စားလှယ်ကြီးမေးတဲ့ ၃ဝဝ မဂ္ဂါဝပ်စီမံကိန်း ဆောင်ရွက်တဲ့နေရာမှာ လယ်မြေဖော်ထုတ်စိုက်ပျိုး လျက်ရှိသော မြေများပါဝင်သွားသဖြင့် နစ်နာကြေးပေးရန် အစီအစဉ်ရှိ/မရှိ ဆိုတဲ့မေးခွန်းကို ဖြေကြားရာမှာတော့ ထိုမြေဟာလယ်မြေမဟုတ်ပါ။ ရှေးယခင်ကိုလိုနီခေတ်ကပင် ရေဝန်အမည်ပေါက် ဆိပ်ကမ်းပိုင် မြေပိုင်မြေအမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် နစ်နာကြေးပေးရန်လတ်တလော အစီအစဉ်မရှိပါဘူး။ ထိုမြေပေါ်တွင်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးတော့ နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများဖြင့် နိုင်ငံတော်လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရန် လျာထားချက် ရှိပါတယ်။ အထူးသဖြင့်မေးခွန်းပါမြေနေရာမှာ ရန်ကုန်ဆိပ်ကမ်းနှင့်ရန်ကုန်မြို့ကြီး ရေတိုက်စား ကမ်းပြိုမှုမဖြစ်ပွားစေရန် ထိန်းချုပ်ထားသော အစိတ်အပိုင်းဖြစ်နေတဲ့အတွက် လောလောဆယ် ဆိပ်ကြီးရေကာတံတိုင်းကို တည်ဆောက်မွမ်းမံ ပြုပြင်လျက်ရှိပါတယ်။ ထို့ပြင်အထက်တွင် တင်ပြ ထားသည့်အတိုင်း လယ်မြေမဟုတ်ပဲ ရေဝန်အမည်ပေါက် ဆိပ်ကမ်းပိုင်မြေဖြစ်ပါသဖြင့်

မြေစွန့်လွတ်ရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်း

ဦးသန်းဆွေ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်မေးတဲ့မေးခွန်းနံပါတ်(၃)ကို ဝန်ကြီးကဖြေကြားသွားခြင်းမရှိပါဘူး။ နောက်ဥက္ကဋ္ဌကြီး မှတစ်ဆင့် ကျွန်တော်သိရှိစေရန်တင်ပြလိုတာကတော့ လက်ရှိ၃ဝဝမဂ္ဂါဝပ်စီမံကိန်းလုုပ်နေတဲ့ နေရာက အရင်တုန်းက (ြဥဃ) ဓနိတောလို့ခေါ်တဲ့ဓနိတောကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဆိပ်ကြီးခနောင်တိုမြို့နယ်က လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က ဒီရဲ့ဓနိတောတွေ၊ ခြုံတွေကိုရှင်းပြီးတော့ လက်ရှိလယ်ယာဖော်ထုတ်လုပ်ကိုင်တဲ့သူတွေကို ရှင်းပြီးတော့ လုပ်ကိုင်ခိုင်းတာဖြစ်ပါတယ်။ အဲဒီမှာ အဲဒီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အရင်တုန်းကတော့ မ.ယ.က ခေါ်တာပေါ့။ အခုမြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ လယ်(၁)ဧကကို ၅ဝဝဝိ/- (သို့မဟုတ်) ၅ဝဝဝဝဝိ/-နှုန်းဖြင့် တောင်းခံပြီးတော့ လွန်ခဲ့တဲ့(၁၅)နှစ်ကတည်းက ဒီမြေနေရာတွေကို လယ်ယာမြေအဖြစ်နဲ့ဖော်ထုတ်လုပ်ကိုင်ခိုင်းခဲ့တာဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီလယ်သမား တွေဟာ ကျွန်တော့်ကို တိုင်တဲ့အခါမှာလည်း အထောက်အထားတွေအရ လယ်ယာမြေနဲ့ ပတ်သက်ပြီးတော့ ဘဏ်ချေးငွေ အစိုးရကနေပြီးတော့လယ်ယာစိုက်ပျိုးရေးအတွက် ချေးငွေထုတ် ပေးထားတာကိုလည်း ကျွန်တော်တွေ့ရှိရပါတယ်။ ဒါအတွက်ကြောင့်မို့လို့ ကျွန်တော်က မေးမြန်းရခြင်း           ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့်ဖြေကြားရာမှာ ကျွန်မဖြေကြားသွားတဲ့ထဲမှာ ပါဝင်ပြီးဖြစ်ပါတယ်။(ြှုံဃ)မှ မြေဧက(၈ဝ)ပေါ်တွင် ၃ဝဝ မဂ္ဂါဝပ်ဓါတ်အားပေးစက်ရုံနှင့်ဆက်စပ်ပစ္စည်းများမှအပ သိုလှောင်ခြင်းထားရှိခြင်းများဖြစ်ပေါ်လာပါက မည်ကဲ့သို့ဆောင်ရွက်မည်ဖြစ်ကြောင်းဆိုတဲ့မေးခွန်းကို ကျွန်မဖြေကြားတာ မြန်မာဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ဆိပ်ကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အငှားချထားသောမြေပေါ်တွင် တည်ဆဲဥပဒေများကခွင့်ပြုထားသောလုပ်ငန်းများဖြစ်ပါက ကန့်ကွက်မည်မဟုတ်ပါ။ ကန့်ကွက်ရန်မရှိပါလို့ဖြေကြားခဲ့ပါတယ်။ ခုနလွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်မံမေးခွန်းမေးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေကြားရာမှာ ၁၉၃၁ခုနှစ်ဥပဒေ နောက် စောစောက ကျွန်မဖြေကြားခဲ့တဲ့ ကိုလိုနီခေတ်ကတည်းက ဒီမြေနဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုဟာရေဝန်အမည်ပေါက်၊ ဆိပ်ကမ်းအာဏာပိုင်အမည်ပေါက်မြေဖြစ်တဲ့အတွက်ကြောင့် ပိုင်ဆိုင်ကြောင်းအထောက်အထားများ လည်းရှိပါတယ်။ ပိုင်ဆိုင်ကြောင်းအထောက်အထားများနှင့်တကွ လွှတ်တော်ဥက္ကဋ္ဌကြီးထံ တင်ပြ

ပြီးပါပြီ။

အနောက်ပိုင်းခရိုင်က.ည.န ရုံးတွင်မော်တော်ယာဉ်သက်တမ်းတိုးရာတွင်မော်တော်ယာဉ် အမျိုးအစားအလိုက် သူတစ်ပါးထိခိုက်မှုအာမခံကြေးငွေပေးသွင်းနိုင်သကဲ့သို့ ကျန်ခရိုင် (၃)ခုရှိက.ည.န ရုံးများတွင် အာမခံကြေးငွေပေးသွင်းခြင်းဝန်ဆောင်မှုကို လုပ်ဆောင် ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါကမည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်၊ မရှိပါက

မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၃

ဥက္ကဋ္ဌ။          ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးရန်အောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ အားလုံးကို မင်္ဂလာပါလို့ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ပဲဖြစ်ပါတယ်။ ဒီမေးခွန်းရဲ့ရည်ရွယ်ချက်ကတော့ ယာဉ်ကြောရှုပ်ထွေးကြပ်တည်းမှုကို အထိုက်အလျောက်ပြေလျော့ စေပြီးတော့ ယာဉ်လုပ်ငန်းရှင်များရဲ့အရေးကိစ္စကို အစိုးရသစ်ကအလေးအနက်ထားပြီး ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာကို သိသာစေချင်တဲ့အချက်ပါ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အခုဆိုရင် ”ရန်ကုန်မြို့ကြီးကွလို့” ဆိုလို့ရှိရင်ချက်ချင်းမျက်စိထဲ ဝင်လာတဲ့ပုံရိပ်တွေကတော့ လမ်းကြိုလမ်းကြားပါမကျန် ရှုပ်ထွေးကြပ်တည်းနေတဲ့ကားတွေ     ဗငမခသမည ကြပ်လို့ခေါ်တဲ့ ဗငမခသမည ကျြထဲမှာ မဝလေကို ရှုရှိုက်ရင်းနဲ့ဇောချွေးပြန်နေတဲ့ခရီးသည် တွေ ထန်းလျက်ခဲကိုပုရွတ်ဆိတ်လေးတွေဝိုင်းအုံခဲနေသလိုမျိုး ကျြ ဃမေတွေပေါ်ကို အလုအယက် တက်နေတဲ့ခရီးသည်တွေ ဃမေ တွေများပြားပြီးတော့ မီးပွိုင့်နဲ့လမ်းဆုံလမ်းခွတွေမှာပိတ်ဆို့နေတဲ့ ကားတွေကိုတွေ့နေရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကြီးဟာအခုမှသူ့ရဲ့ အဆင်တန်ဆာတွေကို ပြန်လည်ပြီး လွှမ်းခြုံဖို့ အားယူရုန်းကန်နေရတဲ့ကာလပဲဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့   အနေနဲ့လည်း ယာဉ်ကြောကြပ်တည်းမှုပြဿနာကို အလေးအနက်ထားကိုင်တွယ်ဖြေရှင်းနေတာကို မျက်ဝါးထင်ထင်တွေ့ရှိရပါတယ်။ တဖြည်းဖြည်းနဲ့အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်တို့လုံးဝယုံကြည် မျှော်လင့်ထားပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ၁၅.၃.၂ဝ၁၇ ရက်နေ့စာရင်းအရ ရန်ကုန် တစ်တိုင်းလုံးမှာရှိတဲ့ကားအရေအတွက်ဟာ ကျြ ဃမေ တွေ၊ အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ဒီလိုကားအရေအတွက်ဟာ (၅၁ဝဝဝဝ)ကျော်ရှိတယ်လို့ ကြားသိရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့မော်တော်ယာဉ်တွေဟာ မော်တော်ယာဉ်လိုင်စင်လုပ်တဲ့အခါမှာ သက်ဆိုင်ရာခရိုင် က.ည.နရုံး တွေမှာလိုင်စင်သက်တမ်းတိုးရပါတယ်။ အဲဒီလိုမတိုးခင်မှာလမ်း(၃ဝ)အောက်ဘလောက်မှာရှိတဲ့ အာမခံရုံးမှာ သူတပါးထိခိုက်မှုအာမခံကြေးကို ယာဉ်အမျိုးအစားပေါ်မူတည်ပြီးတော့ ပေးသွင်း ရပါတယ်။ အဲဒီလိုပေးသွင်းပြီးပြီဆိုတဲ့ အထောက်အထားရတော့မှ သက်ဆိုင်ရာ က.ည.န ရုံးမှာ မော်တော်ယာဉ်လိုင်စင်အတွက် လိုအပ်တာကိုဆောင်ရွက်ရပါတယ်။ ထူးထူးခြားခြား အနောက်ပိုင်း ခရိုင်ရုံး က.ည.န ကထူးခြားပါတယ်။ သူကဘာလဲဆိုတော့ သူ့ခရိုင်အတွင်းမှာရှိတဲ့ မော်တော်ယာဉ် တွေဟာ လမ်း(၃ဝ) အာမခံရုံးကိုသွားပြီးတော့ အာမခံကြေးပေးသွင်းစရာမလိုပါဘူး။ သူ့ရဲ့အနောက်ပိုင်း ခရိုင်ရုံးမှာပဲ ဥညန ှအသစ ှနမလငခန အနေနဲ့ဆောင်ရွက်ပေးထားပါတယ်။ အဲဒီအတွက် ယာဉ်လုပ်ငန်း ရှင်တွေအနေနဲ့လည်း အလုပ်ပျက်အကိုင်ပျက်အချိန်ကုန်လူပမ်းခြင်းမရှိပဲနဲ့ အဆင်ပြေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်းကျန်တဲ့ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်တွေ မှာတော့ အဲဒီလို ဥညန ှအသစ ှနမလငခန လုပ်တာ မတွေ့ရတဲ့အခါကျတော့ အချိန်ကုန်အလုပ်ပျက်တာ တွေလည်း တွေ့ရှိနေရပါတယ်။ အဲဒီတော့ဒီကျန်တဲ့ (၃)ခရိုင်ကကျတော့ အာမခံရုံးကို လာတဲ့အခါမှာ မလိုအပ်ပဲနဲ့ မြို့ထဲမှာလမ်း(၃ဝ)ဝန်းကျင်မှာ ကားတွေကြပ်တာ တွေ့ရှိရပါတယ်။ အဲဒါကြောင့်မို့လို့ အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်ရုံးတွေမှာအနောက်ပိုင်းခရိုင် က.ည.နရုံး လိုပဲအာမခံငွေကို ဥညန ှအသစ ှနမလငခန ဖြင့် ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင် အစစအရာရာအဆင်ပြေ လိမ့်မယ်လို့ယုံကြည်ထားပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေနှင့်လည်း လိုအပ်သော ဝန်ထမ်းရေးရာ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်မိ ပါတယ်။ နောက်တစ်ချက်က မော်တော်ယာဉ်လိုင်စင် ပြုလုပ်ပြီးတဲ့အခါကျတော့ တစ်ချို့အငှားလိုင်စင်၊ လုပ်ငန်းလိုင်စင်လုပ်တဲ့အခါအခြားတစ်နေရာ ထပ်ပြီးသွားရပါတယ်။ လုပ်ငန်းလိုင်စင်ရုံးကို ထပ်သွား ရပါတယ်။   အဲဒီလုပ်ငန်းလိုင်စင်ရုံးကို ထပ်သွားပြီးတော့ လိုအပ်တာတွေလုပ်ပြီးတော့မှ လိုင်စင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့အဆင်ပြေမယ်ဆိုလို့ရှိရင်ပေါ့ အဆင်ပြေလိမ့်မယ်လို့လည်း ယုံကြည်ထား ပါတယ်။ အဲဒီလုပ်ငန်းလိုင်စင်ရုံးကို သက်ဆိုင်ရာ က.ည.န လိုင်စင်ရုံးမှာပဲ ဥညန ှအသစ ှနမလငခန အနေနဲ့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရသစ်အနေနဲ့ ရလဒ်ကောင်းတွေထွက်မယ်လို့ မျှော်လင့် ပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးကနေတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းလိုတာက အနောက်ပိုင်းခရိုင်ရုံးကဲ့သို့ ကျန်ခရိုင်(၃)ခုရှိ က.ည.န လိုင်စင်ရုံးများတွင် သူတစ်ပါးထိခိုက်မှု အာမခံငွေပေးသွင်းခွင့်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိမယ်ဆိုလို့ရှိရင် ဘယ်အချိန်မှာ စတင်လုပ်ဆောင်ပေးမယ်ဆိုတာ သိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၏မေးခွန်းကိုဖြေကြားရာမှာ မော်တော်ယာဉ်သက်တမ်းတိုးရာတွင် မော်တော်ယာဉ်အမျိုးအစားအလိုက် သူတစ်ပါးထိခိုက်မှု အာမခံကြေးပေးသွင်းရန်အာမခံရုံးများကို အနောက်ပိုင်းခရိုင် က.ည.နရုံးတွင် ၈.၉.၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း၊ အရှေ့ပိုင်းခရိုင် က.ည.နရုံးတွင် ၁.၃.၂ဝ၁၇ ရက်နေ့တွင် လည်းကောင်းဖွင့်လှစ်ဆောင်ရွက်ပေးနေပါတယ်။ တောင်ပိုင်းခရိုင် က.ည.နရုံးမှာ အာမခံပေးသွင်းရန်အတွက် အာမခံရုံးမှာ က.ည.န ရုံး အနီးတွင်ရှိပါသောကြောင့် ပြည်သူများအဆင်ပြေစွာ သွားလာဆောင်ရွက်လျက်ရှိပါတယ်။ မြောက်ပိုင်းခရိုင် က.ည.န အင်းစိန်ရုံးတွင် အာမခံပေးဆောင်ရန်အတွက် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မော်တော်ယာဉ်မှတ်ပုံတင်ရုံးတွင် (၁.၃.၂ဝ၁၇)ရက်နေ့မှစတင်၍ အာမခံကြေး ပေးသွင်းနိုင်ရန် ဆောင်ရွက်ထားရှိမှုကြောင့် ပြည်သူများ ရန်ကုန်မြို့ထဲသို့ သွားရောက်ဆောင်ရွက်     စရာမလိုပဲ အဆင်ပြေစွာဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ပြင်ပမြို့များဖြစ်သော မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးမြို့များသို့ အလှည့်ကျနယ်လှည့်စစ်ဆေး ဆောင်ရွက်ပေးသည့်အခါများတွင် ဥညန ှအသစ ှနမလငခန အနေဖြင့် ဝန်ဆောင်မှုပေးလျက်

ရှိကြောင်း ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေး ှုညအနမညနအ င်္ငဘနမ ဃဘေူန ကြိုးများ သွယ်တန်းခြင်းကို စနစ်တကျစီစဉ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ လျှပ်စစ်ဓါတ်အား လိုင်းများသွယ်တန်းထားသော လျှပ်စစ်ဓါတ်မီးတိုင်များတွင် ခွင့်ပြုချက်မဲ့ ှုညအနမညနအ င်္ငဘနမ ဃဘေူန ကြိုးများသွယ်တန်းနေခြင်းအပေါ် ဥပဒေအရစိစစ်ဆောင်ရွက်ရန် အစီအစဉ်                                                      ရှိ/မရှိ သိရှိလိုပါကြောင်း

အချိန်။ ၁ဝ၅၉

ဥက္ကဋ္ဌ။          ။ လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးကျော်ထွန်း၊ လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွအားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ထွန်းဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့လျှပ်စစ်ဓါတ်အားလိုင်းသွယ်တန်းထားတဲ့ ဓါတ်မီးတိုင်တွေမှာ ဆက်သွယ်ရေးကုမ္ပဏီတစ်ချို့က အင်တာနက်ဆက်သွယ်ရေးကွန်ယက်အတွက် လျှပ်စစ်ဓါတ်မီးတိုင်များပေါ်မှာဆက်သွယ်ရေး င်္ငဘနမ ဃဘေူနများ ခွင့်ပြုချက်မဲ့ဆောင်ရွက်နေခြင်း နဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသောလွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ လမ်းမတော်မြို့နယ်၊ အမှတ်(၁ဝ)ရပ်ကွက်ရှိ ဗဟိုစည်အိမ်ရာဝင်းအတွင်း လျှပ်စစ် ဓါတ်အားလိုင်း သွယ်တန်းထားသောလျှပ်စစ်ဓါတ်မီးတိုင်များမှာ အင်တာနက်ဆက်သွယ်မှု ကွန်ယက်အတွက် လိုင်းများသွယ်တန်းနေကြောင်းသိရ၍ ကျွန်တော်မှမြို့နယ်အုပ်ချုပ်ရေးမှူး           မှတစ်ဆင့် စုံစမ်းမေးမြန်းခဲ့ပါတယ်။ ထိုသို့မေးမြန်းမှုအပေါ် လမ်းမတော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဖြေကြားရာမှာ(၂၃.၂.၂ဝ၁၇)ရက်နေ့ ၁ဝး၃ဝနာရီ အချိန်ခန့်၌ ပြညောမေ သြအေ ဏနည ွှနူနခသည ကုမ္ပဏီလီမိတက်မှ အင်တာနက် ဆက်သွယ်ရေးကွန်ရက်အတွက် လျှပ်စစ်ဓါတ်မီးတိုင်များပေါ်တွင် ဆက်သွယ်ရေး င်္ငဘနမ ဃဘေူန များကိုသွယ်တန်းနေကြောင်းကို သတင်းရ၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများ သွားရောက် ကြည့်ရှုစစ်ဆေးကာကုမ္ပဏီမှ ဝန်ထမ်းများကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ခေါ်ယူပြီး တွေ့ဆုံ ခဲ့ကြောင်း၊ ကုမ္ပဏီမန်နေဂျာမှ ခွင့်ပြုချက်နှင့်ဆောင်ရွက်ရခြင်းကိုမသိ၍ ယခုကဲ့သို့ ဆောင်ရွက် မိကြောင်း တင်ပြသဖြင့် လုပ်ငန်းအား ရပ်ဆိုင်းထားကြောင်း၊ ဏြွှ ကုမ္ပဏီလီမိတက်မှ လုပ်ငန်း ဆောင်ရွက်ခွင့်ပြုပါရန်အတွက် (၂၄.၂.၂ဝ၁၇)ရက်နေ့တွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ တင်ပြလာ၍ မြို့နယ်လျှပ်စစ်ရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့တင်ပြထားကြောင်း၊ ဏြွှ ကုမ္ပဏီလီမိတက်မှ ဗဟိုစည်အိမ်ရာကော်မတီဥက္ကဋ္ဌတို့အား အထက်ဌာန၏ခွင့်ပြုချက်ရရှိမှသာ င်္ငဘနမ ဃဘေူန ကြိုးများသွယ်တန်းမှုကို ဆက်လက်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း အကြောင်း ပြန်ကြားလာပြီး လမ်းမတော်မြို့နယ်၊ ဗဟိုစည်အိမ်ရာ အမှတ်(၁ဝ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ၊ ကုမ္ပဏီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားတင်ပြထားမှုမရှိကြောင်း ပြန်ကြားလာ ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဌကြီးခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့အစီအစဉ် (၁၈.၁ဝ.၂ဝ၁၆) အင်္ဂါနေ့မှာ လမ်းမတော်မြို့နယ်၊ တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာမှ လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းမှ ကြိုးများနှင့် ဆက်သွယ်ရေးမှကြိုးများ ရှုပ်ထွေးနေ၍ ခွဲခြားရခက်ခဲသောကြောင့် မည်သို့ဖြေရှင်းပေးမည်ကိုသိလိုပါကြောင်းမေးမြန်းချက်ကို လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှဖြေကြားရာမှာ လျှပ်စစ်ဓါတ်အားပေးတဲ့ တိုင်တွေမှာ ဆက်သွယ်ရေးကြိုးတွေ လာရောက်တပ်ဆင်ခြင်းမပြုဖို့ကိစ္စမှာ ဌာနပေါင်းစုံပေါင်းစပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဆက်သွယ်ရေးတိုင်နှင့်လျှပ်စစ်ဓါတ်အားတိုင်တွေကို သီးခြား စီခွဲထုတ်ဖို့ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ (၁၈.၁ဝ.၂ဝ၁၆) ရက်နေ့မှာ ဝန်ကြီးက ဆက်သွယ်ရေးတိုင်နဲ့ လျှပ်စစ်ဓါတ်အားတိုင်တွေကို သီးခြားစီခွဲထုတ်ဖို့စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြေကြားခဲ့သော်လည်း လက်တွေ့မြေပြင်မှာလျှပ်စစ်ဓါတ်အားများ သွယ်တန်းထားသော ဓါတ်မီးတိုင်များမှာ ခွင့်ပြုချက်မဲ့ ှုညအနမညနအ င်္ငဘနမ ဃဘေူန များ သွယ်တန်းနေပြီး ၄င်းတို့အပေါ်သက်ဆိုင်ရာမှစိစစ် အရေးယူဆောင်ရွက်မှုအားနည်းနေကြောင်းတွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါမေးခွန်းကို မေးမြန်းအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေး ှုညအနမညနအ င်္ငဘနမ ဃဘေူန ကြိုးများသွယ်တန်းခြင်းကို စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ။ လျှပ်စစ်ဓါတ်အားလိုင်းများ သွယ်တန်းထားသော လျှပ်စစ်ဓါတ်မီးတိုင်များတွင် ခွင့်ပြုချက်မဲ့ ှုညအနမညနအ င်္ငဘနမ ဃဘေူန ကြိုးများ သွယ်တန်းနေခြင်း      အပေါ်ဥပဒေအရ စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးကျော်ထွန်း၏ မေးခွန်းကိုဖြေကြားရာမှာ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် နိုင်ငံတော်သမ္မတရုံးနှင့်ပြည်ထောင်စုဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ရန်ကုန် လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဓါတ်တိုင်များပေါ်တွင် င်္ငဘနမ ဥစအငခ ဃဘေူန နှင့်ဆက်စပ်သည့် ဆက်သွယ်ရေးကိရိယာများ တပ်ဆင်ချိတ်ဆွဲခွင့်တို့ကို ွူသဘေူ ွှနခ့ညသူသါပ ဃသာစညေပ၊ ပြညောမေ ှုည်သမာအေငသည ံငါ့တပေ ဃသာစညေပ၊ ရွှေသံလွင်ကုမ္ပဏီတို့ဖြင့် လည်းကောင်း၊ ျွှင်င   ချိတ်ဆက်မှုကိရိယာများကိုတပ်ဆင်ချိတ်ဆွဲခွင့်ကို င်္မနညိနပမေ ဃသာစညေပ၊ ံသမငဖသည ွှနူနခသည ှုညအနမညအေငသညေူ ဃသာစညေပ တို့ဖြင့် ၂ဝ၁၄-၂ဝ၁၆ ခုနှစ်များကို စာချုပ်ချုပ်ဆို ခွင့်ပြုခဲ့ပါတယ်။ ထိုကဲ့သို့ င်္ငဘနမ ဃဘေူန နှင့် ျွှင်င ကိရိယာများ ချိတ်ဆက်ရာတွင် လက်ရှိဓါတ်အား ဖြန့်ဖြူးမှုစနစ်အား မထိခိုက်စေရန်နှင့် ရှုပ်ထွေးမှုမရှိစေရန် ဓါတ်တိုင်တစ်တိုင်တွင် သွယ်တန်းရမည် ဃဘေူနအရေအတွက်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်ထားရှိရမည့်အမြင့်သတ်မှတ်ချက်များ စာချုပ်တွင် အသေးစိတ်ဖော်ပြခဲ့ပါတယ်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှလည်း ြအေငသည ျွှ့ငအန ွှနူနခသာာကညငခအေငသည လိုင်စင်ရ ဥစနမအေသမ များ ကွန်ယက်အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အထူးနှင့်သာမန်လိုင်စင်ရ ကုမ္ပဏီ(၈၁) ခုကို ဆက်သွယ်ရေးအခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် ဆက်သွယ်ရေးဥပဒေအခန်း ၁၃၊ ပုဒ်မ ၄၁အရ သက်ဆိုင်ရာမြေနှင့်အဆောက်အဦပိုင်ရှင် (သို့မဟုတ်) ယင်းမြေ နှင့်အဆောက်အဦ ျွငါ့အ သ် ျွှပေ ကို စီမံခန့်ခွဲခွင့်ရှိသူနှင့်ညှိနှိုင်း၍ ကာလသတ်မှတ်ချက်တွင် ပါဝင်သော နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသည့်နေရာတွင် ဆောင်ရွက်နိုင်စေဖို့ပါရှိတဲ့အတွက် သက်ဆိုင်ရာမြေနှင့်အဆောက်အဦ ျွငါ့အ သ် ျွှပေ ကိုစီမံခန့်ခွဲခွင့်ရှိသူတို့နှင့်ညှိနှိုင်းဆောင်ရွက်ရန်၊ ထုတ်ပြန်ထားရှိပြီးဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်သွားရန် အကြောင်းကြား ထားပြီးဖြစ်ပါတယ်။ သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်ဓါတ်တိုင်များပေါ်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသလိုပဲ ကုမ္ပဏီဌာနများမှခွင့်ပြုချက်မရှိပဲ င်္ငဘနမ ဃဘေူန ကြိုး ဆက်သွယ်ရေးကိရိယာများ ချိတ်ဆွဲထားရှိတာကို စစ်ဆေးတွေ့ရှိရပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးလမ်းညွှန်မှုခံယူကာ ခွင့်ပြုချက် မရှိပဲချိတ်ဆွဲထားပါက အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြား ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းပိုင် လျှပ်စစ်ဓါတ်တိုင်များ ပေါ်တွင် ခွင့်ပြုချက်မရှိပဲ င်္ငဘနမ ဃဘေူနကြိုးများနှင့် ဆက်သွယ်ရေးစက်ပစ္စည်းကိရိယာများ တပ်ဆင် ချိတ်ဆွဲထားပြီး ကုမ္ပဏီဌာန(၅)ခုအား အမြန်ဆုံးဖယ်ရှားရှင်းလင်းပေးသွားရန်နှင့် ဖယ်ရှား ရှင်းလင်းခြင်းမပြုပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြား ခဲ့ပါတယ်။ ကုမ္ပဏီဌာနများမှလည်း ဖယ်ရှားရှင်းလင်းပေးသွားမည်ဖြစ်ပါကြောင်း၊ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါကြောင်းနှင့် တစ်ချို့ကုမ္ပဏီများမှ ဖယ်ရှားရှင်းလင်းမှုများ စတင်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။ လေးစားပါတယ်ရှင်။

သန်လျင်မြို့နယ်အတွင်းရှိ ကံလှကျေးရွာ၊ စိကုန်းကျေးရွာနှင့်ပြည်တော်သာကျေးရွာ များအား ၂ဝဝ ုဠဗ ွှမညျေ်သမာနမ တစ်လုံးစီနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေးနိုင် ခြင်းရှိ/မရှိကို သိရှိလိုပါသည် တပ်ဆင်ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးပါမည်နည်း မဆောင်ရွက်ပေးနိုင်ပါက မည်သည့်အတွက်ကြောင့်

ဖြစ်သည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၄

ဥက္ကဋ္ဌ။          ။ သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးအောင်နိုင်ထွန်း၊ သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များနှင့်ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း ပဲဖြစ်ပါတယ်။ လေးစားရတဲ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့သန်လျင်မြို့နယ်မှာ         ၂ဝ၁၄-၂ဝ၁၅ခုနှစ်က ကျေးရွာများမီးလင်းနိုင်ရေးအတွက် စီမံကိန်းနှင့်ဓါတ်အားပေးရုံတစ်ခု တည်ဆောက်ပြီးတော့ ၁၁ုဠဗ နထအနညျငသည လိုင်းများကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ကျေးရွာများ ကလည်းပဲ မီးလင်းရေးကော်မတီများဖွဲ့စည်းပြီးတော့ ကျေးရွာများအလိုက် ွှမညျေ်သမာနမ များ တပ်ဆင်ပြီး ၂ဝဝ ဗို့အားလိုင်းများကို ကိုယ်ထူကိုယ်ထမီးလင်းနိုင်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့ ကြပါတယ်။ သို့သော်လည်း အချို့ရွာခွဲလေးများကတော့ ဒီကုန်ကျစရိတ်များကို မတတ်နိုင်တဲ့အတွက် ယခုအချိန်အထိမီးလင်းရေးအတွက် မဆောင်ရွက်နိုင်သေးတဲ့ အခြေအနေကို တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာကိုမေးမြန်းလိုတာကတော့ (၁) သန်လျင်မြို့နယ် အတွင်းရှိ ကံလှကျေးရွာ၊ စိကုန်းကျေးရွာနှင့်ပြည်တော်သာကျေးရွာများအား ၂ဝဝ ုဠဗ ွှမညျေ်သမာနမ တစ်လုံးစီနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ပေးနိုင်ခြင်း ရှိ/မရှိ ကိုသိရှိလိုပါတယ်။ တပ်ဆင်ပေးမည် ဆိုပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးနိုင်မည် မဆောင်ရွက်ပေးနိုင်ပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။            ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နီလာကျော်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး။     ။လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အားလုံးမင်္ဂလာပါရှင်။ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ထွန်း၏မေးခွန်းကိုဖြေကြားရာမှာ သန်လျင်မြို့နယ် ဒေးစပ် ကျေးရွာအုပ်စု၊ ကံလှကျေးရွာနဲ့ ကတက်ဖျာကျေးရွာအုပ်စု၊ စိကုန်းကျေးရွာတို့တွင် ကိုယ့်အား          ကိုယ်ကိုးကျေးရွာမီးလင်းရေးအစီအစဉ်ဖြင့် လျှပ်စစ်ဓါတ်အားရရှိရေးအတွက် ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေးရှင်းသို့ လျှောက်ထားခဲ့ရာ (၁.၉.၂ဝ၁၆) ရက်နေ့တွင် ကံလှကျေးရွာ ကိုလည်းကောင်း၊ (၂.၁၂.၂ဝ၁၆)ရက်နေ့တွင် ပြည်တော်သာကျေးရွာကိုလည်းကောင်း ခွင့်ပြုပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ သန်လျင်မြို့နယ်၊ ကတက်ဖျာကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာတွင် အိမ်ထောင်စုပေါင်း(၂ဝဝ)စုခန့်ရှိပြီး လျှပ်စစ်ဓါတ်အားရရှိရေးအတွက် (၆.၆)ုဠ ဓါတ်အားလိုင်း(၅ဝ)ပေခန့် (၁၁)၆.၆/ဝ.၄ ုဠ (၂ဝဝ) ုဠဗ ွှမညျေ်သမာနမ တစ်လုံး၊ ကျေးရွာအတွင်း ဓါတ်အားဖြန့်ဖြူးရန်အတွက် (ဝ.၄) ုဠ ဓါတ်အားလိုင်း(၁.၅)မိုင်က တည်ဆောက်၍ ဓါတ်အား ယူမည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ သန်လျင်မြို့နယ် ကတက်ဖျာကျေးရွာအုပ်စု၊ ပြည်တော်သာ ကျေးရွာသည် လက်ရှိဓါတ်အားလိုင်းနှင့် (၅ဝ)ပေခန့်သာကွာဝေးသဖြင့် ကမ္ဘာဘဏ်ချေးငွေနှင့်   ဆောင်ရွက်မည့် နြဏ ၏ပထမအဆင့်နှင့် ထည့်သွင်းပေးသွားမည်ဖြစ်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်တော်သာကျေးရွာ ဓါတ်အားစနစ်မှလျှပ်စစ်ဓါတ်အားရရှိရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါတယ်။ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံချက် ြအေငသညေူ နူနခအမင်ငခအေငသည ဏူညေ ဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် ီံ ဓါတ်အားလိုင်းနှငွှ့်မညျေ်သမာနမ များကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ့နှဃ မှဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျေးရွာအတွင်းဓါတ်အား ဖြန့်ဖြူးရန်အတွက် ဝ.၄ ုဠ ဓါတ်အားလိုင်းများ ကျေးရွာများမှကိုယ့်အားကိုယ်ကိုးဆောင်ရွက် ရမည်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်မတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျေးရွာများအားလုံးမီးလင်းရေး အတွက် လျှပ်စစ်ဓါတ်အားရရှိရေးအတွက်ကို စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများမှတစ်ဆင့် မိမိတို့မြို့နယ်များမှာ လိုအပ်နေတဲ့နေရာများကို စာရင်းရယူ တောင်းခံထားပါတယ်။ စာရင်းတင်သွင်းပေးဖို့ ရယူတောင်းခံထားပါတယ်။ ထိုစာရင်းများအပေါ်မှာ ဦးစားပေး အစီအစဉ်များနှင့် အဆင့်လိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ဖြေကြား           အပ်ပါတယ်။ လေးစားပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၏ အဓိကအရေးပါလျက်ရှိသော ကိုယ်ပိုင်ကျောင်းများနှင့်ကိုယ်ပိုင်သင်တန်းများတွင် တာဝန်ထမ်းဆောင်သင်ကြား ပေးမည့် ဘာသာရပ်ဆိုင်ရာအရည်အသွေးမြင့်ဆရာ၊ ဆရာမများ ထွက်ပေါ်လာစေရေး အတွက် ပညာရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၁၂ အရ ထုတ်ပြန် ထားသော ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေများ အခန်း(၃) နည်းဥပဒေ ၈(ခ)နှင့် အခန်း(၅) နည်းဥပဒေ ၁၄(ဃ)(င)တို့နှင့်အညီ ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ /မရှိ သိရှိလိုပါကြောင်း၊ အစီအစဉ်ရှိပါကလာမည့် စာသင်နှစ်အမီ ဖွင့်လှစ်                                   ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ ကိုသိရှိလိုပါကြောင်း

အချိန်။ ၁၁ဝ၉

ဥက္ကဋ္ဌ။          ။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးနေနိုင်ဦး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ အားလုံးပဲ မင်္ဂလာပါ ခင်ဗျား။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂ဝ၁၂-၂ဝ၁၃ခု ပညာသင်နှစ်မှစ၍ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေအရ ကိုယ်ပိုင်ကျောင်းများကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ကိုယ်ပိုင်ကျောင်းများတွင်ပညာသင်ကြားမည့်ဆရာ၊ ဆရာမများကိုလည်း ကိုယ်ပိုင်ကျောင်းဆရာ လိုင်စင်များချထားပေးကာ ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြား ခွင့်ပြုခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂ဝ၁၂)အရ ထုတ်ပြန် ထားသော ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်းဥပဒေအရ အခန်း(၃) နည်းဥပဒေ ၈၊ နည်းဥပဒေခွဲ(ခ) တွင် ပညာရေးဘွဲ့ကိုသော်လည်းကောင်း၊ သင်ကြားမည့်ဘာသာရပ်နှင့်ကိုက်ညီသည့် ဘာသာရပ် ကိုသော်လည်းကောင်း၊ ဘွဲ့အပြင်သင်ကြားမှုအဆင့်နှင့်ကိုက်ညီသောဆရာအတတ်ပညာ ီငစူသော (သို့မဟုတ်)ဆရာအတတ်သင်ပညာရေးလက်မှတ် (သို့မဟုတ်) ဆရာအတတ်ပညာရက်တို သင်တန်းဆင်းလက်မှတ်ကိုသော်လည်းကောင်းရရှိပါက မူလတန်းအဆင့်(သို့မဟုတ်) အလယ်တန်း အဆင့်အတွက် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်လျောက်ထားနိုင်ကြောင်း ဖော်ပြပါ ရှိထားပါတယ်။ ထို့အပြင် အခန်း(၅)၊ နည်းဥပဒေ ၁၄၊ နည်းဥပဒေခွဲ(ဃ)တွင် ကိုယ်ပိုင် ကျောင်းဆရာအဖြစ် လုပ်ပိုင်ခွင့်များအနက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီမှုများရှိသဖြင့် ဆရာအတတ််ပညာရက်တိုသင်တန်း တက်ရောက်လိုကြောင်းတင်ပြလာပါက ညွှန်ကြားရေးမှူးချုပ် မှတစ်ဆင့်ပညာရေးဝန်ကြီးဌာနကို တင်ပြရမည်ဟုဖော်ပြပါရှိထားပါတယ်။ နည်းဥပဒေခွဲ(င)တွင် နည်းဥပဒေခွဲ(ဃ)အရ ရက်တိုသင်တန်းတက်ရောက်လိုသူများကိုစိစစ်၍ ပညာရေးဝန်ကြီးဌာနမှ ဆရာအတတ်ပညာရက်တိုသင်တန်းဖွင့်လှစ်ရန် သတ်မှတ်ထားသည့်ပညာရေးတက္ကသိုလ် (သို့မဟုတ်) ပညာရေးကောလိပ်သို့ အချိန်မီစေလွှတ်ပေးရမည်လို့လည်း ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာ ၂ဝ၁၂ခုနှစ်ခန့်က အ.ထ.က(၂)စမ်းချောင်းတွင် ဆရာအတတ်ပညာ ရက်တိုသင်တန်း(၁)ကြိမ်သာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ယခုအခါသင်တန်းများဖွင့်လှစ်ပေးခြင်း မရှိတော့တဲ့အတွက် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းဆရာ လျှောက်ထားမည့်ဆရာ၊ ဆရာမများ အတွက် အခက်အခဲများစွာ တွေ့ကြုံနေရပါတယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌကြီး မှတစ်ဆင့် အောက်ဖော်ပြပါကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ (၁) ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၏ အဓိကအရေးပါလျက်ရှိသော ကိုယ်ပိုင်ကျောင်း များနှင့် ကိုယ်ပိုင်သင်တန်းများတွင် တာဝန်ထမ်းဆောင်သင်ကြားပေးမည့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြင့် ဆရာ၊ ဆရာမများထွက်ပေါ်လာစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၁၂အရထုတ်ပြန်ထားသော ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်         နည်းဥပဒေများ အခန်း(၃) နည်းဥပဒေ ၈ ၊ နည်းဥပဒေခွဲ(ခ)နှင့် အခန်း(၅) နည်းဥပဒေ ၁၄ ၊ နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေခွဲ (င) တို့နှင့်အညီ ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ / မရှိ သိရှိလိုပါကြောင်း၊ (၂) အစီအစဉ်ရှိပါက လာမည့်စာသင်နှစ်အမီ ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ ကိုသိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမင်္ဂလာပါ။ ပညာရေးဝန်ကြီးဌာနရဲ့ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်နည်းဥပဒေများ အခန်း(၃)၊ နည်းဥပဒေ၈(ခ)တွင် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ခွင့်ရှိသူ၌ ရှိရမယ့်အရည်အချင်းသတ်မှတ်ချက်ဖြစ်ပါတယ်။ အခန်း(၅) နည်းဥပဒေ ၁၄(ဃ)၌ ကိုယ်ပိုင်ကျောင်းဆရာအဖြစ်လုပ်ကိုင်လိုသူများအနက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှုမရှိသဖြင့် ဆရာအတတ်ပညာရက်တိုသင်တန်းတက်ရောက်ဖို့ တင်ပြ လာပါက ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် ပညာရေးဝန်ကြီးဌာနသို့တင်ပြရမည်ဟုပါရြှိပီး နည်းဥပဒေ   ၁၄(င) ၌ နည်းဥပဒေခွဲ(ဃ)အရ သင်တန်းတက်ရောက်လိုသူများကိုစိစစ်၍ ပညာရေးဝန်ကြီးဌာနက ဆရာအတတ်သင်ပညာရက်တိုသင်တန်းဖွင့်လှစ်ရန် သတ်မှတ်သည့် ပညာရေးတက္ကသိုလ်(သို့မဟုတ််) ပညာရေးကောလိပ်သို့ အချိန်မီစေလွှတ်ပေးရမည်ဟုပါရှိသော်လည်း အခြေခံပညာရေးဦးစီးဌာန၏ သင်တန်းမပေးရသေးသော ဆရာ၊ ဆရာမများကို တစ်နှစ်ပတ်လုံးသင်တန်းများပေးနေရပြီး သင်တန်းပေးရန်ကျန်ရှိသော ဆရာ၊ ဆရာမများ များစွာကျန်ရှိနေပါသဖြင့် ပြင်ပမှဆရာ၊ ဆရာမများ ကိုယ်ပိုင်ကျောင်းဆရာ၊ ဆရာမများအား လတ်တလောသင်တန်းပေးရန်အစီအစဉ်မရှိသေးပါကြောင်း လေးစားစွာပြန်လည်ဖြေကြားပါတယ်။ ဒါပေမဲ့ ွု သင်ရိုးသစ်သင်တန်းများတွင် ကိုယ်ပိုင်ကျောင်း များမှမူလတန်းအဆင့် သင်ဆရာများကိုသင်တန်းပို့ချမှုတွင် တက်ရောက်စေသကဲ့သို့ ၂ဝ၁၇-၂ဝ၁၈ ခု ပညာသင်နှစ်တွင်စတင်မည့် ွမေိန-၁ သင်ရိုးသစ်သင်တန်းသို့လည်း ကိုယ်ပိုင်ကျောင်းများမှ မူလတန်းအဆင့် သင်ဆရာများတက်ရောက်ရမည်ကိုလည်း လေးစားစွာဖြေကြားအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီးပြည်နယ်လွှတ်တော် ဆိုင်ရာနည်းဥပဒေ အခန်း(၁၁) ပုဒ်မ ၉၄ ၌ လွှတ်တော်အစည်းအဝေးများတွင် ပထမ(၁)နာရီ သည်မေးခွန်းများမေးမြန်းဖြေကြားရန်ဖြစ်သည်ဟုဖော်ပြထားပါတယ်။ ဒါကြောင့်မို့လို့ မေးမြန်း ဖြေကြားခြင်းကို (၁)နာရီကျော်သွားတဲ့အတွက်ကြောင့် ဒီမေးခွန်းများကိုပြီးဆုံးအောင် ဆက်လက် ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ဆောင်ရွက်ပါမယ်။

