Tuesday , March 26 2019
Breaking News
Home / သ၀ဏ်လွှာ / ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း

ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းနှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် စင်္ကာပူနိုင်ငံ၊ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ လီကွမ်ယုကျောင်း (LKY School) ၏ ပြင်ပရေးရာနှင့် ဈေးကွက်ရှာဖွေရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Dane Lim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာလွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (JCC) ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လီကွမ်ယုကျောင်း (LKY School) ၏ မဟာဘွဲ့နှင့် ပညာသင်ဆုဆိုင်ရာ အစီအစဉ်များ၊ မြန်မာလွှတ်တော်များမှ ၀န်ထမ်းများ အဆင်ပြေချောမွေ့စွာ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သော အကူအညီ အထောက်အပံ့များ ပေးနိုင်ရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးပြုစေမည့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ရည်မှန်းချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့်အတူ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ် တို့နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

About administrator

Check Also

အပန်းဖြေနိုင်သည့် နေရာများအဖြစ် စီမံဆောင်ရွက်ပေးရန် နှင့် သက်ဆိုင်သည့်မေးခွန်းမေးမြန်း

ရန်ကုန်၊ မတ်လ၊ ၄ ရက်၊ ၂၀၁၉ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်က “ …

Leave a Reply

Your email address will not be published. Required fields are marked *