Tuesday , June 18 2019
Breaking News
Home / ကိုယ်စားလှယ်များ၏သတင်း / ကိုယ်စားလှယ်များ / ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr.Paul R. Seger အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr.Paul R. Seger အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်သည် ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr.Paul R. Seger အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်မြင့်မားလာရေး တို့အတွက်ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာဥပဒေများနှင့်စပ်လျဉ်းပြီး နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်ပြီး အကြံဥာဏ်ကောင်းများ ဖလှယ်နိုင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

About administrator

Check Also

လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ၏ (၂၁/၂၀၁၉) ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန် ၊ ဇွန်လ ၁၃ ရက် ၊ ၂၀၁၉ ၁၁.၆.၂၀၁၉ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီ အချိန်အထိ ဒုတိယအကြိမ် ရန်ကုန်တိုင်း …

Leave a Reply

Your email address will not be published. Required fields are marked *