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်ပြင်ပဒေသရှိ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ရန်အတွက် ဆရာ၊ ဆရာမများအားအလုပ်ခန့်အပ်ရာတွင် ဦးစားပေး အစီအစဉ် အနေဖြင့် ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါသည်၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်မရှိသေးပါက မည်သည့်                                    အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုပါကြောင်း

အချိန်။ ၁၁၁၄

ဥက္ကဋ္ဌ။          ။ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးနေနိုင်ဦး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ အားလုံးပဲ မင်္ဂလာပါ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးသည် မြို့နယ်ပေါင်း (၄၅) မြို့နယ်နှင့်ဖွဲ့စည်းထားပြီးတော့ စည်ပင်သာယာနယ်နိမိတ်အတွင်း(၃၃)မြို့နယ် စည်ပင်သာယာနယ်နိမိတ်ပြင်ပ(၁၂)မြို့နယ်တည်ရှိပါတယ်။ စည်ပင်သာယာနယ်နိမိတ်ပြင်ပ (၁၂) မြို့နယ်မှာ အများအားဖြင့် တောမြို့များဖြစ်ပြီးတော့ ဧရိယာအားဖြင့်အလွန်ကျယ်ဝန်းစွာလည်း တည်ရှိပါတယ်။ မြို့တိုင်းမြို့တိုင်းဟာ ကျေးရွာများဖြင့်ဖွဲ့စည်းထားပြီး ကျေးလက်ဒေသများသည် အများအားဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနိုင်ပါတယ်။ ရေလမ်း၊ ရွံ့နွံလမ်း၊ တောလမ်း၊ ဖုံလမ်းများဖြင့် သွားရလာရခက်ခဲသောဒေသများလည်းဖြစ်ပါတယ်။ အဆိုပါဒေသများသည် အလွန် ဝေးလံပြီး ပညာရေးဝန်ထမ်းဆရာ၊ ဆရာမများအနေဖြင့်အခက်အခဲများ၊ ဒုက္ခများစွာဖြင့်သွားရောက် ပညာသင်ပို့ချနေရမှုများလည်းရှိနေရပါတယ်။ အချို့သောဆရာ၊ ဆရာမများသည် တောရွာများကို တာဝန်ကျပြီးနောက် လမ်းပန်းဆက်သွယ်မှုခက်ခဲမှုများကြောင့် အလုပ်မဝင်တော့သည့် ဆရာ၊ ဆရာမများလည်း ရှိနေပါတယ်။ အဆိုပါတောရွာများရှိကျောင်းများတွင် ဆရာ၊ ဆရာမအင်အား       မပြည့်မစုံဖြင့််ပညာသင်ကြားနေသည်များကိုလည်း ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းတဲ့အခါတိုင်းမှာ တွေ့မြင်နေရပါတယ်။ အဆိုပါဒေသများရှိ ကလေးသူငယ်များအတွက် စိတ်မချမ်းမသာလည်းဖြစ်နေရပါတယ်။ အဲဒါကြောင့်လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းလိုတာ ကတော့ (၁) ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်ပြင်ပဒေသရှိ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ရန်အတွက် ဆရာ၊ ဆရာမများအားအလုပ်ခန့်အပ်ရာတွင် ဦးစားပေးအစီအစဉ် အနေဖြင့်ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။ (၂)အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုပြီး အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုသိရှိလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးမင်္ဂလာပါ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆရာတတ်ပညာ သင်တန်းဆင်းဆရာ၊ဆရာမများအား အလုပ်ခန့်ထားရာတွင် စည်ပင်သာယာနယ်နိမိတ်ပြင်ပ မြို့နယ်များမှသင်တန်းဆင်းများအား မြို့နယ်တစ်မြို့နယ်ချင်းစီအလိုက် ရမှတ်အနည်းအများအရ သီးခြားတန်းစီ၍ အောက်ပါအတိုင်းအလုပ်ခန့်ထားပေးလျက်ရှိပါတယ်။ (က) ရွာဇာတိခံများအား ဦးစားပေးခန့်ထားရန်၊ (ခ) လိပ်စာအရအနီးဆုံးဆရာလိုအပ်သောကျောင်းသို့ခန့်ထားရန်၊ (ဂ) မြို့နယ်အတွင်းဆရာလိုအပ်ချက်ထက်ပိုနေသော ဒေသခံသင်တန်းဆင်း ဆရာ/ဆရာမများအား အနီးဆုံးပတ်ဝန်းကျင်မြို့နယ်များသို့ ခန့်ထားပေးရန်ဖြစ်ပါတယ်။ အလားတူ ၂ဝ၁၆-၂ဝ၁၇ခု ပညာသင်နှစ် တွင် မူလတန်းပြဆရာလိုအပ်ချက်အရ နေ့စားလပေးမူလတန်းပြ (၄၈၁)ဦးခန့်ထားခဲ့ရာ စည်ပင် ပြင်ပမြို့နယ်တစ်မြို့နယ်စီရှိ ဆရာလိုအပ်ချက်၏ (၅ဝ)ရာခိုင်နှုန်းကို ရေးဖြေ၊ နှုတ်ဖြေရမှတ် တန်းစီဇယားအရ ဆန္ဒပြုကိုက်ညီသူများကိုလည်းကောင်း၊ ကျန်(၅ဝ)ရာခိုင်နှုန်းကို ဒေသခံများထဲမှ ရမှတ်တန်းစီဇယားထဲမှ ခန့်ထားပေးခြင်းဖြင့်လည်းကောင်း ဒေသခံများအား ဦးစားပေးခန့်ထား လျက်ရှိကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ နားမကြားသောကလေးများကျောင်းတွင် ကျောင်းသား (၁)ဦးအတွက် တစ်နေ့ထောက်ပံ့ငွေ ၄၃၂ ကျပ် ၁ဝ ပြား သတ်မှတ်ထားမှုကို တိုးမြှင့် ထောက်ပံ့ရန် အစီအစဉ်ရှိ /မရှိ ၊ တိုးမြှင့်မထောက်ပံ့နိုင်ပါက မည်သည့်အတွက်ကြောင့်                                                ဖြစ်သည်ကိုသိရှိလိုပါကြောင်း

အချိန်။ ၁၁၁၇

ဥက္ကဋ္ဌ။          ။ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးလှသိန်း၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ လေးစားရပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ လေ့လာသူ အပေါင်းတို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ နားမကြားကျောင်းတွင် ကျောင်းသား တစ်ယောက်တစ်နေ့စာအတွက် (၄၃၂)ကျပ် (၁ဝ)ပြားသာ နိုင်ငံတော်ကထောက်ပံံနေသဖြင့် တိုးမြှင့်ထောက်ပံ့နိုင်ရန် ကြယ်ပွင့့်ပြမေးခွန်းအဖြစ်မေးရခြင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ အမှတ်(၃၄) ငွ်္ တွင်        နားမကြား ရသောကလေးကျောင်းများဖွင့်လှစ်ထားရာ အကျယ်အဝန်းမှာ (ဝ.၆၄)ဧကကျယ်ပြီး ကျောင်းမှာ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပါတယ်။ ကျောင်းသူ/ကျောင်းသား ပေါင်း (၁ဝ၄)ဦးရှိပြီး ကျား(၅၇)ဦး၊ မ(၄၇)ဦး ကျောင်းဆောင်နေ ကျောင်းသား(၆၄)ဦးနှင့် ပြင်ပ(၄ဝ)ဦးရှိပါတယ်။ ကျောင်းရဲ့ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ နားမကြားသောကလေးများအား ကာယ၊ ဥာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးစေရန်၊ နားမကြားသောကလေးများအား ဥာဏ်ရည်နှင့်ဝါသနာပေါ်မူတည်၍ ကျောင်းတွင်း ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးရန်၊ လူမှုဘဝဝန်းကျင်တွင် လိုက်လျောညီထွေနေထိုင်ဆက်ဆံတတ်ရန်၊   သင်ကြားတတ်မြောက်ထားသော ပညာရပ်များနှင့် မိမိဘဝရပ်တည် ထူထောင်နိုင်ပြီး အခြားသူများအပေါ် မှီခိုစိတ်လျော့နည်းစေရန်၊ အခြေခံ ကျောင်းများသို့ တက်ရောက်နိုင်သော ကလေးများအား ပညာဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက် ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အလွန်ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် အမြော်အမြင်ကြီးစွာ နားမကြားကျောင်းကို ဖွင့်လှစ်ထားခြင်းသည် နားမကြားသော ကလေးများရဲ့အနာဂတ် ဘဝလမ်းကြောင်းအတွက် မှီခိုအားထားတဲ့ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတစ်ကာဆွံ့အနားမကြား ကျောင်းသူ/ကျောင်းသားများ အတွက် တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်ပေးသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း တန်းတူ အခွင့်အရေးမျိုးရရှိနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖော်ပြထားတာကိုသိရပါတယ်။ နားမကြားသော ကလေးများသည် နားအာရုံအစိတ်အပိုင်း ချို့ယွင်းသူများဖြစ်ပါသည်။ နေ့စဉ် စားသုံးနေသော အာဟာရပိုင်းမှာ ပြည့်စုံလုံလောက်ရန် အထူးအရေးကြီးပါတယ်။ ယခုအခါမှာ ကျောင်းသား တစ်ယောက်ကို တစ်နေ့စာအတွက် ထောက်ပံ့ငွေ (၄၃၂) ကျပ်နဲ့ (၁ဝ)ပြားသာလျှင်ဖြစ်လို့ ဘယ်လိုမှ အာဟာရ မဖြစ်နိုင်ပါဘူး။ နံနက်စာ၊ နေ့လည်စာ၊ ညစာ သုံးနပ်စာဖြစ်နေ၍ ကာလပေါက်ဈေးနှင့် တွက်ကြည့်ရင်လည်း မလုံလောက်နိုင်သလို အာဟာရလည်း မဖြစ်နိုင်ပါဘူး။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နားအာရုံချို့ယွင်းနေတဲ့ ကလေးများကို ထပ်မံ၍အာဟာရချို့တဲ့သော ကလေးများအဖြစ် အဖြစ်မခံစေလိုတော့ပါ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နားမကြားကျောင်းမှာရှိတဲ့ကလေးများကို သွားရောက် တွေ့ဆုံစဉ်က ကလေးများစားသောက်        နေရသည်မှာ များစွာမှစိတ်မချမ်းမြေ့ဖြစ်ရပါတယ်။ ဒါကြောင့်မို့လို့ မြို့နယ်မှာ အလှူရှင်များနဲ့ ကျောင်းကို ထမင်းသွားကျွေးသည်မှာ (၆)ကြိမ်မြောက်ရှိခဲ့ပါပြီ အစားအသောက် ကောင်းကောင်းစားရသဖြင့် ကလေးများပျော်ရွှင်နေသည်မှာ အလှူရှင်များပီတိဖြစ်ရပါတယ်။ တာမွေမြို့နယ်အနေနှင့်လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်ပြီး (၂၆.၃.၂ဝ၁၇)ရက်နေ့တွင် ရပ်ကွက်(၂ဝ)ကျော်မှ ဈေးရောင်း ပွဲတော်မှအမြတ်ငွေ၊ ဌာနဆိုင်ရာနှင့်အလှူရှင်များမှ လှူသောငွေနှင့် စုစုပေါင်း သိန်း(၉ဝ)ကျော် ပဒေသာပင်ကို နားမကြားကျောင်းအတွက် စိုက်ထူနိုင်ခဲ့ပါပြီ။ နှစ်စဉ်ထောက်ပံ့နိုင်ရန်ကိုလည်း ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နားမကြားသော ကလေးများအတွက် နိုင်ငံတော်မှ နိုင်ငံတကာအခွင့်အရေးများနှင့်အညီ ရစေရမည်ဟု သဘောထား ရှိပြီးဖြစ်ပါတယ်။ နားမကြားသောကလေးများ၏ ဘဝရှေ့ရေး၊ ကလေးများ၏ အနာဂတ်၊ ကလေးများ၏ စိတ်ဓါတ်နှင့် မိမိကိုယ်မိမိ အားကိုးနိုင်သော (၄၃၂)ကျပ် (၁ဝ)ပြားသာ ထောက်ပံ့        နေသဖြင့် ပိုမိုထောက်ပံ့နိုင်ရန် အစီအစဉ်ရှိ/မရှိ၊ အကယ်၍ တိုးမြှင့်မထောက်ပံ့နိုင်ပါက

မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိလိုပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဦးနိုင်ငံလင်း၊ လူမှုရေးဝန်ကြီး။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးမင်္ဂလာပါ။ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြိီးအတွင်းမှာ ကျွန်တော်တို့ နားမကြားသောကလေးများကျောင်းအပြင် တစ်ခြားလူမှုကူညီရေးနှင့်သင်တန်းကျောင်း တွေအားလုံးပေါင်းဆိုလို့ရှိရင် (၁၄)ကျောင်းလောက်ရှိပါတယ်။ အဲဒီကျောင်းတွေကတော့ ကျွန်တော် တို့ကျိုက်ဝိုင်းမှာဆိုရင် လူငယ်သင်တန်းကျောင်းရှိပါတယ်။ သန်လျင်မှာလူငယ်သင်တန်းကျောင်းပါပဲ ကော့မှူးငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးသင်တန်းကျောင်းထောက်ကြန့်၊ အမျိုးသမီးကလေးသင်တန်းကျောင်း မလိခ၊ မရမ်းကုန်းတို့ရှိပါတယ်။ နောက်ပြီးတော့ အမျိုးသမီး ကျောင်း(၃)ကျောင်းဖြစ်တဲ့ အမျိုးသမီးအသက်မွေးအတတ်ပညာသင်တန်းကျောင်း၊ နတ်မောက်လမ်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန အင်းလျား၊ အမျိုးသမီးစောင့်ရှောက်ရေးဌာန တွံံတေး(၃)ခု ရှိပါတယ်။ နောက်ပြီးတော့ ကလေးပြုစုရေးဌာန ရွှေဂုံတိုင်(၁)ခုရှိပါတယ်။ နောက်တစ်ခုကတော့ မသန်စွမ်း ကျောင်း(၅)ကျောင်းဖြစ်တဲ့ နားမကြားသောကလေးများကျောင်း တာမွေ၊ ကြည့်မြင်တိုင်၊ မျက်မမြင်        ကျောင်း၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း ကျိုက်ဝိုင်း၊ မသန်စွမ်းသူနာပြုစောင့်ရှောက်ရေးဂေဟာ ကျိုက်ဝိုင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ကျိုက်ဝိုင်းစသည့်ကျောင်းများ ဖြစ်ပါတယ်။ အားလုံးပေါင်း (၁၄)ကျောင်းဖြစ်ပါတယ်။ အဲဒီကျောင်းတွေကို ကျွန်တော်တို့ (၁.၁.၂ဝဝ၈)ခုနှစ် မှစ၍ ကလေးတစ်ဦးလျှင် တစ်နေ့ (၄၃၂)ကျပ် (၁ဝ)ပြားဖြင့် ကျွေးမွေးစောင့်ရှောက်လျက်ရှိခဲ့ရာ (၁.၃.၂ဝ၁၇) ရက်နေ့ ရက်စွဲပါစာအမှတ် (၂၆ဝ၆/၁၂/၁၈/၂ဝ၁၇) ရက်စွဲပါစာအရ ကလေးတစ်ဦးလျှင် (၁ဝဝဝိ/-)နှုန်းဖြင့် (၁.၄.၂ဝ၁၇)ရက်နေ့မှစ၍ တိုးမြှင့်ကျွေးမွေးရန် ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ပိုင် သင်တန်းကျောင်းများတွင် စောင့်ရှောက် ထားသော ကလေးများအား တစ်ဦးလျှင်(၁ဝဝဝိ/-)နှုန်းဖြင့် ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ကျွေးမွေးမည်ဖြစ်ပါကြောင်းကို လေးစားစွာတင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားရေးရာကိစ္စများနှင့်ပတ်သက်၍ ၂ဝ၁၆-၂ဝ၁၇ (ျွန ကြါိနအ ) တွင်တောင်းခံခဲ့သောဘဏ္ဍာငွေများကို မည်ကဲ့သို့သုံးစွဲခဲ့ကြောင်းနှင့် လာမည့် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင်လည်း တိုင်းရင်းသားရေးရာကိစ္စများကို မည်ကဲ့သို့

ဆောင်ရွက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း

အချိန်။ ၁၁၂၉

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း မေးမြန်းဖို့ဖြစ်ပါတယ်။

ဦးမန်းအောင်ကိုမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။   ။ လေးစား အပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်သားကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံဟာအလှပေါင်းစုံ၊ ပန်းပေါင်းစုံနဲ့ ပြည့်စုံနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီလိုပဲကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာလည်းအလှပေါင်းစုံ၊ ပန်းပေါင်းစုံနဲ့ ရှိတဲ့တိုင်းကြီးလည်းဖြစ်ပါတယ်။ အခုဆိုရင်ပြည်သူကနေပြီးရွေးချယ်လိုက်တဲ့ ကျွန်တော်တို့ ြီူ အစိုးရတက်လာတဲ့အခါမှာ နိုင်ငံတစ်ဝန်းလုံးအေးအတူပူအမျှနေထိုင်နိုင်ဖို့အတွက် (၂၁)ရာစု ပင်လုံညီလာခံကြီးကိုဆောင်ရွက်နေတာ အားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီလိုပဲ ရန်ကုန်တိုင်းအတွင်းမှာ တိုင်းရင်းသားတွေအတွက် စာပေသင်ကြားမှုသူတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံ ပုံစံဖော်ထုတ်ခွင့် ဒါတွေ    ကိုလည်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရေးရာဝန်ကြီးများနှင့်အစိုးရအဖွဲ့များ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကိုလည်း အထူးပဲဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ ၂ဝ၁၆-၂ဝ၁၇ခုနှစ် ျွန ကြါိနအ မှာတောင်းခံခဲ့တဲ့ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတွင် ပြပွဲပြိုင်ပွဲများကျင်းပပြုလုပ်ရန် ကျပ်(၁၂ဝ)သန်း တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနတွင် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်(၂ဝ)သန်း စုစုပေါင်း (၁၄ဝ)သန်းကိုတောင်းခံခဲ့တာတွေ့ရှိရပါတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းရင်းသား တွေကို ဒီလိုကူညီဆောင်ရွက်ခဲ့သလိုပဲ ဒီလိုငွေကြေးတွေကိုကူညီဆောင်ရွက်ခဲ့သလိုပဲသုံးစွဲတဲ့ နေရာမှာလည်း စနစ်တကျမှန်မှန်ကန်ကန်နဲ့ထိထိရောက်ရောက်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ မေးလိုတာက ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ျွန ကြါိနအ မှာ အခုနတောင်းခံခဲ့တဲ့ သိန်း(၁၄ဝ)နဲ့ပတ်သက်ပြီးတော့ ဘယ်လိုများသုံးစွဲဆောင်ရွက်ခဲ့သလဲ၊ လာမည့် ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာနှစ်မှာလည်း တိုင်းရင်းသားရေးရာကိစ္စများအတွက် ဘယ်လိုများ မည်ကဲ့သို့ဆောင်ရွက် ပေးမည်ဆိုသည်ကိုသိရှိလိုကြောင်း မေးမြန်းအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။

ဥက္ကဋ္ဌ ။        ။ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်က ဖြေကြားပေးဖို့ ဖြစ်ပါတယ်။

ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး။   ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးမင်္ဂလာပါရှင်။ ကျွန်မကတော့ ဒေါ်နော်ပန်းသဉ္ဇာမျိုးပါ။ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးပါ။ ကျွန်မအနေနဲ့ကတော့ ကျွန်မတို့ဒီပြီးခဲ့တဲ့၂ဝ၁၆-၂ဝ၁၇ခုနှစ် ျွန ကြါိနအ တောင်းခံထားတဲ့ဘဏ္ဍာငွေတွေကို ဘယ်လိုစနစ်တကျသုံးစွဲခဲ့တယ်ဆိုတဲ့အပိုင်းကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်းရဲ့ ဒီရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာကိစ္စ များနှင့်ပတ်သက်ပြီးတော့ ၂ဝ၁၆-၂ဝ၁၇ခုနှစ် ျွန ကြါိနအ တောင်းခံခဲ့သောဘဏ္ဍာငွေကို မည်ကဲ့သို့ သုံးစွဲခဲ့ကြောင်းနှင့်လာမည့် ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာနှစ်တွင်လည်း တိုင်းရင်းသားရေးရာ ကိစ္စများကို မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုတဲ့မေးခွန်းကို ဖြေကြားပေးမှာဖြစ်ပါတယ်။ ကျွန်မတို့ဒီ တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ရန်ကုန်တိုင်းအနေနဲ့ ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ် ျွန ကြါိနအ အတွက်တောင်းခံခဲ့သော ဘဏ္ဍာငွေများကို စာပေယဉ်ကျေးမှုတိုးတက်ရေးအတွက် ပြပွဲပြိုင်ပွဲများကျင်းပရန် ကျပ်သန်း(၆ဝ)၊ စာအုပ်စာပေထုတ်ဝေရန်အတွက် ကျပ်သန်း(၁ဝ) ထုတ်ယူခဲ့ ပါတယ်။ ဘဏ္ဍာငွေများကို အောက်ပါအတိုင်းစနစ်တကျသုံးစွဲခဲ့ပါတယ်။ ကျွန်မတို့ ကရင်တိုင်းရင်းသား         များရဲ့ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပခြင်းအတွက် အောက်ပါမြို့နယ်များသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ မြို့နယ်တွေကတော့ အင်းစိန်မြို့နယ် စာပေယဉ်ကျေးမှုကော်မတီ၊ အလုံမြို့နယ်စာပေယဉ်ကျေးမှုကော်မတီ၊ သာကေတမြို့နယ်ရန်ကုန် အရှေ့အခြမ်းစာပေယဉ်ကျေးမှုကော်မတီ၊ မြောက်ဥက္ကလာပမြို့နယ်စာပေယဉ်ကျေးမှုကော်မတီ၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလ လေးမြို့နယ်ပေါင်းပြီးကျင်းပသော စာပေယဉ်ကျေးမှုကော်မတီ၊ ထန်းတပင်မြို့နယ်စာပေယဉ်ကျေးမှုကော်မတီ၊ မှော်ဘီမြို့နယ်စာပေယဉ်ကျေးမှုကော်မတီ၊ တိုက်ကြီးမြို့နယ်စာပေယဉ်ကျေးမှုကော်မတီ စုစုပေါင်း(၁၁)မြို့နယ်သို့ ငွေကြေးနဲ့ဖားစည်နှစ်လုံး အပါအဝင်ဆို စုစုပေါင်း ထောက်ပံ့လှူဒါန်းငွေကျပ်သန်း(၄ဝ)ကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။ နောက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများ ပညာသင်ကြားနေတဲ့ အခြေခံပညာမူလတန်းကျောင်းတွေမှာ ကရင်တိုင်းရင်းသားစာပေသင်ကြားပေးနေတဲ့ ဆရာ/ ဆရာမတွေအတွက် နွေရာသီမှာမွမ်းမံ သင်တန်းပြုလုပ်ပေးခြင်းကိုလည်း ကျင်းပဆောင်ရွက် နေပြီဖြစ်ပါတယ်။ ကျင်းပပြုလုပ်ခဲ့တဲ့မြို့နယ်တွေကတော့ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ဒလမြို့နယ် တို့တွင် ရက်တိုသင်တန်းကို သက်ဆိုင်ရာမြို့နယ် ကရင်ပညာယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးများနှင့်ပူးပေါင်းပြီးတော့ သင်တန်းဆရာ/ဆရာမ (၂၃)ဦး၊ သင်တန်းသား(၄ဝ၈)ဦးတို့ကို ယခုနွေရာသီကျောင်းပိတ်ရက်မှာ သက်ဆိုင်ရာမြို့နယ် အသီးသီးမှာ ဆောင်ရွက်ပေးခြင်းတို့အတွက် ငွေကျပ်သန်း(၂ဝ)ခွဲဝေသုံးစွဲပေးခဲ့ပါတယ်။ ထို့အပြင် ကျွန်မတို့ ကရင်တိုင်းရင်းသားလူမျိုးတို့ရဲ့သမိုင်းကို အောက်ပါရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ခုနကိုယ်စားလှယ်တော်ကြီး ပြောကြားတဲ့ အတိုင်းပဲ ကျွန်မတို့နိုင်ငံမှာတိုင်းရင်းသားပေါင်းစုံ နေထိုင်ပါတယ်။ တိုင်းရင်းသားအချင်းချင်းက တစ်ဦးပေါ်တစ်ဦးနားလည်ဖို့လိုအပ်ပါတယ်။ တစ်ဦးပေါ်တစ်ဦးနားလည်ဖို့ဆိုရင် တိုင်းရင်းသား တစ်ဦးချင်းမှာရှိတဲ့ ရိုးရာယဉ်ကျေးမှု(ဃကူအကမန) သမိုင်းကိုတစ်ဦးကနားလည် သဘောပေါက်မှသာလျှင် ပိုမိုရင်းနှီးချစ်ကြည်ခိုင်မာစွာနေထိုင်နိုင်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါရည်ရွယ်ချက်(၂)ချက်ဖြင့် ကျွန်မအနေနဲ့ ကရင်လူမျိုးတို့ရဲ့သမိုင်းကို ပြန်လည်အကောင် အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကရင်တိုင်းရင်းသား များနှင့်ပြည်ထောင်စုဖွား အခြားတိုင်းရင်းသားများ၊ ကရင်တိုင်းရင်းသားမျိုးနွယ်များ၏ စာပေယဉ်ကျေးမှု ဖြစ်တည်မှုများနှင့်သမိုင်းဖြစ်စဉ်များကို မှန်မှန်ကန်ကန်လေ့လာသိရှိနိုင်ခြင်းအားဖြင့် တိုင်းရင်းသားများ အချင်းချင်း နားလည်မှုပိုမိုရရှိစေရန် ရည်ရွယ်ချက်(၁)ဖြစ်ပါတယ်။ ရည်ရွယ်ချက်(၂)အနေနဲ့ကတော့ စနစ်တကျသုတေသနပြုစုရေးသားထားသော သမိုင်းစာအုပ်ကို သက်ဆိုင်ရာတက္ကသိုလ် ပညာရေး ဌာနနှင့်တက္ကသိုလ်စာကြည့်တိုက်များတွင် လေ့လာမှီငြမ်းဖွယ်ရာ စာအုပ်တစ်အုပ်အဖြစ် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် သုတေသနပြုစုမှုပထမပိုင်းကနဦးအနေဖြင့် ထောက်ပံ့ငွေကျပ်(၁ဝ)သန်းကို ခွဲဝေအသီးသီးပံ့ပိုးပေးခဲ့ပါတယ်။ ဒါက၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ရဲ့ငွေကြေးကို ဘယ်လိုစနစ်တကျသုံးစွဲခဲ့တယ်ဆိုတဲ့အပိုင်းကို ရှင်းပြခြင်းပဲဖြစ်ပါတယ်။ ဒုတိယပိုင်း၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွက် ကျွန်မတို့ကရင်တိုင်းရင်းသားတွေအတွက် ဘာတွေများလုပ်ဆောင်ပေးသွားမလဲဆိုတဲ့ အစီအစဉ်ကတော့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်နှစ်သစ်ကူးပွဲတော်များကို ကရင် တိုင်းရင်းသားအများစု နေထိုင်သောမြို့နယ်များထဲမှာ ကျင်းပပေးခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကရင်ရိုးရာ ချည်ဖြူပွဲတော်များကျင်းပပေးခြင်း၊ ကရင်ရိုးရာဂီတအကသင်တန်းများ ပြန်လည် ဖော်ထုတ်ခြင်းနှင့်သင်တန်းပေးခြင်း၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာအဝတ်အထည် ယက်လုပ်ခြင်း ဆိုင်ရာအတတ်ပညာများကို သင်တန်းပေးခြင်းတို့ဖြစ်ပါတယ်။ နောက်ဒုတိယပိုင်းကတော့ စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်စာပေသင်ကြားမယ့် ဆရာ/ဆရာမတွေကို အရည်အသွေးမြှင့်မွမ်းမံသင်တန်းတွေကို ဆက်လက်သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး ကရင်စာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတို့ကို သမိုင်းပြုစုတာကို ကျွန်မတို့ ဆက်လက်ပြီး ပြုစုမှာဖြစ်ပါတယ်။ ဒါဟာနှစ်ပိုင်းအနေနဲ့ လာမည့် ၂ဝ၁၇-၂ဝ၁၈ခုနှစ် ကြါိနအ ထဲမှ ကျွန်မတို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်သွားမယ့်ကဏ္ဍတွေကို ဖော်ပြခြင်းပဲဖြစ် ပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ပြီးတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ဆက်လက်ရှင်းပြပါ့မယ်။

ဦးဇော်အေးမောင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး။     ။ အားလုံးပဲမင်္ဂလာပါခင်ဗျား။ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ၂ဝ၁၆-၂ဝ၁၇ခုနှစ် ျွန ကြါိနအ မှာ တောင်းခံခဲ့သော ဘဏ္ဍာငွေများကိုဘယ်လိုသုံးစွဲခဲ့တယ်ဆိုတဲ့ ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်လို့ စာရွက်စာတမ်းများကို ကြည့်ရှုဖြေကြားခွင့်ပြုပါခင်ဗျား။ (က) ကျွန်တော်တို့ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီးအနေဖြင့်၂ဝ၁၆-၂ဝ၁၇ခုဘဏ္ဍာရေးနှစျွ်န ကြါိနအတွင် တောင်းခံခဲ့သောဘဏ္ဍာငွေများမှ စာပေယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြပွဲပြခန်းများ ကျင်းပရန်သန်း(၆ဝ)၊ စာအုပ်စာပေထုတ်ဝေရန်အတွက် ကျပ်(၁ဝ)သန်းလျာထားခဲ့ပါတယ်။ ၄င်းငွေ များနဲ့ပြပွဲ၊ ပြိုင်ပွဲခေါင်းစဉ်ကနေပြီးတော့ ၂ဝ၁၆ခုနှစ် (၁၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကို ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ သံဃာတော်များကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကျွေးပြီးတော့ရခိုင်ပြည်နယ်နေ့အကြောင်း ဟောပြောပွဲကျင်းပခဲ့ပါတယ်။ အဲဒီအပတ်ရဲ့စနေ၊ တနင်္ဂနွေနေ့နှစ်ရက်ကို သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာမှာ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာခေါင်းအုံးရိုက်ပွဲ၊ ရခိုင်ရိုးရာသီချင်း၊ ရိုးရာယဉ်ကျေးမှုများကိုဖျော်ဖြေတဲ့ ှအအေန ှ့သတ ပြီးတော့ရခိုင်ရိုးရာအစားအစာရောင်းချပွဲ၊ ရခိုင်ရိုးရာအထိမ်းအမှတ်ပစ္စည်းများရောင်းချပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။ ပြီးတော့ (၂၂.၁.၂ဝ၁၇)ရက်နေ့မှာ တိုင်းရင်းသားများ အားလုံး၏ နိုင်ငံတော်ခေါင်းစဉ်ဖြင့် ဗဟန်းမြို့နယ်ဆရာစံပလာဇာမှာ ရခိုင်စာပေသမိုင်းပညာရှင် များကိုဖိတ်ကြားပြီးတော့ ဟောပြောပွဲ င်္သမကာ တစ်ခုကျင်းပခဲ့ပါတယ်။ ပြီးတော့ ၂ဝ၁၇ခုနှစ်ယခု လာမယ့်ဧပြီလ ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကျင်းပရန်အတွက် သုံးစွဲနေကြောင်းဖြေကြား အပ်ပါတယ်ခင်ဗျား။ စာအုပ်စာပေထုတ်ဝေရန်ခေါင်းစဉ်အနေနဲ့ကျွန်တော်တို့ ရခိုင်ဆရာတော်ကြီး ဖြစ်တဲ့ လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ကြီးအရှင်ဦးဥတ္တမရဲ့ မော်ကွန်းဝင်သမိုင်းမှတ်တမ်းများ သမိုင်းရှင်(မြောက်ဦး)ရေးသားတဲ့စာအုပ် အုပ်ရေ(၁ဝဝဝ)ကို ထုတ်ဝေဖြန့်ချီပြီးပြီဖြစ်ပါတယ်။ ယခု အမှတ်(၂) ရခိုင်ဝေါဟာရအဘိဓါန်ကြမ်း သုတေသနနတ်မြတ် အရှင်ဝါသမဝရဲ့ စာအုပ်အတွဲ(၁)(၂) (၃)(၄) လေးအုပ်တွဲ (၁ဝဝဝ)ကိုလည်းထုတ်ဝေနေပါကြောင်း ဖြေကြားအပ်ပါတယ်။ လာမည့်               ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာနှစ်မှာလည်းပဲ ရခိုင်တိုင်းရင်းသားရေးရာကိစ္စရပ်များကို အောက်ပါအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ်တွင်လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသောလူမှုရေး ရခိုင်အမျိုးသားနေ့အခမ်းအနားကျင်းပခြင်း၊ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကျင်းပခြင်း၊ ရခိုင် ပြည်နယ်နေ့ အခမ်းအနားကျင်းပခြင်း၊ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်များ ကျင်းပခြင်း၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ င်္သမကာ များကျင်းပခြင်း၊ နွေရာသီစာပေယဉ်ကျေးမှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုသမိုင်းဆိုင်ရာစာအုပ်များထုတ်ဝေခြင်း၊ ရခိုင်ထူးချွန်ပုဂ္ဂိုလ်များ ဆုချီးမြှင့်ခြင်းတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဆက်စပ်မေးခွန်းမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်း

ဦးမန်းအောင်ကိုမင်း၊ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ ဆက်စပ်မေးခွန်း မေးမြန်းခွင့်ပြုပါခင်ဗျား။ ကျွန်တော်အနေနဲ့ကတော့ ကျွန်တော်က ကရင်လူမျိုးပါ။ ဆိုလိုချင်တာက ဒီရန်ကုန်တိုင်းအတွင်းမှာ တိုင်းရင်းသားအားလုံးနေကြပါတယ်။ ကရင်တစ်ခုတည်း ရခိုင်နဲ့ကရင်နဲ့ပဲ ဝန်ကြီးများဆောင်ရွက်ထားတဲ့အနေအထားကို တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ တောင်းဆိုချင် တာက ကရင်၊ ရခိုင်အပြင်ဒီတိုင်းအတွင်းမှာ နေထိုင်ကြတဲ့တိုင်းရင်းသားအားလုံးရဲ့အရေးကို ဆိုလိုချင် ပါတယ်။ ဒါကျွန်တော်တို့တွေ့ရပါတယ်။ မွန်အမျိုးသားနေ့၊ ရှမ်းအမျိုးသားနေ့ စသဖြင့်ကျင်းပခဲ့ကြ တာကို တွေ့ရပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ထည့်သွင်းစဉ်းစားပြီးတော့ အစိုးရအဖွဲ့အနေဖြင့် ရေးရာဝန်ကြီးများနဲ့ဆက်လက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျွန်တော်

အနေနဲ့တိုက်တွန်းတောင်းဆိုအပ်ပါတယ်။

ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး။ ။လွှတ်တော်ကိုယ်စားလှယ်ကြီး မန်းအောင်ကိုမင်းရဲ့ ဆက်စပ်မေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်မကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးမှပဲဖြေကြားပေးမှာဖြစ်ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံရှိ ရန်ကုန်တိုင်းအတွင်းမှာ အခြားသောတိုင်းရင်းသားများပေါင်းစုံနေထိုင်တယ်ဆိုတာ မှန်ကန်ပါတယ်။ တိုင်းရင်းသားပေါင်းစုံလို့ ဆိုလိုတဲ့နေရာမှာ ဗမာဟာလည်းတိုင်းရင်းသားဆိုတာ မမေ့ဖို့လိုအပ် ပါတယ်။ အဲဒီတော့အခြားသော တိုင်းရင်းသားများအားလုံးရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရန်အတွက်အခြားသော တိုင်းရင်းသား များက တောင်းဆိုခဲ့သည်ရှိခဲ့သော် ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဃဘေငညနအ ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါက နံပါတ်(၁)အချက်ပါ ရန်ကုန်တိုင်းဒေသကြီး အဆင့်မှမဟုတ်ပဲ ပြည်ထောင်စုအဆင့်မှ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များရှိခဲ့သော် ပြည်ထောင်စုအစိုးရတိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ကျွန်မတို့ရန်ကုန်တိုင်းမှာရှိတဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနကနေပြီးတော့ စာတင် ပြီးတော့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။ တောင်းဆိုပေးမှာဖြစ်ပါတယ်။ တစ်ချို့သော အကြောင်းအရာတွေက ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက

လုပ်ဆောင်ရမည့်အချက်များကို ကျွန်မဆိုလိုခြင်းပဲဖြစ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်

ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း

အချိန်။ ၁၁၄၅

ဥက္ကဋ္ဌ ။        ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ၏ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးရန်

ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး။       ။ လေးစားအပ်ပါသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါ စေကြောင်း ဆုတောင်းမေတ္တာပို့သပြီးနှုတ်ခွန်းဆက်သပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီရဲ့ လေ့လာဆန်းစစ်သုံးသပ်ချက်အစီရင်ခံစာနှင့်လွှတ်တော်ကိုယ်စားလှယ်များရဲ့

