Sunday , May 26 2019
Breaking News
Home / ကော်မတီ/ကော်မရှင်များ၏ သတင်းများ / တာဝန်နှင့်လုပ်ပိုင်ခွင့်များ / ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Ms. Annika Mariana Elisabet Rachel Ben David နှင့် အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် လူ့အခွင့်အရေးအထောက်အကူပြုဥပဒေများရေးဆွဲနေမှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဆွီဒင်လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီးနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး H.E Mr Staffan Herrstrom ၊ ရန်ကုန်မြို့ အခြေစိုက် ဆွီဒင်သံရုံး တာဝန်ခံ သံမှူးကြီး Mr Johan Hallenborg နှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

About administrator

Check Also

ပြည်သူ့လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီနှင့်တွေ့ဆုံဆွေးနွေးခြင်း

ရန် ရန်ကုန် ၊ မေလ ၂၃ ရက် ၊ ၂၀၁၉၂၂.၅.၂၀၁၉ ရက်နေ့ နေ့လယ်(၁၂း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-3)အစည်းအဝေးခန်းမ၌ …

Leave a Reply

Your email address will not be published. Required fields are marked *