ဆွေးနွေးချက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကိုယ်စား ပြန်လည်ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာဥပဒေကြမ်းကော်မတီရဲ့ လေ့လာစိစစ်သုံးသပ်ချက်အစီရင်ခံစာမှာ နိုင်ငံတော် နှင့်နိုင်ငံသားများ အကျိုးစီးပွားအတွက်အမှန်တကယ်အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်။ သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျော့၍ခွင့်ပြုခြင်းများကို ဆောင်ရွက်နိုင်ရန်ထည့်သွင်း ရေးဆွဲထားကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး တို့ကို အထောက်အကူပြုတဲ့စီမံကိန်းများပါဝင်ရမည်ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ ထည့်သွင်း ပါဝင်ကြောင်းကိုထောက်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှ ဖော်ဆောင်ရန်ရည်မှန်းချက် ထားရှိထားတဲ့ ဒေသန္တရစီမံကိန်းများဟာလက်ငင်း၊ ရေတို၊ ရေရှည်ကာလအလိုက် ပြည်သူများရဲ့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်   လက်တွေ့ကျသောလုပ်ငန်းစီမံချက်များဖြင့် ပွင့်လင်းမြင်သာတဲ့ အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်းကိုလည်း ထောက်ပြထားပါတယ်။ တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ်လွှဲပြောင်း ပေးသင့်သောစီမံကိန်းများကို စီမံကိန်းများအဖြစ်ထည့်သွင်းရေးဆွဲသင့်ကြောင်းကိုလည်း ဖော်ပြထားတဲ့အတွက် ပုဂ္ဂလိကကဏ္ဍကို အလေးပေးထားကြောင်းကိုလည်း ဥပဒေကြမ်းကော်မတီ ကနေပြီးတော့ ထောက်ခံဆွေးနွေးသုံးသပ်ထားတာ တွေ့ရှိရပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးကနေပြီးတော့ ကျွန်တော်တို့၂ဝ၁၇-၂ဝ၁၈ခ၊ု ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး ရဲ့ဒေသန္တရစီမံကိန်းဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး အကြံပြုခဲ့ပါတယ်။ အဲဒီဆွေးနွေးတာကတော့အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်ကြီး(၆)ဦး ကနေပြီးတော့ အကြံပြုခဲ့တဲ့အခါမှာ ဒီအပြုသဘောနဲ့ ထောက်ခံဆွေးနွေးအကြံပေးခဲ့တာကို ဒီလွှတ်တော် ဒေသန္တရစီမံကိန်းဥပဒေကြမ်းအတွက်ကို အများကြီးပဲအထောက်အကူဖြစ်စေပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျရဲ့ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိအစိုးရအဖွဲ့အနေနဲ့ကာလတို (၅)နှစ်စီမံကိန်းအား ၂ဝ၁၆-၂ဝ၁၇ခု၊ ဘဏ္ဍာရေးနှစ်မှ ၂ဝ၂ဝ-၂ဝ၂၁ခု၊ ဘဏ္ဍာရေးနှစ်အထိ သတ်မှတ်ရေးဆွဲထားခြင်းကြောင့် အခြေခံနှစ်အား ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အစား ၂ဝ၁၅-၂ဝ၁၆ခ၊ု ဘဏ္ဍာနှစ်ကို ပြောင်းလဲသင့်ကြောင်းကို ဆွေးနွေးထားပါတယ်။ နိုင်ငံအသီးသီးမှာ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးလို့ခေါ်တဲ့ ွီဏ တွက်ချက်ရာမှာ ဃကမမနညအ ဏမငခန နှစ်အလိုက်ဈေးနှုန်းအရတွက်ချက်ခြင်းနှင့် ဃသညျအညေအ ဏမငခန ပုံမှန်ဈေးနှုန်းအရတွက်ချက်ခြင်းဆိုတဲ့ နည်းလမ်း(၂)မျိုးနဲ့တွက်ချက်ကြပါတယ်။ ယေဘူယျအားဖြင့် ွီဏတွက်ချက်ရာမှာ (၅)နှစ်စီမံကိန်းအတွက်အခြေခံနှစ်များရဲ့ဈေးနှုန်းကို ပုံမှန်ဈေးနှုန်းဖြင့် ရယူလေ့ရှိပါတယ်။ ဒါပေမဲ့အခြေခံနှစ်ရဲ့ဈေးနှုန်းများရယူရာမှာ စီးပွားရေးတည်ငြိမ်တဲ့နှစ်ဖြစ်ရခြင်း ရာသီဥတုသင့်တင့်ကောင်းမွန်ပြီးတော့ သီးနှံပုံမှန်ထွက်ရှိခြင်း၊ ငွေလဲလှယ်မှုနှုန်းထားများတည်ငြိမ်ရန် လိုအပ်ခြင်း စတဲ့အခြေခံလိုအပ်ချက်များနဲ့ပြည့်စုံရမှာဖြစ်ပါတယ်။ အခြေခံနှစ်များရဲ့ ပုံမှန်ဈေးနှုန်းများ ကို (၅)နှစ်တစ်ကြိမ်ပြောင်းရန်ကိစ္စနှင့်ပတ်သက်လို့ ၂ဝ၁၅-၂ဝ၁၆ခု၊ ဘဏ္ဍာနှစ်သို့ ပြောင်းလဲသင့် ကြောင်းကို ဆွေးနွေးထားပါတယ်။ အဲဒီလိုဆွေးနွေးထားပေမဲ့လည်း လက်ရှိအခြေအနေအရ ပြည်ထောင်စုလွှတ်တော်ကပြဌာန်းထားတဲ့၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေရဲ့ တစ်နိုင်ငံလုံးရဲ့ ွီဏကိုပုံမှန်ဈေးနှင့်တွက်ချက်ရာမှာလည်း ၂ဝ၁ဝ-၂ဝ၁၁ခု၊ ဘဏ္ဍာရေးနှစ်ရဲ့ပုံမှန် ဈေးနှုန်းကိုသာအသုံးပြုလျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းဟာ ပြည်ထောင်စုရဲ့အမျိုးသားစီမံကိန်းရဲ့အစိတ်အပိုင်းတစ်ပိုင်းဖြစ်တဲ့အလျောက် ပုံမှန်ဈေးနှုန်းကို ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ကိုပဲ ဆက်လက်အသုံးပြုသွားမယ်ဖြစ်ကြောင်းကိုု ရှင်းလင်းတင်ပြလိုပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ရဲ့ လူတစ်ဦးချင်းစီရဲ့ပျမ်းမျှထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး ွီဏကို တွက်ချက် ထားတဲ့အခါမှာ ဒီစီမံကိန်းထဲ၌အားလုံး(၂၄၈၃၆၆၉) ကနေပြီးတော့(၂၈၂၁၂၈ဝ)တို့ ဖြစ်ပေါ်စေရန် ရည်မှန်းထားပါတယ်။ အဲဒါကကျွန်တော်တို့ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်ရဲ့ ရည်မှန်းချက်ပါ။ ဒါကြောင့်မို့လို့ ဒီရည်မှန်းချက်ကိုကြည့်တဲ့အခါမှာ ကျွန်တော်တို့အခြေခံနှစ်ဖြစ်တဲ့ (၂၄)သိန်းကျော်ဟာသူ့ရဲ့ လူတစ်ဦးစီရဲ့ပျမ်းမျှဝင်ငွေဟာ ကျပ်(၂)သိန်းအထက်မှာ ရှိနေကြောင်းကိုထောက်ပြထားပါတယ်။ နိုင်ငံတော်မှသတ်မှတ်ထားတဲ့ လူတစ်ဦးစီရဲ့လုပ်ခ အနည်းဆုံးလုပ်ခလစာဟာ ကျပ်(၃၆ဝဝ)ဖြစ်နေတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွက် လွန်စွာနည်းသောဝင်ငွေဖြစ်တယ်။ လူတစ်ဦးစီရဲ့အနိမ့်ဆုံး ဝင်ငွေဟာ ကျပ်(၅ဝဝဝ)အထက် ဧကန်မလွဲဖြစ်သင့်တယ်ဆိုပြီးတော့ သုံးသပ်ထားတာတွေ့ရ ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ လူတစ်ဦးစီရဲ့ပျမ်းမျှ ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှု ဒွီီဏဆိုတာက နိုင်ငံတော်ရဲ့စီးပွားရေးတိုးတက်မှုအတွက် ပျမ်းမျှခန့်မှန်းထားတဲ့ ကိန်းဂဏန်းသာဖြစ်ပါတယ်။ အထူးသဖြင့်ရန်ကုန်တိုင်းဒေသကြီးရဲ့ ွီဏ ကို ရန်ကုန်တိုင်းဒေသကြီးရဲ့လူဦးရေနဲ့စားထားတဲ့ ဒါပျမ်းမျှဝင်ငွေကိုပြောခြင်းဖြစ်ပါတယ်။ လူအားလုံး ဒါအကုန်လုံးစုစုပေါင်းလူဦးရေကိုအသုံးပြု ထားခြင်းအားဖြင့် လူတစ်ဦးစီရဲ့ဝင်ငွေဖြစ်ပါတယ်။ အားလုံးကလေးသူငယ်များကအစအကုန် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့စုစုပေါင်းလူဦးရေနဲ့ အချိုးချထားတဲ့လူတစ်ဦး ချင်းရဲ့ ပျမ်းမျှဝင်ငွေခန့်မှန်းထားတဲ့ညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အဲဒီညွှန်းကိန်းအား အနည်းဆုံးလုပ်ခအတွက် လစာအတွက်ရည်ညွှန်းထားတာမဟုတ်တဲ့အတွက်ကြောင့်ကို ရှင်းလင်း တင်ပြလိုပါတယ်။ ကျွန်တော်ဆက်လက်ပြီးတော့ ၂ဝ၁၆-၂ဝ၁၇ခု၊ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းမှာ လယ်ယာကဏ္ဍအနေနဲ့ (၄.၃)ရာခိုင်နှုန်း ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာနှစ်တွင် လယ်ယာကဏ္ဍမှ(ဝ.ဝ၃) ရာခိုင်နှုန်း နည်းပြီးတော့ရည်မှန်းခဲ့တဲ့အပေါ်သုံးသပ်ရာမှာ ရန်ကုန်တိုင်းဒေသကြီးလယ်ယာကဏ္ဍရဲ့ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် နှစ်ကုန်ခန့်မှန်းချက်မှာ လယ်ယာကဏ္ဍရဲ့တိုးတက်မှုနှုန်း ၂ဝ၁၅-၂ဝ၁၆ခ၊ု ဘဏ္ဍာရေးနှစ်ရှေ့ပြေးအမှန်နှင့်နှိုင်းယှဉ်ပါက (၁.၄) အနှုတ်လက္ခဏာနဲ့ရာခိုင်နှုန်းဟာ လျော့ကျ ခဲ့ပါတယ်။ ထိုကဲ့သို့လျော့နည်းရခြင်းမှာ လယ်ယာမြေများကို အခြားနည်းနဲ့အသုံးပြုလာခြင်းကြောင့် စိုက်ဧက(၁၆ဝဝဝ)ခန့်လျော့နည်းလာခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ် သြဂုတ်လနဲ့စက်တင်ဘာလမှာ ရေကြီး နစ်မြုပ်ခြင်း၊ မြစ်ရေလျှံခြင်းကြောင့်လည်း စိုက်ဧက (၅ဝဝဝဝ)ကျော် ပျက်စီးခဲ့ပါတယ်။ နောက်တိုးတက်မှုနှုန်းနည်းလာခြင်းကတော့ အဓိကအားဖြင့် ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ရန်ကုန် မြို့သစ်စီမံကိန်းများလျာထားခြင်း၊ လျာထားချက်ကြောင့် လယ်ယာစိုက်ဧကများလျော့နည်းလာမည် ဖြစ်ခြင်း၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလမြို့နယ်များမှာ မြို့ပြတိုးချဲ့တည်ဆောက်ရန် လျာထား မှုကြောင့် စိုက်ဧကလျော့နည်းလာမည်ဖြစ်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရွာသာကြီး တို့မှာလည်း ဧကအချို့ဟာအိမ်ရာစီမံကိန်းများ ဆောက်လုပ်ခြင်းကြောင့် စိုက်ဧကလျော့နည်းလာကြောင်းကိုလည်း လယ်ယာကဏ္ဍအပိုင်းမှာ ထုတ်လုပ်မှုကျဆင်းလာခြင်းဖြစ်ပါတယ်။ နောက်ဆက်လက်ပြီးတော့ ဒီလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျရဲ့ ထောက်ပြတဲ့အချက်အရတော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ်ရဲ့ မူဝါဒရည်မှန်းချက်လုပ်ငန်းစဉ်များဟာ ဦးစားပေးမှုများဖြစ်တဲ့ ဦးစားပေး(၁)အနေနဲ့လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးရေး ဦးစားပေး(၂)က သောက်သုံးရေရရှိရေးဦးစားပေး (၃)က အလုပ်အကိုင်များအခွင့်အလမ်းများတိုးတက်ရရှိရေးဟာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဦးစားပေးမှုများကိုကြိုဆိုကြောင်းကိုလည်း ထောက်ခံဆွေးနွေးသွားတာတွေ့ရှိရပါတယ်။ နောက်ဆက်လက်ပြီးတော့ ရန်ကုန်မြို့တော်ရဲ့ဂေါက်ကွင်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုကို ရှင်းလင်းဖြေကြားလိုပါတယ်။ ရန်ကုန်စည်ပင်သာယာရေးကော်မတီရဲ့ ဒီဂေါက်ကွင်းကိုဆောင်ရွက် ရခြင်းဟာ မိမိဝင်ငွေနဲ့မိမိရပ်တည်ပြီးတော့ မြို့တော်အတွက်လိုအပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ရန်အခွန်အခရငွေ၊ ဆောင်ရွက်ပေးမှုရငွေများအပြင် ဝင်ငွေနဲ့ဝင်ငွေရတဲ့လုပ်ငန်းရရှိဖို့ အတွက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ မြို့တော်ဂေါက်ကွင်းဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး အတွက်ဝင်ငွေရတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်ပြီးတော့ တစ်နှစ်နဲ့တစ်နှစ်ဝင်ငွေတိုးတက် ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဒီဝင်ငွေရဖို့ဆောင်ရွက်တဲ့အခါမှာ ကွင်း အဆင့်အတန်းမြင့်မားမှသာလျင် အသင်းသားဦးရေလည်းတိုးတက်လာပြီးတော့ ဂေါက်ကွင်းရဲ့ဝင်ငွေ တိုးတက်ရရှိမှာဖြစ်ပါတယ်။ ပြင်ဆင်ထိန်းသိမ်းမှုစရိတ်တွေဟာလည်း မဖြစ်မနေဆောင်ရွက်ပေးဖို့ လိုအပ်လျက်ရှိပါတယ်။ အဲဒီတော့ယခုဘဏ္ဍာနှစ်မှာ ရရှိတဲ့အမြတ်ကနေပြီးတော့ ပြန်လည် သုံးစွဲတာပဲဖြစ်ပါတယ်။ အဲဒီတော့ပြန်ပြီးတော့သုံးသပ်လို့ရှိရင်တော့ကျွန်တော်တို့ရန်ကုန် မြို့တော်စည်ပင်သာယာရေးရဲ့ ရငွေ၊ သုံးငွေကိုပြန်ပြီးလေ့လာတဲ့အခါ မှာရငွေစုစုပေါင်းဟာ သာမန် ရငွေအမျိုးအစားရှိပါတယ်။ ငွေလုံးငွေရင်းရငွေအမျိုးအစားရှိပါတယ် အဲဒီတော့ရငွေအမျိုးအစား အားလုံးကိုနှိုင်းယှဉ်တဲ့အခါမှာ ၂ဝ၁၆ -၂ဝ၁၇ခုနှစ်မှာ အားလုံး(၂၈ဝ၂)သန်းပေါင်းရှိပါတယ်။   ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာတော့ (၂၂၆၄)သန်းရှိပါတယ်။ သုံးငွေအနေနဲ့ဆိုရင်တော့ သာမန်အသုံးစရိတ်နဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ရှိပါတယ်။ အဲဒါက၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာ စုစုပေါင်းအသုံးစရိတ်က (၂၁၅၂)သန်းရှိပါတယ်။ နောက်အခုဒီနှစ်၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာတော့အားလုံးအသုံးစရိတ်က (၁၈၆၇)သန်းရှိပါတယ်။ နှစ်တစ်ခုချင်းစီပြန်ချုပ်ရမယ်ဆိုရင်တော့ ၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာ စုစုပေါင်း(၂၈ဝ၂)သန်းအနက်မှာ သုံးငွေဟာ(၂၈၅၂)သုံးခဲ့တဲ့အတွက် သန်းပေါင်း(၆၅ဝ) အဲဒါကြောင့် ပိုငွေအဖြစ်ဖော်ပြလျက်ရှိပါတယ်။ အဲဒီတော့ ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာလည်းရငွေဟာ (၂၂၆၄)ရနေတဲ့ နေရာမှာ သုံးငွေဟာ(၁၈၆၇)ရတဲ့အတွက် ပိုငွေဟာ(၃၉၆)ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီမြို့တော် ဂေါက်ကွင်းအနေနဲ့ပြောရရင်တော့ ဒီနှစ်ဃစေငအေူ ဘတ်ဂျက်အရ သန်း(၅၅ဝ)နဲ့ဒီ(၆ဝ)ယှဉ်ခြင်းဟာ အမှန်တော့ ငွေလုံးငွေရင်းသုံးငွေနဲ့ငွေလုံးငွေရင်းရငွေရဲ့နှိုင်းယှဉ်ချက်ပဲဖြစ်ပါတယ်။ အားလုံး စုစုပေါင်းရငွေနဲ့စုစုပေါင်းသုံးငွေရဲ့နှိုင်းယှဉ်ချက်မဟုတ်ပါဘူး။ ဒီဥစ္စာကိုတော့ပြန်ပြီးတော့ ငွေစာရင်း တင်ပြမှုအခြေအနေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စိစစ်ပြီးတော့ကြီးကြပ် ဆောင်ရွက်ဖို့ကိုလည်း ကျွန်တော်တို့ဆွေးနွေးထားပါတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးလုပ်ငန်းများကိုလည်း အားလုံးပုံမှန်အားဖြင့် စာရင်းစစ်ချုပ်ရုံးမှလည်းပုံမှန် စစ်ဆေးလျက်ရှိကြောင်းကိုလည်း ကျွန်တော်အသိပေးတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်ပြီးတော့ ဒီကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ဆွေးနွေးတဲ့အချက်အားလုံး (၁၂)ချက်ရှိပါတယ်။ အဲဒီအကြံပြုတင်ပြထားတဲ့အချက်(၁၂)ချက်များ အားလုံးကလည်း ဒီဒေသန္တရ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ ထည့်သွင်းစဉ်းစားပေးရမယ့်အချက်များဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအချက်များကိုကျွန်တော်အသေးစိတ် မဖတ်ပြတော့ပဲ အဲဒီ(၁၂)ချက်ကလိုအပ်တဲ့ စီမံကိန်းနဲ့ဆက်စပ်တဲ့အရာများကို ထည့်သွင်းစဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဖြေကြား အပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နောက်ဆက်လက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်ရဲ့ဆွေးနွေးချက်ကို ထပ်ပြီးတော့ ကျွန်တော်ရှင်းလင်းတင်ပြလိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အထပ်မြင့်အဆောက်အဦတွေ ဆောက်လုပ်တဲ့အခါမှာ ကျွမ်းကျင်အလုပ်သမားများသာမက သာမန်လုပ်သားများကိုပင် အခြားနိုင်ငံ များကနေပြီးတော့ ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေမှုအပေါ်မှာ ကျွန်တော်တို့အဲဒါကိုထောက်ပြ ထားပါတယ်။ ပြီးတော့ကျွန်တော်တို့အနေနဲ့ လူမှုရေးစီမံကိန်းများကို အကောင်အထည်ဖော်ရာမှာ ဠသခအေငသညေူ ှခ့သသူ လို့ခေါ်တဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ သင်တန်းကျောင်းများကို တည်ထောင်ဆောင်ရွက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တိုးချဲ့စက်မှုဇုန်များအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကိုလည်း အကြောင်းပြန်ကြားလိုပါတယ်။ ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်း လျာထားချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပါက ကျွန်တော်တို့ဒီလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်တင်ပြထားတဲ့ အခြေခံစားသောက်ကုန်များရဲ့ဈေးနှုန်း ကျဆင်းတည်ငြိမ် သွားမည်ဖြစ်ကြောင်းကိုလည်း ကျွန်တော်ဖြေရှင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဆက်လက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ၊် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်ရဲ့ဆွေးနွေးချက်၊ အဲဒါလည်းကျွန်တော်တို့ ဆွေးနွေးချက်မှာ ဒီရန်ကုန်တိုင်းဒေသကြီးလက်ရှိအားဖြင့် ဒီရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့တဲ့ အဓိကအချက်များနှင့်အဓိကလမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကို အဓိကဇောင်းပေးပြီးတော့ ဖော်ပြထားပါတယ်။ အဲဒီတော့အဓိကအားဖြင့် ့ညေါသည ျွနါငသည ွှမညျေစသမအ ဗကအ့သမငအပ   ကျွန်တော်တို့ရန်ကုန်မြို့တော်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ အောက်မှာ ကျွန်တော်တို့ ့ညေါသည ြှ့ ဆိုပြီးတော့ ရန်ကုန်မော်တော်ယာဉ် ကျြ ဃမေ ှနမလငခန ကိုဆောင်ရွက်လျက် ရှိပါတယ်။ ရန်ကုန်မြို့တော်အတွင်းမှာ ကျြ ဃမေ ဆောင်ရွက်မှုကိစ္စရပ်များကို ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေပြီးတော့ ပြဌာန်းခဲ့တဲ့ ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲရေးဥပဒေနဲ့အညီ ဆောင်ရွက်သွားဖို့ကိုလည်း အကြံပြုတင်ပြထားပါတယ်။ ဒါလည်း အင်မတန်ကောင်းတဲ့အကြံဥာဏ်ဖြစ်တဲ့အတွက် ဒီဥစ္စာကိုကျွန်တျွော့်ွှဗ ကနေပြီးတော့ ဆက်လက်ဆောင်ရွက်သွားဖို့ကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့   ဥက္ကဋ္ဌကြီးခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့ဆွေးနွေးချက်ပေါ်မှာ ဖြေကြားလိုပါတယ်။ မြို့သစ်စီမံကိန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ကိစ္စကိုဆွေးနွေးထားပါတယ်။ အဲဒီလိုမြို့သစ်တွေမှာ အိမ်ရာကဏ္ဍကို စနစ်တကျဖွံ့ဖြိုးလာအောင် အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်မှု ပိုင်ဆိုင်မှုများကို ဈေးကစားလို့မရအောင် အထိုက်အလျောက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းကို ထောက်ပြထား ပါတယ်။ အဲဒီတော့လက်ရှိအားဖြင့်ဆိုဆောက်လုပ်ရေးလုပ်ငန်းရှင်များပါတဲ့ကုမ္ပဏီနဲ့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအကျိုးတူပေါင်းစပ်ထားတဲ့အများပိုင်ကုမ္ပဏီတစ်ခုကို ထူထောင်လျက်ရှိပါတယ်။ အဲဒီအစုရှယ်ယာများကိုလည်း အများပြည်သူပိုင်ဖြစ်အောင်ထုတ်ရောင်းခြင်း၊ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့စီးပွားရေးလုပ်ငန်းရှင်များခန့်အပ်ခြင်း၊ ရန်ကုန် ှအသခု နထခ့ညေါနတွင် အစု ရှယ်ယာများရောင်းသွားနိုင်တဲ့အထိ စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်းအကြံပေးထားပါတယ်။ အဲဒီ အတိုင်းပဲဆောင်ရွက်သွားဖို့ကိုလည်း ကျွန်တော်စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အဲဒီ အကြံပြုချက်ကိုလည်း အလေးထားဂရုပြုပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ယခု နောက်ဆုံးအားဖြင့်တော့ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနဲ့စီမံကိန်း၊ စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကနေပြီးတော့ မေးမြန်းထားတဲ့ ဒီဆွေးနွေးထားတဲ့အချက်တွေရှိပါတယ်။ အဓိက ကတော့ ယခုနှစ်ရဲ့စီမံကိန်းရဲ့မူဝါဒနဲ့ရည်မှန်းချက်တွေကြည့်ရင် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း(၃၃)မြို့နယ်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ (၁၂) မြို့နယ် တို့ကို ဟန်ချက်ညီညီအချိုးကျမျှတစွာဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီတော့ ဒီတိုးတက်စေရန်လုပ်ထားတဲ့အတွက် များစွာအလွန်တရာကျေနပ်မိပါကြောင်း ပြောကြားပါတယ်။ အမှန်တကယ် ဒီစီမံကိန်းအကောင်အထည်ဖော်တဲ့အခါမှာ ဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်များကို ဘဏ္ဍာငွေအများဆုံး ခွဲဝေချထားတာတွေ့ရပါတယ်။ ဆွေးနွေးချက်အပေါ်မှာ အောက်ပါအတိုင်းပဲ ပြန်လည် ဖြေရှင်းလိုပါတယ်။ ကျွန်တော်တို့ ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ် ျွန မှာ အဆင့်မြင့် လယ်ယာမြေ စနစ်တကျဖော်ထုတ်ရေးအစီအစဉ်ဆိုတာ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီဆောင်ရွက်မှု အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကျပ် (၇)ဘီလီယံကျော် ကျွန်တော်တို့ဘတ်ဂျက် ရရှိခဲ့ပါတယ်။ အဲဒီလုပ်ငန်းကိုဆောင်ရွက်တဲ့အခါမှာ ဘဏ္ဍာငွေခွဲဝေတဲ့အခါမှာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့မူဘောင်တစ်ခုကိုချမှတ်ခဲ့ပါတယ်။ အဲဒီမူဘောင်ကတော့ (၁) အဆင့်မြင့် ဖော်ထုတ်မည့်လယ်ယာမြေသည် အနည်းဆုံးတစ်နှစ် နှစ်သီးစိုက်ပျိုးနိုင်ရမည်၊ (၂) ဆည်ရေသောက် ရရှိနိုင်သည့် လယ်မြေနေရာဖြစ်ရမည်၊ (၃) အနည်းဆုံး ဧက(၅ဝ) တစ်ဆက်တစ်ဆက်တည်းရှိရမည်၊ (၄) မြေယာဖော်ထုတ်ပြီးတစ်နှစ်အတွင်း အမြန်ဆုံးအကျိုးအမြတ် ျှကငခု တငည ရရှိနိုင်သည့် လယ်ယာမြေဖြစ်ရမည်၊ (၅) မြို့ပြစီမံကိန်းများအတွက် လျာထားသည့်မြေနေရာများ မဖြစ်စေရပါ ဆိုတဲ့အဲဒီမူဘောင်များချထားပြီး ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။ ဒီရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့တောင်သူလယ်သမားရေးရာကော်မတီနဲ့လည်း ညှိနှိုင်းဆွေးနွေးတင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာမြို့နယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့လည်း တိုင်ပင်ပြီးတော့လည်းရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း လယ်ယာမြေဖော်ထုတ်ရေးအတွက် ဘဏ္ဍာငွေစိစစ်ချထားခြင်းဟာ သတ်မှတ်ထားတဲ့မူဘောင် အတွင်းသာဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ပြောရရင်တော့ လူပုဂ္ဂိုလ်စွဲ၊ ဒေသစွဲကို မူတည်ပြီးတော့ရွေးချယ်ခြင်းမရှိကြောင်းကိုလည်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် ဆွေးနွေးတင်ပြလိုပါတယ်။ ကျွန်တော်နောက်ဆုံးအနေနဲ့ရှင်းလင်းချင်တာကတော့ ဒီတင်ပြထားတဲ့မြို့သစ်စီမံကိန်း အကောင်အထည်ဖော်တဲ့အခါမှာ အဓိကအားဖြင့်ကျွန်တော်တို့ အများပိုင်ကုမ္ပဏီတစ်ခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အောက်မှာဖွဲ့ပါတယ်။ အဲဒါကတော့ တစ်ဖက်မှာပါဝင်တဲ့အဖွဲ့ကို (၁၉၉၆)ခုနှစ်ကထဲကစဖွဲ့ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်(၃ဝဝဝ)ကျော်ပါတဲ့ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ပြညောမေ   ဃသညျအမကခအငသည နညိနမစမငညိနမေ ဗျျသခငအေငသည (ဃြနဗ)ရဲ့သူတို့ကနေပြီးတော့ စီးပွားရေး လုပ်ငန်းတစ်ခုဖွဲ့ထားတာရှိပါတယ်။ အဲဒါကတော့ပြညောမေ ဃသညျအမကခအငသည ဗညိ   ီနလနူသစာနညအ   ဏကဘူငခ ဃသ.ယူအိ (ဃြီဏ) ဆိုပြီးတော့စီးပွားရေးကုမ္ပဏီတစ်ခုရှိပါတယ်။ အဲဒီ(ဃြီဏ)နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီးတော့ ဒီအများပိုင်ကုမ္ပဏီတစ်ခုထပ်ဖွဲ့ပါတယ်။ အဲဒါကတော့့ညေါသည နြအမသစသူငအညေ ီနလနူသစာနညအ ဏကဘူငခ ဃသ.ယူအိ ကို ၂ဝ၁၇ခုနှစ် မတ်လ၈ရက်နေ့ကနေပြီးတော့ ဒီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့စတင် ဖွဲ့စည်းခဲ့ပါတယ်။့ညေါသည နြအမသစသူငအညေ ီနလနူသစာနညအ ဏကဘူငခ ဃသ.ယူအိ အထဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ၅၁% ပါပါမယ်။ (ဃြီဏ)ကတော့ ၄၉%ပါ ပါမယ်။ အဲဒီတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကတော့ဒီထဲမှာချပေးထားလိုက်တဲ့ မြို့ပြအိမ်ရာများထုတ်လုပ်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံဖို့အတွက် ကျပ်(၄၆)ဘီလီယံကို ထည့်သွင်း ရင်းနှီးမြှပ်နှံထားရှိပါတယ်။ နောက်ဒါနဲ့ဆက်လက်ပြီးတော့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ လည်းရှင်းလင်းတင်ပြလိုပါတယ်။ အဲဒီစီမံကိန်းကိုပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုခဲ့ပြီးတော့ ယခင်တိုင်းဒေသကြီးအစိုးရမှ လုပ်ငန်းတည်ဆောက်မည်ကို ီနလနူသစနမ (၃)ဦး တို့နှင့် ၂ဝ၁၆ခုနှစ် မတ်လအတွင်းက စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ မြို့သစ် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ အကောင်းဆုံးနှင့်အဖြစ်သင့်ဆုံးပုံသဏ္ဍာန်ကို ရွေးချယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြ ဖြေကြားအပ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂ဝ၁၆-၂ဝ၁၇ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းဥပဒေကြမ်းအတွက်စပ်လျဉ်းတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့အဆိုဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ဒေသန္တရစီမံကိန်းနှင့် စပ်လျဉ်း၍

လွှတ်တော်၏အတည်ပြုချက်ရယူခြင်း

ဥက္ကဋ္ဌ ။        ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို အစိုးရအဖွဲ့ကတင်သွင်းပြီး ဥပဒေကြမ်း ကော်မတီက ဥပဒေကြမ်းနှင့်ပတ်သက်၍အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်(၆)ဦးတို့က ဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးချက်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ဆွေးနွေးရှင်းလင်းသွားပါတယ်။ ဥပဒေကြမ်းကော်မတီရဲ့အစီရင်ခံစာ၊ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်နှင့်ဝန်ကြီးရဲ့ ပြန်လည်ရှင်းလင်းဆွေးနွေးချက်ကို ကြည့်တဲ့အခါမှာ ဥပဒေကြမ်းကိုပြင်ဆင်ချက်မပါရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုရေးအတွက် ဆက်လက်ဆောင်ရွက်သွားပါမယ်။ ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာနှစ်

ရန်ကုန်တိုင်းဒေသကြီး၏….

ဒေါ်စန္ဒာမင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး။     ။ ကျွန်မတို့အနေနဲ့ အခုဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းအဖြစ်ကျွန်မတို့လွှတ်တော်အနေနဲ့အတည်ပြုလို့ ရပါတယ်။ ဒါပေမဲ့ဥပဒေကြမ်းမှာ နောက်ဆက်တွဲပါဝင်လာတဲ့ ဏမသနြခအ တွေကို ကျွန်မတို့ အတည်မပြုသေးပါဘူး။ ဒါကြောင့်မို့လို့ ဥပဒေကြမ်းကို အတည်ပြုပါတယ်။ ဟိုတစ်နေ့ကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဆွေးနွေးသွားပါတယ်။ ဥပဒေကြမ်းနဲ့ဏမသနြခအနဲ့ ရောထွေးနေတဲ့အတွက် ဥပဒေကြမ်းကိုပဲကျွန်မတို့ အတည်ပြုနိုင်ပါတယ်။ ဏမသနြခအ တွေကို

အတည်မပြုသေးပါဘူး။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး။ ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုတင်သွင်းတဲ့အခါမှာ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို တင်သွင်းခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်ကနေပြီးတော့တွဲထားတဲ့ ှကစစသမအငညါ ီသခကာနညအ များကတော့ လွှတ်တော်ကိုယ်စားလှယ် များကို အသိပေးတင်ပြခြင်းဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ နောက်က ျြေအနမ ဏူညေ ပါမြို့ပြ စီမံကိန်း ဒီရန်ကုန်မြို့တော်ရဲ့ ျြေအနမ ဏူညေကြီးပါ။ ဒါကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်နေတယ်ဆိုတဲ့ကိစ္စကိုတင်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာကတော့ စောစောက ဒေါ်စန္ဒာမင်းတင်ပြတဲ့အတိုင်းပဲ ကျွန်တော်တို့ဥပဒေနဲ့ဆက်စပ်ခြင်းဥပဒေကိုတော့ ပံ့ပိုးတဲ့ ီသခကာနညအ   တစ်ခုပဲဖြစ်ပါတယ်။ ဒေသန္တရစီမံကိန်းထဲမှာတော့ အသေးစိတ်မပါဝင်ပါဘူး။ ဒေသန္တရစီမံကိန်းဆိုတာကတော့ သီးခြားစီးပွားရေးတိုးတက်မှုနှုန်းများနှင့်ဒီအခြေအနေများကို တိုင်းပြည်တိုးတက် ဒီရန်ကုန်တိုင်းဒေသကြီးရဲ့ ွီဏ(၈.၅) ရရှိစေဖို့အတွက် ဒီလိုစီးပွားရေးလုပ်ငန်း များကိုတိုးတက်စေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီဒေသန္တရစီမံကိန်းမူကြမ်းကိုတင်သွင်းခြင်း ဖြစ်ပါတယ်။ အဲဒါကိုတော့အတည်ပြုပေးဖို့တင်သွင်းပါတယ်။

ဥက္ကဋ္ဌ ။        ။ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတစ်ရပ်လုံးကို လွှတ်တော်ကအတည်ပြုရန် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၃၇)၊ နည်းဥပဒေခွဲ(က)အရစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက အဆိုတင်သွင်းပေးဖို့

ဖြစ်ပါတယ်။

ဦးမြင့်သောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး။ ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှလည်းစိစစ်အတည်ပြုပြီးဖြစ်ပါတယ်။ ပြည်ထောင်စု အမျိုးသားစီမံကိန်းဥပဒေကိုလည်း၂ဝ၁၇ခုနှစ် မတ်လ(၂၄)ရက်နေ့က ပြည်ထောင်စုလွှတ်တော် မှာလည်း အတည်ပြုပြဌာန်းပေးပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ရဲ့ဒေသန္တရစီမံကိန်းဟာ ၂ဝ၁၇ခုနှစ် ဧပြီလ (၁)ရက်နေ့ကစတင်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေပြီးတော့ ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၇-၂ဝ၁၈ခုနှစ်ဒေသန္တရစီမံကိန်းဥပဒေကြမ်းအား အတည်ပြုပေးနိုင်ပါရန် အဆိုပြုတင်ပြအပ်

ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။        ။   လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးရန်ဝန်ကြီးကအဆိုတင်သွင်းပါတယ်။ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန်သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ သဘောတူပါသလားခင်ဗျား (သဘောတူပါတယ်)။ လွှတ်တော်ကသဘောမတူသူရှိပါသလားခင်ဗျား(သဘောတူပါတယ်)။ လွှတ်တော်ကသဘောမတူသူမရှိတဲ့အတွက် ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို လွှတ်တော်ကသဘောတူကြောင်း ကြေငြာပါတယ်။(တူထုသံ)

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ကိုတစ်နာရီရပ်နားပါ့မယ်။

အချိန်။ ၁၂ဝဝ

အခမ်းအနားမှူး ။                                           ။ လွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါမယ်ရှင်။ ကိုယ်စားလှယ်တော်ကြီးများ ပြန်လည်ထွက်ခွာနိုင်ပါပြီရှင်။ အစည်းအဝေးကို နေ့လည်(၁)နာရီမှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်ရှင်။

အစည်းအဝေးပြန်လည်ကျင်းပခြင်း

အချိန်။ ၁၃ဝဝ

အခမ်းအနားမှူး ။     ။ အစည်းအဝေးပြန်လည်ကျင်းပရန်အချိန်နီးကပ်လာပြီဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီးများ နေရာယူပေးကြပါရန် ပန်ကြားအပ်ပါတယ်ရှင်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ြွကရောက်လာပါပြီရှင်။

[ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းသည် ဥက္ကဋ္ဌအတွက် သတ်မှတ် ထားသည့်စင်မြင့်ပေါ်တွင် ြွကရောက်နေရာယူပါသည်။ ]

ဥက္ကဋ္ဌ ။            ။ အားလုံးမင်္ဂလာပါ။

အခမ်းအနားမှူး။         ။ အားလုံးထိုင်နိုင်ပါပြီရှင်။

၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းခြင်း

အချိန်။ ၁၃ဝ၂

ဥက္ကဋ္ဌ ။            ။ အစီအစဉ်(၈) လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းခဲ့သော ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာအား လွှတ်တော်သို့ဖတ်ကြားရှင်းလင်းတင်ပြရန် ဖြစ်ပါတယ်။               ဦးနေနိုင်ဦး၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ။   ။ အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်ကတော့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ကျင်းပသော ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး တတိယနေ့ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာအား ဖတ်ကြား ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၏အစိုးရအဖွဲ့မှ တင်သွင်းသော၂ဝ၁၇ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာ

စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ရက်စွဲ ၊၂ဝ၁၇ ခုနှစ်၊ မတ်လ ၂၈ ရက်

 

နိဒါန်း

၁။      ၂ဝ၁၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ၂ဝ၁၇ ခုနှစ် ၊ မတ်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယမြောက်နေ့) တွင် တင်သွင်းခဲ့ပါသည်။

၂ဝ၁၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ

အကြောင်းအရာများ

၂။      ထိုကဲ့သို့တင်သွင်းခဲ့သော ဥပဒေကြမ်းကို စိစစ်ရာတွင် အပိုင်း (၁) အမည်နှင့်စတင် အကျိုး သက်ရောက်သည့်နေ့ရက်၊ အပိုင်း (၂) တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော် ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့်စည်ပင်သာယာရေးအဖွဲ့များဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ အပိုင်း (၁)တွင် ပုဒ်မ ၁ နှင့် အပိုင်း (၂)တွင် ပုဒ်မ ၂ မှ ပုဒ်မ ၅ ထိ ပါဝင်ပါသည်။ ဤဥပဒေကြမ်း၏ ဇယား(၁)တွင် ဗဟိုအဖွဲ့အစည်းများ၏ ရငွေများကိုလည်းကောင်း၊ ဇယား (၂)တွင် သုံးငွေများကို လည်းကောင်း ဖော်ပြထားပါသည်။ ဇယား (၃)တွင် တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့် ဦးစီးဌာနများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေများကိုလည်းကောင်း၊ ဇယား (၄)တွင် သုံးငွေများကိုလည်းကောင်း ဖော်ပြထားပါသည်။

ရည်ညွှန်းချက်

၃။      (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈၈ ၊ ဇယား (၂) အမှတ်စဉ် ၁ (က) အရလည်းကောင်း၊

(ခ )    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၃ ၊ ပုဒ်မခွဲ (က) အရလည်းကောင်း၊

(ဂ )    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၈ အရ လည်းကောင်း၊

(ဃ)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၂၈ ၊ နည်းဥပဒေခွဲ (ခ) ၊ နည်းဥပဒေခွဲငယ် (၁)အရလည်းကောင်း တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဥပဒေကြမ်းကော်မတီ၏ သဘောထားမှတ်ချက်

၄။      (က)    ဤဥပဒေကြမ်း၏ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (က)နှင့် ၊ ပုဒ်မခွဲ (ခ) တို့တွင် ဗဟိုအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေနှင့်သုံးငွေ အတွက် ပုဂ္ဂိုလ်အသီးသီးကို တာဝန်ပေးအပ်ခြင်းနှင့် အဆိုပါပုဂ္ဂိုလ်အသီးသီးသည် မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထား ခြင်းကြောင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းကို လက်တွေ့ကျင့်သုံး သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ခ )    ဤဥပဒေကြမ်း၏ ပုဒ်မ ၃ ၊ ပုဒ်မခွဲ (ဂ) အရ ရငွေများကို စီမံကြီးကြပ်ကောက်ခံခြင်း၊ သုံးငွေများကို စီမံခန့်ခွဲခြင်းအတွက် ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပါရှိသောကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုပြည့်ဝသော ဘဏ္ဍာရေးစနစ်ဖြစ်ပေါ်စေရန် ကြပ်မတ် ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ဂ )    ဤဥပဒေကြမ်း၏ ပုဒ်မ ၄ ၊ ပုဒ်မခွဲ (က)တွင် အခွန်ဆိုင်ရာဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွန်ငွေများအပြည့်အဝရရှိစေရန် အခွန်ဘဏ္ဍာများ လေလွင့် ဆုံးရှုံးမှုမရှိစေရေး၊ အဂတိလျော့နည်းကင်းစင်စေရေးအတွက် ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ဃ )   လုပ်ငန်းလုပ်ကိုင်ရန်သော်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း၊ လိုအပ်သည့်ငွေကို ထောက်ပံ့ငွေ၊ ချေးငွေတို့ဖြင့် ပြည်ထောင်စုအစိုးရထံမှ ရယူ ဆောင်ရွက်နိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူ့ဆန္ဒနှင့်အညီထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်သော အခွင့်အလမ်းရရှိစေနိုင်ကြောင်း စိစစ်တွေ့ရှိရပါသည်။

(င )    ၂ဝ၁၇ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းသည် ရငွေစုစုပေါင်း ကျပ်သန်းပေါင်း ၄၂၄ ယ၂၈ဝ.၆၆၇ ၊ သုံးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၄၂၄ ယ၂၈ဝ.၆၆၇ ဖြင့် ဘက်ညီရသုံးမှန်းခြေငွေစာရင်းအဖြစ် ရေးဆွဲထားခြင်းဖြစ်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ရေးဆွဲထားကြောင်း စိစစ်သုံးသပ်အစီရင်ခံတင်ပြအပ် ပါသည်။

ဥပဒေကြမ်းကော်မတီ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာအားတင်ပြခြင်း

အချိန်။ ၁၃ဝ၈

ဥက္ကဋ္ဌ ။            ။ အစီအစဉ်(၉) လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့တင်သွင်းခဲ့သော ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာအား တင်ပြရန်ဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်း၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီဥက္ကဋ္ဌ ။   ။အားလုံးပဲမင်္ဂလာပါ။၂ဝ၁၇ခုနှစ်ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို တင်ပြပါမယ်ရှင်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေးရဲ့ဒုတိယနေ့ ကြာသပတေးနေ့မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၅၈နှင့်အညီ လွှတ်တော်ကိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီနဲ့အတူ စိတ်ပါဝင်စားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီးတော့ ဥပဒေကြမ်းပါတိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းတွေ တိုင်းဒေသကြီးအဆင့် ဝန်ကြီးဌာနတွေ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့်စည်ပင်သာယာရေးအဖွဲ့များရဲ့ရငွေသုံးငွေတွေကို စိစစ်ကြပြီး အကြမ်းဖျင်းလျာထားနိုင်ရန် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီရဲ့သဘောထား ကို (၂၈.၃.၂ဝ၁၇) ရက်စွဲနဲ့ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၆၄နှင့်အညီ လွှတ်တော်သို့တင်သွင်းအပ်ပါတယ်။ ယခု ကျွန်မတင်သွင်းမယ့်စာတမ်းမှာ အချိန်ကို ငှဲ့ညှာသောအားဖြင့် စာအုပ်တွေအားလုံးကို လွှတ်တော်ကိုယ်စားလှယ်များကို ေ0xm;ပြီးပြီ ဖြစ်သောကြောင့် ကျွန်မအနေနဲ့နောက်ဆုံးကိုပဲသွားလိုက်ပါ့မယ်။ ဘဏ္ဍာရေးနှစ်အလိုက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရငွေသုံးငွေတွေနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့စာမျက်နှာ(၉) ကနေစပြီးဖတ်ပြပါ့မယ်။ ဒီ ၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာဆိုရင် (၃၃၆၂၁၈.၅၇ဝ) ကျပ်သန်းဘဏ္ဍာရေး နှစ်အလိုက် အားလုံးရရှိထားတာကို တွေ့ရပါတယ်။ သုံးငွေတွေကို ဘဏ္ဍာရေးနှစ်အလိုက်ဆိုလို့ရှိရင် အောက်ပါအတိုင်းတွေ့ရှိရတယ်။ ဒီသုံးငွေတွေကို နှစ်အလိုက်ကြည့်မယ်ဆိုရင်တော့ ၂ဝ၁၅-၂ဝ၁၆ခု ဘဏ္ဍာရေးနှစ်တွေမှာ အများဆုံးသုံးစွဲရန်ခွင့်ပြုပေးထားကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ဒီနှစ်ရဲ့ သုံးငွေကတော့ ၂ဝ၁၅-၂ဝ၁၆ခုနှစ်နဲ့နှိုင်းယှဉ်လို့ရှိရင် မများဘူးဆိုတာမျိုးကို ကျွန်မတို့တွေ့ရပါတယ်။ နောက် နှစ်အလိုက်ဘတ်ဂျက်ငွေ ပိုလျှံတာအပ်တာများကိုလည်း ကြည့်မယ်ဆိုလို့ရှိရင်တော့       ၂ဝ၁၅-၂ဝ၁၆ခုနှစ် ဘဏ္ဍာရေးနှစ်မှာဆိုရင် (၆၈၈၅၂ .၂၆၄)ကျပ်သန်း ဒီအပ်နှံငျွေွန% ရဲ့ ၁၂.၈၂%ကို အပ်နှံထားတယ်ဆိုတာကိုတွေ့ရှိရပါတယ်။ အဖွဲ့အစည်းအလိုက်အသားတင် ပိုငွေ၊ လိုငွေအခြေအနေတွေကိုလည်း စာအုပ်မှာ ကျွန်မတို့ပြဌာန်းထားပါတယ်။ ကျွန်မနောက်ဆုံးမှာ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီရဲ့ သဘောထားမှတ်ချက်ကိုလည်း အချိန်ကိုငှဲ့ညှာသော အားဖြင့် တင်ပြပါမယ်။ ရန်ကုန်တိုင်းဒေသကြီး ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ် ငွေလုံး၊ ငွေရင်း အသုံးစရိတ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးများ၌ န-ွသလနမညာနညအ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျပ်သန်း (၁ဝဝဝ)ထုတ်ယူသုံးစွဲမှုကို ယမန်နှစ် ၂ဝ၁၆-၂ဝ၁၇ တွင်လည်း အတည်ပြုပေးခဲ့ရသလို ယခုနှစ်တွင်လည်း ကျပ်သန်း(၁ဝဝဝ)ကို အတည်ပြုပေးရပြန်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွက် န-ွသလနမညာနညအ မည်မျှအောင်မြင်၍ ပြည်သူတွေအနေဖြင့် အစိုးရနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိသည့် အကောင်အထည်ပေါ်လာမှု ယနေ့ထက်တိုင် မတွေ့ရှိရသေးပါကြောင်း တင်ပြအပ်ပါသည်။ ယခုနှစ်၏ဘဏ္ဍာငွေအသုံးစရိတ်တွင် ဆိပ်ကမ််းမြို့နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မရမ်းကုန်းမြို့နယ်များတွင် တည်ဆောက်ရန်တင်ပြထားသော ခုံးကျော်တံတားများအတွက် တောင်းခံထားသောငွေပမာဏကို ကြည့်လျှင် တစ်စင်းလျှင်ကျပ်သန်းပေါင်း(၁ဝဝဝ)ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ခေတ်မီစက်လှေကား များပါဝင်သော လူကူးခုံးကျော်တံတားမှာ နေရာတိုင်းတွင်မလိုအပ်သလို တချို့နေရာများတွင်လည်း လူနှင့်ကုန်ပစ္စည်းများပါ အလွယ်တကူသယ်ယူဖြတ်သန်းနိုင်သော ့ညိနမစျေျ များဖြစ်ရန် လိုအပ်ပါသည်။ ( ဥပမာ- ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်မှ ဦးဝိစာရလမ်းအားဖြတ်၍ ပြည်သူ့ ရင်ပြင်သို့ဆက်သွယ်သောနေရာ၌ ဥလနမစျေျ အစား ့ညိနမစျေျ အသုံးပြုနိုင်ပါက ပိုမိုသင့်တော်ကြောင်း တင်ပြလိုပါတယ်။ ထို့ကြောင့် ခုံးကျော်တံတား(၇)စင်း၏ ကုန်ကျငွေကို ပြန်လည်ပြုပြင်ရေးဆွဲသင့်ကြောင်း အကြံပြုတင်ပြအပ်ပါတယ်ရှင်။ ကျွန်မတို့ နောက်ဆက်တွဲ(က) အနေနဲ့ တင်ပြထားတာကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ငွေသော်တာ ဂေါက်ကွင်းနှင့်မြကန်သာဂေါက်ကွင်း(၂)ခုပြုပြင်ထိန်းသိမ်းရေးစရိတ် ကျပ်သန်းပေါင်း (၅၅ဝ) တောင်းခံထားခြင်းကို ကျွန်မတို့လွှတ်တော်အနေနဲ့ ပြန်လည်စိစစ်ဖြတ်တောက်ပေးပါရန် တင်ပြအပ်ပါသည်။ ကျွန်မဘာကြောင့်ဒါကိုရှင်းလင်းရခြင်းမှာ ငွေသော်တာနှင့်မြကန်သာ ဂေါက်ကွင်းတို့မှ အသင်းသားများ၏အသင်းဝင်ကြေးများ၊ အသင်းသားနှင့်အသင်းသား မဟုတ်သူများ၏ ဂေါက်သီးရိုက်ခများ၊ ကြါါပ ငှားရမ်းခများ၊ ဃူကဘ ံသကျန (၂)ခုငှားရမ်းခ၊ ှဏဗ ငှားရမ်းခနှင့် စတိတ်စင်ငှားရမ်းခများ ရရှိထားပါတယ်။ အဲဒီလိုပါပဲ ရေကူးကန်၊ လေ့ကျင့်ရေး ျွညေါန တွေကနေရတဲ့ငွေတွေ၊ ဂေါက်သီးပြိုင်ပွဲကျင်းပရေးမှရတဲ့ငွေတွေ၊ နိုင်ငံခြားသားများ ဂေါက်သီးလာရိုက်မှုမှရရှိငွေတွေ ဒီငွေတွေအားလုံးကို ပေါင်းကြည့်လျှင်ပျှမ်းမျှရငွေမှာ တစ်နှစ်လျှင်ကျပ်သန်းပေါင်း (၂ဝဝဝ)ကျော်ခန့်ရရှိနေမည်ဟု ခန့်မှန်းတွက်ချက်ရပါတယ်။ အထူးသဖြင့် ကျွန်မအနေနဲ့ထောက်ပြလိုတာကတော့ ကြါါပအတွက် ဖြစ်ပါတယ်။ စာရင်းမှာပြထားတာကတော့ မနက်(၁၃)စီး၊ ည(၁၃)စီးလောက်ပဲ ပြဌာန်းထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ စနေ၊ တနင်္ဂနွေကို ပဲကြည့်မယ်ဆိုရင်တောင် နှစ်ရက်မှာ အတွဲပေါင်း(၁၄၄)တွဲ လောက်ရိုက်ပါတယ်။ တစ်တွဲမှာဆိုရင် (၅)ယောက်အားဖြင့် လူပေါင်း (၇၂ဝ)လောက်ရိုက်တယ်ဆိုရင် ကြါါပ ခေါက်ရေဟာ (၄ဝဝ)လောက် ရှိပါတယ်။ ဒီ ကြါါပ တစ်ခေါက်ကိုလည်း (၂)သောင်း လောက်ပေးရတာဖြစ်တဲ့အတွက်ကြောင့် အခေါက်ပေါင်း(၄ဝဝ)ဆိုရင် မနည်းရှိပါတယ်။ သို့သော်လည်း စာရင်းမှာပြဌာန်းထားတာ မနက်် (၁၃)စီး၊ ည(၁၃)စီးဆိုရင် ကျန်တဲ့ ကြါါပ တွေကဘယ်ကလဲဆိုတာ စိစစ်ဖို့လိုအပ်နေပါပြီ။ ဒါကြောင့်မို့လို့ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ယောက်က ကြါါပ ထည့်ထားတာလား ဒါမှမဟုတ် မြို့တော်စည်ပင်သာယာရေးပိုင် ကြါါပ ပဲဖြစ်တာလားဆိုတာကို ကျွန်မတို့ပြန်လည်စိစစ်ဖို့ လိုအပ်ပါတယ်။ ဒီ ကြါါပ ကရတဲ့ငွေတွေကလည်း မနည်းမနောရထားပါတယ်။ ဒါကြောင့်မို့လို့ ပျမ်းမျှငွေဟာတစ်နှစ်လျင် ကျပ်သန်းပေါင်း(၂ဝဝဝ)ကျော်ခန့်ရရှိတယ်လို့ ကျွန်မတို့အနေနဲ့ခန့်မှန်း တွက်ချက်ရပါတယ်။ ဒါကြောင့်စည်ပင်သာယာဝန်ကြီးအနေနဲ့ ပြန်လည်စိစစ်ပြီးတင်ပြဖို့ လိုအပ် ပါတယ်။ ပထမအစီအစဉ်မှာစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးမှလည်း စိစစ်ပြီးတော့ပြန်လည်တင်ပြရန် ပြောထားသောကြောင့်ပြန်လည်စစ်ဆေးသင့်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ငွေသော်တာဂေါက်ကွင်းနှင့်မြကန်သာဂေါက်ကွင်း(၂)ခုမှ ရငွေတွေကိုပြန်လည်စိစစ် သင့်ကြောင်းကိုလည်း ကျွန်မတို့လွှတ်တော်အနေနဲ့တင်ပြအပ်ပါတယ်။ ထို့ကြောင့်ရငွေနှင့်သုံးငွေ တွေကိုနှိုင်းကြည့်မယ်ဆိုလို့ရှိရင် ဂေါက်ကွင်းကရရှိငွေတွေဟာ ပိုမိုများပြားလာသောကြောင့် မိမိဝင်ငွေနှင့်ပင်ပြင်ဆင်စရိတ်ကာမိကြောင်းလည်း တင်ပြအပ်ပါတယ်။ ဒါကြောင့်မို့လို့ စည်ပင်သာယာပိုင် ဂေါက်ကွင်း(၂)ခု၏ ကျပ်သန်းပေါင်း(၅၅ဝ)ကို ဖြတ်တောက်ပေးပါရန် လွှတ်တော်အနေဖြင့် တင်ပြအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရဥပဒေကြမ်းအား တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ၁၃၃(ခ)အရ လွှတ်တော်မှအတည်ပြုလိုက်ပါသည်။ သို့ပါသော်လည်း ဘဏ္ဍာငွေသုံးစွဲရာ၌လွှတ်တော်ကိုယ်စားလှယ်များမှဦးစားပေးလုပ်ဆောင်ရန် မသင့်လျော်သော လုပ်ငန်းများကိုတွေ့ရှိရပါသဖြင့် နိုင်ငံတော်၏ဘဏ္ဍာငွေများ အလေအလွင့် မဖြစ်စေရန်နှင့် အလဟသမဖြစ်စေရန်အတွက်၄င်းလုပ်ငန်းများ   ယခုနှစ်အတွင်းလုပ်ဆောင်ခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် တားမြစ်ပေးပါရန်နှင့် ထွက်ပေါ်လာသောပိုလျှံငွေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်(၃၃)မြို့နယ်အတွင်း လိုအပ်ချက်ပေါ်မူတည်ကာ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနတို့ ပြန်လည်ညှိနှိုင်းပြီး အရေးတကြီးလိုအပ်သောနေရာများသို့ ခေါင်းစဉ်ပြောင်းလဲသုံးစွဲပေးပါရန် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီမှတင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်း၍

လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးကဆွေးနွေးခြင်း

အချိန်။ ၁၃၁၆

ဥက္ကဋ္ဌ ။            ။ အစီအစဉ်(၁ဝ) လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်အစည်းအဝေး ဒုတိယနေ့(၂၃.၃.၂ဝ၁၇) ကြာသပတေးနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ဥပဒေကြမ်းတင်သွင်းခဲ့ပါတယ်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသောကိုယ်စားလှယ်(၁၁)ဦး လွှတ်တော်ရုံးသို့စာရင်းပေးပို့ထားပါတယ်။ ပထမဦးစွာ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးနေမျိုးကျော်(ခ)ဦးနေဘုန်းလတ်၊ သင်္ဃန်းကျွန်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)။ ။ အားလုံးပဲမင်္ဂလာပါ။ ဒီနေ့ကျွန်တော် ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့နေရာမှာ အသေးစိတ်အချက်တွေကို မဆွေးနွေးတော့ပဲနဲ့ကို ကြါိနအ ဗူူသခအေငသည ဏမသခနျျ ပေါ့နော် ဒီဘတ်ဂျက်ရေးဆွဲတဲ့နေရာမှာ လုပ်တဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ ဒီထက် ပိုမိုကောင်းမွန်စေချင်တဲ့ဆန္ဒနဲ့ကျွန်တော်အကြံပြုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဃသာာညေိနမ တွေကို ဘယ်ကနေရတယ် ဘယ်မှာသုံးမယ်ဆိုတာ တော်တည့်မှန်ကန်စွာ စီမံခန့်ခွဲ နိုင်ဖို့ဆိုတဲ့ကိစ္စမှာ အစိုးရတစ်ရပ်မှာအင်မတန်မှတာဝန်ကြီးပါတယ်။ ဒီနေရာမှာအစိုးရတစ်ရပ်လို့ ကျွန်တော်ပြောတဲ့နေရာမှာ အုပ်ချုပ်ရေးမဏ္ဏိုင်တစ်ခုထဲကိုပြောတာ မဟုတ်ပါဘူး။ ဥပဒေပြုရေး မဏ္ဏိုင်ဖြစ်တဲ့လွှတ်တော်ပါ ပါပါတယ်။ ဒီလိုပြောရခြင်းက ပြည်သူ့ဘဏ္ဍာတွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေမှာ ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူဟာအုပ်ချုပ်ရေးမဏ္ဏိုင်တစ်ခုထဲ မဟုတ်ပဲ ဥပဒေပြုရေးမဏ္ဏိုင်ပါတယ်ဆိုတာ ထင်ရှားစေချင်လို့ ကျွန်တော်ဒီလိုပြောရခြင်းပဲဖြစ်ပါ တယ်။ အဲဒီတော့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို အစိုးရကရေးဆွဲပြီးရင် လွှတ်တော်က အတည်ပြု ဒီတိုင်းပဲလုပ်ငန်းစဉ်ကနှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ မဖြစ်မနေဆောင်ရွက်နေရမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီဥပဒေကြမ်းအာဏာတည်ဖို့ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့အပိုင်း ခွဲမယ်ဆို(၂)ပိုင်းရှိပါတယ်။ ပထမအပိုင်းအနေနဲ့ ဒီအစိုးရအဖွဲ့အနေနဲ့ဒါကိုဌာနဆိုင်ရာတွေနဲ့ညှိနှိုင်း ပြီးတော့ ဒီဘတ်ဂျက်ရေးဆွဲတဲ့အပိုင်းပါ။ ဒုတိယအပိုင်းကတော့ ဥပဒေကြမ်းကိုလွှတ်တော်ကို တင်လာပြီးတော့ လွှတ်တော်ကဆွေးနွေးပြီးတဲ့အခါမှာ ကျွန်တော်တို့ ခွင့်ပြုသင့်တာကိုခွင့်ပြု၊ လျော့သင့်တာကိုလျော့၊ ကျွန်တော်တို့ခေါင်းစဉ်ပြောင်းသင့်တာကိုပြောင်းဆိုတဲ့ အလုပ်တွေကို လုပ်ပြီးတော့ အတည်ပြုပေးရတဲ့အပိုင်းပါ။ ရေးဆွဲတဲ့အပိုင်းနဲ့အတည်ပြုတဲ့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ အဲဒီနှစ်ပိုင်းကိုအကြံပြုဆွေးနွေးသွားပါမယ်။ ပထမအပိုင်းဖြစ်တဲ့အစိုးရ ကနေပြီးရေးဆွဲတဲ့အပိုင်းပါ။ ဒါပြီးခဲ့တဲ့နှစ်တုန်းကလည်း ကျွန်တော်တို့ပြောခဲ့ပါတယ်။အထူးသဖြင့်တော့ ဒါကျွန်တော်တို့ သွားနေတာက ဏမေအငခကူမေူပ ကြါိနအ လို့ခေါ်တဲ့ပြည်သူလူထု ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲတဲ့ ဘတ်ဂျက်ဆိုပြီးတော့ အဲဒီကိုရည်မှန်းပြီးသွားနေတာပါ။ အဲဒီအခါကျတော့ ကျွန်တော်တို့က ပြည်သူတွေကို တစ်ဦးချင်းစီ၊ တစ်ယောက်ချင်းစီ ကိုယ်တိုင်ကိုယ်ကျ ဘတ်ဂျက်ပါဝင်ရေးဆွဲဖို့ဆိုတာ မဖြစ်နိုင်တဲ့အခါမှာ ကျွန်တော်တို့ ပြည်သူတွေကရွေးကောက် တင်မြှောက်ထားတဲ့ကိုယ်စားလှယ် တွေရဲ့အခန်းကဏ္ဍကို မဖြစ်မနေဒီဘတ်ဂျက်ရေးဆွဲရေး လုပ်ငန်းစဉ်မှာထည့်သွင်းဖို့ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကြည့်တယ်ဆိုတဲ့အခါမှာ အရင်နှစ်ကထက်စာရင် ပိုပြီးတော့တိုးတက် လာတာကို မြင်ရပေမဲ့ချွတ်ချော်လွဲချော်မှုတွေအခုချိန်ထိ ကျွန်တော်တို့မှာရှိနေတယ်ဆိုတာကို သုံးသပ်မိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ အစိုးရအဖွဲ့အနေနဲ့ရော သက်ဆိုင်ရာဝန်ကြီးအနေနဲ့ ကော ကျွန်တော်တို့နောက်နောင်တွေမှာ ဏမေအငခကူမေူပ ကြါိနအ ဆိုတာဖြစ်ဖို့အတွက် ပြည်သူ့ ကိုယ်စားလှယ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုကိစ္စကို ဒီထက်ပိုပြီးတော့ ဘယ်နေရာမှာဘယ်လိုမျိုး တိတိကျကျပူးပေါင်းရမလဲဆိုတဲ့ လမ်းကြောင်းလေးကို တိကျစွာရှင်းလင်းပြသထားဖို့လိုမယ် ထင်ပါတယ်။ အခုက ကျွန်တော်တို့ကဌာနဆိုင်ရာတွေပဲ သွားပြောရမှာလား ဝန်ကြီးကိုပဲစာပို့ ရမှာလား ဘယ်နေရာကနေဘယ်လိုမျိုးဒီဟာကို ကျွန်တော်တို့ ှုညစကအ ကိုဘယ်လိုထည့်ရမလဲဆိုတာ သိပ်တိကျတဲ့လမ်းကြောင်းမရှိဘူးဆိုတာသိလို့ ဒါကိုပြောရခြင်းဖြစ်ပါတယ်။ ဒါကတော့ ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ နောက်တစ်ခုက ဒီဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုလည်း နည်းနည်းအားနည်းပါတယ်။ ဒါလည်းမဖြစ်မနေ လိုအပ်ပါတယ်။ ကျွန်တော်တို့သင်္ဃန်းကျွန်းမှာဆိုရင် ဒါအခြားမြို့နယ်တွေမှာလည်း ရှိနိုင်ပါတယ်။ လမ်းချဲ့ပါတယ် လမ်းချဲ့တဲ့အခါမှာ စည်ပင်ကလမ်းချဲ့ဖို့အတွက်ဘတ်ဂျက်တင်တယ်။ ဒါပေမဲ့နဏဃ ကဓါတ်တိုင်တွေရွှေ့ဖို့အတွက် ဘတ်ဂျက်မပါဘူး။ အဲဒီအခါကျတော့ လမ်းသာချဲ့လိုက်တယ် ဓါတ်တိုင်တွေက အဲဒီလမ်းတွေပေါ်မှာ အဲဒီအတိုင်းကြီးပဲ ကားတွေကဓါတ်တိုင်တွေကို တိုက်မိမှာတောင်စိုးရိမ်ရတဲ့အနေအထားရှိပါတယ်။ အမှန်မှာဒီနှစ်ခုဆိုရင် နဏဃ နဲ့ဒီဘက်က စည်ပင်သာယာနဲ့နှစ်ခုပေါင်းပြီး ဘတ်ဂျက်နှစ်ခုကိုညှိညှိနှိုင်းနှိုင်းနဲ့တင်မယ်ဆိုရင် တစ်ခါတည်း လမ်းရွှေ့မယ်၊ လမ်းခင်းမယ်၊ ဓါတ်တိုင်တွေပါတစ်ခါတည်းရွှေ့မယ့်ဟာ တခါတည်းပြီးသွားနိုင် ပါတယ်။ အဲ့ဒီလိုမျိုးတွေဟာ စည်ပင်မှာတင်ဌာနအချင်းချင်းကြားမှာ ချိတ်ဆက်မှုအားနည်းတာတွေ လည်း တွေ့ရတယ်။ ဥပမာ-ကျွန်တော်တို့လမ်းတံတားကနေပြီးတော့ မြောင်းဖောက်ဖို့၊ မြောင်းဆယ်ဖို့ ဘာညာဘတ်ဂျက်တင်တယ်။ တစ်ဖက်မှာ အဲ့ဒီမှာမြောင်းဆယ်တဲ့အခါ ပိုက်တွေ၊ တီထွေးတွေနဲ့ ရွှေ့ရပြုရတာမျိုးရှိလာနိုင်တယ်။ ဒါပေမဲ့ရေသန့်ဌာနက အဲဒီတီထွေးတွေရွှေ့ဖို့ဘာဖို့ကို ဘတ်ဂျက်မတင်ထားဘူး။ အဲ့ဒီလိုမျိုးတွေလည်း ကျွန်တော်တို့ခဏခဏတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ နောက်နောင်တွင် ဘတ်ဂျက်ရေးဆွဲတဲ့အခါမှာ အစိုးရဌာနအချင်းချင်းလည်း ကျွန်တော်တို့ ကောင်းမွန်စွာ ချိတ်ဆက်ပြီးတော့ အလုပ်တစ်ခုကို နှစ်ခါ၊ သုံးခါလုပ်မနေရဘဲနဲ့ အခုကဓါတ်တိုင် ဖယ်တာကနောက်တစ်နှစ်မှ နောက်အဲ့ဒါကိုပြန်ဖာရတာ နောက်တစ်နှစ် အလုပ်တစ်ခုကိုထပ်ခါထပ်ခါ လုပ်မနေရဘဲနဲ့ တစ်ခါတည်းဌာနဆိုင်ရာအချင်းချင်းကြားမှာ အပြန်အလှန်ညှိနှိုင်းပြီးတော့ ဘတ်ဂျက်ရေးဆွဲသင့်ပါတယ်လို့ အကြံပြုပါတယ်။ နောက်တစ်ခုကတော့ ဒါဘတ်ဂျက်ကိုကျွန်တော်တို့ အစိုးရအဖွဲ့ကတင်သွင်းလာပြီးတဲ့နောက်မှာ လွှတ်တော်အနေနဲ့ အတည်ပြုပေးရတဲ့အပိုင်းမှာ ဒီနေရာမှာလည်းရှေ့မှာပြောခဲ့သလိုပါပဲ ကျွန်တော်တို့လွှတ်တော်မှာလည်း ဒီအတွက်အများကြီး တာဝန်ရှိပါတယ်။ အဲ့ဒီတော့ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄) ဥပဒေပြုရေးအခန်း ပုဒ်မ-၁၉၃၊ ပုဒ်မခွဲ(ခ)မှာ ပုဒ်မခွဲ(က)ပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ သို့မဟုတ် နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေးဥပဒေအရ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်အလိုက် ရန်ပုံငွေမှရရှိသည့်ဘဏ္ဍာငွေများအပါအဝင် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် ရသုံးခန့်မှန်းခြေငွေစာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ထောက်ခံတင်ပြချက်အပေါ် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်ကလိုအပ်သလိုဆွေးနွေး၍ သဘောတူအတည် ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီဆောင်ရွက်ရမည်ဟု ပြဌာန်း ပါရှိပါတယ်။ ဒါဟာဥပဒေအရ ကျွန်တော်တို့လွှတ်တော်ကိုပေးထားတဲ့တာဝန်နဲ့လုပ်ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာပြည်သူ့အတွက် တကယ်အကျိုးရှိမယ့်လုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ သဘောတူ အတည်ပြုလိုက်ရပါမယ်။ အဲ့ဒီလိုမဟုတ်ပဲ တစ်စုံတစ်ရာမသုံးသင့်မသုံးထိုက်တဲ့ကိစ္စတွေ ပါလာပြီဆိုရင် ငြင်းပယ်ခြင်း ပြုလုပ်ခွင့်လွှတ်တော်မှာရှိပါတယ်။ လျော့၍ခွင့်ပြုခြင်းလည်းလုပ်ခွင့် ရှိပါတယ်။ ဒါဟာ လုပ်လည်းလုပ်ခဲ့ဘူးပါတယ်။ ပြီးခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတုန်းကဆိုရင် ခုံးကျော်တံတားနှစ်စင်း ကုန်ကျငွေ(၃၂)ဘီလီယံကို လွှတ်တော်က ငြင်းပယ်ပြီးတော့ ဒီပိုက်ဆံတွေကိုအခြားကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နာမည်ပြောင်းလဲ သုံးစွဲလိုက်တဲ့ဥပမာမှာလည်းရှိပါတယ်။ အဲဒီတော့ဒီတာဝန်နဲ့လုပ်ပိုင်ခွင့်ကို လည်း လွှတ်တော်အနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုပါလိမ့်မယ်။ စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်း ဆိုတဲ့စကားပုံလေး လည်းရှိပါတယ်။ လွှတ်တော်ကဆည်တဲ့ကန်သင်းဖြစ်ဖို့လိုပါတယ်။ ကျွန်တော်တို့တိုင်းပြည်က မဆင်းရဲပါဘူး။ ပိုက်ဆံတွေလည်းရသင့်ရထိုက်သလောက်ရပါတယ်။ အဲဒီဟာတွေကိုသုံးစွဲတဲ့ နေရာမှာ စိစိစစ်စစ်ဖြစ်ဖို့အတွက်ကျွန်တော်တို့လွှတ်တော်မှာတာဝန်ရှိပါတယ်။ ဒါကြောင့် ဒီစီးတဲ့ရေ ဆည်တဲ့ကန်သင်းဆိုတဲ့တာဝန်ကိုလည်းပဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အနေနဲ့ပိုမိုကျေပွန်အောင်

ဆောင်ရွက်နိုင်ဖို့ အကြံပြုရင်းနဲ့နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အချိန်။ ၁၁၁၄

ဥက္ကဋ္ဌ။          ။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင် ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးရန်အောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။    ။ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်လို့ ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ တစ်ချို့သိပ်မရှင်းလင်း တာလေးတွေကိုလည်း ကျွန်တော်သေသေချာချာလေးပြောပြပေးပါ့မယ်။ အခုနတံတားကိစ္စနဲ့ ပတ်သက်ပြီးတော့ကော်မတီကလည်း အစီရင်ခံစာထဲမှာပါသွားပြီးဖြစ်ပါတယ်။ ဒါကြောင့်ဒါနဲ့ ပတ်သက်ပြီးသီးခြားမဆွေးနွေးတော့ပါဘူး။ ကျွန်တော်အလေးအနက်ထားပြီးဆွေးနွေးချင်တာက တိုင်းပြည်မှာ အင်မတန်နာမည်ကြီးတဲ့သမဝါယမဦးစီးဌာန ရသုံးငွေစာရင်းနဲ့ပတ်သက်ပြီးကျွန်တော် ဆွေးနွေးချင်ပါတယ်။ သမဝါယမဦးစီးဌာနနဲ့ပတ်သက်ပြီးတော့ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ်မှာ သာမန်အသုံးစရိတ်ရှင်းလင်းချက်မှာ ရငွေကျပ်(၁ဝ.၄၂၂)သန်းဖြစ်ပြီးတော့ အသုံးစရိတ်က ကျပ်(၁၈ဝ၁.ဝဝ၆) သန်းလို့ဖော်ပြထားပါတယ်။ ဝင်ငွေနဲ့ရငွေနဲ့ကအများကြီးကို ကွာခြားနေတာကို အံ့သြဖွယ်တွေ့ရှိရပါတယ်။ ဒါကိုအစိုးရအဖွဲ့ကအလေးအနက်ထားပြီးတော့ ပြန်လည်စိစစ်ဖို့အထူးပဲ လိုအပ်ပါတယ်။ ကျွန်တော်လမ်းညွှန်တင်ပြလိုပါတယ်။ အဲဒီရငွေရှင်းလင်းချက်မှာရငွေကျပ် (၁ဝ.၄၂၂) သန်းဆိုတာကသတင်းစာတွေပါရောင်းလို့ရတဲ့ငွေပါပါနေတယ်ခင်ဗျား။ စာအုပ်စာတမ်းနဲ့ သတင်းစာဟောင်းရောင်းရငွေကျပ် (ဝ.ဝ၉၈)သန်း အသင်းမှတ်ပုံတင်ကြေးနဲ့ ကျောင်းလခရငွေကျပ် (၈.၂၅၈)သန်း နောက်သင်တန်းကျောင်းဆိုင်ခန်းများငှားရမ်းခနဲ့ နိုင်ငံပိုင်အခန်းများ ငှာရမ်းခငွေကျပ်(၂.ဝ၆၆)သန်းဖြစ်ပါတယ်။ အဲ့ဒီတော့၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာ ဝင်ငွေစုစုပေါင်းဟာ ကျပ်(၁ဝ.၄၂၂)သန်းဖြစ်တယ်။ အသုံးစရိတ်မှာ လစာချီးမြှင့်ငွေကျပ်(၁၇၁၉.၉၆ဝ)သန်း၊ ခရီး သွားလာစရိတ်ကျပ်(၂ဝ.၃၉၈)သန်း၊ ပစ္စည်းများလုပ်အားခနှင့်ဆောင်ရွက်ပေးမှု နားမလည်ပါဘူး။ သို့သော် အကြောင်းပြထားတာကကျပ် (၃၆.၉၃၅)သန်း၊ ပြင်ဆင်ထိန်းသိမ်းစရိတ် ကျပ် (၂၃.၂၉၃) သန်း၊ လွှဲပြောင်းသုံးစွဲငွေက (ဝ.၄၂ဝ)သန်းဖြစ်ပါတယ်။ အဲဒီတော့စုစုပေါင်းအသုံးစရိတ်ကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျပ်(၁၈ဝ၁.ဝဝ၆)သန်းဖြစ်နေပါတယ်။ အဲဒီတော့ တစ်နှစ်လုံးရဲ့ဝင်ငွေက ကျပ်(၁ဝ.၄၂၂)သန်းဖြစ်တယ်။ သုံးငွေကကျပ်(၁၈ဝ၁.ဝဝ၆)သန်းဖြစ်နေတယ်။ အဲဒီတော့ သမဝါယမဦးစီးဌာနရဲ့ တစ်နှစ်လုံးဝင်ငွေက ခရီးသွားစရိတ်တောင်မရဘူးဖြစ်နေတယ်။ အံ့လည်း အံ့သြမိတယ်။ နောက်တစ်ခုက သင်တန်းကျောင်းဆိုင်ခန်းတွေငှားရမ်းခ၊ နိုင်ငံပိုင်အခန်းတွေ ငှားရမ်းခကကျပ်(၂.ဝ၆၆)သန်းဆိုတော့ ဒါဟာမဟာလွဲချော်မှုကြီးဖြစ်နေပါတယ်။ တစ်နှစ်လုံး တစ်တိုင်းလုံး ငှားရမ်းတဲ့ငွေကြေးဟာ ကျွန်တော်တို့ ရန်ကုန်မြို့၊ မြို့နယ်တစ်ခုဆိုင်ခန်းတွေ ငှားရမ်းခဈေးထက် လျော့နည်းနေတာကို ဒါအလွန်စိုးရိမ်ဖွယ်တွေ့ရှိရပါတယ်။ ဒါဟာဖိဖိစီးစီးနဲ့ အစိုးရသစ်ကရေရာသေချာတဲ့ ဆောင်ရွက်ချက်တွေနဲ့ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ နောက် သေသေချာချာ လုပ်ငန်းဆောင်ရွက်မဲ့စစ်ဆေးရေးအဖွဲ့တွေနဲ့ လုပ်စေချင်ပါတယ်။ နောက်ပြီးတော့ ဝင်ငွေရရှိဖို့ဆိုပြီးတော့ လုပ်ငန်းသစ်တွေလုပ်တာလည်း တစ်ပိုင်းပေါ့။ ဒီလုပ်ငန်းအဟောင်း တွေကို ပြန်လည်စိစစ်ပြီးတော့ ဝင်ငွေတွေအများကြီး ရရှိအောင်လုပ်လို့ရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ နောက်တခါ ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာလည်း ဒီလိုပဲထုံးစံအတိုင်းပဲ မနှစ်ကကျပ်(၁ဝ.၄၂၂) သန်းသာ ဝင်ငွေဖြစ်နေတယ်။ နောက်ကျပ်(၁၆၆၃.၆ဝ၆)သန်း ဖြစ်နေတယ်ဆိုတော့ ဒါကြီးဟာ ကျွန်တော်တို့က လက်ခံနိုင်စရာမရှိပါဘူး။ အဲ့ဒါကိုအစိုးရအဖွဲ့ကနေ သေသေချာချာရေရေရာရာ စုံစမ်းစစ်ဆေးပြီးဖော်ထုတ်ဖို့ တာဝန်ရှိပါတယ်။ အဲ့ဒီ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာလည်း စာအုပ်စာတမ်းနှင့် သတင်းစာဟောင်းရောင်းရငွေဟာ ကျပ်(ဝ.ဝ၉၈)သန်း၊ အသင်းမှတ်ပုံတင်ကြေးနှင့်စီမံဆောင်ရွက်ခ ရငွေကျပ်(၈.၂၅၈)သန်း၊ သင်တန်းကျောင်းဆိုင်ခန်းများနှင့် နိုင်ငံပိုင်အခန်းငှားရမ်းခငွေဟာလည်း ကျပ်(၂.ဝ၆၆)သန်းဖြစ်နေပါတယ်။ အဲ့ဒီမှာဝင်ငွေကတော့ ထုံးစံအတိုင်းကျပ်(၁ဝ.၄၂၂)သန်း ဖြစ်ပြီးတော့ ခုနကလစာစရိတ်ချီးမြှင့်ငွေ၊ ခရီးသွားလာစရိတ်တွေ ဒါတွေက အားလုံးပေါင်း ကျပ်(၁၆၆၃.၆ဝ၆)သန်း ဖြစ်နေပါတယ်။ ဒါကအလွန်ပဲအရေးကြီးတဲ့ အခြေအနေမှာရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကိစ္စရပ်တွေဆို အစိုးရအဖွဲ့က သေသေချာချာဖိဖိစီးစီးနဲ့စုံစမ်းစစ်ဆေး မဖော်ထုတ်ဘူးဆိုလို့ရှိရင် နေရင်းထိုင်ရင်းနဲ့ အစိုးရသစ်ရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းမှာဖြစ်ပါတယ်။နောက်ပြီးတော့ ဒါတွေဟာ တစ်နည်းအားဖြင့်တော့ ပြည်သူလူထုရဲ့ချွေးနှဲစာတွေ၊ အခွန်အခတွေ ဖြစ်နေတဲ့အတွက်ကြောင့် အလေးနက်ထားပြီးတော့ ဆောင်ရွက်မယ်လို့ယုံကြည်ပါတယ်။ နောက် တစ်ချက်ကတော့ န-ွသလနမညာနညအကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ပြောချင်တာက နားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေက ဒီစာရင်းကိုကြည့်ပြီးတော့ သူတို့ရယ်မောကြပါလိမ့်မယ်။ ဒါကိုကျွန်တော်အစိုးရအဖွဲ့ကို အသိပေးတာဖြစ်ပါတယ်။ ၂ဝ၁၅- ၂ဝ၁၆ခုနှစ်မှာလည်း ကျပ်သန်း(၁ဝဝဝ)ကိုသုံးစွဲထားတယ်။ အသေးစိတ်တော့မဖော်ပြတော့ပါဘူး။ ၂ဝ၁၆- ၂ဝ၁၇ခုနှစ် မှာလည်း ကျပ်သန်း(၁ဝဝဝ)သုံးထားတယ်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာလည်း ကျပ်သန်း(၁ဝဝဝ) သုံးထားတယ်။ ဒီစာရင်းဇယားတွေအရ တကယ်တမ်းသာဝယ်မယ်ဆိုလို့ရှိရင် ရန်ကုန်မြို့မှာ ကွန်ပျူတာတွေ ပျက်သွားမယ့်အနေအထားမှာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ၂ဝ၁၇-၂ဝ၁၈ခုနှစ် မှာ ဝယ်မယ်ဆိုတဲ့ ံမေိတမေန များဝယ်ယူဖြည့်တင်းခြင်းနဲ့၊ ပြုပြင်မွမ်းမံခြင်းမှာ ကျပ်(၅၅ဝ)သန်း သုံးထားပါတယ်။ အဲဒီတော့ကျန်ခဲ့တဲ့ နှစ်မှာလည်း အဲဒီလိုပဲ ကျပ်(၃၈ဝ)သန်းသုံးထားတယ်။ ၂ဝ၁၅ မှာလည်း ကျပ်သန်း(၁ဝဝ)သုံးထားပါတယ်။ န-ြေုငညါဆိုပြီးတော့ ကျပ်သန်း(၂ဝဝ)သုံးတယ်။ နြအတသမုငညါ ှပျအနာ ဒါနဲ့ပတ်သက်ပြီး ၂ဝ၁၅-၂ဝ၁၆ခုနှစ်မှာ ကျပ်သန်း(၁ဝဝ)သုံးတယ်။     ၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာ ကျပ်သန်း(၁၅ဝ)သုံးတယ်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာလည်း ကျပ်(၁၂၅)သန်း သုံးမယ်လို့ ပြဌာန်းထားပါတယ်။ ဒါကြောင့်မို့လို့ ဒီဟာက ဒီလောက်များပြားတဲ့ သူရဲ့ဘဏ္ဍာငွေတွေကို နှစ်စဉ်အသုံးပြုသော်လည်းပဲ တကယ်တမ်းဝယ်တာလား၊ တကယ်တမ်းလိုအပ်ချက်ဖြစ်သလား ဆိုတာကိုတော့ သေသေချာချာစစ်ဆေးဖို့လိုအပ်လှပါတယ်။ ငွေကုန်သလောက် အကျိုးဖြစ်ထွန်းမှု ရှိရန်အတွက် အစိုးရကနေပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အားမနာတမ်းဆောင်ရွက် စေချင်ပါတယ်။ နောက်တစ်ချက်က ဒီလုပ်ငန်းတွေကိုစစ်ဆေးတဲ့အခါမှာလည်း တတ်ကျွမ်း နားလည်တဲ့ပညာရှင်တွေကို အားကိုးအားထားပြုပြီးတော့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင် များနဲ့ပြန်လည်စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းလည်း ကျွန်တော်ပြောလိုပါတယ်။ နောက်ပြီးတော့ ဒီ န-ွသလနမညာနညအနဲ့ပတ်သက်ပြီးတော့ အခုချိန်အထိ သိသာထင်ရှားတဲ့ရလဒ်တွေ လည်း ထွက်မလာသေးဘူးဖြစ်နေပါတယ်။ ဒါဟာတစ်ဖက်တစ်လမ်းကလူထုရဲ့ဘဏ္ဍာငွေတွေကို မဆုံးရှုံးအောင် တစ်နည်းအားဖြင့်ကာကွယ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့အစိုးရသစ် အနေနဲ့ ဒါကိုအလေးအနက်ထားပြီးတော့ စီစဉ်ဆောင်ရွက်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်တစ်ချက်ကတော့ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာနရဲ့ ရုံးသုံးပရိဘောဂဝယ်တဲ့ကိစ္စပါ။ ဒါကလည်းရှင်းရှင်းပြောမယ်ဆိုလို့ရှိရင် တော်တော်လေးကိုလက်မခံနိုင်စရာတွေ တွေ့ရပါတယ်။ ၂ဝ၁၅-၂ဝ၁၆ခုနှစ်မှာဝယ်လိုက်တဲ့ခုံတွေ ခန်းမသုံး ခုံတို့၊ ဟိုတယ်သုံး ခုံတို့ အလုံး(၃ဝဝ)၊ ပလပ်စတစ် ထိုင်ခံအလုံး(၃၆ဝ)တို့၊ ကွန်ပျူတာဆက်တီတို့ များသောအားဖြင့်ဝယ်လိုက်တာက ကျပ်(၁ဝ၁.၈၃၇) သန်းဖြစ်ပါတယ်။ နောက်တခါ ၂ဝ၁၆-၂ဝ၁၇ခုနှစ်မှာလည်း ထပ််ပြီးတော့ ခန်းမသုံးဟိုတယ်ထိုင်ခုံ (၃၄)ခုံတို့ ဆိုလိုတာက သစ်သားဘီဒို၊ သံဘီဒို၊ ဆုံလည်ကုလားထိုင်တွေ၊ ဆက်တီတွေဆိုတောင်မှ ရိုးရိုးဆက်တီမဟုတ်ဘူး ကနုတ်ပါတဲ့ဆက်တီပါ ဒါကတစ်စုံပေါ့နော်။ နောက်တစ်ချို့နှစ်မှာ (၄)စုံ၊ (၅)စုံ အဲ့ဒီလိုဝယ်တာတွေတွေ့နေရတယ်ပေါ့။ အဲဒီတော့ဒါတွေက တစ်ချို့ဒီစာရင်းဇယားကိုကြည့်ရုံနဲ့ ကျွန်တော်တို့အလွယ်တကူ လက်မခံနိုင်တဲ့အတွက်ကြောင့်မို့လို့ အစိုးရအဖွဲ့ကနေပြီးတော့ ဒါတွေကို သေသေချာချာလေး ပြန်လည်ဆန်းစစ်ပြီးတော့ တကယ်တမ်းအသုံးပြုမှု ရှိ /မရှိ။ တကယ်ဝယ်ယူတာ ဟုတ်/မဟုတ်ကို ဆန်းစစ်တွက်ချက်ပြီးတော့ စစ်ဆေးရေးအဖွဲ့များနဲ့စစ်ဆေးပါ။ ပြီးတော့ကျွန်တော် တို့တတွေ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအစိုးရအဖွဲ့ရဲ့ ရှင်းလင်းတင်ပြချက်တွေကိုလည်း ကျွန်တော်တို့က တိတိကျကျသိလိုတဲ့အတွက်ကြောင့် ကျွန်တော်အခုလိုတင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးကျော်ဇေယျ၊ ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။ အားလုံးမင်္ဂလာပါခင်ဗျား။ကျွန်တော်ကတော့ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျော်ဇေယျဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးဒုတိယနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းတင်သွင်းခဲ့တဲ့ ၂ဝ၁၇ခုနှစ်ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းလာတဲ့ ဒေသန္တရစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းများကို သုံးသပ်ပြီးအတည်ပြု ပေးရမယ့်တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အခုအတည်ပြုပေးနိုင်ဖို့အတွက် သုံးသပ် ဖို့ဆိုတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်ခင်ဗျား။ ကိုယ်စားလှယ်တော်ကြီးများ သိပြီးဖြစ်တဲ့အတိုင်းပဲ ပထမအကြိမ် ကျွန်တော်တို့အတည်ပြုပေးခဲ့ရတာကတော့ ၂ဝ၁၆-၂ဝ၁၇ခုနှစ် ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသန္တရစီမံကိန်းပဲဖြစ်ဖြစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာပဲ ဖြစ်ဖြစ် ဒီဥပဒေကြမ်းတွေရဲ့ရည်ရွယ်ချက်ခြင်းကွဲလွဲသော်လည်းပဲ အနှစ်သာရကတော့ဘတ်ဂျက် သုံးစွဲထားမှုအပေါ်ကို စိစစ်တာလို့ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဘတ်ဂျက်စိစစ်တဲ့အခါမှာ ပထမအကြိမ်ပြီးခဲ့တဲ့နှစ်ကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ယခင် အစိုးရအဖွဲ့ရဲ့ရေးဆွဲမှုအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ကအတည်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ ခုနတင်ပြသွားတဲ့အတိုင်းပဲ အဲဒီမှာခုံးကျော် တံတားကြီး(၂)စင်းကိုလည်း ကျွန်တော်တို့ခေါင်းစဉ် ပြောင်းပြီးသုံးခဲ့ပါတယ်။ အဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်များဟာ ယခင်အစိုးရဟာကို အတည်ပြုပေးရပေမယ့် နောက်လာမယ့် ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်ကို အတည်ပြုရရင်တော့ ငါတို့တင်မြှောက်ခဲ့ရတဲ့အစိုးရ ငါတို့ကိုယ်တိုင် ပြည်သူ့ရဲ့ဆန္ဒနဲ့အနီးစပ်ဆုံးဖြစ်အောင် အတည်ပြု နိုင်မှာပဲလို့ ကျွန်တော်တို့ကိုယ်စီကိုယ်စီ ရင်ထဲမှာထားခဲ့ပါတယ်။ သို့သော်လည်း ယနေ့ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်ဘတ်ဂျက်ကို အတည်ပြုဖို့သုံးသပ်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ထင်မြင်ချက်နဲ့ နှမ်းတွက်နဲ့မှန်းချက်မကိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်တော်ကြီးများသိပြီးဖြစ်တဲ့ အတိုင်းပဲ ၂ဝ၁၇-၂ဝ၁၈ခုနှစ်ဘတ်ဂျက်သုံးသပ်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခန့်မှန်းခြေထုတ်ပြန်ပါတယ်။ စာအုပ်များကို ဒီဇင်ဘာလတုန်းက ထုတ်ပြန်ပေးခဲ့ပါတယ်။ပထမအကြိမ်ပေါ့ နောက်ဘဏ္ဍာရေးနဲ့စီမံကိန်းဝန်ကြီးနဲ့ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းတဲ့အခါမှာ ကျွန်တော်တို့ရဲ့ထင်မြင်ချက်ယူဆချက်နဲ့ ကိုယ်စားလှယ်များရဲ့ ထင်မြင်ယူဆချက်နဲ့တလွဲဖြစ်နေတဲ့ အတွက် ဒုတိယအကြိမ်ထက်ပြီးထုတ်ပြန်ရတာ မတ်လဆန်းမှာထုတ်ပြန်ပါတယ်။ အဲဒီတော့ (၂)ကြိမ်ထုတ်ပြန်ခဲ့ရတာပေါ့။ အခုတော့ထပ်ပြီးတော့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီက သုံးသပ်လိုက်တဲ့အခါမှာ ဒါထပ်ပြီးတော့ ဒုတိယအကြိမ်မှာတောင် ထပ်ပြီးတော့လွဲနေတဲ့အတွက် ပြန်ပြီးတော့ ငွေကိုအသုံးပြုပြီးတော့ ခေါင်းစဉ်ကိုပြန်ပြောင်းဖို့ဆိုပြီး တင်ပြသွားတာလေးကို ထပ်တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြောချင်တာကတော့ ဒါဟာပထမအကြိမ်မှာထဲက ပြတ်ရမှာကို ဒုတိယအကြိမ်ထပ်ပြီးတော့စာအုပ်တွေထပ်ရိုက်ရပါတယ်။ ကိုယ်စားလှယ်တစ်ယောက် ကိုကျွန်တော်ထင်ပါတယ် စာရွက်ရေ(၁ဝဝ)လောက်ရိုက်ရတယ်။ လေးယောက်ဆို(၅ဝဝ)တစ်ထုပ် ဖြစ်သွားပြီ (၅ဝဝ)တစ်ထုပ်ဆိုလို့ရှိရင် အထုပ်(၃ဝ)လောက်ကုန်တဲ့အတွက် ငွေကျပ်(၁)သိန်းနီးပါး ပတ်ဝန်းကျင်လောက်ကို ပိုကုန်သွားတာပါ။ ပိုကုန်သွားတဲ့ငွေက သိန်းဂဏန်းပဲဖြစ်စေ၊ သောင်းဂဏန်း ဖြစ်စေ ကျွန်တော်တို့ပြည်သူ့ရဲ့ငွေတွေဖြစ်ပါတယ်။ ဘတ်ဂျက်ငွေတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒါလေးတွေဟာ နောင်လာမည့်နှစ်များမှာ တာဝန်ရှိသူ၊ စီမံခန့်ခွဲသူတွေအနေနဲ့ ဒီလိုယိိုဖိတ်မှုတွေ မရှိရအောင် စနစ်တကျလေးညှိနှိုင်းသုံးသပ်ပေးဖို့လိုပါမယ်လို့ ကျွန်တော်ပထမဦးစွာတင်ပြ လိုပါတယ်ခင်ဗျား။ ကျွန်တော်ဒုတိယတင်ပြလိုတာကတော့ ရငွေသုံးငွေကို ကြည့်တဲ့အခါမှာတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပါပဲ အလွန်ရအောင်ရှာနိုင်တဲ့ဌာနပါ ရာခိုင်နှုန်း(၆ဝ) လောက်ကိုရှာနိုင်ပါတယ်။ အဲဒီလိုရအောင်ရှာနိုင်မှလည်း ကျွန်တော်တို့သုံးနိုင်မှာဖြစ်ပါတယ်။ ရအောင်ရှာတဲ့နေရာမှာလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ကတော့ မြေငှားရမ်းခတွေဟာ အတိုင်းအတာတစ်ခုအထိများခဲ့တာ တွေ့ရပါတယ်။ ကျွန်တော် ဏသတနမ ဏသငညအ   နဲ့တင်ပြလိုပါတယ်။ ကျွန်တော်တို့ဒီမှာတင်ပြမယ့်ဟာကတော့ မနှစ်ကဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီကနေပြီးတော့ ဒီဘဏ္ဍာရေးရသုံးမှန်းခြေနှင့်ပတ်သက်ပြီးတော့ သုံးသပ်ချက်မှာအကြံပြု ထားတဲ့အချက်ကလေးပေါ့ နံပါတ်(၁၉)မှာပါပါတယ်။ ရန်ကုန်မြို့တော်အတွင်း အဓိကကတော့ နိုင်ငံပိုင်မြေများငှားရမ်းခနည်းနေတဲ့အတွက် လာမည့်ဘဏ္ဍာနှစ်ယခုနှစ်မှာ မြေနှင့်အဆောက်အဦ ငှားရမ်းခများကို တိုးမြှင့်ကောက်ခံသင့်ကြောင်းအကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ကိုဘယ်လောက် အကောင်အထည်ဖော်ခဲ့သလဲ။ ကျွန်တော်တို့ဆက်ပြီးကြည့်ရအောင် ဒါရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေငှားတဲ့နေရာတွေ ကျွန်တော်လက်လှမ်းမှီသလောက် ကျွန်တော်ရဲ့ မဲဆန္ဒနယ်နယ်မြေဒဂုံမြို့နယ်ကိုပဲ ကျွန်တော် ံငါူ့ငါ့အ လုပ်ပြီးတင်ပြပါမယ်။ နေရာဒေသကတော့ ရင်ပြင်နဲ့ပြည်သူ့ဥယျာဉ်အတွင်းမှာ ငှားရမ်းထားတဲ့နှုန်းထားလေးတွေပါပဲ အဲဒီမှာဆိုလို့ရှိရင် ကိုယ်စားလှယ်တော်ကြီးများတွေ့တဲ့အတိုင်းပဲ ဒါ ြအေကမေူ ျွှသမိူ သဘာဝကမ္ဘာကုမ္ပဏီလိမိတက် မြေဧက(၇၆.၃၆)ဧကငှားထားတာပါ။ အဲဒီမှာတစ်နှစ်မှာနှုန်းထားက ကျပ်(၃၂၁)သိန်းပဲရှိပါတယ်။ လာမယ့်နှစ်မှာတော့ ကျွန်တော်သွားပြီးတွေ့ပါတယ်။ ဌာနမှူးကြီးနဲ့တွေ့တဲ့အခါမှာ ယခုလာမည့်နှစ် မှာတော့ သိန်း(၂၅ဝဝ)ခန့်မှန်းပြီးတိုးတောင်းမယ်လို့ သိရပါတယ်။ ဒီမှာတွက်ကြည့်လို့ရှိရင် ကျပ်(၃၂၁)သိန်းဟာ အရမ်းနည်းလွန်းပါတယ်။ ရမယ့်သိန်း(၂၅ဝဝ)နဲ့ပဲတွက်ကြည့်ပါဦး တစ်ဧကကိုဘယ်လောက်ဖြစ်နေသလဲ ဘယ်လောက်ရသလဲဆိုတာ ကိုယ်စားလှယ်တော်ကြီးများ တွက်ကြည့်ရင်သိပါတယ်။ သိန်း(၃ဝ)ပတ်ဝန်းကျင်ပဲရပါတယ်။ တကယ်တော့ ဒဂုံမြို့နယ်ရဲ့မြေဧရိယာ ဟာပေတစ်ရာပတ်လည်လောက်ကိုပဲ သိန်းကိုရာဂဏန်းလောက်ပေးပြီးငှားနေကြတာ တွေ့နေရ ပါတယ်။ နောက် ဒါကိုလွယ်လွယ်ကူကူကြည့်ရင်တော့ နံပါတ်(၄)ကိုကြည့်လိုက်ပါ တစ်ဧကနှုန်းနဲ့ တွက်လို့ရအောင် ကျွန်တော်တို့ဒါစားသောက်ဆိုင်ဖွင့်ထားတယ်။ (၁.၁)ဧက ကျယ်ဝန်းတဲ့မြေကို ကျွန်တော်တို့ငှားထားတယ်။ ဘယ်လောက်နဲ့ငှားထားသလဲ သိန်း(၁၂ဝ)နဲ့ ကျွန်တော်တို့ ငှားထားတယ်။ တိုးဖို့လည်းအဲဒီနေရာမှာတော့ မရှိဘူးလို့သိရပါတယ်။ သိန်း(၁၂ဝ) တစ်လကို (၁ဝ)သိန်းပဲရတယ်။ မြေတစ်ဧကကို တစ်နေ့နှုန်းထားနဲ့တွက်ရင်(၃)သောင်းကျော်ပဲ ရှိပါတယ်။ အဲဒီတော့အဲဒီဆိုင်ရဲ့ ရောင်းအားက ကျွန်တော်တို့စုံစမ်းကြည့်တဲ့အခါမှာ (၇)သိန်းနဲ့ (၁ဝ)သိန်း ပျမ်းမျှရှိပါတယ်။ ဒါလေး တွေဟာအရမ်းနည်းနေတယ်ဆိုတဲ့အကြောင်းတင်ပြတာပါ။ အများကြီး ရှိပါသေးတယ်။ ပြ ွမေိနည တျွှို့နျအနမည ဏမေု တို့ဆိုင်တွေကျွန်တော်မကြည့်သေးပါနဲ့အုံး။ အဲဒါလေးတွေအလွန်နည်း နေပါတယ်ဆိုတာကို ကျွန်တော်တို့တင်ပြခြင်းဖြစ်ပါတယ်။ မြေငှားရမ်းခတွေနည်းနေတော့ ဌာနမှူးကြီးလည်းပြောပါတယ် ဌာနမှူးကြီးဆိုတာ ပန်းခြံနှင့်အားကစားဌာနဌာနမှူးပါ။ အဲဒါသူတို့ မြေနှုန်းထားတွေပြင်မယ်ဆိုတော့ ၂ဝ၁၇-၂ဝ၁၈ခုနှစ် သူတို့သတ်မှတ်ထားတဲ့ မြေနှုန်းထားပေါ့။ သက်ဆိုင်ရာကိုယ်စားလှယ်တော်ကြီးများကြည့်ပါ။ ကိုယ့်မြို့နယ်ရဲ့မြေ ဥညန ှဆကမေန ်နနအ ကို ဘယ်လောက်ရှိသလဲလို့ ဒီနှုန်းထားဟာမျှတမှုရှိ/မရှိ စည်ပင်ကရည်မှန်းထားတဲ့ဟာပေါ့။ နှုန်းထား ဟာလည်း ကျွန်တော်တို့ဒဂုံမြို့နယ်ဆိုရင် ဥညန ှဆကမေန ်နနအ ကို ကျပ်(၃၉၆၈) ဖြစ်ပါတယ်။ ဒါနည်းပါသေးတယ်။ အဲဒါလေးတွေပြန်လည်သုံးသပ်နိုင်ဖို့ပါ။ သူတို့ဒီမှာအားလုံးဟာ မြန်မြန်ပြရရင် ပန်းခြံပေါ့။ သူတို့ဝင်ကြေးတွေဘယ်လောက်ရနေလဲ။ သူတို့ဒီငှားရမ်းခတွေနည်းပါးပေမယ့် ဝင်ကြေးခကိုစဝင်မယ်ဆို တစ်ယောက်ကို ကျပ်(၃ဝဝ)ကောက်ပါတယ်။ ဒါဒီမှာကလေး အားကစားကွင်း ဒါတွေဟာရေကူးကန်ကိုဝင်မယ့်ဟာတွေ တစ်ယောက်ကို ကျပ်(၁ဝဝဝ)၊ စနေ၊ တနင်္ဂနွေဆို ကျပ်(၁၅ဝဝ) တောင်းပါတယ်။ စနေ၊ တနင်္ဂနွေကိုဘယ်လောက်ဝင်သလဲဆိုရင် ခန့်မှန်းကြည့်ရင်တစ်ရာအင်အား (၆ဝဝဝဝ)နဲ့ (၇ဝဝဝဝ)ကြားရှိပါတယ်။ ဒါစဉ်းစားကြည့်ပါ ဘယ်လောက်ဝင်ငွေဆိုတာ ဒါကတော့ရေကူးကန်မှာ ဒဂုံမြို့နယ်ရဲစခန်းမှူးကိုမေးကြည့်တယ်။ ဟာဦးကျော်ဇေယျရေတဲ့ ဒဂုံမြို့နယ်ကမှုခင်းသိပ်မရှိပါဘူး။ ပြဿနာနေ့တိုင်းဖြစ်နေတာကတော့ ရင်ပြင်ထဲမှာပဲတဲ့ ဘာလို့ဖြစ်တာလဲဆိုတော့ ရေကူးကန်မှာ ကျား/မ မိန်းကလေး၊ ယောင်္ကျားလေး ခွဲခြားမထားတော့ အတူကစားလို့ရပြီး ပြဿနာအမြဲဖြစ်ပါတယ်။ ဒါကရေလွှာလျှောစီးတွေ ဒါဟာကျွန်တော်တို့ စားသောက်ဆိုင်တွေပါ။ ပြည်သူ့ရင်ပြင်ကြီးဖြစ်ပေမဲ့လို့ ပြည်သူ့ရင်ပြင်ထဲမှာ လည်း ဃ့ငညေ ွှသတည ဖြစ်နေပါတယ်။ ဒါတွေပြန်လည်သုံးသပ်ဖို့ပါ။ မြေငှားတာပိုက်ဆံရပြီဆိုလည်း ဒါ ြအေကမေူ ျွှသမိူ ရဲ့ဧရိယာမှာ ငှားထားတဲ့ဆိုင်တွေပါ သူတို့ဘယ်လောက်နှုန်းထားနဲ့ပြန်ရလဲ တော့မသိဘူး။ ခုနကျွန်တော်တို့ ကိုယ်စားလှယ်တော်ကြီး ခုနတင်ပြတဲ့နှုန်းထားရော၊ ရတဲ့နှုန်းထား ရောနည်းပါတယ်။ ဒါခုနပြောတဲ့ (၁)ဧက၊ ငှားထားတဲ့စားသောက်ဆိုင်ပါ။ ရန်ကုန်စားသောက်ဆိုင် အဲဒီမှာလည်းပဲကျွန်တော် ဌာနမှူးကြီးမေးကြည့်တော့ အရက်သေစာမရောင်းပါဘူးတဲ့။ နိုင်ငံခြား အရက်မျိုးစုံရပါတယ်ခင်ဗျား။ ဘယ်အချိန်ရှိ/မရှိတော့ကျွန်တော်ပြန်လည်စိစစ်ပါဦးမယ်။ ညဈေးတန်း ကြီးတောင်ရင်ပြင်ထဲမှာဖွင့်နေပါတယ်။ ကျွန်တော်တို့ဒါငှားရမ်းပြီးတော့ ဘယ်လိုလုပ်နေသလဲ ဆိုတဲ့ဟာတွေ ထားပါတော့ ဒီလောက်ငှားရမ်းပြီးလုပ်တာ နောက်ဆက်တွဲဘယ်လောက် ပြဿနာတွေ တက်နေလဲဆိုတာ ဖတ်ပြပါ့မယ်။ ဒါသဘာဝအန္တရာယ်စိုးရိမ်ရပါတယ်။ စားသောက် ဆိုင်ဖွင့်တော့ ကားပါကင်ပေါ့ဗျာ။ ကားရပ်ဖို့လုပ်ဖို့နေရာတွေလာတော့မယ် ဃကျအသာနမ အတွက် အဲဒီမှာ သစ်ပင်တွေလှဲပါတယ်။ ဒါတွေဟာ ကျွန်တော်ကိုယ်တိုင်ရိုက်ထားတာ စားသောက်ဆိုင်တွေများ လာတော့ စွန့်ပစ်ပစ္စည်းတွေကြောင့် ရင်ပြင်ထဲမှာ ရေကြည်သန့်တဲ့ရေမြောင်းတွေဟာ အလွန်ညစ်ပတ် သွားတဲ့အနေအထားပါ။ ဒါသူတို့လုပ်ထားတာပါ လမ်းကိုဖောက်ပြီး သူတို့ရေထွက်ထားတာပါ။ အဲဒါလေးတွေ ကျွန်တော်တင်ပြတာပါ။ ဒီနေရာမှာတော့ထပ်ပြီး စည်ပင်သာယာကိစ္စမှာ တင်ပြချင်တဲ့ အပိုင်းကတော့ ဥဘျနမလညေအ လုပ်တဲ့ဟာတွေပါ။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ဒီဘဏ္ဍာငွေမှာ တွေ့ရတာပေါ့။ ကျပ်သန်းပေါင်း(၂၄၂၁.၅၇)သုံးမှာဖြစ်ပါတယ်။ အများဆုံးသုံးတဲ့မြို့နယ်ကတော့ လှည်းကူးမြို့နယ်် ဖြစ်ပါတယ်။ မြို့နယ်အားလုံးကိုသုံးတာကတော့ ကျပ်(၂၄၂၁.၅၇) ဖြစ်ပေမယ့် လှည်းကူးမြို့နယ် အတွက်ကတော့ (၁၁၂၂.၆ဝ)ကျပ်သန်း သုံးမှာဖြစ်ပါတယ်။ ဒါဟာလိုအပ်ချက်အရ သုံးတာလည်း ဖြစ်ရင်ဖြစ်မှာဘဲ။ ဒါတွေကိုကျွန်တော်ဘာကြောင့် ဒီလိုများလည်းလို့ သုံးသပ်လိုက်တဲ့အခါမှာတော့ လှည်းကူးမြို့နယ်ပေါ်မှာရှိတဲ့ ငမိုးရိပ်ချောင်းတံတားကို ဒီချောင်းကိုဖြတ်ဖို့အတွက် တံတားကြီး(၂)စင်း တစ်ပြိုင်တည်းထိုးပါတယ်။ အဲဒါက ကျပ်သန်း(၅ဝဝ)ဆိုတော့ တော်တော်ပဲများသွားပါတယ်။ အဲဒီတော့ ကျွန်တော်သုံးသပ်ချင်တာကတော့ ဒီဘတ်ဂျက်တစ်နှစ်တည်းမှာကို ဒီတံတားကြီး (၂)စင်း ဒီမြို့နယ်ပေါ်မှာထိုးဖို့လိုမလား ဟိုဘက်ဒီဘက်ကူးတာ အဲဒါလေးတွေပြန်လည်သုံးသပ်သင့်ပါတယ်။ လိုအပ်ရင်လည်းလိုအပ်သလိုပေါ့။ မလိုအပ်ဘူးဆိုရင်အခြားမြို့နယ်တွေမှာလှည့်ပြီးတော့ သုံးသင့် ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။ ဒီမှာကတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ၂ဝ၁၇-၂ဝ၁၈ခုနှစ်မှာ မော်တော်ယာဉ်ဝယ်မဲ့ဟာတွေပေါ့။ ကျွန်တော် ံငါူ့ငါ့အ လုပ်တာလေးတွေ တင်ပြရရင် ကျွန်တော်တို့ ဃငအပ ကျြ တွေပေါ့။ (၄၅)ယောက်ဆံ့တဲ့ ဃငအပ ကျြပေါ့။ (၅)စီး ဝယ်မှာဖြစ်ပါတယ်။ ကျပ်သန်း(၆ဝဝ) နောက်တစ်ခါ ကျွန်တော် ံငါူ့ငါ့အ အနီပြထားပါတယ်။ ှအအေငသည ျွှေါသည (၁)စီးဝယ်မယ်တဲ့။ ကျပ်(၄၂)သန်းကျပါတယ်။ ဒါ ှစနခငေူ ဃမေ ဘာကြောင့် ဝယ်မှာလဲဆိုတော့ နောက်ကျွန်တော်တင်ပြပါမယ်။ ဒီလိုကားတွေဝယ်တော့ အရင်တုန်းကလည်း ကားတွေမဝယ်ဘူးလားဆိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ယခင်ဘဏ္ဍာရေးနှစ် တွေမှာ ဝယ်တဲ့ကားစာရင်းတွေပါ။ ကျွန်တော်အနီတစ်ခုလုပ်ထားပါတယ်။ ၂ဝ၁၄-၂ဝ၁၅ခု၊ ဘဏ္ဍာနှစ်မှာ အခုနကဃငအပ ကျြ (၁၅)စီးဝယ်ထားပါတယ်။ နောက်တစ်ခါ အောက်မှာပြန်ကြည့်လိုက်ရင် ဆလွန်း ကားတွေလည်း အများကြီးပါပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်သုံးသပ်ချင်တာက အခုဝယ်မဲ့ ှအအေငသည ျွှေါသည (၁)စီး၊ ကျပ်(၄၂)သန်းဟာ ကျွန်တော် ဌာနမှူးကြီးလာတာမေးကြည့်တော့ ဦးကျော်ဇေယျရေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကို နိုင်ငံခြားသားလာတဲ့အခါ အပို့/အကြို လုပ်ဖို့ပါတဲ့။ အဲဒီတော့ နိုင်ငံခြားသားလာတဲ့အခါ ဒီလိုကားလိုမလား။ ခဏတဖြုတ်လာတဲ့အခါမှာ အခြားကားကောသုံးလို့ မရဘူးလား။ ဒီလိုပဲဝယ်မှရမှာလား အဲဒါလေးပြန်လည်သုံးသပ်ဖို့ပါ။ ယခုနှစ်မှာ ဃငအပ ကျြ (၁၅) စီးအပြင် (၅)စီးထပ်ဝယ်မှာ ဟိုဝယ်တဲ့ဟာက (၂) နှစ်ပဲသုံးရပါသေးတယ်။ အခုက (၅)စီးထပ်ဝယ်မယ်ဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ြှ့ကို အဆင့်မြင့်အောင်လုပ်နေပါပြီ။ အဆင့်မြင့်အောင်လုပ်နေတဲ့အတွက် ယာဉ်လိုင်းတွေကလည်း ဆူးလေ ကိုအမြဲတမ်းရောက်နေတဲ့အတွက် ကျွန်တော်သုံးသပ်ချင်တာကတော့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကဝန်ထမ်းတွေ ြှ့ ကိုအားပေးလို့မရဘူးလား။ ပြည်သူလူထုနဲ့ တစ်ထပ်တည်းကျအောင် မြို့တော်ဝန်ထမ်းဆိုတာ မွေးဖွားခြင်းကနေသေသည်အထိ မြို့လူထုရဲ့ ဝန်ဆောင်မှုကိုပေးနေတဲ့အတွက် မြို့လူထုနဲ့တစ်သားတည်းဖြစ်အောင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ကလည်း အမြဲတမ်းအမိန့်ရှိပါတယ်။ ကျွန်တော်သိပ်သဘောကျတယ်။ ြှ့ ကားစနစ်ကို အဆင့်အတန်းမြင့်လာမယ်။ အခြေအနေမှန်လာမယ်။ နောင်ဆိုလို့ရှိရင် ရန်ကုန်မြို့ပေါ်ကသူဌေးကြီး များဟာ သူ့ကိုယ်ပိုင်ကားကိုအိမ်မှာထားပြီးတော့ ြှ့ ကိုအားပေးဖို့အထိ မျှော်မှန်းထားတယ်။ ဒါတအားကောင်းတာပေါ့။ အဲဒီတော့ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက (၅)စီးဝယ်ဖို့လိုမလား။ ြှ့ ကိုအားပေးလို့မရဘူးလား။ အဲဒါလေးကျွန်တော်သုံးသပ်လိုပါတယ်။ နောက်တစ်ခုဒါကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက ယန္တရားတွေ၊ စက်ပစ္စည်းတွေ ကျွန်တော်နည်းနည်းတင်ပြချင်ပါတယ်။ တင်ပြချင်တယ်ဆိုတာ ကျွန်တော်ဒါမီဒီယာလောကမှာ ဒါနည်းနည်းလေးသတင်းပြန့်နေလို့ ပြည်သူလူထုရဲ့ ဟိုဟာထဲမှာလည်းပဲ သို့လောသို့လော သံသယ လေးတွေဖြစ်နေလို့ တင်ပြတာပါ။ ပြန်လည်သုံးသပ်ဖို့ အဲဒီမှာရှိပါတယ်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ် ဘက်ဂျက်မှာပေါ့ ခွင့်ပြုလို့ဝယ်လိုက်တာ ဂျာမဏီနိုင်ငံထုတ် လမ်းသန့်ရှင်းရေးယန္တရားပေါ့။ ဃငအပ ဃူနညေနမ (၄)စီး ကျပ်(၄၈ဝ)သန်းနဲ့ဒါခွင့်ပြုပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒါကိုသတိမထား လိုက်မိဘူးပေါ့။ အဲဒါဝယ်တဲ့အခါမှာတော့ မီဒီယာလောကမှာ ဒီအောင်ကမ္ဘာကုမ္ပဏီနဲ့ စည်ပင်နဲ့ ဈေးတွေများတယ်ဆိုပြီးတော့ ပြဿနာတွေဖြစ်ကြပါတယ်။ အဲဒီတော့ ကျွန်တော်တို့ အင်တာနက်မှာ ရှာတဲ့အခါကျတော့ အဲဒီယာဉ်(၁)စီးဟာ ဒေါ်လာ(၁၅၃၄၇) ဆိုတော့ မြန်မာငွေနဲ့တွက်မယ် ဆိုရင်တော့ ကျပ်သိန်း(၃ဝဝ)ကျော်လောက်ပဲရှိတာပေါ့။ ကျပ်သိန်း(၃ဝဝ)ကျော်လောက် ယာဉ်(၁)စီးကို ကျပ်သိန်း(၁ဝဝဝ)ကျော်လောက်ဆိုပြီး (၃)ဆနီးပါးလောက်များနေတယ်ဆိုတာ ပြည်သူလူထုက ဒါကိုပြောစရာဖြစ်လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်းပဲ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီကို ကျွန်တော်မေတ္တာရပ်ခံချင်တာက သေချာလေးပြည်သူလူထု ရှင်းလင်း သွားအောင် ရှင်းပြစေချင်ပါတယ်။ ဒါကိုဘယ်လိုဝယ်ခဲ့တယ်။ ဘယ်လိုတန်လည်းတန်တယ်ပေါ့။ ဒါကျွန်တော်တို့လည်းနားမလည်ပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တင်ပြချင်တာ ပြီးခဲ့တဲ့နှစ် ဝယ်ခဲ့တာတောင် ဒီလိုလေးတွေသို့လောသို့လောဖြစ်နေမှာ ဒီနှစ်လည်းထပ်ပြီးတော့ဝယ်အုံးမှာပါ။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာလည်းပဲ အဲဒီလိုအမျိုးအစားပါပဲ ဃငအပ ဃူနညေနမ (၄)စီး ကျပ်(၄၄ဝ)သန်းပဲ တင်ပြတောင်းခံထားတာ ကျွန်တော်တို့တွေ့ရှိရပါတယ်။ အဲဒီတော့ ဒီ(၄)စီးက အသုံးမပြုရသေးဘူး ပေါ့နော်၊ သုံးကြည့်လို့ ကျွန်တော်တို့ဒေသနဲ့အပ်စပ်မှုရှိမလား၊ လိုသလား၊ အဲဒီလိုစမ်းပြီးမှ စမ်းသပ်ချက်အပေါ်မူတည်ပြီးတော့ နောက်ထပ်(၄)စီးထပ်ဝယ်တာကောင်းပါတယ်။ ဒီ(၄)စီး တောင်မစမ်းသပ်ရသေးဘူး နောက်(၄)စီး ထပ်ပြီးတင်ထားတဲ့သဘောရှိပါတယ် အဲဒါလေးတွေတော့ ပြန်လည်သုံးသပ်သင့်ပါတယ်။ နောက်တစ်ခါ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးကော်မတီက သုံးသပ်တဲ့ ထဲမှာပါပါတယ်။ ဦးရန်အောင်သုံးသပ်တဲ့ ထဲမှာလည်းပါပါတယ်။ န-ွသလနမညာနညအ ကျပ်သန်း (၁ဝဝဝ)မှန်ပါတယ်။ ကျွန်တော်လည်း ဒါသိပ်ဘဝင်မကျပါဘူး။ အရင်နှစ်တွေလည်း ဒီလို ကျပ်သန်း (၁ဝဝဝ)ပါပဲတင်တောင်းပါတယ်။ နြအတသမုငညါ အတွက် ဘဏ္ဍာရေးနှစ်တွေကို စိစစ်ကြည့်လိုက် တော့ ဒီနှစ်မှှာသ်အတမေန နောက်နှစ်မှာ ံမေိတမေန နောက် ျသ်အတမေန ံမေိတမေနပြောင်းပြီးပြ နေတယ်။ ဒီကျပ်သိန်း(၁ဝဝဝ)ကိုခေါင်းစဉ် ပြင်နေတဲ့သဘောရှိပါတယ်။ အဲဒါလေးတွေကိုပြန်လည် စိစစ်ဖို့ မေတ္တာရပ်ခံပါတယ်။ အခုနိဂုံးချုပ် သုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ကတော့ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းအပေါ် လိုငွေအား ပြည်ထောင်စုမှထောက်ပံ့ထားသဖြင့် ဥပဒေကြမ်းပါ ခန့်မှန်းခြေ အရအသုံးငွေစာရင်းအား ထောက်ခံ ကြိုဆိုပါတယ်။ နံပါတ်(၂)အနေနဲ့ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ၏ သုံးသပ်ချက် ပါအတိုင်း နိုင်ငံတော်ရဲ့ဘဏ္ဍာငွေလေလွင့်မှုနှင့်ဖြုန်းတီးမှုမဖြစ်စေရန်အတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများနှင့် ပြန်လည်ညှိနှိုင်းတိုင်ပင်ပြီးတော့ အမှန်တကယ်လိုအပ်တဲ့နေရာများကို ခေါင်းစဉ်ပြောင်းသုံးနိုင်ရေး တင်ပြပါတယ်။ နောက်နံပါတ်(၃)အနေနဲ့တော့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီရဲ့ စီမံခန့်ခွဲနေတဲ့ မြေငှားရမ်းခပိုမိုရရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးဖို့ လိုပါတယ်။ သို့သော်လည်း ငွေရတိုင်းလုပ်မယ်ဆိုလည်း ကျွန်တော်မထောက်ခံပါဘူးခင်ဗျား။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုတွေကို ပြန်လည်သုံးသပ်စေချင်ပါတယ်။ နောက်တစ်ခါ ပစ္စည်းများ ဝယ်ယူတဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိစေလိုပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တော်ကြီး များကို ဘတ်ဂျက်စီးပွားရေးပညာရှင်ကြီးများ လာရောက်ပို့ချတဲ့အခါမှာ ဘတ်ဂျက်ကိုသုံးစွဲရင် ခင်ဗျားတို့ကိုယ်စားလှယ်တွေ မိမိကိုယ်ပိုင်ငွေလို သဘောထားပြီး သုံးစွဲကြဆိုပြီးတော့ပြောတာ မှတ်သားရပါတယ်။ တစ်နှစ်အတွေ့အကြုံအရ တင်ပြရရင်တော့ မိမိကိုယ်ပိုင်ငွေကိုသုံးစွဲရမှာတော့ မှန်တယ်။ ဘယ်လိုသုံးစွဲရမှာလဲ ဆင်းရဲသားပမာ သုံးစွဲရမလိုဖြစ်နေပါတယ်။ အခုသုံးနေတာ မိမိကိုယ်ပိုင်ငွေလို့တော့ သဘောထားပါတယ်။ သူဌေးသားကြီးများလို သုံးနေရင်တော့ ပြည်သူ လူထုရဲ့ဆန္ဒနဲ့ကိုက်ညီမှာမဟုတ်ကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

ဥက္ကဋ္ဌ။          ။ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ဆွေးနွေးရန်ဖြစ်ပါတယ်။

ဒေါ်ကြည်ပြာ၊ ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေနဲ့စတုတ္ထပုံမှန်အစည်းအဝေးရဲ့ဒုတိယနေ့မှာ တင်သွင်းတဲ့ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဥပဒေကြမ်းအပေါ်အကြံပြုခြင်းအပိုင်းမဆွေးနွေးခင်မှာ လွှတ်တော်ရဲ့အခန်း ကဏ္ဍနဲ့ တိုင်းဒေသကြီးဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေကြမ်းဆက်နွယ်ပုံလေးကို အရင်ဆုံးပြောပြ လိုပါတယ်။ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေရဲ့ အခန်း(၁၄) ပုဒ်မ ၁၄၁မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်ရဲ့ ဘဏ္ဍငွေရသုံးဆိုင်ရာဥပဒေကြမ်းကို တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်နဲ့အတူတင်သွင်းလာပါက လွှတ်တော်တွင် လိုအပ်သလိုဆွေးနွေး၍ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနဲ့အညီ ဆောင်ရွက်ရမယ်လို့ ပြဌာန်းပါရှိထားပါတယ်။ ဒါ ကိုနေဘုန်းလတ်လည်းပြောပြသွားပြီးဖြစ်ပါတယ်။ ဒီဥပဒေပုဒ်မဟာဆိုရင် ဒီမိုကရေစီရဲ့စံနှုန်းတစ်ခုဖြစ်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းဆိုတဲ့ စကားရပ်ကို မီးမောင်းထိုးပြတဲ့ပုဒ်မတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့လွှတ်တော်အနေနဲ့ ဆိုရင် စီမံဘဏ္ဍာဝန်ကြီးကဒီ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ရသုံးမှန်းခြေ လျာထားချက်ဆိုပြီးတော့ ဒီဇင်ဘာလ ၆ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ အဲဒီလိုတင်သွင်းတဲ့ အချိန်တုန်းကလည်း ကျွန်မတို့ကိုယ်စားလှယ်(၁၆)ယောက်တိတိ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဆွေးနွေးအကြံပြုချက်တွေကို ဝန်ကြီးမှလည်းတစ်ခုစီရှင်းပြပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ တစ်ချို့ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းပြောင်းတင်ပြချက်တွေကို ပြောင်းလဲစီစဉ်ပေးတာ တွေ့ရလို့ ဝန်ကြီးကိုကျေးဇူးတင်ပါတယ်။ သို့ပေမဲ့လည်း ကျွန်မတို့ ကိုယ်စားလှယ်အများစုဆွေးနွေးခဲ့ကြတဲ့ ကျပ်သန်း(၁ဝဝဝ)တန်တံတားတွေကိစ္စကို ဘာမှပြုပြင်ထားတာ မတွေ့ရပါဘူး။ အဲဒီတော့ဒီတံတား တွေက ကျွန်မတို့ကိုယ်စားလှယ်တွေက ပြည်သူတွေတောင်းဆိုမှုနဲ့ တင်ပြထားတယ်ဆိုတာတော့ အမှန်ပါပဲ သို့ပေမဲ့မြေပြင်အခြေအနေနဲ့တကယ်လုပ်ဖို့သင့်တော်၊ မသင့်တော်ဆိုတာရယ် နောက်ပိုင်း မြို့ပြစီမံကိန်းတွေနဲ့ထိစပ်လာမယ့်နေရာမျိုးတွေဆိုရင်တော့ ဆောက်ပြီးမကြာခင်မှာပြန်ဖျက်ရမယ့် အနေအထားမျိုးတွေရှိ/မရှိ စည်ပင်သာယာဌာနအနေနဲ့ စိစစ်ဖို့လိုမယ်လို့ယူဆပါတယ်။ ဥပမာ အားဖြင့် ကမ်းနားလမ်းမှာတည်ထားတဲ့တံတား လူကူးခုံးကျော်တံတား (၂)စင်းရှိပါတယ်။ ဒါဆိုလို့ရှိရင် နောင်လုပ်မည့် မြို့ပြစီမံကိန်းနှင့်လွတ်ကင်းသလားဆိုတာ ထည့်သွင်းစဉ်းစားခဲ့ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁၇-၂ဝ၁၈ခု ဒေသန္တရစီမံကိန်းရဲ့နောက်ဆက်တွဲမှာ ဖော်ပြထားတဲ့ မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းမှာဆိုရင် ဃြီ ဧရိယာဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ပါပါတယ်။ အဲဒီမှာ ဆူးလေဘုရားလမ်းကနေမြစ်ကမ်းနားအထိ လမ်းကျောင်းသင့်ချိတ်ဆက်မှုတွေလုပ်မယ်။ ကမ်းနားလမ်းကြီးကို ကမ္ဘာကျော်အောင်လုပ်မယ်။ ပြီးတော့ကမ်းနားလမ်းမှာရှိတဲ့ သမိုင်းဝင် အဆောက်အဦတွေကို မြင်သာခံစားစေဖို့လုပ်မယ်ဆိုတဲ့အချက်တွေပါပါတယ်။ ပြီးတော့ အဲဒီဘက်မှာ ယာဉ်အသွားအလာတွေလျော့ချမယ်ဆိုတာကိုလည်း ဒီမြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်းမှာ ထည့်သွင်း ရေးဆွဲထားတာတွေ့ရပါတယ်။ အဲဒီတော့ အခုလိုလူကူးခုံးကျော်တံတားတွေ ဆောက်လုပ်ခြင်းဟာ ဒီမြို့ပြဖွံ့ဖြိုးရေးအစီအမံတွေနဲ့ကိုက်ညီရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ပေးဖို့အတွက်ကို ကျွန်မတို့ ဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲက ကျွန်မတို့ဆွေးနွေးခဲ့တာပါ။ ပြီးတော့ဗဟန်းက ခုံးကျော်တံတားဆိုရင်လည်း ရွှေတိဂုံစေတီတော်ကြီးရဲ့မြင်ကွင်းကိုကွယ်သွားနိုင်သလား စသဖြင့်လည်း ပြန်ပြီးစဉ်းစားပေးနိုင်ဖို့ စည်ပင်သာယာကိုအကြံပြုခဲ့တာရှိပါတယ်။ နောက်ပြီးတော့လျာထားငွေ ကျပ်သန်း(၁ဝဝဝ)ပေါ့၊ ကျပ်သန်း(၁ဝဝဝ)မှာလည်းဝန်ကြီးပြန်ရှင်းပြခဲ့တာရှိပါတယ်။ ဗဟန်း (၃)လမ်းက လူကူးခုံးကျော်တံတားကို စက်လှေကားအပါအဝင်ကျပ်သန်း(၄ဝဝ)ကျော်နဲ့တည်ဆောက်ခဲ့တယ်လို့ ရှင်းခဲ့တယ်။ သို့ပေမဲ့အခု ကျပ်သန်း(၁ဝဝဝ)လျာထားတဲ့အပေါ်မှာ ဘာမှပြန်ပြီးတော့ ပြင်ဆင်ထား တာမျိုး မတွေ့ရပါဘူး။ အဲဒီတော့ကျွန်မတို့ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာသက်သက်မဲ့ အချိန်ကုန်ခံပြီးတော့ ဆွေးနွေးခဲ့ရသလိုဖြစ်ခဲ့ရပါတယ်။ လွှတ်တော်ရဲ့အခန်းကဏ္ဍကို လေးစားသော အားဖြင့် ကျွန်မတို့ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးချက်တွေကိုလည်း အလေးထားစေချင်ပါတယ်။ နောက်ပြီးတော့ ကျွန်မဆွေးနွေးခဲ့တာရှိပါသေးတယ်။ ရုံးသုံးယာဉ်တွေ၊ ပရိဘောဂတွေ ဒါတွေဟာ လည်းအသုံးစရိတ်ဟာ ကျပ်သိန်းပေါင်း (၈ဝဝဝဝ) ခွဲလောက်များနေတယ်ဆိုတဲ့အခါကျတော့ ဝန်ကြီးကပြန်ရှင်းပါတယ်။ တစ်ချက်ခြင်းစာမျက်နှာ(၉)မျက်နှာတိတိ ပြန်ရှင်းပြထားပါတယ်။ ကျွန်မတို့က လွှတ်တော်အနေနဲ့များနေတဲ့စရိတ်တွေကို စိစစ်လျော့ချပြီးတော့ တစ်ခြားနေရာတွေမှာ သုံးလို့ရအောင်အကြံပြုတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအားလုံးလိုအပ်တယ်လို့ပြန်ရှင်းပြထားပြီး ဘာတစ်ခုမှလျော့ထားတာ မတွေ့ရပါဘူး။ အဲဒီတော့အသုံးစရိတ်တွေနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်စေချင်လို့ဆွေးနွေးကြသလို ရငွေပိုင်းမှာလည်း နိုင်ငံတော်ကရသင့်လျက်နဲ့ မရတာမျိုးကို ပြန်လည်စိစစ်ပေးဖို့ အကြံပြုဆွေးနွေးခဲ့တာရှိပါတယ်။ ဒီဇင်ဘာလထဲကဆွေးနွေးချက်တွေထဲမှာ ပါပြီးဖြစ်ပါတယ်။ ဥပမာပြောရလို့ရှိရင် သမဝါယမဦးစီးဌာနပါ။ သမဝါယမဦးစီးဌာနကထိန်းထားတဲ့ အခန်းပေါင်း(၁၁၅)ခန်းရှိတယ်လို့သိရပါတယ်။ (၃၅)ခန်းကိုငှားထားတယ်လို့သိရပါတယ်။ အဲဒီတော့ အဲဒီ(၃၅)ခန်းဟာ ငှားခတွေကလက်ရှိပေါက်ဈေးနဲ့နည်းတာများတာကိုခဏထားပါ။ ဒါပေမဲ့လည်း ဒီတရားဝင်နှုန်းထားနဲ့တွက်ရင်တောင် (၁)နှစ်စာအတွက်ဆို ကျပ်သိန်းပေါင်း (၁၆၉၄.၂၈)သိန်း ရှိပါတယ်။ ကျပ်သန်းပေါင်းဆို(၁၆၉)သန်းကျော်ပါ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းပါတယ်။ ကိုယ်စားလှယ်ကြီး ဦးရန်အောင်လည်းပြောသွားပါတယ်။ ရငွေစာရင်းမှာလည်း ကျပ်(၁ဝ.၄၂၂)သန်း ပဲပါပါတယ်။ အဲဒီမှာ ဆိုင်ခန်းငှားရမ်းခအနေနဲ့ကျပ် (၂.ဝ၆၆) ပဲပါပါတယ်။ ဒါဟာတော်တော်လေး အံ့အားသင့်ဖွယ်ကောင်းတဲ့ အနေအထားဖြစ်နေတာကြောင့် မဖြစ်မနေစနစ်တကျပြန်လည်စိစစ်ဖို့ လိုအပ်တဲ့ဦးစီးဌာနတစ်ခုလို့ ယူဆပါတယ်။ အဲဒီတော့ရငွေတွေအပိုင်းကိုလည်းစနစ်တကျနဲ့ နိုင်ငံတော်ဝင်ငွေတွေ အမှန်တကယ်ရပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အမှန်တကယ်ဖြစ်စေချင်လို့ ကျွန်မတို့ ယခင်တစ်ခေါက်ကတည်းက ဆွေးနွေးထားပြီးသားပါ။ ဒါပေမဲ့ပြန်လည်ပြုပြင်ခဲ့တာတွေ မရှိခဲ့တဲ့အတွက်ကြောင့် ဒုတိယအကြိမ် ပြန်လည်ဆွေးနွေးရတဲ့အနေအထားပါ။ အဲဒီတော့ ယခင် တစ်ခေါက်က ဆွေးနွေးအကြံပြုချက်တွေကို တင်ပြပြီးတဲ့အခါမှာတော့ ကျွန်မတို့ဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဆက်လက်အကြံပြုချင်တာလေး ဆွေးနွေးပါ့မယ်။ ဥပဒေဆိုင်ရာစကားရပ်တွေ ပေါ်မှာတော့ သီးခြားဆွေးနွေးစရာမလိုပါဘူး။ ဥပဒေ ယခုဥပဒေကြမ်းရဲ့ပုဒ်မ၄(က)မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအဆင့်ဌာနအဖွဲ့အစည်းများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းအရလိုအပ်ချက်များ ရှိခဲ့မယ်ဆိုရင် ဇယား(၁)(၂)(၃)(၄)မှာ ဖော်ပြထားတဲ့ငွေတွေကို ပြောင်းလဲပေးနိုင်ပါသည်ဟု ပါတဲ့အတွက်ကြောင့် ကျွန်မတို့ကျေးဇူးတင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သေချာပါတယ်။ ဒီနှစ် ဘတ်ဂျက်မှာလုပ်ငန်းပြောင်းရမယ့် ဘတ်ဂျက်တွေအများကြီးပေါ်လာဦးမှာပါ။ ဒါပေမဲ့လည်း ဘတ်ဂျက်ထွက်ပြီးမှ ပြောင်းတာမျိုးထက်ဆိုလို့ရှိရင် မထွက်ခင်ကတည်းက သေချာစနစ်တကျ စိစစ်ပြီးတော့ ဌာနဆိုင်ရာတွေကလည်း မိမိတို့တင်မယ့်လုပ်ငန်းတွေကို သေချာစိစစ်ပြီးတော့ ကျွန်မတို့လွှတ်တော်ကလည်း သေချာဆွေးနွေးလိုက်တာတွေကို အလေးအနက်ထားပြီးတော့ အစိုးရအဖွဲ့အနေနဲ့ပြန်လည်စိစစ်မယ်ဆိုရင် ပိုအဆင်ပြေမှာပါ။ ပြီးတော့ဘတ်ဂျက်နဲ့ပတ်သက် ပြီးတော့အကြံပြုချင်တာလေးတွေရှိပါသေးတယ်။ ဒီသန့်ရှင်းရေးဝန်ထမ်းအိမ်ရာတျွေွှဗ ြမေ ဃ့မေအ လိုင်းတွေကိစ္စပါ (၃၃)မြို့နယ်ဆိုပြီးတော့ ရောရောပြီးတော့ရေးထားတဲ့အခါမှာ ကျွန်မတို့စိစစ်ရတာ အင်မတန်ခက်ပါတယ်။ အဲဒီတော့ (၃၃)မြို့နယ်ဆိုတဲ့အခါကျတော့ ကျွန်မတို့ကျောက်တံတား ဆိုလို့ရှိရင် မနှစ်က၂ဝ၁၆ခုနှစ်မှာ ျွှဗ ြမေ ဃ့မေအ လိုင်းခန်း(၂)လုံးပါတယ် ပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့မြို့နယ်အတွင်းမှာမရှိဘူး။ အဲဒီတော့ လိုက်ပြီးတော့မေးမြန်းရပါတယ် (၁)လုံးက အလုံကို ရောက်နေပြီးတော့ (၁)လုံးကရွှေပြည်သာကိုရောက်နေပါတယ်။ ပန်းဘဲတန်းဆိုလို့ရှိရင်လည်း သူတို့ရဲ့ ြမေ ဃ့မေအ လိုင်းခန်းက မင်္ဂလာဒုံမှာဆောက်ထားတာပါ။ အဲဒီတော့ ဘယ်မြို့နယ်အတွက် ဘယ်မှာဆောက်တယ်ဆိုတာ မပါတဲ့အခါကျတော့ ကျွန်မတို့စိစစ်ရတာအခက်အခဲရှိပါတယ်။ နောက်ဆိုလို့ရှိရင် စနစ်တကျလေး ရေးပေးစေချင်ပါတယ်။ ပြီးတော့ သြထ ဃကူလနမအ တွေနဲ့ပတ်သက် ပြီးတော့ ဒီလိုပါပဲ ဥပမာ-ကွမ်းခြံကုန်းမြို့နယ်မှာဆိုလို့ရှိရင် (၇၄)လုံးဆိုပြီးစုရေးလိုက်တော့         ဘယ်နေရာတွေမှန်းမသိပါဘူး။ စိစစ်ရတာအခက်တွေ့ပါတယ်။ နောက်တစ်ခုဆွေးနွေးချင်တာက လဂွမ်းပြင်ရေပေးဝေရေးဘတ်ဂျက်ပါ။ ဒဂုံမြို့သစ်(အရှေ့/မြောက်/တောင်/ဆိပ်ကမ်း) (၄)မြို့နယ် အတွက်ဆိုပြီးတော့ ၂ဝ၁၆ခုနှစ်ဘတ်ဂျက်မှာလည်း ရေပိုက်လိုင်းတွေဆက်တဲ့လုပ်ငန်းပေါင်းက သန်းပေါင်း (၇ဝဝဝ)ကျော်၊ ပြီးတော့ ဥွှဗနဲ့လုပ်တဲ့ဟာက သန်းပေါင်း(၄)သောင်းကျော်ပါ။ ၂ဝ၁၇ခုနှစ် မှာလည်း အဲဒီခေါင်းစဉ်တွေနဲ့ ပြန်ပါလာပါတယ်။ အဲဒီတော့ကျွန်မတို့က စည်ပင်သာယာ ရေနှင့်သန့်ရှင်းမှုဌာနကို မေးမြန်းကြည့်တဲ့အခါကျတော့ ကျပ်သန်းပေါင်း(၇ဝဝဝ)ကျော်မှာ(၁၃ဝဝ)ပဲ လုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျန်တဲ့ကျပ်(၅၅ဝဝ)သန်းကိုပြန်အပ်လိုက်တယ်လို့ သိရပါတယ်။ နောက်ထပ် ဥွှဗ နဲ့လုပ်တဲ့ကိစ္စကတော့ သန်းပေါင်း(၄)သောင်းကျော်မှာ (၂ဝဝဝ)ပဲလုပ်ဖြစ်လို့ ကျပ် (၃)သောင်း (၉)ထောင်သန်း ပြန်အပ်လိုက်တယ်လို့သိရပါတယ်။ အဲဒီတော့ ဘဏ္ဍာနှစ်တစ်နှစ် အတွင်း လုပ်ဆောင်မယ်လို့စီမံထားတဲ့လုပ်ငန်းတွေ မပြီးမြောက်ဘဲနဲ့ ဒီလိုမျိုးသန်းပေါင်းများစွာ ပြန်အပ်နေတာကကော ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနဲ့ညီရဲ့လား။ ဒါလေးတွေလည်း ဌာနတွေ အနေနဲ့စနစ်တကျ စိစစ်စေချင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောပြချင်တာကတော့ ဒီနှစ်ဘတ်ဂျက် လုပ်ငန်းစဉ်ကြီးရဲ့ အားနည်းချက်တွေအများကြီးရှိတယ်ဆိုတာ ကျွန်မတို့အားလုံးသိပြီးပါပြီ။ ဒီအားနည်းချက်တွေကို လေ့လာသုံးသပ်ပြီးတော့ နောင်နှစ်ဘတ်ဂျက်တွေ ရေးဆွဲတဲ့အခါမှာတော့ အမှန်တကယ်ပြည်သူ့အကျိုးပြု အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုတွင်မကဘဲနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေပါ ဖွံ့ဖြိုးစေဖို့အတွက်ပါ ထည့်သွင်းရေးဆွဲနိုင်မယ့် ဘတ်ဂျက်မျိုးလည်းဖြစ်ပါစေ။ ပြီးတော့လွှတ်တော်ကိုယ်စားလှယ်တွေက လိုအပ်လို့ဆွေးနွေးတဲ့အချက်တွေကိုလည်း တလေးတစား ထည့်သွင်းစဉ်းစားပေးနိုင်တဲ့ဘတ်ဂျက်မျိုးလည်း ဖြစ်ပါစေလို့အကြံပြုရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးမြတ်မင်းသူ၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။   ။လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ ကျွန်တော်နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူဖြစ်ပါတယ်။ ကျွန်တော်ဆွေးနွေးတင်ပြမှာကတော့ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်အတွင်း၊ ငွေလုံးငွေရင်းအသုံး စရိတ်မှ လှိုင်သာယာမြို့နယ်အတွင်း ဆောင်ရွက်မည့် လျာထားလုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီဟာကိုဆွေးနွေးရတဲ့အကြောင်းကတော့ ကျွန်တော်တို့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ တတိယပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီး ရသုံးခန့်မှန်းငွေလျာထားစာရင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်ကိုရှင်းလင်းတင်ပြခဲ့ပြီးတော့ (၂ဝ)ရက်မြောက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးက ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့လှိုင်သာယာမြို့နယ်က လွှတ်တော်     ကိုယ်စားလှယ်(၂)ဦးက ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပါဝင်ဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ လှိုင်သာယာမြို့နယ်မှာ ဆောင်ရွက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ စည်ပင်သာယာရေး     ဝန်ကြီးဌာန(လမ်းတံတား)က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီးတော့ ကျွန်တော်တို့ပြောင်းလဲခင်းကျင်းဖို့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပေးခဲ့သော်လည်းပဲ ၂ဝ၁၇-၂ဝ၁၈ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ခန့်မှန်းခြေစာရင်းမှာ ပြောင်းလဲပြင်ဆင်ရန် တင်ထားတဲ့လုပ်ငန်းစဉ်တွေက အချို့ပဲပြောင်းလဲပြီးတော့ တော်တော်များများက ဒီအတိုင်းပဲပြန်လည် ပါလာရတဲ့အတွက်ကြောင့် ဒီဟာကိုကျွန်တော်          ဆွေးနွေးရခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းဆောင်ရွက်မည့် မူလလျာထားတဲ့လုပ်ငန်းများဖြစ်တဲ့ အမှတ်(၈)ရပ်ကွက်၊ မိုးကုတ်ရိပ်သာလမ်း ကွန်ကရစ်ခင်းခြင်း (၂၅၂ပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၁)ရပ်ကွက်၊ စွယ်တော်လမ်း ကွန်ကရစ်ခင်းခြင်း(၁၃ဝဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်သစ္စာ(၃)လမ်း ကွန်ကရစ်ခင်းခြင်း(၂၅ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၃)ရပ်ကွက်၊ ရန်ကြီးအောင်လမ်းကွန်ကရစ်ခင်းခြင်း(၂၈၈၉ပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၄)ရပ်ကွက်၊ မေခလမ်း ကွန်ကရစ်ခင်းခြင်း (၁၂၅ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၂ဝ)ရပ်ကွက်၊ ဝေပုလ္လ(၅)လမ်း ကွန်ကရစ်ခင်းခြင်း (၁၂၅ဝပေx၁၂ပေx ၆လက်မ)၊ အမှတ်(၁၆)ရပ်ကွက်၊ အင်းလေးလမ်း ကွန်ကရစ်ခင်းခြင်း(၉၈ဝပေx၁၂ပေx၆လက်မ)၊ အလယ်ရွာအောင်သပြေလမ်း ကွန်ကရစ်ခင်းခြင်း (၁၇ဝဝပေx၁၂ပေx၆လက်မ)တို့သည် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေပါသဖြင့် ၎င်းလမ်းများအစား အမှတ်(၈)ရပ်ကွက်၊ ပဒေသာပတ်လမ်းကွန်ကရစ်ခင်းခြင်း(၇၁ဝပေx၁၂ပေx ၆လက်မ)၊ အမှတ်(၉) ရပ်ကွက်၊ သိင်္ဂီလမ်းကွန်ကရစ်ခင်းခြင်း(၁၂ဝဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁ဝ)ရပ်ကွက်၊ ရေဦးလမ်းနှင့်လှိုင်သဇင်လမ်းကွန်ကရစ်ခင်းခြင်း(၁၁၂ဝပေx၁၂ပေx၆လက်မ)၊ ခင်ဦးလမ်းနှင့် ရေစကြိုလမ်းကွန်ကရစ်ခင်းခြင်း(၁၇၂ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၁)ရပ်ကွက်၊ မအူပင်လမ်းနှင့် ဧရာဝတီလမ်းကွန်ကရစ်ခင်းခြင်း(၉၃ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၂)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း ကွန်ကရစ်ခင်းခြင်း(၁၇၅ပေx၁၂ပေx၆လက်မ)၊အမှတ်(၁၄)ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်း ကွန်ကရစ်ခင်းခြင်း၊ (၁၂၅ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၁၆)ရပ်ကွက်၊ ထွန်းသီရိလမ်း ကွန်ကရစ်ခင်းခြင်း (၁၈ဝဝပေx၁၄ပေx ၉လက်မ)၊ အမှတ်(၁၉)ရပ်ကွက်၊ မေဓါဝီလမ်း ကွန်ကရစ်ခင်းခြင်း (၈၂ဝပေx၁၂ပေx၆လက်မ)၊ အမှတ်(၂ဝ)ရပ်ကွက်၊ ငထင်ငယ်လမ်း ကွန်ကရစ်ခင်းခြင်း (၁ဝ၆ဝပေx၁၂ပေx၆လက်မ)တို့ကို အစားထိုးဆောင်ရွက်မှာဖြစ်ပြီး၊ မကွေးလမ်းကွန်ကရစ်ခင်းခြင်း မူလလျာထားသည့် (၈၉ဝဝပေx၁၈ပေx ၉လက်မ)မှ (၇၉၄ဝပေx၁၈ပေx၉လက်မ)သို့ ပြောင်းလဲဆောင်ရွက်နိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့်တင်ပြအပ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးမန်းအောင်ကိုမင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွလွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်အနေနဲ့ဆွေးနွေးလိုတာက ကွမ်းခြံကုန်း မြို့နယ်တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ အခြားသောမြို့နယ်တွေအတွက်လည်း သက်ဆိုင်တယ်လို့ ယူဆပါတယ်။ အဓိကကတော့ ကျေးလက်ကျေးရွာတွေအတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းသည် မြို့နယ်ပေါင်း(၄၅)မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့တိုင်းဖြစ်ပါတယ်။ အဲဒီမှာပြန်ကြည့် မယ်ဆိုရင်ကျေးရွာပေါင်းမနည်းပါဘူး။ ကွမ်းခြံကုန်းမြို့နယ်မှာဆိုရင်ပဲ ကျေးရွာပေါင်း(၁၃၅)ရွာ ရှိပါတယ်။ အဲဒီလိုပဲရန်ကုန်မြို့တော်အတွင်းမှာရှိတဲ့ (၃၃)မြို့နယ်မှာတောင်မှ ကျေးရွာတွေရှိပါတယ်။ ဥပမာပြောရမယ်ဆို တောင်ဒဂုံလိုမြို့နယ်မျိုးတွေပေါ့၊ ဒလလိုမြို့နယ်မျိုးတွေပေါ့၊ ဒီလိုကျေးရွာမျိုးတွေ အတွက် ဘယ်လိုစဉ်းစားကြမှာလဲဆိုတဲ့အနေအထားက လက်ရှိအနေအထားအရစဉ်းစားစရာ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့နယ်စည်ပင်ဥပဒေရှိတယ်။ တိုင်းစည်ပင်ပြင်ပ စည်ပင် ပေါ့နော် အဲဒီ(၂)ခုရှိသလို မြို့နယ်(၃၃)မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေအတွက်ကျတော့ သူတို့ဆို ကြားချောင်ပြီးတော့ ဘယ်ဦးစီးဌာနမှ ဆောင်ရွက်ရမယ့်အနေအထားမရှိဘူးလို့ သဘောသက်ရောက် နေပါတယ်။ အဲဒီတော့ကျွန်တော်အနေနဲ့ ဒီ၂ဝ၁၇ ခုနှစ် ဘတ်ဂျက်ကာလ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေကြမ်းကိုဆွေးနွေးလိုတာက ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ဘတ်ဂျက်လျာထား တာဘာမှမတွေ့ရပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ရည်မှန်းချက် (၉)ချက် ရှိပါတယ်။ အဲဒီအထဲကပြောမယ်ဆိုရင် မြို့ပြနဲ့ကျေးလက်ဆက်သွယ်တဲ့ကွန်ယက်တွေ ပိုမိုအားကောင်းဖို့ (၃၃)မြို့နယ်နဲ့(၁၂)မြို့နယ် ဟန်ချက်ညီညီအချိုးကျမျှတစွာဖွံ့ဖြိုးတိုးတက်ဖို့ဆိုပြီးတော့ ရည်မှန်းချက် တွေထားထားတာကိုလည်းတွေ့ရပါတယ်။ အဲဒီလိုပဲ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့အထဲမှာ ကြည့်မယ်ဆိုရင်လည်း ၂ဝ၃ဝ ခုနှစ်တွင် ကျေးရွာအားလုံးရာသီမရွေးသွားလာနိုင်တဲ့ ကွန်ကရစ်လမ်း တွေဖြစ်ဖို့ဆိုပြီးတော့ ဒီလိုလည်းထည့်ပြီးရေးဆွဲထားတာ တွေ့ရပါတယ်။ အဲဒီတော့ ၂ဝ၃ဝခုနှစ်တွင် ဆိုတာကလည်း ဘာလဲစဉ်းစားစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်တွေ့တဲ့အခါမှာပဲ ကျေးလက်ဒေသတွေ လမ်းပန်း ဆက်သွယ်ရေးအဆင်ပြေဖို့(၃)နှစ်အတွင်း (၅)နှစ်ဒီအတွင်းမှာပဲဖြစ်မြောက်အောင် ဆောင်ရွက်မယ် ဆိုပြီးတော့ ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးထားတာကိုလည်း ကျန်တဲ့အခြားသော ကိုယ်စားလှယ် များလည်း သိရှိပြီးဖြစ်ပါတယ်။ အဲဒီလက်ရှိအနေအထားမှာပဲ လျာထားတဲ့ဘတ်ဂျက်ကို ပြန်ကြည့်မယ် ဆိုရင် လုံးလုံးမတွေ့ရတဲ့အတွက် ဒါဟာဘယ်လိုအကြောင်းကြောင့်လဲဆိုတာကို မေးခွန်းထုတ်စရာ ရှိပါတယ်။ အဲဒါပြည်ထောင်စုမှာဆိုရင် ရန်ကုန်တိုင်းအတွက်(၄၁)ဘီလီလျံကျော် လျာထားသလို ဒီရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေရဲ့လျာထားတဲ့ဘတ်ဂျက်ကလည်း စနစ်တကျနဲ့စီမံခန့်ခွဲ ပြီးတော့ စည်းစနစ်နဲ့ဘောင်နဲ့မူနဲ့ချမှတ်ပြီးတော့ လုပ်ဖို့တော့လိုပါလိမ့်မယ်လို့ ကျွန်တော်အနေနဲ့ အကြံပြုဆွေးနွေးပါတယ်။ နောက်တစ်ချက်ကတော့ ချောင်း၊ မြောင်း၊ ဆည်မြောင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ်ဦးစီးဌာနကနေပြီးတော့လည်း ဘတ်ဂျက်လျာထားတာ ဘာမှမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့မြို့နယ်မှာ ရေကြီးနစ်မြုပ်နေတဲ့ဒေသတွေအများကြီးရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်ဆည်မြောင်းဌာနအနေနဲ့ဘယ်နေရာတွေမှာရေကြီးပြီးတော့ စပါးတွေစိုက်ပျိုးလို့ မရဘူးလည်းဆိုတာတောင်မှ အတိအကျမသိပါဘူး။ ကျွန်တော်တို့ပြောရဲပါတယ်။ အဲဒီတော့ ဆိုလိုချင်တာက ကျွန်တော်တို့ဒီမှာရှိတဲ့လိုအပ်ချက်တွေကို မှန်မှန်ကန်ကန်နဲ့တိုင်းအစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များစသဖြင့် ဌာနဆိုင်ရာများအားလုံးသိရှိပြီးတော့ စနစ်တကျနဲ့မကုန်စရာရှိတာ မကုန်ရအောင် အကုန်အကျသက်သာအောင်စနစ်တကျနဲ့ သုံးစွဲတတ်ဖို့အရေးကြီးပါတယ်။ ခုန ကိုယ်စားလှယ်ကြီးများ ဆွေးနွေးသွားသလိုပဲ အခွန်အကောက်ဆိုင်ရာတွေ ဒါတွေလည်းအများကြီး ရှိပါတယ်။ အဲဒီတော့ သုံးငွေအနေနဲ့ပြန်ပြီးတော့ ထပ်ဆင့်ပြောရမယ်ဆိုရင် ကွမ်းခြံကုန်းမြို့နယ်မှာ သြထ ဃကူလနမအ တွေရတယ်။ တစ်စင်းကို (၁.၉၁)သန်းလျာထားတယ်။ တစ်နည်းပြောရမယ်ဆိုရင် (၁၉၁ဝဝဝဝ)ပေါ့ အဲဒါမေးကြည့်တဲ့အခါကျတော့ ကုမ္ပဏီကနေပြီးတော့ ဆောင်ရွက်တဲ့သြထ ဃကူလနမအ တွေရှိတယ်။ ဌာနဆိုင်ရာကနေဆောင်ရွက်တာရှိတယ်။ ရှိတော့ဘယ်လို ဆောင်ရွက်သလဲဆိုလို့ရှိရင် ကန်ထရိုက်တွေကိုငှားတယ်။ သြထ ဃကူလနမအ တစ်ခုကို(၃)သိန်း ပေးတယ် ဆောက်လုပ်ဖို့အတွက် တစ်ချို့ဆိုရင်(၄)သိန်းကျော်ပေးတယ်။ ပစ္စည်းက သူတို့ကုမ္ပဏီကနေစိုက်ပေးတယ်၊ အဲဒီတော့ တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် (၁၉၁ဝဝဝဝ)တော့ ကျွန်တော်အနေနဲ့ ဒါနားလည်သလောက် တွက်ကြည့်တာပါ။ မကုန်နိုင်ဘူးလို့ဒါယူဆလို့ရပါတယ်။ အဲဒီငွေတွေလည်း စနစ်တကျပွင့်လင်း မြင်သာစွာဖော်ပြပေးဖို့ ဒါကိုလည်းလိုတယ်လို့ ကျွန်တော်အနေနဲ့ အကြံပြုလိုပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ကျွန်တော်အနေနဲ့တိုက်တွန်းအကြံပြုချင်တာက ကွမ်းခြံကုန်းမြို့နယ်အပါအဝင် အခြားသောမြို့နယ်များမှာရှိတဲ့ ကျေးလက်ဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချောင်း၊ မြောင်း၊ ကျေးလက်၊ လမ်း၊ တံတား၊ သြထ ဃကူလနမအ စသဖြင့် ဒါတွေကိုလည်းထည့်သွင်းပြီးတော့ ဝိုင်းဝန်းပြီးတော့စဉ်းစားပေးကြဖို့ အကြံပြုတိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကျေးဇူးတင်ရှိပါတယ်။

ဥက္ကဋ္ဌ။          ။ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးဇော်ဝင်းနိုင်၊ လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။  အားလုံးမင်္ဂလာပါ။ ကျွန်တော်အနေနဲ့ ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လသာမြို့နယ်ဟာဆိုလို့ရှိရင် အခြေခံ အဆောက်အဦပြည့်စုံတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ အနည်းငယ်သောလိုအပ်ချက်ဖြစ်တဲ့ မြေရရှိမှုတွေကို ကြယ်ပွင့်မပြမေးခွန်းမေးတဲ့အခါမှာ အခုဘတ်ဂျက်ထဲမှာ ထည့်သွင်းရေးဆွဲထားတာတွေ့တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်လွှတ်တော်မှာမေးမြန်းခဲ့တဲ့ မြောင်းဖုံး ကိစ္စတွေကိုလည်းပဲ ယခုဘတ်ဂျက်မှာထည့်သွင်းတာတွေ့ရတဲ့အတွက် လွှတ်တော်မှာပေးထားတဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးရာရောက်တဲ့အတွက် ကြိုဆိုပါတယ်။ တကယ်တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူလူထုအမှန်တကယ်လိုအပ်တဲ့လုပ်ငန်းတွေကို စီမံကိန်း ထဲမှာပါဝင်အောင်ကြိုးစားဆောင်ရွက်သူတွေလည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းတစ်ခုချင်းစီအလိုက် မည်၍မည်မျှကုန်မယ်ဆိုတာကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့တာဝန် ဖြစ်ပါတယ်။ အဲဒီလို စီမံကိန်းတွေအလိုက် ဘတ်ဂျက်တွေကိုသုံးစွဲတဲ့အခါမှာလည်းပဲ လုပ်ငန်းတစ်ခုချင်းစီရဲ့တန်ဖိုးနဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပမာကောင်းလေးတစ်ခုကိုတင်ပြပါရစေ။ မြို့နယ်စီမံကိန်းအစည်းအဝေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လျှပ်စစ်အိမ်တိုင်းတပ်ဆင်ရေးကို သိန်း(၁ဝဝ) လောက်တင်ပြပါတယ်။ အဲဒါနဲ့ကျွန်တော်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာကိုတွက်ခိုင်း ကြည့်တော့ သိန်း(၆ဝ) လောက်ပဲကုန်မယ်လို့ ပြန်လည်တွက်ပြပါတယ်။ ဒီလိုဝန်ထမ်းကောင်းမျိုးတွေ ရှိတာကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်။ ကျွန်တော်ခုနက တင်ပြခဲ့တဲ့မြောင်းဖုံးကို မြို့နယ်စီမံကိန်းမှာ ကျွန်တော်တို့လသာမြို့နယ်မှာ ဘယ်လောက်လောက်လိုလဲလို့ ကျွန်တော်က တွက်ခိုင်းတော့ (၁၂၂ဝဝ)ကျော်လိုတယ်လို့ပြောပါတယ်။ ကျွန်တော့်ရဲ့ ပြည်သူတွေကိုရပ်ကွက်တစ်ခု ချင်းစီအလိုက် ပြန်စိစစ်ခိုင်းပါတယ် (၃)ပုံ(၁)ပုံလောက်ပဲလိုတယ်လို့ သူတို့ကကျွန်တော်ကို တင်ပြပါတယ်။ ဒီတော့ကျွန်တော်က ဘတ်ဂျက်ကဒီလောက်များနေတယ် ကျွန်တော်ကို ဘယ်လိုမျိုးများတွက်ချက်သလဲ အသေးစိတ်လေးတွက်ပြပါလို့ပြောလိုက်တော့ သူ့စာရင်းကို ကျွန်တော်ပြန်ကြည့်လိုက်တော့ လုပ်အားခတွေ၊ ပစ္စည်းတန်ဖိုးတွေ အင်မတန်များပြားနေတာကို ကျွန်တော်တွေ့ရှိရပါတယ်။ တကယ်တော့ ကျွန်တော်တို့ရန်ကုန်မြို့မှာရှိတဲ့လမ်းတွေ၊ မြောင်းတွေ၊ မြောင်းဖုံးတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ဆယ်စုနှစ်ပေါင်း မြောက်များစွာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့အဲဒီမှာအသုံးပြုတဲ့ဘတ်ဂျက် တွေဟာ တကယ့်လက်တွေ့ဘဝနဲ့အနီးစပ်ဆုံးဖြစ်ဖို့လိုတယ်ဆိုတဲ့ဟာကိုတော့ ကျွန်တော်အနေနဲ့ အလေးအနက်ထား တိုက်တွန်းအပ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသုံးတဲ့ ဘတ်ဂျက်တွေကို အဓိကပြန်ကြည့်လိုက်ရင်လည်း မြို့နယ်အလိုက်သုံးတဲ့ဘတ်ဂျက်တွေရှိတယ်။ တစ်ချို့ဘတ်ဂျက်တွေကျတော့ မြို့နယ်တွေစုပေါင်းတဲ့ဘတ်ဂျက်တွေရှိတယ်။ တစ်ချို့ဘတ်ဂျက်တွေ ကျတော့ ဘယ်မြို့နယ်ထဲမှာပါတယ်လို့ ခွဲခြားလို့မရတဲ့ဘတ်ဂျက်တွေရှိတယ်။ တစ်ချို့ဘတ်ဂျက် တွေက ခရိုင်အလိုက်ဆွဲထားတဲ့ဘတ်ဂျက်တွေရှိတယ်။ တစ်ချို့ဟာကျ (၃၃)မြို့နယ်လုံးပူးပေါင်းထားတဲ့ ဘတ်ဂျက်တွေတွေ့ရပါတယ်။ ကျွန်တော်တို့မြို့တွင်း(၆)မြို့နယ်ဖြစ်တဲ့ မြို့နယ်ရဲ့မိလ္လာမှာလည်း ဘတ်ဂျက်တွေအမြောက်အများသုံးစွဲခဲ့ရတာတွေ့ပါတယ်။ နှစ်စဉ်အလိုက်သုံးပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာရေးနှစ်မှာ မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းအတွက် (၂၄၁)သန်း၊ ၂ဝ၁၅-၂ဝ၁၆ခု ဘဏ္ဍာရေးနှစ်တွင် မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းအတွက် (၂၂၇)သန်း၊ ၂ဝ၁၆-၂ဝ၁၇ ခု ဘဏ္ဍာရေးနှစ်မှာ မိလ္လာစွန့်ပစ်ခြင်း လုပ်ငန်းအတွက် သန်း(၅ဝ)၊ ၂ဝ၁၇-၂ဝ၁၈ ခု ဘဏ္ဍာရေးနှစ်မှာ မိလ္လာစွန့်ပစ်ခြင်းလုပ်ငန်းအတွက် (၃၄၄)သန်းကျော်လောက် သုံးစွဲမယ်လို့ထည့်သွင်းဖော်ပြချက်တွေကလည်းပဲ ဒီလောက်များတဲ့ငွေ တွေကို နှစ်စဉ်အလိုက်သုံးစွဲခဲ့တာ သုံးစွဲတဲ့ငွေနဲ့အဲဒီအကျိုးရလဒ်နဲ့ဟာ မျှတမှုရှိရဲ့လားဆိုတဲ့ အချက်အလက်ကိုလည်း အသေအချာပြန်လည်စိစစ်ဖို့လိုအပ်ပါတယ်။ မြို့ပြအိမ်ရာစီမံကိန်း ဆိုပြီးတော့လည်း အသုံးစရိတ်တစ်ခုတင်ထားတာတွေ့ပါတယ်။ တကယ်တော့ဒီလုပ်ငန်းတွေကို ဝန်ထမ်းတွေအနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဘတ်ဂျက်ထဲမှာထည့်ပြီးတောင်းထားတာ ကျွန်တော်တို့တွေ့ရပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတော်ရဲ့ငွေတွေကို ဘတ်ဂျက်တွေကို နှစ်ထပ်ကွမ်း သုံးစွဲတဲ့သဘောမျိုး ကျွန်တော်တို့တွေ့ပါတယ်။ တကယ်တော့တာဝန်ရှိတဲ့နေရာတွေကို သွားရောက် စစ်ဆေးရာမှာလည်းပဲ အဲဒီဝန်ထမ်းတွေရဲ့ နိုင်ငံတော်ကပေးအပ်တဲ့တာဝန်တစ်ရပ်လည်း         ဖြစ်ပါတယ်။ အသုံးစရိတ်အနေနဲ့ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်မှာ မြို့ပြအိမ်ရာစီမံကိန်းအတွက် သန်း(၈ဝ) လွန်ခဲ့တဲ့နှစ်ကလည်းပဲ ၂ဝ၁၆-၂ဝ၁၇ခုဘဏ္ဍာရေးနှစ်မှာ မြို့ပြအိမ်ရာ စီမံကိန်းများအတွက် (၅၅)သန်းဆိုပြီးတော့ ဘတ်ဂျက်များဖော်ပြထားတာကျွန်တော်တွေ့ရပါတယ်။ အဲဒီလိုအပြင်ခရိုင်ချင်း အလိုက်သုံးစွဲရတဲ့ဘတ်ဂျက်တွေ၊ မြို့နယ်(၃၃)မြို့နယ်မှာသုံးစွဲတဲ့ ဘတ်ဂျက်တွေကိုလည်းပဲ နှစ်စဉ် အလိုက်ဖော်ပြထားတာတွေ့တဲ့အတွက် ဒီအချက်အလက်များကို လည်းအသေအချာပြန်လည်စိစစ် ခွင့်ပြုသင့်ပါတယ်။ တကယ်တော့ ဘတ်ဂျက်ငွေတွေဟာ နိုင်ငံတော်ကထောက်ပံ့တဲ့ငွေတွေ ကျွန်တော် တို့ရဲ့အခြေခံပစ္စည်းတွေကိုရောင်းချတိုင်း ငှားရမ်းခြင်းကရတဲ့ငွေတွေ ပြည်သူလူထုရဲ့အခွန်အကောက် တွေနဲ့ရရှိထားတာဖြစ်ပါတယ်။ အဲဒီဘတ်ဂျက်ငွေတွေကို တတ်နိုင်သမျှ စိစိစစ်စစ်နဲ့ကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ အသုံးချဖို့အထူးပဲလိုအပ်ပါတယ်။ အဲဒီလို ဆောင်ရွက်မှသာလျင် ပိုလျှံတဲ့ဘတ်ဂျက်ငွေတွေကို တိုင်းပြည်ရဲ့လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက်ပြီးတော့သုံးစွဲနိုင်မှာဖြစ်ပါကြောင်း အကြံပြုရင်းနိဂုံးချုပ် အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးကျော်ကျော်ထွန်း၊ လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ အားလုံးမင်္ဂလာပါ။ ၂၃.၃.၂ဝ၁၇ရက်နေ့က တင်သွင်းတဲ့၂ဝ၁၇-၂ဝ၁၈ခုနှစ် ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေဆိုတဲ့အတိုင်း ရငွေနှင့်သုံးငွေဟာ မျှတနေဖို့ လိုအပ်ပါတယ်။ တစ်ကယ်တော့ရငွေ(သို့)ဝင်ငွေကသာများနေမှာဖြစ်ပြီး ဝင်ငွေများပြီး သုံးငွေ(သို့) ထွက်ငွေနည်းမှ တိုင်းပြည်အမြန် ချမ်းသာလာမှာဖြစ်ပါတယ်။ နှစ်စဉ်ဘတ်ဂျက်လိုငွေပြနေတာ ကျွန်တော်တို့နိုင်ငံမှာအားလုံးအသိပါ၊ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး၏ဘတ်ဂျက်ဟာ ြေူညေခန ဘတ်ဂျက်လို့ခေါ်ပေမယ့် ပြည်ထောင်စုကနေနှစ်စဉ်ထည့်ဝင်ပေးနေတာ တွေ့ရပါတယ်။ အဲဒီတော့ နှစ်စဉ်လိုငွေပြလာတဲ့အတွက် ချေးငွေများနဲ့ရပ်တည်ရင်း တစ်နှစ်ထက်တစ်နှစ်တိုင်းပြည်ဟာ အြွေကးနွှံ့ထဲနစ်လာရင်း ယခင်ကဆင်းရဲလာခဲ့တာ ဖြစ်ပါတယ်။ တဖက်ကလည်း နိုင်ငံဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံရေးအတွက် ဒီလိုမှချေးငွေတွေနဲ့မရပ်တည်လို့မရတာလည်း အမှန်ပင်ဖြစ်ပါတယ်၊ ဒီနေရာမှာစဉ်းစားရမှာက ရငွေနဲ့သုံးငွေကြားကွာဟမှုကျဉ်းမြောင်းအောင် လုပ်စရာကတော့ ရငွေ(သို့)ဝင်ငွေကို ပိုတိုးတက်အောင် ရှာဖွေကြိုးစားအားထုတ်ခြင်းနှင့်သုံးငွေ(သို့)ထွက်ငွေကို လျော့၍လည်းကောင်း၊ စိစစ်၍လည်းကောင်းသုံးစွဲခြင်းပဲဖြစ်ပါတယ်။ လောလောဆယ်အချိန်မှာ ကျွန်တော်တို့ဟာရငွေတိုးတက်အောင် ပိုမိုကြိုးစားရမှာဖြစ်သလို သုံးငွေကိုလည်းစစ်စစ်စီစီ သုံးစွဲသင့် ပါတယ်၊ ဒီလိုစိစစ်သုံးစွဲလိုက်လို့ ပိုထွက်လာမယ့်ငွေတွေကို တကယ်လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက် သုံးစွဲလို့ရမှာပါ၊ ဒါကြောင့်အစိုးရတင်သွင်းလာတဲ့ဘတ်ဂျက်တိုင်းကို ပြည်သူတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်တွေက အမြဲစိစစ်ပေးနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရန်ကုန် တိုင်းဒေသကြီးရဲ့ အရအသုံးဆိုင်ရာဘတ်ဂျက်ကိုတော့ ပြည်ထောင်စုလွှတ်တော်ကနေ ငွေ ဗာသကညအကို အတည်ပြုပြီးဖြစ်တာကြောင့် တကယ်လက်တွေ့လုပ်ဆောင်ရာမှာ စိစစ်သုံးစွဲ၍ လည်းကောင်း၊ လောလောဆယ်မလိုအပ်တဲ့ လုပ်ငန်းမျိုးတွေကို လုပ်ငန်းပြောင်းသုံးစွဲခြင်းဖြင့် လည်းကောင်း၊ တကယ်လိုအပ်တဲ့လုပ်ငန်းတွေမှာ သုံးစွဲသင့်ပါတယ်လို့ တင်ပြချင်ပါတယ်။ ဥပမာ- ရိုးရိုးလေးဘဲတွက်ချက်ရင်တောင်မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် မူလခန့်မှန်းခြေစာရင်း အသေးစိတ်စာရင်းမှာ လုပ်ငန်းနှင့် ပစ္စည်းဝယ်ယူမှုခေါင်းစဉ်များဖြင့် လုပ်ငန်းအမျိုးအမည် ပေါင်း(၁၁ဝ၈)ခု တွေ့ရှိရပါတယ်၊ လုပ်ငန်း တစ်ခုကို (၁)သိန်းစီ စိစစ်သုံးရင်တောင် သိန်းတစ်ထောင်ကျော်ပိုထွက်လာမှာဖြစ်ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေကို သုံးစွဲတဲ့နေရာမှာ မိမိရဲ့ကိုယ်ပိုင်ငွေလို သဘောထားပြီးအတတ်နိုင်ဆုံးစိစစ်ချွေတာ သုံးစွဲရမှာဖြစ်ပါတယ်။ အလေအလွင့်နည်းနိုင်သမျှ နည်းအောင်သုံးစွဲရမယ်လို့လည်း သိထားသင့် ပါတယ်။ ကျွန်တော်တို့သိထားတာလည်း ဘယ်လုပ်ငန်းမဆို နျအငာအေန အကြမ်းဖျဉ်းတွက်ချက်တဲ့ အခါမှာ အလေအလွင့်အတွက်ဆိုပြီး အမြဲတမ်းပိုမိုတွက်ချက်ပေးထားတာဖြစ်ပါတယ်။ (၁ဝ)ပေ ပတ်လည် ကျင်း(၁)ကျင်းပေါ့နော် လမ်းဖောက်တာဖြစ်ဖြစ် ကျွန်တော်တို့ကွန်ကရစ်ခင်းတဲ့နေရာမှာ       နျအငာအေန တွက်ချက်တဲ့နေရာမှာ ဘိလပ်မြေ(၁၈)အိတ်လို့တွက်ချက်ပေးထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမှန်တကယ်လိုအပ်တာကစံချိန် (၁၅)အိတ်သုံးရင်တောင်စံချိန်မီပါတယ်။ လက်တွေ့သုံးစွဲ နေရတာကတော့ ကျွန်တော်တို့သိထားတာ (၁၃)အိတ် ဒီထက်တောင်နည်းပြီးတော့ လျော့သုံးတာတွေ တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ရဲ့ယခင်ကလမ်းတွေ ဟာ (၁)နှစ်အတွင်းမှာတင် ပျက်စီးယိုယွင်းသွားတာတွေရှိခဲ့တာပါ။ ဒါတွေဟာလည်း ကျွန်တော်တို့ကအမြဲစိစစ်နေရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒီလိုစိစစ်လိုက်လို့မှပိုထွက်လာတဲ့ ပိုက်ဆံတွေကို ခုနလိုသုံးစွဲရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တင်ပြလိုတာက မန္တလေးတိုင်းအတွင်းမှာ ၂ဝ၁၆-၂ဝ၁၇ခု ဘဏ္ဍာရေးနှစ်မှာ တည်ဆောက်ရေးတင်ဒါများကို စိစစ်ခဲ့ခြင်းကြောင့် ကျပ်သန်းပေါင်း(၄ဝဝဝ)ကျော် ပိုလျှံငွေများ ထွက်လာပါတယ်။ ဒီထွက်လာတဲ့ငွေတွေကို စာသင်ကျောင်း(၃၅)ကျောင်းတည်ဆောက်တာနဲ့ ကျေးရွာ(၅ဝ)ကျော်ကို ကျေးရွာမီးလင်းရေးလုပ်ငန်းတွေအတွက်ဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်ခြင်း၊ အားကစားကွင်းများအဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းအိမ်ရာများတည်ဆောက်ခြင်းနဲ့ လမ်းတိုးချဲ့ဖောက်လုပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်လို့လည်း ကျွန်တော်သိရှိရပါတယ်။ တကယ်တော့ ကျွန်တော်တို့ ရန်ကုန်မြို့ဟာဒီထက်လုပ်ငန်းတွေများပြီး ဒီထက်ချွေတာရင်တောင်မှ ဒီကျပ်သန်း (၄ဝဝဝ) မက ပိုလျှံထွက်လာနိုင်တဲ့အနေအထားတွေရှိပါတယ်။ အစိုးရကတင်သွင်းတဲ့ရသုံးဆိုင်ရာ ဥပဒေကြမ်းတွေကို ကျွန်တော်တို့လွှတ်တော်ကစိစစ်ဖြတ်တောက်ပြီး အတည်ပြုရတာသဘာဝပါ။ နိုင်ငံတကာမှာလည်းဒီလိုပါပဲ ကျွန်တော်တို့လေ့လာတွေ့ရှိတာ ဘယ်နိုင်ငံမှာမဆို လွှတ်တော်က ဖြတ်တောက်ပြီးမှသာ အတည်ပြုဆောင်ရွက်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုပါပဲ။ ကျွန်တော် ဏသတနမ ဏသငညအ ဖြင့်ပြခွင့်ပြုပါ။ ဒါကတော့ကျွန်တော်တို့ ယခု၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ်ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ကျပ်(၃ဝ၃)ဘီလီယံ လျှော့ချဖြတ်တောက် လိုက်ပြီးတော့အတည်ပြုခဲ့တဲ့ ဝန်ကြီးဌာနများရဲ့ငွေစာရင်းပါ။ စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနဟာဆိုရင် (၁၁၆)ဘီလီယံဖြတ်တောက်ပြီးမှ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာန ဆိုရင်လည်း (၃၉၆.၇၆၅)သန်း ဖြတ်တောက်ခဲ့ပါတယ်။ ဒါတွက်ချေမကိုက်တဲ့စက်ရုံတွေကို လွှတ်တော်ကနေရပ်ဆိုင်းဖို့ အဆိုပြုပြီးတော့မှ ရပ်ဆိုင်းလိုက်ရတဲ့အနေအထားပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဆိုရင်လည်း(၂၉၁)သန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှာဆိုရင်(၅)ဘီလီယံ၊ နယ်စပ်ဝန်ကြီး ဌာနဆိုရင်(၃)ဘီလီယံ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးက(၇၅)သန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက(၃.၂)ဘီလီယံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက (၆၄၅.၅၄) သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက (၁.၉၈) ဘီလီယံကျော်၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးက(၃၆.၄ဝ၉)သန်း၊ ပညာရေးလိုကဏ္ဍတွေမှာတောင် (၇)ဘီလီယံ ဖြတ်တောက် ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း(၁.၇၈) ဘီလီယံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးက (၅)ဘီလီယံ၊ ဆောက်လုပ်ရေးက(၉)ဘီလီယံ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးက (၆၉ဝ.၉၂၇)သန်း၊ တိုင်းရင်းသားရေးရာလူမျိုးများ ဝန်ကြီးဌာနကလည်း (၆၇.၂)သန်း ဖြတ်တောက်ပါတယ်။ ဖြတ်တောက်မှုမရှိတဲ့ဌာနတွေကတော့ ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ ပြန်ကြားရေးရယ်၊ သမ္မတရုံးရယ်သာဖြတ်တောက်ခြင်းမရှိခဲ့ပါဘူး။ နောက်တစ်ခု ကျွန်တော်ဆွေးနွေး တင်ပြချင်တာကတော့ အခုကျွန်တော်တို့နာမည်ကြီးနေတဲ့မြို့တော် ဂေါက်ကွင်းကိုပါ။ ငွေသော်တာ ဂေါက်ကွင်းရဲ့အသင်းဝင်ကြေးဟာ အစိုးရအငြိမ်းစားဝန်ထမ်း(၁)ယောက်ရဲ့ အသင်းစပြီးဝင်တဲ့ ဝင်ကြေးဟာ(၅)သိန်းရှိတယ်လို့ သိရပါတယ်။ အစိုးရဝန်ထမ်း မဟုတ်သူတွေကတော့ သိန်း(၄ဝ) ဝင်ကြေးရှိပါတယ်။ အသင်းဝင်ထားသူတွေဟာတစ်နေ့ ဂေါက်လာရိုက်မယ်ဆိုရင် အသင်းဝင် ထားတဲ့သူဆို တစ်နေ့(၄ဝဝဝ)ပေးရပါတယ်။ အသင်းဝင်မထားတဲ့ပုဂ္ဂိုလ်များကတော့ (၁၂ဝဝဝ) ရှိပါတယ်။ ကယ်ရီခကလည်းအသင်းဝင်ထားတဲ့သူဆို (၂ဝဝဝ)၊ အသင်းဝင်မထားတဲ့သူဆို (၄ဝဝဝ)ကျပ်ကျပါတယ်။ ကြါါပ ကားခကတော့ (၂)ယောက်စီးကို ကားအဟောင်းတွေလည်း ရှိပါတယ်။ အသစ်တွေအကောင်းစားတွေလည်း ရှိတယ်လို့သိရပါတယ်။ ကားအဟောင်းကတော့ (၂ဝဝဝဝ)ကျသင့်ပြီးတော့ (၂)ယောက်စီးလို့ရပါတယ်။ ကားအကောင်းတွေက (၄ဝဝဝဝ)ကျပါတယ်။ ဒီနေရာမှာ စနေ၊ တနင်္ဂနွေနေ့ဆို အစိုးရရုံးပိတ်ရက်တွေမှာ တစ်တွဲကို(၄)ယောက်နှုန်းနဲ့ ဆော့ကစားတယ်လို့ သိရပါတယ်။ အတွဲ(၁ဝဝ)ကျော်ခန့် လာရောက်ကစားတဲ့အတွက် တစ်ရက်ကို ရုံးပိတ်ရက်တွေမှာ လူဦးရေ (၄ဝဝ) ခုနမစန္ဒာမင်းပြောတာ(၇၅ဝ)ခန့် ဒီကြားထဲမှာလာရောက် ဂေါက်သီးရိုက်တဲ့အတွက် ဒီဝင်ငွေတွေဟာအများကြီးရှိပါတယ်။ ဒီဝင်ငွေတွေကို ဦးကျော်ဇေယျ တင်ပြတဲ့အခါမှာ တစ်နှစ်ကိုသန်း(၆ဝ)ပြထားတယ်ဆိုတာ ဒီဟာတွေဟာအများကြီးကွာဟ နေပါတယ်။ ခုနကော်မတီအနေနဲ့တွက်တာကလည်း တစ်နှစ်ကို သိန်း(၂ဝဝဝ)လောက်ရတယ် ဆိုတော့ဒါတွေဟာ ကျွန်တော်တို့ရဲ့ဝင်ငွေတွေပါ ဒါတွေကိုကျွန်တော်တို့ ပြန်လည်စိစစ်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာသေချာသုံးစွဲဖို့ တိုက်တွန်းလိုပါတယ်။ ဒါမှလည်းခုန သူတို့ရဲ့လိုအပ်ချက် အရသုံးစွဲမယ့် (၂)ကွင်းပေါင်း သန်းပေါင်း(၅၅ဝ)ကိုလည်းပြန်လည်စိစစ်သင့်ပါတယ်။ ဒါမှလည်း ဝင်ငွေလည်းတိုးတက် သုံးငွေလည်းလျော့နည်းပြီးတော့ လိုအပ်တဲ့နေရာမှာ ပိုမိုသုံးစွဲခွင့်ရလာမှာ ဖြစ်ပါတယ်။ ဒါကတော့ ငွေသော်တာဂေါက်ကွင်းနဲ့မြကန်သာဂေါက်ကွင်းအဝင်ကဂေါက်သီးပါ။ ဒါကတော့ မြို့တော်ဂေါက်ကွင်းပါ။ ဒါမြို့တော်ဂေါက်ကွင်းအဝင်ပါ ဒီဘက်မျက်နှာချင်းဆိုင်မှာရှိတာ မြကန်သာဂေါက်ကွင်းပါ။ နောက်တစ်ခုကျွန်တော်ဆွေးနွေးလိုတာကတော့ ခုံးကျော်တံတားများပါပဲ။ ခုံးကျော်တံတား(၇)စင်းတင်သွင်းလာပါတယ်။ ဒီနေရာမှာဘာကိုပြောချင်သလဲဆိုတော့ ဒီခုံးကျော် တံတားဟာ ဗိုလ်ချုပ်လမ်းမပေါ်က သူနာပြုတက္ကသိုလ်အနီးမှာရှိတဲ့ လုံးဝအသုံးမပြုတော့တဲ့ ခုံးကျော် တံတားပါ။ ခုံးကျော်တံတားတွေပြုလုပ်တော့မယ်ဆိုရင် ကျွန်တော်ပြောခဲ့ပါတယ် စီမံကိန်းတွေ လုပ်တော့မယ်ဆိုရင် သေချာစိစစ်စေချင်ပါတယ်။ တကယ်လိုအပ်သလား။ တကယ်အသုံးပြုမှာလား ဒီလိုသန်းပေါင်းများစွာကုန်ပြီးတော့ အသုံးမပြုတာဟာ မလိုအပ်တော့လို့လည်းဖြစ်မယ်။ အဲဒီ နေရာဟာ ကျွန်တော်အမြဲဖြတ်သွားနေတာ အသုံးပြုသူတစ်ဦးမှလည်း မတွေ့တော့ပါဘူး။ လူတွေကလည်း အဲဒီနားမှာအသုံးပြုစရာမလိုအောင်ကို ဖြစ်နေပါတယ်။ ဒီမှာလည်းအဲဒီတံတားရဲ့ ကြံ့ခိုင်မှုပါ ဒါတွေဟာပြိုပျက်နေပါတယ်။ အဲဒီတံတားရဲ့အနေအထားပါ ဘယ်သူမှအသုံးမပြုတော့ ပါဘူး။ ဒါကတော့ ကန်တော်ကြီးနားက စက်လှေကားပါတဲ့ခုံးကျော်တံတားပါ။ ဒီတံတားကိုတော့ အသုံးတော့ပြုပါသေးတယ်။ စက်လှေကားကိုအသုံးပြုတော့ သက်တောင့်သက်သာတော့ရှိပါတယ်။ ဒါပေမဲ့ လိုအပ်တာတွေမလိုအပ်တာတွေ ကျွန်တော်တို့ ပြန်လည်စဉ်းစားရမှာပါ။ ဒါပေမဲ့ ဘယ်လိုပဲ ခုံးကျော်တံတားတွေဆောက်ပေး ဆောက်ပေးလူတွေရဲ့ အသုံးပြုမှုကလည်း အခုမြင်ရတဲ့အတိုင်းပါပဲ ခုံးကျော်တံတားကနေမသွားပဲနဲ့ အောက်ကနေသွားနေတာကိုလည်း ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေ ငွေကြေးသန်းပေါင်းများစွာကုန်ကျပြီးတော့ န််နခအငလန မဖြစ်ရင်လည်း ဒါနိုင်ငံတော် ဘဏ္ဍာအတွက်နစ်နာပါတယ်။ ဒါတွေဟာခုံးကျော်တံတားကမသွားပဲနဲ့ လမ်းတွေကိုဒီတိုင်း ဖြတ်ကူးနေတာဖြစ်ပါတယ်။ ဒါကတော့ မာလာဆောင်ရှေ့ကခုံးကျော်တံတားပါ။ ဒါကတော့ စက်လှေကားမပါပါဘူး။ ဒါကအင်းလျားက ခုံးကျော်တံတားပါ။ ဒါပေမဲ့ဒီနေရာတွေမှာလည်း ကျွန်တော်ခုနတင်ပြတဲ့အတိုင်း လူတွေဟာအောက်ကနေ ကူးမြဲကူးနေတာတွေဟာ အမြင်လည်း မတင့်တယ်ပါဘူး။ ဒါတွေဟာလည်း ကျွန်တော်တို့ဘက်က စဉ်းစားရမယ့်အချက်တွေပါ။ ဒါက ခုနရှေ့ကပုဂ္ဂိုလ်များလည်း တင်ပြသွားပါတယ်။ ကျွန်တော်ကလည်းဒီနေရာကို အနောက်ဘက်မုဒ် နဲ့ပြည်သူ့ဥယျာဉ်ဘေးက ဒီလမ်းဟာ(၂)လမ်းသွားဖြစ်ပါတယ်။ ကျန်တဲ့လမ်းတွေဟာ ခုံးကျော် တံတား(၇)ခုကိုစိစစ်လိုက်တဲ့အခါမှာ(၆)ခုကတော့ (၆)လမ်းသွားလမ်းမကြီးတွေကိုဖြတ်သွားရတဲ့ ဖြတ်ရမယ့်နေရာတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာတကယ်လုပ်မယ်ဆိုရင် စိစစ်ပြီးတော့ စစ်စစ်စီစီငွေကြေးကိုတော့ စစ်စီပြီးတော့လုပ်ကိုင်သင့်ပါတယ်။ ဒီခုံးကျော်တံတားကိုတော့ ကျွန်တော်အနေနဲ့ဘယ်လိုမှလုပ်ဖို့ မသင့်တဲ့အနေအထားလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းကလည်း(၂)လမ်းထဲ သွားထားတာပါ။ လမ်းကလည်းအဲလိုရှင်းနေပါတယ်။ ဒီဘက်ဘေးမှာ ဆိုရင်လည်း ဦးဝိစာရလမ်းကကျဉ်းမြောင်းတဲ့အတွက် ကားတွေဟာလည်းအမြဲတမ်းဒီလိုပဲ ပိတ်နေတာပါ။ များသောအားဖြင့်ပိတ်နေတဲ့အတွက် ဒီကားတွေကြားကနေ ပြီးတော့တားစရာ တောင်မလိုပါဘူး။ ကားတွေက သူ့ဘာသာသူသွားစရာနေရာမရှိပါဘူး။ အဲဒီကနေဖြတ်သွားလို့ ရပါတယ်။ ဒီလမ်းမကြီးရဲ့အလယ်ဟာလည်း အခုမြင်ရတဲ့အတိုင်းပါပဲ (၁ဝ)ပေနီးပါးကျယ်ပါတယ်။ တစ်ဖက်ကနေဖြတ်ကူးလာပြီဆိုရင် တစ်ဖက်ကိုသေချာကြည့်ပြီး ကူးရင်ကူးလို့ရတဲ့အနေအထားပါ။ ဒါကတော့လွှတ်တော်ကို မေးမြန်းထားတဲ့ဗဟန်းက လွှတ်တော်ကိုယ်စားလှယ်ကို ကျွန်တော်အားနာ ပါတယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝန်ကြီးကကတိကဝတ်ပေးတဲ့အတွက် ဆောက်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့အမြင်ကတော့ ဘယ်လိုမှဒီဟာသည် အဲဒီလောက်ခုံးကျော်ပြီးတော့ သွားစရာအနေအထား မဟုတ်တာရယ်။ ဒီရွှေတိဂုံဘုရားဝန်းကျင်မှာ ခုံးကျော်တံတားကြီးကနေ ပြီးတော့ ရွှေတိဂုံဘုရားရဲ့သပ္ပါယ်မှုကိုလည်း ထိခိုက်နိုင်တဲ့အတွက်ဒီခုံးကျော်တံတားကိုတော့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခေါင်းစဉ်ပြောင်းပြီးတော့ သုံးသင့်ပါတယ်လို့ ကျွန်တော်အကြံပြု ချင်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဟာ ခုနကိုနေဘုန်းလတ်ပြောခဲ့သလိုပါပဲ။ စီးတဲ့ရေနဲ့ဆည်တဲ့ကန်သင်းဖြစ်ရမှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့အစိုးရအဖွဲ့ကိုလည်း တိုက်တွန်းချင်တာ ကတော့ လုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ ရသုံးငွေတွေကိုတွက်ချက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များ ကိုလည်း ဂဃနနပါဝင်ဆောင်ရွက်ပြီးတော့ လုပ်ငန်းသုံးတဲ့နေရာမှာလည်း စစ်စစ်စီစီသုံးစွဲဖို့ တိုက်တွန်းဆွေးနွေးရင်းနဲ့နိဂုံးချုပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော် ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးစံကျော်၊ ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။ အားလုံးပဲမင်္ဂလာပါ။ ၂၃.၃.၂ဝ၁၇ရက်နေ့ကတင်သွင်းတဲ့ ၂ဝ၁၇-၂ဝ၁၈ ရန်ကုန်တိုင်းဒေသကြီးဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များအားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးစံကျော််ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်းတင်ပြမှုအပေါ် အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီလိုဆွေးနွေးတဲ့နေရာမှာပုဂ္ဂလ အဓိဌာန်မပါပဲ ပြည်သူ့အကျိုးကိုရှေးရှုပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမဆုံး အနေနဲ့ ကျွန်တော်ဒီဥပဒေကြမ်းကိုဆွေးနွေးတဲ့အခါမှာ ကိန်းဂဏန်းများပါဝင်နေတဲ့အတွက် စာဖြင့် ဖတ်ကြားဆွေးနွေးသွားမှာဖြစ်ပါတယ်။ ယခုတင်ပြထားတဲ့ ဥပဒေကြမ်းမှာပါဝင်နေတဲ့အချက်အလက် တွေဟာ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဌာန်းပေးခဲ့ပြီဖြစ်တဲ့အတွက် ဆွေးနွေးဖို့မလိုတော့ပဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ အတည်ပြုတဲ့သဘောမျိုးသာဖြစ်နေပါတယ်။ အမှန်အားဖြင့် တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော် ဆိုင်ရာနည်းဥပဒေပုဒ်မ(၁၄၁)မှာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အစိုးရက တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၏ဘဏ္ဍာငွေ ရသုံးဆိုင်ရာလျာထားချက်ကို ပြည်ထောင်စု၏ဘဏ္ဍာငွေကော်မတီသို့ တင်ပြညှိနှိုင်းပြီးနောက် ပြည်ထောင်စု၏ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေအရ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အတွက် ပြည်ထောင်စုဘဏ္ဍာရေးရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများအပါအဝင် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်များ၏ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေကြမ်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ထောက်ခံချက်ဖြင့် တင်ပြလာပါက လွှတ်တော်တွင်လိုအပ်သလိုဆွေးနွေး၍ သဘောတူခြင်း၊ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနဲ့အညီဆောင်ရွက်ရမယ်လို့ အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် နည်းဥပဒေပုဒ်မ(၁၄၄)အရလည်းကောင်း၊ သာမန်အသုံးစရိတ်ခေါင်းစဉ်လွှဲပြောင်းနိုင်သော်လည်း ငွေလုံးငွေရင်းကိုတော့ ခေါင်းစဉ်လွှဲပြောင်းအတည်ပြုခြင်းမရှိစေရလို့ ပြဌာန်းထားပါတယ်။ ဒီလိုပြဌာန်းချက်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဒီဥပဒေကြမ်းအပေါ် လုံးဝဆွေးနွေးခွင့်ရရှိထားကြောင်းတင်ပြချင်ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတိုင်းဟာ ဒီဥပဒေကြမ်းနှင့်အတူအစိုးရအဖွဲ့မှရရှိသည့်ဘဏ္ဍာငွေများကို မည်သို့မည်ပုံ မည်သည့်လုပ်ငန်းတွင်သုံးစွဲမည်ဖြစ်ကြောင်း တိကျပြည့်စုံသောရှင်းလင်းဖော်ပြချက်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ ယခုလိုုတင်သွင်းတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့တင်ပြချက်ကိုလည်း ဦးစားပေးထည့်သွင်းရန်လည်း အထူးလိုအပ်ပါတယ်။ သို့သော်လည်းတင်သွင်းလာတဲ့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းဟာ လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုထားတဲ့အချို့ကိစ္စတွေပါ မလာတာကိုလည်းတွေ့ရပါတယ်။ (၂၃.၃.၂ဝ၁၇)ရက်နေ့ လွှတ်တော်ရဲ့ဒုတိယနေ့အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ (၁၇.၃.၂ဝ၁၇)ရက်နေ့မှဖြန့်ဝေ ပေးပို့မှုသည်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လေ့လာချိန်နည်းသည့်အတွက်အချို့ကိစ္စ များအားညှိနှိုင်းတင်ပြရန် အခက်အခဲရှိလာပါတယ်။ ဒါကြောင့်လာမည့်ဘဏ္ဍာရေးနှစ်မှာလွှတ်တော် ကိုယ်စားလှယ်များ ဥပဒေကြမ်းကိုလေ့လာနိုင်ရေးအတွက် အချိန်(၂)ပတ်ခန့်ကြို၍ဖြန့်ဝေသင့်ပါကြောင်း ပထမဦးစွာအကြံပြုတင်ပြလိုပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်ကိုယ်စားလှယ်များခင်ဗျား။ ဒေသန္တရ စီမံကိန်းရေးဆွဲရာတွင် အောက်ခြေမြို့နယ်အဆင့်များတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ နှင့်ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ညှိနှိုင်းပေါင်းစပ်လုပ်သင့်ပါတယ်။ ဒါမှလွှတ်တော်နှင့်အစိုးရထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။ ယခုလိုတင်ပြရခြင်းဟာ လွှတ်တော်ကိုယ်စားလှယ် ကတစ်မျိုး၊ ဌာနဆိုင်ရာကတစ်မျိုးဆောင်ရွက်နေလို့ရှိရင် ဘယ်တော့မှအဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့်အောက်ခြေမှာကျေလည်စွာ ညှိနှိုင်းဆောင်ရွက်မှဥပဒေကြမ်း တင်သွင်းရာမှာလွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း အကြံပြုလိုပါတယ်။ ယခုအစည်းအဝေးမှာရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်းအသုံးစရိတ်မူလ ခန့်မှန်းခြေငွေစာရင်း အသေးစိတ်စာရင်းအားခေါင်းစဉ်(၁၆)မျိုးအတွက် ကျပ်သန်းပေါင်း (၁၆၉၉၆၂.၁၃ဝ)ခန့်ကို ဘယ်လိုလုပ်ငန်းတွေအတွက် ဘယ်လိုသုံးစွဲမယ်ဆိုတာ ကိုယ်စားလှယ်များကို ဖြနေ့်0xm;wဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ဒါမှပြည်သူတွေကိုချပြတဲ့နေရာမှာအဆင်ပြေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် သက်ဆိုင်ရာတိုင်းဒေသကြီးကိုယ်စားလှယ်များမှ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ငွေလုံးငွေရင်းအသုံးစရိတ်မူလခန့်မှန်းခြေငွေစာရင်း အသေးစိတ်စာရင်းတွင် လမ်းတံတားများတည်ဆောက်ခြင်းခေါင်းစဉ်အောက်ရှိ မြို့တော်အဆင့်မြှင့်တင်ရေးလုပ်ငန်းတွင် ဒေသခံပြည်သူများ၏ တင်ပြချက်ကိုလွှတ်တော်ကိုယ်စားလှယ်များမှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ လူကူးခုံးကျော်တံတားများတည်ဆောက်ခြင်းကိစ္စအား ကြယ်ပွင့်ပြမေးခွန်းမေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်မှ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဟု လွှတ်တော်တွင်ကတိကဝတ်ပြုခဲ့ပါတယ်။ သို့သော်လည်း လူကူးခုံးကျော်တံတားများတည်ဆောက်ခြင်း နှင့်ပတ်သက်၍ တံတားတစ်စင်း၏တန်ဖိုးငွေအပေါ် ဝေဖန်မှုများရှိခဲ့တာကိုလည်း သိရှိရပါတယ်။ တံတား၏ ီနျငါည ၊ တပ်ဆင်သည့်စက်လှေကား၊ မြေပြင်အခြေအနေပေါ်မူတည်ပြီးလျာထားခြင်း လို့လည်းပဲသိရပါတယ်။ ယခုလိုဒေသခံပြည်သူများ၏တင်ပြချက်အသံကို လွှတ်တော်တွင်ဖော်ဆောင် ပေးသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့အခန်းကဏ္ဍဟာ ပို၍မြင့်မားလာပါတယ်။ ဒါကြောင့် တံတား တည်ဆောက်ခြင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာ ရောက်ပါတယ်။ အဆိုပါကိစ္စအားခေါင်းစဉ် ပြောင်းလဲခြင်းများဆောင်ရွက်ပါက ဒေသခံပြည်သူများမှ ကိုယ်စားလှယ်များအပေါ်ယုံကြည်မှုနှင့်ဂုဏ်သိက္ခာအပြင် လွှတ်တော်ရဲ့ပုံရိပ်ကိုပါ ထိခိုက်စေပါတယ်။ သို့ပါ၍တံတား(၇)စင်းအား ခရီးသွားပြည်သူများ၏အကျိုးကိုရှေးရှု၍ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့်ပညာရှင်များမှ ပြန်လည်သုံးသပ်၍ မူလလျာထားသည့်အတိုင်း တည်ဆောက်သွားရန်အကြံပြုရင်း ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးလွှတ်တော်သို့ တင်သွင်းခဲ့သည့် ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ထောက်ခံဆွေးနွေးရင်းနိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးတင့်လွင်၊ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ။     ။   လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အားလုံးမင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့မှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးတင်သွင်းခဲ့သည့် ၂ဝ၁၇ ခုနှစ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း နှင့်ပတ်သက်ပြီး တင်ပြ ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီဥပဒေမှာဆိုရင် ပူးတွဲပါဇယားများနှင့်ရငွေသုံးငွေများကို ဖော်ပြထားပြီး ဒီနှစ်အခွန်ရရှိရန်လျာထားချက်က ကျပ်သန်းပေါင်း(၅၂၃ဝ၃.၅၉) လျာထားတာ တွေ့ပါတယ်။ ကျွန်တော်ဏသတနမ ဏသငညအ ဖြင့်တင်ပြခွင့်ပြုပါ။ ဒီအခွန်မှာဆိုရင်အခွန်အမျိုးအစား အလိုက် ကြည့်ရင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ စည်ပင်သာယာအဖွဲ့များက ကောက်ခံတဲ့အခွန်ပေါ့။ ပစ္စည်းခွန်နဲ့ဘီးခွန်အပါအဝင် စုစုပေါင်းတန်ဖိုး(၄၂ဝဝဝ)ကျော်ဟာဆိုလို့ ရှိရင် ရာခိုင်နှုန်းအားဖြင့်(၈ဝ.၆၈%)ပါဝင်တာကို တွေ့ပါတယ်။ ကျန်တဲ့အခွန်အမျိုးအစားအလိုက် ကျွန်တော်တွက်ချက်ပြီးတော့ ဖော်ပြထားပါတယ်။ ယစ်မျိုးခွန်၊ မြေယာခွန်၊ တာတမံခွန်၊ သစ်တောခွန်၊ ဓါတ်သတ္တုခွန်၊ အင်းအိုင်ခွန်စသည်ဖြင့်ပေါ့ ကျန်တာတွေထက်စာရင် စည်ပင်သာယာနဲ့ စည်ပင်သာယာအဖွဲ့များက ကောက်ခံရမယ့်အခွန်နှုန်းထားက(၈ဝ%)ကျော် ရှိတာကိုတွေ့ပါတယ်။ ဌာနဆိုင်ရာအလိုက်အခွန်ကောက်ခံမှုမှာဆိုရင်လည်း ကျွန်တော်တို့တွက်ကြည့်ရင် စည်ပင်သာယာက ကောက်ခံရတဲ့ ဌာနဆိုင်ရာအနေနဲ့အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ အခြားသာမန်ရငွေအနေနဲ့ ဆိုရင်လည်း စုစုပေါင်းကျပ် ( ၉၇၄၁၃.၈ဝ၄)သန်း ရရှိဖို့ရည်မှန်းထားပြီးတော့ အဲဒီထဲမှာ စည်ပင်သာယာက ကောက်ခံရမှာ (၉၁.၂၃%)ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရှာဖွေဖို့ မျှော်မှန်းထားတာဖြစ်ပါတယ်။ ဒီအသုံးစရိတ်များအနေနဲ့ကတော့ အရင်တစ်ခါပထမအကြိမ် မူကြမ်းတင်ပြစဉ်ကတည်းက ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ရော ကိုယ်စားလှယ်(၁၈)ဦး တို့ရော တင်ပြပြီးဆွေးနွေးခဲ့ပါတယ်။ အခုဥပဒေကြမ်းတင်သွင်းတဲ့အခါမှာ ကျွန်တော်တို့ရဲ့တင်ပြချက်များကို ပြောင်းလဲပြင်ဆင်ထားတာတွေဟာ ပြည့်စုံလုံလောက်မှုမရှိ သို့မဟုတ်လို့ရှိရင်လည်း တစ်ချို့လုံးဝ ပြင်ဆင်ထားခြင်းမပြုရသေးတာကို တွေ့ရပါတယ်။ တစ်ချို့ပြင်ဆင်ချက်များဟာ လွှတ်တော်ရဲ့မူလ ရည်ရွယ်ချက်ကို ပူးပေါင်းဖြည့်ဆည်းရာ မရောက်သလိုဖြစ်ပါတယ်။ ဥပမာ-ပြည်သူ့ငွေစာရင်း ကော်မတီအနေနဲ့ ဃသာစကအနမ နှငီ့်နျုအသစဈေးနှုန်းများဟာ (၈၄ဝဝဝဝိ/-)လျာထားတာ များပါတယ်ဆိုတာ တင်ပြတဲ့အခါမှာအခုအခါ (၈)သိန်းနှုန်းပြန်လည်ပြင်ဆင်ပြီးတော့ တွက်ချက် ထားပေမယ့် ကျွန်တော်တို့ကဒီစားပွဲတင် ဃသာစကအနမ နဲ့ ူစေအသစ ကိုဈေးနှုန်းတူသတ်မှတ် ထားတာကမသင့်တော်ပါဘူးလို့ ထောက်ပြခဲ့တဲ့အချက်ကို ူစေအသစ က(၈၄ဝဝဝဝိ/-)တွက်ချက် ထားတဲ့အစား (၁ဝ)သိန်းလို့ တိုးမြှင့်ပြီးတွက်ချက်ထားတာတွေ့ရပါတယ်။ အဲဒီတော့လွှတ်တော်က ထောက်ပြတဲ့ရည်ရွယ်ချက်က ဘဏ္ဍာငွေလျာထားချက်ကို ကျစ်လစ်မှန်ကန်စေပြီး အခြားပိုမိုလိုအပ်တဲ့ နေရာတွေမှာ ပြောင်းလဲသုံးစွဲဖို့ထောက်ပြခြင်းဖြစ်တဲ့အတွက် ဒီရည်ရွယ်ချက်ဟာမအောင်မြင်ပဲ ဖြစ်ခဲ့ပါတယ်။ အလားတူပဲ ပုဇွန်တောင်မြို့နယ်မှာ (၄)ရပ်ကွက်၊ နံ့သာဖြူလမ်း အုတ်ရေမြောင်း ပြုလုပ်တဲ့အခါမှာ လွှတ်တော်ရန်ပုံငွေနဲ့ကျွန်တော်တို့ဘက်ကတွက်ချက်တာနဲ့ ကွာခြားနေပါတယ်လို့ တင်ပြခဲ့ပါတယ်။ မြေပြင်အခြေအနေမှာ ကျွန်တော်တို့ဟာလွှတ်တော်ရန်ပုံငွေနဲ့ လုံးဝဆောင်ရွက်ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ညာဘက်ခြမ်းကိုသာပြုပြင်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီငွေကိုလျော့ချ သတ်မှတ်ခြင်းမပြုပဲ ဖော်ပြထားတာကိုတွေ့ရပါတယ်။ အလားတူပဲ အခြားကိုယ်စားလှယ်များ ဖော်ပြခဲ့တဲ့လူကူးခုံးကျော်တံတား ကျပ်သန်း (၂ဝဝ)နဲ့ဆောက်ခဲ့တယ် ဒီနှစ်မှာကျပ်သန်း(၁ဝဝဝ)နဲ့ ဆောက်တယ်။ ဒါတွေမသင့်လျော်ကြောင်းထောက်ပြတယ် ပြုပြင်ပြောင်းလဲမှုမရှိပဲနဲ့ထည့်သွင်း ထားတာတွေ့ရပါတယ်။ လူကူးခုံးကျော်တံတားတွေက ကိုယ်စားလှယ်တွေကတင်ပြချက်အရ တည်ဆောက်တယ်ဆိုတာကိုနားလည်ပါတယ်။ ကိုယ်စားလှယ်တွေဆိုတာလည်း ပြည်သူရဲ့ဆန္ဒကို ထင်ဟပ်ပြီးတော့ တင်ပြကြတာဖြစ်ပါတယ်။ ဒါပေမဲ့အချို့နေရာတွေမှာ မြို့တော်ရဲ့ဥပဓိကို ထိခိုက်သလားဆိုတာကို ပြန်ပြီးဆန်းစစ်ဖို့လိုပါလိမ့်မယ်။ လူဖြတ်သန်းမှုများတဲ့နေရာတစ်ချို့မှာ လူကူးခုံးကျော်တံတား ဥလနမ စျေျအစား ကညိနမ စျေျ မြေအောက်စင်္ကြန်များကိုတည်ဆောက်ဖို့ စဉ်းစားသင့်ပါတယ်။ မြေအောက်စင်္ကြန်များမှာ ဈေးဆိုင်တန်းများထည့်ပေးမယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ရရှိစေနိုင်ပါလိမ့်မယ်။ လမ်းဘေးဈေးသည်ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်တင်ပြလိုပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ဘဏ္ဍာငွေလျာထား သတ်မှတ်ချက်တွေမှာ အရင်နှစ်တွေမှာလျာထားသတ်မှတ်ချက်တွေက အလွန်ကိုပိုတွက်ထားတာ ရှိတယ်။ အဆမတန်လျော့တွက်ထားတာရှိတယ်။ ဒါတွေကိုကျွန်တော်တို့ကြုံတွေ့ခဲ့ ရပါတယ်။ ဒီနှစ်တွက်ချက်မှုမှာလည်း အလားတူကိစ္စတွေပါနေတာတွေ့ရပါတယ်။ ဒီလိုဖြစ်တာကတွက်ချက်သူ များဟာ မြေပြင်ကိုကွင်းဆင်းပြီးတော့မကြည့်ဘူး။ ပြီးတော့အတိုင်းအတာအမှန်နှင့် နီးစပ်အောင်လို့ တာဝန်သိတွက်ချက်မှုလည်းမရှိတဲ့အတွက် ပိုလွန်းခြင်း၊ လိုလွန်းခြင်းဖြစ်တာ ဖြစ်ပါတယ်။ အဲဒီတော့ ပိုလွန်းခြင်းဖြစ်တဲ့အခါမှာ တာဝန်ယူလုပ်တဲ့အဖွဲ့အစည်းတွေ၊ ဌာနတွေကအခွင့်အရေးပိုရသလို ဘဏ္ဍာငွေသုံးစွဲပြီးတဲ့အခါမှာလည်း အဆမတန်ငွေများ ပြန်အပ်ခဲ့ရတာလည်း ရှိပါတယ်။ ဒီလိုအပ်တဲ့ အတွက် ဘဏ္ဍာငွေလျာထားစဉ်တုန်းက အခြားဦးစားပေးသင့်တဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ လျာထားတင်ပြဖို့အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။ အလားတူပဲ အရမ်းလျော့ပြီးတွက်ခဲ့တဲ့အခါမှာ တစ်ချို့လုပ်ငန်းတွေက တင်ဒါဆွဲမယ့်သူမရှိဖြစ်ခဲ့ရပါတယ်။ အဲဒီအခါကျတော့ပျက်နေတဲ့လမ်း၊ ပျက်နေတဲ့တံတားတွေကို ပြင်မယ့်သူမရှိပဲနဲ့ပိုဆိုးတဲ့အခြေအနေကို ရောက်သွားစေပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပိုလွန်းခြင်း၊ လိုလွန်းခြင်းကိစ္စ တွေဟာမဖြစ်သင့်ပါဘူး။ မဖြစ်သင့်တဲ့အတွက် ဒါတွေဟာ ဘဏ္ဍာငွေလျာထားချက်တွက်ချက်ခြင်းဆိုတာ ဘဏ္ဍာငွေရဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ဒါဟာအရေးကြီးပါတယ်။ ဒါကိုအခုလိုပေါ့ပေါ့ဆဆဆောင်ရွက်ခြင်းဟာ လက်ခံနိုင်စရာမရှိပါဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာပြတ်ပြတ်သားသား အရေးယူရမယ့်အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ဒီလိုအရေးယူဖို့ဟာ လက်ရှိအစိုးရအနေနဲ့မူဝါဒအရ အခက်အခဲရှိကောင်းရှိပါလိမ့်မယ်။ တစ်ဖက်ကျတော့ ကျွန်တော်တို့ဟာဒီလိုအစိုးရဌာနမှာ ဒီလို ပေါ့ပေါ့ဆဆလုပ်သူကြီးမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ့်တာဝန်ကိုယ် မှန်မှန်ကန်ကန်လုပ်ပြီးတော့ အမှန်အတိုင်းဆောင်ရွက်နေသူ တွေလည်းရှိပါတယ်။ အဲဒီတော့ ဒီလိုအရေးမယူပဲ မှားနေသူတွေကို အရေးမယူတာဟာဆိုလို့ရှိရင် မှန်မှန်ကန်ကန်ဆောင်ရွက်နေသူတွေကို စော်ကားရာရောက်ပါတယ်။ ပြီးတော့သူတို့ရဲ့စိတ်ဓါတ် ကိုလည်း ကျဆင်းစေပါလိမ့်မယ်။ အဲဒီတော့ကျွန်တော်တို့အနေနဲ့က ဒီလိုမှားယွင်းမှုတွေကိုအစိုးရနဲ့ ပူးတွဲပြီးတော့ လွှတ်တော်ကထိန်းကျောင်းခွင့်ရချင်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့က ဒီလိုကိစ္စ တွေကို တင်ပြနေရတာဖြစ်ပါတယ်။ တကယ်တော့ဘဏ္ဍာငွေကို ဒီလိုတွက်ချက်တာဟာမှားယွင်းတယ်။ အထူးသဖြင့်ပိုတွက်တယ်ပေါ့လေစသဖြင့် ဖြစ်နေတာဟာ ကျွန်တော်တို့တိုင်းဒေသကြီးတစ်ခုထဲ မဟုတ်ပါဘူး ။ မြန်မာပြည်အနှံ့အပြားမှာ ဒီလိုကိစ္စတွေဟာ ဖြစ်နေတာပါ။ အဲဒီတော့အခြားတိုင်းနှင့် ပြည်နယ်တိုင်းဒေသကြီးတွေမှာ လွှတ်တော်နဲ့အစိုးရဟာ ဘယ်လိုညှိနှိုင်းထိန်းသိမ်းဆောင်ရွက် ကြသလဲဆိုတာကိုလည်း လေ့လာသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အချို့တိုင်းနှင့်ပြည်နယ် တွေမှာဆိုရင် ပြည်သူ့ငွေစာရင်းကော်မတီက အငြိမ်းစားစာရင်းစစ်အရာရှိများနဲ့အငြိမ်းစား အင်ဂျင်နီယာကြီးများကို ီငေူပ ျွညေါနျ နဲ့ပညာရှင်အဖြစ်ခန့်ထားပြီးတော့ ဘတ်ဂျက်များကို ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို သူတို့ကတွက်ချက်ပါတယ်။ ဒီလိုတွက်ချက်နိုင်ဖို့အတွက် နှစ်စကတည်းက ဌာနဆိုင်ရာများက ပြည်သူ့ငွေစာရင်းကော်မတီကို သူတို့ဘတ်ဂျက်တွက်ချက်မည့်စံနှုန်းတွေကို ပေးပို့ရပါတယ်။ အဲဒီနည်းနဲ့တွက်ချက်ပြီးတော့ မှားယွင်းတွက်ချက်ထားတဲ့ဌာနဆိုင်ရာတွေကို ံနမေငညါ လုပ်ပြီးခေါ်တွေ့ပြီးတော့ ဒီမှားနေတဲ့ဟာသေချာလို့ရှိရင် ဒီဘတ်ဂျက်ကိုဖြတ်တောက်ခဲ့ ပါတယ်။ ဒီနည်းနဲ့ရရှိလာတဲ့ဘတ်ဂျက်တွေကို အခြားအကျိုးရှိတဲ့နေရာမှာပြန်သုံးဖို့ဖြစ်ပါတယ်။ တိုင်းဒေသကြီးတစ်ခုမှာဆိုရင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ဌာနဆိုင်ရာတွေတင်ပြလာတဲ့ ဘတ်ဂျက်လျာထားချက်တွေကို လွှတ်တော်ကိုမတင်ခင်မှာ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ညှိနှိုင်း ပြီးတော့ ဘတ်ဂျက်ဖြတ်တောက်မှုတွေကိုလုပ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းက အုပ်ချုပ်ရေးပိုင်းကို လွှတ်တော်ကဝင်စွက်ဖက်တာမဟုတ်ပါဘူး။ လွှတ်တော်နဲ့အစိုးရပူးပေါင်းပြီးတော့ ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ဒီဘဏ္ဍာရေးယန္တရားကိုပူးပေါင်းပြီး ထိန်းကျောင်းတဲ့သဘောဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူ့ငွေစာရင်းကော်မတီက ကူညီတွက်ချက်ပြီးတော့ သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ်နဲ့အစိုးရ ကြားမှာညှိနှိုင်းဖို့လိုအပ်ရင် ဒီကော်မတီကဆောင်ရွက်ပေးပါတယ်။ ဒီနည်းအားဖြင့်ပူးပေါင်းရေးဆွဲ ထားတဲ့ ဘတ်ဂျက်ကိုလွှတ်တော်ကိုတင်လိုက်တဲ့အခါမှာ လွှတ်တော်မှာအငြင်းပွားစရာ၊ ဝေဖန်စရာ နည်းသွားပါတယ်။ အဲဒီတော့အချိန်ကုန်လည်းသက်သာပါတယ်။ ပြီးတော့ပြည်သူ့အမြင်မှာလည်း အစိုးရနဲ့လွှတ်တော်ကြားမှာ ဝိရောဓိဖြစ်တယ်ဆိုတဲ့ပုံစံမမြင်ရတော့ပါဘူး။ မကြာသေးခင်ကဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘဏ္ဍာငွေလျာထားတွက်ချက်မှုတွေ မှန်မမှန်စီစစ်ဖို့ဆိုပြီးတော့ ပြင်ပပညာရှင်တွေနဲ့စေတနာရှင်တွေပါဝင်တဲ့ အဖွဲ့(၁)ခုနဲ့စီစစ်မှုလုပ်ခဲ့ပါတယ်။ တကယ်တော့ ဒီလုပ်ရပ်ကလုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ပြဿနာက လွှတ်တော်ကို ကြိုတင်ညှိနှိုင်းမှုမပြုခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုဆောင်ရွက်မယ်ဆိုတာကို လွှတ်တော်ကိုယ်စားလှယ် တွေကကြိုပြီးမသိပါဘူး။ အဲဒီအတွက်ပါဝင်ဆောင်ရွက်တဲ့ပညာရှင်အချို့က သူတို့ရဲ့လုပ်ပိုင်ခွင့် အပေါ်မှာနားလည်မှုလွဲပြီးပြောတာတွေလည်းရှိပါတယ်။ ဒီလိုဟာတွေကြောင့်မို့လို့ ရည်ရွယ်ချက် ကောင်းပေမဲ့အထင်လွဲစရာဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဘတ်ဂျက်တွက်ချက်မှုများမှာ ဒီလိုမြေပြင်ကိုကွင်းဆင်းဆောင်ရွက်တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလို့ယူဆပါတယ်။ ဒီလို ွှ့ငမိ ဏမေအပ မျိုးနဲ့ဆောင်ရွက်တာကို ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် လွှတ်တော်နဲ့ရောလွှတ်တော် ကိုယ်စားလှယ်နဲ့ရော ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ယူဆပါတယ်။ ဒီလိုလုပ်ဆောင်မယ်ဆိုရင် ဒီလိုရည်ရွယ်ချက်ကောင်းတဲ့လုပ်ဆောင်ချက်မျိုးဟာ အောင်မြင်မယ်လို့ယုံကြည်ပါတယ်။ ထပ်မံ တင်ပြရမယ်ဆိုရင် ဘတ်ဂျက်စိစစ်တာကိုဒီလိုပြင်ပပညာရှင်တွေတောင် လုပ်ဖို့စိတ်ဝင်စားတယ် ဆိုလို့ရှိရင် မြို့နယ်အကြောင်းကိုပိုသိတဲ့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ညှိနှိုင်းပြီးတော့ စိစစ်မှုကိုမလုပ်နိုင်ဘူးလားလို့ ကျွန်တော်တို့ကမေးစရာရှိပါတယ်။ အထူးသဖြင့် အခြားတိုင်းနှင့် ပြည်နယ်များမှာဆိုရင် ကျွန်တော်ခုနတင်ပြခဲ့သလို ပြင်ပပညာရှင်တွေအကူအညီယူတဲ့သဘောနဲ့ လွှတ်တော်ရေးရာကော်မတီ အထူးသဖြင့်လွှတ်တော်ငွေစာရင်းကော်မတီလိုဟာမျိုးကို အသုံးချ ပြီးတော့ဘတ်ဂျက်ကိုဖြတ်တောက်တာကို လွှတ်တော်ပြင်ပမှာဆောင်ရွက်နိုင်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ ခုနကျွန်တော်တို့ပြောသလိုပဲ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ကိုလည်း ညှိနှိုင်းဆောင်ရွက်လို့ရတာဖြစ်ပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် ဒီလိုနည်းနဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုမှာဆိုရင် တိုင်းဒေသကြီးလွှတ်တော်ကနေ လွှတ်တော်ပြင်ပမှာဖြတ်တောက်လိုက်တဲ့ငွေ ဟာ(၅)ဘီလီယံလောက်အထိရှိပါတယ်။ အဲဒီလောက်ဖြတ်တောက်ပြီးတော့ ဒါကိုလွှတ်တော် ကိုယ်စားလှယ်တွေကို မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ကျွန်တော်တို့ပြည်ထောင်စုအစိုးရကပေးတဲ့ ရန်ပုံငွေမဟုတ်ပဲနဲ့ လွှတ်တော်နဲ့အစိုးရညှိနှိုင်းပေးတဲ့ရန်ပုံငွေအဖြစ်နဲ့ သိန်း(၁ဝဝဝ)စီခွဲပေးခဲ့တာ ရှိတယ်လို့လည်းသိရပါတယ်။ အင်မတန်ကိုအားကျစရာကောင်းပါတယ်။ တစ်ချို့တိုင်းနဲ့ပြည်နယ် တွေမှာကျတော့ ပြည်သူ့ငွေစာရင်းကော်မတီနဲ့ကတိကဝတ်ကော်မတီတို့ပေါင်းပြီးတော့ ကွင်းဆင်း ဆောင်ရွက်တာတွေလည်းရှိပါတယ်။ ကွင်းဆင်းဆောင်ရွက်ပြီးစိစစ်တယ်။ သုံးသပ်မှုတွေကို မေးမြန်းတယ်။ အဲဒီလောက်အထိဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ တင်ပြချင်တာက လွှတ်တော်ကိုယ်စားလှယ်ဆိုတာက အစိုးရငွေကိုဖြစ်နိုင်ရင်မဖြတ်ချင်ပါဘူး။ ဘာလို့ လဲဆိုတော့ ဘဏ္ဍာငွေလုံလောက်မှလည်းပြည်သူ့အကျိုးကို ပြည်သူတွေလိုလားတဲ့အတိုင်း အပြည့်အဝဆောင်ရွက်နိုင်မယ်ဆိုတာ ကျွန်တော်တို့ကသဘောပေါက်ပါတယ်။ ဒါကြောင့်မို့လို့ ဒီငွေကိုတစ်ပြားတစ်ချပ်မှဖြတ်တောက်ဖို့ မရည်ရွယ်ပါဘူး။ အဓိကကတော့ န််နခအငလန ကြါိနအ ဖြစ်တဲ့ လိုအပ်တဲ့နေရာမှာသုံးစွဲဖို့ ကျွန်တော်တို့ကထောက်ပြပြောဆိုနေရခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်နိဂုံးချုပ်အနေနဲ့ပြောချင်တာက ကျွန်တော်တို့တိုင်းဒေသကြီးအတွင်းမှာ ဘဏ္ဍာငွေ လျာထားချက်တွေတိကျမှန်ကန်ရေး၊ ကိုယ်ကျိုးရှာအလွဲသုံးစားလုပ်မှုနည်းပါးရေး၊ ချပေးထားတဲ့ငွေ ကိုထိရောက်မှန်ကန်စွာအသုံးပြုရေးအတွက် အခြားတိုင်းနဲ့ပြည်နယ်တွေမှာဆောင်ရွက်နေသလိုပဲ လွှတ်တော်ကအခုထက်ပိုမိုပြီးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ကျွန်တော်ယူဆပါတယ်။ အစိုးရတာဝန်ရှိ သူများအနေနဲ့လည်း အခြားတိုင်းနဲ့ပြည်နယ်တွေက စီမံကိန်းနှင့်ဘဏ္ဍာရေးဌာနများ၊ လွှတ်တော် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဖွဲ့အစည်းတွေကအလှမ်းဝေးမှာမဟုတ်တဲ့အတွက် ကျွန်တော် တင်ပြတဲ့အချက်များမှန်/မမှန်ကို စိစစ်အဖြေရှာပြီးတော့ လွှတ်တော်မတင်မီဘဏ္ဍာရေးစိစစ်မှုလုပ်ငန်း များကို လွှတ်တော်ရေးရာကော်မတီနဲ့အစိုးရနဲ့လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းမွန် တဲ့ရလဒ်များရရှိနိုင်တာကို ကျွန်တော်တို့ကလည်း အတုယူဆောင်ရွက်သင့်ပြီဖြစ်ကြောင်း လေးစားစွာ တင်ပြအစီရင်ခံပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။          ။ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းဆွေးနွေးရန်ဖြစ်ပါတယ်။

ဦးတင်ဝင်း၊ ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ။     ။   လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များအားလုံး တိုင်းဒေသကြီးဝန်ကြီးများအားလုံး မင်္ဂလာပါလို့ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး       ၂ဝ၁၇-၂ဝ၁၈ ခုဘဏ္ဍာရေးနှစ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို(၂၃.၃.၂ဝ၁၇)ရက်နေ့ က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက တင်သွင်းသွားတဲ့အပေါ်မှာ ကျွန်တော်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ဘဏ္ဍာငွေနဲ့ပတ်သက်ပြီးတော့ ကိန်းဂဏန်းတွေရတဲ့အတွက် ကျွန်တော်အနေ နဲ့ဒီအပေါ်မှာအပြုသဘောနဲ့ပဲ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၂ဝ၁၇-၂ဝ၁၈ခု ဘဏ္ဍာရေးနှစ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို လေ့လာတဲ့အခါမှာသုံးငွေနဲ့ရငွေတွေကို သေချာစိစစ်ပြီးတော့မှ အမှန်တကယ်ရအောင်၊ မကျန်အောင်ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၅၄)(က) ဇယား(၅) မှာပါတဲ့တိုင်းဒေသကြီးအစိုးရ(သို့မဟုတ်) ပြည်နယ်အစိုးရများက ဥပဒေနှင့်အညီကောက်ခံရမည့်အခွန်အခများကို အပြည့်အဝရရှိအောင် ကောက်ခံသင့်ပါတယ်။ ဒီမှာပြန်ကြည့်မယ်ဆိုရင်လည်း ဇယား(၅)မှာ တော်တော်များများ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ၊ ကျွန်တော်တို့ကို ဥပဒေအရပေးထားတဲ့အခွန်ငွေတွေအားလုံးကောက်နိုင်ပြီလား။ ဒါတွေကောက်ဖို့လိုပါတယ်။ အထူးသဖြင့် ဒီမှာဆိုရင်မှတ်ပုံတင်ကြေးဆိုတာပါပါတယ်။ တကယ်တော့ မှတ်ပုံတင်ကြေးဆိုတာအများကြီးပါ။ ကျွန်တော်တို့ဆီမှာ မော်တော်ယာဉ်တွေ၊ ရေယာဉ်တွေအများကြီး မှတ်ပုံတင်တာရှိပါတယ်။ အဲဒီတော့ ဒီဇယား(၅) ပါအချက်တွေကိုလည်း မကျန်အောင်စိစစ်ပြီးတော့ ကောက်သင့်တယ်လို့ ကျွန်တော်အနေနဲ့ဆွေးနွေးချင်ပါတယ်။ အလားတူပဲဌာနဆိုင်ရာများကလည်း ခုနကျွန်တော်တို့ရှေ့ကကိုယ်စားလှယ်ကြီးဆွေးနွေးသွားသလိုပဲ သမဝါယမတို့ဘာတို့ဆိုအများကြီး ကျန်နေခဲ့သလို တစ်ခြားဌာနဆိုင်ရာတွေအနေနဲ့ ကိုယ့်ဌာနရဲ့ရငွေတွေအားလုံးကို သေချာစိစစ် ပြီးတော့မှ ရအောင်ကောက်ခံဖို့ လိုအပ်မှာဖြစ်ပါတယ်။ အလားတူပဲ မြို့တော်စည်ပင်ကနေပြီးတော့ တိုက်ခန်းတွေ၊ ဆိုင်ခန်းတွေ၊ ရောင်းရငွေတွေ၊ နောက်မြေကွက်တွေ ဖော်ထုတ်ပြီးရောင်းရငွေတွေ၊ အလားတူပဲ ခုနကတိုက်ခန်းဆိုင်ခန်းတွေကို ငှားရမ်းတဲ့ငှားရမ်းခတွေ ခုနလွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသွားသလိုပဲ ဒီထဲမှာလည်းကျွန်တော်တို့က အမှန်တကယ်ပြင်ပပေါက်ဈေးနဲ့ကိုက်ညီတဲ့ဥစ္စာ တွေကို ရအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါမှလည်းဒေသပေါက်ဈေးအတိုင်း ပွင့်လင်းမြင်သာစွာဖြင့် ကျွန်တော်တို့ ဈေးသည်စနစ်ဖြင့်ဆောင်ရွက်မယ်ဆိုရင် လေလံတင်ရောင်းချမယ်ဆိုရင်တော့ ရသင့်ရထိုက်တဲ့အခွန်အခတွေပိုပြီးတော့ ရမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်။ နောက်တစ်ချက်က စီမံကိန်းရေးဆွဲတဲ့အခါမှာ တကယ်တော့ပြည်သူလူထုရဲ့လိုအပ်ချက်၊ အထူးသဖြင့်လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စားဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင် ပြီးတော့ ညှိနှိုင်းပြီးတော့မှဆောင်ရွက်ရမယ့် အနေအထားရှိပါတယ်။ အလားတူပဲဌာနဆိုင်ရာများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ကွင်းဆင်းပြီးတော့ သေချာစစ်ဆေးဆောင်ရွက်သင့်ပါတယ်။ ကွင်းဆင်းစစ်ဆေးပြီးတော့မှ တကယ့်အောက်ခြေရဲ့လိုအပ်ချက်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေ တကယ်လိုအပ်နေတာလေးတွေကို ကျွန်တော်တို့က သြအအသာ ့စ ှပျအနာ နဲ့သေချာကွင်းဆင်း စစ်ဆေးပြီးတော့ သေချာအောက်ခြေကတက်လာတဲ့စီမံချက်များကိုသာလျှင် ဘတ်ဂျက်မှာထည့်သွင်း ရေးဆွဲသင့်တယ်လို့ ကျွန်တော်အနေနဲ့မြင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးဂေးမောင်လည်းဆွေးနွေးသွားတာရှိပါတယ်။ လမ်းများခင်းရာမှာလမ်းအင်္ဂါရပ် နှင့်အညီ ဒါမေးခွန်းပါပြီးခဲ့တဲ့တစ်ခေါက်ကမေးသွားတာဖြစ်ပါတယ်။ လမ်းအင်္ဂါရပ်နှင့်အညီ လမ်းဘေးရေမြောင်းတွေ၊ မြောင်းဖုံးတွေ၊ သြထ ဃကူလနမအတွေ ဒါလည်းတွက်ချက်တောင်းခံ သင့်တယ်လို့ ထင်ပါတယ်။ တစ်ချို့ကလမ်းတော့ပါပါတယ်။ သြထ ဃကူလနမအ တွေ တစ်ချို့လိုအပ်တဲ့ နေရာမှာ သြထ ဃကူလနမအတွေမပါတဲ့အတွက် ကျွန်တော်တို့က နောက်တစ်ကြိမ်ဘတ်ဂျက် ပြန်တင် တောင်းပြီးတော့ သြထ ဃကူလနမအတွေပြန်ပြီးတော့ လမ်းကိုချိုးပြီးတော့ ပြန်လုပ်ရတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့်လမ်းပါတယ်ဆို သြထ ဃကူလနမအ တို့ လမ်းဘေးရေမြောင်းတို့ မြောင်းဖုံးတို့ကအစ တစ်ခါတည်းတွက်ချက်တောင်းခံပါလို့ အကြံပြုဆွေးနွေးအပ်ပါတယ်။ အလားတူပဲ မြို့နယ်မီးသတ် စခန်းတွေ၊ နယ်မြေမီးသတ်စခန်းတွေတောင်းခံထားတာရှိပါတယ်။ မီးသတ်စခန်းတွေတောင်းခံ တဲ့အခါမှာ တစ်ချို့ကမီးသတ်စခန်းကို ဒီနှစ်ဘတ်ဂျက်မှာတောင်းလိုက်ပြီးတော့ ရှေ့မှာမီးသတ် စခန်းဝင်ဖို့အတွက် လမ်းတို့မြောင်းကိုကျော်ဖို့အတွက် သြထ ဃကူလနမအတို့ တံတားတို့ကို တွက်ချက်တင်ပြထားခြင်းမရှိတဲ့အတွက် ဒီအဆောက်အဦကြီးကတော့ပြီးသွားပေမဲ့ လက်ရှိ အသုံးမပြုနိုင်ပဲရှိနေတဲ့ဟာတွေအများကြီးပါ။ အခု ဧရာဝတီတိုင်းကနေပုသိမ်ကိုသွားတဲ့အခါမှာ လမ်းဘေးမှာပန်းတနော်အကျော်ကမီးသတ်စခန်းကြီးဟာ ဒီတိုင်းပါပဲ။ အလားတူပဲ ဥက္ကံမီးသတ် စခန်းဆောက်တုန်းကလည်း မီးသတ်စခန်းပြီးသွားပေမဲ့ မီးသတ်စခန်းရဲ့လူနေဖို့အတွက် လူနေအိမ်တွေပြီးသွားပေမယ့် ရှေ့ကနေ သြထ ဃကူလနမအ မပါတဲ့အတွက် မီးသတ်ကားဘယ်လိုမှ ဝင်လို့မရပါဘူး။ ဒါကြောင့် မီးသတ်စခန်းတွေတောင်းတဲ့အခါမှာ နယ်မြေမီးသတ်စခန်းကို မြို့နယ် မီးသတ်စခန်းကောတောင်းတဲ့အခါမှာ တစ်ခါတည်းလမ်းရော သြထ ဃကူလနမအ လိုအပ်မယ်ဆိုရင် သြထ ဃကူလနမအ ကိုရော၊ တံတားလိုမယ်ဆိုတံတားပါတွက်ချက်ပြီးတော့ နောက်ဆုံးမီးသတ်ယာဉ်ပါ တွက်ချက်တင်ပြတောင်းခံမယ်ဆိုရင်တော့ တစ်ခါတည်းအသုံးပြုလို့ရပါတယ်။ နို့မို့ဆိုရင် ဘတ်ဂျက်ကျော်ပြီးမှသုံးရမယ့် အနေအထားလည်းရှိပါတယ်။ ဒါကတော့ ရှေ့ကလွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဦးကျော်ကျော်ထွန်းတို့ဒေါ်ကြည်ပြာတို့ပြောတဲ့ထဲမှာလည်းပါပါတယ်။ ရွှေတိဂုံဘုရားရဲ့မုဒ်အနီးမှာ လူကူးခုံးကျော်တံတား တကယ်တော့ကျွန်တော်တို့လည်းအမြဲတမ်း ကြည့်ပါတယ်။ ဒီနေရာမှာလူကူးခုံးကျော်တံတားဟာ မဆောက်သင့်ပါဘူး။ ဆောက်လိုက်လို့ရှိရင် ဒီဘက်ကကြည့်ရတဲ့ လမ်းတစ်လျှောက်ကွယ်သွားမှာဖြစ်ပါတယ်။ ယခင်အစိုးရလက်ထက်ကလည်း အနောက်ဘက်မုဒ်မှာဓါတ်လှေကားဆောက်ဖို့စီစဉ်ခဲ့ဘူးပါတယ်။ ဒါလည်းလူကြီးတွေ ခွင့်မပြုတဲ့ အတွက် မြင်ကွင်းကိုကွယ်တဲ့အတွက် ဓါတ်လှေကားအနောက်ဘက်မုဒ်ဟာမဆောက်ခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ကြည့်မယ်ဆိုရင်လည်းဒီနေရာမှာလူသွားလူလာ ဒီလောက်ကြီးမများပါဘူး။ ပွဲတော်ရက်တေ၊ွ အခါကြီးရက်ကြီးတွေမှာတော့ လူများပါတယ်။ ကျန်တဲ့ရက်တွေမှာတော့ ဒီလောက် မရှိပါဘူး။ ဒါကြောင့်မို့ဆောက်မယ်ဆိုရင် ဒေါ်စန္ဒာမင်းပြောသလို   ့ညိနမါမသကညိ ကနေလုပ်သင့် ပါတယ်။ အပေါ်ကနေလူကူးခုံးကျော်တံတားအနေနဲ့တော့ မလုပ်သင့်ဘူးလို့ ကျွန်တော်အနေနဲ့ ဆွေးနွေးလိုပါတယ်။ နောက်တစ်ချက်ကမြို့တော်စည်ပင်ကတင်ပြထားတဲ့ စာမျက်နှာ(၅၄) နံပါတ်(၆)မှာဆိုရင် ခရိုင်(၄)ခရိုင်မှာ (၂)လက်မမှ (၁ဝ)လက်မအတွင်းရှိ စက်ရေတွင်းများတူးဖော်ခြင်း၊ တွင်းပျက်အစားထိုးတူးဖော်ခြင်းဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ ဒီမှာနေရာတွေ အမျိုးအစား အလိုက်တူးဖော်ရမယ့် တွင်းအရေအတွက်တွေ ဖော်ပြထားတာမရှိပါဘူး။ နောင်ဆိုရင်တော့ ကျွန်တော်တို့က ဘယ်နေရာမှာဘယ်တွင်းအမျိုးအစား အရေအတွက်ကဘယ်လောက်တူးဖော် သင့်တယ်ဆိုတာကို ဖော်ပြသင့်ပါတယ်။ လုံးပြီးဖော်ပြတဲ့အတွက် စိစစ်ရခက်ပါတယ်။ အလားတူပဲ တိုင်းစည်ပင်သာယာရေးရဲ့စာမျက်နှာ(၁၇)၊ (၁၈) နံပါတ်(၈)မှာ ဖော်ပြထားတာရှိပါတယ်။ တိုင်းဒေသကြီးစည်ပင်အနေနဲ့ ကွမ်းခြံကုန်း၊ ကော့မှူး၊ တိုက်ကြီး၊ အဖျောက်၊ ထန်းတပင်စတဲ့နေရာ များမှာ အမှိုက်စွန့်ပစ်ရန်မြေနေရာကိုလည်းကောင်း၊ ကျောက်တန်း၊ ခရမ်း၊ တိုက်ကြီး၊ တွံတေး၊ လှည်းကူး၊ သုံးခွ၊ သန်လျင်မြို့နယ်တို့တွင် အမှိုက်စွန့်ပစ်ရန်မြေနေရာနဲ့ သားသတ်ရန်မြေနေရာကို လည်းကောင်း၊ မှော်ဘီတွင်သားသတ်ရုံနေရာကိုလည်းကောင်း၊ ကော့မှူး၊ ကျိုက်ထော်တွင် သုသာန် မြေနေရာကိုလည်းကောင်းဝယ်ယူရန် လျာထားကြောင်းကျွန်တော် သိရှိရပါတယ်။ တကယ်တော့ ဒီဟာတွေဟာ ကျွန်တော်မေးကြည့်တဲ့အခါမှာ တကယ်တော့သားသတ်ရုံတွေ ယခင်ကတည်းက ရှိပါတယ်။ သို့သော်လည်းပဲ တစ်စတစ်စလူနေထိုင်မှုတိုးချဲ့လာတဲ့အတွက် ကျွန်တော်တို့သားသတ်ရုံ တွေက မြို့လယ်ခေါင်ရောက်လာပြီးသူတို့အသစ်ဝယ်ယူဖို့ လျာထားတယ်လို့လည်းသိရပါတယ်။ ဒီအတွက်ကျွန်တော်ပြောလိုတာက တကယ်လို့ဝယ်ယူခဲ့လို့ရှိရင်လည်း အရင်ရှိပြီးသား သားသတ်ရုံ ဒီမြေနေရာတွေကို သေချာစနစ်တကျထိန်းသိမ်းပြီးတော့မှ အခြားလိုအပ်တဲ့ဌာနဆိုင်ရာအသုံးပြုမယ် ဆိုရင် အသုံုးပြုလို့ရအောင်ဆောင်ရွက်သင့်ပါတယ်။ အလားတူပဲ တောင်ပိုင်းခရိုင်သားသတ်ရုံ မြေနေရာနဲ့မြောက်ပိုင်းခရိုင်သားသတ်ရုံမြေနေရာဝယ်ယူရန် လျာထားခြင်းဆိုပြီးတော့ပါပါတယ်။ ဒါစာမျက်နှာ(၈)မှာပါပဲ ဒါကြောင့်ကျွန်တော် မေးကြည့်တယ်ဘာကြောင့် အပေါ်မှာလည်းသားသတ်ရုံ ရှိပြီးပြီ နောက်ထပ်သားသတ်ရုံ(၂)ရုံ မြောက်ပိုင်းခရိုင်နဲ့တောင်ပိုင်းခရိုင်သားသတ်ရုံတွေ ဝယ်ဖို့မြေနေရာထပ်တောင်းတာ ဒါတွေဟာမလိုဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မေးကြည့်တဲ့အခါ တော်တော်များများဟာ အီးဒ်ကာလသုံးဖို့အတွက်လျာထားတယ်လို့ဆိုပါတယ်။ သို့သော်လည်း အီးဒ်ကာလမှာခရိုင်အလိုက်လုပ်မယ်ဆိုရင် ခုနမြို့နယ်မှာသားသတ်ရုံတွေရှိတဲ့ အတွက် အဲဒီမြို့နယ်သားသတ်ရုံတွေမှာပဲ ဖြန့်ခွဲဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့အဆင်ပြေမယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်မို့လို့ဒီမြေနေရာတွေဟာ မြောက်ပိုင်းခရိုင်နဲ့တောင်ပိုင်းခရိုင် သားသတ်ရုံအစား ဝယ်မယ့်မြေကိုအခြားသီးသန့်လိုအပ်တဲ့နေရာတွေမှာသုံးမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ နောက်တစ်ချက်ကတော့ခုန တိုင်းရင်းသားရေးရာရန်ပုံငွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးဦးမန်းအောင်ကိုမင်း တင်ပြသွားတာရှိပါတယ်။ တကယ်တော့ ကျွန်တော်တို့တိုင်းဒေသကြီးအတွင်းမှာပဲ တိုင်းရင်းသားတွေကအများကြီးပါပဲ။ (ဝ.ဝ၁%)ရှိတဲ့ ကရင်နဲ့ရခိုင်(၂)ခုပဲ အကျုံးဝင်နေသလိုဖြစ်နေပါတယ်။ တကယ်တော့ဒီရန်ပုံငွေဟာကျန်တဲ့ မွန်၊ ရှမ်း ကျွန်တော်တို့ဆီမှာအများကြီးရှိပါသေးတယ်။ အဲဒီတော့ (ဝ.ဝ၁%)မရှိတဲ့ တိုင်းရင်းသားတွေ အတွက်လည်းစဉ်းစားသင့်ပါတယ်။ အလားတူပဲ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့အားလုံးမှာ သူ့နေရာနဲ့သူ တိုင်းရင်းသားတွေအားလုံးဟာ ပြန့်ကြဲနေတဲ့အတွက် ဒါတွေအားလုံးကိုကျွန်တော်တို့က စနစ်တကျ စီမံပြီးတော့မှ ဆောင်ရွက်သင့်တယ်လို့မြင်ပါတယ်။ တကယ်တော့ ဘတ်ဂျက်ရန်ပုံငွေဆိုတာအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပြည်ထောင်စုအားလုံးနဲ့သက်ဆိုင်တယ်။ တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်တဲ့ အတွက် ကျွန်တော်တို့ကအားလုံးအတွက် စဉ်းစားမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေကြောင်း   ဆွေးနွေးရင်းနိဂုံးချုပ်အပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး တတိယ မြောက်နေ့အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေးစတုတ္ထမြောက်

ကျင်းပမည့်နေ့ရက်နှင့်အချိန်ကိုကြေညာခြင်း

အချိန်။ ၁၄၅၅

ဥက္ကဋ္ဌ ။         ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယမြောက်နေ့အစီအစဉ်ရပ်နားကြောင်းနှင့် လွှတ်တော်အစည်းအဝေး စတုတ္ထနေ့ကို ၃ဝ.၃.၂ဝ၁၇ (ကြာသပတေး)နေ့ နံနက် ၁ဝဝဝ နာရီ အချိန်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။ (တူထုသံ)

အခမ်းအနားမှူး။      ။ ဥက္ကဋ္ဌပြန်လည်ထွက်ခွာပါ့မယ်ရှင်။

အခမ်းအနားမှူး။      ။ ကိုယ်စားလှယ်တော်ကြီးများ ထွက်ခွာနိုင်ပါပြီရှင်။

ဟ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယ မြောက်နေ့ အစည်းအဝေးကို (၁၄၅၅)နာရီအချိန်ရပ်နားပြီး အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၁၃)ခုမေးမြန်းခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ ၂ဝ၁၇-၂ဝ၁၈ခုဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့်အတည်ပြုခြင်း၊ ၂ဝ၁၇ခုနှစ် ရန်ကုန် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ နှင့်ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီတို့မှ သုံးသပ်ချက်အစီရင်ခံစာများအားတင်ပြခြင်းနှင့် ၂ဝ၁၇ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ််း၍ လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးတို့မှဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။’